← Chapters

အခန်း (၁၀၀၈)

Vol. 67 Ch. 1008

အခန်း (၁၀၀၈)

Vol. 67 Ch. 1008

၁၀၀၈: ထောင်ချောက် (အပိုင်းတစ်)

“ ဟီးဟီး ချမ်ဘော့ဘုရင် မင်းနောက်ဆုံးတော့ ရောက်လာပြီလား ငါမင်းကိုစောင့်နေတာ ” ရုတ်တရက်ပေါ်လာသည့် ကြင်နာတတ်သည့်အသွင်နှင့် ဘုန်းတော်ကြီးက အပြုံးနှင့်ကြည့်ပြီး နှစ်ဦးသား ရငရင်းနှီးသည့်မိတ်ဆွေဟောင်းများသဖွယ်ပြောသည်။

“ မင်းငါ့ကိုသိလား ငါ့ကိုစောင့်နေလား မင်းက ဘယ်သူလဲ ” ဖေးမေးလိုက်သည်။ သူ့ အစိမ်းရောင်မှော်ရတနာကို ဘယ်ဘက်လက်ဖဝါးတွင် တိတ်တိတ်လေးဝှက်ထားလိုက်၏။ ယခုအချိန်၌ ဤကြင်နာတတ်ပုံပေါ်သည့် အဘိုးကြီးက သူ့ကိုအံ့ဩစေသည်။

ထိုဘုန်းကြီး၏ အစွမ်းက နောက်တစ်ဆင့်တွင်ရှိ‌ပေသည်။ သူ့ကို ဖေး မီတာ ၁၀၀ အတွင်းရောက်လာမှ ရှာတွေ့နိုင်ခဲ့သည်။ ထိုကြောင့် ဒီအဘိုးကြီးက အနည်းဆုံးတော့ ထိပ်တန်းအဆင့် အာရုဏ်ဦးနေအဆင့် အရှင်သခင် တစ်ယောက်ဖြစ်‌ပေလိမ့်မည်။

သန့်ရှင်းသောဘုရားကျောင်းတွင်ရှိသည့် ဘုန်းကြီးမိားဟ တာဝန်အရ လီယွန်အင်ပါယာရှိ အစွမ်းထက်ဆုံး ဘုန်းကြီးက အထွတ်အထိပ် အဆင့်လပြည့်တွင်သာ ရှိသင့်သည်။ ဒေသတွင်းတွင် နေအဆင့် ဘုန်းတော်ကြီးများ မရှိသင့်ပေ။

ထို့အပြင် ဤဆံပင်ဖြူဘုန်းကြီးက ကြင်နာတတ်ပြီး သနားတတ်တဲ့ပုံပေါက်သည့်တိုင် ဖေး တစ်ခုခုမှားနေသလို ခံစားရပြီး အလွန်အန္တရာယ်များသည့် ခံစားချက်တစ်ခုကို သတိထားမိလိုက်သည်။

“ ဟားဟား ကောင်လေး မင်းက ငါ့နယ်မြေထဲကို ဝင်လာတဲ့သူပဲ ပြီးတော့ ငါ့ရဲ့ အထောက်အထားအကြောင်း ငါ့ကို မေးနေတာလား ” ဘုန်းကြီးက ဖြည်းဖြည်းချင်း ရှေ့ကို လျှောက်သွားပြီး ခြောက်သွေ့နေသည့် လက်များဖြင့် သစ်သားခုံတန်းများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးမှ လျှို့ဝှက်ဆန်းကြယ်သည့် အလင်းရောင်များနှင့်အတူ မော့ကြည့်လာပြီး မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ဆင်မြန်းကာ ဆက်ပြောလိုက်သည်။ “ လွန်ခဲ့တဲ့ လေးရက်လောက်က ဂါလန် မြို့က လူတိုင်းက ငါ့ကို ယဂုန်အသရေရှိ ဂျွန် လို့ ခေါ်ကြတယ် ငါက နတ်ဘုရားတွေရဲ့ အစေခံတစ်ယောက်ဖြစ်ပြီး ဒီနေရာကို တာဝန်ယူခဲ့တာ ”

“လေးရက်လောက်က ဟုတ်လား အခုကော” ဖေးက သူ့ခွန်အားကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်ပြီး မေးလိုက်သည်။

“အခုလား ဟားဟား အခုလား” ထိုဘုန်းကြီးက သွေးရောင်များ တောက်ပလာပြီး ခေါင်းမော့ရယ်လိုက်သည်။ “ အခုတော့ ငါက နတ်ဘုရားတစ်ပါးပဲ အရာအားလုံးကို ထိန်းချုပ်ထားတဲ့ နတ်ဘုရားတစ်ပါးပဲ ”

“ မင်းပဲလား ” ဖေး က အခြေအနေကို ချက်ချင်း နားလည်သွား၏။

ဖေး ရှေ့ကို ပြေးသွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူက [လေဝဲ] ကို အသုံးပြုပြီး ရွှေရောင်ဓားစွမ်းအင်နဂါးတစ်ကောင်ကို ပစ်ခတ်လိုက်သည်။ ထိုရွှေရောင်ဓားစွမ်းအင်နဂါးဟာ ထိုဘုန်းကြီးအိုကို တိုက်ခိုက်နေစဉ် ဖေးဟာ ငွေရောင်စာလိပ်တစ်ခုကို ထုတ်ယူပြီး သူ့ဆီ နီးကပ်လာတဲ့အချိန်၌ ဖွင့်လိုက်သည်။

ထို့နောက် တောက်ပနေသော ဖားလောင်းငါး‌ေလာင်သဏ္ဍာန်နတ်ဘုရားး ရုန်းများက [နတ်ဘုရားအကျဉ်းချကျမ်းလိပ်] မှ ပျံထွက်လာပြီး ဘုန်းကြီးအိုဆီကို ပြေးသွားသည်။

ဖေးဟာ ဒီဘုန်းကြီးအိုရဲ့ မျက်လုံးထဲက သွေးနီရောင်အလင်းကို ရင်းနှီသည်။ ထိုအရာက ရွှေရောင်အရိုးစု၏ မှောင်မိုက်နေသည့်မျက်လုံးအိမ်ထဲက မီး‌တောက်နှင့်အလားတူ အနီရောင်အလင်းနဲ့ စွမ်းအင်အတက်အကျလှိုင်းများ ထွက်နေသည်။

ဂျွန်လို့ခေါ်တဲ့ ဒီဘုန်းကြီးအိုဟာ [ဓားတစ်ချောင်း] ကဲ့သို့ ရွှေရောင်အရိုးစု၏ ပူးကပ်မှုကို ခံထားရပေသည်။

“ဟားဟားဟားဟားဟားဟားဟား!”

ဆံပင်ဖြူဖြူဘုန်းကြီး၏ ပါးစပ်မှ ကြောက်မက်ဖွယ် အေးစက်စက် ရယ်သံများ ထွက်လာသည်။ ဖေးဆီက လာသည့် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း သူ့မျက်နှာပေါ်က ထူးဆန်းသော အကြည့်က ပိုပြီးတောက်ပလာကာ မျက်နှာတွင်လည်း အရေးအကြောင်းများ ပိုမိုထွက်‌ပေါ်လာသည်။ သူက ရှောင်တိမ်းဖို့လည်း မလုပ်သလို ခုခံဖို့လည်း မရည်ရွယ်ထားပုံရ‌သည်။

“ အုန်း အုန်း အုန်း “

ရုတ်တရက် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။

လေပွဝဲမှ ဖန်တီးထားသည့် ရွှေရောင်ဓားစွမ်းအင်နဂါးဟာ ဆံပင်ဖြူနဲ့ ဘုန်းကြီးနဲ့ တစ်မီတာမျှ အကွာသို့ရောက်သည်နှင့် အဖြူရောင် ကြည်လင်သည့် အလင်းတန်းတစ်ခုက မြေပြင်မှ ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ ဖေး၏ ရွှေရောင်ဓားစွမ်းအင်နဂါးမှာ တောင်များကို ဖြိုခွင်းရန် လုံလောက်သည့် စွမ်းအားရှိသော်လည်း ယခုတော့ လှိုင်းတွန့်လေးသာ ပေါ်ထွက်လာပြီး သလင်းနံရံတွင် ချိုင့်ခွက်တစ်ခုသာဖြစ်စေကာ ချိုးဖြတ်နိုင်ခြင်းမရှိခဲ့ပေ။

ဤကြည်လင်သောနံရံများက [နတ်ဘုရား အကျဉ်းချကျမ်းလိပ်] ထုတ်လွှတ်လိုက်တဲ့ နတ်ဘုရားရူန်းများကို ရှောင်ရှားနိုင်သည့်အလား ကျမ်းစာလိပ်က ပစ်မှတ်ကို ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ပေ။ ကြည်လင်သည့် နံရံကို ဖြတ်ကျော်သွားပြီး ငွေရောင်အလင်းထောင်တစ်ခုကို ဖွဲ့စည်းခဲ့သော်လည်း ထိုအကျဉ်းထောင်ထဲတွင် ဘယ်သူမျှ ရှိမနေချေ။

နောက်တစ်ခဏအတွင်းမှာပင် ဖေး၏ တတိယမြောက် တိုက်ခိုက်မှု ပေါ်ထွက်လာသည်။

“ အုန်း အုန်း အုန်း “

အခန်း ၁၀၀၈: ထောင်ချောက် (အပိုင်းနှစ်)

ဖေး၏ ပြင်းထန်သည့် လက်သီးချက်များက ပုံဆောင်ခဲနံရံ ကို ထိမှန်ပြီး ထိုးချက်တိုင်းဟာ နယ်မြေထဲကို ဝင်ရောက်လာသည့် နေအဆင့်အရှင်သခင် တစ်ယောက်ကို ပေါက်ကွဲစေရန် လုံလောက် ‌ပေသည်။ သို့သော်လည်း ပုံဆောင်ခဲ ကိုတော့ ထိခိုက်မှုမရှိခဲ့ချေ။ အက်ကွဲကြောင်းလေးများ ပေါ်လာသော်လည်း ဤဘုရားကျောင်း၏ ခန်းမဆောင်ထဲ၌ ရုတ်တရက် တောက်ပသည့် အဖြူရောင်အလင်းတန်းတစ်ခု ထွန်းလင်းလာပြီး အက်ကွဲကြောင်းတွေအားလုံး ပျောက်ကွယ်သွားသည်။ ထို့နောက် ပုံဆောင်ခဲနံရံဟာ အရင်အတိုင်း ပြန်ဖြစ်သွားတော့သည်။

“ ဟားဟား အသုံးမဝင်ဘူး ရုန်းကန်တာ ရပ်လိုက်ပါတော့ ငါ လေးရက်ကြာအချိန်ယူပြီး မင်းအတွက် [ဘုရားသခင့်ကျေးဇူးတော်ရဲ့ ဝမ်းနည်းသက်ပြင်းချသံ] ကို ပြင်ဆင်ခဲ့တယ် မင်းချိုးဖျက်လို့ရတဲ့ အရာမဟုတ်ဘူး ချမ်းဘော့ ရဲ့ဘုရင် ဟားဟားဟား အားလုံးပြီးပြီ မင်းရဲ့ကံကောင်းခြင်းက ထာဝရတည်မြဲမှာ မဟုတ်ဘူး ”

ဘုန်းကြီးအိုက ရယ်မောလိုက်ပြီး သူ့ရှည်လျားသော အဖြူရောင်ဆံပင်များက လေမတိုက်ဘဲ လေထဲတွင် လွင့်မျော‌နေသည်။ သူ၏ မျက်လုံးအိမ်နက်ကြီးထဲတွင် အနီရောင်မီးတောက်နှစ်ခု လောင်ကျွမ်းနေပြီး သူ့မျက်လုံးတွေကို အစားထိုးသွားသည်။ မီးတောက်နှစ်ခုက ရူးသွပ်စွာ ကခုန်နေပြီး ဖေး ကို အသက်ရှူမဝအောင် ချုပ်နှောင်ထားသည်။

ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချောမွေ့သော မှန်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် အဖြူရောင်မျဉ်းကြောင်းများ ပေါ်လာပြီး ကြီးထွား ကျယ်ပြန့်လာသည်။ မကြာမီတွင် ကြမ်းပြင်တစ်ခုလုံး၊ နံရံများ၊ မျက်နှာကြက်များ၊ ကျောက်တိုင်များ၊ သစ်သားခုံတန်းများ၊ နတ်ဘုရားရုပ်တုများ...

နောက်ဆုံးတွင် အဖြူရောင်မျဉ်းကြောင်းများနှင့် စွမ်းအင်လမ်းကြောင်းများသည် ဘုရားကျောင်းအတွင်း နေရာတိုင်းတွင် ကို ဖုံးလွှမ်းသွားသည်။ နံရံများပေါ်ရှိ ဖယောင်းတိုင်ခွက်များနှင့် နူးညံ့သော ဖယောင်းတိုင်များပင် ငွေရောင်အလင်းတန်းများ တောက်ပနေသည်။

ထို့နောက် ကြီးမားသော၊ မယုံနိုင်လောက်အောင် အားကောင်းသော စွမ်းအင်တစ်ခုသည် တိတ်တဆိတ် ပွင့်နေသည့် အဖြူရောင်နှင်းဆီပန်းကဲ့သို့ ဖြည်းဖြည်းချင်း လွင့်မျောလာသည်။ လှပသော်လည်း သေစေနိုင်သော အဖြူရောင်အလင်းတန်းသည် မကြာမီတွင် ဘုရားကျောင်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။

၎င်းသည် ကြီးမားပြီး အလွန်ရှုပ်ထွေးသော နတ်ဘုရားအဆင့် မှော်အစီအစဥ်တစ်ခုဖြစ်သည်။

မှော်အစီအစရင်ရှိ မှော်လမ်းကြောင်းများနှင့် အလှည့်အပြောင်းအရေအတွက်သည် ကောင်းကင်ရှိ ကြယ်များနှင့် နှိုင်းယှဉ်နိုင်ပြီး ဖေး သည် စောင့်ကြည့်ရန်ကြိုးစားသောအခါ အနည်းငယ် ခေါင်းကိုက်ခဲ့သည်။

ယခုအချိန်တွင် ဖေး သည် မှော်အစီအရင်၏ အလယ်တွင် ရပ်နေသည်။

ဒါတွေအားလုံးက အလွန်လျှင်စွာဖြစ်ပျက်သွားခြင်းဖြစ်ရာ ဖေးပင် အချိန်မီ မတုံ့ပြန်နိုင်ခဲ့‌ချေ။

အရာအားလုံးက ဖေးကို အလယ်ဗဟိုသို့ ရောက်ရန် စောင့်နေရုံပဲ စီစဉ်ထားကြောင်ူ ထင်ရှားလှသည်။ ဖေး ဤဘုရားကျောင်းထဲသို့ ဝင်လာသည့်အချိန်တွင် မှော်အစီအရင်က စတင်နေပြီဟု ဖေးသံသယဝင်ခဲ့ပြီး ရွှေရောင်အရိုးစုဖြစ်သည် ဤဆံပင်ဖြူ ဘုန်းကြီးက သူ့ကို အာရုံလွှဲရန် သူနဲ့အတူ စကားပြောခဲ့သည်။ အရာအားလုံးဟာ ဤအစွမ်းထက် အစီအရင်ကို အောင်မြင်စွာ အသက်ဝင်စေရန်အတွက် သူ့ကို အထဲတွင် ပိတ်လှောင်ထားနိုင်ရန်ဖြစ်သည်။

ထိုအရာက ယခင်ကတည်းက ပြင်ဆင်ထားသော ထောင်ချောင်ဖြစ်ပေသည်။

“ သေစမ်း ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ ” ထိုအတွေးက ဖေး ရဲ့စိတ်ထဲတွင် ပေါ်သည်။

ပင်လယ်အောက်ခြေတွင် အတူတူ ဖြတ်သန်းခဲ့ရသည်များက ဖေးကို ဤရန်သူဟောင်းအား အရမ်းယုံကြည်စေခဲ့သည်။ ဘက်ကင်ဟမ်က သူ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးဆိုတာ သူသိသည်။

“ ဒီရွှေရောင်အရိုးစုက ဘက်ကင်ဟမ်ကို အသုံးချခဲ့ပုံရတယ် ဒီအရိုးစု သူ ပြီးခဲ့တဲ့အတောအတွင်း ဖြစ်ပျက်ခဲ့တာတွေအားလုံးကို သိတယ် ငါသူ့ကိုလိုက်ရှာနေတယ်ဆိုတာ သူသိရမယ် ပြီးတော့ ဒီထောင်ချောက်ကို ငါ့အတွက် သူဒီဇိုင်းထုတ်ထားတာ... သူက လိမ္မာပါးနပ်ပြီး ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ပဲ ဒီတစ်ခါတော့ ငါအရမ်းပေါ့ဆလွန်းတယ် “ ဟု တွေးပြီး သူ့ရဲ့လက်ရှိအခြေအနေကို ဖေးခန့်မှန်းလိုက်သည်။

သို့သော်လည်း လက်ရှိအခြေအနေက အတွေးကြီးပဲ များနေရမည့် အချိန်မဟုတ်ချေ။ ယခုအချိန်တွင် သူ၏ ဦးစားပေးက ဘုရားသခင့်ကျေးဇူးတော်၏ဝမ်းနည်းသက်ပြင်းချသံ အစီအရင်မှ လွတ်မြောက်ရန်ဖြစ်သည်။

ဖေး မြန်မြန်ဆန်ဆန် စိတ်ငြိမ်သွားပြီး အဖြူရောင်မျဉ်းကြောင်းနဲ့ စွမ်းအင်လမ်းကြောင်းတွေကို သေချာလေ့လာရန် စတင်လိုက်သည်။ ဤနတ်ဘုရားအဆင့် မှော်အစီအစဥ်၏ အားနည်းချက်များကို ရှာဖွေရန် သူ့ကျယ်ပြန့်သည့် မှော်အစီအစဥ်ဗဟုသုတကို အသုံးပြုချင်ခဲ့သည်။ သူလုပ်နိုင်ရင် လွတ်မြောက်နိုင်မယ့်နည်းလမ်းတစ်ခု ရှိပေလိမ့်မည်။

ထိုအချိန်တွင် အံ့အားသင့်စရာတစ်ခု ဖြစ်ပျက်သွားသည်။

All Chapters