အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း။ ၁၃၅
ခဏအကြာတွင် လုံယီသည် အိမ်အတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ရှောင်ချန်းသည် သူ့အား သံသယမျက်လုံးများဖြင့် အကဲခတ်ကြည့်ရှုပြီးနောက် အခန်းတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။
ဤတစ်ကြိမ်တွင် လုံယီသည် မြေနဂါးအဆီအနှစ်အကြော ကို မရရှိခဲ့သော်လည်း အချည်းနှီးတော့ မဟုတ်ခဲ့ပေ။ ထိုအမျိုးသမီးအား စနောက်ကျီစယ်ခဲ့သည်ကိုမူ ထည့်တွက်ရန်မလိုပေ။ထျန်းစူးရှီ၏ ပြောပြချက်အရ သူမသည် ရတနာနှင့်ပတ်သက်သော သဲလွန်စများကို ရှာဖွေတွေ့ရှိထားပြီဖြစ်ရာ နောက်ထပ်ရက်အနည်းငယ်အတွင်း ထိုရတနာကို ပိုင်ဆိုင်နိုင်ရန် ယုံကြည်မှုအပြည့်ရှိနေသည်။ ထို့ပြင် လုံယီသည် သူမ၏ ငယ်နာမည်မှာ စူးရှန်းကျီဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။ ထိုအမည်ကို သူမငယ်နာမည်ဘယ်သူလဲဟူသည်မှာမူ ပြင်ပလူများ သိရန်မလိုအပ်သော ကိစ္စရပ်ပင်။
အရှိန်ပြင်းသော မြင်းတစ်စီးကို စီးနင်းလျက် တစ်ရက်ခန့်အကြာတွင် လုံယီသည် သားရဲတစ်ရာတောင်တန်းရှိ သားရဲလိုက်လံဖမ်းဆီးရေး ကင်းစခန်း၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။ စခန်းအတွင်းရှိ အခြေအနေမှာ ယခင်နှင့်မတူဘဲ တိတ်ဆိတ်ခြောက်ကပ်နေပြီး လူတိုင်းသည် အရေးတကြီး လှုပ်ရှားသွားလာနေကြကာ မျက်နှာများမှာလည်း တည်ကြည်လေးနက်နေကြသည်။
“အားးးးး”
နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ လုံယီနှင့် အတော်အတန် ရင်းနှီးသော လူငယ်ဓားသမားလေးတစ်ဦးဖြစ်ပြီး ယခုအခါ လူနာထမ်းစင်ပေါ်တွင် နာကျင်စွာ လဲလျောင်းနေရသည်။ သူ၏ ခြေထောက်တစ်ဖက်မှာ ပြတ်တောက်နေပြီး သွေးချင်းချင်းနီနေသော မြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါအရ သူသည် ချီစွမ်းအင်ပတ်လမ်းငယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။
“ငါ့သားလေးရာ”
ဆံပင်ဖြူအချို့ ယှက်သန်းနေသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးသည် မျက်ရည်များဖြင့် ပြေးဝင်လာသည်။ ဤသူမှာ အမြဲတမ်း တစ်ကိုယ်တော် တိုက်ခိုက်လေ့ရှိသည့် သူမ၏သား ရှဲ့ချန်ပင်။ ယခုအခါ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားရသဖြင့် သူသည် သားရဲလိုက်အဖွဲ့မှ အနားယူရပေတော့မည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လူနာထမ်းစင်နှစ်ခု ထပ်မံရောက်ရှိလာသည်။ ထိုစင်ပေါ်ရှိ လူများမှာမူ ပို၍ပင် ဆိုးရွားလှပြီး လူပုံသဏ္ဌာန်ပင် မပေါ်တော့ဘဲ အသားပုံကြီးသဖွယ် ဖြစ်နေတော့သည်။ သူတို့နှင့် နှိုင်းယှဉ်လျှင်မူ ရှဲ့ချန်သည် အသက်ရှင်ကျန်ရစ်သဖြင့် ကံကောင်းသည်ဟုပင် ဆိုရပေမည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
လုံယီမှာ ဇဝေဇဝါ ဖြစ်သွားရသည်။
“မကြာသေးခင်က တောထဲက သားရဲတွေ သောင်းကျန်းနေကြတာ။ စခန်းဘက်ကလည်း ကြိုတင်ပြင်ဆင်မှုမရှိတော့ အသေအပျောက် အတော်များသွားတယ်”
ရှီချိုင်ဖုန်းက လုံယီ၏ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ရှင်းပြလိုက်သည်။
ထိုစဉ် သူတို့နှစ်ဦးလုံး၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
“ဝေါင်းးးးး”
ဝေးလံသော တောင်တန်းများဆီမှ ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာရာ နားထောင်နေသူများ၏ ရင်ထဲတွင် မွေးရာပါ ကြောက်ရွံ့စိတ်ကို ဖြစ်ပေါ်စေတော့သည်။ အဝေးမှပင် ထိုအသံ၏ မဟာဆန်သော အရှိန်အဝါကို ခံစားနေရသည်။
“ဒါ သားရဲဘုရင်လား။ တကယ်ပဲ သားရဲလှိုင်းလုံးကြီးရောက်လာတော့မှာလား”
ရှီချိုင်ဖုန်းမှာ မသေချာစွာ ရေရွတ်လိုက်သည်။
“ဒီနှစ်ထဲမှာ သားရဲလှိုင်းလုံးတွေ လာလိမ့်မယ်လို့ သံသယဖြစ်စရာ လှိုင်းအချို့ ရှိခဲ့ပေမဲ့ ဒီတစ်ကြိမ်ကတော့ တကယ်ဖြစ်နိုင်တယ်”
ကျန်းချန်းယွီက ဘေးမှနေ၍ လေးနက်စွာ ပြောလိုက်သည်။
“သားရဲလှိုင်းလုံးဆိုတာ ဘာလဲ”
လုံယီက မေးလိုက်သည်။
“သတ္တဝါတွေထဲမှာ ထူးထူးခြားခြား ထက်မြက်တဲ့ ဉာဏ်ရည်ရှိပြီး အစွမ်းထက်တဲ့ သားရဲကို သားရဲဘုရင်လို့ ခေါ်တယ်။ သူတို့ဟာ သားရဲတွေ၊ ငှက်ရဲတွေကို အုပ်စုဖွဲ့စေပြီး လူသားတွေကို စစ်မက်ပြု တိုက်ခိုက်လေ့ရှိတာကို သားရဲလှိုင်းလုံးလို့ ခေါ်တာပေါ့။ အရင်ကဆိုရင် ဒါမျိုးက ဆယ်စုနှစ်တစ်ခုမှာ တစ်ကြိမ်လောက်ပဲ ဖြစ်တတ်တာ”
ကျန်းချန်းယွီက ဖြည်းဖြည်းချင်း ရှင်းပြသည်။
“မြို့စားမင်း အိမ်တော်တွေက ဘာကြောင့် သိုင်းသမားတွေကို သားရဲတစ်ရာတောင်တန်း ထဲဝင်ပြီး သားရဲတွေ ရှင်းလင်းဖို့ အားပေးနေရလဲ။ ဘာလို့ ဆုလာဘ်တွေ ပေးနေရလဲဆိုတာ မင်းသိလား။ အဲဒါဟာ သားရဲဘုရင် အသစ်တစ်ကောင် ထပ်မံ ပေါ်ထွန်းမလာအောင် တားဆီးဖို့ပဲ”
“သားရဲလှိုင်းလုံး ပေါ်ပေါက်လာတိုင်း မြို့စားမင်းအိမ်တော်က ထူးချွန်တဲ့ စစ်သည်တွေကို စေလွှတ်ပြီး မြို့ထဲကို မရောက်အောင် တားဆီးရတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က အဆိုးရွားဆုံး အခြေအနေမှာဆိုရင် သားရဲတွေဟာ ထိုက်မြို့ရဲ့ တံခါးဝအထိ ရောက်လာပြီး မြို့ကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့ဖူးတယ်”
“အရင်က ဖြစ်စဉ်တွေအရဆိုရင် နောက်ဆုံးတစ်ကြိမ် သားရဲလှိုင်းလုံး ဖြစ်ခဲ့တာ သိပ်မကြာသေးဘူး အခုလောက် စောစောစီးစီး ရောက်မလာသင့်သေးဘူး”
ကျန်းချန်းယွီက ဇဝေဇဝါဖြင့် ပြောလိုက်သည်။
သို့သော် ရှီချိုင်ဖုန်းမှာမူ စိတ်လှုပ်ရှားနေပုံရသည်။
“သားရဲလှိုင်းလုံးကြီး အလုံးအရင်းနဲ့ မရောက်လာခင် တောင်ထဲကို ပိုနက်အောင် ဝင်သွားရင် သားရဲတွေကို ပိုပြီး အလွယ်တကူ ရှာတွေ့နိုင်လိမ့်မယ်။ ဒီအခွင့်အရေးကိုသာ အရယူနိုင်ရင် ငါတို့အဖွဲ့ဟာ ကောင်းကင်ယံအထိ ပျံသန်းနိုင်လိမ့်မယ်”
ရှီချိုင်ဖုန်း၏ စကားကို ကြားသောအခါ လုံယီကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ထိုသားရဲများသည် အသက်ရှင်နေသော ခွန်အားတိုးဆေးများနှင့် ပါရမီတိုးမြှင့်ပေးမည့် ရတနာများသာ ဖြစ်နေသောကြောင့်ပင်။ သို့သော် မမျှော်လင့်ဘဲ ဘေးမှ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
“ရှီချိုင်ဖုန်း... မင်းတို့အဖွဲ့ရဲ့ အစွမ်းနဲ့ဆိုရင် တောင်အစွန်အဖျားမှာပဲ ငြိမ်ငြိမ်လေး နေနေတာက ပိုကောင်းပါလိမ့်မယ်”
ရှီချိုင်ဖုန်းသည် မကျေမနပ်ဖြင့် လှည့်ကြည့်လိုက်သည်။ လှောင်ပြောင်နေသူမှာ မျက်နှာဝိုင်းဝိုင်း၊ မုတ်ဆိတ်ဗလပွနှင့် မျက်လုံးသေးသေးရှိသော ဗလကောင်းကောင်း လူတစ်ဦး ဖြစ်သည်။ သူသည် ခရမ်းနုရောင် ဝတ်စုံကို ရင်ဘတ်ဟင်းလင်း ဖွင့်ဝတ်ထားသဖြင့် သန်မာသော ရင်အုပ်ကြွက်သားကြီးများနှင့် နက်မှောင်သော ရင်မွှေးများကို မြင်တွေ့နေရသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ စွမ်းအင်စက်ဝန်းပြည့်အဆင့် ပညာရှင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသဖြင့် ချိုင်ဖုန်းအဖွဲ့တစ်ခုလုံး တင်းမာသွားကြသည်။
သို့သော် ရှီချိုင်ဖုန်းမှာ ကြောက်ရွံ့ခြင်းမရှိဘဲ “ငါ သွားချင်တဲ့နေရာကို သွားမှာပေါ့ မင်းနဲ့ ဘာဆိုင်လို့လဲ” ဟု ပြန်ပက်လိုက်သည်။
“ဪ... ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ကို ရောက်သွားတာကိုး ဒါကြောင့်လည်း ဒီလောက် ယုံကြည်မှု ရှိနေတာပေါ့”
ထိုမုတ်ဆိတ်ဗလပွ လူကြီးမှာ ရှီချိုင်ဖုန်းကို စိတ်ဝင်စားပုံမရပေ။ သူသည် ရှီချင်းတထံသို့ ရုတ်တရက် လျှောက်သွားကာ သူ၏ ပါးပြင်ကို ရဲရဲတင်းတင်း ကိုင်လိုက်သဖြင့် ရှီချင်းတမှာ ထိတ်လန့်တုန်လှုပ်လျက် နောက်သို့ ဆုတ်သွားရတော့သည်။
“မင်း တစ်ခုခု ဖြစ်သွားတာက ကိစ္စမရှိပေမဲ့ မင်းရဲ့မောင်လေးကတော့ အတော်လေး ချောမောတာပဲ။ တကယ်လို့ သူ တစ်ခုခု ဖြစ်သွားရင်တော့ ငါ ရင်ကွဲရပါလိမ့်မယ်”
ထိုသို့ပြောကာ ထိုလူကြီးသည် သူ၏ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
ထိုသို့ ပြောဆိုပြီးနောက် သူသည် စခန်း၏ အတွင်းပိုင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားတော့သည်။ သူ၏နောက်မှ လိုက်ပါလာသော အဖွဲ့ဝင်များမှာလည်း ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေကာ ချိုင်ဖုန်းအဖွဲ့ အား အထင်အမြင်သေးစွာ ကြည့်သွားကြသည်။ သူတို့အနက် သုံးဦးမှာ ရှီချိုင်ဖုန်းနှင့် ရင်ဘောင်တန်းနိုင်သော အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်။
“ဒါက နဂါးဝိညာဉ်အဖွဲ့ပဲ။ စခန်းထဲမှာ အင်အားအရှိဆုံး အဖွဲ့တွေထဲက တစ်ဖွဲ့ပေါ့”
ကျန်းချန်းယွီက လုံယီ၏အနားသို့ တိုးကပ်ကာ ရှင်းပြသည်။
“ခုနကလူက သူတို့ရဲ့ ခေါင်းဆောင် ရှုရှန်ကျန်းပဲ။ သူက ရှုမိသားစုက ဆင်းသက်လာတဲ့ စွမ်းအင်စက်ဝန်းပြည့် အဆင့် သိုင်းပညာရှင်တစ်ဦးပေါ့။ သူတို့အဖွဲ့ရဲ့ စစ်မှန်တဲ့ အစွမ်းက နာမည်ကျော် ဓားသမားလေးဦး ထက်တောင် မနိမ့်ပါဘူး”
နောက်ထပ် ရှုမိသားစုက တစ်ယောက်လား။
လုံယီသည် စိတ်ထဲတွင် အတော်ပင် ငြီးငွေ့သွားမိသည်။ သူနှင့် ရှုမိသားစုမှာ ကံကြမ္မာအရပင် ဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။
“အစ်ကိုလျို... အခွင့်သာရင် ကျွန်တော့်ကို ကူညီပေးပါဦး”
ရှီချင်းတသည် ဖြူစင်သော ပန်းထိုးလက်ကိုင်ပဝါကို ထုတ်ယူကာ ရှုရှန်ကျန်း ကိုင်သွားသော သူ၏ပါးကို အဆက်မပြတ် သုတ်နေတော့သည်။ သူသည် လက်ကိုင်ပဝါကို ဝှေ့ယမ်းရင်း လက်သန်းလေးကို ထောင်ကာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေ၏။
“မိန်းမတစ်ယောက်က ကိုင်တာဆိုရင် ထားပါဦး အခုတော့ အဲဒီလို အနံ့အသက်မကောင်းတဲ့ ယောက်ျားကြီးက ကိုင်သွားတာ တကယ့်ကို ရွံစရာကောင်းတယ်”
ရှီချင်းတ၏ အမူအရာမှာ အနည်းငယ် မိန်းမဆန်နေသော်လည်း သူသည် စစ်မှန်သော ယောက်ျားလျာတစ်ဦး မဟုတ်ဘဲ အမျိုးသမီးကိုသာ စိတ်ဝင်စားသူတစ်ဦး ဖြစ်သည်။
“တော်စမ်းပါ... အကိုင်ခံရရုံနဲ့ မင်းရဲ့ အသားက တစ်စစီ ပြုတ်ထွက်သွားတာမှ မဟုတ်တာ”
ရှီချိုင်ဖုန်းက အထင်အမြင်သေးစွာ ပြောလိုက်သည်။
ချိုင်ဖုန်းအဖွဲ့သည် စခန်း၏ အတွင်းပိုင်းဆီသို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။
“အားလုံး နားထောင်ကြပါ အခုဆိုရင် တောတောင်တွေထဲမှာ သားရဲတွေ သောင်းကျန်းနေပြီး နေရာအနှံ့မှာ ဘေးအန္တရာယ်တွေ ရှိနေပြီ။ တစ်ကိုယ်တော် တိုက်ခိုက်တဲ့ခေတ်က ကုန်ဆုံးသွားပါပြီ”
“ကျွန်တော် လီမှာ ပါရမီ မရှိပေမဲ့ အားလုံး စုပေါင်းပြီး သားရဲတွေကို တိုက်ခိုက်နိုင်ဖို့ ဦးဆောင်ပေးချင်ပါတယ်။ ကျွန်တော် အသားစားရရင် ခင်ဗျားတို့ကို ဟင်းရည်ချည်းပဲ သောက်ခိုင်းမှာ မဟုတ်ပါဘူး”
မျက်ခုံးထူထူ၊ နှာခေါင်းကြီးကြီးနှင့် ရိုးသားသော မျက်နှာထားရှိသည့် အပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းတစ်ဦးသည် ဆွဲဆောင်မှုရှိပြီး အားမာန်ပါသော အသံဖြင့် စခန်းအတွင်း ဟောပြောနေသည်။ သူသည် သားရဲလိုက် အစောင့်အကြပ်များကို သူ၏အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဖျောင်းဖျနေခြင်း ဖြစ်သည်။
“အဘိုးကြီးလီ... ကျွန်တော့်အဖွဲ့ထဲ ဝင်မလား”
ထိုလူက အသက် ၅၀၊ ၆၀ ခန့်ရှိပြီး ဆံပင်ဖြူများ ပေါက်နေသော အစိမ်းရောင်ဝတ် အဘိုးအိုတစ်ဦးကို တား၍ မေးလိုက်သည်။
အဘိုးအိုကမူ အထင်အမြင်သေးစွာဖြင့် “ငါကတော့ နွားမြီးဖြစ်မယ့်အစား ကြက်ခေါင်းပဲ ဖြစ်
ချင်တယ်။ ပြီးတော့ မင်းက ငါ့ကို အသေခံ အရန်အင်အားအဖြစ် သုံးမှာလား ဘယ်သူသိမှာလဲ” ဟု ပြန်ပြောလိုက်သည်။
ထိုစကားကြောင့် အပြာရောင်ဝတ်လူကြီး၏ မျက်နှာမှာ ပျက်မသွားသော်လည်း သူ၏နောက်မှ လူတစ်ဦးကမူ ဒေါသတကြီးဖြင့် “လီချန်းချင်း... မင်းရဲ့ မည်းမှောင်နေတဲ့ စိတ်နဲ့ သူတစ်ပါးကို လိုက်ပြီး မပုတ်ခတ်နဲ့” ဟု အော်ဟစ်လိုက်သည်။
“ဟေ့... ထားလိုက်စမ်းပါ။ ဝင်တာ မဝင်တာက သူတို့ ဆန္ဒပဲလေ”
အပြာရောင်ဝတ်လူကြီးက သူ၏နောက်ကလူများကို ရန်မဖြစ်ရန် လက်ယမ်းပြလိုက်သည်။ သူသည် ရှီချိုင်ဖုန်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြန်လည် တောက်ပသွားခဲ့သည်။
“ရှီ... မင်း ဘယ်တုန်းက အဆင့်တက်သွားတာလဲ။ ငါ့အဖွဲ့ထဲကို ဝင်ဖို့ စိတ်ဝင်စားလား”
“ကျွန်မက သူများနောက်မြီးဆွဲလုပ်ရတာ ဝါသနာမပါဘူး”
ရှီချိုင်ဖုန်းသည် မျက်နှာသာပေးခြင်းအလျှင်းမရှိဘဲ တိုက်ရိုက်ပင် ငြင်းပြောလိုက်သည်။
ထိုလူသည် ဒေါသထွက်မည့်အစား ရယ်မောလျက် “ရှီ... တကယ်လို့ မင်းစိတ်ပြောင်းသွားရင် အချိန်မရွေး ငါ့ဆီလာခဲ့နိုင်ပါတယ်” ဟု ပြောကာ ထွက်ခွာသွားသည်။
“ဒါက လေပြေအဖွဲ့က လီဖုန်းပဲ။ သူက ခုနက ရှုရှန်ကျန်းထက် မနိမ့်တဲ့ စွမ်းအားရှိပြီး ဒီစခန်းထဲမှာ အသန်မာဆုံး စွမ်းအင်စက်ဝန်းပြည့်ပညာရှင်တွေထဲက တစ်ယောက်ပဲ”
ကျန်းချန်းယွီက ရှင်းပြသည်။
“ဒါပေမဲ့ သူက ရှုရှန်ကျန်းနဲ့မတူဘဲ စရိုက်ကောင်းတယ်။ သူတစ်ပါးကို အနိုင်ကျင့်လေ့မရှိဘူး”
“ဒီစခန်းထဲမှာ ပညာရှင်တွေ တော်တော်များတာပဲ”
လုံယီက အံ့ဩစွာ ပြောလိုက်သည်။ သူဝင်ခဲ့သည့် အစွန်းရောက်လက်သီးဂိုဏ်းတွင်ပင် စွမ်းအင်စက်ဝန်းပြည့်ပညာရှင် နှစ်ဦးသာရှိပြီး သဋတို့မှာ ဂိုဏ်း၏ခေါင်းဆောင်များဖြစ်ရာ သာမန်တပည့်များမှာ မြင်တွေ့ရန်ပင် ခဲယဉ်းလှသည်။ သို့သော် ဤကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်များမှာ ဤစခန်းအတွင်း၌ တစ်ဦးပြီးတစ်ဦး ပေါ်လာနေကြသည်။ တစ်ဦးချင်းစီ၏ အင်အားသည် အစိုးရ၏ ဆင့်ခေါ်မှုအောက်တွင် စုစည်းလာသော အင်အားနှင့် မည်သို့မျှ နှိုင်းယှဉ်၍မရပေ။
“အခု မင်းတွေ့ခဲ့တဲ့ နှစ်ယောက်လုံးက စခန်းရဲ့ ထိပ်တန်းပညာရှင်တွေပဲ။ သူတို့အဖွဲ့တွေထဲမှာလည်း ထူးချွန်သူတွေ အများကြီးပါဝင်တယ်”
ရှီချိုင်ဖုန်းက ဆက်လက်ရှင်းပြသည်။
“နဂါးဝိညာဉ်အဖွဲ့နဲ့ လေပြေအဖွဲ့အပြင် ကြယ်ဖီးနစ်အဖွဲ့၊ တောင်လိုက်အဖွဲ့၊ လူသားဘီလူးအဖွဲ့တွေလည်း ရှိသေးတယ်။ ဒီအဖွဲ့တွေအားလုံးမှာ စွမ်းအင်စက်ဝန်းပြည့်ပညာရှင်တွေ ရှိကြပြီး ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်တွေကတော့ မနည်းလှဘူး...”
အဖွဲ့ဝင်များထံမှ ရရှိသော သတင်းအချက်အလက်များအရ သားရဲလိုက်အဖွဲ့များ၏ အင်အားကို အဆင့်အတန်းအလိုက် တိကျစွာ ခွဲခြားနိုင်သည်။ ပထမအဆင့်တွင် စွမ်းအင်စက်ဝန်းပြည့်ပညာရှင်များက ဦးဆောင်ပြီး သူတို့သည် ပေါင်တစ်သောင်းကျော် ခွန်အားရှိသော ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ ဒုတိယအဆင့်တွင် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ရှိသူများ ပါဝင်ပြီး ၎င်းတို့သည် ပထမအဆင့်လောက် မသန်မာသော်လည်း စခန်းအတွင်း ဩဇာရှိသူများ ဖြစ်သည်။ တတိယအဆင့်မှာမူ ရှီချိုင်ဖုန်း ဦးဆောင်သည့် ချိုင်ဖုန်းအဖွဲ့ ကဲ့သို့သော အဆင့်ဖြစ်ပြီး စည်းလုံးမှုရှိကာ တိုက်ခိုက်နိုင်စွမ်း အသင့်အတင့်ရှိသည်။ ၎င်းအောက်တွင်မူ မကြာခဏ လူစုကွဲတတ်သော အဆင့်မသတ်မှတ်ထားသည့် အဖွဲ့ငယ်များ ရှိကြသည်။
သို့သော် ယခုအချိန်တွင် ချိုင်ဖုန်းအဖွဲ့၏ အစွမ်းမှာ ယခင်နှင့် လုံးဝကွာခြားသွားပြီဖြစ်သည်။ ရှီချိုင်ဖုန်းသည် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အပြင် အရိပ်ထဲတွင် ပုန်းကွယ်နေသော စစ်မှန်သော ခေါင်းဆောင် လုံယီလည်း ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သားရဲလှိုင်းလုံးကြီး ရောက်လာတော့မည်ဟု ဆိုသော်လည်း အဖွဲ့သားများ၏ စိတ်ဓာတ်မှာ တည်ငြိမ်နေကြဆဲပင်။
သားရဲလှိုင်းလုံးကြီးသည် မည်သည့်အချိန်တွင်မဆို ရောက်ရှိလာနိုင်ရာ စခန်းအတွင်းရှိ ပစ္စည်းဈေးနှုန်းများမှာလည်း ထိုးတက်ကုန်သည်။ သွေးစွမ်းအင်တိုးဆေး၊ ဒဏ်ရာပျောက်ဆေး၊ အင်းဆက်ပြေးဆေးနှင့် နောက်ဆုံးပေါ်မြေပုံများ၏ ဈေးနှုန်းမှာ နှစ်ဆမက မြင့်တက်သွားခဲ့သည်။
“ဒီလို အခွင့်အရေးသမားတွေ အားလုံး သားရဲကိုက်ခံရပြီး သေကုန်ကြပါစေ”
ရှီချိုင်ဖုန်းက မကျေမနပ် ကျိန်ဆဲတော့သည်။ အဖွဲ့ခေါင်းဆောင်ပီပီ သူမသည် ပစ္စည်းဝယ်ယူရေး တာဝန်များကို ယူထားရသူပင်။
“ငွေကော လောက်ရဲ့လား ငါလည်း နည်းနည်း ကူပေးနိုင်တယ်”
လုံယီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
ယခုအခါ သူသည် တကယ့်သူဌေးတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ဘုန်းကြီးကျောင်းမှ ခိုးယူခဲ့သောငွေ၊ စူးမိသားစုမှ ပေးသောဆုလာဘ်နှင့် ဂုဏ်သရေရှိမိသားစုများမှ လောင်းကြေးနိုင်ခဲ့သောငွေများ စုစုပေါင်းလျှင် ငွေစင် နှစ်သောင်းမှ သုံးသောင်းခန့် ရှိပေလိမ့်မည်။ ကံမကောင်းသော အရာရှိငယ်တစ်ဦးပင်လျှင် လုံယီလောက် ချမ်းသာချင်မှ ချမ်းသာမည်ဖြစ်သည်။
“တကယ်လား”
ရှီချိုင်ဖုန်း၏ မျက်နှာမှာ ချက်ချင်းပင် အပြုံးပန်းများ ဝေဆာသွားပြီး မျက်လုံးများ တောက်ပလာသည်။
“သခင်လေးလျို... ရှင်က တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ကျွန်မ တကယ်ကြီး ခံစားမိတာက...”
“တော်တော့... တော်တော့”
လုံယီမှာ ကြက်သီးပင် ထသွားရသည်။
“အဲဒီလို အသံမျိုးနဲ့ စကားမပြောပါနဲ့”
အခန်း။ ၁၃၆
ဒုတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ချိုင်ဖုန်းအဖွဲ့ဝင်များသည် သူတို့ယခင်က မကြာခဏသွားလေ့ရှိသည့် ချိုင်ဖင်းတောင်ခြေရင်းသို့ ရောက်ရှိလာကြသည်။ တောအုပ်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သားရဲတွင်းကို သွား၍နှိုက်မိသကဲ့သို့ပင် ဆူညံသွားတော့သည်။ ကျားများ ခိုးဝံပုလွေများနှင့် တောကျားသစ်များမှာ ယခင်က တောင်နက်ပိုင်းတွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါတွင်မူ အနှံ့အပြား၌ တွေ့မြင်နေရပြီဖြစ်သည်။
ဝှစ်
လုံယီသည် လက်ရှိကိုင်ဆောင်ထားသော ပုဆိန်ကို ပေါ့ပေါ့ပါးပါးပင် လွှဲရိုက်လိုက်ရာ မြင်းတစ်ကောင်ထက်ပင် ကြီးမားသော တောကျားသစ်တစ်ကောင်မှာ နေရာမှာတင် သေဆုံးသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်အချို့ စီးဝင်လာခဲ့သည်။ သားရဲတစ်ရာတောင်တန်းရှိ သတ္တဝါများသည် အခြားနေရာများရှိ သတ္တဝါများထက် ပိုမိုထွားကြိုင်းလေ့ရှိကြသည်။ အချို့မှာ သာမန်သားရဲများဟု ထင်ရသော်လည်း ဝိညာဉ်သားရဲအဆင့်သို့ ကူးပြောင်းလုနီးပါး ဖြစ်နေကြသဖြင့် လုံယီအတွက် ကျင့်စဉ်စွမ်းအင်များကို ရရှိစေသည်။ သို့သော် ထိုသို့ဖြစ်နိုင်ခြေမှာ နည်းပါးလှသဖြင့် ပုဆိန်ကို အကြိမ်ပေါင်းများစွာ လွှဲရိုက်ပြီးနောက်မှသာ စွမ်းအင် ၃ မှတ်ခန့် စုဆောင်းနိုင်ခဲ့သည်။
သို့သော်ငြားလည်း ဤသားရဲများသည် တောင်နက်ပိုင်းသို့ ပြန်လည်ထွက်ပြေးရန် ဝံ့ရဲခြင်းမရှိကြပေ။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် တောင်နက်ပိုင်းတွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုက စောင့်ကြိုနေကြောင်း ထင်ရှားလှသည်။
တစ်ဖက်တွင်မူ အဖွဲ့သားများမှာ သာမန်သားရဲများကို စိတ်ဝင်စားခြင်းမရှိဘဲ ဝိညာဉ်သားရဲများကိုသာ အာရုံစိုက်၍ ရှာဖွေနေကြသည်။
“ဒီမှာ ဝံပုလွေဝိညာဉ်တစ်ကောင် ရှိတယ်”
ကူးယွီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ဆယ်ပေခန့် ရှည်လျားသော ဧရာမ ဝံပုလွေနက်ကြီးတစ်ကောင်သည် ရှေ့မှ ထွက်ပေါ်လာသည်။ ၎င်း၏ အမွေးအမှင်များမှာ ပြောင်လက်နေပြီး မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းလျက်ရှိကာ ပါးစပ်ဘေးနှစ်ဖက်တွင် စူးရှဖြူဖွေးသော အစွယ်ကြီးများ ထွက်ပေါ်နေသည်။ ကူးယွီကို မြင်လိုက်ရသောအခါ ဧရာမဝံပုလွေကြီး၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဝင်းခနဲဖြစ်သွားပြီး ခုန်အုပ်ရန် ပြင်လိုက်သည်။ သို့သော် ဝံပုလွေကြီး၏ လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
ရှပ်... ရှပ်... ရှပ်
ဝံပုလွေကြီး၏ ပတ်ပတ်လည်တွင် လူရိပ် ၈ ဦး၊ ၉ ဦးခန့် ပေါ်လာပြီး ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။ သူတို့အနက် နှစ်ဦးထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ ဝံပုလွေကြီး၏ အမွေးအမှင်များကို ထောင်ထသွားစေလောက်အောင်ပင် ပြင်းထန်လှသဖြင့် ၎င်းသည် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ဧရာမဝံပုလွေကြီးမှာ လှည့်၍ ထွက်ပြေးရန် ကြိုးစားတော့သည်။
“ဘယ်ကို ပြေးမလို့လဲ”
ရှီချိုင်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးဝင်သွားသည်။ သူမသည် လက်နက်ကိုပင် မဆွဲထုတ်တော့ဘဲ ဗလာလက်သီးဖြင့်သာ ဝံပုလွေကြီးအား ထိုးနှက်ရန် ရွေးချယ်လိုက်သည်။ ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်သို့ တက်လှမ်းပြီးနောက် သူမ၏ ခွန်အားမှာ ပေါင်ငါးထောင်ကျော်အထိ ရှိနေပြီဖြစ်ရာ ဤကဲ့သို့သော ဧရာမ ဝိညာဉ်သားရဲများကို လက်နက်မဲ့ပင် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
'ဖုန်း... ဖုန်း... ဖုန်း'
လက်သီးနှင့် အသားတို့ ထိတွေ့သံများ အခန်းမလပ် ထွက်ပေါ်နေသည်။
“အူး... ဝူး...”
ဧရာမ ဝံပုလွေကြီးမှာ နာကျင်စွာ အော်ဟစ်လျက် နောက်သို့ ဆုတ်ကာ ထွက်ပြေးရန် ကြိုးစားသော်လည်း ကျန်းချန်းယွီ၊ ယန်ကျဲ့နှင့် အခြားသူများ၏ ပိတ်ဆို့မှုကို ခံထားရသဖြင့် လွတ်လမ်းမရှိတော့ပေ။
“အူး... ဝူး”
“အူး... ဝူး... ဝု... ဝု...”
နောက်ဆုံးတွင် ဝံပုလွေကြီးမှာ အသက်ဘေးမှ လွတ်မြောက်ရန် အသနားခံသည့် အသံများပင် ထွက်ပေါ်လာသော်လည်း အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်မှုအောက်တွင် သနားစဖွယ် အသက်
ပျောက်သွားရတော့သည်။ လုံယီသည် ခေါင်းကို ခါယမ်းကာ ရှေ့သို့ လျှောက်သွားပြီး စွမ်းအင်များကို သိမ်းဆည်းလိုက်သည်။
စွမ်းအင် +၃ ရရှိပါသည် စုပ်ယူလိုပါသလား ဟူသော စာသားမှာ သူ၏ အမြင်အာရုံတွင် ပေါ်လာခဲ့သည်။
နောက်ရက်များအတွင်း...
သူတို့အဖွဲ့သည် အခြားသော ဝိညာဉ်သားရဲများနှင့် ထပ်မံတွေ့ဆုံခဲ့ကြသည်။
ဆင်တစ်ကောင်ခန့် ကြီးမားပြီး ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသည့် တောဝက်ဝိညာဉ်၊ သာမန်မြေခွေးအရွယ်အစားသာ ရှိသော်လည်း အလွန်အမင်း မြန်ဆန်လှသည့် မြေခွေး၊ သိပ်သည်းပြီး ထက်မြက်သော သွားများရှိသည့် တောမြင်းဝိညာဉ်ပင်။
လုံယီ၏ စွမ်းအင်ပမာဏမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သော်လည်း ကံမကောင်းစွာဖြင့် ပါရမီအသစ်တစ်ခုမျှ ထပ်မံမရရှိခဲ့ပေ။ သို့သော်လည်း စွမ်းအင် ၁၀၀ ပြည့်သွားပြီဖြစ်ရာ သူ၏ အသက်ရှူနည်းစနစ်ကို အဆင့်မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
လုံယီသည် သူ၏ လက်ဖဝါးအတွင်း၌ နှလုံးစားမြက်ခုနစ်ပင်နှင့် လောင်းကြေးထပ်ရာမှ ရရှိလာသော အရိုးဖောက်သစ်ခွတစ်ပင်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူသည် အဝါရောင် အစွန်းရောက် အသက်ရှူနည်းစနစ်ကို အာရုံစိုက်လိုက်သောအခါ စာသားနောက်တွင် အပေါင်းလက္ခဏာလေးတစ်ခု ပေါ်လာသည်။
သူ၏ ကျင့်စဉ်ကော်လံမှာ တလက်လက် တောက်ပသွားသည်။
[အဝါရောင် အစွန်းရောက် အသက်ရှူနည်းစနစ် (အဆင့် ၂ ကျွမ်းကျင် 0/100 + နှလုံးစားမြက် ၇ ပင် + အရိုးဖောက်သစ်ခွ ၁ ပင်) → အဝါရောင် အစွန်းရောက် အသက်ရှူနည်းစနစ် (အဆင့် ၂ ဆရာသခင်အဆင့် 0/300 + နိဗ္ဗာန်နတ်ပန်း ၁ ပွင့်)]
ထိုခဏ၌ ထူးဆန်းသော မှတ်ဉာဏ်အပိုင်းအစတစ်ခု သူ၏ ဦးနှောက်အတွင်းသို့ စီးဝင်လာခဲ့သည်။
“သတ်ကြ... အကုန်သတ်ပစ်ကြ”
“တိုင်းတစ်ပါးသားတွေကို အကုန်ရှင်းပစ်”
အနက်ရောင် သံချပ်ကာများ ဝတ်ဆင်ကာ သံမျက်နှာဖုံးများ တပ်ထားသည့် စစ်သည်တစ်စုသည် လှံများကို ကိုင်ဆောင်လျက် အနက်ရောင်မြင်းများကို စီးနင်းကာ ကျေးရွာကြီးတစ်ခုဆီသို့ အုန်းအုန်းကျွက်ကျွက် ပြေးဝင်နေကြသည်။ ကျေးရွာ၏ ရှေ့တန်းတွင်မူ ကတုတ်ကျင်းများနှင့် မြင့်မားသော တံတိုင်းများကို စနစ်တကျ တည်ဆောက်ထားကြသည်။
သားရဲအရေပြား ချပ်ဝတ်များ ဝတ်ဆင်ထားသော ရွာသား ရာပေါင်းများစွာသည် ကျူးကျော်လာသည့် ရန်သူများကို ခုခံတွန်းလှန်ရန် မြှားများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်း ခဲလုံးများဖြင့် ပစ်ပေါက်ခြင်းနှင့် မီးတုတ်များဖြင့် ပစ်ပေါက်ခြင်းတို့ကို ပြုလုပ်နေကြသည်။
သို့သော် အင်အားချင်းမှာ အဆမတန် ကွာခြားလှသဖြင့် ရွာသားများမှာ တစ်ဦးပြီးတစ်ဦး လဲကျသေဆုံးနေကြရပြီး ရန်သူများကို ထိရောက်သော ထိုးနှက်ချက်ပေးနိုင်ရန် ရုန်းကန်နေကြရသည်။ ထိုစဉ် သံချပ်ကာ ဝတ်ဆင်ထားပြီး ရဲရင့်သော အသွင်အပြင်ရှိသည့် ခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်တစ်ဦးသည် ဧရာမ ပုဆိန်ကြီးတစ်စင်းကို ဝှေ့ယမ်းကာ သံမျက်နှာဖုံးစွပ် ရန်သူများကို တစ်ဦးပြီးတစ်ဦး ခုတ်ပိုင်းနှိမ်နင်းနေသည်။
“မျိုးနွယ်စု ခေါင်းဆောင်ပဲ”
“မျိုးနွယ်စု ခေါင်းဆောင်ရှိနေသရွေ့ ငါတို့ မရှုံးဘူး”
ရွာသားများသည် အားတက်သွားကြပြီး မိမိတို့နေရာကို ဆက်လက် ခုခံထားကြသည်။ သူတို့၏ နှလုံးသားထဲတွင် မျိုးနွယ်စုခေါင်းဆောင်မှာ အစောင့်အရှောက် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ အသက်ရှူနည်းစနစ်ကို အဆက်မပြတ် အသုံးပြုနေရသဖြင့် သူ၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး အရေပြားပေါ်တွင်လည်း မရေမတွက်နိုင်သော ဒဏ်ရာငယ်လေးများ ဖြစ်ပေါ်နေသည်။ သို့သော် သူသည် အံကြိတ်ကာ ဆက်လက် တောင့်ခံထားပြီး အရှုံးမပေးခဲ့ပေ။ သူ လဲကျသွားပါက တစ်ရွာလုံး ပျက်စီးသွားမည်ကို သူ ကောင်းစွာ သိရှိနေသည်။
တစ်ရက်၊ နှစ်ရက်၊ တစ်လ၊ နှစ်လ၊ တစ်နှစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့သည်။ ရွာသား အုပ်စုများစွာမှာ အသစ်လဲလှယ်ခြင်း ခံခဲ့ရပြီး ကလေးငယ်များနှင့် အမျိုးသမီးများပင်လျှင် စစ်မြေပြင်သို့ တက်လှမ်းလာကြသည်။ မျိုးနွယ်စု ခေါင်းဆောင် တစ်ဦးတည်းသာလျှင် ကြံ့ကြံ့ခံ ရပ်တည်နေဆဲပင်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီနေပြီး ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသည့် ဆေးစွမ်းအင်များကို အားကိုးကာ အတင်းအဓမ္မ တောင့်ခံနေရသော်လည်း သူ၏ အင်အားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အသက်ရှူနည်းစနစ်မှာမူ အဆက်မပြတ် လည်ပတ်နေပြီး သွေးစွမ်းအင်များကို သယ်ဆောင်ပေးခြင်းမှာ သူ၏ ဗီဇစိတ်ကဲ့သို့ ဖြစ်နေတော့သည်။
ရုတ်တရက်...
ဝုန်း
သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အတွင်းပိုင်း တစ်နေရာမှ အင်အားသစ်တစ်ရပ် ပေါ်ထွက်လာကာ ပျက်စီးနေသော အကြောများကို လျင်မြန်စွာ ပြုပြင်ပေးပြီး ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ဆေးကြောပစ်လိုက်သည်။ သွေးစွမ်းအင်များ စီးဆင်းမှုမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို လျင်မြန်လာခဲ့သည်။ ၎င်းမှာ သာမန်ကားတစ်စီးမှ ထိပ်တန်း အားကစားကားတစ်စီးအဖြစ် အဆင့်မြှင့်တင်လိုက်သကဲ့သို့ပင်။ မျိုးနွယ်စု ခေါင်းဆောင်သည် အားအင်သစ်များ ရရှိသွားပြီး အသိဉာဏ်သစ်တစ်ခုကို ရရှိခဲ့သည်။
အမှန်တကယ် တိုက်ခိုက်ခြင်းနှင့် မိမိ၏ အစွမ်းအစကို အဆက်မပြတ် တွန်းအားပေးခြင်းဖြင့် ယခင်က ဆေးဝါးများ သုံးစွဲခဲ့သကဲ့သို့သော အကျိုးကျေးဇူးကို ရရှိနိုင်သည် ဟူ၍ပင်။
လက်တွေ့လောကတွင် လုံယီသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ၏ အသားမျှင်များကို ပြုပြင်ပြောင်းလဲပေးကာ ဆဲလ်များကို ပုံမှန်ထက် အဆပေါင်း ထောင်ချီသော အရှိန်ဖြင့် သေဆုံးစေပြီး ပြန်လည် မွေးဖွားစေသည်။ သွေးစွမ်းအင် စီးဆင်းမှုမှာ ယခင်ကထက် ပိုမို ချောမွေ့ပြီး ထိန်းချုပ်ရ လွယ်ကူလာခဲ့သည်။
ညာဘက်အပေါ်ထောင့်ရှိ သိုင်းသမား (254/600) ဘေးမှ သင်္ကေတလေးကို နှိပ်လိုက်
သောအခါ စာတန်းတစ်ခု ပေါ်လာသည်။
[အသက်ရှူနည်းစနစ်အား ဆရာသခင်အဆင့်ထိ တတ်မြောက်သွားပြီ ဖြစ်သဖြင့် နေ့စဉ် ကျင့်ကြံမှု ပြုလုပ်ခြင်းဖြင့် ကျွမ်းကျင်မှုရမှတ် ၂၀ စီ တိုးတက်လာမည် ဖြစ်သည်]
“တစ်နေ့ကို အမှတ်နှစ်ဆယ်ဆိုတော့ သိပ်မကြာခင်မှာပဲ ငါ ဒုတိယချီစွမ်းအားအဆင့်ကို တက်လှမ်းနိုင်တော့မှာပဲ”
သုံးရက်ခန့်အကြာတွင် စုဆောင်းမိသော စွမ်းအင်မှာ သုံးဆယ်ကျော်သွားခဲ့ရာ အစွန်းရောက်
လက်သီးကို အဆင့်မြှင့်တင်လိုက်သည်။
[အစွန်းရောက်လက်သီး (ကျွမ်းကျင် 0/30) → အစွန်းရောက်လက်သီး (ဆရာသခင်အဆင့် 0/100)]
ယခုအခါ သူ၏ လက်သီးကျွမ်းကျင်မှုမှာ ဂိုဏ်းအတွင်း ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော အကြီးအကဲများနှင့် ရင်ဘောင်တန်းနိုင်ရုံတင်မကဘဲ သာလွန်သွားခဲ့ပြီ ဖြစ်သည်။
ငါးရက်အကြာတွင် စွမ်းအင် ခြောက်ဆယ်ကျော်သွားသဖြင့် ပေါ့ပါးသောကိုယ်ဟန်အတတ်ကို ထပ်မံမြှင့်တင်ခဲ့သည်။
[ပေါ့ပါးသောကိုယ်ဟန်အတတ် (ဆရာသခင်အဆင့် 0/60) → ပေါ့ပါးသောကိုယ်ဟန်အတတ် (အဆင့်မြင့်အောင်မြင်မှု 0/200)]
သူ၏ လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်လာပြီး သာမန်သိုင်းသမားများအနေဖြင့် သူ၏အရိပ်ကိုပင် မြင်တွေ့ရန် ခဲယဉ်းသွားတော့သည်။ သူ၏ လျင်မြန်ခြင်းပါရမီနှင့် ပေါင်းစပ်လိုက်ပါက ရန်သူများကို အံ့အားသင့်သွားစေမည်မှာ အသေအချာပင်။
နောက်ထပ် ဆယ်ရက်ခန့် အကြာတွင်...
လုံယီ၏ ကျင့်စဉ်အဆင့်မှာ သိုင်းသမား (600/600) သို့ ရောက်ရှိသွားသည်။ အဆင့်
တက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
လုံယီသည် အဆင့်၏ နောက်ကွယ်မှ အပေါင်းလက္ခဏာကို နှိပ်လိုက်သည်။
[သိုင်းသမား (600/600) → ဒုတိယချီစွမ်းအားသိုင်းသမား (0/600)]
ခန္ဓာကိုယ်အတွင်းရှိ သိပ်သည်းလှသော လျှို့ဝှက်သွေးစွမ်းအင်မှာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသကဲ့သို့ ချက်ချင်းပင် ကြီးထွားလာသည်။ ၎င်းသည် အရှိန်အဟုန်ဖြင့် စီးဆင်းကာ စွမ်းအင်များကို မယုံကြည်နိုင်လောက်အောင် ထိရောက်စွာ စုပ်ယူပြီး အသားအရိုးနှင့် အကြောများကို ပြန်လည် အားဖြည့်ပေးသည်။
နောက်ဆုံးတွင် ထိုလျှို့ဝှက်သွေးစွမ်းအင်မှာ နှစ်ခုအဖြစ် ကွဲထွက်သွားပြီး ထိုက်ချိပုံရိပ်ကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်စပ်ကာ ပိုမိုပြောင်းလွယ်ပြင်လွယ်စွာ လည်ပတ်နေတော့သည်။ ယခင်က သွေးစွမ်းအင် မရောက်ရှိနိုင်ခဲ့သော လက်ချောင်း၊ ခြေချောင်း၊ နားရွက်နှင့် ဦးရေပြား အစရှိသည့် နေရာများအထိ စီးဆင်းနိုင်ပြီ ဖြစ်သည်။ လုံယီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ဝှစ်…
သူ လက်သီးတစ်ချက် ပစ်လိုက်ရာ ထွက်ပေါ်လာသော လေတိုးသံမှာ ပတ်ဝန်းကျင်မှ လေတိုက်သံကိုပင် ဖုံးလွှမ်းသွားသည်။
ခွန်အားက ၂၀ ရာခိုင်နှုန်းလောက် တိုးလာတာပဲ။
လုံယီ စိတ်ထဲမှ တွက်ချက်လိုက်သည်။
ယခင်က ခွန်အားမှာ ပေါင်ခြောက်ထောင်မှ ခုနစ်ထောင်ဝန်းကျင်ရှိရာ ယခုအခါ ရှစ်ထောင်မှ ကိုးထောင်ခန့်အထိ ရှိနေပြီဖြစ်သည်။ စွမ်းအင်စက်ဝန်းပြည့် အဆင့်၏ ပြယုဂ်ဖြစ်သော ပေါင်တစ်သောင်း ခွန်အားသို့ ရောက်ရန် နီးကပ်လာပြီ ဖြစ်သည်။ အခြားသော ဝှက်ဖဲများနှင့်ဆိုလျှင် လုံယီသည် မည်သူ့ကိုမဆို ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်ရှိနေပြီ ဖြစ်သည်။
သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည်: လုံယီ]
[အသက်: ၁၉/၆၄]
[အဆင့်: ဒုတိယချီစွမ်းအားသိုင်းသမား (0/600)]
[ကျင့်စဉ်: အဝါရောင် အစွန်းရောက် အသက်ရှူနည်းစနစ် (အဆင့် ၂ ဆရာသခင်အဆင့် 0/300 + နိဗ္ဗာန်နတ်ပန်း ၁ ပွင့်) ဟူမိသားစု အသက်ရှူနည်းစနစ် (အခြေခံပင် မရှိသေး 0/10)]
[ကျွမ်းကျင်မှု: လုံမိသားစု ပုဆိန်အတတ် (အဆင့်မြင့်အောင်မြင်မှု 0/500) အစွန်းရောက်လက်သီး (ဆရာသခင်အဆင့် 0/100) ခဲပေါက်အတတ် (ဆရာသခင်အဆင့် 0/30) ပေါ့ပါးသောကိုယ်ဟန်အတတ် (အဆင့်မြင့်အောင်မြင်မှု 0/200) အခြေခံလှံအတတ် (အခြေခံ 0/6) လျှို့ဝှက်အတတ် - နဂါးဖောက်ထွက်ခြင်း (အပိုင်းအစ - ၁) အရှိန်အဝါပိတ်ဆို့ခြင်း (အခြေခံ 0/3)]
[ပါရမီ: ကျောက်ဖြစ်ခြင်း (ဆရာသခင်အဆင့် 0/200 + ကျောက်ဝိညာဉ် ၁၀ ခု + ဖီးနစ်သွေးကျောက် ၃ ခု + နှင်းရည်ဖြူကျောက် ၁ ခု) လျင်မြန်ခြင်း (အခြေခံ 0/20 + မြေနဂါးအဆီအနှစ်အကြော ၁ ခု)]
[စွမ်းအင်: ၁၁၅]