← Chapters

နန်းတော်အတွင်း ဖလှယ်မှုများ (၁+၂)

Vol. 67 Ch. 1006

နန်းတော်အတွင်း ဖလှယ်မှုများ (၁+၂)

Vol. 67 Ch. 1006

နန်းတော်အတွင်း ဖလှယ်မှုများ (အပိုင်းတစ်)

စာကြည့်တိုက်ဖွယ် နန်း‌ဆောင်အတွင်း၌ စင်မြင့်တစ်ခုရှိသည်။

အရပ်ရှည်ရှည် သန်သန်မာမာ လူတစ်ဦးက လက်များကို နောက်ပစ်ထားပြီး ရပ်နေသည်။ မှော်မီးအိမ်များမှ အလင်းရောင်သည် သူ့နောက်မှ ထွန်းလင်းနေရာ သူ့အား ပို၍ပင် ခမ်းနားထည်ဝါစေသည်။ သူ၏ဆံပင်ရှည်များသည် ရေတခွန်ကဲ့သို့ ကျောထက်ဖြာကျနေပြီး အလင်းရောင်က သူ့နောက်မှလာသည်ဖြစ်ရာ သူ့မျက်နှာအသွင်အပြင်များကို မရေမရာသာမြင်ရသည်။

သူ၏ အရှိန်အဝါသည် လွှမ်းမိုးနိုင်စွမ်းရှိကာ မြင့်မြတ်ပြီး အသက်ရှူကြပ်သော ခံစားချက်က အခန်းထဲတွင် ပျံ့နှံ့‌နေသည်။ သာမန်လူများသာ ဤနေရာတွင် ရှိနေပါက သူတို့သည် ဒူးထောက်၍ လူကို အရိုအသေပြုကြမည်ဖြစ်သည်။

သူသည် လီယွန်၏ ဧကရာဇ် ဂျူနင်ဟို ဖြစ်သည်။

ဘက်ကင်ဟမ်သည် သူ့ကို မော့မကြည့်ရဲ‌‌ချေ။ သူက ရှေ့သို့ အလျင်အမြန် ပြေးသွားပြီး စင်မြင့်ရှေ့တွင် လေးစားစွာ ဒူးထောက်ကာ ဤနယ်မြေ၏ အုပ်စိုးရှင်ကို နှုတ်ဆက်လိုက်သည်။

ဖေးကတော့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ဘက်ကင်ဟမ် ဘေးတွင် ရပ်လိုက်ကာ ဂါလန်မြို့မှ ကီလိုမီတာ ၅၀၀,၀၀၀ အတွင်း အခမ်းနားဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဤလူကို မော့ကြည့်ပြီး စိုက်ကြည့်လိုက်သည်။

ဤလူသည် အသက် ၃၀ ခန့်ရှိပုံရသည်။ သူ့မျက်ခုံးမွှေးများက ထူထဲပြီး မျက်နှာအသွင်အပြင်က ထူးခြားရဲရင့်တဲ့ပုံပေါ်သည်။ သူ့ရုပ်ရည်ကိုကြည့်ပါက တိုက်ပွဲများတွင်ထူးချွန်သော စစ်ဗိုလ်ချုပ်တစ်ယောက်ထက် စည်းမကမ်းမရှိသော ကြေးစားတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက် သို့မဟုတ် လွတ်လပ်‌သောစစ်သည်တစ်ယောက်နှင့်ပိုတူသည်။ ထိုလူကို ရက်စက်ကြမ်းကြုတ်သည့် အုပ်စိုးရှင်တစ်ယောက်နှင့် ဆက်စပ်မိရန် ခက်ခဲလှသည်။ သို့သော် သူက အာဏာရှင်ဆန်ပြီး လီယွန်အင်ပါယာကို အတက်အကျအမျိုးမျိုးနဲ့ နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့သူဖြစ်သည်။

ဂျူနင်ဟိုက ဖေးရဲ့ ရန်လိုသည့်အကြည့်ကို သတိထားမိပုံရပြီး သူ့မျက်လုံးမှ တောက်ပ‌သောအလင်းရောင်တစ်ခု ပေါ်လာကာ ဖေးထံ အကြည့်တစ်ချက်ဖြင့်ပြန်တုန့်ပြန်သည်။ ညနက်၏ အတောက်ပဆုံးကြယ်များသဖွယ် သူ့မျက်လုံးများက ခါးကုန်းနေသော ဆံပင်ဖြူအဘိုးကြီးဖေးကို စိုက်ကြည့်နေသည်။ ထိုအုပ်စိုးရှင်က အသွင်အပြင်အားလုံးကို ဖောက်ထွင်းမြင်နိုင်ပြီး ဆံပင်ဖြူရှည်နှင့် မျက်နှာဖုံးအနက်ရောင်အောက်က ဖေး၏ မျက်နှာအစစ်ကို သိနိုင်ပုံပေါ်သည်။

“ ထပါ “ ဂျူနင်ဟိုက သူ့ပလ္လင်ဆီ ပြန်သွားပြီး ဘက်ကင်ဟမ်ကို ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“အရှင်မင်းကြီး ကျွန်တော်မျိုး...” ဘက်ကင်ဟမ်က လေးစားစွာထရပ်လိုက်ပြီး တစ်ခုခုပြောတော့မည့်ပုံပေါ်သည်။

“ ဘုရင် ဘက်ကင်ဟမ် မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် မင်းဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ကျုပ်စောင့်မျှော်နိုင်ပါတယ် ” ဂျူနင်ဟိုက မျက်နှာတွင် အပြုံးတစ်ခုဆင်မြန်းလျှက် လက်ကိုဝှေ့ယမ်းပြီး ဘက်ကင်ဟမ်ကို ဘေးနားက ကျောက်ကုလားထိုင်ပေါ်တွင်ထိုင်ရန် အချက်ပြလိုက်၏။။ ထို့နောက် သူက ဖေးကိုကြည့်ပြီး “ ဇင်းနစ်ရဲ့ အင်ပါယာသိုင်းသူ‌ေတာိစင် ချမ်ဘော့ဘုရင် ငါ့ရဲ့ နန်းတော်ငယ်လေးကို မင်းလာလည်မယ်လို့ ငါမထင်ထားဘူး ငါအံ့သြမိပါတယ် မင်းကို အမြင့်ဆုံးဂုဏ်ထူးနဲ့ မဆက်ဆံတဲ့အတွက် တောင်းပန်ပါတယ်။” လို့ ပြောလိုက်သည်။

ဖေးပြုံးပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ အိုး မင်းကြီးက ငါ့ကို မှတ်မိပြီးသား ဖြစ်ပုံရတယ် “

“ ဒီ ဒေသတွင်းက သခင်တွေအားလုံးအကြောင်း စဉ်းစားပြီးတဲ့နောက်မှာ ဒီအလက်ဇန္ဒရိုရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့ပြီး ဘက်ကင်ဟမ် ကို တော်ဝင်နန်းတော်ထဲ ဒီလောက်လွယ်လွယ်ကူကူ ခေါ်ဆောင်လာနိုင်တဲ့သူကို ကျုပ် ရှာမတွေ့ခဲ့ဘူး ဒါ့အပြင် ဘက်ကင်ဟမ် မိသားစုမှာ နေအဆင့်အရှင် နဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း ကျုပ် တစ်ခါမှ မကြားဖူးပါဘူး ဒီအလက်ဇန္ဒရို ပြောပြခဲ့တဲ့ ဇာတ်လမ်းတွေနဲ့ ကျုပ်သိထားတာတွေကို ပေါင်းစပ်လိုက်တဲ့အခါ ဘက်ကင်ဟမ် မိသားစုကို ကူညီဖို့ ဆန္ဒရှိတဲ့ တစ်ဦးတည်းသောသူက ချမ်းဘော့ဒ် ဘုရင် အလက်ဇန္ဒားပဲ သူက ပင်လယ်မျိုးနွယ်စုရဲ့ မကောင်းဆိုးဝါးနတ်ဘုရားကို ဘက်ကင်ဟမ် နဲ့အတူ လွှတ်ပေးလိုက်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတယ်လေ “

“ အရှင်မင်းကြီး အသင့်ရဲ့ ညဏ်ပညာအမျှော်အမြင်က အထင်ကြီးစရာပဲ “ ဖေး က ဘက်ကင်ဟမ် ဘေးမှာ ဖြည်းဖြည်းချင်းထိုင်ပြီး သူ့ကိုယ်ပေါ်က ဖုံးကွယ်ထားသည့် အဝတ်အစားများကို တည်ငြိမ်စွာချွတ်လိုက်ပြီး ချောမောပြီး စိတ်ကူးယဉ်ဆန်သောလူငယ်လေး၏ အသွင်အပြင်ကို ပြန်ယူလိုက်သည်။

ဂျူနင်ဟိုက က ဖေးကို ပြုံးပြီး သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်၏။ ဤမျှ အရည်အချင်းရှိပြီး တည်ငြိမ်သည့် လူငယ်တစ်ယောက်ကို သူ မတွေ့တာကြာပြီဖြစ်သည်။ သူက ဘက်ကင်ဟမ် ဟာ လီယွန်အင်ပါယာ၏ လူငယ်မျိုးဆက်ထဲ၌ အရည်အချင်းအရှိဆုံးနှင့် အပါးနပ်ဆုံးလူဟု ထင်သဖြင့် ဘက်ကင်ဟမ်ကို ယုံကြည်ပြီး ကောင်းကောင်း ဆက်ဆံခြင်းဖြစ်ပေသည်။

သို့သော်လည်း ဘက်ကင်ဟမ်က ဇင်းနစ်အင်ပါယာမှ ဘုရင်လေးနှင့်ယှဉ်လျှင်တော့ လိုပါသေးသည်။

ဂျူနင်ဟို အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားပြီး “ဒီထက်မြက်တဲ့ လူငယ်လေးက ဇင်းနစ် အင်ပါယာမှာ ဘာလို့ မွေးဖွားလာတာလဲ၊ ငါ့ရဲ့ လီယွန် အင်ပါယာက မဟုတ်တာလဲ နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးတဲ့နောက်မှာ အဲဒီလူက အသာစီးရပြန်ပြီ ” ဟု တွေးလိုက်၏။

သူက ထပ်ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။ “ မင်းတို့က သူရဲကောင်းလူငယ်‌ တွေပဲ ဒါပေမယ့် ရန်သူတွေလို့ ယူဆထားတဲ့ မင်းတို့နှစ်ယောက်က ဘာလို့ မိတ်ဆွေတွေ ဖြစ်လာကြတယ်ဆိုတာ ငါနားမလည်ဘူး မင်းတို့နှစ်ယောက်က ဂါလန်မြို့ မှာ ပေါ်လာပြီး ဒီလောက်ကြီးကျယ်တဲ့ မြင်ကွင်းတွေ ဖန်တီးလိမ့်မယ်လို့ ငါမထင်ထားဘူး အမှန်တော့ မင်းတို့နှစ်ယောက်က လီယွန် ရဲ့ တော်ဝင်နန်းတော်ထဲကိုတောင် ခိုးဝင်ရဲကြတယ် သေမှာကို မကြောက်ဘူးလား ”

ဖေး ပြုံးပြီး ဘာမှ မပြောချေ။

“ ကောင်းပြီ ဘက်ကင်ဟမ်က နောက်မှ ငါ့မေးခွန်းတွေကို ဖြေပေးမယ့်ပုံပဲ ငါ နောက်ထပ် မေးခွန်းတစ်ခု ရှိတယ် အခု မင်းက အခြေအနေဆိုးကြီးမှာ သေလုမျောပါး ဖြစ်နေတယ် မင်းက အခု တိုက်ကြီးပေါ်က လူသားတွေရဲ့ ရန်သူဖြစ်နေပြီ၊ဒီအလက်ဇန္ဒရိုက မင်းကို အသက်ရှင်ခွင့် မပေးဘူး မင်း ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားလဲ ” ဂျူနင်ဟိုက ခေါင်းစဉ်ကို ပြောင်းပြောလိုက်သည်။

နန်းတော်အတွင်း အပြန်အလှန်ဆွေးနွေးမှုများ (အပိုင်းနှစ်)

“ ငါ့ကို ပြဿနာရှာရဲတဲ့ ဘယ်သူ့မဆို ငါသတ်ပစ်မယ် ” ဖေး၏ အဖြေက ရိုးရှင်းပြီး တိုက်ရိုက်ကျသည်။

ထိုရိုးရှင်း‌သော အဖြေက ဂျူနင်ဟိုကို အံ့အားသင့်စေသည်။ ထိုကြောင့် ဧကရာဇ်က ရယ်ပြီး စားပွဲကို ပုတ်လိုက်သည်။ “ ဟားဟား ကောင်းတယ် ငါ ဒီအဖြေကို မမျှော်လင့်ထားဘူး ဒါပေမယ့် မင်းပါးစပ်က ထွက်လာတဲ့အခါ အကောင်းဆုံးဖြေရှင်းချက်လို့ ထင်ရတယ် မင်းက စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်တစ်ယောက်ပဲ ”

ရယ်မောပြီးနောက် လီယွန်ဧကရာဇ်သည် တည်ကြည်စွာပြောလိုက်သည်။ “ ကံမကောင်းစွာပဲ တိုက်ကြီးပေါ်ရှိ သခင်အရေအတွက်က ကောင်းကင်မှာရှိတဲ့ကြယ်‌တွေ သဲကန္တာရမှာရှိတဲ့ သဲမှုန်တွေလိုပဲ သင်က ကျုပ်‌တွေ့ဖူးတဲ့ လူငယ်မျိုးဆက်မှာ အစွမ်းထက်ဆုံးနှင့် အရည်အချင်းအရှိဆုံး စစ်သည်တော်ဆိုပေမယ့် တိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးမယ်ဆိုတာက စိတ်လိုက်မာန်ပါ ပြောတာပါပဲ သင်က အစွမ်းထက်ပုဂ္ဂိုလ်‌တွေကို ရှောင်ရှားနိုင်ရင်တောင် သင့်သူငယ်ချင်းတွေ သင့်ချစ်သူတွေ သင့်နိုင်ငံသား‌တွေ မသေဆုံးနိုင်ဖို့ အာမခံနိုင်ပါ့မလား အားလုံးကို သင်ကာကွယ်နိုင်မလား ကောလဟာလတွေကြောင့် သင့်မိတ်ဆွေ ချစ်ခင်သူတွေ သင့်ဆန့်ကျင်ဘက်မှာ ရပ်ရင် သင်သူတို့ရှေ့မှာ သင့်ဓားကိုမြှောက်နိုင်ပါ့မလား “

ဖေး၏ မျက်နှာအမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ သူက ယုံကြည်မှုရှိရှိ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ် ကျွန်တော် သူတို့အားလုံးကို ကာကွယ်ဖို့ ယုံကြည်မှုရှိပါတယ် ဘုရင်မင်းမြတ်ဖော်ပြခဲ့တဲ့ နောက်ဆုံးအခြေအနေတွေက... ဘယ်တော့မှ မဖြစ်လာနိုင်ပါဘူး ”

ဂျူနင်ဟိုက လှောင်ပြောင်ပြီး “တကယ်ကြီးလား ကျုပ်သိသလောက်တော့ ဇင်းနစ်တော်ဝင်မိသားစုဟာ ဒီအချိန်မှာ ကြီးမားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ် အင်ပါယာအများအပြား စုစည်းပြီး ဇင်းနစ်အင်ပါယာကို ချမ်ဘော့ဒ်နိုင်ငံတော်ရဲ့ အဖွဲ့ဝင်တိုင်းကို ဖမ်းဆီးကွပ်မျက်ပြီး ခင်ဗျားရဲ့ဘွဲ့နဲ့ ဂုဏ်သိက္ခာအားလုံးကို ဖျက်ဆီးပစ်ဖို့ ဖိအားပေးနေတယ် ဇင်းနစ်တော်ဝင်မိသားစုက သူတို့ရဲ့သဘောထားကို မဖော်ပြပေမယ့် မြင့်မြတ်တဲ့အင်အားစုအများအပြားက ဒီလိုအကြံပြုချက်ကို ထောက်ခံနေကြပါတယ် ”

ဖေးက ရယ်ပြီး “ ကျုပ်က ရွှေဒင်္ဂါးမဟုတ်ဘူးလေ လူတိုင်းကို ကျုပ်ကို ကြိုက်အောင် မလုပ်နိုင်ပါဘူး တချို့လူတွေက ကျုပ်ကို ကြိုက်ကြတဲ့အတွက် ကျုပ်ကို မုန်းတဲ့သူတွေ ရှိမှာပါ ကျုပ် ဒါကို မြင်ပြီးသားပါ အဲဒီကြောက်စရာကောင်းတဲ့သူတွေသာ မထောက်ခံရင် ကျုပ် ထူးဆန်းနေမှာပါ ”

“ ရွှေဒင်္ဂါး ဒီဥပမာက စိတ်ဝင်စားစရာပဲ ” ဂျူနင်ဟိုက ခေါင်းငုံ့ပြီး ခဏလောက်စဉ်းစားပြီးနောက် “ ဇင်းနစ်တော်ဝင်မိသားစုဟာ တစ်နေ့မှာ အဇီရော့သ်မြောက်ပိုင်းဒေသက အင်ပါယာအားလုံးရဲ့ဖိအားကို အနိုင်ယူပြီး ခင်ဗျားရဲ့ ချမ်ဘော့ဒ်နိုင်ငံတော်ကို စွန့်လွှတ်မှာကို ခင်ဗျား မစိုးရိမ်ဘူးလား ” ဟုပြန်မေး၏။

“ ဇင်းနစ် တော်ဝင်မိသားစုက ဒီလိုဆုံးဖြတ်ချက်မျိုး မချပါဘူး ” ဖေးပြောလိုက်ပြီးနောက် သူဟာ ရုတ်တရက် မာနကြီးသော်လည်း ဩဇာကြီးမားသည့်ပုဂ္ဂိုလ်ကို ပြန်တွေးမိသည်။ ထိုလူက စိန့်ပီတာစဘတ်တွင် နေထိုင်သည့်အတွက် ချမ်းဘော့ နိုင်ငံတော်ဟာ အန္တရာယ်မရှိ‌ချေ။

သူတို့ စကားပြောနေစဉ် ဂျူနင်ဟို၏ ရှေ့တွင် ငွေရောင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားပြီး စားပွဲပေါ်၌ စာရွက်စာတမ်းအသစ်တစ်ခု ပေါ်လာ၏။

ဂျူနင်ဟို မျက်မှောင်ကြုတ်ပြီး ဖေး အခန်းထဲတွင် ရှိနေသည်ကို စိတ်မပူဘဲ ဖွင့်လိုက်သည်။ ဖတ်ပြီးသည့်နောက် သူ့မျက်နှာတွင် ပျော်ရွှင်သည့် အပြုံးတစ်ခု ပေါ်လာပြီး လက်ကို ဝှေ့ယမ်းကာ ဖေးထံ စာရွက်စာတမ်းကို ပို့လိုက်၏။

“ ဒီအလက်ဇန္ဒရိုက တိုက်ကြီးရဲ့ သိုင်းသူတော်စင် မာရာဒိုနာရဲ့ လအဆင့်လက်ရွေးစင်၄၀နဲ့အတူ ဂါလန်မြို့ကနေထွက်သွားတယ် သူတို့ ဘယ်ကို ဦးတည်လဲဆိုတာ ခန့်မှန်းကြည့်ပါဦး” ဟုပြောလိုက်သည်။

ဖေး စာရွက်စာတမ်းများကို လှန်လှောကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “ ဇင်းနစ်လား ”

“ဟုတ်တယ် အဲဒီ အဲ့ဒီ ဒီအလက်ဇန္ဒရိုက က မာနကြီးပြီး ခက်ထန်ပေမယ့် သူက အရူးမဟုတ်ဘူး မင်းဒီညလုပ်ခဲ့တာတွေပြီးနောက် သူတစ်ခုခုကို သတိထားမိပြီး သူ့ရဲ့သံသယကို အတည်ပြုချင်တယ် တိုက်ကြီးမှာ အာဏာအရှိဆုံးလူ မာရာဒိုနာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ ငါ့ရဲ့ လီယွန် အင်ပါယာ မြို့တော်မှာ ပြဿနာရှာရဲတာမဟုတ်ဘူး ဒါပေမယ့် သူက အရူးတစ်စုနဲ့အတူ ဇင်းနစ် အင်ပါယာကို သွားဖို့တော့ လုပ်ရဲတယ် ဘာပဲဖြစ်ဖြစ် ဇင်းနစ် အင်ပါယာက အဆင့် ၁ အင်ပါယာပဲ ဇင်းနစ်ကို သူ ရောက်ရင် ဒုက္ခရောက်လိမ့်မယ် “

ဖေး စာရွက်စာတမ်းများကို ဂျူနင်ဟိုထံ ပြန်ပေးပြီးနောက် တိတ်ဆိတ်သွား၏။

ဧကရာဇစ်ရက်ဆင် က အာဏာရှိပြီး ခန့်မှန်းရခက်သည့်တိုင် မာရာဒိုနာ ၏ နံပါတ် ၂ တပည့်ဖြစ်သည့် ဒီအလက်ဇန္ဒရို ကို ကိုင်တွယ်နိုင်မည် မဟုတ်ဘူးဟု ဖေး ခံစားမိသည်။ ထို့အပြင် ဒီအလက်ဇန္ဒရိုက လအဆင့် လက်ရွေးစင် ၄၀ ကျော် ခေါ်လာခဲ့၏။ သူတို့ ဇင်းနစ်အင်ပါယာထံ ရောက်သွားပါက ကပ်ဘေးတစ်ခု ဖြစ်သွားပေလိမ့်မည်။ အသက်သာဆူံမှာ ဇင်းနစ် က အတော်လေး အားနည်းသွားမည်ဖြစ်ပြီး အဆိုးဆုံးကတော့ ဇင်းနစ် ပျက်စီးသွားပေလိမ့်မည်။

“လူငယ်လေး ဇင်းနစ်အင်ပါယာက မင်းကို မကာကွယ်နိုင်တော့ဘူး ငါ့ရဲ့ လီယွန်အင်ပါယာကို လာနေပါ့လား မင်းနဲ့ မင်းချစ်ရသူတွေကို ငါကာကွယ်ပေးမယ်လို့ ကတိပေးနိုင်ပါတယ် “ ဂျူနင်ဟိုဟာ အရည်အချင်းရှိတဲ့ လူတွေအပေါ် သူ့ရဲ့ချစ်ခင်မှုကို မထိန်းထားနိုင်ဘဲ ဖေးကို ဖေးဖို့ ကြိုးစားခဲ့သည်။

“ ဟားဟား ဒီအလက်ဇန္ဒရိုက သေခြင်းကို ရှာနေတာ ဒီဂိမ်းကို ကစားချင်နေတာဆိုတော့ သူ့ဆုံးဖြတ်ချက်ကို နောင်တရအောင်လုပ်မယ် ” ဖေး မတ်တပ်ရပ်ရင်း ရယ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ကောင်းကင်ထဲသို့ ပြေးဝင်သွားတော့သည်။ ကျယ်လောင်သည့် ထိုရယ်သံမျညူတော်ဝင်နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီးနောက် တဖြည်းဖြည်း ပြန်လည်တိတ်ဆိတ်သွားတော့သည်။

ဂျူနင်ဟိုက မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင်တစ်ခုနှင့်အတူ ချက်ချင်းထရပ်လိုက်သည်။

တော်ဝင်နန်းတော်ထဲမှ အစောင့်များနှင့် ဆရသခင် အများအပြားက ဖေး၏ရယ်သံကို ကြားလိုက်ရပြီးနောက် သူတို့၏ဧကရာဇ်ကို ကာကွယ်ရန် ရေကြီးရေလျှံသလို ဘေးနန်းတော်ကို ချက်ချင်းပြေးလာကြ၏။

“ နောက်ပြန်ဆုတ်ကြ အစောင့်တွေ “ အစောင့်များ ခန်းမထဲသို့ရောက်မလာမှီ ဂျူနင်ဟို၏ အသံဟိန်းထွက်သွား၏။

ခနအကြာတွင်တော့ အစောင့်များ ပြန်လည်ပျောက်ကွယ်သွားပြီး နန်းတော်ကြီးက မည်သူမျှ မရှိခဲ့သည့်အလား ပြန်တိတ်ဆိတ်သွား၏။

“ ဘက်ကင်ဟမ် ခရီးမှာ ဖြစ်ပျက်ခဲ့သမျှ ကျုပ်ကိုပြောပြ “

“ မှန်လှပါ အရှင်မင်းကြီး “

All Chapters