← Chapters

လီယွန်ဧကရာဇ် (၁+၂)

Vol. 67 Ch. 1005

လီယွန်ဧကရာဇ် (၁+၂)

Vol. 67 Ch. 1005

လီယွန်ဧကရာဇ် (အပိုင်းတစ်)

“ ဟွန်း မင်းတို့က အဆင့်နိမ့်အင်ပါယာက မိုက်မဲတဲ့ လူအိုကြီးတွေပါ ငါ့ကိုခြိမ်းခြောက်နိုင်မယ်များ ထင်နေတာလား တစ်နေ့ကျရင် မင်းတို့အားလုံးကို ငါသတ်ပစ်မယ် ”

ဂါလန်းမြို့ရဲ့ ဂုဏ်သိက္ခာအကြီးဆုံးဟိုတယ်၌ လီယွန်များတည်ခင်းပေးထားသည့် အရသာအရှိဆုံး အစားအစာများနှင့် ဝိုင်များကို သောက်သုံးနေသော ဒီအလက်ဇန္ဒရိုက က မဲမှောင်နေသော မျက်နှာထားနှင့် ဝိုက်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ခွဲချလိုက်သည်။

သူဟာ လီယွန်အင်ပါယာ၏ နေအဆင့်အရှင်သခင် အနည်းငယ်၏ အရှိန်အဝါတွေကို မှတ်မိလိုက်သည်။ သို့သော်လည်း သူ၏ ဒေါမာန်ကို ပေါက်ခွဲပြီးနောက်တွင် ဒီအလက်ဇန္ဒရိုက မှန်ကန်သော အသိစိတ်ဖြင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည်။

သူ့စကားတွေအတိုင်း လက်တွေ့မလုပ်ခဲ့ပေ။ လီယွန်က နေအဆင့်အရှင်သခင်များ၏ ပူးပေါင်း တိုက်ခိုက်မှု သူ မကြောက်ပေ။ သူခံစားနေရသည်က ဘက်ကင်ဟမ် နန်းတော်ထဲမှ အန္တရာယ်ရှိသော အရှိန်အဝါတစ်ချို့ကိုဖြစ်သည်။ အမှန်တော့ သူမယုံကြည်နိုင်ဖြစ်နေခြင်းဖြစ်သည်။ သူ့ လက်ရှိနယ်ပယ်ကို ရောက်ပြီးကတည်းက သူ့ ဝါစဉ်ကြီးနှင့် အငယ်ညီအစ်ကို တစ်ချို့၊ သူ့ဆရာနှင့် မျိုးဆက်တူလူအိုကြီးတစ်ချို့ကသာ သူ့ကို ယှဉ်နိုင်ခဲ့သည်။ ယခုလို ဝေးလံခေါင်သီပြီး အရေးကြီးတဲ့ အရင်းအမြစ်တွေ မရှိသည့် တိုက်ကြီး၏ မြောက်ပိုင်းဒေသတွင် နာမည်မရှိသော သခင်တစ်ယောက် ရှိနေလိမ့်မည်လို့ မမျှော်လင့်မိခဲ့‌ပေ။ ထို့ကြောင့် သူ ဇဝေဇဝါ ဖြစ်နေသည်။

“ သီအိုရီအရဆိုရင် အဲဒီလူနှစ်ယောက်ဟာ ပင်လယ်အောက်ခြေမှာရှိတဲ့ ပင်လယ်မျိုးနွယ်စုရဲ့ မကောင်းဆိုးဝါးနတ်ဘုရား ကလူအီဗာတ် ရဲ့လက်ထဲမှာ သေသွားသင့်တယ် အဲဒီ မကောင်းဆိုးဝါးနတ်ဘုရားက သွေးဆာတယ် ပြီးတော့ ဘယ်သူ့ကိုမှ အလွတ်မပေးဘူး နောက်ပြီး ဘက်ကင်ဟမ်နန်း‌ တော်မှာရှိတဲ့ အဲ့ဒီနာမည်မရှိတဲ့ သခင်က ဆံပင်အနက်ရောင် ဝတ်စုံဖြူမဟုတ်ဘူး သူတို့ရဲ့ အော်ရာတွေက လုံးဝကွဲပြားတယ် ဒါပေမယ့်…”

ရုတ်တရက် ဒီအလက်ဇန္ဒရို တစ်ခုခုကို သဘောပေါက်သွားသည်။ သူ့ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်က ဖေးကိုတိုက်ခိုက်စဉ် မဖြစ်နိုင်လောက်အောင် ခုခံနိုင်ခဲ့သည်ကို ပြန်တွေးမိပြီး စိတ်မသက်မသာဖြစ်သွား၏။

“ငါ့ရဲ့ ဓားကျိုး တောင် သူတို့ကို မသတ်နိုင်တာကြောင့် ပင်လယ်မျိုးနွယ်စုရဲ့ မကောင်းဆိုးဝါးနတ်ဘုရားရဲ့ အမဲလိုက်မှုကနေ သူတို့ လွတ်မြောက်သွားတာ ဖြစ်နိုင်တယ် အဲဒါမှန်ရင် ငါ့အတွက် ဒုက္ခတွေ အများကြီး ကြုံတွေ့ရလိမ့်မယ် ပင်လယ်အောက်ခြေမှာ ဖြစ်ပျက်ခဲ့တာတွေ ပေါ်လာရင် ” ထိုကိစ္စကို စဉ်းစားပြီးနောက် ဒီအလက်ဇန္ဒရို က မထိန်းနိုင်လောက်အောင် တုန်လှုပ်သွားသည်။

အမှန်တရား ထွက်ပေါ်လာခဲ့ပါက သူ၏ ကမ္ဘာပျက်နေ့ ရောက်လာမည်ဖြစ်သည်။ တိုက်ကြီးတစ်ခုလုံးက သူ့ကို ရာဇဝတ်သားတစ်ယောက်လို ဆက်ဆံသည့်အခါ သူဘဝပျက်ပြီဖြစ်သည်။ သူ့ဆရာသခင် မာရာဒိုနာသာ ထိုအကြောင်းကို သိသွားပါက မယုံနိုင်လောက်အောင် ပြစ်ဒဏ်ခံရမည်ဖြစ်သည်။

“ ငါ တစ်ခုခု လုပ်ရမယ် ” ဒီအလက်ဇန္ဒရိုက ရက်စက်ကြမ်းကြုတ်ပြီး တစ်ခုခုကို ဖြည်းဖြည်းချင်း ဆုံးဖြတ်လိုက်၏။

ဘတ်ကင်းဟမ်က ပိုလို့တောင် အံ့အားသင့်သွားမိသည်။ ဂါလန်းမြို့၏ ကီလိုမီတာ ၅၀၀,၀၀၀ အတွင်း အစောင့်အကြပ်အထူဆုံး နှင့်အလုံခြုံဆုံးနေရာအဖြစ် လူသိများ‌သော လီယွန်တော်ဝင်နန်းတော်မှာ ဖေးအတွက် ဟာသတစ်ခုဟု ထင်ရသည်။ အစွမ်းထက် ဆရာသခင်များနှင့် များပြားလှသည့် ထိပ်တန်းစစ်သားများက ဤနေရာကို ကာကွယ်နေကြသော်လည်း ချမ်ဘော့ဘုရင်အတွက် အတားအဆီး မဖြစ်ခဲ့‌ပေ။ ဖေးနှင့်ဘက်ကင်ဟမ်မှာ တင်းကြပ်လှသည့် အကာအကွယ်များကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့နောက် တော်ဝင်နန်းတော်၏ အတွင်းခန်းထဲကို လျှင်မြန်စွာ ဝင်သွားကြသည်။

ဖေး၏ အစွမ်းက ဘက်ကင်ဟမ်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်မှာ ယခု ပထမဆုံးအကြိမ် မဟုတ်ပါပေ။ သို့သော် သူ့ထက်ငယ်ရွယ်သော ဤလူသည် မကောင်းဆိုးဝါးနတ်ဘုရား ကလူးအီဗာတ် ၏ လက်မောင်းတစ်ဖက်ကို ဖျက်ဆီးခဲ့သည့် မြင်ကွင်းကို ဘက်ကင်ဟမ် တွေးမိသောအခါ သူယခုမြင်တွေ့နေရသည့်အရာသည် လက်ခံနိုင်ဖွယ်ရှိသည်ဟု ခံစားခဲ့ရသည်။

ဘက်ကင်ဟမ်၏ ဘေးတွင် လမ်းလျှောက်နေရင်း ဖေးလည်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

လီယွန်အင်ပါယာသည် ဂါလန် မြို့မှ ကီလိုမီတာ ၅၀၀,၀၀၀ အတွင်း အကြီးကျယ်ဆုံးအင်အားစုအဖြစ် လူသိများသည်။ ၎င်း၏နယ်မြေသည် ကျယ်ဝန်းပြီး ချမ်းသာကြွယ်ဝသည်။ ဂါလန် မြို့၏အရွယ်အစားသည် စိန့်ပီတာဘတ် ထက် အဆပေါင်းများစွာပိုကြီးသော်လည်း လီယွန် တော်ဝင်နန်းတော်၏ အလှဆင်မှုသည် အလွန်အမင်းဇိမ်ခံခြင်းမရှိဘဲ ရိုးရှင်းပြီး လေးနက်သည်။

" ငါထင်ထားတာထက် အများကြီးပိုတယ် လီယွန်အင်ပါယာက မြောက်ပိုင်းဒေသမှာ နံပါတ် ၁ အင်ပါယာဖြစ်နေတာက အံ့သြစရာမဟုတ်ဘူး ” ဖေး ထိုသို့တွေးပြီး ဤလွှမ်းမိုးနိုင်သော အင်အားစုကို ပြန်သုံးသပ်ရန် ဆုံးဖြတ်လိုက်သည်။

နေအဆင့်အရှင်၏စွမ်းအားကို အသုံးပြုကာ မီးအလင်းကိုကွေးညွှတ်၍ ကင်းလှည့်နေသော စစ်သည်များကိုအမြင်အာရုံကိုကျော်ဖြတ်ရန် ဖေးသည် ကွေ့ကွေ့ကောက်ကောက် လျှောက်နေရင်း ဘက်ကင်ဟမ်၏ လမ်းညွှန်မှုအောက်၌ နန်းတော်တစ်ခုထံရောက်သွားကြသည်။

" ဂျူနင်ဟို ဘုရင်မင်းမြတ်က ညတိုင်း ဒီ ဘေးဘက်နန်းတော်မှာ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ အမြဲနေလေ့ရှိတယ် " လို့ ဘက်ကင်ဟမ်က ကျောက်နန်းတော်ကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

လီယွန်ဧကရာဇ် (အပိုင်းနှစ်)

ပြဿနာများအားလုံးကြုံပြီးနောက် ဘက်ကင်ဟမ်သည် ဤဘေးနန်းတော်သို့ ရောက်လာရန် အခွှင့်အရေးရခဲ့၏။ ယခု တွေ့ဆုံမှုက အရေးကြီးလှသည်။ ဘက်ကင်ဟမ်မိသားစုအပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချခြင်းကို ဖယ်ရှားခြင်းသည် ဒုတိယဦးစား‌ပေးဖြစ်သည်။ အရေးကြီးဆုံးအရာက ပင်လယ်ကြမ်းပြင်တွင် ဖြစ်ပျက်ခဲ့သည်များကို ဧကရာဇ်ဂျူနင်ဟိုအား ပြောပြပြီး ပင်လယ်မျိုးနွယ်စုကို စစ်ပွဲအတွက် အသင့်ပြင်ရန် အုပ်စိုးရှင်အား ဆွဲဆောင်ရန်ဖြစ်သည်။ အဆုံးစွန်အားဖြင့် ပရမ်းပတာခေတ် ရောက်ရှိလာတော့မည်ဖြစ်သည်။

မှန်ပေသည်။ သူက ချမ်ဘော့ဘုရင် မည်မျှ အစွမ်းထက်သည်ဆိုသည်ကိုလည်း ဧကရာဇ်ဂျူနင်ဟိုကို ပြောပြချင်ခဲ့ပြီး လီယွန်တော်ဝင်မိသားစုကို ဇင်းနစ်အင်ပါယာနှင့် စစ်ပွဲဆက်လက်မဆင်နွှဲရန် ဖျောင်းဖျချင်ခဲ့သည်။ မဟုတ်ပါက အစွမ်းထက်နေပြီဖြစ်သော ချမ်ဘော့ဘုရင်သာအမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ပါက အကျိုးဆက်များသည် မခံမရပ်နိုင်အောင် များပြားလိမ့်မည်။ " မင်းအတွက် ဘေးမဖြစ်အောင်ငါ အရှင်မင်းကြီးကိုဖျောင်းဖျမယ် ပြီးရင် မင်းပြောထားတဲ့ ညွှန်ကြားချက်အတိုင်း အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သခင်ကို ငါသွားရှာမယ် "

ဖေးကတော့ ဘက်ကင်ဟမ်ကို စာလိပ်တစ်လိပ်ပေးပြီး " မင်းရှင်းပြတာကို မင်းရဲ့ဧကရာဇ်ကို မယုံကြည်နိုင်ဘူးဆိုရင် ဒီစာလိပ်ကို ဖွင့်လို့ရတယ် ဒါမင်းကို ဘက်ကင်ဟမ် အိမ်တော်ကို ပြန်ခေါ်သွားလိမ့်မယ် " ဟု ပြောလိုက်သည်။

သို့သော် ဘက်ကင်ဟမ် က ပြုံးပြီး ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏။ ထိုဖြစ်ရပ်က ဖေး ကို အံ့အားသင့်စေခဲ့သည်။

" အရှင်မင်းကြီးက ငါ့စကားကို နားထောင်လိမ့်မယ် သူ တစ်နည်းနည်းနဲ့ မနားထောင်ဘူးဆိုရင်..." ဘက်ကင်ဟမ် က ခါးသီးစွာပြုံးပြီး ဆက်ပြောသည် " ငါတကယ်အန္တရာယ်ကြုံနေရရင် အခြေအနေက မပြောင်းလဲနိုင်တော့ဘူး ဘက်ကင်ဟမ် မိသားစုရဲ့ အဆုံးသတ်က ရောက်နေပြီငါ့အိမ်တော်ကို ထွက်ပြေးနိုင်ရင်တောင် အင်ပါယာရဲ့အအမဲလိုက်မှုကနေ ငါလွတ်မှာမဟုတ်ဘူး မင်းက အင်အားကြီးပေမယ့် ငါ့မိသားစုက လူထောင်ပေါင်းများစွာနဲ့ ဂါလန်မြို့ကနေ ထွက်သွားလို့မရဘူး ဒီဖြစ်ရပ်ကြောင့် လီယွန် အင်ပါယာရဲ့ အင်အားကို မိထိခိုက်စေချင်ဘူး မင်းကိုလည်းဆွဲမချချင်ဘူး အချိန်က မင်းဘက်မှာမရှိဘူး မင်းမှာ ပိုအရေးကြီးတဲ့ လုပ်စရာတွေရှိတယ် "

"ငါ မင်းကို သိတာကြာပြီ မင်းက ပိုပိုပြီး စကားများလာပြီ စိတ်မပူပါနဲ့ မင်းရဲ့အိမ်‌တော်ကို ဘေးကင်းစွာ ပြန်ရောက်နိုင်သရွေ့ မင်းနဲ့ မင်းမိသားစုဝင်အားလုံးကို လီယွန် အင်ပါယာကနေ အလွယ်တကူနဲ့ ဘေးကင်းစွာ ထွက်ခွာနိုင်အောင် ငါကူညီပေးနိုင်တယ် " ဖေး က ဘက်ကင်ဟမ် ကို ထပ်ငြင်းခွင့်မပေးဘဲ စာလိပ်ကို ဘက်ကင်ဟမ်၏ လက်ထဲ ထည့်လိုက်သည်။

ဘက်ကင်ဟမ်ကို သိတာကြာလာသည့်နောက် ဖေးက ရန်သူအင်ပါယာ၏ ဘုရင်ကို မိတ်ဆွေတစ်ယောက်လို တဖြည်းဖြည်း ဆက်ဆံလာသည်။

"မင်း... ဟေး မင်း... ဟေ့ကောင် " ဘက်ဟမ်လည်း ငြင်းမရဖြစ်သွား၏။

ထိုအချိန်၌ ကျောက်နန်းတော်တွင်းမှ ဩဇာကြီးပြီး ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။ " ဟားဟား ဘက်ကင်ဟမ် မင်း နောက်ဆုံးတော့ ပြန်လာပြီ ဒါဆို ဘာလို့ တံခါးရှေ့မှာ ရပ်နေတာလဲ မင်းဘေး ဆရာသခင်နဲ့အတူ ဘာလို့ မဝင်တာလဲ ဘာလို့ ငါ့ကို စောင့်ခိုင်းနေတာလဲ မင်းကို ဖိတ်ခေါ်စကားမပြောရသေးလို့လား "

" အရှင်မင်းကြီး ဂျူနင်ဟို " ဘက်ကင်ဟမ် အံ့အားသင့်သွားသည်။

ဖေးလည်း အနည်းငယ် အံ့အားသင့်သွားသည်။

“ ဒီလီယွန်ဧကရာဇ်က ငါတို့ကို တွေ့နေပြီပဲ ” လို့ သူတွေးလိုက်၏။

ဧကရာဇ် ဂျူနင်ဟိုဟာ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကတည်းက နေအဆင့် အရှင်သခင်ဖြစ်လာခဲ့ပြီး ဒေသတွင်း၌ အစွမ်းထက်ဆုံး သခင်တွေထဲက တစ်ယောက်ဖြစ်နေခဲ့ပြီဟု ဖေးကြားဖူးသည်။ ယခုတော့ ဖေးဟာ ထိုလူနှင့်ခဏလေးသာ ဆက်ဆံရသေးသော်လည်း အံ့သြနေရပြီဖြစ်သည်။

ဖေးဟာ ဧကရာဇ် ယာဆင်ရဲ့ ရန်သူဟု လူသိများသော ဤလူအကြောင်း ပိုသိချင်လာသည်။ သူ့အလုပ်ကိုသွားမလုပ်ခင် ကျောက်နန်းတော်၏ တံခါးဝ၌ ဘက်ကင်ဟမ်ကို ချထားဖို့ စီစဉ်ထားခဲ့သော်လည်း ယခုတော့ ကျောက်နန်းတော်ထဲကို ဝင်ပြီး ဒီနာမည်ကြီး ဧကရာဇ်ကို ကြည့်ချင်နေပြီဖြစ်သည်။

“အထဲဝင်ကြရအောင်”

ဖေး နဲ့ ဘက်ကင် တို့ဟာ လှေကားပေါ်တက်ပြီးနောက် နန်းတော်တံခါးဝကို ရောက်သွားကြသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နန်းတော်ထဲသို့ ဝင်သွားကြသည်။

သူတို့၏ မြင်ကွင်းက ချက်ချင်းပင် လင်းလက်သွားသည်။ မှောင်မိုက်ခြင်းများ ပျောက်ကွယ်သွားပြီး မှော်မီးများမှ နူးညံ့သော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာနန်းတော်ကို လင်းစွားစေသည်။ အခန်းထဲတွင် ဆခြားသောအလှဆင်ပစ္စည်းများ မရှိနေခြင်းကြောင့် ဖေးအံ့ဩသွား၏။

အတွင်း၌ စနစ်တကျ စီစဉ်ထားသော သတ္တုစင်များက နေရာတိုင်းတွင်ရှိနေပြီး စာရွက်စာတမ်းအမျိုးမျိုးကို စင်ပေါ်၌ တင်ထားပေသည်။

အမှန်တော့ ဤနန်းတော်မှာ စာကြည့်တိုက်ကြီးတစ်ခုသဖွယ်ဖြစ်နေပြီး ရောက်ခါစလူများမူးမော်ချင်သွားမည်ဖြစ်သည်။

All Chapters