← Chapters

အခန်း (၁၀၁၃)

Vol. 67 Ch. 1013

အခန်း (၁၀၁၃)

Vol. 67 Ch. 1013

အခန်း ၁၀၁၃: ဧကရာဇ်၏အကူအညီ (အပိုင်းတစ်)

“ သေစမ်း ဒီကောင် ဘက်ကင်ဟမ် သူတကယ်ပဲ ငါ့ကိုလျစ်လျူရှုပြီး အကူအညီမပေးဘဲနေတော့မှာလား ”

ဖေးဟာ သုံးရက်ထိ အကူအညီမရခဲ့သဖြင့် ဘုရင် အနည်းငယ်စိုးရိမ်ပူလာပြီဖြစ်သည်။

ယခုက အဇာရို့သ်တိုက်ကြီး ကိုရောက်လာပြီးကတည်းက သူရင်ဆိုင်ခဲ့ရသည် အကြီးမားဆုံးအကျပ်အတည်းဖြစ်သည်။ ဖေး ဟာ ရူးသွပ်ဖွယ် ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် သန်မာသည့်ခန္ဓာကိုယ်ရှိ‌ေသာအင်အားကြီး ငရဲပုံစံ လူရိုင်းတစ်ယောက် ဖြစ်သော်လည်း ယခုတော့ သူဟာ ပြိုကွဲလုနီးပါးဖြစ်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက အချိန်အတော်ကြာ ကြံ့ကြံ့ခံနေခဲ့ရခြင်းဖြစ်သည်။

လက်တွေ့ကမ္ဘာနှင့် ဒိုင်ယာဘလိုကမ္ဘာ နှစ်ခုလုံးက သူ့ကျယ်ပြန့်သည့်တိုက်ပွဲအတွေ့အကြုံများက ဖေး ကို အန္တရာယ်အရှိဆုံးအချိန်များတွင် တည်ငြိမ်အောင်‌ေနရမည် ဖြစ်ကြောင်းသိ‌ေစသည်။ ထို့ကြောင့် သူထိတ်လန့်မသွားဘဲ ဆက်လက်တိုက်ခိုက်ခဲ့သည်။

“ သေစမ်း ပျက်စီးစမ်း “

ဖေး ဟာ [ခေးအော့ပလ္လင်] ကိုဆင့်ခေါ်ပြီး သူ့စွမ်းအင်အားလုံးကို ပလ္လင်ထဲကို ထိုးသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ အတွေ့အကြုံအမှတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို သုံးစွဲပြီး သူကြာမြင့်စွာ အသုံးမပြုခဲ့သည့် အံ့ဖွယ်အစွမ်းသုံးခုထဲက တစ်ခုဖြစ်တဲသော ဆင့်ခေါ်ခြင်းကို ကို အသုံးပြုလိုက်သည်။

သူက ဒိုင်ယာဘလိုကမ္ဘာမှ ဘော့စ်တစ်ယောက်ဖြစ်သော နာကျင်မှုအရှင် ဒူရီရယ် ကို ဆင့်ခေါ်လိုက်သည်။

နတ်ဘုရားအစီအရင်ထဲတွင် ရုတ်တရက် အပြာရောင်ပေါ်တယ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

ထို့နောက် တောက်ပ‌သော အလင်းတန်းအနည်းငယ် ပေါ်လာခဲ့ပြီး လက်ချောင်းတွင် လက်သည်းများနှင့် လက်ခုံးပေါ်တွင် ချိတ်များရှိသည့် လက်တစ်ချောင်းသည် ထိုပေါ်တယ်မှတစ်ဆင့် အစီအရင်ထဲတွင် ပေါ်ထွက်လာ၏။

ထို့နောက်တွင်တော့ ဒိုင်ယာဘလိုကမ္ဘာ ငရဲ၏ အရှင်သခင်လေးပါးမှ တစ်ဦးဖြစ်သော နာကျင်မှုအရှင် ဒူရီရယ်မှာ ပေါ်တယ်မှ ပြေးထွက်လာပြီး ဟိန်းဟောက်နေတော့သည်။

ဖေးကတော့ ငြိမ်သက်စွာနေနေသည်။

ယခုအစီအရင်မှာ နတ်ဘုရားအဆင့် မှော်အစီအရင်တစ်ခု ဖြစ်သော်လည်း အနိုင်ယူ၍မရသည့်အရာမဟုတ်ပေ။ ဆင့်ခေါ်ခြင်း သည် အံ့ဖွယ်အစွမ်းများဖြစ်သော [သင်ယူခြင်း] [ပေးအပ်ခြင်း] တို့နှင့် တန်းတူညီမျှပြီး ဤထူးဆန်းသော စကြဝဠာအာကာသတွင် ထိရောက်မှုရှိကာ ဖေး အား ဤအကျပ်အတည်းမှ လွတ်မြောက်ရန် အခွင့်အရေးရရှိစေခဲ့သည်။

ဒူရီရယ် သည် ဒိုင်ယာဘလို ကမ္ဘာတွင် အခြေခံအားဖြင့် ငရဲနတ်ဘုရားတစ်ပါးဖြစ်ပြီး ၎င်း၏စွမ်းအားသည် အလွန်ဆိုးရွားကာ သန့်ရှင်းသောစွမ်းအားနှင့် နှိုင်းယှဉ်ပါက စွမ်းအားရောင်စဉ်၏ အခြားတစ်ဖက်တွင် ရပ်တည်နေသည်။ ထို့ကြောင့် ၎င်းတို့သည် အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်သည်။

ထို့ကြောင့် ဒူရီရယ် အစီအရင် ထဲသို့ ဝင်ရောက်သည်နှင့် ဤစကြဝဠာအာကာသတွင် နေရာတိုင်းတွင်ရှိသော ကြွယ်ဝသော သန့်ရှင်းသောစွမ်းအား၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ချက်ချင်းပင် အဆီများသော အသားတုံးတစ်တုံးကို မီးပူပေါ်တွင် တင်ထားသကဲ့သို့ တရှူးရှူးမြည်သံများ ထွက်ပေါ်လာပြီး အခြားကမ္ဘာမှ မာနထောင်လွှားသော နတ်ဘုရားသည် နာကျင်မှုနှင့် ဒေါသဖြင့် အော်ဟစ်‌နေတော့သည်။

သူ၏ တောင်ကဲ့သို့သော ဧရာမခန္ဓာကိုယ်မှ အစိမ်းရောင်မီးခိုးများ ထွက်ပေါ်လာပြီး အနံ့ဆိုးတစ်ခုသည် နေရာလပ်ထဲတွင် ချက်ချင်းပျံ့နှံ့သွားသည်။

“ဒါဘာလဲ” ရွှေရောင်အရိုးစု၏ အံ့အားသင့်သောအသံသည် နေရာလပ်ထဲတွင် ထွက်ပေါ်လာသည်။

“ ဒါက မင်းရဲ့အဘိုးပဲ “ ဖေး အော်ဟစ်လိုက်ပြီး [ခေးအော့ပလ္လင်] ၏ မြန်ဆန်သည့် အမြန်နှုန်းကို အသုံးပြုပြီး ဒူရီရယ် ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို ဆက်လက်ရှောင်တိမ်းလျက် အခွင့်အရေးကောင်းတစ်ခုကို စောင့်မျှော်နေလိုက်သည်။

ဒူရီရယ်၏ အမှောင်စွမ်းအားများသည် မှော်အစီအရင်ထဲသို့ စီးဝင်နေသည့် သန့်ရှင်း‌သောစွမ်းအားများနှင့် နှိုင်းယှဉ်၍ မရချေ။ သို့သော် ငရဲပုံစံရှိ ဘော့စ်များတွင် နတ်ဘုရားစွမ်းအားများ ရှိနေ၏။ပမာဏ သိပ်မများသော်လည်း လူသားကမ္ဘာတွင် မှော်ဆန်သည် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

ကြီးမားပြီး သန့်ရှင်းသည့် စွမ်းအားဖြင့် သန့်စင်ပြီး နောက် ထက်ရှသော အမှောင်စွမ်းအင်မှာ ခဏအကြာတွင် မီးလောင်နေသည့် ရေနံစည်ကြီးလို ဧရာမပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

ပြင်းထန်သည့် ပေါက်ကွဲအားက မှော်အစီအရင်၏ နေရာလပ်ကို အတော်လေးသက်ရောက်သွား၏။ နေရာလပ်ထဲတွင် လှိုင်းကြီးများစတင်ဖြစ်ပေါ်လာပြီး အချိန်မရွေးစုတ်ပြဲသွားမည့်နှယ်ဖြစ်နေသည်။

အခန်း ၁၀၁၃: ဧကရာဇ်၏အကူအညီ (အပိုင်းနှစ်)

ဖေးသည် [ခေးအော့ပလ္လင်] ကိုထိန်းချုပ်ပြီး သူ့ကိုယ်သူကောင်းစွာကာကွယ်ထားကာ ပေါက်ကွဲအားလှိုင်းများကို ခံနိုင်ရည်ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ဝိညာဉ်စွမ်းအင်သည် လှိုင်းလုံးကြီးများကဲ့သို့ စီးဆင်းသွားပြီး ဤစကြဝဠာအာကာသ၏ အစိတ်အပိုင်းတိုင်း၏ တုန်ခါမှုကို အနီးကပ်အာရုံစိုက်လိုက်သည်။ ဤအာကာသတွင် သေးငယ်သောအပေါက်တစ်ခုရှိနေသရွေ့ [ခေးအော့ပလ္လင်] ၏ အာကာသခရီးသွားစွမ်းရည်ကို အသုံးပြု၍ ပြေးထွက်ပြီး လွတ်မြောက်နိုင်မည်ဖြစ်သည်။

“ အုန်း အုန်း အုန်း အုန်း အုန်း “

“ဒါ မလုံလောက်သေးဘူး နည်းနည်းပိုလိုတယ် နည်းနည်းပိုလိုသေးတယ် သေစမ်းကွာ ပေါက်ကွဲစမ်း! ပေါက်ကွဲစမ်း! ဆက်လုပ်လိုက်စမ်း!”

အချိန်ကြာလာသည်နှင့်အမျှ ဖေးမျှော်လင့်ထားသော အခွင့်အရေးအနည်းငယ်သည် သူလိုချင်သည့်အတိုင်း ပေါ်မလာပေ။ ဒူရီရယ်၏ ဧရာမခန္ဓာကိုယ်မှာ ဖုန်မှုန့်များအဖြစ် ပေါက်ကွဲလုနီးပါးဖြစ်သွားပြီး ပေါက်ကွဲစေသည့် စွမ်းအင်လှိုင်းများဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

-လီယွန် တော်ဝင်နန်းတော်-

“ဟမ် ငါ မင်းကို ခွင့်ပြုချက်တောင် မပေးသေးဘူး မင်း ဘယ်ကိုသွားမလို့လဲ ” ဘက်ကင်ဟမ် ဘေးနန်းတော်ကနေ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတာကို မြင်တော့ လီယွန် ဧကရာဇ်က မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး သူ့ရဲ့ နက်ရှိုင်းတဲ့ အသံနှင့် မေးလိုက်သည်။

“အရှင်မင်းကြီး ချမ်းဘော့ဒ် ရဲ့ ဘုရင်က...” ဘက်ကင်ဟမ် က စိုးရိမ်တကြီးနှင့် ထပ်ရှင်းပြဖို့ ကြိုးစားသည်။

“ မင်း ဇင်းနစ်ရဲ့ အင်ပါယာသိုင်းသူတော်စင်ကို ကို တကယ်ကယ်တင်မှာလား ” ဧကရာဇ်က သိပ်ပျော်ပုံမပေါ်ပေ။

ဘက်ကင်ဟမ် ခေါင်းငုံ့ပြီး ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူ့ သွားများကို ကြိတ်ပြီး “အရှင်မင်းကြီး ငါကယ်တင်ဖို့ ကြိုးစားနေတဲ့သူက ဇင်းနစ်ရဲ့ အင်ပါယာသိုင်းသူတော်စင် မဟုတ်ဘဲ ငါ့ကို အကြိမ်ကြိမ်ကယ်တင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ” ဟု ပြောလိုက်၏။

“ ကောင်းပြီ မင်းရဲ့သတ္တိကို ငါလေးစားပါတယ် ဒါပေမယ့် မင်းရဲ့လုပ်ရပ်တွေရဲ့ အလားအလာရှိတဲ့အကျိုးဆက်တွေကို မင်းစဉ်းစားပြီးပြီလား လီယွန် ရဲ့ဒေသခံဘုရင်တစ်ယောက်အနေနဲ့ မင်းဝင်ရောက်စွက်ဖက်ပြီး သန့်ရှင်းသောဘုရားကျောင်းရဲ့အစီအစဉ်ကို နှောင့်ယှက်မယ်ဆိုရင် လီယွန် အင်ပါယာအပေါ် ဘယ်လိုကပ်ဘေးမျိုးဖြစ်လာနိုင်မလဲ မင်းရဲ့ချစ်ရသူတွေ မင်းကိုလေးစားတဲ့စစ်သားတွေနဲ့ လီယွန်ပြည်သား သန်းပေါင်းများစွာဟာ မင်းရဲ့စိတ်လိုက်မာန်ပါလုပ်ရပ်တွေကြောင့် သေဆုံးနိုင်တယ် “

“ အရှင်မင်းကြီး စိတ်မပူပါနဲ့ အခုအချိန်မှာ လူတိုင်းနီးပါးသိတဲ့အတိုင်း ကျွန်တော်က လီယွန် ရဲ့ဒေသခံဘုရင်မဟုတ်တော့ဘဲ နယ်မြေထဲမှာ လိုက်လံဖမ်းဆီးခံနေရတဲ့ ရာဇဝတ်သားတစ်ယောက်ပါ။သန့်ရှင်းသောဘုရားကျောင်းက ဒီကိစ္စကိုစုံစမ်းစစ်ဆေးချင်တယ်ဆိုရင်တောင် အင်ပါယာကို ခွင့်လွှတ်ဖို့ လုံလောက်တဲ့အကြောင်းပြချက်တွေရှိပါတယ် “ ဘက်ကင်ဟမ် က အရာအားလုံးကို သေချာစဉ်းစားပြီး တည်ငြိမ်စွာပြန်ဖြေခဲ့ကြောင်း ထင်ရှားလှသည်။

သူ့စကားများ ကြားပြီးနောက် ဧကရာဇ်ဂျူနင်ဟို က သူအရမ်းတန်ဖိုးထားခဲ့သည့် ဤဒေသခံဘုရင်ဟောင်းကို စိုက်ကြည့်‌နေသည်။ ဘက်ကင်ဟမ်ကတော့ အပြစ်ရှိသလိုခံစားနေ‌ရသော်လည်း စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်သည်။ ဤ ဘေးနန်းဆောင်တွင်းတွင် လေထုက တင်းမာလာသည်။

ခဏအကြာတွင် ဧကရာဇ်ဂျူနင်ဟို၏ မျက်နှာတွင် သူ့သားကို ကြည့်နေ‌သော ကြင်နာတတ်သည့် ဖခင်တစ်ယောက်သဖွယ် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူက ရယ်ပြီး “အရမ်းကောင်းတယ် မင်းတပ်တွေကို ဇင်းနစ်အင်ပါယာကို ဦးဆောင်ပြီးတဲ့နောက် မင်းဆီက ဒီလိုဖြစ်လာမယ်လို့ ငါမမျှော်လင့်ထားဘူး လီယွန်ရေတပ်ရဲ့ ထက်ဝက်လောက် လမ်းမှာ ပျက်စီးသွားပြီး မင်းသေလုမတတ် ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးတော့ မင်းရင့်ကျက်လာတာကို ငါမြင်လိုက်ရတယ် အရမ်းကောင်းတယ် အရမ်းကောင်းတယ် မင်းဒီဆုံးဖြတ်ချက်ကို ချနိုင်ပြီး ခိုင်မာစွာ ရပ်တည်နိုင်တာက ငါ့ကို ဝမ်းသာစေတယ်” ဟုပြောလိုက်သည်။

“အရှင်မင်းကြီး…” ဘက်ကင်ဟမ်က ဧကရာဇ်ဂျူနင်ဟိုက သူ့ကို အတင်းအကြပ် တားဆီးမှာကို စိုးရိမ်နေသော်လည်း အုပ်စိုးရှင်က ထိုကဲ့သို့ပြောမည်ကို သူမသိခဲ့‌ချေ။ သူ အံ့သြသွားသည်။

“ဟားဟား သန့်ရှင်းတဲ့ ဘုရားကျောင်းရဲ့ ရည်မှန်းချက်က တိုက်ကြီးမှာ ပြသနေပြီ ငါတို့ ဒါကို သည်းခံဖို့ မလိုတော့ဘူး ဟားဟား… မင်းရဲ့ ခွန်အားနဲ့ဆိုရင် အဲဒီကို သွားတာ အသုံးမဝင်ဘူး ငါ မင်းကို ကူညီပါရစေ ”

ဂျူနင်ဟိုက ခေါင်းမော့ပြီး ရယ်လိုက်ပြီး သူ့လက်ချောင်းတစ်ချောင်းကို လှုပ်လိုက်သည်။

ပါးလွှာသည့် ငွေဓားစွမ်းအင်က သူ့လက်ချောင်းထိပ်ကနေ သတ္တုအပ်လို ထွက်လာတယ်။

ထိုဓားစွမ်းအင်က အားနည်းပုံရသော်လည်း၊ ငွေစွမ်းအင်မီးတောက်များက အတောက်ပဆုံးလောင်ကျွမ်းနေသည်ြ သန့်ရှင်းသောဘုရားကျောင်း၏ ဂါလန်သာသနနယ်မြေ ရှိရာနေရာသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။

All Chapters