← Chapters

ကောင်းကင်နှင့် မြေကြီးကြား နတ်ဘုရားတစ်ပါး ဆင်းသက်လာခြင်း။

Vol. 73 Ch. 876

ကောင်းကင်နှင့် မြေကြီးကြား နတ်ဘုရားတစ်ပါး ဆင်းသက်လာခြင်း။

Vol. 73 Ch. 876

ဓားစွမ်းအင်များ ဆင်းသက်လာပြီး ထျန်းဝူနတ်တောင်ကြီးတစ်ခုလုံး ပြင်းထန်စွာ ယိမ်းထိုးဟိန်းဟောက်သွားသည်။

“ ဝုန်း ... ။ ”

ပြိုင်ဘက်ကင်း ဓားစွမ်းအင်သည် ထျန်းဝူနတ်တောင်ကို ဖုံးအုပ်ထားသော ဝင်္ကပါ အပေါ် ပြင်းစွာ ကျရောက်သွားပြီး ပြိုလဲမှု လက္ခဏာများ ပြသလာခဲ့၏။

ဝင်္ကပါကို စောင့်ကြပ်နေသော ဧကရာဇ်များသည် အတွင်းအင်္ဂါများတုန်ခါပြီး ဒဏ်ရာရရှိသွားကာ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

“ ကြောကစရာ ကောင်းလိုက်တဲ့ဓား။ ”

ထျန်းဝူနတ်တောင်ကို ဖုံးအုပ်ထားသော ဝင်္ကပါသည် ရွှမ်းဟဲအဆင့်ကျွမ်းကျင်သူအပေါ် သတ်ဖြတ်ရန် လုံလောက်ချေပြီ။

ယခုမူ ဓားတစ်ချက်တည်းဖြင့် ကျိုးပဲ့လုနီးပါးဖြစ်သွားရ၏။ လူတိုင်း စဉ်းစားရန် အချိန်မရှိကြတော့ဘဲ ဝင်္ကပါကိုအစွမ်းကုန် လှည့်ပတ်ကာ ဥပဒေစည်းမျဉ်းအပေါ် ချေဖျက်လိုက်ရသည်။

ဝင်္ကပါအကာအကွယ်အောက်တွင် ပင်းမိုတစ်ယောက် ပြင်းစွာဒဏ်ရာရရှိနေကာ ချွေးအေးများဖြင့် နှလုံးခုန်သံမြန်နေ၏။

ထိုဓားသည် မည်မျှ ကြောက်စရာ ကောင်းကြောင်း မျက်နှာချင်းဆိုင် ပစ်မှတ်ထား ခံရသည့် သူသာလျှင် အသိဆုံးဖြစ်၏။

ကောင်းကင်နှင့် မြေကြီးကြား အရာခပ်သိမ်းဆုတ်ခွာကုန်ပြီး ကြည့်ရှုသူများကို အံ့အားသင့်ဆွံ့အစေသည်။

ပင်မိုးသည် ဓားသုံးချက်ကိုပင် မခံနိုင်တော့ဘဲ ဝင်္ကပါအတွင်းသို့ ဆုတ်ခွာ၏။ စုရီခွန်အားသည် အထင်ကြီးစရာပေပင်။

အစောပိုင်း မောက်မာမှုအပြည့်ဖြင့် ပင်းမိုသည် ပြင်းထန်စွာဒဏ်ရာရရှိသွားကာ ကြွက်တစ်ကောင်အလား ဝင်ပြေးသွားသည်မှာ အလွန်ရယ်စရာကောင်းနေ၏။

“ လူပြက် တစ်ယောက်ပဲ ... ။ ”

အဆိပ်ဘုရင်က လုံးဝမထီမဲ့မြင်ပြုကာ လှောင်ပြောင်လိုက်သည်။ ကျန်အဖိုးကြီးများ သည်လည်း တိတ်ဆိတ်လျက် သူ့စကားကို ထောက်ခံနေကြ၏။

တိုက်ပွဲမြင်ကွင်းသည် သူတို့ကို အလွန်စိတ်လှုပ်ရှားစေသည်။ ဤတာအိုဥပဒေ အပေါ် သူတို့ မမြင်ဖူးချေ။

ဓားသုံးချက်သည် ကနဦးရွှမ်​ဟဲအဆင့် ကျင့်ကြံသူတစ်ဦးကိုသတ်ရန် လုံလောက်ပြီး အလွန်ကြောက်စရာ ကောင်းလွန်းခဲ့သည်မှာ ထိုဆန်းပြားသော အစွမ်းကြောင့်ပေပင်။

ပင်းမိုဟူသည် မျိုးဆက်ဟောင်း အဖိုးကြီးအများစုထက်ပင် များစွာသာလွန်သည့် ခွန်အားကိုပိုင်ဆိုင်ထားသည်။ သို့သော် ထိုဆန်းပြားသော ဥပဒေစည်းမျဉ်းရှေ့တွင် ကြွက်စုတ်ကဲ့သို့ အဆုံးသတ်သွား၏။

“ ရွှမ်ကျောက်အဆင့် ကျင့်ကြံမှုနဲ့ အစောပိုင်းရွှမ်ဟဲဧကရာဇ်ကို အမှန်တကယ် အနိုင်ယူနိုင်တာလား ...

... အကြီးအကဲစု ပြန်ဝင်စားပြီး ရှာဖွေခဲ့တဲ့လမ်းက တကယ့်ကိုမယုံနိုင်အောင် အံ့သြဖွယ်ကောင်းလွန်းနေတာပဲ။ ”

ယန်စုနီခမျာ အံ့အားသင့်လျက်ဖြင့် ထိုနေရာတွင် မှင်သပ်နေခဲ့လေသည်။ သူမသည် ဓားသမားတစ်ဦးဖြစ်ပြီး အရိုင်းမြေကိုးပါး၌ သြဇာအာဏာရှိ၏။

ယခုမူ စုရီ၏ ဓားရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ ကြောက်ရွံ့ရိုသေမှု အပြည့်ဖြင့် ငေးကြည့်နေခဲ့သည်။

ထိုစဉ် ထျန်းဝူနတ်တောင် တားမြစ် ဝင်္ကပါအတွင်းပုန်းနေသောပင်းမိုသည် အသက် ပြင်းပြင်းရှူကာ၊

“ ဒီနေ့တိုက်ပွဲက အခုမှစတာ။ ”

-ဟု အော်ဟစ်လိုက်သည်။

“ ဝမ် ... ။ ”

သူ့စကားဆုံးသည်နှင့် ငါးပါးသော တာအိုဂိုဏ်း၏ဧကရာဇ်များသည် ဝင်္ကပါကို အပြည့်အဝ အသက်သွင်းလိုက်၏။

“ ဂျိန်း ... ။ ”

လေနှင့်မိုးအရောင်ပြောင်းကာ မိုးကြိုးများ မြည်ဟည်းလာကာ ထျန်းဝူနတ်တောင်အနှံ့ အပူရှိန်မြင့်တက်လာ၏။

“ ဟမ့် ... ဘယ်လောက်တောင် လိမ္မာပါးနပ်လိုက်လဲ ဝင်္ကပါထောက်ပံ့ဖို့အတွက် ထျန်းဝူနတ်ဘုရားတောင်ရဲ့ အနှစ်သာရကို အသုံးပြုနေတာပဲ။ ”

ဘီလူးအိုကြီးတစ်ကောင်က မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထျန်းဝူ နတ်တောင်သည် အရိုင်းမြေကိုးပါးတွင် ထိပ်တန်းကောင်းချီးမြေဖြစ်၏။

ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝပြီး ကျင့်ကြံမှုလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ပေးနိုင်သည့် အရင်းအမြစ်များရှိသည်။

ဤသို့အနှစ်သာရကို ထုတ်ယူခြင်းဖြင့် တိုက်ပွဲအပြီးတွင် မည်မျှပျက်စီးသွားနိုင်မည်ကို မတွေးဆနိုင်တော့ချေ။

“ ဝူး ... ။ ”

မီးလျှံများ ပေါက်ကွဲထွက်လာပြီး ဝင်္ကပါစွမ်းအင်၏ ကြောက်မက်ဖွယ်ရာ စွမ်းအင် လှိုင်းများ ပြည့်နှက်လာသည်။

ထိုစွမ်းအင်လှိုင်းနှင့် မီးတောက်များက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကားလျက်ဖြင့် ကမ္ဘာပျက်နေမည့်မြင်ကွင်းမျိုး ပုံဖော်နေ၏။

“ ဘယ်လောက် ကြောက်စရာကောင်းလဲ။ ”

အဆိပ်ဘုရင်ထျန်းဝူကဲ့သို့သော တွင်းအောင်းသတ္တဝါကြီးတစ်ဦးပင် မျက်နှာ ပြောင်းလဲသွားလေသည်။

ရတနာနယ်​မြေတစ်ခုလုံးကို အပြည့်အဝ အသက်သွင်းလိုက်သောအခါ စွမ်းအားများသည် မယုံနိုင်စရာကောင်းအောင် များပြား၏။

စုရီတစ်ယောက် ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။ ထျန်းဝူနတ်တောင်ရှိ ဝင်္ကပါသည် ရွှမ်ကြွယ်မဟာမိတ်အဖွဲ့၏ အကာအကွယ်ခံတပ်ဖြစ်၏။

ဤသို့တိုက်ပွဲဝင် သတ်ဖြတ်ခြင်း ဝင်္ကပါအဖြစ် ပြောင်းလဲအသုံးပြုနေသည်မှာ ပင်းမိုတွင် ဝှက်ဖဲအနည်းငယ်သာ ကျန်ရှိ တော့ကြောင်း ထင်ရှားစေသည်။

စစ်မှန်သော ခွန်အားရှေ့တွင် အရာအားလုံးသည် အသုံးမဝင်လှကြောင်း သူ့တပည့် သိရှိသွားပုံရ၏။ သို့တိုင် ဝင်္ကပါသုံးပြီး သူ့ကိုအနိုင်ယူရန် မိုက်မဲနေဆဲပေပင်။

“ ဝှစ် ... ။ ”

နှောင့်နှေးခြင်းမရှိဘဲ လရိပ်ဓားကို ဝှေ့ယမ်းကာ တိုက်ပွဲဝင်တားမြစ်ဝင်္ကပါဆီသို့ ပြေးဝင်သွားလိုက်သည်။

“ သတ် ... ။ ”

ပင်းမိုထံမှ ကျယ်လောင်သော ဟိန်းဟောက်သံ ပဲ့တင်ထပ်လာ၏။ တောင်ကြီး တစ်ခုလုံး သက်ဝင်လာသကဲ့သို့ လှုပ်ရှားလာပြီး စွမ်းအင်လှိုင်းများ မြင့်တက်ပျံ့နှံ့သွားသည်။

ကြီးကျယ်ခမ်းနားသော နတ်ဘုရားမီးလျှံများသည် မိုးရွာချသည့်အလား ပြေးဝင်လာနေသော စုရီထံ ဖုံးလွှမ်း သွားတော့၏။

ဤမြင်ကွင်းသည် စုရီကိုယ်စား လူပေါင်းများစွာကို အသက်ရှူမဝအောင် ဖြစ်စေခဲ့သည်။

သူတို့သာဆိုသော် ​ဤသို့ပြင်းထန်သော တိုင်ပွဲဝင်သတ်ဖြတ်မှုဝင်္ကပါနှင့် ရင်ဆိုင်ရပါက ကြောက်လန့်တကြား ထွက်ပြေးမိပေမည်။

စုရီမှာမူ သူတို့မဟုတ်ချေ။ ထို့ကြောင့် ကြောက်ရွံ့မှုကင်းပြီး ဝင်္ကပါအတွင်း တည့်တည့် တိုးဝင်နေသည်။

“ ဟားဟားဟား ... ဆရာ မင်းရဲ့မာနက အရင်အတိုင်းမပြောင်းလဲဘူး ရှေ့မှာကပ်ဘေး ကျရောက်နေတယ်ဆိုတာကို သိရဲ့နဲ့တောင် မင်းမိုက်ရူးရဲဆန်နေတုန်းပဲ။ ”

ပင်းမိုက စုရီ၏ ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်မှုအပေါ် ကျေနပ်စွာဖြင့် လှောင်ပြောင် ရယ်မောလိုက်သည်။

သူ့ဆရာ၏ စိတ်နေစိတ်ထားအရ ဤသို့သတ်ဖြတ်မှုပုံစံမျိုးနှင့် ရင်ဆိုင်ရလျှင်ပင် ဆုတ်ခွာမည်မဟုတ်ကြောင်းကို သူ ကြိုတင် ခန့်မှန်းထားနိုင်၏။

“ အားလုံးပဲ ... မင်းတို့ရဲ့ ခွန်အားကို အဆုံးစွန်ထိ ထုတ်လွှတ်ကြပါ ငါ့ဆရာသခင်က ကောင်းကင်သန့်စင်ခြင်း ဝင်ကမ္ဘာပုံစံရဲ့ စွမ်းအားကို ခံစားကြည့်ချင်နေတယ်။ ”

“ ဝုန်း ... ။ ”

သူ့စကားဆုံးသည်နှင့် ဝင်္ကပါအတွင်းမှ မိုးကြိုးပစ်သံများထွက်ပေါ်လာပြီး မီးလျှံများ ပေါက်ကွဲထွက်လာကာ မယုံကြည်နိုင်စရာ ဖြစ်စဉ်များ စုရီအပေါ် ပြိုကျသွားသည်။

ထိုမြင်ကွင်းကြောင့် ပင်းမိုသည် ဒဏ်ရာများကိုကုသရန် ဆေးပြားများကို မျိုချ လိုက်တော့၏။

ကောင်းကင်သန့်စင်ခြင်း ဝင်္ကပါပုံစံကို ရွှမ်ကျောက်ဧကရာဇ်(၇၂)ပါး၊ ရွှမ်ယုဧကရာဇ် (၂၄)ပါးနှင့် ကနဦးရွှမ်ဟဲအဆင့်ဧကရာဇ် (၃)ပါး စွမ်းအားဖြင့် လည်ပတ်ထားသည်။

၎င်းအတွက် နိဗ္ဗာန်ဝိညာဉ်ဥပဒေကို အနည်းငယ်မျှပေးအပ်ထားပြီး တောင်ကြီး၏ မူလဝိညာဉ်သွေးပြန်ကြောထံမှ စွမ်းအား အရင်းအမြစ်များ ထုတ်ယူထား၏။

ထို့ကြောင့် သူ့အမြင်တွင် အထွတ်အထိပ် ရွှမ်ဟဲအဆင့်ဧကရာဇ်တစ်ပါး မရောက်လာပါက ဤဝင်္ကပါတွင် ပိတ်မိနေသူ မည်သူမဆို လုံးဝသန့်စင်ခံရမည်ဖြစ်သည်။

အဝေးရှိ ပွဲကြည့်ပရိသတ်များသည် ခံစားချက်များ အလွန်အေးစက်ပြီး နှလုံးသား တဒိန်းဒိန်းခုန်နေတော့၏။

“ စိတ်ဝင်စားစရာပဲ ... ။ ”

စုရီသာလျှင် ဆူပွက်နေသော တိုက်ပွဲဝင်ရည်ရွယ်ချက်များ ပေါက်ကြားကာ သူ့ကို ဖုံးလွှမ်းလာသည့် မီးပင်လယ်အပေါ် တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။

“ ရွှပ် ... ။ ”

ကျင့်ကြံမှုစွမ်းအားသည် ကျယ်ပြန့်သော သမုဒ္ဒရာအလား အပြည့်အဝအသက်ဝင်လာပြီး အထွတ်အထိပ် ရောက်ရှိလာ၏။

ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပပြီးသန့်စင်သော အလင်းရောင်ဖြင့် သိုင်းခြုံပေးနေကာ ယခင်ထက် သာလွန်သည့် လွှမ်းမိုးမှုပြသလာသည်။

“ ကလန် ... ။ ”

“ ချွင် ... ။ ”

လရိပ်ဓားသည် သွေးကို တောင့်တလွန်းနေသော သားရဲကြီးတစ်ကောင် အော်ဟစ်နေသံကဲ့သို့ ကျယ်လောင်စွာ မြည်ကျွေးတော့၏။

အဆုံးသတ်ဥပဒေနိယာမ၏ လျှို့ဝှက် ဆန်းကြယ်သောစွမ်းအားများသည် ဓားဖျားမှ မှင်မျာအလား ယိုစီးကျလာသည်။ ယင်းသည် အဆုံးမဲ့ ချောက်ကမ်းပါးတစ်ခုကဲ့သို့ မီးပင်လယ်ကို ဝါးမြိုတော့၏။

“ ဝုန်း ... ။ ”

ပေတစ်ထောင်ရှည်လျားပြီး အမှောင်တွင်းနက်ကြီးကဲ့သို့သော ဥပဒေ စည်းမျည်းသည် ကောင်းကင်ကို မျိုချလိုသည့် ရေဝဲကြီးအလား ပေါ်လာခဲ့၏။

“ အားစိုက်ပါ ... ။ ”

“ မြန်မြန် ... ခွင့်မပြုနဲ့။ ”

တိုက်ပွဲဝင်ဝင်္ကပါစွမ်းအားများသည် အရပ်လေးမျက်နှာမှထွက်ပေါ်လာပြီး ထိုဓား အပေါ် ချက်ချင်းဖိနှိပ်တော့သည်။

ဝင်္ကပါကို ထိန်းချုပ်နေသော ရွှမ်ဟဲ ဧကရာဇ်များက အော်ဟစ်သတိပေးလာသည်။ သို့သော် ထိုဖိအားအောက်တွင် ဓားအလင်းသည် ရုန်းကြွလျက် ဝင်္ကပါစွမ်းအားကို ပူဖောင်းများ ကဲ့သို့ ချက်ချင်းပေါက်ကွဲသွားစေတော့၏။

“ ဘောင်း ဘောင်း ဘောင်း ... ။ ”

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ဓားအလင်းသည် ပြင်းစွာတုန်ခါလျက် သက်ရောက်မှုများလျော့ကျသွားခြင်း မရှိသဖြင့် ဧကရာဇ်များခမျာ တုန်လှုပ်အံ့အားသင့် သွားလေသည်။

သူတို့သည် နတ်ဓားရှင်အပေါ် အလေးအနက်ထားသဖြင့် ဝင်္ကပါစွမ်းအားကို အထွတ်အထိပ်အထိ ထုတ်ယူခဲ့၏။

သို့သော် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအပေါ် လျှော့တွက်နေမိဆဲပေပင်။

ဓားတစ်ချက်တည်းဖြင့် အရပ်လေးမျက်နှာထံမှ ဝင်ရောက်ခဲ့သော သတ်ဖြတ်ခြင်းစွမ်းအားကို ချိုးဖျက် ပစ်လိုက်သည်။

“ အာရုံ ... မပျံ့လွင့်နဲ့ ... ။ ”

ရွှမ်ယုဧကရာဇ်တစ်ပါးက အော်ဟစ် လိုက်သည်။ ပြိုင်ဘက်သည် ကောင်းကင်ဘုံကို ဆန့်ကျင်သော စွမ်းအားရှိနေ၏။

ထို့ကြောင့် မည်သည့်အရာကိုမျှ မဖုံးကွယ်တော့ဘဲ ဝင်္ကပါကိုထပ်မံမြှင့်တင်ကာ ဓားစွမ်းအင်ကို ချေဖြတ်ပစ်လိုက်သည်။

များမကြာခင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုပေါ်လာ၏။ ကောင်းကင်နှင့် မြေကြီးပြင်းစွာတုန်ခါလာပြီး တာအိုတေးသံများ ပဲ့တင်ထပ်လျက် နတ်မီးလျှံအချို့ တဟုန်ထိုး တောက်လောင်လာချေပြီ။

“ ဝုန်း ... ဝုန်း ... ။ ”

အကြွင်းအကျန် စွမ်းအင်လှိုင်းလုံးများ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ တောင်နှင့်မြစ်များ ပြိုလဲကုန်‌တော့၏။ ကျောက်တုံးနှင့် သစ်ပင်များ ပြာအဖြစ် ပြောင်းလဲကုန်သည်။

အဝေးမှကြည့်ရှုနေသည့် လူအများအားလုံးသည် ကြောက်ရွံ့ထိတ်လန့်ပြီး လွတ်ရာသို့ ထပ်မံ ရှောင်ရှားလိုက်ကြ၏။

“ သွား ... ။ ”

မဟုတ်သော် အကျိုးဆက်များသည် မယုံနိုင်စရာပေပင်။ များမကြာခင် စုရီသည် ဓားကိုင်ဆွဲလျက် ဓားစွမ်းအင်လှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့၏။

“ ရွှပ် ရွှပ် ရွှပ် ... ။ ”

သူ့ တိုက်ခိုက်မှုတိုင်းသည် ကြီးမားများပြားသောစွမ်းအားကို ပိုင်ဆိုင်ပြီး ပြိုင်ဘက်ကင်းလွှမ်းမိုးမှုများ ပါရှိသည်။

ဆန့်ကျင်ဘက်အနေနှင့် ဧကရာဇ်များ၏ မျက်နှာသည် လွန်စွာတုန်လှုပ်နေပြီး ဒေါသများ ပြည့်နှက်လာတော့၏။

သူတို့အားလုံး၏ ကျင့်ကြံမှုခွန်အားနှင့် ရတနာတောင်ကြီးတစ်ခုလုံး၏ အနှစ်သာရများ ထုတ်ယူထားသည့်တိုင် ပြိုင်ဘက်အပေါ် မနှိမ်နင်းနိုင်သည်မှာ အဓိပ္ပါယ်မရှိချေ။

ဆန့်ကျင်ဘက်အနေနှင့် ပြိုင်ဘက်ကင်း တိုက်ပွဲဝင် သတ်ဖြတ်ခြင်း ဝင်္ကပါကြီးသည်ပင် အဆက်မပြတ် ယို့ယွင်းလာနေသည်။

ဒဏ်ရာများကို ထိုင်လျက် ကုစားနေသော ပင်းမိုသည်ပင် သူ့လက်ချောင်းကို မသိစိတ်ဖြင့် ဆုပ်ကိုင်ထားပြီး စိုးရိမ်ပူပန်လာ၏။

“ နှမြောစရာပဲ။ ”

ရုတ်တရက် စုရီထံမှ မှတ်ခံပေးသံ ထွက်ပေါ်လာကာ မည်သူမျှတုံ့ပြန်ခြင်းမပြုမီ အလင်းတန်းတစ်ခုအလား အမြင့်ဆီသို့ ထပ်မံပျံတက်သွားသည်။

တစ်ဆက်တည်းမှာပင် ဓားဖျားကို မြေပြင်သို့ညွှန်ပြလျက် ထိုးသွင်းဖြစ်တော့၏။ ထက်ရှသော ဓားရည်ရွယ်ချက်တစ်ခု အရပ် မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားလေသည်။

“ ဘုန်း ... ။ ”

နားကွဲမတတ် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွား၏။ ထက်ရှသော ဓားအလင်း တစ်လက်သည် ဝင်္ကပါအားနည်းချက်ထံ တည့်တည့်ပြေးဝင်သွားသည်။

“ ခရစ် ... ။ ”

အလွှာပေါင်းများစွာဖြင့် ဖန်တီးထားသောလေထု၌ ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။

“ မကောင်းတော့ဘူး မြန်မြန် ... ။ ”

ကြွေထည်မျက်နှာပြင်ပေါ်တွင် ပျံ့နှံ့နေခဲ့သည့် အက်ကြောင်းအလား ချက်ချင်း ကြီးမားလာကာ အဆုံး၌ပေါက်ကွဲသွားသည်။

ဝင်္ကပါအောက်တွင် နေရာယူထားသော ဧကရာဇ်များသည် ဟာရီကိန်းမုန်တိုင်းအတွင်း ပိတ်မိသွားသော ကောက်ရိုးမျှင်များအလား လွင့်ပျံသွားကြတော့၏။

ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ချေ။

တစ်ဖက်တွင် ဝင်္ကပါအလယ်တွင် စုရီတစ်ယောက် လရိပ်ဓားကိုကိုင်လျက်ဖြင့် လေထုအလယ်ရပ်တန့်နေခဲ့သည်။

သူ့ဝတ်ရုံစများသည် အစွန်းအထင်း ကင်းစင်နေပြီး တောက်ပလွန်းသောရောင်ဝါဖြင့် တဖျပ်ဖျပ်ခတ်နေတော့၏။

***

All Chapters