ဘယ်သူ ... ငါ့တပည့်ကိုထိဝံ့သလဲ။
Vol. 73 Ch. 868
“ စီနီယာ ... ငါ့သားက မင်းကို စော်ကားမိတာမျိုးရှိရင် မျိုးနွယ်စုခေါင်းဆောင်း တစ်ယောက်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ... ။ ”
ရွှေရောင်ဝတ်စုံနှင့် အဖိုးကြီးစကားကြောင့် ဝမ်ကျန့်ယွမ်ကမျက်နှာပျက်ယွင်းသွားပြီး အမြန် လှမ်းတက်ကာ ဦးညွှတ်တောင်းပန်၏။
“ တိတ်စမ်း ... ငါ့အမိန့်အတိုင်းလုပ်ပါ။ ”
သို့သော် ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုက ဝမ်ကျန့်ယွမ်ကိုမျက်နှာသာမပေးဘဲ အော်ငေါက် လိုက်တော့သည်။ ဝမ်မျိုးနွယ်စု အကြီးအကဲများ အားလုံး အနည်းငယ် မျက်နှာပျက်ယွင်းသွား၏။
သို့သော် ရွှေရောင်ဝတ်ရုံနှင့် အဘိုးအို၏ နောက်ခံကြောင့် အမိန့်လိုက်နာပြီး ဝမ်ချွယ်ကို ဖမ်းဆီးရန် ပြင်လိုက်ကြတော့သည်။
“ ရပ်ကြစမ်း ... ။ ”
ဝမ်ကျန့်ယွမ်က ချက်ချင်း ဟန့်တား၏။
“ ဖယ်စမ်း ... ။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် ရွှေရောင်ဝတ်ရုံနှင့်အဘိုးအို၏ လက်ဖဝါးတစ်ချက်ရိုက်ကာ ဝမ်ကျန့်ယွမ်ကို ဖယ်ရှားလိုက်သည်။ ဝမ်ကျန့်ယွမ်တစ်ယောက် သွေးအန်လျက် လွင့်စဉ်သွား၏။
“ အဖေ ... ။ ”
ဝမ်ချွယ်က အော်ဟစ်လျက် အလျင်အမြန် ဖေးမလိုက်တော့သည်။ တစ်ဆက်တည်းမှာပင် မျက်ဝန်းများသွေးလွှမ်းလာပြီး အမည်ခံရွှမ်ဟဲ အဆင့်ရောင်ဝါကို ထုတ်ဖော်လိုက်၏။
“ ရွှမ်ယု ပြီးပြည့်စုံမှုအဆင့် ... ။ ”
သို့သော် ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ထိုရောင်ဝါသက်ရောက်မှု မခံစားရသည့်အလား ပြုံးရယ်ပြလာသည်။
“ ဟားဟားဟား ... စုရွှမ်ကြွယ်ရဲ့ ပဉ္စမမြောက်တပည့်ဆိုတဲ့အတိုင်း မင်းရဲ့အခြေခံ အုတ်မြစ်ကမဆိုးဘူး ဒါပေမယ့် ... ငါ့မျက်လုံး ထဲမှာတော့ အားနည်းလွန်းသေးတယ်။ ”
ထို့နောက် ရွှေရောင်ဝတ်အဘိုးအိုက လက်ငါးချောင်းမြောက်ကာ တံဆိပ်တစ်ခုကို ဖန်တီးလိုက်တော့၏။
“ ဝှစ် ... ။ ”
နိဗ္ဗာန်ဝိညာဉ်ဥပဒေဖြင့် ဖန်တီးထားသော လှောင်အိမ်ကြီးတစ်ခု ကောင်းကင်မှ ရုတ်ချည်း ကျဆင်းလာချေပြီ။
“ ချိုးဖြတ် ... ။ ”
“ ဝုန်း ... ။ ”
ဝမ်ချွယ်က တုန့်ဆိုင်းခြင်းမရှိ ချက်ချင်းဓားဆွဲကာ ထိုလှောင်အိမ်ကို ခုတ်ပိုင်း ချလိုက်တော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
“ ဝေါ့ ... ။ ”
အကျိုးဆက်အနေဖြင့် ဝမ်ချွယ်ခမျာ ပါးစပ်အပြည့်သွေးအန်ပြီး ချက်ချင်း လွင့်စဉ် သွားတော့သည်။
“ ချွယ်အာ ... လက်နက်ချလိုက်ပါ မင်းကသခင်ပင်းမိုရဲ့ ဂျူနီယာညီမို့ စီနီယာက မင်းအသက်ကိုယူမှာ မဟုတ်ပါဘူး။ ”
ဆံပင်ဖြူဖြူ အဘိုးကြီးက ဝမ်ချွယ်ကို ဖျားယောင်းလိုက်၏။ ဝမ်ချွယ်မှ လျစ်လျူရှုပြီး ဓားဆွဲကာ လှောင်အိမ်ကို ထပ်မံချိုးဖြတ်ရန် ကြိုးစားတော့သည်။
“ ဟိတ် ... ။ ”
“ ကလန် ... ။ ”
“ ဝုန်း ... ။ ”
“ အဟွတ် ... အဟွတ် ... ဝေါ့ ... ။ ”
ရူးသွပ်သူတစ်ဦးအလား သွေးများ အန်ထွက်နေသည့်တိုင်အောင်ပင် ဓားချက်များ ဆက်တိုက် ထုတ်ဖော်ကာ လှောင်အိမ်ကို ချိုးဖြတ်နေခဲ့သည်။
သို့သော် လှောင်အိမ်ကြီးမှာ တစ်စတစ်စ မြေပြင်သို့ကျဆင်းလာပြီး သူ့ကိုအုပ်မိုးသွား၏။
“ ချွယ်အာ ... ။ ”
ထိုမြင်ကွင်းက ဝမ်ကျန့်ယွမ်ကို နှလုံးသားဆွဲဆုတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် ကူညီရန် ချက်ချင်းပြေးဝင်မိသည်။
“ အဖေ ... မလာနဲ့။ ”
“ ဝှစ် ... ။ ”
“ ဝုန်း ...။ ”
ဝမ်ချွယ်က ထိတ်လန့်တကြား အော်ဟစ်သတိပေးသည်။ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက နှာခေါင်းရှုံ့လျက် လက်ဝှေ့ရမ်းကာ ဖယ်ရှားပစ်လိုက်၏။ ဝမ်းကျန့်ယွမ်ခမျာ ထပ်မံ လွင့်စင်သွားပြန်သည်။
“ ဝမ်ချွယ်ကို မြန်မြန်ဖမ်း ... ။ ”
ဝမ်မိသားစုဝင်များက ချက်ချင်း လှုပ်ရှားလာတော့၏။ ဝမ်ကျန့်ယွမ်က မြေပြင်မှ ကုန်းရုန်းထကာ၊
“ ရပ်စမ်း ... သူရဲဘောကြောင်နေတဲ့ ငကြောက်တွေ မင်းတို့ငါ့သားကိုဖမ်းချင်ရင် ငါ့ကို အရင်ကျော်ဖြတ်ပါ။ ”
-ဟု အော်ဟစ်လိုက်၏။
ထိုမြင်ကွင်းကြောင့် ရွှေရောင်ဝတ်လုံနှင့် အဖိုးကြီးက စိတ်မရှည်တော့ဘဲ ဝမ်ချွယ်ထံသို့ လက်လှမ်းကာ တိုက်ရိုက်ဖမ်းဆွဲတော့သည်။
“ ဒီကမ္ဘာမှာ ဘယ်သူ ငါ့တပည့်ကိုထိရဲလဲ။ ”
သို့သော် အဝေးထံပါးမှ အေးစက်တည်ငြိမ်သော အသံတစ်သံသည် ဓားတစ်လက်အလား ပဲ့တင်ထပ်လာ၏။
“ ဘယ်သူလဲ ... ။ ”
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
တစ်ဆက်တည်းမှာပင် ထက်ရှသော ဓားအလင်းတစ်လက်သည် လှောင်အိမ်ပေါ်သို့ ကျဆင်းလာပြီး အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်တော့၏။
ဤမြင်ကွင်းကြောင့် ရွှေရောင်ဝတ် အဘိုးအိုခမျာ မျက်ခုံးပင့်လျက် ရန်တန့်လိုက်ပြီး ချက်ချင်းလှည့်ကြည့်လိုက်မိသည်။
ကျောက်စိမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားသော ထည်ဝါခန့်ညားလွန်းသည့် လူငယ်တစ်ယောက် လက်နှစ်ဖက်နောက်ပို့ကာ တဖြည်းဖြည်း လျှောက်လှမ်းလာနေ၏။
နတ်ဘုရားတစ်ပါး သေမျိုးကမ္ဘာသို့ ဆင်းသက်လာသည့်အလား လူတိုင်း၏အာရုံကို တစ်ခဏချင်း ဖမ်းစားသွားလေသည်။
“ ဆရာ ... ။ ”
ဓားတစ်ချက်တည်းဖြင့် နိဗ္ဗာန်ဝိညာဉ် ဥပဒေနှင့်ဖန်တီးထားသော လှောင်အိမ်ကြီးခမျာ ပျက်စီးသွားသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း အသက်ရှူကြပ်ကုန်၏။
“ အကြီးအကဲစုလား။ ”
ဝမ်ကျန့်ယွမ်သည် မြေပြင်မှ အလူးအလဲထရပ်ကာ အံ့အားသင့်စွာဖြင့် လူငယ်ထံ ငေးကြည့်လိုက်၏။
ဆံပင်ဖြူအဘိုးအိုနှင့် အခြားသော ဝမ်မျိုးနွယ်စုဝင် အကြီးအကဲများသည်လည်း မျက်နှာပျက်ယွင်းကုန်တော့သည်။
သူတို့မျက်ဝန်းများတွင် သံသယနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး တစ်ခုခု မှားယွင်းနေခဲ့ပြီဖြစ်ကြောင်း နားလည်၏။
မိုးကြိုးနတ်ဘုရားဂိုဏ်း၏ မဟာအကြီး အကဲရှဲ့ယွမ်ချွမ်သည် ဤသတင်းကို သိရှိပြီးဖြစ် သော်လည်း မသက်မသာဖြစ်နေဆဲပေပင်။
ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုသာလျှင် နတ်ဘုရားတစ်ပါးအလား ထည်ဝါနေသည့် လူငယ်ကို မြင်လိုက်ရချိန်၌ အေးစက်သော အလင်းတန်းများ တောက်ပလာ၏။
“ ဆရာ ... ။ ”
ဤအချိန်တွင် ဝမ်ချွယ်သည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာခဲ့သည်။
ကျောက်စိမ်းရောင်ဝတ် ဤလူငယ်သည် ရင်းနှီးခြင်း မရှိသော်လည်း ရောင်ဝါနှင့်အပြုအမူ အရ ဆရာသခင်နှင့် တစ်ထပ်တည်းကျနေ၏။
အဖူးသဖြင့် ယွီလောင်၊ ပိုင်ရီနှင့် အကြီးအကဲဝမ်ကို လူငယ်နောက်တွင် မြင်လိုက် ရသောအခါ ပို၍သေချာသွားတော့သည်။ စုရီက ဒဏ်ရာကင်းမဲ့နေသော သူ့တပည့်ကိုမြင်ချိန်၌ သက်သာရာရသွားပြီး ခေါင်းညိတ်ပြလျက်၊
“ မင်း အဆင်ပြေရင် ... ငါစိတ်အေးရပြီ ကျန်တာငါ့ဆီထားလိုက်တော့။ ”
-ဟု ပြောကြားလိုက်တော့၏။
“ ဟုတ်ကဲ့ ... ။ ”
ဝမ်ချွယ်က အသက်ပြင်းပြင်းရှူကာ စုရီထံဦးညွှတ်လိုက်ပြီး သွေးများပေကျံနေသော သူ့ဖခင်ထံလှည့်ကြည့်လိုက်၏။
“ အဖေ အဆင်ပြေလား။ ”
ဝမ်ကျန့်ယွမ်က ခေါင်းညိတ်လျက် သူ့အနားလျှောက်လှမ်းလာသည်။ အကြီးအကဲ ဝမ်က အနားလျှောက်လှမ်းသွားပြီး ဝမ်ကျန့်ယွမ်ကို ဖေးမပေးလိုက်၏။
ထိုမြင်ကွင်းကြောင့် ဝမ်မိသားစုဝင် အကြီးအကဲများခမျာ ထိတ်လန့်တကြားဖြစ်ကုန် တော့၏။ ရွှေရောင်ဝတ်ရုံနှင့် အဖိုးအိုက မျက်မှောင်ကြုတ်သွားသည်။
“ ဘာတွေဖြစ်နေတာလဲ။ ”
ဆံပင်ဖြူဖြူနှင့် အဖိုးအိုက ရှုပ်ထွေးသောအသွင်ဖြင့် ရေရွတ်လိုက်၏။ နတ်ဆိုးတစ်သောင်း တောင်တန်း၏ တိုက်ပွဲ သတင်းကို သူ မသိရှိသေးချေ။
“ ဘာဖြစ်ရမှာလဲ မင်းတို့နဲ့ပင်းမို ထောင်ထားတဲ့ ထောင်ချောက်ကြီးကျရှုံးသွားပြီ ဒီကိစ္စမှာပါဝင်တဲ့ လူတိုင်းအတွက် ငါ့ဆရာက တန်ဖိုးတစ်ခု ပြန်ယူဖို့လာခဲ့တာပဲ။ ”
ပိုင်ရီက ဒေါသတကြီးအော်ဟစ်လျက် လက်ဝှေ့ရမ်းပြီး သတိလစ်နေသောဝမ်မိသားစု အကြီးအကဲသုံးဦးကို ပစ်ချပေးလိုက်၏။
ယင်းကြောင့် ဝမ်မျိုးနွယ်စုဝင်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ တစ်ညလုံး ပင်းမိုထံမှသတင်းကို စောင့်မျှော်နေခြင်းဖြစ်၏။
ယခုကဲ့သို့ သူတို့ရှုံးနိမ့်သွားသည့် သတင်းကိုရှေ့မှောက်တွင် ကြားရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
စုရီက ထိတ်လန့်အံ့ဩနေသော ဝမ်မျိုးနွယ်စုအကြီးအကဲများကို လျစ်လျူရှုပြီး ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုထံ လှမ်းကြည့်၏။
ဤလူသည် နှလုံးသားပြခန်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက် ဖြစ်ကြောင်း သူ သိထားသည်။ တစ်ဖက်လူသုံးခဲ့သော ဥပဒေသသည် များစွာလေးနက်နေ၏။
ရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုသည်လည်း လက်နှစ်ဖက်နောက်ပို့ကာ ရပ်နေသောစုရီထံသို့ စစ်ဆေးကြည့်လျက်၊
“ ဒါဆို မင်းကစုရီပေါ့ ... ကောင်းပြီ နောက်ဆုံးတော့ မင်းရောက်လာပြီပဲ ငါမင်းနဲ့ အပေးအယူလုပ်ဖို့ ရောက်လာခဲ့နေတာ မင်းစိတ်ဝင်စားလား။”
-ဟု ပြောကြားလာ၏။
ဝမ်မျိုးနွယ်စုဝင်များသည် ဤအကြီးအကဲသည် စုရီနှင့်အပေးအယူလုပ်ရန် လာခြင်းဖြစ်ကြောင်း သိရှိလိုက်ရသောအခါ ကမ္ဘာပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ အကြီးအကဲမင် ... ငါတို့ကို အကာအကွယ်ပေးဖို့ သခင်ပင်းမိုက သဘောတူ ထားတယ် မဟုတ်လား။ ”
အဆုံး၌ ဆံပင်ဖြူဖြူနှင့် အဖိုးအိုသည် သည်းမခံနိုင်တော့ဘဲ ထုတ်ဖော်မေးမြန်းသည်။ ရွှေရောင်ဝတ်အဖိုးအိုက နှာခေါင်းရှုံ့လျက်ဖြင့်၊
“ ဟမ့် ... မင်းရဲ့ အရှုပ်ထုတ်တွေကို ဖြေရှင်းဖို့ ငါဒီမှာမဟုတ်ဘူး ... မင်းမကျေနပ်ရင် ပင်းမိုဆီသွားပြီး အကူအညီတောင်းနိုင်တယ်။ ”
-ဟု တုန့်ပြန်လိုက်၏။ ထိုအဖြေကြောင့် ဝမ်မိသားစုဝင်များသည် ယုန်သူငယ်များအလား တုန်ယင်လျက် စကားမပြောနိုင် ဖြစ်ကုန်သည်။
“ မင်းဘာလိုချင်လဲ ပြောပါ။ ”
တစ်ဖက်တွင် စုရီသည်လည်း သူ့ရှေ့မှ မြင်ကွင်းအပေါ် စိတ်မရှည်တော့ဘဲ တိုက်ရိုက် မေးမြန်းလိုက်သည်။ ရွှေရောင်ဝတ်ရုံနှင့် အဖိုးအိုက ပြန်လှည့်ကြည့်လာပြီး၊
“ မင်းတပည့်မလေး ကျင်းခွိုက်ရဲ့ ... အသက်နဲ့ ငါတို့ဂိုဏ်းက ရတနာတစ်ပါးဖြစ်တဲ့ ကြယ်တာရာ ကောင်းကင်တိုက်ပွဲမြေပုံကို လဲလှယ်ရအောင်။ ”
-ဟု ဖြေကြားလိုက်၏။
သူ့စကားကြောင့် ယွီလောင်၊ ပိုင်ရီနှင့် ဝမ်ချွယ်တို့သည် စိုးရိမ်ထိတ်လန့်သွားကြသည်။ ကျင်းခွိုက်ဟူသည် သူတို့၏ စတုတ္ထမြောက် ဆရာတူအစ်မဖြစ်၏။
“ သဘောတူတယ်။ ”
တစ်ဖက်တွင် စုရီမှတွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းသဘောတူလိုက်ပြီး တိုက်ပွဲမြေပုံကို ထုတ်ပေးလိုက်သည်။
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက နိဗ္ဗာန်ဝိညာဉ်ဥပဒေဖြင့် တိုက်ပွဲမြေပုံအပေါ် သိုင်းခြုံစစ်ဆေးကြည့်ကာ ပြန်လည် သိမ်းဆည်းလိုက်တော့၏။
“ စုရွှမ်ကြွယ် ငါမင်းကိုလှည့်စားမှာ မကြောက်ဘူးလား။ ”
ပြီးသည်နှင့် ရွှေရောင်ဝတ်အဖိုးအိုက စုရီထံမော့ကြည့်ပြီးမေး၏။ စုရီမှဂရုမစိုက်ဘဲ၊
“ မင်း သေမှာ မကြောက်ရင်စမ်းကြည့်နိုင်တယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
“ ဟားဟားဟား ... ကောင်းပြီ မင်းငါ့ကို အနိုင်ယူနိုင်ရင် ... မင်းတပည့် ဘယ်မှာရှိနေလဲ ငါပြောပြမယ် ဘယ်လိုလဲ။ ”
ဤလူငယ်သည် ရွှမ်ကျောက်အဆင့် ဧကရာဇစ်မျှသာဖြစ်သဖြင့် အခွင့်အရေးရချိန်၌ စမ်းကြည့်ရန် စိတ်ကူးရလာသည်။ သို့သော် စုရီမှ စိတ်မဝင်စားဟန်ခေါင်းရမ်းပြ၏။
“ မဟုတ်ဘူး ... ငါတို့တိုက်ရင် အနိုင်အရှုံးဆိုတာမရှိဘူး အသက်နဲ့သေခြင်းပဲ ဖြစ်လာလိမ့်မယ်။ ”
***