နံပါတ် ၁ ဘုရားကျောင်း (၁+၂)
Vol. 67 Ch. 1007
နံပါတ် ၁ ဘုရားကျောင်း (အပိုင်းတစ်)
ဘာကင်းဟမ်သည် အလွန်ကောင်းမွန်စွာ စကားပြောနိုင်သူသူတစ်ဦးဖြစ်သည်။ သူ၏အတွေးများကို စုစည်းပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ဧကရာဇ်ဂျူနင်ဟိုအား ပြောပြခဲ့၏။ သူသည် လီယွန်ရေတပ်ကို ဦးဆောင်ပြီး ဘိုင်ဇန်တိုင်းဘုရင်ကို ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့ပုံမှစ၍ ချမ်ဘော့ဘုရင် ရုတ်တရက်ပေါ်လာပြီး သူ့ကို ဖမ်းဆီးခဲ့ပုံထိ ထို့နောက် ထွန်းလင်းတောက်ပခြင်းစစ်သင်္ဘော၏ ခရီးစဉ် ပင်လယ်မျိုးနွယ်စုကို ရှာဖွေတွေ့ရှိခြင်းနှင့် ပင်လယ်အောက်ခြေတွင် ရူးသွပ်သောတိုက်ပွဲတို့ပါ ဆက်ပြောသည်။
အစပိုင်းတွင် ဧကရာဇ်ဂျူနင်ဟိုသည် သူ၏စိတ်ကို ထိန်းထားနိုင်ပြီး ဘက်ကင်ဟမ်၏ဇာတ်လမ်းကို ဂရုမစိုက်ဘဲ နားထောင်နိုင်ခဲ့သည်။ သို့သော် ချမ်ဘော့ဘုရင်သည် ဒီအလက်ဇန္ဒရို ၏ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ဖြုတ်ချခြင်း ပင်လယ်အောက်ခြေတွင် စိန့်မာရာဒိုနာ၏ အရိပ်ပေါ်လာခြင်းနှင့် ချမ်ဘော့ဘုရင်သည် ထိုမကောင်းဆိုးဝါး ပင်လယ်နတ်ဘုရား၏ လက်တစ်ခုကို ဖျက်ဆီးခြင်းအကြောင်း ကြားသိရသောအခါ ဂျူနင်ဟိုသည် နောက်ဆုံးတွင် အံ့အားသင့်သွားပုံရသည်။
" သေချာလား ဒီအလက်ဇန္ဒရို က သူ့ရဲ့အစွမ်းအစအားလုံးကိုသုံးပြီး မင်းတို့နှစ်ယောက်ကို နတ်ဘုရားအဆင့်တိုက်ခိုက်ရေးလက်နက်နဲ့ သတ်ဖို့ကြိုးစားခဲ့တယ်ဆိုတာ သေချာလား ချမ်းဘော့ဘုရင်က သူ့ကိုတားပစ်တာလား "
" ဟုတ်တယ် "
" တိုက်ကြီးရဲ့ သိုင်း သူတော်စင် မာရာဒိုနာ ရဲ့အရိပ်က ပင်လယ်အောက်ခြေမှာပေါ်လာပြီး နတ်ဘုရားအဆင့်တိုက်ခိုက်ရေးလက်နက်ကို မကောင်းဆိုးဝါးပင်လယ်နတ်ဘုရားဆီကနေ အလွယ်တကူယူသွားတယ်ဆိုတာ သေချာလား "
" သေချာပါတယ် "
"ချမ်းဘော့ဒ် ဘုရင်က သူ့တူနဲ့ မကောင်းဆိုးဝါးပင်လယ်နတ်ဘုရားရဲ့လက်မောင်းတစ်ဖက်ကို ရိုက်ချိုးပစ်လိုက်တယ်ဆိုတာ သေချာလား "
" သေချာပါတယ် "
ဂျူနင်ဟို၏ တည်ငြိမ်မှု ရှားရှားပါးပါး ပျောက်ကွယ်သွားပြီ သူရှော့ရသွား၏။
ပလ္လင်ပေါ်တွင်ထိုင်နေစဉ် ဂျူနင်ဟိုက ပထမမေးခွန်းမေးခြင်းဖြစ်ပြီး ထို့နောက် ဧကရာဇ်က ချက်ချင်းထရပ်ကာ ဒုတိယနဲ့ တတိယမေးခွန်းတွေ မေးလိုက်ခြင်းဖြစ်သည်။ မေးခွန်းသုံးခုလုံး၏ အဖြေကိုရပြီးနောက်တွင်တော့ သူ့ပလ္လင်ပေါ်ပြန်လဲကျသွားသည်။
ထိုဖြစ်ရပ်များက ဂါလန် မြို့၏ ကီလိုမီတာ ၅၀၀,၀၀၀ အတွင်းမှာ အာဏာအရှိဆုံးဖြစ်သည့်အုပ်စိုးရှင် မည်မျှစိုးရိမ်ပူပန်သွားပြီး အံ့အားသင့်နေလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း ပုံဖော်ပြသနေသည်။
နှိုင်းယှဉ်ကြည့်လျှင် ဘက်ကင်ဟမ်သည် ကျောက်ကုလားထိုင်ပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ပြီး 'ဟုတ်ကဲ့' ဟု သုံးကြိမ်ပြန်ဖြေရင်း လုပ်ငန်းစဉ်တစ်လျှောက်လုံး တည်ငြိမ်နေခဲ့သည်။ သူ့ရှေ့တွင် ဧရာမတောင်ကြီးတစ်ခု ပြိုကျသွားလျှင်ပင် တုန်လှုပ်ခြင်းမရှိသော ခိုင်မာသည့် ဧကရာဇ် ဂျူနင်ဟိုသည် ဘက်ကင်ဟမ်ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် တည်ငြိမ်မှုဆုံးရှုံးခဲ့ရပြီး ဤလူငယ်သည် ၎င်းကို ကြိုတင်မြင်ပြီးသားဖြစ်ပုံရသည်။
အဆုံးစွန်အားဖြင့် မေးခွန်းသုံးခုအတွက် အဖြေများသည် အလွန်အံ့သြဖွယ်ကောင်းလွန်းသည်။
အလွန်မာနကြီးသော ဒီအလက်ဇန္ဒရိုသည် နောက်ဆုံးတွင် ဒုက္ခနှင့်ကြုံတွေ့ခဲ့ရသည်။ " ဒါပေမယ့် ငါတို့ရဲ့ ဒုက္ခက အဲ့လူထက် ပိုကြီးတယ် ” ဂျူနင်ဟို၏မျက်နှာတွင် ခါးသီးသောအပြုံးတစ်ခုပေါ်လာသည်။
“ ဟုတ်ပါတယ် ခု ဇင်းနစ်အင်ပါယာတွင် ဤမျှကြောက်စရာကောင်းသော စစ်သည်တော်တစ်ဦးရှိသောကြောင့် ကျွန်တော်မျိုးတို့... ကျွန်တော်မျိုးတို့...” ဘက်ကင်ဟမ်သည် အနည်းငယ်ရပ်တန့်သွားပြီး သူ့စိတ်ကို မည်သို့မှန်ကန်စွာဖော်ပြရမည်ကို မသိတော့ပေ။
“ဆက်ပြောပါ” ဂျူနင်ဟို အမိန့်ပေးခဲ့သည်။
“ ကျွန်တော်မျိုးတို့ရဲ့ လီယွန်အင်ပါယာဟာ ဇင်းနစ်လူမျိုးများနှင့် ဆက်လက်တိုက်ခိုက်နေပါက ကပ်ဘေးတစ်ခုက ကျွန်တော်မျိုးတို့အတွက် စောင့်ကြိုနေပါလိမ့်မယ် ” ဘက်ကင်ဟမ်သည် ဧကရာဇ် ဂျူနင်ဟို၏ ပြင်းထန်သောအကြည့်အောက်တွင် တုန်လှုပ်သွားပြီး သူ့စိတ်ထဲရှိအရာကို တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပြောလိုက်သည်။
သူပြောတာက ဝင့်ကြွားတဲ့ လီယွန် တိုင်း၏ မျက်နှာကို ကျယ်လောင်စွာ ရိုက်နှက်လိုက်သည်နှင့် ဘာမျှမထူးပေ။
ဒါဟာ လီယွန် အင်ပါယာက လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်း ရှားရှားပါးပါးပဲ ကြုံတွေ့ခဲ့ရသည့် ရှက်စရာခုပင်ဖြစ်သည်။
သို့သော်လည်း ဂျူနင်ဟိုက စိတ်မဆိုးပဲ စိတ်ပျက်လက်ပျက်ရယ်လေသည်။ သူက ခေါင်းကို ကုတ်ပြီး အားမဲ့စွာ ပြောလိုက်သည်။ “ ဒါက အမှန်တရားဖြစ်ပေမယ့် မျိုချရခက်တဲ့ ဆေးခါးတစ်ခွက်လိုပဲ အထူးသဖြင့် ငါ့အမြင်မှာ လူငယ်မျိုးဆက်ထဲမှာ အရည်အချင်းအရှိဆုံးလူဖြစ်တဲ့ မင်းဆီက လာတဲ့အခါမှာပေါ့ ငါပြောခဲ့တဲ့ ပြဿနာကို မင်းနားမလည်ဘူး "
လီယွန် တော်ဝင်နန်းတော်မှ ထွက်ခွာပြီးနောက် ဖေး အလျင်အမြန် ဂါလန် မြို့ကနေ မထွက်သွားခဲ့ချေ။
ထို့အစား ဂါလန် မြို့၏ အနောက်မြောက်ဘက်ရှိ မြင့်မားသော အဆောက်အအုံများထံ သူ အပြေးအလွှား ပြေးသွားသည်။ ထိုအရာက လီယွန် အင်ပါယာအတွင်းရှိ သန့်ရှင်းသော ဘုရားကျောင်းက တည်ထောင်ခဲ့သော နံပါတ် ၁ ဘုရားကျောင်းဖြစ်ပြီး ထိုနေရာမှ ဆရာသခင်က ဘက်ကင်ဟမ်ကိုစွမ်းအားများကြီးထွားစေသည့် အရိုးစုကို ကိုယ်တွင်းမြှုပ်နှံပေးခဲ့သူဖြစ်သည်။
ဖေးအနေနှင့် လျှို့ဝှက်ဆန်းကြယ်သည့် ဆင့်ခေါ်မှုတစ်ခုက သူ့ကို ထိုနေရာထံ ဆွဲခေါ်နေသည့်နှယ် ခံစားနေသည်။
ဒီအလက်ဇန္ဒရိုနှင့် ပတ်သက်သည့် အဖြစ်အပျက်က အရေးကြီးသော်လည်း လီယွန်အင်ပါယာ ကို ရောက်လာဖို့က သိပ်မလွယ်ချေ။ လီယွန်မှ မထွက်ခင် ဖေး ဟာ ထိုလျှို့ဝှက်ဆန်းကြယ်သည့် သခင်နှင့် သွေးနီရောင် အရိုးစုတို့ ပတ်သက်မှု အကြောင်း အဖြေထုတ်သွားရမည်ဖြစ်သည်။
ဆူးရှည်တစ်ချောင်းလိုပင် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဆရာသခင်ဟာ ဖေး၏စိတ်ထဲတွင် စွဲနေပြီး အရာအားလုံးအတွက် စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။
ထက်မြက်ပြီး အကင်းပါးလှသည့် ဗီဇက ဖေး ကို ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာသခင်ဟာ တိုက်ကြီးပေါ်က ပြဿနာများနှင့် ရှုပ်ထွေးမှုအားလုံး၏ မူလအစဖြစ်သည်ဟု ပြောနေသည်။ ရှုပ်ထွေးမှုများဖြစ်ပွားနေသည့် မြန်နှုန်းကို နှေးကွေးစေချင်ပါက မူလအစကို အဆုံးသတ်ပြီး ထိုဆူးကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။
ခေးအော့ပလ္လင်၏ အကူအညီနှင့် ဖေး ဟာ အာကာသထဲက အက်ကွဲကြောင်းများကို ချောမွေ့စွာ ဖြတ်သန်းခဲ့ပြီး မြန်ဆန်သည့် မြန်နှုန်းကို ရရှိခဲ့သလို တစ်ချိန်တည်းမှာပင် လူမသိအောင်ထိန်းထားနိုင်ခဲ့သည်။ ဂါလန်မြို့တွင် စစ်ဆေးရေးဂိတ်များနှင့် အစောင့်စခန်းများ အများအပြားရှိသော်လည်း မည်သူမျှ ဖေးကိုမတွေ့ခဲ့ပေ။
နံပါတ် ၁ ဘုရားကျောင်း (အပိုင်းနှစ်)
ခဏလေးအတွင်း၌ပင် ဖေးသည် သန့်ရှင်းသောဘုရားကျောင်း အတွင်းပိုင် ခန်းဆောင်များထံ ဦးတည်သည့် ဝင်ပေါက်ကို ရောက်ရှိသွားသည်။
“ ဟမ် ဒီနေရာရဲ့ အကာအကွယ်အဆင့်က လူနေရပ်ကွက်တွေနဲ့ ယှဉ်ရင်တောင်နိမ့်ကျနေတယ် သန့်ရှင်းသောဘုရားကျောင်းက အမြဲတမ်း မာနထောင်လွှားပြီး မာန်ကြီးတယ် ဘယ်သူမှ သူတို့ကို မတိုက်ခိုက်ရဲဘူးလို့ တကယ်ထင်နေကြတာလား ”
ဖေး က သူ၏ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီးတဲ့နောက် အစောင့်အရှောက်အားလုံးမှာ သာမန်လူများသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဘုန်းကြီးများနှင့် အစွမ်းထက်စစ်သည်တော်များက ခန်းဆောင်များကြားတွင် ပျင်းရိစွာ လမ်းလျှောက်ပြီး ကင်းလှည့်နေကြသည်။
သန်းခေါင်ယံအချိန်ရောက်နေပြီဖြစ်သဖြင့် ဝတ်ပြုကိုးကွယ်သူများ မရှိတော့ရာ အတွင်း၌ရှိသော မှော်အလင်းရောင်က နတ်ဘုရားရုပ်ထုများအပေါ် မှိန်ပြပြကျဆင်းနေပြီး အေးချမ်းသာယာပုံပေါက်နေသည်။
ဘက်ကင်ဟမ် သူ့ကိုပေးထားသည့် ဖော်ပြချက်များအရ ဖေး ဟာ လီယွန်အင်ပါယာ၏ နံပါတ် ၁ ဘုရားကျောင်းဆီကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး သေချာစွာ လေ့လာကြည့်ရှုလိုက်သည်။
သန့်ရှင်းသောဘုရားကျောင်းများဟာ တိုက်ကြီးပေါ်၌ ခန်းနားထည်ဝါမှုတွင် လူသိများပြီး ဤဘုရားကျောင်းလည်း ခြွင်းချက်မဟုတ်ပေ။
လီယွန်အင်ပါယာရှိ နံပါတ် ၁ ဘုရားကျောင်းသည် တောင်တစ်တောင်ခန့်မြင့်မားပြီး သာမန်လူသားများပင် ထိပ်ဖျားကို မမြင်ရအောင် မြင့်မားသည်။ ဘုရားကျောင်းတံခါးသို့ ဦးတည်သော လှေကား ၉၉ ဆင့်သည် ကောင်းကင်ဘုံသို့ ဦးတည်သော လမ်းကြောင်းတစ်ခုကဲ့သို့ ထင်ရပြီး ဘုရားကျောင်း၏ တစ်ဖက်တစ်ချက်စီတွင် ဧရာမနတ်ဘုရားရုပ်တုနှစ်ခုရှိသည်။ ရုပ်တုတစ်ခုစီသည် မီတာ ၁၀၀ ကျော်မြင့်ပြီး တစ်ခုမှာ ဓားရှည်ကိုင်ဆောင်ထားပြီး နောက်တစ်ခုမှာ ပုဆိန်ကိုင်ထားသည်။ ၎င်းတို့သည် အသက်ဝင်ကာ ၎င်းတို့၏ ခြေချောင်းများသည် ပျမ်းမျှလူသားတစ်ဦး၏ အရပ်အမြင့်ထက် ပို မြင့်သည်။
ဧရာမနတ်ဘုရားရုပ်တုနှစ်ခုမှလွဲ၍ ထိုနှစ်ခုထက် များစွာသေးငယ်သော နတ်ဘုရားရုပ်တုများစွာသည် ဘုရားကျောင်းတစ်ဝိုက်တွင် ရှိနေပြီး တောအုပ်အတွင်းရှိ သစ်ပင်များကဲ့သို့ ထင်ရသည်။ နတ်ဘုရားရုပ်တုများ၏ စောင့်ကြည့်နေသော မျက်လုံးများစွာအောက်တွင် လူများသည် ဖော်ပြ၍မရနိုင်သော ဖိအားကို ခံစားရလိမ့်မည်။
ဘုရားကျောင်း၏ အမြင့်နှင့် အရွယ်အစားသည် လီယွန်တော်ဝင်နန်းတော်နှင့် နှိုင်းယှဉ်ပါက ပို၍ပင် ခမ်းနားထည်ဝါပြီး သန့်ရှင်းသောဘုရားကျောင်း၏ မာနထောင်လွှားပြီး မာန်မာနကြီးသော စရိုက်ကို ပြသနေသည်။
ဖေးသည် သူ့ခြေထောက်တစ်ဖက်ကို မြှောက်ပြီး ပထမလှေကားဆီသို့ ရွှေ့လိုက်သည်။ ထို့နောက် စွမ်းအင်မီးတောက်တစ်ခု လင်းလက်သွားပြီး ဘုရင်သည် ၉၉ ဆင့်အထက်ရှိ လီယွန် အင်ပါယာ၏ နံပါတ် ၁ ဘုရားကျောင်းရှေ့ရှိ ပလက်ဖောင်းပေါ်သို့ တန်းတက်လိုက်သည်။
ဧရာမတံခါးကြီးကို တောက်ပသော ကာနီလီယန်နှင့် ကြည်လင်သော ကျောက်တုံးကြီးတစ်ခုဖြင့် ထွင်းထုထားပြီး [ဘုရားသခင်၏ ကျင့်ဝတ်ကျမ်း] ရှိ ပုံပြင်အမျိုးမျိုးကို ထွင်းထုထားသည်။ အမိုးကို ထောက်ထားသော အဓိကတံခါးရှေ့ရှိ ဧရာမတိုင် ၂၄ တိုင်ကို လူသားပုံများအဖြစ် ထွင်းထုထားပြီး ဧရာမလူ ၂၄ ယောက်သည် ဤဘုရားကျောင်း၏ အမိုးကို ၎င်းတို့၏ ပခုံးနှင့် လက်များဖြင့် သယ်ဆောင်ထားသကဲ့သို့ ထွင်းထုထားသည်။ တန်ခိုးကြီးသော နတ်ဘုရားများနှင့် သူရဲကောင်းများသည် ဒဏ္ဍာရီလာ တိုက်ပွဲများတွင် ပါဝင်ခဲ့သည့် မြင်ကွင်းများအားလုံးကို ဤဘုရားကျောင်းအတွင်းရှိ နံရံများတွင် ထွင်းထုထားသည်။
အလုံးစုံပြောရလျှင် ဤဘုရားကျောင်းသည် နတ်ဘုရားများ နေထိုင်ရာ နယ်မြေရှိ အဆောက်အအုံတစ်ခုကဲ့သို့ ထင်ရသည်။
ဖေး သည် တံခါးကို ပေါ့ပေါ့ပါးပါး တွန်းပြီး အထဲသို့ ဝင်သွားသည်။
ဤဘုရားကျောင်း၏ အတွင်းပိုင်းသည် ဗလာကျင်းနေပြီး နံရံများတွင် အလှဆင်ပစ္စည်းများဖြစ်သည့် အဖြူရောင်ဖယောင်းတိုင်များကြောင့် အဆောက်အအုံအတွင်း စားပွဲသည် လင်းထိန်နေသည်။ ဖယောင်းတိုင်များပတ်လည်တွင် အဖြူရောင်မီမှော်မီးများ ထွန်းထားရာ ၎င်းတို့သည် တောက်ပသော ကြယ်များသဖွယ် ထင်ရသည်။ ဖေးအထဲရောက်တော့ သူ့ကိုယ်သူ စကြဝဠာနဲ့ နှိုင်းယှဉ်ခံရသလို ခံစားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ကျသလို ခံစားမိသွားသည်။
ညဉ့်နက်နေပြီဖြစ်ရာ ဤနေရာတွင် ဘုန်းကြီးများ မြင့်မြတ်သောသူရဲကောင်းများရှိမနေပေ။
ဖေး ဖြည်းဖြည်းချင်း အထဲကို ဝင်လာပြီး သူ့ သိုလှောင်လက်စွပ်မှ အစိမ်းရောင် ကျောက်မျက်ရတနာတစ်ခုကို ထုတ်ယူပြီး မှော်စွမ်းအင်များ ထိုးသွင်းလိုက်သည်။ မှော်ကျောက်မျက်ရတနာက ချက်ချင်းပင် သိမ်မွေ့သည့် စွမ်းအင်အတက်အကျကို ထုတ်လွှတ်လိုက်ပြီး မမြင်နိုင်တဲ့ စွမ်းအင်လှိုင်းက အရပ်မျက်နှာအားလုံးဆီ ပျံ့နှံ့သွားသည်။
၎င်းက လျှို့ဝှက်ဆန်းကြယ်သည့် ဆရာသခင်က ဘက်ကင်ဟမ် ကို ပေးခဲ့သော ထူးခြားသည့် ဆက်သွယ်ရေးနည်းလမ်းပင်ဖြစ်သည်။
ထိုကဲ့သို့ မှော်ကျောက်မျက်ရတနာမျိုးက သာမန်မှော်ကျောက်တုံး မဟုတ်ရာ ရှားပါးလှသည်။ထိုအရာမှထုတ်လွှတ်သည့် စွမ်းအင်အတက်အကျက ထူးဆန်းပြီး လူအများစုအတွက် မမြင်နိုင်သည့်အရာဖြစ်သည်။ ထိုမှော်ကျောက်မျက်ရတနာနှင့် အလွန်ရင်းနှီးထပ်တူကျသော သတ္တဝါများသာ ထိုစွမ်းအင်အတက်အကျကို ဖမ်းယူနိုင်ပေသည်။
မကြာခင်မှာပင် ဖေး လီယွန် အင်ပါယာ၏ နံပါတ် ၁ ဘုရားကျောင်းရှိ အနက်ရှိုင်းဆုံးနေရာသို့ ရောက်သွားသည်။
စင်မြင့်ပေါ်၌ အမျိုးအမည်မသိသတ္တုများနှင့် ပြုလုပ်ထားသည့် ဧရာမနတ်ဘုရားရုပ်တုကြီး သုံးဆူရှိ နေသည်။ ဖေး ဟာ ထိုနတ်ဘုရားရုပ်တုများမှ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ ရှိနေတာသဖြင့် ထိုအရာများအကြောင်းသိမနေပေ။ ထို့အပြင် သူတို့လက်ထဲက လက်နက်များက သွေးနှင့်တူသည့် အရာတစ်ခုခုနှင့် စွန်းထင်းနေပုံရသည်။ ခြုံပြောရပါက သူတို့ဟာ တခြားနတ်ဘုရားရုပ်တုများကဲ့သို့ ငြိမ်းချမ်းပြီး နူးညံ့သိမ်မွေ့တဲ့ပုံ မပေါ်ချေ။
ဖေးဟာ သန့်ရှင်းသောဘုရားကျောင်းအကြောင်း အရေးကြီးသည့် ကျမ်းစာများ စာပေများကို ကောင်းကောင်းဖတ်ရှုလေ့လာပြီးဖြစ်သော်လည်း ဤနတ်ဘုရားရုပ်တုသုံးဆူ၏ ဖော်ပြချက်များကို သူမြင်ဖူသည်ဟုမထင်ပေ။ အနည်းဆုံး ချမ်းဘော့ဒ် မြို့က ဘုရားကျောင်းဟာ ဤနတ်ဘုရားများကို မကိုးကွယ်ခဲ့ချေ။
ရုတ်တရက် ဖေး တစ်ခုခုကို သတိထားမိပြီး လှည့်ကြည့်လိုက်သည်။
ငွေရောင်စွမ်းအင်တိမ်တိုက်တစ်ခုက ဤဘုရားကျောင်းထဲသို့ တိတ်ဆိတ်စွာ လွင့်မျောလာပြီး ဆံပင်ဖြူဖြူ မျက်ခုံးဖြူဖြူရှိပြီး သန့်ရှင်းသည့်ဘုရားကျောင်း၏ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကြင်နာပုံပေါ်သောအဘိုးကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
သူက ဖော်ရွေပြီး ကြိုဆိုတဲ့ အရိပ်အယောင်ကို ထုတ်လွှတ်နေရာ ဖေးမှာ သူကြာမြင့်စွာ မတွေ့ရသည့် ဆွေမျိုးတစ်ယောက်နှင့် တွေ့ဆုံရသလို ခံစားလိုက်ရသည်။