← Chapters

တောဝက်ကင်၏ အနံ့

Vol. 46 Ch. 556

တောဝက်ကင်၏ အနံ့

Vol. 46 Ch. 556

ရပ်ဆဲလ်တစ်ယောက် ရှေ့တည့်တည့်က တောဝက် ကြီးကို ကြည့်ရင်း မျက်နှာတစ်ခုလုံး သွေးမရှိသလို ဖြူဖျော့သွား​၏။ထိုတောဝက်ကြီးက ခေါင်းကို လှ ည့်ပြီး သူ့ကို စိုက်ကြည့်နေပုံမှာ ဘယ်အချိန်မဆို ဒေ ါသတကြီး ပြေးဝင်ဆောင့်တော့မည့် အတိုင်းပင်။

ရပ်ဆဲလ်​ဘေးနားရှိ ကိုယ်ရံတော်နှစ်ဦးမှာလည်း ထိ တ်လန့်နေကြ၏။သူတို့သည် ပစ္စတိုများကို အလုအ ယက်ဆွဲထုတ်၍ ကျည်ဆန်များကို အသင့်အနေအ ထား မောင်းတင်လိုက်ကြသည်။သူတို့အမူအရာမှာမူ တောဝက်နှင့် ရင်ဆိုင်နေရသည်ထက် အဆပေါင်းမျ ားစွာ သန်မာသည့် ရန်သူတော်ကြီးကို ရင်ဆိုင်နေရ သကဲ့သို့ ပျာယာခတ်နေကြ၏။

​“ဒိုင်း..”

​ဖိအားကို မခံနိုင်တော့သည့်အဆုံး ရပ်ဆဲလ်၏ ကို ယ်ရံတော်တစ်ဦးက စတင်ပစ်ခတ်လိုက်သည်။သို့ သော်လည်း တုန်နေသော သူ့လက်ကြောင့် ကျည်ဆ န်မှာ လမ်းကြောင်းလွဲသွားပြီး တောဝက်ကို မထိမှန် ဘဲ ဘေးသို့သာ ချော်ထွက်သွား၏။

​“ငတုံးပဲ..”

​ရပ်ဆဲလ်က ဒေါသထွက်လွန်း၍ ထိုကိုယ်ရံတော်ကို လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်သွားသည်။ဤ မျှ အရေးကြီးသည့်အချိန်မှ ပစ်မှတ်လွဲရသလားဟု သူ ကျိန်ဆဲမိလိုက်သည်။

​"လူအပဲ.."

​ထိုအသံမှာ လျူယောင်၏ အသံဖြစ်ကာ အင်္ဂလိပ် လို ပြတ်ပြတ်သားသား အော်လိုက်ခြင်းဖြစ်၏။ရပ် ဆဲလ်အပါအဝင် ထိုနေရာရှိ လူအားလုံးမှာ အဓိပ္ပာ ယ်ကို နားလည်လိုက်ကြသည်။

​ထိုစဉ်မှာပင် ဒေါသမျက်လုံးများနှင့် တောဝက်ကြီး က သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာ၏။ ရပ်ဆဲလ်၏ အော်ဟစ်ကာ ထွက်ပြေးရန် ပြင်လိုက် သည်။

"အား ကျွန်တော်တော့ သေပြီ ထင်ပါတယ်.."

​လျူယောင်၊ချန်းဟူနှင့် ကျောက်ဟုန်ဖူတို့မှာမူ ထွ က်ပြေးရန် အစီအစဉ် လုံးဝမရှိသည်ကို ရပ်ဆဲလ်တ စ်ယောက် အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ပို၍ မယုံနိုင်စရာ ကောင်းသည်မှာ လျူယောင်က မြေကြီ းပေါ်မှ လက်သီးဆုပ်အရွယ် ကျောက်တုံးလေးတ စ်တုံးကို အေးအေးဆေးဆေး ကောက်ကိုင်လိုက်ခြင် းပင်။

"ဒါက ဘာလုပ်ဖို့လဲ...

​ရပ်ဆဲလ် စိတ်ထဲက မေးမိလိုက်သည်။

"ဒီကျောက်တုံးလေးနဲ့ ပြေးဝင်လာတဲ့ တောဝက်ကြီး ကို ပစ်ပေါက်မလို့လား..မဖြစ်နိုင်တာ..ဒါက အလွန် မိုက်မဲတဲ့ လုပ်ရပ်ပဲကွာ.."

​သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် ရပ်ဆဲလ်၏ လည်ချောင်းကို တစ်စုံတစ်ဦးက ညှစ်ထားသကဲ့သို့ အသက်ရှူရပ်မတတ် ဖြစ်ခဲ့ရ၏။သူသည် သရဲသရဲ တစ်ကောင်ကို မြင်လိုက်ရသည့်အလား မျက်လုံးအ စုံမှာမူ ပြူးကျယ်သွား၏။ရပ်ဆဲလ်တင်မကဘဲ သေနတ်ကိုင်ထားသည့် ကိုယ်ရံတော်နှစ်ဦးပါ အံ့ဩ လွန်း၍ ဆွံ့အသွားကြသည်။

​လျူယောင်က ထိုကျောက်တုံးကို ကောက်၍ အား အင်အနည်းငယ်မျှ စိုက်ထုတ်ပုံမရဘဲ ပေါ့ပေါ့ပါးပါး ပင် ပစ်ပေါက်လိုက်သည်။

​“ဗုန်း...”

​ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်သွား၏။

​ကျောက်တုံးသည် တဟုန်ထိုး ပြေးဝင်လာသည့် တောဝက်ကြီး၏ ဦးခေါင်းအား လျင်မြန်စွာ ထိမှန် သွားသည်။ပေါင် ၃၀၀ ကျော် အလေးချိန်ရှိပြီး အ လွန်ကြမ်းတမ်းလှသော တောဝက်ကြီးမှာမူ အရှိန်တ န့်သွားကာ မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားပေ သည်။

​“ဘာ..ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”

​ကျောက်တုံးတစ်တုံးတည်းနှင့် ပေါင်လေးရာနီးပါးရှိ သော တောဝက်ကြီးကို တစ်ချက်တည်း အမှောက် သိပ်လိုက်ခြင်းမှာ အံ့သြစရာပင် ကောင်းလှ၏။

​“ဘုရားရေ... ဒါ တကယ်ပဲ ဖြစ်နိုင်လို့လား..”

ရပ်ဆဲလ်တစ်ယောက် ထိုအဖြစ်အပျက်ကို ငေးကြ ည့်နေမိသည်မှာ အချိန်အတော်ကြာသွားသည်။သူ သတိပြန်ဝင်လာသည့်အချိန်တွင် ကျန်ရှိနေသော တောဝက်အုပ်မှာ သစ်တောနက်ကြီးထဲသို့ ပြေးဝင် ကာ လုံးဝပျောက်ကွယ်သွားကြသည်။

​ထိုတောဝက်များက မိုက်မဲပုံမရပေ။အခြေအနေ မ ဟန်သည်ကို မြင်သည်နှင့် လျူယောင်ကို ရင်ဆိုင်ရ န် မလွယ်ကူမှန်းသိသွားကြသဖြင့် အလျှိုလျှို ထွက် ပြေးသွားကြခြင်းဖြစ်၏။

ချန်းဟူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

​"ဒီတောဝက်ကြီးက အနည်းဆုံး ပေါင်သုံးလေးရာ တော့ ရှိမယ် သူဋေးရ.. စစ်မှန်တဲ့ သဘာဝအစားအ စာပဲဗျာ အရသာကတော့ ရှယ်ဖြစ်မှာ သေချာတယ်”

​လျူယောင်ကကျေနပ်စွာ ပြောလိုက်၏။

"ဒီတောဝက်သားက သေချာပေါက် အရသာရှိမှာပဲ.. ဒါကို ပြန်ယူသွားပြီး ညစာအဖြစ် အပိုဟင်းတစ်ခွက် လုပ်စားကြတာပေါ့.."

​"ဟုတ်ကဲ့ပါသူဋေး.. ကျွန်တော်ပဲ သယ်လာခဲ့ပါ့မယ် ခဗျ.."

​စကားဆုံးသည်နှင့် ချန်းဟူသည် တောဝက်အနားသို့ လျှောက်လာကာ ပေါင်သုံးလေးရာခန့်ရှိသော တော ဝက်ကြီးကို အလွယ်တကူပင် ပုခုံးပေါ်သို့ မတင်လို က်သည်။သူ့ကြည့်ရသည်မှာ ပေါင်သုံးလေးရာခန့် ရှိသည့် အကောင်ကြီးကို သယ်နေခြင်းမဟုတ်ဘဲ ပေါင်သုံးလေးဆယ်မျှသာရှိသော အထုပ်တစ်ထုပ် ကို သယ်လိုက်ရသကဲ့သို့ ပေါ့ပါးနေ၏။

သတိပြန်ဝင်လာရုံရှိသေးသော ရပ်ဆဲလ်မှာ နောက် တစ်ကြိမ် ထပ်မံဆွံ့အသွားရပြန်သည်။

​“အို... ဘုရားရေ ဒီလူတွေက ဘယ်သူတွေလဲဟ.. ဘယ်လိုလုပ် ဒီလောက်အထိ အင်အားကြီးနေရတာ လဲဗျာ..”

​လျူယောင်ကတော့ မှင်သက်နေသည့် ရပ်ဆဲလ်ကို ဂရုပင်မစိုက်တော့ဘဲ လက်ဝှေ့ယမ်းကာ အေးအေး ဆေးပင် ပြောလိုက်၏။

“အခုမှ နေ့လယ်ခင်းပဲ ရှိသေးတယ် ကျွန်တော်တို့ ကျွန်းပတ်ပတ်လည်ကို ဆက်ပြီး လေ့လာကြတာပေ ါ့”

အချိန်မှာ နေ့လယ်ပိုင်းဖြစ်သော်လည်း နေဝင်ရန် အ နည်းဆုံး သုံးလေးနာရီခန့် လိုသေးသဖြင့် ကျွန်းအား လေ့လာကြည့်ရန် အချိန်များစွာ ရှိနေသေးသည်။

​ရပ်ဆဲလ်သည် လျူယောင်ကို တစ်လှည့်၊ပေါင်ရာချီ လေးသည့် တောဝက်ကြီးကို ထမ်းကာ ရဟတ်ယာဥ် ဆီသို့ ခပ်မှန်မှန် လျှောက်နေသည့် ချန်းဟူကို တစ် လှည့် ကြည့်နေ၏။သူ၏ မျက်နှာထက်တွင်မူ အံ့ဩ မှုများ ဖုံးလွှမ်းနေကာ စိတ်ထဲမှ တိုးတိုးလေး ရေရွ တ်နေမိသည်။

“ဘုရား ဘုရား..ကြောက်စရာကောင်းလိုက်တာ... တကယ်ကို ကြောက်စရာကောင်းတဲ့ လူတွေပဲဗျာ..”

​ထို့နောက် ကျွန်းပေါ်တွင် တစ်နာရီခန့် လျူယောင်တို့ လှည့်ပတ်ကြည့်လိုက်၏။သို့သော်လည်း ကျွန်း၏ တစ်ဝက်ခန့်ကိုသာ သူ မြင်ခဲ့ရသည်။ထိုကျွန်း၏ ဧရိ ယာက မသေးလှသလို အခြားတစ်ဖက်တွင်လည်း လူသူမနီးသည့် ကျွန်းဖြစ်၍ သွားလာရန် လမ်းမရှိ သောကြောင့် ခရီးမှာ ထင်သလောက် မတွင်ကျယ်ခဲ့ ပေ။

​ညနေစောင်းတွင်မူ လျူယောင်တို့ အဖွဲ့သားများသ ည် သူတို့တည်းခိုရာ ဟိုတယ်သို့ ပြန်ရောက်လာကြ သည်။

​၎င်းဟိုတယ်မှာ XX နိုင်ငံရှိ အကောင်းဆုံးဟိုတယ် တစ်ခုပင် ဖြစ်၏။အဆောက်အဦးမှာ ငါးထပ်ရှိပြီး ရှေ့ဘက်နှင့် နောက်ဘက်တို့တွင် ကျယ်ဝန်းသော မြ က်ခင်းပြင်ကြီးများ ရှိသဖြင့် ပတ်ဝန်းကျင်မှာ ဟင်း လင်းပြင်ကြီးတစ်ခုကဲ့သို့ လွတ်လပ်ပေါ့ပါးသည့် ခံ စားချက်ကို ပေးစွမ်းနေပေသည်။

ချန်းဟူက စိတ်အားထက်သန်စွာ အကြံပေးလိုက်၏ ။

​"သူဋေး.. အရင်ဆုံး အသားတချို့ကို ကင်ပြီး အရ သာမြည်းကြည့်ရအောင်ဗျာ.. ဒီလို..လတ်ဆတ်တဲ့ တောဝက်သားဆိုရင် စားရတာ ရှယ်ပဲ သူဋေးရ"

​လျူယောင်ကလည်း သဘောတူညီစွာ ပြန်ဖြေလိုက် ၏။

"ကောင်းသားပဲ..ဒီဟိုတယ်ရှေ့က မြက်ခင်းပြင်က တော်တော်ကျယ်တယ်..အဲဒီမှာပဲ ဘာဘီကျူး လုပ် စားကြတာပေါ့ကွာ.."

​"ဒါဆိုရင် ကျွန်တော် မီးဖိုနဲ့မီးသွေးတွေ သွားပြင်ဆ င်လိုက်ပါ့မယ်.."

ကျောက်ဟုန်ဖူက ပြော၍ ထွက်ခွာသွားသည်။

​

"ကျွန်တော်လည်း လေယာဉ်မီးဖိုချောင်မှာရှိတဲ့ ဟင်း ခတ်အမွှေးအကြိုင်တွေ သွားယူလိုက်ဦးမယ် သူဋေး .." ချန်းဟူကလည်း ပျော်ရွှင်စွာပြောကာ အလုပ် အ သီးသီး ရှုပ်သွားကြ၏။

ကျောက်ဟုန်ဖူက ဘာဘီကျူးမီးဖိုနဲ့ မီးသွေးတွေ ယူ လာရုံတင်မကဘဲ ဝါးချောင်းအများကြီးလည်း လုပ် လာသည်။သူတို့သည် တောဝက်သားထဲကနေ အသ ားများကို လှီးဖြတ်ပြီး အကင်လုပ်ဖို့ စတင်လိုက် ကြသည်။

ချန်းဟူကလည်း ဟင်းခတ်အမွှေးအကြိုင်တွေ ယူ လာ၏။အချိုမှုန့်၊ ပဲငံပြာရည်တင်မကဘဲ ဇီယာ အမှု န့်၊ နာနတ်ပွင့်နဲ့ သစ်ကြံပိုးခေါက် စတာတွေလည်း ပါ လာသည်။

လူတိုင်းလက်တွဲညီညီ ဝိုင်းဝန်းလုပ်ကိုင်ကြသဖြင့် အရာရာက ပိုမို မြန်ဆန်သွက်လက်နေ၏။

​ရပ်ဆဲလ်ကမူ သူတို့အနားမှ မခွာဘဲ အမြဲတမ်း ရှိနေ သည်။သူ့အဖို့မူ လျူယောင်သည် အလေးစားရဆုံး ဧည့်သည်တော်ဖြစ်ရာ လျူယောင် စိတ်တိုင်းကျဖြစ် စ်စေရန် ဝန်ဆောင်မှုပေးဖို့မှာသူ၏ အဓိကတာဝန်ပ င် ဖြစ်ပေသည်။

​“မစ္စတာလျူ... ဒါတွေက တကယ်ပဲ စားလို့ရတာလာ းဗျာ..”

​လူတိုင်းက အသားများကို ကင်နေကြပြီး အပေါ်မှလ ည်း တစ်ခုခု ဖြူးနေကြသည်ကို မြင်သောအခါ ရပ် ဆဲလ်မှာ နားမလည်နိုင်အောင်ဖြစ်နေ၏။လျူယာင် တို့၏ လုပ်ဆောင်ပုံများကို ကြည့်ပြီး အမှန်တကယ် စားလို့ရနိုင်ပါ့မလားဟု သူက အလေးအနက် သံသ ယဝင်နေမိခြင်းပင်။

​ဒေသခံများ၏အမြင်တွင် လျူယောင်တို့အဖွဲ့မှာ ထူး ခြားသည့် နိုင်ငံခြားသားများ ဖြစ်နေ၏။ဟိုတယ်မှာ လည်း အများပြည်သူအတွက် ပွင့်လင်းသောနေရာ ဖြစ်ကာ ဒေသခံများမှာမူ စိတ်ဝင်တစားဖြင့် ဟိုတ ယ် ရှေ့သို့ စုရုံး၍ ရောက်လာကြသည်။

မကြာခင်မှာပင် လူအုပ်ကြီး ဖြစ်သွားကာ သူတို့က အဝေးမှနေ၍ ဝိုင်းအုံကြည့်ရှုနေကြ၏။

​XX နိုင်ငံသည် လူဦးရေ စုစုပေါင်း သိန်းဂဏန်းခန့် သာရှိသည့် နိုင်ငံငယ်လေးဖြစ်ပြီး မြို့တော်တွင်ပင် လူဦးရေ တစ်သိန်းကျော်သာ နေထိုင်ပေသည်။ထို့ ကြောင့် ဟိုတယ်ရှေ့ရှိ ထိုနေရာမှာ လူသူကင်းဝေး သည့်နေရာ မဟုတ်ပေ။

​ထိုလူအုပ်ကြီးကလည်း စိတ်လှုပ်ရှားစွာဖြင့် တစ် ယောက်တစ်ပေါက် ပြောဆိုနေကြသည်။ လျူယော င်က သူတို့ဘာတွေပြောနေမှန်း အတိအကျမသိသေ ာ်လည်း သူတို့၏ အပြုအမူကိုကြည့်ရုံနှင့် တစ်ခုခု ကို ဝေဖန်မှတ်ချက်ပေးနေသည်မှာ သိသာနေ၏။

​“သူတို့ ဘာတွေလုပ်နေကြတာလဲ..ကြည့်ရတာ တစ် မျိုးကြီးပဲ..”

​“စားစရာတော့ ဖြစ်မယ်ထင်တယ်..တစ်ခုခုကို ကင် နေကြတာထင်တယ်...”

​“ဒါ ဘာဘီကျူး လုပ်နေတာပဲ..ဒါပေမဲ့ ဘာလို့ အ မွှေးအကြိုင်တွေ ဒီလောက်တောင် အများကြီး သုံး နေရတာလဲ..အဲဒါကြီးက တကယ်ရော စားကောင်း ပါ့မလား ငါတို့ရဲ့ ဘာဘီကျူး လက်ရာတွေကိုတော့ မှီမှာမဟုတ်ပါဘူးကွာ”

ဤကဲ့သို့ ဒေသခံများက သံသယမျက်လုံးများဖြင့် ဝေဖန်နေကြသည်။

​လျူယောင်ကတော့ သူတို့ဘာတွေပဲ ပြောနေပါစေ နားမလည်သည့်အတွက် ဂရုပင်မစိုက်ပေ။အသားမျ ား အသင့်ဖြစ်ပြီး မီးဖိုလည်း အရှိန်ရနေသည်ကို မြ င်သောအခါ သူကိုယ်တိုင် အကင်အချို့ ယူ၍ ကင် လိုက်သည်။

​"ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင် ဖူးရမှာပေါ့.."

ဆိုသကဲ့သို့ပင် လျူယောင်သည် ဘာဘီကျူးရောင်း သူများ၏ လုပ်ငန်းစဉ်ကို မြင်ဖူးနေကျဖြစ်၍ မီးခဲ ပေါ်တွင် အသားများကို ကျွမ်းကျင်စွာ လှန်လိုက်၏ ။

​သူ့ ဘေးနားမှ ကျောက်ဟုန်ဖူကို လျူယောင် ကြည့် ရင်း စိတ်ထဲမှ ရေရွတ်လိိုက်သည်။

‘ဒီလူ အရင်က စားဖိုမှူး လုပ်ခဲ့တာလားဟ..’

ဤကဲ့သို့ သူ သံသယဝင်မိခဲ့၏။ ကျောက်ဟုန်ဖူပြင် ဆင်ထားသည့် အသားကင်များမှာ အနေအထား အ လွန်ကောင်းမွန်လှသည်။မီးခဲပေါ်တွင် အသားကင်မျ ားမှာ ဆီများ ဖြာကျနေကာ မွှေးကြိုင်လှသည့် အနံ့ များမှာမူ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့လွင့်နေပေ သည်။

​“ဝိုး..ဒီအနံ့က တကယ်ကို မွှေးတာပဲ...”

​“ကြည့်ရတာ အရသာ ရှိမယ့်ပုံပဲဗျာ..”

​အနားတွင် စပ်စုကြည့်နေကြသည့် ဒေသခံများမှာ လေထဲတွင် လွင့်ပျံ့နေသည့် အနံ့အသက်ကို ရှူရှိုက် မိသည်နှင့် တစ်ပြိုင်နက် သွားရည်တမြားမြားဖြင့် တံတွေးများအား အလုအယက် မျိုချနေကြသည်။

​အကင်တစ်ချောင်းစီမှာ အတော်ပင် ကြီးလှ၏။

​အသားကင် ကျက်သည့်အခါ အရင်ဆုံး တစ်ချောင်း ကိုယူကာ လျူယောင် မြည်းကြည့်လိုက်သည်။

​“အိုး..ရှယ်ပဲ... အရသာကတော့ ဘာအပြစ်မှ ပြောစ ရာမလိုဘူးကွာ..”

​နှစ်ကိုက်၊သုံးကိုက်ခန့် အားရပါးရ စားပြီးနောက် လျူယောင်က လက်မထောင်ပြရင်း ကျေနပ်စွာ ပြေ ာလိုက်၏။

“ရှောင်ကျောက်... မင်းလက်ရာ အံ့ဩစရာပဲ.. တက ယ်ကောင်းတယ်..ကဲ... အားလုံးပဲ မြည်းကြည့်ကြဦး လေ..”

​ကျောက်ဟုန်ဖူက ခေါင်းလေးကုပ်ကာ ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ဒါကတော့ ... အဓိက ပါဝင် ပစ္စည်းကောင်းလို့ပါ သူဋေးရ.. တောဝက်သားက အရမ်းလတ်ဆတ်နေ တာကိုး..ပြီးတော့ သူဋေးကိုယ်တိုင် မီးအပူရှိန်ကို သေသေချာချာ ထိန်းပြီး ကင်ပေးလို့ပါဗျာ..”

​လျူယောင်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ငါ့ကို အလွန်အကျွံ မချီးကျူးပါနဲ့ကွာ. ငါ့ရဲ့ အရ ည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ ငါ.. ကိုယ် တိုင် သိပါတယ်..အဓိကကတော့ ပါဝင်ပစ္စည်းတွေ က လတ်ဆတ်နေတာရယ်.မင်းကိုယ်တိုင်ကလည်း သေသေချာချာ ပြင်ဆင်ပေးထားလို့ အခုလို မွှေးပျံ့နေတာပါ.."

​ထို့နောက် လျူယောင်သည် ဘေးတွင် ရပ်နေသည့် ရပ်ဆဲလ်အား အသားကင်နှစ်ချောင်း လှမ်းပေးရင်း ပြောလိုက်၏။

"ကဲ...ခဗျားလည်း မြည်းကြည့်ပါဦး..အရသာက တော့ ရှယ်ပဲဗျ.."

​လျူယောင် ကမ်းပေးသည့် အသား ကင်အား ရပ်ဆဲ လ်က ခပ်သွက်သွက်ပင် လှမ်းယူလိုက်သည်။အစော ပိုင်းက အရသာရှိပါ့မလားဟု သူ သံသယဝင်ခဲ့သ မျှသည် ထိုအနံ့ကို ရူမိရုံဖြင့် ကြက်ပျောက်ငှက်ပျော က် ပျောက်ကွယ်သွား၏။

ထို့ကြောင့် သူသည် လက်ထဲက အသားကင်ကို တ စ်ချက်ကိုက်ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူ့မျက်လုံးများမူ အရောင်တောက်လာခဲ့ပေသည်။

All Chapters