← Chapters

အခန်း (၁၀၁၁)

Vol. 67 Ch. 1011

အခန်း (၁၀၁၁)

Vol. 67 Ch. 1011

၁၀၁၁: ဘုရားကျောင်းနှင့် အင်ပါယာ (အပိုင်းတစ်)

ပြီးခဲ့သည့် သုံးရက်အတွင်း ဤမျှလောက်ဆိုးရွားသည့် ခံစားချက်မျိုး မည်သည့်အခါကမျှ ဖေး မခံစားခဲ့ရချေ။ ကုသမရသည့် အဖျားဝေဒနာ ခံစားနေသော လူနာတစ်ယောက်သဖွယ် ဖေးခန္ဓာမှ မီးခိုးများ ထွက်နေသယောင် ခံစားနေရပြီး သူ့ပတ်ဝန်းကျင်က စကြဝဠာမှ အဆက်မပြတ် ထွက်ပေါ်လာနေသော စိတ်ကို ဖမ်းစားနိုင်သည့် လျှို့ဝှက်ဆန်းကြယ် စွမ်းအင်လှိုင်းများကို ခံနိုင်ရည် မရှိတော့ပေ။

ထို့ကြောင့် [ဘုရားသခင်ရဲ့ ကျေးဇူးတော်ရဲ့ ဝမ်းနည်းသက်ပြင်းချသံ] ဟာ အတော်အစွမ်းထက် ကြောင်းသလိုက်ရသည်။ ရေနွေးထဲတွင် ဖားတစ်ကောင်ကို ပြုတ်နေသလိုပင် ဖေး ခုန်ထွက်ပြီး ထွက်ပြေးချင်သည့်တိုင် ချက်ချင်းအန္တရာယ် မရောက်၍ [ဖန်ဆင်းခြင်းကျိုင်းတံ] ကလည်း ကူညီဖို့ စွမ်းအားကို ထုတ်လွှတ်မပေးချေ။

ဖေး ခန္ဓာကိုယ်ထဲတွင် သန့်ရှင်းသော စွမ်းအားများ အဆက်မပြတ် စီးဆင်းနေပြီး လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်တိုင်သည်လည်း မျက်စိနှင့်ပင် မမြင်ရသည့် မြင့်မားသော ကြိမ်နှုန်းဖြင့် တုန်ခါနေပါသည်။ ယခု ကျိုင်းတံ၏ ပုံပန်းသဏ္ဌာန်လည်း ပြောင်းလဲလာသည်။ ကြမ်းတမ်းပြီး ခက်ထန်သည့် မျက်နှာပြင်က တစ်နည်းနည်းနှင့်ချောမွေ့လာပြီး မှိုင်းညို့ညို့ သဲစက္ကူသဖွယ် အပြင်ပိုင်းက သိမ်မွေ့သယောင် မရေမရာပုံစံများ ထုတ်‌ဖော်လာသည်။ တစ်ချိန်တည်းမှာပင်အရွယ်အစားလည်း တဖြည်းဖြည်း သေးငယ်လာသည်။

ထိုပြောင်းလဲမှုက အကောင်းလား အဆိုးလားဆိုသည်ကိုတော့ ဖေးမသိပေ။

သူ့ကို စိတ်အေးစေသည့် တစ်ခုတည်းသောအရာကတော့ ဖေးနှင့် လျှို့ဝှက်ဆန်းကြယ် ကျောက်တိုင်ကြားက သွေးလို နက်နဲသည့် ဆက်နွယ်မှုကို ခြေဖျက်နေသည့်စွမ်းအားက မနေ့ညကထက် အားနည်း ရပ်တန့်သွားခြင်းဖြစ်သည်။ ဝင်္ကပါ၏ အကျိုးသက်ရောက်မှုက အလှည့်အပြောင်းတစ်ခုအထိ ရောက်ရှိသွားပြီး ခြေဖျက်ခြင်းက ထိရောက်မှုမရှိတော့သည့်နှယ်။

“အခု အန္တရာယ် မရှိတော့ဘူးလို့ ထင်ရပေမယ့် ခနပဲ ရွှေရောင်အရိုးစုလို အသက်ကြီးပြီး တွက်ချက်တတ်တဲ့ မိစ္ဆာတစ်ကောင်မှာ ပြင်ဆင်မှုတွေ အများကြီးရှိရမယ် ပြီးတော့ ငါ့ကို ယှဉ်နိုင်တယ်ဆိုတာ သေချာမှသာ သူ့လက်ကိုထုတ် ပြလိမ့်မယ် သူက ကျိုင်းတံအကြောင်းကို ကောင်းကောင်းသိတဲ့အတွက် ဒီအခြေအနေကလည်း သူ့ရဲ့ ခန့်မှန်းချက်ထဲမှာ ရှိနေမှာပဲ သူ့မှာ မပြရသေးတဲ့ တခြား ဝှက်ဖဲတွေ ရှိကောင်းရှိနိုင်တယ်... ငါ ဂရုမစိုက်ခဲ့တာ အခု ဘက်ကင်ဟမ်ကိုပဲ အားကိုးရတော့မယ် ဒီဘာမှမတတ်နိုင်တဲ့ ခံစားချက်က အရမ်းဆိုးရွားတယ် ”

…

-လီယွန်မြို့ အမှတ် ၁ ဘုရားကျောင်းအပြင်ဘက်-

ဘုန်းတော်ကြီးဂျွန်သည် ဘုရားကျောင်း၏ တိတ်ဆိတ်ငြိမ်သက်နေသော ခန်းမကြီးကို ကြည့်လိုက်ပြီး သူ၏ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာက အခြားသူများအား သူစိုးရိမ်နေကြောင်း ပြောပြနေသည်။ ယခုအချိန်တွင် သူ၏ မျက်ခုံးမွှေးထူထူများသည် ကွေးညွှတ်လုနီးပါး ဖြစ်နေသည်။

“သုံးရက်ပြည့်ပြီ အခုထိ မအောင်မြင်သေးဘူး ငါတကယ်ပဲ အဲဒီနောက်ဆုံးနည်းလမ်းကို သုံးဖို့ လိုအပ်လား ငါ အဲဒီလိုလုပ်ရင် အရာအားလုံး ပေါ်လာလိမ့်မယ် ဒါက နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ ရေးဆွဲထားတဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်နိုင်တယ်... အင်း ဘာပဲဖြစ်ဖြစ် [ဖန်ဆင်းခြင်းကျိုင်းတံ] နဲ့ [ခေးအော့ ပလ္လင်] ကို ငါ့လက်ထဲ ရောက်အောင် လုပ်ဖို့က ပိုအရေးကြီးတယ် ဒီဘုရားသခင့်ဖန်ဆင်းခြင်းရဲ့ အရာနှစ်ခုနဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်က ကမ္ဘာပေါ်မှာ ပြန်ပေါ်လာရင် ငါအောင်မြင်မှာမဟုတ်ဘူး “

-လီယွန် တော်ဝင်နန်းတော်-

ပြီးခဲ့သည့် သုံးရက်အတွင်း အင်ပါယာ၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာတွင် အလွန်ပါဝင်ပတ်သက်ခဲ့သော လီယွန် ဧကရာဇ် ဂျူနင်ဟို သည် စာရွက်စာတမ်းအားလုံးကို ပြန်လည်သုံးသပ်သည့် ဘေးနန်းတော်မှပင် ထွက်ခွာခြင်းမရှိဘဲ အရာရှိများနှင့်လည်း တွေ့ဆုံခြင်း မပြုခဲ့ပါ။

ဤသည်မှာ ရှားပါးသောအရာတစ်ခုဖြစ်သည်။ အတိတ်ကာလတွင် လီယွန် အင်ပါယာသည် ကြီးမားသော ကံကြမ္မာပြောင်းလဲစေသော စစ်ပွဲတွင် ပါဝင်နေချိန် သို့မဟုတ် အရေးကြီးပြီး ထိတ်လန့်ဖွယ်ကောင်းသော တစ်ခုခု ဖြစ်ပွားသည့်အခါတွင်သာ ဧကရာဇ်ဂျူနင်ဟိုသည် ဤနည်းအတိုင်း လုပ်ဆောင်ခဲ့သည်။ သူသည် စဉ်းစားရန်နှင့် ကောင်းမွန်သော ဆုံးဖြတ်ချက်ချရန် အချိန်လိုအပ်သည်။

ဧကရာဇ်၏ ထူးဆန်းသော အပြုအမူနှင့် ဂါလန် ဘုရားကျောင်းတွင် ဖြစ်ပွားနေသော ဖြစ်စဉ်သည် ဂါလန် မြို့ကို ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိစေပြီး ရှားပါးသော ပြင်းထန်ပြီး အသက်ရှူကြပ်စေသော လေထုသည် ထိပ်တန်း မင်းမျိုးမင်းနွယ်များ အသိုင်းအဝိုင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဤပြင်းထန်သော လေထုသည် ဧကရာဇ်ဂျူနင်ဟို ၏ အမိန့်သစ်၏ ရလဒ်လည်း ဖြစ်သည်။

လီယွန်မြို့တော်ရှိ မင်းမျိုးမင်းနွယ်အားလုံးကို အံ့အားသင့်စေခဲ့သည့်အရာမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော သခင်နှစ်ဦး ညအချိန်တွင် အဝေးမှ အချင်းချင်းထိုးနှက်ပြီးနောက်တစ်နေ့တွင် ဧကရာဇ်ဂျူနင်ဟိုသည် ၎င်း၏ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပြီး ဘုရင်ဘက်ကင်ဟမ်အပေါ် စွပ်စွဲချက်အားလုံးကို ပယ်ချခဲ့သည်။ ထို့အပြင် ဘက်ကင်ဟမ်အိမ်ယာကို စောင့်ကြည့်ပြီး ဝန်းရံထားသော ကြီးကြပ်ရေးဝန်ကြီးဌာနမှ စစ်သားများကိုလည်း နှင်ထုတ်ခဲ့သည်။

ဧကရာဇ်ဂျူနင်ဟိုသည် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး အထူးသဖြင့် ဘုရင်ဘက်ကင်ဟမ်ကို အကျဉ်းချရန် ရည်ရွယ်ချက် ရှိ၊ မရှိနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ရှင်းပြခြင်းမပြုခဲ့ပါ။

ဤအချက်က လီယွန်မြို့တော်ရှိ လူတိုင်းကို အချင်းချင်း ပြောဆိုမှုများဖြစ်စေခဲ့သည်။ မင်းမျိုးမင်းနွယ်များမှသည် ကုန်သည်များအထိ သာမန်ပြည်သူများအထိ အားလုံးသည် ဤအရာအားလုံး၏နောက်ကွယ်ရှိ လျှို့ဝှက်ချက်ကို ရှာဖွေရန် ယပြောဆို‌နေကြသည်။ ရလဒ်အနေဖြင့် သီအိုရီအမျိုးမျိုးနှင့် ခန့်မှန်းချက်များ ပေါ်ပေါက်လာခဲ့သည်။

ကြီးကြပ်ရေးဝန်ကြီးဌာနကို ထိန်းချုပ်ထားပြီး ဘုရင်ဘက်ကင်ဟမ်၏ ရန်သူဖြစ်သော ဘုရင်မီလ်နာသည် တော်ဝင်နန်းတော်သို့ ရန်လိုစွာဝင်ရောက်ကာ ကြီးကြပ်ရေးသူရဲငါးဦးအနက် တစ်ဦးဖြစ်သည့် မာရီဒါ၏ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူကို အပြစ်ပေးရန် ဧကရာဇ်ဂျူနင်ဟိုအား တောင်းဆိုရန် ကြိုးပမ်းခဲ့ကြောင်း ကြားသိခဲ့ရသည်။ သို့သော်လည်း ဘေးနန်းတော်ထဲသို့ မဝင်မီတွင်ပင် နေအဆင့်အရှင်သခင်ဧကရာဇ် ဂျူနင်ဟို၏ လက်သီးဖြင့် တော်ဝင်နန်းတော်မှ လဲကျသွားခဲ့သည်။

အခန်း ၁၀၁၁: ဘုရားကျောင်းနှင့် အင်ပါယာ (အပိုင်းနှစ်)

ဤတိုက်ခိုက်မှုသည် မီလ်နာဘုရင်ကို ထိခိုက်ဒဏ်ရာရစေခြင်းမရှိသော်လည်း အရေးကြီးသောအရာရှိများသည် အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ခဲ့သည်။

ဘုရင်ဘက်ကင်ဟမ်ကို မည်သို့ဆက်ဆံမည်က အရေးမကြီးပါ။ အနည်းဆုံးတော့ ယခုအချိန်တွင် ဘက်ကင်ဟမ်မိသားစုကို တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ဘုရင်ဘက်ကင်ဟမ်၏ နိုင်ငံရေးရန်သူများသည် လူထု၏ဒေါသကို နှိုးဆွပြီး ဤအာဏာရှိသောမိသားစုကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့သည် ငြိမ်သက်သွားပြီး နောက်ထပ်ပြဿနာများ မဖြစ်ပွားရဲတော့ပေ။

-လီယွန်တော်ဝင်နန်းတော်ရှိ ဘေးနန်းတော်အတွင်း-

“ အရှင်မင်းကြီး ချမ်းဘော့ဒ် ဘုရင်ကို ကူညီသင့်တယ်လို့ ကျွန်တော်မျိုးထင်ပါတယ် ” ဘက်ကင်ဟမ်သည် ထိန်းထားရန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် သူ၏စိတ်ထဲရှိအရာကို ပြောဆိုခဲ့သည်။

ယခုအချိန်တွင် ထောက်လှမ်းရေးအစီရင်ခံစာအမျိုးမျိုးသည် သတင်းအချက်အလက်လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် ဤဘေးနန်းတော်ရှိ စားပွဲပေါ်တွင် ပုံနေခဲ့သည်။ သန့်ရှင်းသောဘုရားကျောင်းသည် ၎င်း၏ဂါလန်သာသနာနယ်မြေကို ပိတ်ဆို့ပြီး ဤအရာအားလုံးကို လျှို့ဝှက်ထားရန် ကြိုးစားခဲ့သော်လည်း ၎င်းသည် လီယွန်အင်ပါယာ၏ နယ်မြေဖြစ်ပြီး လီယွန်ဧကရာဇ် ဂျူနင်ဟိုထံမှ အချက်အလက်များကို ဖုံးကွယ်ရန် မဖြစ်နိုင်ပါ။

ဤထောက်လှမ်းရေးအစီရင်ခံစာများမှ အချက်အလက်များကို ဘက်ကင်ဟမ်၏ ပြောကြားချက်များနှင့် နှိုင်းယှဉ်ပြီးနောက် ဂျူနင်ဟို နှင့် ဘက်ကင်ဟမ် နှစ်ဦးစလုံးသည် ချမ်းဘော့ဒ် ဘုရင်သည် ဘုရားကျောင်းအတွင်း ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် ကောလာဟလများမှ နံပါတ် ၁ ဘုရားကျောင်း၏ နတ်ဘုရားအဆင့် မှော်အစီအစဥ်အတွင်း ပိတ်လှောင်ခံထားရသော ‘နတ်ဆိုး’ သည် ချမ်းဘော့ဒ် ဘုရင်ဖြစ်ရမည်ကို ရှင်းရှင်းလင်းလင်း သိရှိခဲ့ကြသည်။

“အိုး ဘက်ကင်ဟမ် ငါ့ကို ရှင်းပြပါ ရန်သူအင်ပါယာရဲ့ ထူးချွန်တဲ့ စစ်သည်တစ်ဦးကို ငါတို့ ဘာလို့ ကူညီရမှာလဲ “ ဟု ဧကရာဇ်ဂျူနင်ဟို က တည်ငြိမ်စွာ မေးလိုက်ပြီး ဘက်ကင်ဟမ် အား စကားလုံးများ ပျောက်ဆုံးသွားစေခဲ့သည်။

ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီးနောက် ဧကရာဇ်ဂျူနင်ဟို သည် လက်များကို နောက်ပစ် ထားကာ မြူခိုးများဖုံးလွှမ်းနေသော ငွေစွမ်းအင်ဖြင့် ဝန်းရံထားသည့် ဂါလန်သာသနာ့နယ်မြေ ကို လှမ်းကြည့်လိုက်သည်။

သူ့ဘာသာသူ တီးတိုးပြောနေသည့်နှယ် ဧကရာဇ်ဂျူနင်ဟိုက ဘက်ကင်ဟမ်ကို ပေါ့ပေါ့တန်တန်ပြောလိုက်တယ်။ “ကြည့်စမ်း၊ယ ငါ့အင်ပါယာရဲ့ မြို့တော်ထဲမှာ ငါ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့ ဒေသတစ်ခုရှိတယ် ငါ့နိုင်ငံသားတွေရဲ့ ကူညီမှုကို နှစ်သက်ပေမယ့် နိုင်ငံတော်နဲ့ ဧကရာဇ်အာဏာကို လျစ်လျူရှုထားတယ်… အဲ့နေရာမှာရောက်နေတဲ့ ချမ်ဘော့ဘုရင်ကို ကူညီပါဦး ဘယ်လိုလဲ ဒီအခြေအနေမှာ ဘယ်သူက သန့်ရှင်းသောဘုရားကျောင်းရဲ့ သာသနာနယ်မြေကို တိုက်ခိုက်ရဲမှာလဲ ဟဲဟဲ ငါတောင် ဘုန်းကြီးတစ်ပါးကို သတ်ပြီး နတ်ဆိုးတစ်ကောင်ကို လွှတ်ပေးတဲ့ ရာဇဝတ်မှုကို မခံနိုင်ဘူးဒါက စိတ်အနှောင့်အယှက်ဖြစ်စေတယ် ”

ထိုအချိန်တွင် ဘက်ကင်ဟမ်ဟာ သူ့အတွက် ဖခင်တစ်ယောက်လို ညီအစ်ကိုတစ်ယောက်လို ပုံရိပ်ရှိသော အုပ်စိုးရှင်၏ စိတ်ထဲမှ ဒေါသနှင့် အမုန်းတရားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တည်ငြိမ်နေပုံရသော်လည်း ဒေါသထွက်နေသည့် အုပ်စိုးရှင်ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ သူမသိပေ။

ထိုအကြောင်းအရာက အရမ်းပြင်းထန်ပြီး လေးလံလွန်းသည်။

သန့်ရှင်းတဲ့ချာ့ချ်နဲ့ ပြည်နယ်တွေကြား တိုက်ရိုက်နဲ့ သွယ်ဝိုက်တိုက်ပွဲတွေဟာ အာဇီရော့သ်တိုက်ကြီးမှာ ဖြေရှင်းလို့မရတဲ့အရာပါ။ စူပါအင်ပါယာတွေကနေ အားနည်းတဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတွေအထိ သူတို့ရဲ့အုပ်စိုးရှင်တွေဟာ ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်။ ဒဏ္ဍာရီခေတ်ကုန်ဆုံးချိန်နှင့် လူသားလွှမ်းမိုးမှုခေတ်အစကတည်းက သန့်ရှင်းသောဘုရားကျောင်းတည်ရှိနေခဲ့သည်။ ဤအစွမ်းထက်သောအင်အားစုသည် ဘုရင်များနှင့်ဧကရာဇ်များ၏ဦးခေါင်းပေါ်တွင်ချိတ်ဆွဲထားသောဓားနှင့် ရည်မှန်းချက်ကြီးမားသောဇာတ်ကောင်များစွာ၏နှလုံးသားရှိဆူးများကဲ့သို့ဖြစ်သည်။

ရှေးခေတ်ကတည်းကပင် သန့်ရှင်းသောဘုရားကျောင်းနှင့်အင်ပါယာများအကြားတိုက်ပွဲများသည် မည်သည့်အခါမှရပ်တန့်ခြင်းမရှိခဲ့ပါ။ ပေါ်ပေါ်တင်တင်ဖြစ်သည့်ရန်လိုသောထိပ်တိုက်တိုက်ပွဲများရှိခဲ့သလို ကောင်းမွန်စွာစီစဉ်ထားသောလျှို့ဝှက်တိုက်ခိုက်မှုများလည်းရှိသည်။ ထိုကဲ့သို့သောတိုက်ပွဲများတွင်သူရဲကောင်းများ၊ ပါရမီရှင်များ၊ သခင်များနှင့်ဧကရာဇ်များစွာအသက်ဆုံးရှုံးခဲ့ရသော်လည်းသန့်ရှင်းသောဘုရားကျောင်းသည်ယိမ်းယိုင်ခြင်းမရှိခဲ့ပါ။

လီယွန် အင်ပါယာအတွင်း၌လည်းအလားတူဖြစ်ပျက်ခဲ့သည်။ သွေးများသည်မြစ်များကိုဖြစ်ပေါ်စေပြီးအလောင်းများသည်တောင်များထဲသို့စုပုံခဲ့သည်။

ဧကရာဇ် ဂျူနင်ဟို သည် လီယွန်အင်ပါယာကိုထိန်းချုပ်ပြီးနောက်၎င်း၏မြို့တော်မှကီလိုမီတာ ၅၀၀,၀၀၀ အတွင်းဒေသတွင်အစွမ်းထက်ဆုံးအင်အားစုဖြစ်လာခဲ့သည်။ ၎င်းသည် အဇာရို မြောက်ပိုင်းဒေသရှိအစွမ်းထက်ဆုံးအင်ပါယာများထဲမှတစ်ခုပင်ဖြစ်ခဲ့သည်။

ဇင်းနစ်ဧကရာဇ် ယာဆင်သည် သူ၏ အကောင်းဆုံးအချိန်၌ မရှုံးနိမ့်ခဲ့သော်လည်း လီယွန်အင်ပါယာ၏ လွှမ်းမိုးမှုကို လှန်နိုင်ခြင်းမရှိခဲ့ပေ။

ဧကရာဇ် ဂျူနင်ဟိုသည် ဩဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူသည် တန်ခိုးကြီးမားပြီး ဉာဏ်ရည်ထက်မြက်သည်။ ဤအုပ်စိုးရှင်ကို စိတ်ပျက်စေပြီး အာဏာမဲ့စေသည့် တစ်ခုတည်းသောအရာမှာ သန့်ရှင်းသောဘုရားကျောင်းဟု လူသိများသော ဧရာမကြီးဖြစ်သည်။

သန့်ရှင်းသောဘုရားကျောင်းသည် အလွန်ကြီးမားလွန်းသည်။ ဧကရာဇ် ဂျူနင်ဟို မကျေမနပ်ဖြစ်နေသော်လည်း သူ့စိတ်ထဲတွင်သာ ဖုံးကွယ်ထားနိုင်သည်။

ဤဧကရာဇ်သည် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေပေမည်။

ဤဧကရာဇ်သည် တစ်စုံတစ်ခုကို စီစဉ်နေပေမည်။

သို့သော် သူ ဘာမမျှမလုပ်ခဲ့ဘဲ အရာအားလုံးသည် အခြားသူများ၏ ထင်ကြေးချက်များသာ ဖြစ်ခဲ့သည်။

သို့သော် ဘက်ကင်ဟမ်သည် သူသေသည်အထိ အမှုထမ်းရန် ဆန္ဒရှိသော ဤဧကရာဇ်၏ မလိုလားမှုကို ကြားသိခဲ့ရသည်ဟု သေချာသည်။

ဘက်ကင်ဟမ် တစ်ခုခုပြောချင်နေချိန်တွင် သန့်ရှင်းသောဘုရားကျောင်း၏ ဂျာလန်သာသနာနယ်မြေတွင် အံ့အားသင့်ဖွယ် အပြောင်းအလဲများ ဖြစ်ပျက်ခဲ့ပြီး ဧကရာဇ် ဂျူနင်ဟိုပင် ခြေလှမ်းငါးလှမ်း နောက်ဆုတ်ကာ အံ့အားသင့်သွားခဲ့သည်။ သူသည် နံပါတ် ၁ ဘုရားကျောင်းကို လက်ညှိုးထိုးပြီး သူမြင်နေရသည့်အရာကို မယုံနိုင်စွာ အော်ဟစ်လိုက်သည်။ “ ဒါဘယ်လိုဖြစ်နိုင်တာလဲ ရဲရင့်လိုက်တာ ဒီလောက်နက်နဲတဲ့ တွက်ချက်မှု “

All Chapters