အခန်း (၁၀၀၉)
Vol. 67 Ch. 1009
၁၀၀၉: ဖန်ဆင်းခြင်း၏ကျိုင်းတံ (အပိုင်းတစ်)
ဖေး ပတ်ပတ်လည်ကို ကြည့်ရင်း အဖြူရောင်မျဉ်းကြောင်းများ စွမ်းအင်လမ်းကြောင်းများဖြင့် ပြည့်နှက်နေသော ဘုရားကျောင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ်သော သုံးဖက်မြင်မြင်ကွင်းများ ၊ နတ်ဘုရားရုပ်တုများ၊ ကျောက်နံရံများ၊ ကြမ်းပြင်၊ သစ်သားခုံတန်းများ၊ ဖယောင်းတိုင်ခွက်များ၊ ဖယောင်းတိုင်များ... အရာအားလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်သာ လွှမ်းမိုးနေသည်။ ဟင်းလင်းပြင် ကြီးထွားလာသည်နှင့်အမျှ ဖေးသည် အခြားနေရာတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ထင်ရသည်။ သူ့ပတ်ပတ်လည်တွင် အခြားမည်သည့်အရာမျှ မရှိသောကြောင့် သူမြင်နိုင်သည်မှာ ဟင်းလင်းပြင်သာ ဖြစ်သည်။
တောက်ပသော ကြယ်များ၊ လှပသော နက်ဗျူလာများနှင့် အလင်းနှစ်များစွာ ဝေးကွာသော ဂယ်လက်ဆီများ၏ လက်တံများ...
ဖေးသည် ရုတ်တရက် စကြဝဠာဟင်းလင်းပြင်ထဲ နှင်ထုတ်ခံရသကဲ့သို့ သူသည် အေးစက်ပြီး အထီးကျန်ကာ မှောင်မိုက်မှုများနှင့် ပြည့်နှက်နေသည်ဟု ခံစားရသည်။
“ဒါက...” ဖေးသည် ရုတ်တရက် အလွန်တည်ကြည်လာသည်။
၎င်းသည် နတ်ဘုရားအဆင့် မှော်အစီအစဥ်များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြစ်သည်။ ၎င်းတို့ကို အသက်သွင်းပြီးသည်နှင့် အစီအစဥ်များ၏ အရိပ်အယောင်အားလုံးကို ဖုံးကွယ်ထားပြီး အတွင်းပိုင်း၏အားနည်းချက်များကို မမြင်ရသော လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို ဖန်တီးပေးလိမ့်မည်။ တစ်စုံတစ်ယောက်က ထိုကဲ့သို့အစီအရင် တစ်ခုခုတွင် ပိတ်မိသွားသည်နှင့် ပြင်ပမှ ဆက်သွယ်မှု ပြတ်တောက်သွားမည်ဖြစ်သည်။ ဖြစ်ပျက်သမျှကိုမသိနိုင်သကဲ့ကို ရန်သူ၏တိုက်ခိုက်မှုကိုလည်း ခြေရာခံ၍မရပေ တိုက်ခိုက်ခံရသည့်အခါလည်း ပြန်တိုက်ခိုက်၍ ရမည်မဟုတ်ချေ။
တစ်စုံတစ်ယောက်က နတ်ဘုရားအဆင့် အစီအရင် တစ်ခုနှင့် အလွန်ရင်းနှီးနေလျှင်ပင် နတ်ဘုရားအဆင့်အစီအရင်တစ်ခုအတွင်းပိတ်မိနေပါက အတွင်းမှ ချိုးဖြတ်နိုင်မည် မဟုတ်ချေ။
“ ဒီတစ်ခါတော့... ငါ ဒုက္ခရောက်နေပြီ “
ဖေးက ခေးအော့ပလ္လင် ကို ချက်ချင်းဆင့်ခေါ်လိုက်ပြီး ဘုရားသခင့်ကျေးဇူးတော်ရဲ့ ဝမ်းနည်းသက်ပြင်းချသံ ကနေ လွတ်မြောက်ဖို့ သူ့ရဲ့ ရူးသွပ်တဲ့ အာကာသခရီးသွားစွမ်းရည်ကို အသုံးပြု ရန်ကြိုးစားလိုက်သည်။ သို့သော် ရလဒ်က အလွန်စိတ်ပျက်စရာဖြစ်သည်။
ဤမှောင်မိုက်ခြင်းစကြဝဠာထဲတွင် မမြင်ရသည့် အင်အားတစ်ခုက ခေးအော့ပလ္လင် ကို တွန်းလှန်ပြီး ဖိနှိပ်ထားခြင်းကြောင့် ပလ္လင်၏ စွမ်းရည်များကို အသုံးမပြုနိုင်တော့ပေ။ မှော် အစီအရင်မှ ထွက်ခွာရန်မဆိုထားနှင့် တစ်မီတာပင် နေရာကူးပြောင်းခြင်းမလုပ်နိုင်ချေ။
“ဟားဟားဟား နှမြောစရာပဲ ခေးအော့ပလ္လင်က တစ္ဆေဖန်ဆင်းခြင်းရဲ့ စွမ်းအားကြီးမားတဲ့ နတ်ဘုရားလက်နက်ဖြစ်ပေမယ့် မင်းရဲ့လက်ထဲ ရောက်သွားတယ် အားနည်းတဲ့ လူသားတစ်ယောက် တကယ်ကို ဝမ်းနည်းစရာ အဖြစ်အပျက်ပဲ ခေးအော့ပလ္လင်က က ကမ္ဘာပေါ်မှာ ဘယ်နေရာမဆို သွားလို့ရတယ် ဟားဟား၊ မင်းရဲ့ အားနည်းတဲ့ အစွမ်းက ဒီနတ်ဘုရားလက်နက်ကို သာမန်အရာတစ်ခုအဖြစ် ပြောင်းလဲစေခဲ့တယ် “ ရွှေရောင်အရိုးစု၏ ဂုဏ်ယူဝင့်ကြွားသည့် ရယ်သံက ဤမှောင်မိုက်သောနေရာတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ဖေးက သူဟ လီယွန်အင်ပါယာ၏ နံပါတ် ၁ ဘုရားကျောင်း ခန်းမထဲတွင် သူရှိနေသေးသည်ကို သိပေသည်။ထို့ပြင် သူ့ကို စကြဝဠာထဲသို့ ပို့နိုင်စွမ်းမရှိကြောင်းလည်းသိသည်။ အားလုံးက နတ်ဘုရားအဆင့် မှော်အစီအရင်က ဖန်တီးထားသည့် အစွမ်းထက်သောလှည့်စားမှုများသာဖြစ်သည်။ ထိုအစွမ်းက အလွန်ထူးဆန်းလွန်းသောကြောင့်သာ ဘုရင်က အဖြစ်မှန်နှင့် မခွဲခြားနိုင်ခြင်းဖြစ်သည်။
ယခုချိန်မှာတော့ ရွှေရောင်အရိုးစုက သူ့ဆီကနေ မီတာ ၁၀၀ လောက်အကွာမှာ ရှိနေသေးကာ အခြေအနေကို သေချာစောင့်ကြည့်နေ၏။
“မင်းက အရိုးစုသာသာ မကောင်းဆိုးဝါးပဲ မင်းရဲ့ ကယ်တင်ရှင်ကို ထောင်ချောက်ဆင်လိုက်တာက အသုံးမဝင်တဲ့ စကားလုံးတွေ ပြောဖို့ပဲလား ” ဖေး ဖြည်းဖြည်းချင်းထိုင်ပြီး ထွက်ပြေးဖို့ နည်းလမ်းရှာရင်း ရန်သူကို စိတ်ဆွပြီး နည်းလမ်းရှာဖွေရန်ကြိုးစားလိုက်သည်။
သူ့ခန္ဓာကိုယ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သော ကျောက်တိုင်ကြီး ရှိနေသဖြင့် တကယ့် မကောင်းဆိုးဝါး နတ်ဘုရားပင် သူ့ကို ဘာမျှ မလုပ်နိုင်ချေ။ ယခုက နတ်ဘုရားအဆင့် မှောအစီအရင်လေးသာဖြစ်သဖြင့် အန္တရာယ်မရှိသေးပေ။
[ဘုရားသခင့်ကျေးဇူးတော်၏ဝမ်းနည်ူသက်ပြင်းချသံ] အပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ဘုန်းတော်ကြီး ဂျွန်၏ မျက်နှာမှာ ဂုဏ်ယူတဲ့ အပြုံးတစ်ခု ပေါ်လာသည်။ ထူးဆန်း သောအနီရောင် မီးတောက်များက သူ့ မျက်လုံးအိမ်ထဲတွငိ လောင်ကျွမ်းနေချိန်ပြီး သူဟာ အဖြူရောင် မျဉ်းကြောင်းများ စွမ်းအင်လမ်းကြောင်းများပြည့်နေသည့် နတ်ဘုရားအဆင့်အစီအရင်အတွင်းမှ ဖေးကိုစိုက်ကြည့်နေသည်။
ရွှေရောင် အရိုးစုက သူ့၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ မာနထောင်လွှားနေသော လေသံဖြင့် “သနားစရာ ဝိညာဉ် မင်း သေတော့မှာပဲ ဒါပေမယ့် ငါ့ဆီကနေ သတင်းအချက်အလက်တွေ ရယူဖို့ ကြိုးစားချင်သေးလား ” လို့ အော်ဟစ်လိုက်သည်။
“ သေတော့မယ်ဟုတ်လား တကယ် သေစရာလား ဒဏ္ဍာရီလာယဇ်ပလ္လင်ဘေးမှာ မင်းကို သံမှိုခတ်ထားတဲ့ ကျောက်တိုင်ကို ငါမဆွဲထုတ်ခဲ့ရင် မင်းက ခြောက်သွေ့ပြီး အသက်မရှိတဲ့ အလောင်းကောင်ပဲ မင်းရဲ့ကယ်တင်ရှင်ကို ဒီလိုပြန်ဆပ်မှာလာ မင်းက ယဉ်ကျေးမှုမရှိတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ ခဏ မင်းက တိရစ္ဆာန်တစ်ကောင်ထက် နိမ့်ကျတယ် ဟားဟားဟား မင်းက ခြောက်သွေ့နေတဲ့ အလောင်းကောင်ပဲ ဟားဟားဟား “ ဖေး၏ လှောင်ပြောင်သောစကားများက မှော်အစီအစဥ်ထဲမှ ထွက်လာသည်။
“ ဒါဆို မင်းတစ်ခုခုကို ရှာဖွေတွေ့ရှိပြီးပြီလား ငါအံ့သြမိတယ် မှန်တယ် မင်းငါ့ခန္ဓာကိုယ်ကနေ [ဖန်ဆင်းခြင်းကျိုင်းတံ] ရဲ့ တစ်ဝက်ကို မဆွဲထုတ်ရင် ငါ နှစ်ပေါင်းထောင်ချီကြာပြီးရင် သေသွားလိမ့်မယ် ဒါပေမယ့် ငါပြန်အသက်ရှင်လာတာပဲ ဟားဟားဟား မင်းက အားနည်းတဲ့ အင်းဆက်တစ်ကောင်ပဲ မင်းငါ့ကို လွတ်မြောက်အောင်လုပ်ပြီးတဲ့နောက် မင်းရဲ့ဘဝတာဝန်က ပြီးဆုံးသွားပြီ မင်းချက်ချင်းသေသင့်ပေမယ့် [ဖန်ဆင်းခြင်းကျိုင်းတံ] ကို မင်းအတွက်ပဲ သိမ်းထားရဲတယ် ပြီးတော့ [ဖန်ဆင်းခြင်းဘုရင်၏မြို့တော်] ကို သိမ်းပိုက်ထားတယ်အနည်းဆုံး အကြိမ် ၁၀၀၀၀ သေသင့်တယ် အားး...”
အခန်း ၁၀၀၉: ဖန်ဆင်းခြင်းကျိုင်းတံ (အပိုင်းနှစ်)
ထိုသို့ပြောနေစဉ် ရွှေရောင်အရိုးစုက ဒေါသထွက်လာပြီး သူ့၏နက်ရှိုင်းသော မျက်လုံးအိမ်ထဲမှ မကောင်းဆိုးဝါး အနီရောင်မီးတောက်များမှာ တောက်ပလာလေသည်။
“ဖန်ဆင်းခြင်းကျိုင်းတံတဲ့လား ဒါဆို အဲဒီပျင်းရိပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တိုင်ကို ဖန်ဆင်းခြင်းကျိုင်းတံလို့ခေါ်တာပေါ့ အတော်လေးအစွမ်းထက်တယ်လို့ ထင်ရတယ် ဒီကမ္ဘာကြီးရဲ့ဖန်ဆင်းခြင်းဇာတ်လမ်းနဲ့ ဆက်စပ်နေနိုင်မလားပဲ နတ်ဘုရားအဆင့်တိုက်ခိုက်ရေးလက်နက်နဲ့ ပင်လယ်မျိုးနွယ်စုရဲ့ မကောင်းဆိုးဝါးနတ်ဘုရားကို ယှဉ်ပြိုင်နိုင်တာ အံ့သြစရာမရှိပါဘူး... အင်း
ဒါပေမယ့် အဲဒါက ရုပ်ဆိုးပြီး ကြီးမားတယ် ဘယ်သူက ဒါကို သူတို့လက်ထဲမှာယူပြီး ကျိုင်းတံအဖြစ်သုံးနိုင်မှာလဲ ” ဖေး သူ့ဘာသာသူတွေးပြီး အချက်အလက်အသစ်များ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။
“အံ့သြစရာမရှိပါဘူး ဒါဆို မင်းက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တိုင်ကို လိုက်ရှာနေတာလား အဲဒါကြောင့် မင်းက ငါ့ကို ဒီရက်ပိုင်းတွေမှာ တိတ်တိတ်လေး စောင့်ကြည့်နေခဲ့တာ ငါဒီနေ့ဒီကိုလာမယ်ဆိုတာ မင်းသိတယ် အဲဒါကြောင့် မင်းက ဒီထောင်ချောက်ကို ထောင်ထားတာမဟုတ်လား ” ဖေး ရုတ်တရက် ကျယ်လောင်စွာ မေးလိုက်သည်။
“ သင်းရနံ့ပင်လယ်က ပင်လယ်မျိုးနွယ်စု မင်း သူတို့ကို လွှတ်ပေးခဲ့တာ မဟုတ်လား မင်းက သူတို့ကို ညွှန်ကြားပြီး မကောင်းဆိုးဝါးနတ်ဘုရား ကလူအီဗာတ် ကို လွှတ်ပေးဖို့ နှစ်ထောင်ချီကြာချိတ်ပိတ်ခြင်းတံဆိပ် ကို ချိုးဖျက်တဲ့ နည်းလမ်းကို ပေးခဲ့တယ် အဲ့ဒီ ပင်လယ်အောက်ခြေမှာ အဲဒီရူးသွပ်တဲ့တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ မင်း ရှိနေခဲ့တယ် မဟုတ်လား ”
“ ဟုတ်တယ် ” အဲဒီရွှေရောင်အရိုးစုရဲ့အသံက မှောင်မိုက်သည့်စကြဝဠာသဖွယ် ဟင်းလင်းပြင်းထဲတွင် ထွက်ပေါ်လာပြီး “ငါဒါတွေအားလုံးလုပ်ခဲ့တယ် ပြီးတော့ ငါအဲဒီမှာရှိနေခဲ့တယ် ဟဲဟဲ ငါ [ဖန်ဆင်းခြင်းကျိုင်းတံ] ကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး ငါပြန်လည်နိုးထလာတဲ့အခါ ငါ့ခွန်အားက အများကြီးလျော့ကျသွားတယ် ငါ့ရဲ့ အထွတ်အထိပ်အခြေအနေ နဲ့ယှဉ်ရင် ငါ့ရဲ့စွမ်းအားက အပုံတစ်သောင်းပုံတစ်ပုံအောက်ပဲရှိတယ် ဟွန်း ဘယ်လောက်နှမြောစရာကောင်းလိုက်လဲ ငါ [ဓားတစ်ချောင်း] ရဲ့ခန္ဓာကိုယ်ကို သိမ်းပြီး ချမ်းဘော့ဒ် မှာ မင်းနဲ့တိုက်ခိုက်ခဲ့တုန်းက မင်းလိုပုရွက်ဆိတ်ကို ငါအနိုင်ယူလို့မရခဲ့ဘူး ပြီးတော့ ငါ့ရဲ့တကယ့်ခန္ဓာကိုယ်လည်း ပျက်စီးသွားတယ်... အဲဒီနေ့ပြီးနောက် [ဖန်ဆင်းခြင်းကျိုင်းတံ] နဲ့ [ခေးအော့ပလ္လင်] ကို ပြန်ရဖို့ တခြားနည်းလမ်းတွေသုံးရမယ်ဆိုတာ ငါသိလိုက်တယ် ပင်လယ်မျိုးနွယ်စုကို လွတ်မြောက်အောင်လုပ်တဲ့နေရာမှာ အဲဒါက ငါ့ရဲ့ကြီးကျယ်တဲ့အစီအစဉ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲရှိတယ် ဒါပေမယ့် မင်းက ပင်လယ်ပေါ်မှာပေါ်လာပြီး ငါ့အစီအစဉ်ကို နှောင့်ယှက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး အဲဒီ သိုင်းသူတော်စင်တောင်က က ပုရွက်ဆိတ်တွေလည်း သေထိုက်တယ်... ကလူအီဗာတ် က [ဖန်ဆင်းခြင်းကျိုင်းတံ] ရဲ့တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့တာမှန်ပါတယ် သူက မင်းထက် အများကြီးပိုအစွမ်းထက်ပေမယ့် [ဖန်ဆင်းခြင်းကျိုင်းတံ] အကြောင်းသူမသိဘူး တကယ်တော့ သူလွတ်သွားတာ သူ့အတွက်ကံကောင်းတာပဲ...”
“ မင်းက ဘက်ကင်ဟမ် နဲ့ ငါ့နောက်ကို လိုက်နေတာ ဖြစ်ပျက်ခဲ့တာတွေအားလုံးကို မင်းသိတယ်
ငါမင်းကိုရှာနေတယ်ဆိုတာ သိပြီးတဲ့နောက် မင်းဒီအကြောင်းဘာမှမသိတဲ့ ဘက်ကင်ဟမ်ကို ကိုသုံးပြီး ဒီထောင်ချောက် [ဘုရားသခင့်ကျေးဇူးတော်ရဲ့ဝမ်းနည်းသက်ပြင်းချသံ] ကို ငါ့ကိုထောင်ဖို့ ပြင်ဆင်ခဲ့တာလား “ ဖေး မေးလိုက်ပြီး ဒါက သူ့ ယခင်ခန့်မှန်းချက်နဲ့ ဆင်တူကြောင်းတွေးမိလိုက်သည်။
“ ဟုတ်တယ် မင်းက ပုရွက်ဆိတ်သာသာပဲ မင်းက ဉာဏ်ကောင်းပြီး တစ်ခုခုကို သတိထားမိပြီး ငါ့ကိုရှာချင်တယ် ဟားဟား မင်းဒီလောက်မြန်မြန်သေချင်နေတာဆိုတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ် “
“ ငါတို့ထဲက ဘယ်သူသေမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး “ ဖေး က အထင်သေးစွာပြန်ဖြေသည်။
သူက သူ့ရဲ့ပြိုင်ဘက်ကို ဆွနေရသည်က ရွှေရောင်အရိုးစုက အားနည်းချက်ကို မတော်တဆ ထုတ်ပြမိလာစေရန်ဖြစ်သည်။ သူက ရယ်ပြီး “ ပင်လယ်မျိုးနွယ်စုက မကောင်းဆိုးဝါးနတ်ဘုရား ကလူအီဗာတ် တောင် ငါ့ကို ဘာမှ မလုပ်နိုင်ဘူး [ဖန်ဆင်းခြင်းကျိုင်းတံ] က ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်ဆိုတာ မင်းသိပါတယ် ဒီလောကမှာ ဘယ်သူမှ ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး မင်းက အရမ်းအားနည်းလို့ [ဖန်ဆင်းခြင်းကျိုင်းတံ] ရဲ့ စွမ်းအားကို ကြောက်ရွံ့လို့ ငါ့ကို ထိပ်တိုက်ရင်မဆိုင်ရဲတာ မဟုတ်လား ဟားဟား!”
“အရူး ငါ မင်းကို [ဘုရားသခင့်ကျေးဇူးတော်ရဲ့ ဝမ်းနည်းသက်ပြင်းချမှု] ထဲမှာ ပိတ်လိုက်တယ်လို့ ဘာလို့ထင်နေတာလဲ ဒီလောကမှာ အသန့်ရှင်းဆုံး ဆုတောင်းစွမ်းအင်ကသာ [ဖန်ဆင်းခြင်းကျိုင်းတံ] ကို သန့်စင်နိုင်တယ် အခုအချိန်မှာ ငါက ဂျွန်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဂါလန်းမြို့က ဘုန်းကြီးတွေနဲ့ ဝတ်ပြုကိုးကွယ်သူအားလုံးကို အမိန့်ပေးပြီး မင်းရဲ့ [ဖန်ဆင်းခြင်းကျိုင်းတံ] နဲ့ မရှိသင့်တဲ့ ဆက်သွယ်မှု ဖြတ်တောက်ဖို့ သူတို့ရဲ့ ဆုတောင်းစွမ်းအင်ကို အသုံးပြုနိုင်တယ် ဟားဟား မင်း မသိဘူးလား ဒီ အစီအရင် ဖွဲ့စည်းမှုက သန့်ရှင်းတဲ့ ဘုရားကျောင်းရဲ့ သန့်ရှင်းတဲ့ စွမ်းအားကို အသုံးပြုနေတာ ခု[ဖန်ဆင်းခြင်းကျိုင်းတံ] က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ စိတ်အနှောင့်အယှက် ဖြစ်နေတယ် မဟုတ်လား နည်းနည်းလေး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ် မဟုတ်လား ” ရွှေရောင်အရိုးစုရဲ့ ဂုဏ်ယူဝင့်ကြွားပြောစကားများကို နားထောင်ပြီးနောက် ဖေးမျက်နှာပျက်သွားသည်။