အခန်း (၁၀၁၂)
Vol. 67 Ch. 1012-1013
အခန်း ၁၀၁၂: အစွမ်းထက်ပုဂ္ဂိုလ်၏ဒေါသ (အပိုင်းတစ်)
တစ်ချိန်တည်းမှာပင် ဘက်ကင်ဟမ် လည်း ဖြစ်ပျက်နေတာတွေကြောင့် အံ့အားသင့်သွားသည်။
အမှန်တော့ ဂါလန် မြို့အကြောင်း ဗဟုသုတရှိတဲ့ ဆရာသခင်များမှာ သူတို့မြင်တွေ့ခဲ့ရတာကြောင့် အံ့အားသင့်သွားကြသည်။
ကျယ်လောင်သည့် ခေါင်းလောင်းများ ဆက်တိုက်မြည်လာသည့်အခါ သန့်ရှင်းသောဘုရားကျောင်းရဲ့ သာသနနယ်မြေမှ ဧရာမ သန့်ရှင်းစွမ်းအားများ ထွက်ပေါ်လာသည်။ ထိုစွမ်းအာမှာ လူသန်းပေါင်းများစွာ အတူတကွ ဆုတောင်းခြင်း၏ ဆုတောင်းစွမ်းအင်ထက် အဆပေါင်း သောင်းနဲ့ချီပြီး ပိုမိုအားကောင်းသည်။ ခဏအတွင်းမှာပင် ကျယ်ပြန့်သည့် သမုဒ္ဒရာဖွယ် စွမ်းအားမှာ ဂါလန် မြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အဖြူရောင်သာ မြင်နိုင်တော့ခြင်းကြောင့် မြို့ ကျက်သရေမှာ ယာယီ ဆုံးရှုံးသွားသည်။
ကမ္ဘာကြီးဟာ အဖြူရောင်နို့နဲ့ ပြည့်နေသလို၊ အချင်းဝက် ၅၀ ကီလိုမီတာကျော်ရှိ ခမ်းနားထည်ဝါသော ဂါလန် မြို့ဟာ သန့်ရှင်းတဲ့ဘုရားကျောင်းရဲ့ စွမ်းအားအောက်သို့ ချက်ချင်း ကျရောက်သွားသည်။
လီယွန်အင်ပါယာ တော်ဝင်နန်းတော်ပင် ခြွင်းချက်မရှိပေ။ သန့်ရှင်းသည့် စွမ်းအားက လုံးဝ လွှမ်းမိုးသွားသည်။
သန့်ရှင်းသောစွမ်းအားသည် အလွန်ထင်ရှားသဖြင့် ၎င်းကို ဂရုတစိုက်အာရုံခံရန်မလိုအပ်ပါ။ အမှန်မှာ သာမန်လူများပင် ထိုအဖြူရောင်အလင်းကို မြင်နိုင်ပြီး မျက်လုံးမှိတ်လိုက်သောအခါ လေထဲတွင် နွေးထွေးမှုကို ခံစားနိုင်သည်။ သဘာဝတရားရှိ သန့်ရှင်းသောဒြပ်စင်များသည် အရည် နီးပါး သိပ်သည်းသွားပြီး သဘာဝတရား၏ အခြားဒြပ်စင်အားလုံးကို တွန်းလှန်နေသည်။
ဤအခြေအနေတွင်၊ တိုက်ပွဲများတွင် အခြားဒြပ်စင်များကို မှီခိုအားထားရသော စစ်သည်တော်များနှင့် မှော်ဆရာများသည် အလွန်အားနည်းသွားသော်လည်း သန့်ရှင်းသောဘုရားကျောင်း၏ ယဇ်ပုရောဟိတ်များနှင့် သန့်ရှင်းသောသူရဲကောင်းများသည် ၎င်းတို့၏တိုက်ခိုက်ရေးအင်အားကို လေးဆမှ ငါးဆအထိ ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
၎င်းသည် မယုံနိုင်စရာပင်။
သန့်ရှင်းသောဘုရားကျောင်းသည် တိုက်ကြီးတွင် အစွမ်းထက်ဆုံးတပ်ဖွဲ့ဖြစ်သော်လည်း ၎င်းပြသခဲ့သော အစွမ်းသတ္တိသည် ဤအဆင့်တွင် မရှိပါ။ နောက်ဆုံးတွင် သန့်ရှင်းသောဘုရားကျောင်း၏ ဂါလန်သာသနနယ်မြေ သည် တိုက်ကြီးတွင် သန့်ရှင်းသောဘုရားကျောင်းရှိ ဌာနခွဲအားလုံးတွင် အလယ်အလတ်အဆင့်သာရှိသည်။ သို့သော်၊
၎င်းသည် ရုတ်တရက် ဤကဲ့သို့သော စွမ်းအားကို ပေးစွမ်းနိုင်ကြောင်း ထင်ရှားလာခဲ့သည်။
ယခု ဤအချက်အတိုင်းတွေးပါက မဟာအင်ပါယာများရှိ သန့်ရှင်းသောဘုရားကျောင်း၏ သာသနာပြုနယ်မြေများတွင် အလားတူ သို့မဟုတ် ပိုမိုအစွမ်းထက်သော ဝှက်ဖဲများ မရှိဟု ယုံကြည်ရန် မဖြစ်နိုင်ပါ။
လောကီအာဏာကို စိတ်မဝင်စားဟု ကြေငြာထားသော သန့်ရှင်းသောဘုရားကျောင်းသည် ရုတ်တရက် စိတ်ပြောင်းသွားပါက ကပ်ဘေးကြီးတစ်ခု ကျရောက်လိမ့်မည်။ ၎င်းတို့၏ ယုံကြည်သူများစွာ၏ အင်အားကို တိုးမြှင့်ရန် ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော အစီအစဉ်များ အသုံးပြုပါက တိုက်ကြီးပေါ်ရှိ မည်သည့်အင်ပါယာမျှ ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပါ။
ဤကြောက်မက်ဖွယ်ကောင်းသော ရှာဖွေတွေ့ရှိမှုသည် မည်သည့်အင်ပါယာများမှ ဆုံးဖြတ်ချက်ချသူများကိုမဆို တွေးတောပြီးနောက် ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
“ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားက ဘယ်ကလာတာလဲ ဒါက ပုံမှန်မဟုတ်ဘူး ” ဧကရာဇ် ဂျူနင်ဟို သူ့ဘာ့သာ တွေးတောခဲ့သည်။
သစ္စာရှိ ယုံကြည်သူ သန်းပေါင်းများစွာ တစ်ပြိုင်နက်တည်း ဆုတောင်းပြီး ၎င်းတို့၏ ဆုတောင်းစွမ်းအင်ကို တိုက်ရိုက် ပေးဆောင်သည့်တိုင် ဤဖြစ်စဉ်သည် ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ နေအဆင့်အရှင်သခင် အထွတ်အထိပ်တွင်ရှိသော ဘုန်းတော်ကြီး သို့မဟုတ် သန့်ရှင်းသောသူရဲကောင်းတစ်ဦးသည် ၎င်းတို့၏ အရေးကြီးသော သန့်ရှင်းသောစွမ်းအားကို ထွန်းညှိပေးသည့်တိုင် ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်မည်မဟုတ်ပါ။ သန့်ရှင်းသောဘုရားကျောင်း ကိုးကွယ်သော နတ်ဘုရားများသည် ကောင်းကင်ဘုံမှ ဆင်းသက်လာပြီး ၎င်းတို့၏ စွမ်းအားများကို ဖြန့်ကျက်မှသာ ဤအရာ ဖြစ်ပေါ်နိုင်ဖွယ်ရှိသည်။
သို့သော် နတ်ဘုရားများ မပေါ်ထွန်းခဲ့ကြောင်း ထင်ရှားသည်။ နတ်ဘုရားများ၏ ပေါ်လာမှုနှင့်အတူ ပါလာသော နတ်ဘုရားဖိအားများရှိမနေပါ။
ထိတ်လန့်မှုနှင့် စည်ကားမီု ရပ်တန့်အပြီး ခဏတာအကြာ၌ ဂျာလန်မြို့အတွင်းရိ စစ်ဆင်ရေးများစွာသည် မြန်နှုန်းမြင့်ဖြင့် စတင်ခဲ့သည်။ အပြာရောင်မှော်အတတ်တစ်ခု ပေါ်လာပြီး ပေါများသော သန့်ရှင်းသောဒြပ်စင်များကို ပိတ်ဆို့သွားသည်။ ထို့နောက် တော်ဝင်နန်းတော်ထောင့်မှ သခင်များစွာ ပေါ်လာပြီး သန့်ရှင်းသောဒြပ်စင်များကို တွန်းလှန်ကာ တော်ဝင်နန်းတော်အတွင်း လုံးဝလုံခြုံစွာရှိနေစေရန် သေချာစေသည်။
ထို့နောက် လီယွန် ၏ စစ်တပ် ကင်းလှည့်ဌာနမှ စစ်သားများ မင်းမျိုးမင်းနွယ်များ၏ ကိုယ်ပိုင်အစောင့်များ ကြီးကြပ်ရေးဝန်ကြီးဌာနမှ သူရဲကောင်းများနှင့် လီယွန် အင်ပါယာ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော ကြေးစားအဖွဲ့အချို့ပင် ဗဟိုကွပ်ကဲမှုမရှိဘဲ အချင်းချင်း ကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သန့်ရှင်းသောဘုရားကျောင်း၏ သာသနနယ်မြေ တွင် ပေါ်လာကာ ၎င်းကို ဝိုင်းရံထားသကဲ့သို့ ထင်ရသည်။
အခန်း ၁၀၁၂: အစွမ်းထက်ပုဂ္ဂိုလ်၏ဒေါသ (အပိုင်းနှစ်)
သာမန်ပြည်သူများနှင့် သစ္စာရှိယုံကြည်သူများ၏ ဆုတောင်းမှုမှာ ဟန့်တားခံလိုက်ရပြီး တော်ဝင်မိသားစုက စိတ်ရှုပ်ထွေးပြီး စိတ်လှုပ်ရှားနေသော ပြည်သူများ မိမိတို့၏နေအိမ်များသို့ ပြန်ရန် ချက်ချင်းအမိန့်ပေးခဲ့သည်။ ထို့နောက် လီယွန်မြို့တော်ကို ချက်ချင်းပိတ်ဆို့ခဲ့သည်။
ဘေးနန်းတော်ပြတင်းပေါက်ဘေးတွင် ရပ်နေသော ဧကရာဇ်ဂျူနင်ဟိုသည် ခဏတာ တည်ငြိမ်မှုဆုံးရှုံးသွားပြီး တိတ်ဆိတ်စွာရပ်ကာ တွေးတောနေသည်။ သူသည် မျက်မှောင်ကြုတ်နေပြီး အသက်ရှူသံများ အလွန်နှေးကွေးလာသည်။ နောက်ဆုံးတွင် သူ၏အော်ရာသည်ပင် ပျောက်ကွယ်သွားပြီး သူသည် လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတွင် ရှိနေသည်။ သူ၏ဆံပင်များသည် လေထဲတွင်ပင် အေးခဲသွားပြီး လုံးဝမလှုပ်ရှားတော့သကဲ့သို့ ထင်ရသည်။
ဘတ်ကင်းဟမ်သည်လည်း နက်နဲသောအတွေးထဲသို့ နစ်မြုပ်သွားသည်။
ရုတ်တရက် ဧကရာဇ်ဂျူနင်ဟိုသည် လှောင်ပြောင်ပြီး သူ၏အတွေးမှ နိုးထလာခဲ့သည်။
“ ငါသိသွားပြီ သန့်ရှင်းသောဘုရားကျောင်း သန့်ရှင်းသောဘုရားကျောင်း အတော်လည်း အကြံကြီးပါ့လား ”
-အဇာရို့ မြောက်ပိုင်းဒေသရှိ ဝေးလံခေါင်သီသောနေရာတစ်ခုတွင်-
မြောက်ပိုင်းဒေသဆိုင်ရာ ဘုရားကျောင်း၏ ရုံးချုပ်သည် သာမန်လူများ မတက်နိုင်သော မြင့်မားသောတောင်ထိပ်ပေါ်တွင် ရှိသည်။ ၎င်းကို ထူထပ်သောတိမ်တိုက်များ ဝန်းရံထားပြီး ကောင်းကင်တွင် မျောနေသော ဘုရားရှိခိုးကျောင်းတစ်ခုကဲ့သို့ ထင်ရသည်။ နန်းတော်အလယ်ရှိ မြင့်မားသောပလ္လင်ပေါ်တွင် ထိုင်နေသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူအနည်းငယ်နှင့် စကားပြောနေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နန်းတော်၏ ဧရာမတံခါးသို့ ဦးတည်သော လှေကားပေါ်တွင် ပေါ်လာသည်။
ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားတွင် ခါးကုန်းနေပြီး ဆံပင်ပါးလွှာပြီး မီးခိုးရောင်ရှိသည်။ သူ့မျက်လုံးများသည် အနည်းငယ် အပြင်ဘက်သို့ ပြူးထွက်နေပြီး ပြောရလျှင် အနည်းငယ် ရုပ်ဆိုးသည်။
“ ဘာတွေဖြစ်နေတာလဲ ဘာတွေဖြစ်နေတာလဲ ဘယ်သူလဲ တားမြစ်ထားသောတံဆိပ်ကို အစီအစဉ်မရှိဘဲ ဖွင့်ပြီး ထောင်သောင်းချီတဲ့ ယုံကြည်သူတွေဆီက နှစ်ပေါင်များစွာ စုဆောင်းခဲ့တဲ့ သန့်ရှင်းသောစွမ်းအားကို ထုတ်လွှတ်ခဲ့တာ ဘယ်သူလဲ “
အသက်လတ်ပိုင်းအရွယ်လူဟာ လေထဲမှာ လွင့်မျောနေသည့် ရွှေရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ရွှေသရဖူဆောင်းထားကာ လက်ထဲတွင်လည်း ရွှေလက်ဝါးကပ်တိုင်ကို ကိုင်ဆောင်ထားသည်။ သူက ဘုရားကျောင်းရှေ့တွင် ရပ်နေပြီး လီယွန်အင်ပါယာဘက်ကို ဒေါသတကြီးနဲ့ ကြည့်နေ၏။ ဒေါသတကြီးနဲ့ ခြေထောက်တွေကို ဆောင့်နင်းကာ ဟိန်းဟောက်နေသည်။
သူထုတ်လွှတ်လိုက်သည့် အစွမ်းထက် သန့်ရှင်းသော အော်ရာဟာ လေဆင်နှာမောင်းလို ကျယ်ပြန့်သွားပြီး နေမင်းအဆင့် အရှင်သခင်များဖြစ်ကြသည့် အစွမ်းထက် နောက်လိုက်သူရဲခေါင်းများမှာ ကောက်ရိုးမျှင်များသဖွယ် လွင့်စင်ထွက်သွားကြသည်။ ထိုအော်ရာတစ်ခုတည်းကပင် ဘုရားရှိခိုးကျောင်းတစ်ခုလုံးကို တုန်လှုပ်သွားေစပြီး ထိုနေရာမှ မိုးတိမ်များ လှုပ်ခါသွားတော့သည်။ မိုးခြိမ်းသံ မိုးကြိုးပစ်သံများလည်း ထွက်ပေါ်လာသည်။
“ဘုန်းတော်ကြီး ပလာတီနီ…”
နေမင်းအဆင့် ဘုန်းတော်ကြီး ၃၀ မှ ၄၀ ခန့်အထိနှင့် သူတော်စင်သူရဲကောင်းများမှာ သူ့နောက်တွင် ကြောက်ရွံ့စွာ ဒူးထောက်ထိုင်နေကြပြီး ဘာတွေဖြစ်နေလဲဆိုတာ မသိဖြစ်နေကြသည်။ မြောက်ပိုင်းဒေသဆိုင်ရာဘုရားကျောင်းမှ ဘုန်းတော်ကြီး ပလာတီနီသည် [ဘုရားသခင်၏သမ္မာကျမ်းစာ] ကို ငြိမ်းချမ်းစွာရှင်းပြနေသော်လည်း ရုတ်တရက်ဒေါသထွက်နေသည်။ ၎င်းသည် နှစ်ပေါင်း ၆၀ နီးပါးအတွင်း မဖြစ်ဖူးသောကိစ္စဖြစ်သည်။
“ ကျွန်ုပ်ရဲ့အမိန့်ကို ပေးပို့ပါ ဖခင်၏ဂုဏ်အသရေဖြင့် မြောက်ပိုင်းအယူမှားကွပ်မျက်ရေးဌာန ကွပ်မျက်ရေးဌာနအကြီးအကဲ ဟာနင်ကို လီယွန်သာသနနယ် မြေကို ချက်ချင်းထွက်ခွာခိုင်းပါ ဂါလန်သာသနနယ်မြေမှ ဘုန်းတော်ကြီးဂျွန်အပါအဝင် အနီရောင်ဝတ်ရုံအဆင့်အထက်ရှိ ဘုန်းတော်ကြီးများနှင့် သူတော်စင်အားလုံးကို ဖမ်းဆီးပြီး အယူမှားမှုဖြင့် တရားစွဲဆိုရမယ် ထိုသူတို့ရဲ့သန့်ရှင်းသောစွမ်းအားကို နှုတ်ယူပြီး ရုံးချုပ်သို့ ပြန်လည်ခေါ်ဆောင်ကာ ရုံးတင်စစ်ဆေးရမယ် ” မြောက်ပိုင်းဒေသဆိုင်ရာဘုရားကျောင်းမှ ဘုန်းတော်ကြီး ပလာတီနီ၏အသံသည် ဓားတစ်ချောင်းကဲ့သို့ အေးစက်နေသည်။
ထိုအမိန့်ကိုကြားရသူများသည် ရေခဲသေတ္တာထဲတွင် ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။
အယူမှားကွပ်မျက်ရေးဌာနသည် သန့်ရှင်းသောဘုရားေကျာင်းအတွင်းနှင့် အပြင်ဘက်တွင် နာမည်ဆိုးဖြင့်ကျော်ကြားပြီး မြောက်ပိုင်းအယူမှားကွပ်မျက်ရေးဌာန၏ ကွပ်မျက်ရေးဌာနအကြီးအကဲ ဟာနင်သည် လူအများကြောက်ရွံ့သော ရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဟာနင်သည် သန့်ရှင်းေသာဘုရားကျောင်း၏အတွင်းနဲ့ အပြင်ဘက်က ဆရာတော်ဘယ်နှစ်ယောက်ကို သတ်ခဲ့လဲဆိုတာကို ရေတွက်လို့တောက်မရတော့လောက်ပါဘူး။