အံ့ဩစရာကောင်းသော မြင်ကွင်း
Vol. 46 Ch. 560
နည်းပညာရှင်ယူလီရန်သည် ကွန်ပျူတာမျက်နှာအားပြင်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
ကွန်ပျူတာနည်းပညာတွင် သူသည် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည့်တိုင် သူကိုယ်တိုင်ပင် ဤအရာများ ကို နားမလည်နိုင်ဘဲ ရှိနေ၏။မျက်နှာပြင်ပေါ်မှ သ င်္ကေတများဖြစ်စေ၊စာသားများဖြစ်စေ သူ့အတွက်မူ လုံးဝ အစိမ်းသက်သက်လိုမျိုး ဖြစ်နေပေသည်။
“တကယ်ကို ထူးဆန်းတာပဲ... ဒီအိုင်ကွန်တွေကို ကြ ည့်ကြဦး..”
“ဒါက ဘယ်နိုင်ငံက ဘာသာစကားလဲဗျာ.. စကား လုံးတစ်လုံးကိုတောင် အဓိပ္ပာယ်ဖော်လို့ မရဘူး..”
ထိုအိုင်ကွန်နှင့် စာသားများကို နားမလည်နိုင်သော် လည်း လေထဲတွင် ပေါ်နေသည့် အလင်းပုံရိပ် နည်း ပညာမှာမူ တကယ်ကို အံ့ဩစရာ ကောင်းလှသည်။
နည်းပညာရှင်များသည် သူတို့ရှေ့တွင် ပေါ်နေသည့် သုံးဘက်မြင် ပုံရိပ်ကို ကြည့်ကာ တစ် ယောက်တစ် ပေါက် ချီးကျူးနေကြ၏။ထိုနည်းပညာ၏ အခြေခံ သဘောတရားကို သူတို့ အတိအကျ မသိကြသော် လည်း ယနေ့ခေတ်နည်းပညာထက် အဆပေါင်းများ စွာ သာလွန်နေသည်ကိုတော့ အားလုံးက လက်ခံထာ းကြသည်။
ယုလီရန်သည် အသေးစိတ် ထပ်မံကြည့်ရှုစစ်ဆေး ပြီးနောက် မျက်မှောင်ကြုတ်ထားသည်အား ဖြည်း ဖြည်းချင်း ဖြေလျှော့လိုက်သည်။ဤစာသားနှင့် သ င်္ကေတများကိုမူ လောလောဆယ်တွင် နားမလည်နိုင် သေးသဖြင့် စိတ်ရှည်လက်ရှည်ဖြင့်သာ တဖြည်းဖြ ည်းချင်း လေ့လာသွားရန် သူ ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ထိုကွန်ပျူတာကို အောင်မြင် စွာ ဖွင့်နိုင်ခဲ့ခြင်းသည်ပင် သူတို့အတွက်တော့ ကြီး မားသည့် ခြေလှမ်းတစ်လှမ်း ဖြစ်နေပေသည်။
ယူလီရန်က ဖုန်းကို ကောက်ကိုင်လိုက်ကာ ထို သတ င်းကောင်းအား လျူယောင်ထံသို့ ချက်ချင်း အကြေ ာင်းကြားလိုက်၏။
“ကျွန်တော်တို့.ဂြိုလ်သားကွန်ပျူတာကို အောင်မြင် စွာ ဖွင့်နိုင်သွားပါပြီ သူဋေး.."
ယူလီရန်၏ သတင်းစကားကို ကြားလိုက်ရချိန်တွင် မူ လျူယောင့် စိတ်ထဲ၌ ကြည်နူးသွားပေသည်။သူ မျှော်လင့်ထားသည့်အတိုင်းပင် ဂြိုလ်သားတွေ၏ ကွန်ပျူတာကြီးအား အောင်မြင်စွာ ဖွင့်နိုင်ခဲ့ပြီ မဟု တ်ပေလော။
"အိုး တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ သတ င်းပဲကွာ.."
လျူယောင် ချက်ချင်းပင် ထွက်လာခဲ့၏။ကျောက် ဟုန်ဖူက ကားမောင်းကာ ဘေးတွင် ချန်းဟူလည်း ပ ါလာသည်။သူသည် အခြားသူများကို အသိပေးခြ င်းမရှိဘဲ ယူနီဗာဆဲလ်နည်းပညာသုတေသနဌာနသို့ တိုက်ရိုက် မောင်းလာခဲ့၏။
ပညာရှင်ယူလီရန်က အသင့်စောင့်နေပြီး လျူယော င် ဝင်လာသည်ကို မြင်သည်နှင့် ချက်ခြင်း နူတ်ဆက် လိုက်သည်။
“ရောက်လာပြီလား သူဋေး..”
လျူယောင်က လက်ကာပြရင်း စိတ်အားထက်သန် စွာ မေးလိုက်၏။
“ကွန်ပျူတာ ဘယ်မှာလဲ... ငါ့ကို တစ်ချက်လောက် ပြပါဦး.."
ယူလီရန်က ကွန်ပျူတာကို ချက်ချင်း ဖွင့်ပြလိုက်ရာ အားလုံး၏ ရှေ့၌ သုံးဘက်မြင်ပုံရိပ်လွှာကြီးသည် ဝ င်းခနဲ ထွက်ပေါ်လာသည်။ထိုပုံရိပ်လွှာပေါ်ရှိ အိုင်ကွ န်တိုင်းမှာလည်း သုံးဘက်မြင် ပုံရိပ်များ ဖြစ်နေသ ဖြင့် မြင်ရသူအဖို့ လက်တွေ့ဆန်သည့် ခံစားချက်အ ား ရနေ၏။
ထိုနည်းပညာကို မြင်လိုက်ရချိန်တွင်မူ လျူယောင် သည် စိတ်ထဲကနေ မချီးကျူးဘဲ မနေနိုင်တော့ပေ။ ဂြိုဟ်သားတို့၏ နည်းပညာမှာ တကယ့်ကို အံ့သြစရ ာ ကောင်းလှ၏။
ဤသို့သော အဆင့်မြင့်နည်းပညာမျိုးသည် လူသား တွေထက် နှစ်ပေါင်း မည်မျှပင် ရှေ့ရောက်နေသည် အား ခန့်မှန်းရန်ပင် မလွယ်ကူတော့ချေ။
သို့သော်လည်း...
လျူယောင်သည် တစ်ခုခုကို လျင်မြန်စွာ သတိပြုမိ ခဲ့သည်။၎င်းမှာ မျက်နှာပြင်ပေါ်ရှိ မည်သည့်အိုင်ကွ န်ကိုမျှ သူ နားမလည်ခြင်းပင် ဖြစ်သည်။ထို့ကြောင့် အနီးစပ်ဆုံးဟု ထင်ရသည်များကို ခန့်မှန်းကြည့်ရုံမှ အပ အခြားမရှိပေ။
စာသားများမှာမူ ပို၍ပင် ထူးဆန်းနေပြီး လုံးဝ ခန့်မှ န်း၍မရနိုင်သော ပုံသဏ္ဌာန်များ ဖြစ်နေ၏။
သူ့မျက်လုံးရှေ့တွင် လွင့်မျောနေသည့် အိုင်ကွန်များ နှင့် စာသားများကို ကြည့်ရင်း လျူယောင်သည် လ က်ကိုဆန့်၍ ထိကြည့်လိုက်ရာ ထိုအရာများတွင် အ မှန်တကယ် ထိတွေ့မှု အာရုံ ရှိနေသည်အား အံ့အား သင့်ဖွယ် သူ တွေ့ရှိလိုက်ရသည်။
ထိုအိုင်ကွန်များအား စိတ်ကြိုက် ရွှေ့ပြောင်း၍ ရနေ သည်။ဤသည်မှာ ကျွန်ုပ်တို့၏ မိုဘိုင်းဖုန်းမျက်နှာ ပြင်ပေါ်ရှိ အိုင်ကွန်များကဲ့သို့ပင် မိမိအလိုရှိသလို နေ ရာချထားနိုင်ခြင်း ဖြစ်၏။
လျူယောင်သည် အိုင်ကွန်တစ်ခုပေါ်တွင် လက်ချော င်း ဖြင့် ခေတ္တမျှ ဖိထားလိုက်သည်။ နှစ်စက္ကန့်၊သုံးစ က္ကန့်ခန့်သာ ကြာမြင့်သော်လည်း ရုတ်တရက်ဆိုသ လိုပင် အလွန်တရာ အံ့သြဖွယ်ကောင်းသော မြင်ကွ င်းတစ်ခု ပေါ်ပေါက်လာ၏။
လေထဲတွင် လွင့်မျောနေသည့် သုံးဘက်မြင် ပုံရိပ် လွှာမှာမူ ရုတ်တရက် ပုံစံပြောင်းလဲသွားကာ လူတို င်း၏မျက်စိရှေ့မှာပင် ကြီးမားလှသော မြင်ကွင်း အ ဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းမှာ အာကာသတိုက်ပွဲကြီးတစ်ခုပင်။
ကျယ်ပြန့်လှသည့် စကြဝဠာဟင်းလင်းပြင်ကြီးထဲ တွင် ဧရာမစစ်တပ်ကြီးနှစ်တပ်သည် အပြန်ပြန် အ လှန်လှန် တိုက်ခိုက်နေကြ၏။ခေတ်မီဆန်းပြားလှသ ည့် စစ်သင်္ဘောကြီးများပေါ်မှ အစွမ်းထက်လှသော အမြောက်များဖြင့် ပစ်ခတ်နေကြရာ စစ်သင်္ဘော တ စ်စင်းနှင့်တစ်စင်း ထိမှန်ပျက်စီးနေသည်မှာ တကယ့် အစစ်အမှန်အတိုင်းပင်။
သုတေသနခန်းအတွင်းရှိ လူတိုင်းမှာမူ မှင်သက် နေ ကာ ကြောင်အမ်းအမ်းဖြစ်နေကြသည်။
လူတိုင်းသည် ကျောက်ရုပ်များပမာ မလှုပ်မယှက် ရ ပ်နေကြပြီး ထိုအံ့ဩးရာကောင်းသော စစ်ပွဲ မြင်ကွ င်းအား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြ၏။မိနစ် အနည်းငယ် အကြာတွင်မူ မြင်ကွင်းသည် ထပ်မံ ပြောင်းလဲသွားပြန်သည်။
ဧရာမစစ်တပ်များ ပျောက်ကွယ်သွားပြီး အာကာသ ထဲတွင်မူ ပျက်စီးနေသည့် အာကာသယာဉ်ကြီးတစ် စင်းတည်းသာ ပျံသန်းနေ၏။
ထိုအာကာသယာဉ်၏ ရှေ့တွင်မူ အပြာရောင်ဂြိုလ် ကြီးတစ်လုံး ရှိနေပြီး အကာသယာဉ်သည် ထိုဂြိုလ် ဆီသို့ ဦးတည်ကာ ပျံသန်းနေသည်။
“အဲဒါ... အဲဒါ ကမ္ဘာဂြိုလ်ပဲ..ကျွန်တော်တို့ရဲ့ ကမ္ဘာ ဂြိုလ်ကြီးပါလား..”
နည်းပညာရှင်တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ပြော လိုက်ရာ ကျန်သူများကလည်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ထိုအပြာရောင်ဂြိုလ်မှာ အမှန်တကယ်ပင် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်ဖြ စ်နေပေသည်။
ထိုအာကာသယာဉ်သည် ကမ္ဘာပေါ်သို့ ဖြည်းဖြည်း ချဉ်းကပ်လာပြီး လေထုကို ဖြတ်ကျော်ကာ မြေပြင် ပေါ်သို့ အရှိန်ဖြင့် ဆင်းသက်လာ၏။
မကြာမီတွင် အာကာသယာဉ်ထဲမှ ဂြိုဟ်သားများ ထွက်လာကြသည်။သူတို့သည် အရပ် ၄ မီတာမှ ၅ မီတာခန့်အထိ မြင့်မားကြပြီး တစ်ကိုယ်လုံးကို သံချ ပ်ကာအပြည့် ဝတ်ဆင်ထားကာ လက်နက်ဆန်းများ လည်း ကိုင်ထားကြ၏။
အာကာသယာဉ်မှာ အတိုင်းအတာတစ်ခုအထိ ပျက် စီးနေသဖြင့် ဂြိုဟ်သားများသည် ပြန်လည်ပြုပြင်ရ န် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။
နောက်ဆုံးတွင်မူ ပြုပြင်ရန် သူတို့ လက်လျှော့လိုက် ကြပြီး အာကာသယာဉ်ကို ပြန်လည်ပျံတက်စေကာ သမုဒ္ဒရာကြီးတစ်စင်းပေါ်သို့ မောင်းနှင်သွားကြသ ည်။
ထိုနေရာသည် အတ္တလန္တိတ်သမုဒ္ဒရာ ဖြစ်၍ အာကာ သယာဉ်ကြီးသည် တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေ သည့်အလား ပင်လယ်ပြင်ထက်တွင် ပျံသန်းနေ၏။ ထို့နောက် တစ်နေရာတွင် ရပ်တန့်လိုက်ပြီးနောက် အ ာကာသယာဉ်အောက်ခြေမှနေ၍ ဧရာမ အလင်းတ န်းကြီးတစ်တန်းသည် ရေပြင်ထဲသို့ ဒေါင်လိုက် ထိုး ဆင်းသွားပေသည်။
အချင်း ၁,၀၀၀ မီတာခန့်ရှိသည့် ထိုအလင်းတန်း ကြီးသည် တိကျလှသော ဆလင်ဒါပုံသဏ္ဌာန်ရှိပြီး မိုင်ပေါင်းများစွာ နက်ရှိုင်းသော ပင်လယ်ရေထုကို ဖြတ်ကျော်ကာ သမုဒ္ဒရာကြမ်းပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်သွား၏။
ထိုအလင်းတန်းသည် အဆက်မပြတ် လည်ပတ်နေ ပြီး ဧရာမမြေတူးစက်ကြီးတစ်ခုကဲ့သို့ပင် တစ်မိနစ် လျှင် မီတာ ရာနှင့်ချီသော အရှိန်နှုန်းဖြင့် မြေအော က်ထဲသို့ ထိုးဖောက်တူးဆင်းသွားပေသည်။
ထိုမြင်ကွင်းကို ကြည့်ရှုရင်း လျူယောင် တစ်ခုခုကို သဘောပေါက်လိုက်၏။အတ္တလန္တိတ်သမုဒ္ဒရာ ကြ မ်းပြင်တွင် သူ တွေ့ရှိခဲ့သည့် အချင်း မီတာ ၁,၀၀၀ ရှိသည့် စက်ဝိုင်းတွင်းကြီး သုံးတွင်းမှာ ဤနည်းလမ် းဖြင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဂြိုဟ်သားများသည် အဘယ်ကြောင့် ဤမျှကြီးမား သည့် တွင်းများကို တူးခဲ့ကြသနည်း။ဗီဒီယိုမှတ်တ မ်းထဲတွင် အဖြေမပေးထားသော်လည်း သူတို့ သည် တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေပုံရသည်။
တွင်းကြီး သုံးတွင်းကို တူးပြီးသည့်တိုင် ဘာမှမတွေ့ ရသဖြင့် ထိုအာကာသယာဉ်သည် အတ္တလန္တိတ်သမု ဒ္ဒရာမှ ထွက်ခွာလာပြီး နောက်ဆုံးတွင်မူ မြောက်ပစိ ဖိတ်သမုဒ္ဒရာသို့ ရောက်လာ၏။
အာကာသယာဉ်သည် မြောက်ပစိဖိတ် သမုဒ္ဒရာထ က်တွင် ခေတ္တမျှ ရပ်တန့်ပြီးနောက် နေရာတစ်နေရာ သို့ ဦးတည်ပျံသန်းကာ အချင်း မီတာ ၁,၀၀၀ ရှိသေ ာ အလင်းတန်းကြီးအား ထပ်မံ ပစ်ချလိုက်ပြန်သ ည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုအလင်းတန် းကြီးသည် ပင်လယ်ကြမ်းပြင်အား အများကြီး မ တူးနိုင်ခဲ့ပေ။ထိုအလင်းတန်းက ရုတ်တရက် လမ်း ကြောင်းပြောင်းသွားပြီး အရက်မူးနေသူတစ်ဦးပမာ ယိမ်းယိုင်၍ ပင်လယ်ကြမ်းပြင်အောက်သို့ နစ်မြုပ် သွားပေသည်။
တစ်ခန်းလုံး တိတ်ဆိတ်နေကြ၏။
မယုံနိုင်လောက်အောင်ကို တိတ်ဆိတ်ငြိမ်သက်သွား ခြင်းပင်။ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် မြင် တွေ့ လိုက်ရသည့် ပုံရိပ်များ၏ ရိုက်ခတ်မှုမှာ ပြင်း ထန်လွန်းလှသဖြင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက် ခဲနေပေသည်။ထိုကဲ့သို့ အဖြစ်အပျက်ထဲတွင် ကိုယ် တိုင်ရောက်နေသကဲ့သို့ ခံစားရသည့် ခံစားချက်မျိုး မှာ တကယ်ကို တုန်လှုပ်စရာ ကောင်းလှ၏။
လျူယောင်သည် ထိုအမြင်အာရုံ ရိုက်ခတ်မှုကြောင့် သာမက ဗီဒီယိုထဲမှ အကြောင်းအရာများကိုပါ သူ လေးနက်စွာ စဉ်းစားနေမိသည်။
ထိုထိတ်လန့်ဖွယ် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုပြီးနေ ာက် လျူယောင်သည် သမုဒ္ဒရာအောက်ခြေရှိ ဧရာ မ စက်ဝိုင်းတွင်းကြီးများ၏ ဇစ်မြစ်ကို သဘောပေါ က်သွားခဲ့၏။
ထို့အပြင် ဗီဒီယိုထဲ၌ တွေ့လိုက်ရသည့် အာကာသ ယာဉ်မှာလည်း သူတို့ ယခုရှာဖွေတွေ့ရှိထားသည့် ပ င်လယ်အောက်ခြေမှ အာကာသယာဉ်ကြီးပင် ဖြစ်ရ မည်ဟု လျူယောင် ခန့်မှန်းမိလိုက်သည်။
ယူလီရန်သည် သတိပြန်ဝင်လာပြီးနောက် တအံ့တ သြ ပြောလိုက်၏။
“သူဋေး..ဒါက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပဲ ဗျာ..”
လျူယောင်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး သေချာ မှာလိုက်သည်။
“ဒီကွန်ပျူတာကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့တာက ငါ တို့အတွက်တို့ ကြီးမားတဲ့ တိုးတက်မှုပဲ..ဒါပေမဲ့ နေ ာက်ပိုင်းမှာ မင်းတို့ရဲ့ တာဝန်တွေက ပို အရေးကြီး လာလိမ့်မယ်.. ဒီအချက်အလက်တွေကို သေသေချ ာချာ သုတေသနပြုဖို့ လိုတယ်”
ယူလီရန်ကလည်း အာမခံကာ ပြန်ပြောလိုက်၏။
"စိတ်ချပါ သူဋေး.. ကျွန်တော်တို့အဖွဲ့ အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်သွားပါ့မယ်ခဗျ..”
ယူနီဗာဆဲလ် နည်းပညာသုတေသနဌာနတွင် နေ့ လ ယ်အထိ လျူယောင်နေခဲ့ပြီးနောက် ကားဖြင့် ထွက် ခွာလာခဲ့ရာ ဟွာဟိုင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ သည်။
......
သမုဒ္ဒရာရေအောက် နက်ရှိုင်းသည့် နေရာတွင်မူ လိ ပ်ကြီးသည် နဂါးနက်တို့နှင့်အတူ ရှေ့သို့ ကူးခတ်နေ ပေသည်။သူတို့သည် ရေအောက်မီတာ ဆယ်ဂဏန်း ခန့် အနက်၌ တစ်နာရီလျှင် ရေမိုင် ၁၀၀ ခန့်ရှိသော အရှိန်နှုန်းဖြင့် ခရီးနှင်နေကြခြင်းဖြစ်၏။
နာရီအနည်းငယ်ကြာ ကူးခတ်ပြီးနောက် သူတို့သည် ကျွန်းငယ်လေးတစ်ကျွန်းအနီးသို့ ရောက် လာကြသ ည်။အချိန်မှာ ညဉ့်နက်သန်းခေါင်ဖြစ်သဖြင့် တစ်စုံ တစ်ဦးက သတိပြုမိသွားမည်ကို စိုးရိမ်စရာမလိုပေ ။
လိပ်ကြီးသည် ပင်လယ်မျက်နှာပြင်ပေါ်သို့ သူ့ ဦးခေ ါင်းကို ဖော်ကာ ကြည့်လိုက်၏။
သူတို့၏ ရှေ့ တစ်ကီလိုမီတာခန့် အကွာတွင် အနည် းငယ်ကြီးမားသည့် ကျွန်းတစ်ကျွန်းရှိနေကာ ကျွန်း ပေါ်တွင်လည်း လင်းထိန်နေသော မီးရောင်များကို လှမ်းမြင်နေရသည်။
ဤကျွန်းသည် လျူယောင် ဝယ်ယူထားသည့်ကျွန်း ဖြစ်ပြီး လက်ရှိတွင် အကြီးစား ဆောက်လုပ်ရေး လု ပ်ငန်းများ လုပ်ဆောင်နေ၏။ကျွန်းပေါ်တွင် နည်းပ ညာရှင်များ၊စီမံခန့်ခွဲရေးဝန်ထမ်းများနှင့် အလုပ်သ မားများ နေထိုင်နိုင်ရန်အတွက် ယာယီအိမ် ရာများစွ ာကိုလည်း စနစ်တကျ တည်ဆောက်ထားပေသည် ။
နည်းပညာရှင်နှင့်စီမံခန့်ခွဲသူအများစုမှာမူ ဟွာဟိုင်း မြို့မှ ရောက်လာကြသူများဖြစ်ပြီး အလုပ်သမားမျာ းမှာမူ XX နိုင်ငံမှ ဖြစ်၏။လက်ရှိတွင် အလုပ်သမာ း ရာနှင့်ချီရှိနေသော်လည်း ရက်အနည်းငယ်အတွင် း ထပ်ရောက်လာဦးမည်ဖြစ်သည်။
နောက်ဆုံး၌ အလုပ်သမားအင်အား ၂,၀၀၀မှ ၃,၀၀ ၀ ခန့်အထိ ထိုကျွန်းပေါ်တွင် ရှိလာလိမ့်မည်ဟု ခန့်မှ န်းရ၏။
“အကိုကြီး ခင်ဗျားပြောတဲ့ နေရာက ဒီကျွန်းလား..”
လိပ်ကြီးက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“ဟုတ်တယ်... ဒီကျွန်းပဲ...မင်းတို့ နေရာကို သေချာမှ တ်ထားကြ.ငါတို့..နောက်တစ်ခေါက်ကျရင် ဒီကျွန်း နားမှာပဲ ပစ္စည်းတွေ ထားခဲ့ရလိမ့်မယ်....”