ဘာ..ဆယ်ဒေါ်လာတည်းလား
Vol. 46 Ch. 557
ရပ်ဆဲလ်၏ မျက်ဝန်းအစုံမှာမူ ရုတ်ချည်းဆိုသလို တောက်ပသွား၏။ဝန်ကြီးတစ်ဦး၏ လေးနက်သည့် ပုံစံတို့ကို ဘေးဖယ်ကာ အကင်ကိုသာ သူက အငမ်း မရ စားနေပေသည်။
သူသည် အသားကင်တစ်ချောင်း ကုန်အောင် စား ပြီးနောက် လက်မထောင်ပြ ရင်း အံသြစွာ မေးလို က်၏။
"မစ္စတာလျူ... ဒါက အရမ်းကောင်းတဲ့ အရသာပဲ ဗျာ..ဘယ်လိုများ လုပ်ထားတာလဲ.."
လျူယောင်က ပြုံးကာ ပြန်ဖြေလိုက်သည်။
"လုပ်တာတွေကို ခင်ဗျားပဲ တစ်ချိန်လုံး မြင်နေတာ ပဲမဟုတ်လား.. ခင်ဗျားအကြိုက်နဲ့ ထပ်တူကျတယ် ဆိုရင်တော့ ဆက်စားလေ.."
ပေါင်ချိန် သုံးလေးရာခန့်ရှိသော တောဝက်ကြီးထံမှ အသားကောင်း ဆယ်ပေါင်ခန့်မှာ မြင်ရသူအဖို့ တံ တွေးကျစရာ ဖြစ်နေသည်။ထို့အပြင် ကျောက်ဟုန် ဖူကလည်း ဝက်အူပိတ်၊ အသည်း၊ ကျောက်ကပ်နှင့် နှလုံး အစရှိသည့် ဝမ်းတွင်းသားများအား ကျွမ်းကျ င်စွာ ဆက်ကင်ပေးနေ၏။
အသားကင်များအပြင် ဘီယာများလည်း ရောက်လ ာကာ ထိုစားပွဲဝိုင်းကို ပို၍ ပြည့်စုံသွားစေခဲ့သည်။ ပူနွေးလှသည့် အသားကင်တစ်ဖဲ့နှင့် အေးနေသော ဘီယာတစ်ငုံတို့ ပေါင်းစပ်လိုက်သည့်အခါ ထိုအရ သာမှာ နတ်ပြည်၏သုခကို ခံစားနေရသလို ဖြစ်နေပေသည်။
လျူယောင်၊ရပ်ဆဲလ်နှင့် အပေါင်းအပါတစ်စုတို့ စာ းပွဲဝိုင်းတွင် ထိုင်စားနေကြစဉ် ကျောက်ဟုန်ဖူကမူ ကျွမ်းကျင်သည့် ဘာဘီကျူးစားဖိုမှူးတစ်ဦးပမာ အသားကင်များကို မနားတမ်း ကင်ပေးနေ၏။
" ဒီကင်ထားတဲ့ ကျောက်ကပ်လေးကို မြည်းကြည့် ပါဦး သူဋေး.."
ကျောက်ဟုန်ဖူ၏ ဖိတ်ခေါ်မှုကို လျူယောင်က ခေါ င်းညိတ်ကာအကင်တစ်ချောင်းကိုယူ၍ အားရပါးရ စားပစ်လိုက်၏။ထိုမြင်ကွင်းကို ကြည့်ပြီး ရပ်ဆဲလ် တစ်ယောက် ခေတ္တမျှ တွန့်ဆုတ်နေမိသည်။ဝမ်းတွင် းသားဖြစ်သည့် ကျောက်ကပ်ကို အကင်လုပ်ထား သည်ကို မြင်ရသောအခါ သူ့ စိတ်ထဲ၌ သံသယ ဝင် လာ၏။
"ဒါမျိုးတွေကို တကယ်ပဲ စားလို့ရတာလားဟ.."
ထိုအမူအရာကို ရိပ်မိသော လျူယောင်က ပြုံးကာ တိုက်တွန်းလိုက်၏။
"အားမနာပါနဲ့ဗျာ.. မြည်းကြည့်စမ်းပါ..ဒါက တက ယ်ကို အရသာရှိတာဗျ.."
ရပ်ဆဲလ်သည် မဝံ့မရဲဖြင့် ဝမ်းတွင်းသားကင် တစ် ချောင်းကို လှမ်းယူလိုက်သည်။စမ်းသပ်သည့်အနေ ဖြင့် နည်းနည်း ကိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်း အစုံမှာမူ နောက်တစ်ကြိမ် ဝင်းလက်သွား၏။
ထို့နောက်တွင်မူ သူသည် မည်သည့်အတွေးကိုမျှ ဂ ရုမစိုက်တော့ဘဲ အားရပါးရပင်. စားပစ်လိုက်သည်။
"တကယ့်ကို ထူးကဲလှတဲ့ အရသာပါလားဗျာ..."
ဤအရသာသည် ရပ်ဆဲလ်၏ အယူအဆဟောင်းမျ ားအား အလုံးစုံ ပြောင်းလဲပစ်လိုက်၏။ဝက်ကျော က်ကပ်ကဲ့သို့သော ဝမ်းတွင်းသားများကို စားလို့ရသ ည်သာမက ဤမျှအထိ အရသာကောင်းလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။
ပုံမှန်ဝက်အသားကင်၏ အရသာနှင့် မတူဘဲ တမူထူ းခြားသည့် အရသာမျိုး ရှိနေသည်ကို သူ သတိပြု မိလိုက်၏။
"စားကောင်းလိုက်တာဗျာ.. ဘာအပြစ်မှ ပြောစရာ မ ရှိဘူးဗျာ..."
ရပ်ဆဲလ်နှင့် ကိုယ်ရံတော်နှစ်ဦးတို့သည် အကင်များ ကို မြည်းစမ်းရင်း ဘီယာအေးအေးလေးများကို မြိန် ရည်ယှက်ရည် သောက်သုံးနေကြသည်။ထိုမြင်ကွင်း ကို အဝေးမှ လှမ်းကြည့်နေကြသူများမှာမူ အသား ကင်အနံ့များကြောင့် တံတွေးများကို အကြိမ်ကြိမ် မျိုချနေရရှာသည်။
ထိုလူစုထဲတွင် ဆယ်ကျော်သက်အရွယ် ကလေးင ယ်အချို့လည်း ပါဝင်နေ၏။သူတို့သည် လူကြီးများ ထက် ပို၍ ရဲတင်းကြသလို ဆွဲဆောင်မှုရှိလှသည့် အနံ့ကိုလည်း ကြံ့ကြံ့မခံနိုင်ကြသူများဖြစ်ရာ မသိစိ တ်၏ စေ့ဆော်မှုဖြင့် ထိုစားပွဲဝိုင်းအနီးသို့ တစ်လှမ်း ချင်း တိုးလာကြသည်။
ကလေးငယ်တို့၏ ပါးစပ်ဖျားမှ တံတွေးများပင် စီး ကျလုမတတ် ဖြစ်နေသည်ကို လျူယောင် မြင်လိုက် ရသည့်အခါ သူ့ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ် လာ၏။ထို့နောက် အသားကင်အချို့ကို ကောက်ယူ ၍ ပြောလိုက်သည်။
"ကဲ... လာကြလေ.. တစ်ယောက်တစ်ချောင်းစီမြည် း ကြည့်ကြ.."
အသားကင်ကို ရရှိသွားသည့် ကလေးငယ်တို့မှာ ဝမ် းသာလွန်းသဖြင့် အော်ဟစ်မိမတတ်ပင် ဖြစ်နေ၏။ ထို့နောက်တွင်မူ အငတ်ဘေးမှ လွတ် မြောက်လာသူ များအလား အငမ်းမရပင် စားလိုက်ကြသည်။
"အား..အရသာရှိလိုက်တာဗျာ..."
ကလေးငယ်တို့၏ စားသောက်နေပုံကို မြင်လိုက်ရ သောအခါ အနီးနားရှိ လူအများမှာလည်း မနေနိုင် ကြတော့ဘဲ လျူယောင်တို့ စားပွဲဝိုင်းအနီးသို့ လျှော က်လာကြသည်။လျူယောင်က ပြုံးလျက်ပင် ပြော လိုက်၏။
"ချန်းဟူ.. လူတိုင်းကို တစ်ချောင်းစီ ဝေပေးလိုက်ပ ါဦး.အားလုံးကို မြည်းကြည့်ခိုင်းလိုက်ပါကွာ.."
"တစ်ယောက်တည်း စားရတာထက် အားလုံးနဲ့ ဝေမျှ စားရတာက ပိုပြီး အရသာရှိတာပေါ့ကွာ.."
"ဝိုး... တကယ့်ကို ထူးခြားတဲ့ အရသာပဲဗျ.."
"ကျုပ်ဖြင့် တစ်သက်နဲ့တစ်ကိုယ် ဒီလောက်အရသာ ရှိတဲ့ အစားအစာမျိုး တစ်ခါမှ မစားဖူးပါဘူးဗျာ.."
စားပြီးသည့်အခါ လူတိုင်း၏ ကျေနပ်အားရစွာ ချီး မွမ်းသံများဖြင့် ပြည့်နှက်သွားပေသည်။ဒေသခံတို့ သည်လည်း ကျေးဇူးသိတတ်ကြသူများပီပီ မိမိတို့ ဖမ်းဆီးရမိထားသော ပင်လယ်ငါးများ၊ပုစွန်များနှင့် ရေဘဝဲတို့အား လျူယောင်တို့ စားပွဲဝိုင်းသို့ တဖွဲဖွဲ လာပေးကြ၏။
ကျောက်ဟုန်ဖူမှာလည်း လက်မလည်အောင် အလုပ် များလာပြီး ထိုပင်လယ်စာများကိုပါ သူ ဆက်ကင် လိုက်ပြန်သည်။
"ဖြောင်း..ဖြောင်း..ဖြောင်း.."
ထိုစဉ်မှာပင်...
ပျော်ရွှင်နေသည့် အသံများနောက်၌ လက်ခုပ်သံမျာ း ထွက်ပေါ်လာ၏။ဝိုင်းနေသည့် လူအုပ်ကြီးသည် လည်း လမ်းဖယ်ပေးလိုက်ရာ ထိုနေရာသို့ နိုင်ငံ၏ သမ္မတကိုယ်တိုင် ကြွရောက်လာသည်ကို အံ့အားသ င့်ဖွယ် မြင်တွေ့လိုက်ရသည်။
"မစ္စတာလျူ... ဒီနေရာမှာ အင်မတန် စိတ်လှုပ်ရှားစ ရာကောင်းတဲ့ ပွဲလေးဖြစ်နေတယ်လို့ ကြားတာနဲ့ကျု ပ်ကိုယ်တိုင် လာခဲ့တာပါ..."
လျူယောင်ကလည်း ရင်းနှီးဖော်ရွေစွာ ဖိတ်ခေါ်လို က်၏။
"လာပါဗျာ..အတူတူ သောက်စားရင်းနဲ့ အပန်းဖြေ ကြတာပေါ့.."
သမ္မတကြီးသည်လည်း အောက်ခြေလူတန်းစားနှင့် ရောနှောနေထိုင်တတ်သူပီပီ အသားကင်တစ်ချောင်း အား ကောက်ယူမြည်းစမ်း ကြည့်လိုက်၏။နှစ်ကိုက် လောက် စားပြီးနောက် အံအားသင်ကာ ပြောလိုက် သည်။
"မဆိုးဘူးဗျ... တကယ် အရသာရှိတာပဲ.. ယန်နိုင်ငံ ရဲ့ ကျော်ကြားလှတဲ့ လက်ရာမျိုးနဲ့ ထိုက်တန်တာပဲ .."
စကားလက်ဆုံကျရင်း လျူယောင်က အသားကင် ကို ချလိုက်ကာ ပြောလိုက်၏။
"သမ္မတကြီး.. ကျုပ်အခြေချမယ့် ကျွန်းနဲ့ပတ်သတ် လို့ တကယ်ကျေနပ်မိပါတယ်ဗျာ..နောက်တစ်ဆင့် အနေနဲ့တော့ ဆောက်လုပ်ရေးတွေ စတင်ရတော့မှာ မို့ အလုပ်သမားများစွာ လိုအပ်နေပါတယ်"
သမ္မတကြီးကလည်း ချက်ချင်းပင် ကတိပေးလိုက် သည်။
"အလုပ်သမားပြဿနာအတွက်တော့ ခင်ဗျား ဘာမှ မပူပါနဲ့..ကျုပ်ဘက်က အလုပ်သမား နှစ်ထောင်၊သုံး ထောင်လောက်အထိ ကျုပ် စီစဉ်ပေးနိုင်ပါတယ်..ဒါ က ပြဿနာမဟုတ်ပါဘူး"
"ကောင်းလှချည်လားဗျာ..ဒါဆိုရင်တော့ ကျုပ်ဘက် ကလည်း နောက်တစ်လဆို ဒီကျွန်းရဲ့ ဆောက်လုပ် ရေးစီမံကိန်းတွေကို အကောင်အထည် ဖော်တော့မှာ ပါ.."
"ကျုပ်ဘက်က အလုပ်သမား ၃,၀၀၀ ကို အသင့်ပြင် ထားပေးပါမယ်..ဒါပေမဲ့ လစာကိုတော့ ခင်ဗျားတို့ ဘက်က တာဝန်ယူရမှာပဲ.."
လျူယောင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဟုတ်ပါတယ်.ကျွန်တော့်အတွက် အလုပ်လုပ်ပေးမဲ့ သူတွေကို ထိုက်တန်တဲ့ လစာ ပေးရမှာက ကျွန်တေ ာ့် တာဝန်ပါပဲ..ဒါနဲ့ လုပ်ခနဲ့ပတ်သက်လို့ရော ခင်ဗျ ားဘက်က ဘယ်လောက်အထိ ယူဖို ရည်ရွယ်ထား သလဲ.."
သမ္မတကြီးက ခဏမျှ စဉ်းစားပြီးနောက် စျေးစကာ း ပြောလိုက်သည်။
"တစ်နေ့ကို အလုပ်သမားတစ်ယောက်အတွက် ဆ ယ်ဒေါ်လာနှုန်းဆိုရင်ကော... ဘယ်လိုသဘောရလဲ ဗျ.."
"ဘာ... ဆယ်ဒေါ်လာပဲလား.."
လျူယောင်၏ အံ့သြသံကြောင့် ပတ်ဝန်းကျင်ရှိလူ အချို့ကလည်း တိုးတိုးလေး ပြောနေကြ၏။
"ဆယ်ဒေါ်လာဆိုတာ နည်းတဲ့ပမာဏမှ မဟုတ်တာ အလုပ်သမားတစ်ယောက်အတွက် ပုံမှန်ထက်တော င် ပိုရတယ်ဟာကို.."
ဤနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျနေဆဲဖြစ်သဖြင့် ဆ ယ်ဒေါ်လာဆိုသော ပမာဏမှာ ဒေသခံတို့အတွက်မူ မြင့်မားသည့် လစာဖြစ်နေသည်အား လျူယောင် ရိ ပ်မိသွားပေသည်။
.....
ညဉ့်နက်ပိုင်းသို့ ရောက်သည့်အခါ လျူယောင် အိပ် စက်အနားယူရန် လဲလိုက်၏။သို့သော်လည်း သူ့စိတ် ထဲတွင်မူ ကျွန်း၏အခြေအနေနှင့် လိပ်ကြီး အကြော င်းတို့ကသာ စိုးမိုးနေ၏။
ထိုကြောင့် သူက လိပ်ကြီး နှင့် စိတ်ချင်းဆက်သွယ် လိုက်ကာ ယခု သူ ရောက်ရှိနေသော ကျွန်း၏ တည် နေရာအား လျူယောင် အသေးစိတ် ပြောပြလိုက်သ ည်။နောင်တစ်ချိန်တွင် မိမိအတွက် လိုအပ်လာမည့် အဖိုးတန်ပစ္စည်းများကိုလည်း ထိုကျွန်းအနီးသို့ သ ယ်လာပေးရန်လည်း မှာလိုက်၏။
ထိုပစ္စည်းများထဲတွင် နည်းပညာမြင့် သိပ္ပံပစ္စည်းမျာ းဖြစ်သည့် မီးခိုးနက်ရောင်သတ္တု၊အနက်ရောင် သ တ္တု နှင့်သာမာန်အပူချိန်သုံး စူပါလျှပ်ကူးပစ္စည်း စ သည်တို့ ပါဝင်နေပေရာ လျူယောင်၏ ရှေ့ဆက်လု ပ်မည့် လုပ်ငန်းများမှာ သာမန်ထက် ပိုမိုကြီးမားနေ ကြောင်း ထင်ရှားနေ ပေသည်။