ဂြိုလ်သားကွန်ပျူတာကို စဖွင့်ခြင်း
Vol. 46 Ch. 559
လျူယောင်၏ ဒုတိယအကြိမ် ပစ်ချက်ကို ကြည့်ရ င်း ဝမ်ရှန်းတစ်ယောက် တစ်ခုခုကို သတိပြုမိလာသ ည်။လျူယောင်၏ လှုပ်ရှားမှုများသည် ပထမတစ် ကြိမ်ကထက်စာလျှင် ပိုမိုကောင်းမွန်လာကာ သိသိ သာသာ ချောမွေ့နေခြင်းပင်။
‘အမ် ငါပဲ အမြင်မှားတာလားဟ..."
ဝမ်ရှန်းသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် သူ့ ကိုယ်သူ ပြန်လည်နှစ်သိမ့်လိုက်၏။
‘မဟုတ်လောက်ပါဘူး... ငါ မျက်စိဝါးသွားတာ နေမှ ာပါ..မစ္စတာလျူက လူသစ်ပဲဟာ. .ခုနကလှုပ်ရှား မှုတွေက ကိုးရိုးကားယားနဲ့..ဘယ်လိုလုပ် အချိန်ခ ဏလေးအတွင်း ဒီလောက်အထိ မြန်မြန်သင်ယူနိုင် မှာလဲ..’
"ဒုန်း..ဒုန်း...ဒုန်း.."
သို့သော်လည်း ကျယ်လောင်သည့် အသံနှင့်အတူ ဝ မ်ရှန်း၏ အတွေးတို့ ပြတ်တောက်ခဲ့ရသည်။ဘိုးလင် းဘောလုံးသည် ၉ တုံးတိတိ ထိမှန်၍ လဲကျသွား ကာ တစ်တုံးတည်းသာ မလဲဘဲ ကျန်နေ၏။
ရမှတ်ပြဘုတ်ပေါ်တွင် နံပါတ် ‘၉’ ဟု ပေါ်လာပြန်သ ည်။
ဝမ်ရှန်းတစ်ယောက် အံ့အားသင့်သွားကာ ရမှတ်ပြ ဘုတ်နှင့် လျူယောင်အား အပြန်အလှန် လှည့်ကြ ည့်နေမိ၏။သူ အသိပြန်ဝင်လာရန် နှစ်စက္ကန့်၊သုံးစ က္ကန့်ခန့် အချိန်ယူလိုက်ရသည်။
သို့သော်လည်း သူသည် စိတ်ပျက်ဟန်မပြဘဲ ဟန်မ ပျက် ပြောလိုက် ၏။
“မစ္စတာလျူက... တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ ဗျာ..ဒီပွဲမှာ ၉ မှတ်တောင် ရလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားဘူး..”
လျူယောင်ကမူ နှိမ့်ချစွာ ပြန်ပြောလိုက်၏။
"ကျွန်တော် ကံကောင်းလို့ပါဗျာ... ရုတ်တရက်ကြီး လက်ရည်တက်သွားတယ်”
လျူယောင်တစ်ယောက် ကံကောင်းခြင်းသာ ဖြစ်မ ည်ဟု ဝမ်ရှန်း ယုံကြည်လိုက်သည်။စစကစားသူ တ စ်ဦးအနေဖြင့် တစ်ခါတစ်ရံတွင် ဤကဲ့သို့ ရမှတ်မျိုး ရတတ်သည်မှာ ထူးဆန်းလှသည် တော့မဟုတ်ပေ။
ဝမ်ရှန်းက ဘိုးလင်းဘောလုံးကို ပြန်လည်ကောက် ယူလိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် ကျွမ်းကျ င်မှုအပြည့်ဖြင့် စံနှုန်းမီနေဆဲပင်။ဘောလုံးမှာမူလမ် း ကြောင်းအလယ်တည့်တည့်မှနေ၍ဘေးသို့ အန ည်းငယ်မျှ ယိမ်းယိုင်ခြင်းမရှိဘဲ ဖြောင့်ဖြောင့်တန်း တန်း လှိမ့်ဝင်သွား၏။
ဘောလုံးသည် တြိဂံပုံစံ စီထားသည့် သစ်သားလုံး များကို အားပါပါဖြင့် ထိမှန်သွားရာ နေရာအနှံသို့ ပြ န့်ကျဲသွားပေသည်။သို့သော်လည်း သစ်သားလုံး နှစ် လုံးမှာမူ မလဲဘဲ ကျန်နေခဲ့၏။
ရမှတ်ပြဘုတ်တွင် ‘၈ မှတ်’ ဟု ပေါ်လာသည်။
ဝမ်ရှန်း၏ စိတ်ထဲတွင် အနည်းငယ် နှမြောသွားရသ ည်။၈ မှတ်ဆိုသည်မှာ ရမှတ်ကောင်းသော်လည်း အခုနက လျူယောင် ရရှိသွားသည့် ၉ မှတ်နှင့် ယှဉ် လျှင်မူ နိမ့်ကျနေသည် မဟုတ်ပေလော။
ဝမ်ရှန်းက ခါးသီးသော အပြုံးနှင့်အတူ ခေါင်းကို ခါ ယမ်းလိုက်မိသည်။
“ခင်ဗျားထက် တစ်မှတ် လျော့သွားပြီ မစ္စတာလျူရ ာ..ခင်ဗျားရဲ့ ကံက တကယ်ကို ကောင်းလွန်းပါတ ယ်..”
လျူယောင်က ပြုံးရုံသာ ပြုံးလိုက်၏။နှစ်ကြိမ်ဆ က်တိုက် ပစ်ပြီးနောက် သူသည် ထိုကစားနည်း၏ အတွေ့အကြုံကို သူ အတော်လေး သိလာခဲ့သည်။ သူသည် ဘိုးလင်းဘောလုံးကို တစ်ဖန်ကောက်ယူ ကာ အရှိန်ယူ၍ ပြေးထွက်လိုက်၏။
ယခုတစ်ကြိမ်တွင်မူ သူ၏ ကိုယ်နေဟန်ထားမှာ အ စောပိုင်းကထက် ပိုမိုကျွမ်းကျင်လာကာ စံနှုန်းမီနေ ပေသည်။
“ဒုန်း..”
ဘောလုံးသည် လျင်မြန်သည့် အရှိန်ဖြင့် လှိမ့်ဝင်သွ ားပြီး မတ်မတ်ရပ်နေသော သစ်သားလုံးဆယ်လုံး စလုံး တစ်ပြိုင်နက်တည်း ထိမှန်သွား၏။လမ်းကြေ ာင်းပေါ်တွင် တစ်လုံးမျှ မကျန်တော့ဘဲ ရမှတ်ပြဘု တ်ပေါ်တွင်မူ ‘၁၀’ ဟု ဝင်းခနဲ ပေါ်လာပေသည်။
"ဝိုး ၁၀ မှတ် အပြည့်ပဲ..."
လျူယောင်က သူ့ ရလဒ်အပေါ် အလွန်ကျေနပ်မိ၏ ။
ဝမ်ရှန်းတစ်ယောက်မှာမူ အကြောင်သားဖြစ်နေကာ အချိန်အတော်ကြာအောင် အသိမဝင်နိုင်ဘဲ ရှိနေသ ည်။လျူယောင်သည် အစောပိုင်းက ၉ မှတ်၊ယခုတ စ်ကြိမ်တွင် ၁၀ မှတ် အပြည့် ရလိမ့်မည်ဟု သူအိမ်မ က်ထဲတွင်ပင် ထည့်မမက်မိပေ။
‘မစ္စတာလျူက သူ့ရဲ့ ပညာတွေကို ဖုံးကွယ်ထားတာ များလား... သူက တကယ့် ဝါရင့်တစ်ယောက်လား’
ဤကဲ့သို့ သူ တွေးမိလိုက်သော်လည်း ချက်ချင်းပင် ပယ်ဖျက်လိုက်၏။
‘မဟုတ်ဘူး... ပထမဆုံးအကြိမ် ပစ်တုန်းက သူ့လှုပ် ရှားမှုတွေက တကယ်ကို မကျွမ်းကျင်တာ သိသာပါ တယ်.. သူ ဟန်ဆောင်နေတာတော့ မဟုတ်လောက် ဘူး.."
ဝမ်ရှန်းသည် ခေါင်းထဲမှ အတွေးများကို ထုတ်လို က်ပြီး လက်ရှိပွဲကိုသာ အာရုံစိုက်လိုက်သည်။ယခု က သူ့ အလှည့်ဖြစ်၍ ၈ မှတ်ထက် ပိုရရန် လိုအပ်သ လို ဖြစ်နိုင်လျှင် ၁၀ မှတ် အပြည့်ရမှသာ အခြေအ နေ ကောင်းပေလိမ့်မည်။
သို့သော်လည်း စိတ်ထဲမှ ဖိအားများကြောင့်လား သို့ မဟုတ် အမှတ်ရချင်ဇောဖြင့် အလောတကြီး ဖြစ် သွား၍လား မသိရဘဲ ဝမ်ရှန်း၏ ပစ်ချက်မှာ ၇ မှတ် သာ ရခဲ့သည်။သူ့ မျက်နှာမှာ ပျက်ယွင်းလာကာ အ ရှက်ရသလို သူ ခံစားလိုက်ရ၏။
လျူယောင်သည် တစ်ပွဲထက်တစ်ပွဲ ပိုမိုကျွမ်းကျင် လာကာ နောက်ပိုင်းပွဲစဉ်များတွင်လည်း ဆက်တိုက် ဆိုသလို ဆယ်မှတ်အပြည့် ရယူနိုင်ခဲ့သည်။သူ ဘေ ာလုံးကို ပစ်လိုက်တိုင်း ကြားလိုက်ရသည့် ထိမှန် သော အသံနှင့်အတူ သစ်သားလုံး ၁၀ လုံးစလုံးမှာမူ လမ်းကြောင်းပေါ်မှ ပျောက်ကွယ်သွား၏။
ဝမ်ရှန်းတစ်ယောက် ကြောင်အမ်းအမ်းဖြင့် မှင်သက် နေမိသည်။
‘ဘယ်လိုတွေ ဖြစ်ကုန်တာလဲ... ငါ ဘာတွေ လုပ်နေ မိတာလဲ’
လျူယောင်က ၁၀ မှတ်အပြည့်များကို တစ်ကြိမ်ပြီး တစ်ကြိမ် ယူနေသည်မှာ ဘေးပတ်ဝန်းကျင်မှာ ရှိသ ည့် လူများ၏ အာရုံကိုပါ ဆွဲဆောင်သွား၏။လျူ ယောင် ပစ်မည့်အလှည့်ရောက်တိုင်း အနီးနားရှိ လူ များပင် ကစားလက်စကို ရပ်၍ စိတ်ဝင်တစား လာ ကြည့်နေကြသည်။
“ဒုန်း..”
သစ်သားလုံး ၁၀ လုံးစလုံး ထပ်မံလဲကျသွား၏။
"ဖြောင်း..ဖြောင်း..ဖြောင်း.."
" ဝိုး မိုက်လိုက်တာဗျာ.."
ပတ်ပတ်လည်မှ လက်ခုပ်သံများ ထွက်ပေါ်လာသ ည်။ပွဲများစွာကို ဆက်တိုက် ၁၀ မှတ်ရအောင် ပစ်နိုင် ခြင်းမှာ သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာ မဟုတ်ဘဲ တကယ့် ပရော်ဖက်ရှင်နယ်တစ်ဦး၏ လ က်ရည်မျိုးပင် ဖြစ်၏။
ဝမ်ရှန်း၏ အလှည့်သို့ ရောက်သည့်အခါတွင်မူ သူ သည် 'သုည'မှတ်သာ ရရှိပေသည်။ဖိအားများလွန်း သဖြင့် ဘောလုံးကို ပစ်ရာတွင် လက်ထဲမှ ချော်ထွ က်သွားကာ လမ်းကြောင်းဘေးရှိ မြောင်းထဲသို့ လိမ့် ဝင်သွားသောကြောင့် ဖြစ်၏။
“မစ္စတာလျူ... ခင်ဗျားက တကယ်ကို တော်လွန်းပါ တယ်ဗျာ..ကျွန်တော် အရှုံးပေးပါတယ်..”
နောက်ဆုံး၌ ဝမ်ရှန်းက လက်လျှော့စကား ပြောလို က်ရ၏။
လျူယောင်ကမူ ရယ်မောကာ နောက်ပြောင်လိုက် သည်။
"ဟားဟား..ဘာဖြစ်လို့လဲဗျ... အခုမှ စတာကို အရှုံး ပေးတော့မှာလား.. စွမ်းအင်သစ်ဘက်ထရီ တစ်လုံး တောင်မှ ခဗျား မရသေးဘူးလေ..”
ဝမ်ရှန်း၏ မျက်နှာမှာမူ ချက်ချင်းပင် ပျက်ယွင်းသွာ းပြီး သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိသည်။ သူ တကယ်ပင် နောင်တရနေမိ၏။ဤကဲ့သို့ ဖြစ်ပျ က် လာမည်မှန်း ကြိုသိခဲ့လျှင် လျူယောင်အား ဘိုး လင်းကစားရန် မဖိတ်ခေါ်ခဲ့မိမှာ အမှန်ပင်။
သူ ဖိတ်ခေါ်ခဲ့လျှင်တောင် အပျော်သာ ကစားသင့် ပြီး ယခုကဲ့သို့ လောင်းကြေးမထပ်ခဲ့သင့်ဟု တွေး ကာ ရင်ထုမနာ ဖြစ်နေပေသည်။
မူလက အမှတ်ဆယ်ဂဏန်းကျော်အထိ အသာစီးရ ယူပြီး ဘက်ထရီ ထောင်ပေါင်းများစွာ ဝယ်ယူခွင့်ရ ရန် သူ မျှော်လင့်ခဲ့ခြင်း ဖြစ်၏။သို့သော်လည်း ယခု မူ အနိုင်ရဖို့နေနေသာသာ အမှတ်အနည်းငယ်ရရန်ပ င် မနည်းလိုက်နေရသဖြင့် စွမ်းအင်သစ်ဘက်ထရီမျ ား ဝယ်ယူခွင့်ရမည့် အခွင့်အရေးမှာလည်း ဝေးသွာ းခဲ့ရသည်။
“ဟူး..ကောင်းပါပြီဗျာ...”
ဝမ်ရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းကို သာ တရစပ်ချနေမိ၏။ဝမ်းရှန်းထိုသို့ ဖြစ်နေသည် ကို မြင်သောအခါ လျူယောင်က ပြုံးလိုက်ပြီး ဝမ်ရှ န်း ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ရင်း ပြောလိုက် သည်။
“မစ္စတာဝမ်... ခင်ဗျား ကျွန်တော်နဲ့ အခုလို ဘိုးလင်း အတူတူ ကစားပေးတာကို ထောက်ထားပြီး ဘက်ထ ရီအလုံးရေ ၅,၀၀၀ ကို ကျွန်တော် ဝယ်ယူခွင့်ပေးပါ မယ်.. နောက်တစ်လအတွင်းမှာ ခဗျား ပစ္စည်းလာ ယူလို့ ရတယ်”
“ဗျာ... ဘက်ထရီအလုံးရေ ၅,၀၀၀ ဟုတ်လား. .နော က်တစ်လဆို ကျွန်တော် လာယူလို့ရမယ် ဟုတ်လား ...”
ဝမ်ရှန်းသည် ပထမတော့ သူ နားကြားမှားသည်ဟု ထင်မိလိုက်၏။ခေတ္တမျှ မှင်သက်သွားပြီးနောက် အ သိဝင်လာချိန်တွင်မူ လျူယောင့်လက်ကို တင်းတင်း ဆုပ်ကိုင်၍ သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မစ္စတာလျူရာ ..ကျွန်တော် အိပ်မက်မက်နေသလို တောင် ခံစားနေရတယ်ဗျာ..”
“ခင်ဗျား အိပ်မက်မက်နေတာ မဟုတ်ပါဘူး.. စွမ်းအ င်သစ်ဘက်ထရီ ၅,၀၀၀ ကို တစ်လအတွင်း ခဗျား တကယ်လာယူလို့ ရပါတယ်..”
“ကျေးဇူးတင်ပါတယ်.. တကယ်ကို ကျေးဇူးတင်ပါ တယ်ဗျာ.."
ဝမ်ရှန်းက ဝမ်းသာအားရဖြင့် ကျေးဇူးဆက်တိုက် တင်နေပြီးနောက် ဖိတ်ခေါ်လိုက်၏။
“မစ္စတာလျူ...အရသာရှိတဲ့ စားသောက်ဆိုင် တစ် ဆိုင်ကို ကျွန်တော် သိထားတယ်..အဲဒီမှာ ကျွန်တော့် ကို ညစာ ဧည့်ခံခွင့်ပြုပါလား..”
လျူယောင်ကလည်း ခေါင်းညိတ်ကာ သဘောတူလို က်သည်။
“ရပါတယ်... ပြဿနာမရှိပါဘူး..ညကျရင် အဲ့ဆိုင် ကို သွားပြီး ညစာ အတူစားကြတာပေါ့..”
.........
ယူနီဗာဆဲလ် နည်းပညာသုတေသနဌာန...
နည်းပညာရှင်ယူလီရန်တို့ အဖွဲ့သည် သုတေသန အ ခန်းထဲ၌ အလုပ်ရှုပ်နေကြသည်။လူတိုင်း၏ မျက်နှာ တွင်မူ အသေးစိတ် အချက်အလက်လေးကအစအာ ရုံစူးစိုက်၍ ဂရုတစိုက် ကိုင်တွယ်နေကြ၏။
ပြီးခဲ့သည့်အကြိမ်က ဂြိုဟ်သားနည်းပညာသုံး ကွန် ပျူတာကို ဖွင့်နိုင်ခြင်း မရှိသော်လည်း သူတို့အဖွဲ့သ ည် အရှုံးမပေးဘဲ ပြဿများများအား မနားမနေ ရှာ ဖွေခဲ့ကြသည်။
ယခုအခါတွင်မူ သူတို့သည် ကွန်ပျူတာ၏ အစိတ် အပိုင်းများအား အသစ်တစ်ဖန် ပြန်လည်တပ်ဆင်ပြီ းခဲ့၏။
“မစ္စတာယူ..ကွန်ပျူတာကို ကျွန်တော်တို့ ပြန်တပ်ဆ င်လို့ ပြီးပါပြီ..ဒီတစ်ကြိမ်တော့ ဘာမှားယွင်းမူမှ မရှိ နိုင်တော့ဘူးလို့ ထင်ပါတယ်ဗျာ..”
“အင်း..ငါ ကိုယ်တိုင် နောက်တစ်ခေါက် ပြန်စစ်ကြ ည့်ဦးမယ်”
ယူလီရန်သည် ကိုယ်တိုင်ကိုယ်ကျ စေ့စေ့စပ်စပ် စစ် ဆေးလိုက်သည်။အမှားအယွင်း အသေးသေးလေး ပင် ရှိမသွားစေရန် သူသည် အလွန်နှေးကွေးစွာဖြင့် အဆင့်ဆင့် စစ်ဆေးနေပေသည်။
လိုအပ်သည်များကို စစ်ဆေးပြီးနောက် အားလုံး အ ဆင်ပြေပြီဟု ယူဆရချိန်တွင်မူ သူကိုယ်တိုင်ပင် ပါ ဝါခလုတ်နှင့် ချိတ်ဆက်လိုက်၏။စက္ကန့်ပိုင်းအတွင်း မှာပင် ကွန်ပျူတာပေါ်ရှိ အချက်ပြမီးအချို့ ဝင်းခနဲ လင်းလာရာ သူ့ရင်ထဲတွင်မူ ဝမ်းသာအားရ ဖြစ်လာ ခဲ့သည်။
"ဟေး ပွင့်ပြီဗျ..နောက်ဆုံးတော့ ပွင့်သွားပြီဗျာ.."
"ဖြောင်း..ဖြောင်း..ဖြောင်း..ပျော်စရာကြီးဗျာ.."
ခေတ္တအကြာ၌ အချက်ပြမီးအားလုံး အစိမ်းရောင် သို့ ပြောင်းလဲသွားပြီးနောက် သုတေသနခန်းထဲ၌ အောင်ပွဲခံ အားပေးသံများနှင့် လက်ခုပ်တီးသံများ ဆူညံလာခဲ့၏။
ဒါက တကယ့်ကို ကောင်းမွန်သည့် အစပျိုးမှုတစ်ခု သာ ဖြစ်ပြီး သူတို့အတွက်မူ မျှော်လင့်ချက်အသစ် များကို ယူဆောင်ပေးလိုက်သလို ဖြစ်နေပေသည်။
ယူလီရန်သည်လည်း သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ရင်ခုန်သံများ မြန်နေသည်ကို ခံစားလိုက်ရ၏။သူသ ည် လေကို နှစ်ကြိမ်မျှ ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နောက် ကွန်ပျူတာ၏ Startခလုတ်ကို နှိပ်လိုက်သ ည်။
သုတေသနခန်းအတွင်းရှိ လူတိုင်း၏ အကြည့်များ သည် ထိုကွန်ပျူတာပေါ်သို့သာ စုပြုံကျရောက်နေ ပြီး လူအားလုံး၏ နှလုံးများမှာလည်း တဒိတ်ဒိတ်နှ င့် ခုန်နေကြ၏။
ထိုဂြိုလ်သားကွန်ပျူတာသည် မယုံနိုင်လောက် အေ ာင် မြန်ဆန်သော အရှိန်ဖြင့် ပွင့်လာသည်။၎င်းက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များထဲတွင်သာ မြင်ရသည့် အတိုင်း ကွန်ပျူတာ၏ အပေါ်ဘက်တွင် အလင်းနှင့် အရိပ်များ ပေါင်းစပ်ထားသည့် "ဟိုလိုဂရမ်" ပုံရိပ် လွှာများက လွင့်မျောကာ ထွက်ပေါ်လာ၏။
ထိုကွန်ပျူတာ၏မျက်နှာပြင်တွင်လည်း မည်သူမျှ နားမလည်နိုင်သည့် ထူးဆန်းသော အိုင်ကွန်သင်္ကေ တများ ရှိနေ၏။
သို့သော်လည်း ထိုသို့နားမလည်ခြင်းက အရေးမကြီ းပေ။အဓိကမှာ ကွန်ပျူတာ အောင်မြင်စွာ ပွင့်လာ ခြင်းပင်။
"တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ... ငါတို့က ကွန်ပျူတာကို နောက်ဆုံးတော့ ဖွင့်နိုင်ခဲ့ပြီကွ.."
"ဒါက တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းတယ် လေ ထဲမှာ လွင့်မျောနေတဲ့ အလင်းပုံရိပ်မျက်နှာပြင်ကြီး ပါလား.."
ဤကဲ့သို့သော အလင်းနှင့်အရိပ်နည်းပညာမျိုးကို သူတို့တစ်ခါမျှ မမြင်ဖူး မကြားဖူးခဲ့ချေ။ယနေ့ခေတ် လူသားတို့၏ နည်းပညာထက် နှစ်ပေါင်း မည်မျှပင် စောနေသည်အား ခန့်မှန်းရန်ပင် ခက်ခဲလှ၏။
သုတေသနခန်းထဲတွင်မူ ထိုအောင်မြင်မှုအတွက် စိ တ်လှုပ်ရှားမူများစွာဖြင့် ဆူညံပွက်လောရိုက်နေကြ သည်။
"ဒီကွန်ပျူတာ မျက်နှင်ပြင်ပေါ်က အိုင်ကွန်တွေရော စာသားတွေကပါ အရမ်းထူးဆန်းနေတယ်..စကား လုံးတစ်လုံးမှ ကျွန်တော်နားမလည်ဘူး"
သို့သော်လည်း နည်းပညာရှင်ယူလီရန်ကမူ မည်သ ည့်စကားမျှ မပြောဘဲ လေထဲတွင် လွင့်မျောနေသ ည့် မျက်နှာပြင်ပေါ်ရှိ အရာများကိုသာ စူးစိုက်ကြ ည့်ရင်း မျက်မှောင်ကြုတ်လျက် သူ စဉ်းစားနေပေ သည်။