ကျွန်းပေါ်သို့ ရောက်လာပြီ
Vol. 46 Ch. 555
နာရီပေါင်းများစွာ ပျံသန်းပြီးနောက် လေယာဉ်သည် XX နိုင်ငံ၏ မြို့တော်တည်ရှိရာ ကျွန်းပေါ်သို့ ဆင်း သက်လာခဲ့သည်။ထိုနိုင်ငံသည် ကျွန်းစုနိုင်ငံတစ်နိုင် ငံဖြစ်၍ ၎င်းတို့၏ မြို့တော်မှာ အကြီးဆုံးကျွန်းပေါ် တွင် တည်ရှိနေခြင်း ဖြစ်၏။
လျူယောင် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် တ စ်ပြိုင်နက် ရာသီဥတုကွာခြားမှုကို သိသိသာသာ ခံစ ားလိုက်ရသည်။ပူနွေးလှသည့် လေပြင်းများက သူ့ မျက်နှာအား တိုးဝှေ့တိုက်ခတ်လာ၏။' ဟွာဟိုင်း'မြို့ တွင်မူ ဆောင်းဦးနှောင်းပိုင်းကာလ ဖြစ်သဖြင့် ရာ သီဥတုက အနည်းငယ် အေးမြနေပေသည်။
သို့သော်လည်း ဤနေရာနှင့် လုံးဝဆန့်ကျင်ဘက် ဖြ စ်နေကာ ပုံမှန် အပူပိုင်းဒေသ ရာသီဥတုအတိုင်း ပူ ပြင်းလှသည်။
"သူဋေး... ဒီမှာ တကယ်ပူတာပဲ..အပူချိန်က ၃၀ ဒီဂ ရီကျော်လောက်တော့ သေချာပေါက်ရှိမယ်..."
လျူယောင်၏ နောက်တွင် ကပ်လျက်ပါလာသည့် ချန်းဟူ နှင့် 'ကျောက်ဟုန်ဖူတို့က အပူဒဏ်ကို ခံစား ရင်း မအောင့်နိုင်ဘဲ မှတ်ချက်ပေးလိုက်၏။
လျူယောင်ကမူ ဘာမျှပြန်မပြောဘဲ ပြုံးနေမိသည်။ အကြောင်းရင့းမှာ သူတို့ကို လာကြိုရန် စောင့်နေသ ည့် ရပ်ဆဲလ်တို့အဖွဲ့ကို မြင်လိုက်ရသောကြောင့် ဖြ စ်သည်။
လျူယောင် ရောက်လာသည်နှင့်တစ်ပြိုင်နက် ရပ်ဆဲ လ်ကိုယ်တိုင် လေဆိပ်သို့ လာကြိုခဲ့၏။ထို့နောက် လျူယောင်တို့အဖွဲ့သားများကို သမ္မတအိမ်တော်သို့ တိုက်ရိုက်ခေါ်လာကာ XX နိုင်ငံ၏ သမ္မတနှင့် ရင်း ရင်းနှီးနှီး တွေ့ဆုံစေခဲ့သည်။
လူမှုရေးအရ နှုတ်ဆက်စကားဆိုခြင်းများ ပြီးဆုံး သောအခါ လျူယောင်သည် သူပိုင်ဆိုင်မည့်ကျွန်း ကို အမြန်ဆုံး ကြည့်ရှုလိုသဖြင့် လူ ၁၀ ဦးကျော်ပါ ဝင်သော အဖွဲ့နှင့်အတူ ရဟတ်ယာဉ်နှစ်စင်းဖြင့် ထို ကျွန်းဆီသို့ ထွက်ခွာလာကြသည်။
တစ်နာရီကျော်ခန့် ပျံသန်းပြီးနောက် ရပ်ဆဲလ်က အ ရှေ့ဘက် ပင်လယ်ပြင်ဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။
"မစ္စတာလျူ..ဟိုမှာ. ကျွန်းကို လှမ်းမြင်နေရပြီဗျ"
လျူယောင်သည် ရဟတ်ယာဉ်၏ ပြတင်းပေါက်မှ တစ်ဆင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ပင်လယ်ပြာ ကြီးထဲတွင် ကျောက်စိမ်းရတနာတစ်ပွင့်ကို ချထား သကဲ့သို့ စိမ်းလန်းစိုပြည်နေသည့် ကျွန်းငယ်လေး ကို မြင်လိုက်ရသည်။
အဝေးမှကြည့်လျှင် ကျွန်းလေးမှာ သေးငယ်နေသေ ာ်လည်း တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ကျွန်း၏ ပုံရိပ်မှာ လူတိုင်း၏ မျက်စိရှေ့တွင်ပင် ပို မိုကြီးမားလာ၏။
ဆယ်မိနစ်ခန့်အကြာတွင် ရဟတ်ယာဉ်နှစ်စင်းသည် ကျွန်း၏အထက် ပေရာပေါင်းများစွာအမြင့်၌ ဝဲပျံ နေပြီး လျူယောင်တို့အဖွဲ့သားများသည်လည်း အေ ာက်ဘက်ရှိ ကျွန်းအလှကို ငေးမောကြည့်ရှုနေကြ သည်။
အမြင့်မှကြည့်လျှင် ကျွန်းတစ်ကျွန်းလုံး၏ မြင်ကွင်း ကို အတိုင်းသား မြင်တွေ့နေရ၏။ဓာတ်ပုံထဲတွင် မြ င်ခဲ့ရသည့်အတိုင်းပင် ကျွန်း၏ပုံသဏ္ဌာန်မှာ ဘဲဥပုံ နှင့် ဆင်တူပြီး စိမ်းလန်းစိုပြည်သော တောအုပ်များ ကြောင့် တစ်ကျွန်းလုံး အသက်ဝင်လှပနေသည်။
အထူးသဖြင့် ကျွန်း၏ အနောက်တောင်ဘက်တွင် သွယ်တန်းနေသည့် သဲသောင်ပြင်ကြီးမှာ ပင်လယ် ပြာနှင့် လိုက်ဖက်စွာ အလွန်ပင် ရှုမောဖွယ်ကောင်း လှ၏။
လျူယောင်က ထိုမြင်ကွင်းကို ကျေနပ်အားရစွာ ကြ ည့်နေစဉ် ကျန်အဖွဲ့သားများကမူ ကင်မရာကိုယ်စီဖြ င့် မှတ်တမ်းတင် ဓာတ်ပုံရိုက်နေကြသည်။၎င်းတို့ အ ဖွဲ့ထဲမှ အချို့လူများမှာ ကျွန်းအား မြေတိုင်းတာခြင် းနှင့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းများကို တာဝန်ယူ ရမည့် ပညာရှင်များ ဖြစ်ကြ၏။
လျူယောင်၏ ရည်မှန်းချက်မှာ ဤကျွန်းပေါ်တွင် ခေတ်မီဆိပ်ခံတံတား၊လေဆိပ်နှင့် သီးသန့်ဗီလာအိ မ်များ တည်ဆောက်ကာ ဘက်စုံဖွံ့ဖြိုးတိုးတက်အေ ာင် ဖန်တီးပုံဖော်ရန်ပင် ဖြစ်ပေသည်။
ကျွန်း၏ အထက်တွင် အကြိမ်ကြိမ် ဝဲပျံကြည့်ရှုပြီး နောက် ရဟတ်ယာဉ်နှစ်စင်းသည် ကျွန်းပေါ်ရှိ မြေ ကွက်လပ်တစ်နေရာတွင် ညင်သာစွာ ဆင်းသက်လို က်၏။ရဟတ်ယာဉ်တံခါး ပွင့်သွားသည်နှင့် မလှမ်း မကမ်းတွင် ရှိနေသော သဲသောင်ပြင်ကြီးကို အထင် အသား လျူယောင် မြင်တွေ့လိုက်ရသည်။
ရဟတ်ယာဉ်ပေါ်မှ လူအချို့သည် မြေတိုင်းတာရေး ကိရိယာများ၊တဲများနှင့် နေ့စဉ်သုံး ပစ္စည်းများကို စနစ်တကျ စတင် နေရာချနေကြ၏။
ယနေ့မှာ ဤကျွန်းပေါ်တွင် လူသားတို့ စတင်အခြေ ချသည့် နေ့တစ်နေ့ပင် ဖြစ်သည်။လျူယောင်၏ စီမံ ကိန်းအရ ပထမအဆင့်တွင် တဲများထိုးကာ အသေး စိတ် မြေတိုင်းတာခြင်းများကို ဆောင်ရွက်မည်ဖြစ် ပြီး ဒုတိယအဆင့်တွင်မူ တိုင်းတာရရှိချက်များအ ပေါ် မူတည်၍ ဒီဇိုင်းပုံစံများ ရေးဆွဲသွားမည်ဖြစ်၏ ။
နောက်ဆုံး တတိယအဆင့်တွင်မူကား အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများ ဆောက်လုပ်ရန် လျူ ယောင် ရည်မှန်းထားသည်။
လျူယောင်သည် ပတ်ဝန်းကျင်ရှိ စိမ်းလန်းစိုပြည် နေသည့် သစ်တောအုပ်များကို တစ်ချက်ကြည့်ပြီး နောက် ရှုခင်းအလှကို ခံစားရန် သဲသောင်ပြင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့၏။သူ့ နောက်တွင်မူ ချန်းဟူနှင့်ကျောက်ဟုန်ဖူတို့က ကပ်လျက်လိုက်လာ သလို 'ရပ်ဆဲလ်ကလည်း လူနှစ်ဦးကို ခေါ်လာကာ လိုက်လာခဲ့သည်။
ကမ်းခြေတစ်လျှောက် လျူယောင် လျှောက်လာရင် း ကျွန်းပေါ်ရှိ သဘာဝအလှတရားများနှင့် လတ်ဆ တ်သော လေထုကို ခံစားရကာ ကျေနပ်နေမိ၏။
"ဟိုမှာကြည့်စမ်း... အုန်းပင်တွေ အများကြီးပဲအုန်း သီးတွေလည်း ပြွတ်ခဲနေတာပဲဟ"
ကျောက်ဟိုင်ဖုန်းက စေတနာ့ဝန်ထမ်းတစ်ဦးလို ခပ် သွက်သွက်ပင် ပြောလိုက်သည်။
"ကျွန်တော် သွားခူးပေးမယ်လေ သူဋေး..”
လျူယောင်လည်း ခေါင်းညိတ်ကာ သဘောတူလိုက် ၏။ဤကဲ့သို့ ပူပြင်းလှသည့် ရာသီဥတုမျိုးတွင် အုန် းရည်အေးအေးလေး သောက်ရခြင်းမှာ အကြံကေ ာင်ပင် ဖြစ်ပေသည်။
ကျောက်ဟုန်ဖူက မျောက်တစ်ကောင်ထက်ပင် ပိုမို ဖျတ်လတ်နေပြီး အုန်းပင်ပေါ်သို့ အချိန်တိုအတွင်း ရောက်လာခဲ့၏။ထို့နောက် သူ၏ဓားမြှောင်ကို ထုတ် ၍ ခပ်သွက်သွက် လှီးဖြတ်လိုက်ရာ အုန်းသီးများမှာ တစ်လုံးပြီးတစ်လုံး အောက်သို့ တဖုန်းဖုန်း ပြုတ်ကျ လာခဲ့သည်။
အုန်းသီးများစွာ ဆက်တိုက် ပြုတ်ကျလာသည်ကို မြင်သောအခါ လျူယောင်က လှမ်း၍ တားလိုက်ရ ၏။
"တော်ပြီ... တော်ပြီ... ဒီလောက်ဆို လောက်ပါပြီ.."
ကျောက်ဟုန်ဖူမှာ ဓားမြှောင်ကို ပါးစပ်ဖြင့် ကိုက်၍ အုန်းပင်ပေါ်မှ သွက်လက်စွာ ပြန်ဆင်းလာသည်။သူ သည် ပြုတ်ကျလာသော အုန်းသီးများထဲမှ အကြီး ဆုံးတစ်လုံးကို ရွေးချယ်ကာ ဓားမြှောင်ဖြင့် ကျွမ်း ကျင်စွာ ထိပ်ပိုင်းကို လှီးဖြတ်လိုက်၏။
အုန်းသီးအတွင်းမှ အုန်းရည်များမှာ ပြည့်လျှံနေကာ အလွန်ပင် သောက်ချင်စဖွယ် ဖြစ်နေပေသည်။
"သူဋေး. မြည်းကြည့်ပါဦးခင်ဗျာ။"
လျူယောင်သည်လည်း အားမနာတမ်းပင် အုန်းသီး ကိုယူကာ မော့သောက်လိုက်၏။
သူက ကျေနပ်အားရစွာ ချီးကျူးလိုက်သည်။
"အင်း... အရသာ တကယ်ကောင်းတာပဲ.. လန်းဆန်း သွားတာပဲ.. မင်းတို့လည်း မြည်းကြည့်ကြဦးလေ.."
ချန်းဟူသည်လည်း ထက်မြက်သည့် ဓားမြှောင်ကို ထုတ်ကာ အုန်းသီးအချို့ကို အခွံနွှာပြီး ရပ်ဆဲလ်နှင့် အဖွဲ့သားများကို ဝေငှပေးလိုက်၏။အုန်းသီးများမှာ အတော်လေးနုသဖြင့် အခွံခွာရသည်မှာ လွယ်ကူလှ သည်။လူတိုင်း အုန်းရည်သောက်ရင်း စကားပြော ဆိုနေကာ အပန်းဖြေနေကြသည်။
အုန်းရည်သောက်ပြီးနောက် ရှေ့သို့ လျူယောင် ဆ က်လျှောက်လာရင်း ပြောလိုက်၏။
"မစ္စတာရပ်ဆဲလ်... ဒီကျွန်းရဲ့ ရှုခင်းကတော့ တက ယ်ကို အပြစ်ပြောစရာမရှိအောင် လှပတာပဲဗျာ"
ရပ်ဆဲလ်ကလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေ လိုက်သည်။
ကျွန်တော်တို့နိုင်ငံမှာ ဒီလိုလှပတဲ့ ကျွန်းတွေ အများ ကြီးရှိပါသေးတယ် အခု မစ္စတာလျူ မြင်နေရတာ က အဲဒီအထဲက တစ်ကျွန်းပဲ ရှိပါသေးတယ်"
လမ်းအနည်းငယ် ဆက်လျှောက်ပြီးနောက် သဲသော င်ပြင်ပေါ်ရှိ ကြီးမားသော ခြေရာတစ်ခုကို လျူယော င် တွေ့သွားပြီး လက်ညှိုးထိုးပြကာ မေးလိုက်၏။
"ဒါ ဘယ်တိရစ္ဆာန်ရဲ့ ခြေရာဖြစ်မလဲဆိုတာ ခန့်မှန်း ကြည့်ကြပါဦး.."
ဤလူသူမနီးသည့် ကျွန်းရိုင်းပေါ်တွင် တောရိုင်းတိ ရစ္ဆာန်များစွာ ရှိနေနိုင်ကြောင်း ထိုခြေရာက သက် သေပြနေသဖြင့် လူတိုင်းက စိတ်ဝင်တစားဖြင့် သေ သေချာချာ ကြည့်လိုက်ကြသည်ါ
ကြည့်ပြီးနောက် ကျောက်ဟုန်ဖူက မှတ်ချက်ပေးလို က်၏။
"ကျွန်တော် ခန့်မှန်းရသလောက်တော့ ဒါ ဆိတ်ရိုင်း ခြေရာတွေ ဖြစ်နိုင်တယ်.."
ချန်းဟူကမူ ခဏ.စဉ်းစားပြီးမှ ပြောလိုက်သည်။
"ဒါက ဝက်ဝံခြေရာနဲ့ ပိုတူသလိုပဲ..."
လျူယောင်က ဘေးတွင်ရှိနေသော ရပ်ဆဲလ်ဘက် သို့ လှည့်ကာ မေးလိုက်၏။
"ဒါ ဘယ်လိုခြေရာမျိုးလဲဆိုတာ ခင်ဗျား သိမယ်ထ င်တယ်နော်"
ရပ်ဆဲလ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"သိပါတယ်..ကျွန်တော်တို့နိုင်ငံက ကျွန်းအတော်မျာ းများမှာ တောဝက်တွေ ကျက်စားလေ့ရှိပါတယ်.. တစ်ခါတလေဆို အုပ်စုလိုက် ရှိတတ်ကြတယ်. ဒါ က တောဝက်ခြေရာ ဖြစ်ဖို့များပါတယ်"
လျူယောင် ခေါင်းညိတ်လိုက်၏။
ရပ်ဆဲလ်ပြောသကဲ့သို့ တောဝက်ခြေရာဖြစ်ရန် ဖြစ် နိုင်ခြေ အရှိဆုံးပင်။ဤလူသူမနီးသော ကျွန်းရိုင်း ပေါ်တွင် အပင်များ စိမ်းလန်းစိုပြည်ပြီး အစားအစာ ပေါ များသည့်အပြင် ရန်သူလည်း မရှိသဖြင့် တော ဝက်များ အဆမတန် ပေါက်ဖွားနေခြင်းမှာ သဘာဝ ပင် ဖြစ်၏။
"အားလုံးပဲ..ခဏ... နားထောင်ကြည့်ပါအုံး.. တစ်ခုခု လှုပ်ရှားနေတဲ့ အသံပဲ.."
ချန်းဟူ၏ အကြားအာရုံမှာ သာမန်ထက် ထူးကဲစွာ ကောင်းမွန်လှသည်။သို့သော်လည်း လျူယောင်၏ အာရုံခံနိုင်စွမ်းမှာ ထိုထက်ပင် သာလွန်နေသဖြင့် သူ လည်း အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
"တောဝက်အုပ်စုပဲ ဖြစ်ရမယ်..လာ.. သွားကြည့်ကြ ရအောင်.."
လူတိုင်းသည် အသံကြားရာဘက်သို့ သတိထားကာ လျှောက်လာကြသည်။သစ်တောအတွင်းသို့ ပေတစ် ရာခန့် တိုးဝင်ကြည့်လိုက်သောအခါ သစ်ပင်ကြီး တ စ်ပင်အောက်တွင် တောဝက်အုပ်စုကြီးတစ်စုကို တွေ့ လိုက်ရသည်။
အကောင်ရေအားဖြင့် ၂၀ မှ ၃၀ ခန့်အထိ ရှိနေ၏။
ထိုအုပ်စုကို ဦးဆောင်နေသည်မှာ တောဝက်ဖိုကြီးမျ ားဖြစ်ပြီး တစ်ကောင်ချင်းစီသည် အနည်းဆုံးပေါင် ၂၀၀ မှ ၃၀၀ ခန့်အထိ အလေးချိန်ရှိပုံရသည်။ အကြီးဆုံးဝက်ဖိုကြီးမှာမူ ပေါင် ၃၀၀ ကျော်လောက် ရှိနိုင်ပြီး ၎င်း၏ အစွယ်များမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ဝက်ဖိုကြီးများအပြင် ဝက်မများနှင့် ဝက်ပေါက်လေ းများလည်း ရောနှောကာ ရှိနေကြသည်။
ရပ်ဆဲလ်က အသံတိုးတိုးလေးဖြင့် စိုးရိမ်တကြီး သ တိပေးလိုက်၏။
"မစ္စတာလျူ... ကျွန်တော်တို့ တိတ်တိတ်လေး နော က်ဆုတ်ကြရအောင်.. သူတို့ကို သွား မနှောင့်ယှက် တာ အကောင်းဆုံးပဲဗျ.."
လက်ရှိတွင် သူတို့အဖွဲ့၌ မည်သူမျှ လက်နက်ကြီးမျ ား ဆောင်ထားခြင်းမရှိပေ။ရပ်ဆဲလ်၏ ကိုယ်ရံ တော်နှစ်ဦးတွင်သာ ပစ္စတိုတစ်လက်စီ ပါပေသည်။ သို့သော်လည်း ပေါင် ၂၀၀၊ ၃၀၀ ခန့်ရှိသော တော ဝက်တစ်ကောင်အား ပစ္စတိုဖြင့် ပစ်သတ်နိုင်ရန်မှာ အလွန်ခက်ခဲလှ၏။
အကယ်၍သာ ထိုတောဝက်များ စိတ်ဆိုးမာန်ဆိုးဖြ င့် ဝိုင်းတိုက်ခိုက်လာပါက အခြေအနေမှာ အတော် လေး ဆိုးရွားလာနိုင်သည်။
ရပ်ဆဲလ်အနေဖြင့် လျူယောင်သာ တစ်စုံတစ်ခု ထိ ခိုက်သွားပါက ဖြစ်လာမည့် နောက်ဆက်တွဲပြဿနာ များကို သူ မတွေးရဲအောင်ပင် ရှိနေ၏။
ရပ်ဆဲလ်တစ်ယောက်မှာမူ ရိုင်ဖယ်ကဲ့သို့သော အင် အားပြင်းလက်နက်ကြီးများ ယူဆောင်မလာခဲ့မိသ ည့် အတွက် အတော်လေး နောင်တရနေမိသည်။အန ည်းဆုံးတော့ ရိုင်ဖယ်သေနတ်အချို့ ပါလာသင့်သ ည်ဟု သူတွေးမိလိုက်၏။
သူ ထိုသို့ စိုးရိမ်စိတ်ဝင်နေစဉ်မှာပင် အချင်းချင်းရန် ဖြစ်နေကြသည့် တောဝက်အုပ်ကြီးမှာ ရုတ်တရက် ငြိမ်သက်သွားကာ ဝက်ဖိုကြီးများက နားရွက်များကို ထောင်၍ အာရုံစိုက်နေကြသည်။ထို့နောက် တစ်ကေ ာင်ပြီးတစ်ကောင် လျူယောင်တို့ရှိရာဘက်သို့ လှ ည့်ကြည့်လာကြ၏။
ထိုမြင်ကွင်းကြောင့် ရပ်ဆဲလ်၏ နှလုံးသားမှာ ဒိန်းခ နဲ ဖြစ်သွားပြီး အေးစက်သွားရသည်။
ရပ်ဆဲလ်က ကြောက်လန့်တကြား ရေရွတ်မိလိုက် ၏။
"ဒုက္ခပဲ... ကျွန်တော်တို့ကို သတိထားမိသွားပြီ.. ဒါ က.. တကယ့်ကို ကပ်ဆိုးပဲဗျာ"
အထူးသဖြင့် တောဝက်အုပ်ထဲတွင် နို့ဖြတ်ခါစ ဝက် ပေါက်လေးများကို တွေ့လိုက်ရသဖြင့် အခြေအနေ မှာ ပို၍ စိုးရိမ်စရာ ဖြစ်နေသည်။မိမိတို့၏ ကလေး များကို ကာကွယ်ရန်အတွက်ဆိုလျှင် တောဝက်များ သည် မည်မျှပင် ကြမ်းတမ်းရက်စက်တတ်သည်ကို သူ ကောင်းကောင်းသိနေသောကြောင့် ဖြစ်၏။