← Chapters

အခန်း (၅၂၆)

Vol. 42 Ch. 526

အခန်း (၅၂၆)

Vol. 42 Ch. 526

အခန်း ၅၂၆

လျိုလောင်ကွေ့ အကျယ်ကြီး ရယ်မောလိုက်သည်။

"ဟားဟား နန်ပါးထျန်း၊ ငါ့ရဲ့ လျိုမျိုးနွယ်က မျိုးဆက်ပြတ်သွားခဲ့ရင်တောင် အနည်းဆုံးတော့ ငါ့မှာ အမြစ်တစ်ခု ကျန်နေသေးတယ်။ မင်းကရော မင်းအသက် ငါးဆယ်ရှိနေပြီ၊ ကလေးတစ်ယောက်တောင် မရသေးဘူး။ မင်းက မစွမ်းဆောင်နိုင်တဲ့ မိန်းမစိုးများလား ဟီးဟီးဟီး"

ဘုန်း

ထိုစကားကို ကြားလျှင် နန်ပါးထျန်းသည် အလွန်အမင်း ဒေါသထွက်သွားတော့သည်။ သူသည် အခြားသော စော်ကားမှုများကို သည်းခံနိုင်သော်လည်း မိန်းမစိုးဟု ခေါ်ဆိုခံရခြင်းကိုမူ လုံးဝ သည်းမခံနိုင်ပါချေ။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အမှန်တရား ဖြစ်နေသောကြောင့်ပင်

လျိုလောင်ကွေ့သည် လူတစ်ယောက်၏ အားနည်းချက်အား မည်သို့ ထိုးနှက်ရမည်ကို ကောင်းစွာ သိသူဖြစ်သည်။ ထိုအခိုက်အတန့်တွင် နန်ပါးထျန်း၏ မျက်လုံးများမှာ သွေးရောင်အလား နီရဲလာခဲ့ကာ သူ၏လက်ထဲမှ ကျားစေ့ဘူးကို အမှုန့်ဖြစ်သည်အထိ ချေမွပစ်လိုက်သည်။

လျိုလောင်ကွေ့သည်တော့ အေးအေးလူလူပင်။

"ဟားဟား ငါ ပြောလိုက်တာ ချက်ကောင်းထိသွားလို့လား"

နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို စိုက်ကြည့်လျက် ပြောသည်။

"ကျုပ် ခင်ဗျားကို မသတ်ရဲဘူးလို့ ထင်နေတာလား"

ထိုအခါ လျိုလောင်ကွေ့သည် ရယ်မော၏။

"မင်း ငါ့ကို သတ်နိုင်ရင် သတ်ပြီးတာ ကြာလှပြီ။ ဒီမှာထိုင်ပြီး စကားများနေပါ့မလား"

"အဲဒါကြောင့် နန်ပါးထျန်း... အော်ဟစ်နေဖို့ မလိုပါဘူး။ နောက်ဆုံးမှာ ဘယ်သူက ရယ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ သတင်းကိုသာ စောင့်နေလိုက်"

လျိုလောင်ကွေ့သည် နန်ပါးထျန်းကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ နန်ပါးထျန်းကလည်း ပြန်ကြည့်လာပြီး ပြောသည်။

"အို ခင်ဗျားက ကျုပ်ရှုံးမှာ သေချာနေတယ်ပေါ့"

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

"စိတ်အေးအေးထားပါကွာ"

သူတို့ စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ ကသုတ်ကရက် ပြေးလာသော ခြေသံများကို ကြားလိုက်ရပြီးနောက် လက်အောက်ငယ်သားတစ်ဦး ရောက်ရှိလာခဲ့သည်။

"ခေါင်းဆောင် ခေါင်းဆောင်…”

နန်ပါးထျန်း ဆူငေါက်လိုက်သည်။

"ငါ မသေသေးဘူးကွ၊ ဘာကိစ္စလဲ"

ထိုအခါ လက်အောက်ငယ်သားသည် လျိုလောင်ကွေ့ကို ကြည့်လာသည်။ လျိုလောင်ကွေ့မှ ပြုံးလျက် ပြောသည်။

"ပြောသာပြောပါ၊ ဒီအချိန်မှာ ဖုံးကွယ်ထားစရာ လျှို့ဝှက်ချက်မှ မရှိတော့တာပဲ"

နန်ပါးထျန်းကလည်း လက်အောက်ငယ်သားကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

"ပြောစမ်း"

သို့ဖြင့် လက်အောက်ငယ်သားသည် တွန့်ဆုတ်မနေတော့ဘဲ ပြောလိုက်သည်။

“ခေါင်းဆောင် သတင်း‌ရောက်လာပါတယ်။ ကုချင်းဖုန်း... ကုချင်းဖုန်း သေသွားပါပြီ"

"ဘာ"

နန်ပါးထျန်းသည် အံ့သြတုန်လှုပ်စွာ မျက်မှောင်ကြုတ်သွား၏။ လျိုလောင်ကွေ့လည်း အံ့ဩမှင်သက်သွားခဲ့သည်။

ကုချင်းဖုန်းက သိုင်းပညာမှာ အင်အားအရမ်းကြီးမားတဲ့သူပဲ၊ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ သေသွားရတာလဲ

နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို ကြည့်လာ၏။

"ခင်ဗျားရဲ့ ရန်ငြိုးအတွက် ကလဲ့စားချေပြီးသား ဖြစ်သွားပြီပေါ့"

လျိုလောင်ကွေ့မှ မေးသည်။

"ဘယ်သူသတ်တာလဲ၊ ချန်ကျိုစစ်လား"

လက်အောက်ငယ်သားမှ ပြန်ဖြေသည်။

"ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့လူတွေ ရောက်သွားတဲ့အချိန်မှာ ကုချင်းဖုန်းရဲ့ ရင်ဘတ်မှာ သွေးတွေချင်းချင်းနီရဲပြီး သေနေတာကိုပဲ တွေ့ခဲ့ရတာပါ"

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။

"ပိုင်ဝမ့်ကျင်းရော သေသွားပြီလား"

"မသေပါဘူး၊ ကျားဖြူခန်းမက သူ့ကို ခေါ်သွားပြီး အခု မြို့ကို ပြန်နေပါပြီ"

ထိုအခါ လျိုလောင်ကွေ့သည် အားရပါးရ ရယ်မောတော့သည်။

"ဟားဟားဟား... နန်ပါးထျန်း၊ မင်း ရှုံးပြီ၊ မင်း ရှုံးသွားပြီ ဟားဟားဟား..."

လျိုလောင်ကွေ့၏ အားရပါးရ ရယ်သံကြောင့် နန်ပါးထျန်း၏ မျက်နှာမှာ ရုတ်ချည်း မည်းမှောင်သွားတော့သည်။

ဤသည်မှာ လုံးဝ ကျရှုံးခြင်းပင် ဖြစ်သည်။ သူ၏ အကြံအစည်သည် လုံးဝ ကျရှုံးသွားခဲ့၏။ တစ်ဖက်လူကိုလည်း ရန်စမိသွားခဲ့ပြီး သူဖြစ်ချင်သော ရည်ရွယ်ချက်ကိုလည်း မရရှိခဲ့ပေ။ ဤသည်မှာ လုံးဝ လွဲချော်သွားခဲ့ခြင်းပင်။

အလွန်တင်းမာလာနေသည့် နန်ပါးထျန်း၏ မျက်နှာအမူအရာကြောင့် လက်အောက်ငယ်သားမှာ နန်ပါးထျန်း၏ ဒေါသကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စကားထပ်မပြောရဲတော့ပေ။

ထိုအချိန်တွင် နန်ပါးထျန်းမှာ ဒေါသထွက်လွန်း၍ သေမတတ်ဖြစ်နေသော်ငြား ဝါရင့်သူတစ်ဦးဖြစ်သည့်အားလျော်စွာ သူ့တွင် သူ၏အကြံအစည်များ ကျန်ရှိနေသေးသည်။ အခြေအနေသည် အလွန်ဆိုးရွားနေသော်လည်း လောကကြီး ပျက်စီးသွားသည်အထိတော့ မဟုတ်ပါချေ။

ယခင်က သူသည် လျိုလောင်ကွေ့နှင့် ဟန်ဆောင် မဟာမိတ်ဖွဲ့နိုင်သော်လည်း ယခုတွင်မူ ပြောင်ပြောင်တင်းတင်း ရန်သူများ ဖြစ်သွားကြလေပြီ။

ရန်သူဖြစ်ရင်လည်း ဖြစ်ပါစေပါ့။ ငါ နန်ပါးထျန်းက ဘာကို ကြောက်နေရမှာလဲ။

နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို ကြည့်၍ ပြောလိုက်သည်။

"တိုက်ခိုက်မှာလား၊ မတိုက်ရင်လည်း ထွက်သွားတော့"

ထိုအခါ လျိုလောင်ကွေ့သည် ရယ်မောလျက် ပြော၏။

"အစ်ကိုကြီးရေ၊ မင်းက တကယ့်ကို အောက်လမ်းနည်းတွေ သုံးဖို့ မွေးဖွားလာခဲ့တာပါပဲလား"

လျိုလောင်ကွေ့သည် မတ်တတ်ထရပ်လိုက်ပြီး ဆက်ပြောသည်။

"ဒီနေ့ကစပြီး မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့ကလူတွေ ငါ့ရဲ့ ချောင်ကုန်သည်အဖွဲ့နဲ့ ဝေးဝေးမှာ နေကြပါ။ မဟုတ်ရင်တော့ အသေအကြေ တိုက်ခိုက်ရလိမ့်မယ်၊ ဘယ်သူမှ ချွင်းချက်မရှိဘူး"

ထိုအခါ နန်ပါးထျန်းမှလည်း တုံ့ပြန်ပြောဆိုသည်။

"လျိုလောင်ကွေ့ ခင်ဗျားရောပဲ၊ ကျုပ် လုံးဝ ညှာတာနေမှာ မဟုတ်ဘူး"

ထို့နောက် နှစ်ဖက်စလုံး တိတ်ဆိတ်သွားပြီး ကိုယ့်လမ်းကိုယ် လျှောက်သွားကြတော့သည်။

လျိုလောင်ကွေ့ ထွက်သွားပြီးနောက် နန်ပါးထျန်းသည် လုံးဝ ပေါက်ကွဲတော့သည်။ နန်ပါးထျန်းသည် ကျားခုံကို ဒေါသတကြီး မှောက်လှန်ပစ်လိုက်၏။

"ချန်ကျိုစစ် ချန်ကျိုစစ်..."

ထန်ဇီယွဲ့သည်လည်း သက်ပြင်းအရှည်ကြီး ချမိရသည်။

"ဟူး..."

ထို့နောက် ထန်ဇီယွဲ့သည် ထွက်ခွာရန် ပြင်လိုက်သည်။ ယနေ့ ဖြစ်ရပ်များသည် နန်ပါးထျန်းအတွက် စိတ်အေးအေးထားရန် အချိန်အနည်းငယ် လိုအပ်လိမ့်ဦးမည်။ ထန်ဇီယွဲ့မှ ပြောသည်။

"အဖွဲ့သားအားလုံးကို ပြန်လာဖို့ အကြောင်းကြားလိုက်၊ အစီအစဉ်ကို ဖျက်သိမ်းလိုက်တော့။ ငါတို့ အချိန်ခဏလောက် ငြိမ်ငြိမ်လေး နေကြတာပေါ့"

ထို့နောက် ထန်ဇီယွဲ့မှ ဆက်မေးလိုက်သည်။

"သခင်မ ပြန်ရောက်ပြီလား"

လက်အောက်ငယ်သားမှ ပြန်ဖြေသည်။

"ဒီညပဲ ပြန်ရောက်ပါတယ်"

"အင်း... သခင်မ ပြန်ရောက်လာတာ ကောင်းတယ်၊ မဟုတ်ရင် အခြေအနေတွေက ပိုခက်ခဲသွားလိမ့်မယ်"

ထန်ဇီယွဲ့သည် ဟွမ်ဝမ်အာ ပြန်ရောက်လာပြီး နန်ပါးထျန်းကို နှစ်သိမ့်ပေးနိုင်ရန် မျှော်လင့်နေမိသည်။ သူတို့၏ခေါင်းဆောင်မှာ အလွန် စိတ်မြန်လက်မြန် ရှိသူဖြစ်ရာ ယခုကဲ့သို့ အချိန်မျိုးတွင် ဒေါသထွက်ပြီး ချန်ကျိုစစ်နောက်သို့ မဆင်မခြင် လိုက်သွားမည်ကို ထန်ဇီယွဲ့ စိုးရိမ်နေမိသည်။

ဒီရက်ပိုင်းအတွင်းတော့ ခေါင်းဆောင်ကို ဒေါသထွက်စေမယ့် အရာတွေ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ။

ချန်ကျဲ့နှင့် အဖွဲ့သည် မျန့်ရွှေသို့ ပြန်ရောက်လာကြသည်။ ချန်ကျဲ့သည် ပိုင်ဝမ့်ကျင်းကို ကျားဖြူခန်းမတွင် နေရာချပေးပြီးနောက် ရှောင်ဟူကို ခေါ်ကာ လျိုလောင်ကွေ့၏ ချောင်ကုန်သည်အဖွဲ့သို့ သွားခဲ့သည်။

လျိုလောင်ကွေ့သည် တံခါးဝတွင် စောင့်နေခဲ့ပြီး ချန်ကျဲ့ကို မြင်သောအခါ အားရပါးရ ရယ်မောလျက် ကြိုဆိုသည်။

"ကျိုစစ် ဟားဟား... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ"

ထိုအခါ ချန်ကျဲ့သည် ချက်ချင်း အရိုအသေပြုလိုက်ပြီး ပြောသည်။

"ဒီနေ့ ကူညီပေးခဲ့တာအတွက် ခေါင်းဆောင်လျိုကို ကျေးဇူးတင်ပါတယ်”

လျိုလောင်ကွေ့မှ လက်ခါငြင်းဆန်သည်။

"ဟားဟား ဒါတွေ ပြောမနေပါနဲ့။ ငါတို့က မိသားစုတွေပဲ၊ ဒီလို အားနာနေဖို့ မလိုပါဘူး"

"ဒါနဲ့ သမားတော်ကြီးပိုင်ရော ဘယ်လိုနေသေးလဲ"

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဆရာ ဒဏ်ရာရထားပေမယ့် အခုတော့ သက်သာလာနေပါပြီ"

လျိုလောင်ကွေ့မှ ပြောသည်။

"သမားတော်ကြီးပိုင်အတွက်ပါ"

ထိုသို့ပြောလျက် လျိုလောင်ကွေ့မှ လက်ပြလိုက်ရာ လက်အောက်ငယ်သားအချို့မှ အားဆေးအမြောက်အမြားကို သယ်ဆောင်လာကြသည်။

"ဒါတွေကို သမားတော်ကြီးပိုင်ကို ပေးလိုက်ပါ၊ သူ့ရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်တာပေါ့"

ချန်ကျဲ့မှ ကျေးဇူးတင်စကားဆိုလိုက်သည်။

"ခေါင်းဆောင်လျိုကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်"

လျိုလောင်ကွေ့မှ ရယ်မောသည်။

"အားနာစရာ မလိုပါဘူး။ သမားတော်ကြီးပိုင်က ငါ့သားအတွက် ပင်ပင်ပန်းပန်း လုပ်ပေးခဲ့တာပဲ။ ဒါတွေက သူနဲ့ ထိုက်တန်ပါတယ်။ ဒါနဲ့ ကျိုစစ်... အဆိပ်ဖြေဆေးရော"

လျိုလောင်ကွေ့ ချန်ကျဲ့ကို ကြည့်လိုက်သည်။ ချန်ကျဲ့မှ ပြောသည်။

"အဆင်သင့်ပါပဲ။ ရှောင်ဟူ"

ချန်ကျဲ့မှ အချက်ပြလိုက်ရာ ရှောင်ဟူသည် 'ရသာကိုးသွယ်အဆိပ်ဖြေဆေးလုံး'ထည့်ထားသော စန္ဒကူးနီသေတ္တာကို ရှေ့သို့ ယူဆောင်လာခဲ့သည်။

ပိုင်ဝမ့်ကျင်းသည် ချန်ကျဲ့ကို ဆေးလုံးလေးလုံးပါသော ကျောက်စိမ်းပုလင်းငယ်လေး ပေးခဲ့သော်လည်း ဆေးလုံးလေးလုံးကို တစ်ပြိုင်နက်တည်း ပြသခြင်းမှာ တန်ဖိုးနည်းသွားသကဲ့သို့ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ချန်ကျဲ့သည် အဝါရောင်ပိုးသား ခင်းကျင်းထားသော ဤစန္ဒကူးနီသေတ္တာကို အထူးမှာယူကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

All Chapters