← Chapters

အခန်း (၅၂၇)

Vol. 42 Ch. 527

အခန်း (၅၂၇)

Vol. 42 Ch. 527

အခန်း ၅၂၇

ဤဆေးလုံးသည် အလွန် တန်ဖိုးကြီးမားသည်။

၎င်းမှာ ဆောင်းဦးလယ်ပွဲတော်တွင် လမုန့်များ လက်ဆောင်ပေးသည်နှင့် ဆင်တူလှသည်။ လမုန့်တန်ဖိုးက ငါးဆယ်၊ ဘူးတန်ဖိုးက တစ်ရာဖြစ်သော်လည်း ရောင်းချသည့်အခါတွင်မူ တစ်ဘူးလျှင် သုံးရာဖြင့် ရောင်းချခြင်းမျိုးပင်။

ရသာကိုးသွယ်အဆိပ်ဖြေဆေးလုံးကိုယ်တိုင်သည်လည်း အမှန်တကယ်ပင် အလွန်တရာ အဖိုးတန်ပါသည်။

ချန်ကျဲ့သည် ဆေးလုံးကို လျိုလောင်ကွေ့ထံသို့ ကမ်းပေးလိုက်သည်။ လျိုလောင်ကွေ့သည် ခန့်ညားလှပသော သေတ္တာကလေးကို မြင်လိုက်ရုံနှင့် ဤအဆိပ်ဖြေဆေးမှာ အလွန်ပင် စျေးကြီးမည်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။

သူသည် ချန်ကျဲ့အပေါ် ပို၍ပင် ကျေးဇူးတင်သွားခဲ့သည်။

ထိုစဉ် လျိုလောင်ကွေ့မှ မေးသည်။

"ဒါကို ဘယ်လိုသောက်ရမလဲ"

ချန်ကျဲ့မှ ပြောသည်။

"ပါးစပ်ကနေ တိုက်ရမှာပါ။ ခေါင်းဆောင်လျိုအနေနဲ့ အတွင်းအားကို အသုံးပြုပြီး ဆေးစွမ်းအားတွေ ပျော်ဝင်ပျံ့နှံ့သွားအောင် ကူညီပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ"

လျိုလောင်ကွေ့မှ ပြောသည်။

"အင်း... ဒါဆိုရင်တော့ ကျိုစစ်ကပဲ လမ်းညွှန်ပေးပါဦး"

သူတို့အဖွဲ့သည် စကားပြောဆိုရင်း အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ ကုတင်ပေါ်တွင် လဲလျောင်းနေသည့် လျိုစုန့်သည် အလွန် ပိန်ချုံးနေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း၌ လျိုစုန့်သည် အစာနှင့်ရေကို မမှီဝဲနိုင်ခဲ့သဖြင့် ခန္ဓာကိုယ်မှာ သိသိသာသာ ပိန်လှီသွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ပိုင်မော့ရှန်းသည် လူခေါ်၍ သခင်လေးကို ထူမတ်ပေးစေသည်။

လျိုလောင်ကွေ့သည် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သူ၏လက်များကို လျိုစုန့်၏ ကျောပြင်ပေါ်သို့ တင်လိုက်သည်။

ထို့နောက် ပိုင်မော့ရှန်းသည် အဆိပ်ဖြေဆေးကို လျိုစုန့်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

လျိုစုန့်မှာ မျိုချနိုင်စွမ်း မရှိတော့သဖြင့် ပိုင်မော့ရှန်းသည် ရွေးချယ်စရာမရှိပါဘဲ ဆေးကို အတင်းအကျပ် မျိုချစေလိုက်ရသည်။

လျိုလောင်ကွေ့၏ လက်ဖဝါးများမှာ နီရဲလာခဲ့သည်။ ဤသည်မှာ လျိုလောင်ကွေ့၏ ထူးခြားသော နတ်ဘုရားကျင့်စဉ်ဖြစ်သည့် မီးလျံကျင့်စဉ်၏ ဝိသေသလက္ခဏာဖြစ်သည်။ လျိုလောင်ကွေ့မှ လျိုစုန့်၏ ကျောပြင်ကို ဖိကပ်လိုက်သည်နှင့် သူ၏အတွင်းအားများသည် လျိုစုန့်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားပြီး သွေးကြောမှတ်များနှင့် သွေးကြောများတစ်လျှောက် စီးဆင်းသွားတော့သည်။

လျိုလောင်ကွေ့သည် သူ၏အတွင်းအားကို အသုံးပြု၍ လျိုစုန့်၏ကိုယ်ထဲမှ ဆေးလုံးကို အမြန်ဆုံး ပျော်ဝင်သွားအောင် ကူညီပေးနေခဲ့သည်။

လျိုစုန့်သည်လည်း လျိုလောင်ကွေ့နှင့် တူညီသော အတွင်းအားကျင့်စဉ်ကို လေ့ကျင့်ထားသူဖြစ်သဖြင့် အတွင်းအားချင်း ဆန့်ကျင်တိုက်ခိုက်ခြင်းမရှိဘဲ ဆေးစွမ်းအားကို ပိုမိုလွယ်ကူစွာ ချေဖျက်နိုင်ခဲ့သည်။

မကြာမီတွင် လျိုစုန့်ထံမှ တုံ့ပြန်မှုရှိလာခဲ့သည်။ သူ၏ နဂိုက ဖြူဖျော့နေသော မျက်နှာပေါ်မှ အမည်းရောင် အစင်းကြောင်းများသည် ဆေး၏အာနိသင် ပျံ့နှံ့သွားသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သွေးရောင် ပြန်လည် လွှမ်းမိုးလာခဲ့သည်။

"ဝေါ့..."

ရုတ်တရက် လျိုစုန့်သည် ပါးစပ်ဟလာပြီး အမည်းရောင် သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။

၎င်းကို မြင်သောအခါ ချန်ကျဲ့၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ အဆိပ်သွေးများ ပြန်ထွက်သွားလေပြီ။

ပိုင်မော့ရှန်းသည်လည်း သူတို့၏ ကြိုးစားမှုများ အလဟဿ ဖြစ်မသွားသဖြင့် စိတ်သက်သာရာရကာ ပြုံးလိုက်သည်။ ပိုင်မော့ရှန်းသည် အစေခံများကို အချက်ပြကာ သခင်လေးကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။

လျိုလောင်ကွေ့လည်း မျက်လုံးဖွင့်လာပြီး ပြောသည်။

"သူ အခု အဆင်ပြေသွားပါပြီ"

ပိုင်မော့ရှန်းမှ ပြောသည်။

“ခန်းမအရှင်သခင်ချန်က သမားတော်ကြီးပိုင်ရဲ့ တပည့်ဖြစ်တဲ့အလျောက် ဆေးပညာမှာလည်း ကျွမ်းကျင်မှာပဲ။ ကျေးဇူးပြုပြီး သခင်လေးကို တစ်ချက်လောက် ကြည့်ပေးပါဦးလား”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

"ကျုပ်လည်း ကြည့်ပေးဖို့ စဉ်းစားနေတာပါ"

ထိုသို့ပြောလျက် ချန်ကျဲ့သည် လျိစုန့်၏ သွေးကြောကို စမ်းသပ်ကြည့်လိုက်သည်။ သွေးခုန်နှုန်းမှာ တည်ငြိမ်နေပြီဖြစ်သဖြင့် ချန်ကျဲ့ ပြောလိုက်သည်။

"အင်း မနက်ဖြန် မနက်အရုဏ်တက်ချိန်လောက်တော့ သူ ပြန်ကောင်းလာပါလိမ့်မယ်"

လျိုလောင်ကွေ့မှ ပြောသည်။

"ဒီတစ်ကြိမ်တော့ ကျုပ်တို့ ညီနောင်ချန်အပေါ် အများကြီး အကြွေးတင်ရပြီ"

ချန်ကျဲ့မှ ပြန်ပြောသည်။

"ခေါင်းဆောင်လျိုက အရမ်း အားနာလွန်းနေပါပြီ။ တခြားကိစ္စမရှိတော့ရင် ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

"ကျိုစစ် ငါ မင်းနဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါ"

ချန်ကျဲ့ လျိုလောင်ကွေ့ကို ကြည့်လိုက်ပြီး မေးသည်။

"ခေါင်းဆောင်လျိုမှာ ကျွန်တော့်ကို ဘာများ မှာကြားစရာ ရှိလို့ပါလဲ"

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

"မှာကြားချင်တာ မဟုတ်ပါဘူး၊ ရင်ထဲက စကားတချို့ ပြောချင်လို့ပါ"

"ကျိုစစ်၊ မင်းရဲ့ အခြေအနေကို ငါ့ကင်းထောက်တွေဆီက ကြားခဲ့ရတယ်။ မင်းရဲ့သက်တော်စောင့်တွေအားလုံး တိုက်ပွဲမှာ သေဆုံးကုန်ကြပြီ။ အဲဒါက ကျိန်းသေပေါက် ကလဲ့စားချေရမယ့် ရန်ငြိုးပါပဲ"

လျိုလောင်ကွေ့မှ ချန်ကျဲ့ကို ကြည့်လျက် ပြောသည်။ ချန်ကျဲ့သည်တော့ တိတ်ဆိတ်နေဆဲပင်။ လျိုလောင်ကွေ့တွင် ပြောစရာ ကျန်သေးသည်ကို သူ သိသည်။

လျိုလောင်ကွေ့မှ ဆက်ပြောသည်။

"ဒါပေမဲ့ ကျိုစစ်၊ လက်ရှိမှာ အထက်က ညွှန်ကြားချက်က တည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ ပဋိပက္ခတွေကို ရှောင်ကြဉ်ဖို့ပဲ။ နန်ပါးထျန်း လုပ်ခဲ့တာက တကယ်ကို လွန်လွန်းပါတယ်။ ငါကိုယ်တိုင်လည်း သူ့အသားကိုစား၊ သူ့သွေးကို သောက်ချင်လောက်အောင် ဒေါသထွက်မိတယ်။ ဒါပေမဲ့ မျန့်ရွှေမှာရှိတဲ့ ငါတို့ရဲ့ သြဇာအာဏာကိုလည်း ထည့်တွက်ရမယ်"

"ကျွန်တော် နားလည်ပါတယ်။ ခေါင်းဆောင်လျိုက ဘာကို ဆိုလိုချင်တာများလဲ"

ချန်ကျဲ့ တည်ငြိမ်အေးဆေးစွာ မေးလိုက်သည်။

လျိုလောင်ကွေ့မှ ဆက်ပြောသည်။

"စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းက ကြီးမားတဲ့ အစီအစဉ်တွေကို ပျက်စီးစေနိုင်တယ်။ အခုအချိန်မှာ ငါတို့ နန်ပါးထျန်းနဲ့ စစ်ပွဲမဖြစ်နိုင်သေးဘူး။ မဟုတ်ရင် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများလိမ့်မယ်။ မင်းရဲ့ အကူအညီကို ချောင်ကုန်သည်အဖွဲ့က တောင်းခံခဲ့တာဖြစ်သလို မင်းရဲ့ ညီနောင်တွေ သေဆုံးတာကလည်း ချောင်ကုန်သည်အဖွဲ့နဲ့ ပတ်သက်နေပေမဲ့ ငါတို့အနေနဲ့ စီရင်စုအုပ်ချုုပ်ရေးမှူးကိုတော့ သွားပြီး ရန်စလို့ မရဘူး"

"တကယ်လို့ မင်းက နန်ပါးထျန်းကို ကလဲ့စားချေဖို့ ဇွတ်လုပ်မယ်ဆိုရင် ချောင်ကုန်သည်အဖွဲ့အနေနဲ့ ဝင်ပါဖို့ ခက်ခဲလိမ့်မှာကို ငါစိုးရိမ်မိတယ်။ ဒါပေမဲ့ နန်ပါးထျန်းဘက်က လာပြီး ပြဿနာရှာမယ်ဆိုရင်တော့ ချောင်ကုန်သည်အဖွဲ့က မင်းရဲ့ကျားဖြူခန်းမကို ကျိန်းသေပေါက် ကူညီမှာပါ"

"ဒါကြောင့် ကျိုစစ်... ငါ ဆိုလိုတာကို မင်း နားလည်တယ်မလား”

ထိုအခါ ချန်ကျဲ့မှ လျိုလောင်ကွေ့ကို ကြည့်၍ ပြောလိုက်သည်။

"ဟားဟား ကျွန်တော်နားလည်ပါတယ် ညီနောင်လျို။ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ ခေါင်းဆောင်လျိုပြောတာတွေကို ကျွန်တော် အကုန်နားလည်ပါတယ်။ စိတ်ချပါ၊ ကျွန်တော် နန်ပါးထျန်းကို မဆင်မခြင် သွားပြီး တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို လွှတ်ပေးမှာတော့ မဟုတ်ဘူး။ သူနဲ့ ကျွန်တော့်ကြားက ရန်ငြိုးတွေက ဘယ်လိုမှ ဖြေဖျောက်လို့ မရနိုင်ဘူး"

လျိုလောင်ကွေ့မှ ပြောသည်။

"ကောင်းပြီ။ ငါနဲ့ သူ့ကြားမှာလည်း ကြီးမားတဲ့ရန်ငြိုးရှိပါတယ်။ ဖြေဖျောက်လို့ မရနိုင်တာချင်း အတူတူပဲ။ ဒီစိုးရိမ်ရတဲ့အချိန်ကာလ ကျော်လွန်သွားလို့ မင်း နန်ပါးထျန်းကို ကလဲ့စားချေမယ်ဆိုရင် ငါ့ကိုပါ ထည့်တွက်လိုက်ပါ"

ချန်ကျဲ့မှ ဦးညွှတ်အရိုအသေပြုလိုက်ပြီး ပြောသည်။

"ခေါင်းဆောင်လျိုကို ကျေးဇူးတင်ပါတယ်”

လျိုလောင်ကွေ့မှ ပြောသည်။

"အင်း... ကျိုစစ်၊ ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ မင်းက ဆုံးရှုံးမှုကို အကြီးမားဆုံး ခံစားလိုက်ရတဲ့သူပဲ"

ထိုစကားတွင် ချန်ကျဲ့ ဘာမှ ပြန်မပြောပါချေ။ သူတို့နှစ်ဦးသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ချန်ကျဲ့မှ ပြောသည်။

"တခြားကိစ္စမရှိတော့ရင် ခေါင်းဆောင်လျို... ကျွန်တော် ပြန်လိုက်ပါဦးမယ်"

လျိုလောင်ကွေ့မှ ပြောသည်။

"အင်း ကျိုစစ် ဂရုစိုက်သွားပါ။ ဪ ပြီးတော့ ငါတို့ရဲ့ မဟာမိတ်ဖွဲ့စည်းမှုက အခုကစပြီး အသက်ဝင်ပြီနော်"

ချန်ကျဲ့က ခေါင်းညိတ်လိုက်သည်။

ချန်ကျဲ့ ချောင်ကုန်သည်အဖွဲ့မှ ထွက်လာခဲ့သည်။ ရှောင်ဟူသည် ချန်ကျဲ့နောက်သို့ အမီလိုက်လာပြီး ပြောသည်။

"အစ်ကိုကျိုစစ်၊ ခေါင်းဆောင်လျိုက တကယ်ကို အားနာသမှုမရှိတာပဲ။ သူ့သားအတွက် ကျွန်တော်တို့လူတွေ အများကြီး ဆုံးရှုံးခဲ့ရတာကို သူက ဒီအတိုင်းပဲ လွှတ်ထားခိုင်းတာလား"

ချန်ကျဲ့ ခေါင်းခါလိုက်ပြီး ပြောသည်။

"ဟားဟား သူက အလုံအလောက်ကို အားနာပြီး အများကြီးတွေးတောပေးခဲ့ပြီးပါပြီ။ အနည်းဆုံးတော့ သူက ငါတို့ကို အခုလို ပွင့်ပွင့်လင်းလင်းပြောပြခဲ့တယ်။ ငါလည်း နန်ပါးထျန်းကို ထိပ်တိုက်သွားရင်ဆိုင်ဖို့ အစီအစဉ် မရှိပါဘူး။ အခုက သူ့ကို ရှင်းထုတ်ရမယ့် အချိန်မဟုတ်သေးဘူး။ ခေါင်းဆောင်လျို ပြောတာ မှန်တယ်၊ မျန့်ရွှေက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ လက်အောက်မှာ ရှိနေတာလေ"

ထိုအခါ ရှောင်ဟူသည် မျက်မှောင်ကြုတ်လျက် စဉ်းစားလိုက်ပြီးနောက် အမြန်ထပ်ပြောလာသည်။

"အားး ကျွန်တော်ကတော့ ဒီလိုကိစ္စတွေကို နားမလည်ပါဘူး။ အစ်ကိုကျိုစစ် စီရင်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင်က နန်ပါးထျန်းကို ဖယ်ရှားချင်မယ်ဆိုရင် ပိုကောင်းမှာပဲနော် ဟုတ်တယ်မလား။ အဲဒါဆိုရင် ကျွန်တော်တို့လည်း သူ့ကို တရားဝင် ရှင်းပစ်လို့ ရတာပေါ့"

"ဟမ်?"

ချန်ကျဲ့၏ ခြေလှမ်းများ ရပ်တန့်သွား၏။ ချန်ကျဲ့သည် ရှောင်ဟူကို တစ်ချက်ကြည့်လိုက်ကာ ဘာမှမပြောဘဲ မျက်လုံးများကို မှေးကျုံ့လိုက်သည်။

၎င်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ပါချေ။ သို့သော် စေ့စပ်သေချာစွာ စီစဉ်ရန်နှင့် အခွင့်အရေးကောင်းကို ရှာဖွေရန်တော့ လိုအပ်လိမ့်မည်။

…

ထိုအချိန်တွင် ငါးဖမ်းကုန်သည်အဖွဲ့ ဌာနချုပ်၌ -

နန်ပါးထျန်းနှင့် ဟွမ်ဝမ်အာတို့ ထမင်းစားပွဲတွင် ထမင်းစားနေကြသည်။

နန်ပါးထျန်းသည် အပြုံးတစ်ခုကို လုပ်ယူထားရင်း ပြောသည်။

"ဝမ်အာ မင်းကို မတွေ့ရတဲ့ လဝက်အတွင်းမှာ မင်း အတော်ပိန်သွားသလိုပဲ"

"ဂရုစိုက်ပေးတဲ့အတွက် ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”

ဟွမ်ဝမ်အာမှ ကျေးဇူးတင်စကားဆိုသည်။ ထိုစဉ် နန်ပါးထျန်းသည် ဝက်သားနှပ်တစ်တုံးကို တူဖြင့်ညှပ်ယူလိုက်ရင်း ပြောသည်။

"ရော့ ဝမ်အာ အသားစားလိုက်ဦး"

ထိုအသားတုံးမှာ အဆီနှင့်အသား မျှတနေပြီး ကြည့်ရသည်မှာ အရည်ရွှမ်းကာ မအီပေ။ ၎င်းမှာ ဟွမ်ဝမ်အာ အကြိုက်ဆုံး ဟင်းလျာတစ်ခု ဖြစ်သည်။

သို့သော် ထိုအသားတုံး ဟွမ်ဝမ်အာ၏ ပန်းကန်ထဲသို့ ရောက်သွားသည်နှင့် သူမ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အန်ချင်သလို ခံစားလိုက်ရသဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။

နန်ပါးထျန်း လန့်သွား၏။

"ဝမ်အာ ဘာဖြစ်လို့လဲ၊ ဘာဖြစ်တာလဲ"

ဟွမ်ဝမ်အာသည် အန်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားလိုက်ရင်း ပြန်ပြောသည်။

"ဘာမှမဖြစ်ပါဘူး ခေါင်းဆောင်၊ ခရီးပန်းလာလို့ ဖြစ်မှာပါ။ ကျမ ပင်ပန်းနေပြီ။ အခန်းပြန်လိုက်တော့မယ်... ဝေါ့~"

ထိုသို့ပြောကာ ဟွမ်ဝမ်အာသည် သုကျွမ်း၏အကူအညီဖြင့် အခန်းထဲသို့ အမြန်ပြန်သွားလိုက်သည်။

၎င်းကို မြင်သောအခါ နန်ပါးထျန်း၏ မျက်နှာတွင် သံသယများ ပြည့်နှက်သွား၏။

ခရီးပန်းတာတဲ့လား?

မဖြစ်နိုင်ပါချေ။

နန်ပါးထျန်းသည် မျက်လုံးများကို မှေးကျုံ့လိုက်ပြီး လက်အောက်ငယ်သားတစ်ဦးကို အချက်ပြကာ ပြောလိုက်သည်။

"မင်း အခုချက်ချင်း သမားတော်လျိုရဲ့ အိမ်ကိုသွားပြီး သခင်မကို လာကြည့်ပေးဖို့ ခေါ်ခဲ့စမ်း။ သခင်မ ဘာဖြစ်နေတာလဲဆိုတာ စစ်ဆေးခိုင်းလိုက်"

"ဟုတ်ကဲ့၊ အခုချက်ချင်း သွားလိုက်ပါ့မယ်"

လက်အောက်ငယ်သားက ချက်ချင်း တုံ့ပြန်သည်။

နန်ပါးထျန်းသည် တံခါးဝကို တစ်ချက်ကြည့်ပြီးနောက် စားပွဲပေါ်မှ ဝက်သားနှပ်ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့သည်...။

သူ ဘာလို့ အန်ချင်နေရတာလဲ?

All Chapters