ဘိုးလင်းကစားခြင်း
Vol. 46 Ch. 558
ကျွန်းပေါ်တွင် လူအနည်းငယ် လျူယောင် ချန်ထား ခဲ့ပြီးနောက် မကြာမီအချိန်အတွင်း စီမံခန့်ခွဲရေးဝန် ထမ်းများနှင့် ဆောက်လုပ်ရေးအဖွဲ့ကို စေလွှတ်ရန် သူ စီစဉ်ထားသည်။
လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကိုမူ ယန် နိုင်ငံမှ မှာယူမည်ဖြစ်ကာ သံချောင်းနှင့် ကွန်ကရစ် စသည့် ဆောက်လုပ်ရေးကုန်ကြမ်းများကိုမူသင်္ဘော ဖြင့် သယ်ဆောင်မှာပင် ဖြစ်၏။
ယူနီဗာဆဲလ်ပိုင် ကုန်တင်သင်္ဘောကြီးများရှိသော ကြောင့် တန်ချိန်သောင်းချီသော ဘိလပ်မြေနှင့် သံ ချောင်းများကို တစ်ကြိမ်တည်းဖြင့် ပို့ဆောင်ပေးရ န်မှာ ခဲယဉ်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။
ထိုစဉ်မှာပင် သူ့ လက်ထောက်ဖြစ်သူ ကျိူးယန်က သတင်းပို့လိုက်၏။
“ဝူကျန်းမော်တော်ကားအုပ်စုက ဝမ်ရှန်းက သူဋေး ကို ဒီနေ့ နေ့လယ်ဘက်မှာ ဘိုးလင်းကစားဖို့ ဖိတ်ထ ားပါတယ်..ကျွန်တော် ငြင်းလိုက်ရမလားဗျ..”
လျူယောင်သည် ခေတ္တစဉ်းစားပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒီလူ ငါ့ဆီက စွမ်းအင်သစ်ဘက်ထရီတွေကို ထပ်ဝ ယ်ချင်နေလို့နေမှာပါ ဘာပဲဖြစ်ဖြစ် နေ့လယ်ဘက် အားနေတာနဲ့ အတော်ပဲ..ငါ ဒီလူနဲ့ သွားကစားပေး လိုက်ပါမယ်..”
“ဟုတ်ကဲ့ပါသူဋေး ကျွန်တော် အကြောင်းပြန်လိုက် ပါ့မယ်”
ကျိုးယန် ထွက်သွားပြီးနောက် လျူယောင် စိတ်ထဲ မှ တွေးမိလိုက်၏။ဘိုးလင်းကစားခြင်းသည် အထ က်တန်းလွှာ စီးပွားရေးလုပ်ငန်းရှင်များကြားတွင် ယ ဉ်ကျေးသိမ်မွေ့သည့် အားကစားဖြစ်သော်လည်း သူ ကိုယ်တိုင်မူ ထိုသို့သော ကစားနည်းကို တစ်ခါမျှ မ ကစားဖူးသေးချေ။
တစ်ခါမှ မကစားဖူးသေးသော်လည်း အသစ်အဆန် းတစ်ခုကို စမ်းသပ်ကြည့်ရင်း အပန်းဖြေလိုက်ရုံပဲ ဟု သူ တွေးလိုက်သည်။
“မစ္စတာလျူ သဘောတူတယ်လို့ပဲ အကြောင်းပြန်ပ ါတယ်ရှင့်..”
အတွင်းရေးမှူးမလေး၏ သတင်းပို့ချက်ကို ကြားလို က်ရချိန်တွင်မူ ဝမ်ရှန်းတစ်ယောက် ပျော်ရွှင်ခဲ့ရ၏။ ကမ္ဘာကျော်လုပ်ငန်းစုကြီး၏ သူဋေးဖြစ်သူ လျူ ယောင်ကိုယ်တိုင် တွေ့ဆုံခွင့် ပေးလိုက်ခြင်းပင် မဟု တ်ပေလော။
ဝမ်ရှန်းဆိုသူသည် လျူယောင်နှင့် ရင်းနှီးခွင့်ရရန် န ည်းလမ်းမျိုးစုံ ကြိုးပမ်းခဲ့ရသည်။သူ့ ရည်ရွယ်ချက် မှာ ရှင်းလင်းလှ၏။၎င်းက အခြားမဟုတ်ဘဲ 'စွမ်းအ င်သစ်ဘက်ထရီ' များအတွက်ပင် ဖြစ်ပေသည်။
ဝူကျန်းမော်တော်ကားအုပ်စုသည် ဒေသတွင်းလုပ် ငန်းတစ်ခုသာ ဖြစ်သဖြင့် ပြင်းထန်လှသည့် ဈေးကွ က်ပြိုင်ဆိုင်မှုကြားတွင် အားသာချက် သိပ်မရှိခဲ့ပေ။ ပြည်ပမှ နာမည်ကြီး မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီများကိုမူ ယှဉ်နိုင်စွမ်းမရှိဘဲ အလယ်အလတ် နှင့် အနိမ့်စားကားအချို့ကိုသာ ထုတ်လုပ်နေရသည့် အခြေအနေပင် ဖြစ်နေသည်။
သို့သော်လည်း ယူနီဗာဆဲလ်စွမ်းအင်သစ်စက်ရုံမှ ဂ ရက်ဖင်း-အလူမီနီယံ ဘက်ထရီများ ထုတ်လုပ်လိုက် ချိန်တွင်မူ ဝမ်ရှန်းသည် မျှော်လင့် ချက်အလင်းရော င်အား မြင်လိုက်ရ၏။
ဤနည်းပညာသည် သူတို့ကဲ့သို့ နောက်ကျကျန်နေ သည့် လုပ်ငန်းတစ်ခုအတွက် ပြိုင်ဘက်များကို ကျော်တက်နိုင်မည့် ဖြတ်လမ်းတစ်ခု ဖြစ်လာတော့ မည်ဆိုသည်ကို သူ ကောင်းကောင်းကြီး သိနေခဲ့သ ည်။
ဝူကျန်းမော်တော်ကားအုပ်စုသည် ချက်ခြင်းဆိုသ လိုပင် လုပ်ငန်းလမ်းကြောင်းကို အပြောင်းအလဲပြု လုပ်လိုက်၏။ဓာတ်ဆီသုံးကားများ ထုတ်လုပ်မှုကို သိသိသာသာလျှော့ချလိုက်ပြီး စွမ်းအင်သစ်သုံး လျှ ပ်စစ်ကားများထုတ်လုပ်ရေးကိုသာ အဓိကထား၍ ပြောင်းလဲလိုက်သည်။
ထို့အပြင် သူတို့သည် ဓာတ်ဆီဆိုင်ရာ အင်ဂျင်သု တေသနလုပ်ငန်းများကိုပါ ရပ်ဆိုင်းလုနီးပါး အထိ လျှော့ချပစ်ခဲ့၏။
“ဟားဟား အချိန်ကိုက်ပဲကွာ.”
ဝမ်ရှန်းက စိတ်လှုပ်ရှားစွာဖြင့် အမိန့်ပေးလိုက် သည်။
“ရှောင်ဝူ...ကျင်းဟွမ်ဘိုးလင်းကလပ်ကို အမြန်ဆုံး ဆက်သွယ်လိုက်..ဒီနေ့နေ့လယ်မှာ ငါ့ရဲ့ အလေးစား ရဆုံး ဧည့်သည်ကို အကောင်းဆုံး ဧည့်ခံရမယ်ဆိုတ ာ...”
သူဆိုလိုသည့် အလေးစားရဆုံး ဧည့်သည်မှာ အခြ ား သူမဟုတ် လျူယောင်ပင် ဖြစ်၏။
လျူယောင်သည် ချန်းဟူတစ်ယောက်ကိုသာ ခေါ်လ ာ၍ ကျင်းဟွမ်ကလပ်အတွင်းသို့ အေးအေးဆေး ဆေး ဝင်လာခဲ့သည်။ဤကလပ်သည် အဆောက်အ ဦး တစ်ထပ်လုံးကို ဘိုးလင်းကွင်းအဖြစ် ပြုလုပ်ထာ းခြင်းဖြစ်ကာ ဟွာဟိုင်းမြို့တွင် အကြီးဆုံးနှင့် အ ဆင့်အမြင့်ဆုံး ဘိုးလင်းကလပ်လည်း ဖြစ်ပေသည် ။
“ဟားဟား..မစ္စတာလျူ...ခဗျားကိုယ်တိုင် လာရော က်ပေးတာ ကျွန်တော့်အတွက်တော့ တကယ့်ကို ဂု ဏ်ယူစရာပါပဲဗျာ...”
ဝမ်ရှန်းသည် လျူယောင်၏လက်ကို အားပါးတရ ဆွဲကိုင်နှုတ်ဆက်လိုက်ရာ သူ၏ အားတက်သရော ရှိလှသည့် အသံအား တစ်ခန်းလုံး ကြားလိုက်ရ၏။
အပြန်အလှန် နှုတ်ဆက်ပြီးနောက် ဝမ်ရှန်းနှင့် လျူ ယောင်တို့သည် ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။ ဘိုးလင်းကွင်းအတွင်း၌မူ ကစားလို့ရသည့် လမ်း ကြောင်း ဆယ်လမ်းကျော်ရှိနေကာ တခြားသူများ လည်း အားတက်သရော ကစားနေကြသည်ကို လျု ယောင် တွေ့ရသည်။
သူတို့နှစ်ဦးသည် ချက်ချင်းမကစားသေးဘဲ ဆိုဖာ တွင် ထိုင်ရင်း ဝမ်ရှန်းက ဝူကျန်းမော်တော်ကားအုပ် စု၏ လက်ရှိအခြေအနေကို စတင်မိတ်ဆက်ပေးလို က်၏။
“မစ္စတာလျူ... ကျွန်တော်တို့ ကုမ္ပဏီက အခုဆိုရင် စွမ်းအင်သစ်သုံးယာဉ်တွေကိုပဲ ထုတ်လုပ်ဖို့ လမ်း ကြောင်းပြောင်းလဲလိုက်ပါပြီ.. ဒီဇိုင်းပိုင်းကအစ ထု တ်လုပ်မှုပိုင်းအဆုံး ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးကို ပုံအောထားသလို.. ထုတ်လုပ်မှုစွမ်းအား ကိုလည်း အမြင့်ဆုံးအထိရောက်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်...”
ကုမ္ပဏီ၏ အခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီး နောက် ဝမ်ရှန်းက ဆက်ပြောလိုက်သည်။
“တကယ်တော့ မစ္စတာလျူရာ... ကျွန်တော်တို့အတွ က် အကြီးမားဆုံး အခက်အခဲက စွမ်းအင်သစ်ယာဥ် အတွက် ဘက်ထရီ ပြတ်လပ်နေတာပါပဲ ..လက်ရှိရ နေတဲ့ အရေအတွက်က တကယ်ကို နည်းလွန်းနေလို့ ပါ..ဒါကြောင့် ခင်ဗျားတို့ဆီကနေ ဘက်ထရီ အလုံး ရေ တစ်သောင်း၊ဒါမှမဟုတ် ငါးထောင်လောက်ပဲဖြ စ်ဖြစ် ပိုပြီး ရောင်းပေးလို့ ရနိုင်မလားဗျာ.. အဲဒီလေ ာက်ဆိုရင်ပဲ ကျွန်တော်တို့အတွက် တော်တော်လေ းကို အဆင်ပြေသွားပါပြီ...”
ကားတစ်စီးလျှင် ဘက်ထရီတစ်လုံး လိုအပ်သည် ဖြစ်ရာ ဘက်ထရီတစ်သောင်းသည် ကားအစီးရေ တစ်သောင်း ထုတ်လုပ်ရန် လုံလောက်သည့် ပမာ ဏပင် ဖြစ်၏။
လျူယောင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ပြဿနာတော့ မရှိပါဘူး... ဒါပေမဲ့...”
“ပြဿနာမရှိဘူး” ဆိုသည့် စကားကြောင့် ဝမ်ရှန်း ၏ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားသော် လည်း “ဒါပေမဲ့” ဟု အဆက်တွင်မူ သူ့ စိတ်ထဲ၌ ချက်ချင်းဆိုသလို လေးလံသွားပေသည်။
လျူယောင်က လေသံကို မြှင့်လိုက်၍ ပြတ်သားစွာ ပြောလိုက်၏။
“ကျွန်တော်တို့ရဲ့ စွမ်းအင်သစ်ဘက်ထရီတွေကို ဝယ် ချင်တယ်ဆိုရင်တော့ ခင်ဗျားရဲ့ အရည်အချင်းပေါ် မှာပဲ မူတည်လိမ့်မယ်..”
ဝမ်ရှန်းကလည်း ချက်ချင်းပင် ပြန်ပြောလိုက်၏။
“မစ္စတာလျူက... ကျွန်တော့်ကို ဘာလုပ်စေချင်လဲ ဆိုတာသာ ပြောပါ..”
“ခင်ဗျားက ကျွန်တော့်ကို ဘိုးလင်းကစားဖို့ ဖိတ်ထာ းတာပဲလေ... ဟုတ်တယ်မလား ဒါဆိုရင် ကျွန်တေ ာ်တို့ ဆယ်ပွဲ ကစားကြတာပေါ့..ခင်ဗျား ကျွန်တော့် ထက် တစ်မှတ်အသာရတိုင်း ဘက်ထရီအလုံးရေ တစ်ထောင် ဝယ်ယူခွင့်ပေးမယ်...”
ဝမ်ရှန်းတစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။
“တကယ်လားဗျာ... ဒီလောက် ကောင်းတဲ့အခွင့်အ ရေးမျိုး ရှိနိုင်ပါ့မလား”
တစ်မှတ်အသာရတိုင်း ဘက်ထရီအလုံး တစ်ထောင် ရမည်ဆိုလျှင် ဆယ်ပွဲစနစ်အရ အမှတ်နည်းနည်း အ နိုင်ရရုံမျှဖြင့် ဘက်ထရီ ထောင်ပေါင်းများစွာကိုအပို င်ရနိုင်မည် မဟုတ်ပေလော။
(မှတ်ချက် - ဘိုးလင်းကစားနည်းတွင် အမှတ်ပြည့် သည် ၃၀၀ ဖြစ်သော်လည်း ဤနေရာတွင် ဇာတ်လ မ်းအရ အမှတ်ပေးပုံကို အခြေခံ၍ ပြင်ဆင်ထားသ ည်။)
ဝမ်ရှန်းက ချက်ချင်းဆိုသလိုပင် ခေါင်းညိတ်၍ သ ဘောတူလိုက်၏။
“ကောင်းပါပြီဗျာ..မစ္စတာလျူနဲ့ ကျွန်တော် ဆယ်ပွဲ ကစားပါ့မယ်.. တကယ်လို့ ကံကောင်းထောက်မစွာနဲ့ ကျွန်တော် အနိုင်ရသွားခဲ့ရင်တော့ ခင်ဗျားကို အားန ာမိမှာပဲဗျာ..”
အမှန်တော့ ဝမ်ရှန်းသည် ဘိုးလင်းကစားခြင်း၌ ကျွ မ်းကျင်သူတစ်ဦးပင် ဖြစ်၏။သူက အားလပ်သည့် အချိန် တိုင်းတွင် ဤကလပ်သို့ လာရောက်ကစား လေ့ရှိသဖြင့် နှစ်ပေါင်းများစွာ အတွေ့အကြုံအရ သူ၏ လက်ရည်မှာ ပရော်ဖက်ရှင်နယ် အဆင့်နီးပါး ရှိနေပေသည်။
ထို့ပြင် သူတို့၏ လုပ်ငန်းရှင်အသိုင်းအဝိုင်းတွင် ဘို းလင်းဝါသနာအိုးများစွာ ရှိသော်လည်း လျူယော င်သည် ထိုအထဲတွင် မပါဝင်ကြောင်း ဝမ်ရှန်းက ကောင်းကောင်းသိထားခဲ့သည်။လျူယောင် ဘိုးလင် းကစားတတ်သည့် သတင်းမျိုးကိုလည်း သူတစ်ခါ မျှ မကြားဖူးပေ။
လျူယောင်က ရယ်မောကာ ပြောလိုက်၏။
"ကဲ... ကျွန်တော်ပြောတဲ့အတိုင်းပဲ အခုပဲ စလိုက်ကြ ရအောင်.. ဒါပေမဲ့ ဒါက ကျွန်တော့်အတွက် ပထမ ဆုံးအကြိမ်မို့လို့ မစ္စတာဝမ်အနေနဲ့ ကျွန်တော့်ကို အ ရှက်မခွဲဖို့တော့ မျှော်လင့်ပါတယ်ဗျာ ဟားဟားဟား .."
“ဟုတ်ကဲ့.. စိတ်ချပါဗျာ.. ကျွန်တော်နိုင်ရင်တောင် အားနာစရာကောင်းပါတယ်ဗျာ.."
ဝမ်ရှန်းက ဤကဲ့သို့ အလျင်အမြန် ပြန်ပြောလိုက် သော်လည်း သူ့စိတ်ထဲတွင်မူ ပျော်ရွှင်မှုကြောင့် ခုန် ပေါက်နေ၏။
‘ငါထင်တဲ့အတိုင်းပဲ..မစ္စတာလျူက ဒီကစားနည်းမှာ လူသစ်ပဲ.. ဒါက ငါ့အတွက်တော့ ရွှေရောင်အခွင့်အ ရေးပဲ..တစ်မှတ်ရတာနဲ့ ဘက်ထရီတစ်ထောင်ဆို တော့ ငါအစွမ်းကုန်ကြိုးစားပြီး အမှတ်များများရ အောင် လုပ်ရမယ်..’
ဤကဲ့သို့ သူက တိတ်တိတ်လေး ကြံစည်ထားပေသ ည်။
နှုတ်ကမူ အလျှော့ပေးကစားမည့်ဟန်ဖြင့် အနိုင် မ ယူပါဟု ကတိပေးထားသော်လည်း လက်တွေ့တွင်မူ အမှတ်အနည်းငယ်ရလျှင်ပင် သူ့အတွက် မနည်းလှ သည့် ပမာဏဖြစ်ကြောင်း ဝမ်ရှန်းက တွက်ချက်ပြီး သားဖြစ်၏။
သူတို့နှစ်ဦးသည် ဘိုးလင်းလမ်းကြောင်းရှေ့တွင် ရ ပ်လိုက်ကြသည်။လမ်းကြောင်း၏အဆုံးတွင်မူ သ စ်သားလုံး ၁၀ လုံးကို တြိဂံပုံသဏ္ဌာန် စနစ်တကျ စီ ထား၏။သစ်သားလုံး တစ်လုံးလဲလျှင် တစ်မှတ် ရ ကာ ဆယ်လုံးစလုံးလဲလျှင် ဆယ်မှတ် ရရှိမည်ဖြစ် သည်။
လျူယောင်သည် ယဉ်ကျေးမနေတော့ဘဲ ဘိုးလင်း ဘောလုံးကို ကောက်ကိုင်ကာ အလေးချိန်ကို စမ်း ကြည့်လိုက်၏။ထို့နောက် အနေအထားပြင်ကာ သူ လှမ်းပစ်လိုက်သည်။ဘောလုံးသည် လမ်းကြောင်း အတိုင်း လှိမ့်ဝင်သွားရာ အစပိုင်းတွင် လမ်းကြောင်း မှန်နေသော်လည်း အဆုံးနားရောက်ခါနီးတွင်မူ အန ည်းငယ် စောင်းသွား၏။
လျူယောင်၏ ကိုးရိုးကွားယားနိုင်လှသည့် လှုပ်ရှား မှုကို ကြည့်ပြီး ဝမ်ရှန်းတစ်ယောက် လုံးဝ စိတ်အေး သွားကာ စိတ်ထဲမှ ကြိတ်၍ ဝမ်းသာနေပေသည်။
‘ဒီ မစ္စတာလျူက ဘိုးလင်းကို ပထမဆုံးအကြိမ် ကစားဖူးတာ တကယ်ပဲဟ..’
ဤကဲ့သို့ သူက ပျော်ရွှင်စွာ တွေးလိုက်၏။
ထိုအချိန်မှာပင်
“ဒုန်း..”
ဘိုးလင်းဘောလုံးသည် လမ်းကြောင်းအဆုံးရှိ သစ် သားလုံးအချို့ကို တိုက်မိသွားပြီး ရမှတ်ပြဘုတ်တွ င် ၅ မှတ် ဟု ပေါ်လာခဲ့သည်။
"အမ် ၅ မှတ်ပဲလား.."
တစ်ပွဲလျှင် အမှတ် ၁၀ အပြည့်ရနိုင်သည့် ဤကစား နည်းတွင် ၅ မှတ် ဆိုသည်မှာ သာမန်ထက်ပင် နိမ့် ကျနေသည့် ရမှတ်တစ်ခုပင် ဖြစ်၏။
ဝမ်ရှန်းတစ်ယောက် ပို၍ပင် အားတက်လာကာ ယခု ကစားမည့် ဆယ်ပွဲအတွင်း အမှတ် ၂၀၊၃၀ မက အ သာ စီးရနိုင်မည်ဟု သူက ယုံကြည်ချက် အပြည့်ရှိ နေခဲ့သည်။
ဝမ်ရှန်းက လျူယောင်၏ မျက်နှာကို ထောက်ထား သောအားဖြင့် ဟန်ဆောင်ပန်ဆောင် ချီးကျူးလိုက် ၏။
.“အိုး... မဆိုးဘူးဗျ..ပထမဆုံးအကြိမ် ကစားတာ တောင် မစ္စတာလျူက ၅ မှတ်တောင် ရတယ်ဆို တော့ နိုင်ဖို့ တော်တော်လေး အလားအလာရှိတာပဲ..”
လျူယောင်သည်လည်း မိမိလက်ရည် မည်မျှရှိသ ည်ကို သိသည့်အလား ပြုံးကာ နေရာမှ ဖယ်ပေးလို က်သည်။
“ကဲပါ... မစ္စတာဝမ်ရယ်..ကျွန်တော့်ကို မြှောက်ပင့် နေတာ ရပ်ပါတော့..အခု ခင်ဗျားအလှည့် ရောက်ပြီ ..”
ဝမ်ရှန်းသည် ဘိုးလင်းဘောလုံးတစ်လုံးကို ကျွမ်း ကျင်စွာ ကောက်ကိုင်၍ ပြောလိုက်၏။
“မစ္စတာလျူ... ဒါဆိုရင်တော့ ကျွန်တော် အားနာမ နေတော့ဘူးနော်..”
သူသည် အရှိန်အနည်းငယ်ယူကာ ပြေးထွက်လာပြီး ဘောလုံးကို အားပါပါဖြင့် ပစ်ချလိုက်သည်။သူ၏ လှုပ်ရှားမှုများမှာ စံနှုန်းမီပြီး အလွန်ချောမွေ့လှရာ တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်ရှန်းသည် ဝါရင့်ကစား သမားတစ်ဦးဖြစ်ကြောင်း သိသာလှ၏။
" ဒုန်း..ဒုန်း..ဒုန်း..."
ဘောလုံးသည် လမ်းကြောင်းအလယ်တည့်တည့်မှ လှိမ့်ဝင်သွားပြီး တြိဂံပုံစံ စီထားသော သစ်သားလုံး များအား တိုက်မိသံများ ထွက်ပေါ်လာသည်။သစ် သားလုံး ၁၀ လုံးအနက် ၉ လုံးလဲကျသွားကာ ရမှတ် ပြဘုတ်တွင် ‘၉ မှတ်’ ဟု ထင်ရှားစွာ ပေါ်လာ၏။
ဝမ်ရှန်းသည် ထိုရလဒ်အပေါ် အလွန် ကျေနပ်သွား ပြီး ပြုံးစိစိဖြင့် ပြောလိုက်သည်။
"အာ..အားနာလိုက်တာ မစ္စတာလျူရယ်...ဒီနေ့မှ ကျွ န်တော့် လက်ရည်က ပုံမှန်ထက် ပိုကောင်းနေပုံရတ ယ်ဗျာ...”
လျူယောင်ကလည်း စိတ်ပျက်ဟန်မပြဘဲ ချီးကျူး လိုက်၏။
“မစ္စတာဝမ်က ဘိုးလင်းမှာ ပညာရှင်အဆင့် ရှိနေလိ မ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားခဲ့ဘူး..”
စကားပြောနေရင်းပင် လျူယောင်သည် ဒုတိယမြေ ာက် ဘောလုံးကို ကောက်ကိုင်လိုက်သည်။ထို့နော က် ဝမ်ရှန်း လုပ်ပြသွားသည့်အတိုင်း အရှိန်အနည်းင ယ်ယူ၍ ပြေးထွက်ကာ လက်ထဲမှ ဘောလုံးအား လ မ်းကြောင်းအတိုင်း သူ ပစ်လွတ်လိုက်၏။