← Chapters

အမြဲတမ်း အသုံးပြုခွင့်

Vol. 46 Ch. 554

အမြဲတမ်း အသုံးပြုခွင့်

Vol. 46 Ch. 554

ယူနီဗာဆဲလ်သည် မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်း ကျွန်းတစ်ကျွန်း ဝယ်ယူမည့်သတင်းသည်လူသိ ရှင် ကြား ဖြစ်နေပေသည်။

ကျိုးယန်ကိုယ်တိုင်ကလည်း ထိုကိစ္စကို မဖုံးကွယ် ထားပဲ ပွင့်လင်းစွာ ချပြထားရာ ကမ္ဘာ့နိုင်ငံအသီး သီးကလည်း မျက်တောင်မခတ် စောင့်ကြည့်နေကြ ၏။

ထိုနိုင်ငံများ တက်ကြွနေကြခြင်းမှာ အကြောင်းမဲ့ မ ဟုတ်ပေ။ယူနီဗာဆဲလ်မှ ပိုင်ဆိုင်ထားသည့် မီးခိုးန က်ရောင်သတ္တု၊အနက်ရောင်သတ္တုနှင့် စွမ်းအင်သစ် ဘက်ထရီ နည်းပညာများမှာမူ မည်သူမဆို မနာလို ဖြစ်ရလောက်သည့် ရတနာများ ဖြစ်နေသောကြောင့် ပင်။

​ထိုအကျိုးအမြတ်များကို မျှော်လင့်ရင်း နိုင်ငံအသီး သီးမှ ကိုယ်စားလှယ်များသည် ယူနီဗာဆဲလ်ထံသို့ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြ၏။ယင်းအ ခြေအနေကို ကျိုးယန်က လျူယောင်ထံသို့သတင်း ပို့လိုက်သည်။

​"သူဋေး.. သတင်းကောင်းခဗျ.."

​"ဘာများလဲ..မင်းကြည့်ရတာ အတော်လေး တက် ကြွနေပါလား.."

​"ကျွန်တော်တို့ ကျွန်းဝယ်ချင်နေတဲ့ကိစ္စကို ကြား တော့ XX နိုင်ငံက ကိုယ်စားလှယ်တစ်ယောက်က ကို ယ်တိုင်ကိုယ်ကျ ရောက်လာတယ်လေ သူဋေး ..သူ တို့နဲ့ တွေ့ဆုံချင်ပါသလား.."

​ထိုစကားကြားရသည်နှင့် လျူယောင်၏ စိတ်ထဲ၌ ချက်ချင်းပင် ကြည်လင်လန်းဆန်းလာခဲ့သည်။

မူလကမူ မြောက်ဘက်အရပ်ရှိ တိုင်းပြည်တစ်ခုတွင် ကျွန်းငယ်တစ်ကျွန်း ဝယ်ယူရန် သူ စီစဉ်ခဲ့ဖူးသည်။ သို့သော်လည်း ထိုစဉ်က တစ်ဖက်နိုင်ငံက ခြင်္သေ့တ စ်ကောင်ကဲ့သို့ အဆမတန် မာန်တင်းကာ ဈေးခေါ် ခဲ့ သဖြင့် အစီအစဉ် ပျက်ခဲ့ရ၏။ယခုမူ အခြေအနေမျ ားက ပြောင်းပြန်ဖြစ်လာခဲ့ရာ ကမ်းလှမ်းသူကိုယ် တိုင် သူ့ဆီသို့ ရောက်လာခဲ့ပေသည်။

​"ကောင်းပြီ... ငါကိုယ်တိုင်ပဲ သွားတွေ့လိုက်မယ်.."

​လျူယောင်၏ အမိန့်အရ ကျိုးယန်သည် တွေ့ဆုံ ပွဲအတွက် ချက်ချင်း စီစဥ်လိုက်၏။

​မကြာမီအချိန်အတွင်းမှာပင် လျူယောင်သည် ဧည့် ခန်းမထဲ၌ XX နိုင်ငံ၏ ကိုယ်စားလှယ် ရပ်ဆဲလ်နှင့် မျက်နှာချင်းဆိုင်ထိုင်နေခဲ့သည်။

​ရပ်ဆဲလ်သည် ၎င်း၏ လက်အောက်ငယ်သား ငါးဦး နှင့်အတူ XX နိုင်ငံကို ကိုယ်စားပြု၍ ရောက်ရှိလာခြ င်းဖြစ်၏။သူသည် သူ့နိုင်ငံတွင်လည်း ဝန်ကြီးအဆ င့်ရှိသည့် အာဏာရှိ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပေသ ည်။

ထိုနိုင်ငံအကြောင်းကို လျူယောင်လည်း ကောင်း ကောင်းသိထား၏။

၎င်းမှာ မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အပူပိုင်း ကျွန်းနိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ပြီး ကျွန်းကြီး ကျွ န်းငယ် များစွာဖြင့် တည်ရှိနေခြင်း ဖြစ်သည်။ ထိုနိုင်ငံသည် အပူပိုင်းဒေသနှင့် အီကွေတာအနီးတွ င် တည်ရှိသည့်အလျောက် ရာသီဥတုမှာလည်း အ လွန်ပူ​လှ၏။

​နိုင်ငံငယ်လေးဖြစ်သည့်အပြင် စီးပွားရေးမှာလည်း စိုက်ပျိုးရေးကိုသာ အဓိကမှီခိုနေရသဖြင့် အဘက် ဘက်မှ ဆင်းရဲနွမ်းပါးကာ ဖွံ့ဖြိုးမှုနောက်ကျနေသေ ာ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပေသည်။

​"မစ္စတာလျူ... ခင်ဗျား စိတ်ကြိုက်ရွေးချယ်ဖို့ ကျွန် းတွေအများကြီး ကျွန်တော်တို့ ပြင်ဆင်လာပါတ ယ်..ဒါကတော့ ကျွန်းတွေရဲ့ အသေးစိတ်အချက်အ လက်တွေပါပဲ.."

​ရပ်ဆဲလ်က သူနှင့်အတူပါလာသည့် အချက်အလ က်စာအုပ်များအား ကမ်းပေးလိုက်သည်။ကြည့်ရ သည်မှာ သူတို့ဘက်က အတော်လေး ပြင်ဆင်လာပုံ ရ၏။စ

ာရွက်စာတမ်းများကို ယန်နိုင်ငံဘာသာစကားနှင့် အင်္ဂလိပ်နှစ်ဘာသာဖြင့် သေသပ်စွာ ဖော်ပြထားသ ည့်အပြင် ကျွန်းတစ်ကျွန်းစီ၏ ရောင်စုံဓာတ်ပုံများ ကိုပါ ထည့်သွင်းထားသည်အား လျူယောင် တွေ့လို က်ရသည်။

အချက်အလက်များကို လက်ခံရရှိပြီးနောက် လျူ ယောင်သည် စိတ်အေးလက်အေးပင် ဖတ်ရူလိုက်၏ ။အသေအချာ လေ့လာကြည့်ပြီးသည့် နောက်တွင် မူ သူသည် အမှတ်စဉ် 'C' ဟု အမည်တပ်ထားသည့် ကျွန်းကို ပိုမိုသဘောကျမိခဲ့သည်။

ထို C ​ကျွန်း သည် အခြားကျွန်းများထက် ပို၍ မြော က်ဘက်ခြမ်းတွင် တည်ရှိနေသည်။အခြားရွေးချယ် စရာများနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အာကာသယ ာဉ်ပျက်ကျရာ နေရာနှင့် အနီးဆုံးဖြစ်ပြီး ရေမိုင် ခုနစ်ရာမှ ရှစ်ရာခန့်သာ ဝေးလှ၏။

​'ဟွာဟိုင်း'မြို့မှ ထိုကျွန်းသို့ သွားမည်ဆိုပါကလည်း ရေမိုင် ၁,၅၀၀ ခန့်သာ ရှိသဖြင့် သင်္ဘောဖြင့်ဆိုလျှင် ငါးရက်၊ ခြောက်ရက်ခရီးမျှသာဖြစ်ရာ သိပ် မဝေး လှဟု ဆိုရပေမည်။၎င်းသည် အပူပိုင်းဒေသနှင့် နီး ကပ်စွာ တည်ရှိနေသော်လည်း အီကွေတာအနီးရှိ ကျွန်းများကဲ့သို့မူ ပူပြင်းလှသည် မဟုတ်ချေ။

​ကျွန်း၏ အကျယ်အဝန်းမှာလည်း ၃.၇ စတုရန်းကီ လိုမီတာရှိသဖြင့် မသေးငယ်လှပေ။ထို့အပြင် ကျွန်း ပေါ်ရှိ မြေမျက်နှာသွင်ပြင်မှာ ပြန့်ပြူးညီညာသည့် အပြင် သစ်ပင်များမှာလည်း စိမ်းလန်းစိုပြည်စွာ ဖုံး လွှမ်းလျက် ရှိနေ၏။

ကျွန်း၏ ပုံသဏ္ဌာန်မှာမူ ဘဲဥပုံနှင့် ဆင်တူပြီး တော င်ဘက်ခြမ်းတွင် လှပသည့် သဲသောင်ပြင်ကျယ်ကြီး တစ်ခုရှိနေသည်။အနောက်မြောက်ဘက်တွင်မူ ရေ အနက်မှာ အတော်အတန် နက်ရှိုင်းလှသဖြင့် ရေနက် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် အလွန်ပင် သင့် တော်လှ၏။

၎င်းက ရေ စူး ဆယ်မီတာကျော်ရှိသည့် ဧရာမ ကုန် တင်သင်္ဘောကြီးများပင် အဆင်ပြေချောမွေ့စွာ ဆို က်ကပ်နိုင်မည့် အနေအထားမျိုး ဖြစ်နေသည်။

​ထိုကျွန်း၏ အနေအထားကို လျူယောင် အတော်ပင် သဘောကျလာ၏။

​"မစ္စတာရပ်ဆဲလ်... ကျွန်တော်တော့ ဒီ C ကျွန်း ကိုပဲ သဘောကျတယ်.. ဒါကိုပဲ အပိုင်ဝယ်ပြီး ပိုင်ဆိုင်ခွင့် ရချင်ပါတယ်.."

​ထိုအခါ ရပ်ဆဲလ်က သဘောတူကာ ပြန်ပြောလိုက် ၏။

"ကျွန်တော်တို့အနေနဲ့ ဒီကျွန်းကို အမြဲတမ်း အသုံး ပြုခွင့် အနေနဲ့တော့ ရောင်းချပေးနိုင်ပါတယ် မစ္စတ ာလျူ.. ဒါပေမဲ့ ကျွန်းရဲ့ အချုပ်အခြာ အာဏာနဲ့ ပိုင်ဆိုင်မှုကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လက်အော က်မှာပဲ ရှိနေရမှာပါ..."

"ဒါဆိုလည်း အဆင်ပြေပါတယ်..."

​လျူယောင်က ခေါင်းညိတ်ကာ စျေးနူန်းမေးလိုက် ၏။

"ဒါဆိုရင် ကျွန်းကို အမြဲတမ်း အသုံးပြုခွင့်အတွက် ခင်ဗျားတို့ဘက်က ဘယ်လောက်အထိ လိုချင်သလဲ ဈေးစကား ပြောကြတာပေါ့.."

​"မစ္စတာလျူက ပွင့်ပွင့်လင်းလင်းပဲဆိုတော့ ကျွန် တော်လည်း တိုက်ရိုက်ပဲ ပြောပါ့မယ် ..အမေရိကန် ဒေါ်လာ သန်း ၅၀ နဲ့အတူ 'မီးခိုးနက်ရောင်သတ္တု' တန် ၂,၀၀၀ ဝယ်ယူခွင့် ပေးရပါမယ်.."

​ရပ်ဆဲလ်၏ ဈေးဖွင့်သံကို ကြားလိုက်ရသည့် အချိန် တွင် ဘေးမှာ ရှိနေသော ကျိုးယန်မှာ စိတ်ထဲမှ တိ တ်တဆိတ် ဝမ်းသာခဲ့ရသည်။ထိုဈေးနှုန်းမှာ သူတို့ တွက်ဆထားသည်ထက် များစွာ သက်သာနေခြင်း ကြောင့်ပင်။

​ယခင်က သူ ဆက်သွယ်ခဲ့ဖူးသော နိုင်ငံများမှာမူ မီး ခိုးနက်ရောင်သတ္တု တန်ချိန် ထောင်ပေါင်းများစွာသ ာမက အနက်ရောင်သတ္တုကိုပါ တန်ချိန်အမြောက် အမြား ဝယ်ယူခွင့်ပေးရန် ခြင်္သေ့တစ်ကောင်လိုမျိုး အဆမတန် တောင်းဆိုခဲ့ကြ၏။

​သို့သော်လည်း 'ကောင်းကင်ထိ ဈေးခေါ်ပြီး မြေပြင် ရောက်မှ ဈေးဖြတ်သည်' ဆိုသည့်အတိုင်း စီးပွားရေ းလောက၏ ထုံးစံအရ လျူယောင်သည် ထိုဈေး ကို ချက်ချင်း လက်မခံသေးဘဲ အနည်းငယ် ထပ်ဆ စ် ချင်နေသေးသည်။

"မီးခိုးနက်ရောင်သတ္တု တန် ၁,၀၀၀ ဝယ်ယူခွင့်ရယ်.. အမေရိကန်ဒေါ်လာ သန်း ၅၀ ရယ်ပဲ ကျွန်တော် ပေး နိုင်မယ်..အဲဒီအစား ခင်ဗျားတို့အတွက် 'စွမ်းအင်သ စ်ကား' အစီး ၁၀၀ ကို လက်ဆောင်အဖြစ် ကျွန်တေ ာ်ထည့်ပေးလိုက်ပါ့မယ် ဘယ်လိုသဘောရလည်း. . "

​လျူယောင်က အေးအေးဆေးပင် ဈေးနှိမ်လိုက်၏။ အမှန်စင်စစ် XX နိုင်ငံမှာ လူဦးရေ နည်းပါးလှပြီး ဖွံ့ ဖြိုးမှု နောက်ကျလွန်းလှသဖြင့် စွမ်းအင်သစ်ကား အစီးတစ်ရာဆိုသည်မှာ သူတို့အတွက် ထင်သလော က် ဆွဲဆောင်မှု မရှိလှပေ။

​သို့သော်လည်း ရပ်ဆဲလ်က ချက်ခြင်းပင် ရိုးသားစွာ ပြန်လည်တုံ့ပြန်ခဲ့သည်။

​"ရပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ဘက်က တောင်း ဆိုချင်တာ တစ်ခုပဲ ရှိပါတယ်..အဲဒီ မီးခိုးနက်ရောင် သတ္တု တန် ၁,၀၀၀ ဝယ်ယူခွင့်ကို တခြားသူထံ ပြန် လည်ရောင်းချခွင့် ပေးရပါမယ်"

သူတို့ကဲ့သို့ စက်မှုလုပ်ငန်း မဖွံ့ဖြိုးသေးသည့် နိုင်ငံ ငယ်လေးအတွက်မူ ထိုသတ္တုအား ကိုယ်တိုင် အသုံး ပြုရန် မလိုအပ်ချေ။သူတို့၏ ရည်ရွယ်ချက်မှာ ထိုဝ ယ်ယူခွင့်ကို လက်နက်သဖွယ် ကိုင်စွဲထားပြီး နိုင်ငံ တကာတွင် အခြားသော အကျိုးခံစား ခွင့်များနှင့် လဲလှယ်ရန် သို့မဟုတ် ပြန်လည်ရောင်း ချရန်သာ ဖြစ်ပေသည်။

ဖွံ့ဖြိုးပြီး နိုင်ငံကြီးများအဖို့မူ ထိုသတ္တုသည် မရှိမ ဖြစ် လိုအပ်သည့်အပြင် အလွန်အမင်းလည်း တပ် မက်ကြသည့် ရတနာတစ်ပါး ဖြစ်နေ၏။ထို့ကြောင့် မီးခိုးနက်ရောင်သတ္တု တန်ချိန် ၁,၀၀၀ ဝယ်ယူခွင့်ဆို သည်မှာလည်း ထိုနိုင်ငံကြီးများအတွက်မူ အလွန်တ ရာ ဆွဲဆောင်မှုရှိသော မက်လုံးတစ်ခု ဖြစ်နေပေသ ည်။

​အကယ်၍သာ ထိုသတ္တုတန်တစ်ထောင်ကို ပဉ္စမမျိုး ဆက် တိုက်လေယာဉ်များ ထုတ်လုပ်ရာတွင် အသုံး ပြုမည်ဆိုပါက လေယာဉ် အစီးရေ သုံးလေးရာခန့် အထိ ကောင်းစွာ ထုတ်လုပ်နိုင်မည့် ပမာဏဖြစ်၏။

လျူယောင်က သဘောတူကာ ခေါင်းညိတ်ပြလိုက် သည်။

​"ကောင်းပြီ... ဒါဆိုရင် ဒီအတိုင်းပဲ အတည်ပြုလိုက် မယ်"

​နှစ်ဦးနှစ်ဖက် သဘောထားချင်း တိုက်ဆိုင်သွားကြ သဖြင့် ဆွေးနွေးပွဲမှာ ချောမွေ့စွာပင် ပြီးမြောက်သွာ းခဲ့ရသည်။လျူယောင်အနေဖြင့် နောက်ဆက်တွဲ ကိစ္စများကို စိတ်ပူနေစရာ မလိုတော့ဘဲ ကျိုးယန်က သာ ယူနီဗာဆဲလ်အား ကိုယ်စားပြု၍ ရပ်ဆဲလ်နှင့် ဆက်လက်ညှိနှိုင်းလိုက်၏။

​နောက်ဆုံးတွင်မူ နှစ်ဖက်စလုံးက တရားဝင်စာချုပ် ပေါ်၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုကျွန်းအား အမြဲ တမ်းအသုံးပြုပိုင်ခွင့်သည် လျူယောင်၏ လက်ထဲ သို့ ရောက်လာခဲ့သည်။

.........

​တစ်ချိန်တည်းမှာပင် မြောက်ဘက်အရပ်မှာရှိသည့် နိုင်ငံတစ်နိုင်ငံ၌...

​မောရစ်ကွန်ယက်ဆိုသူသည် သတင်းတစ်ပုဒ်ကို လ က်ခံရရှိလိုက်၏။သူ့လက်အောက်ငယ်သားများက ထိုသတင်းကို သူ့ထံသို့ အပြေးအလွှား လာရောက် သတင်းပို့ခဲ့ခြင်းပင် ဖြစ်သည်။

​"အရှင်..ယူနီဗာဆဲလ်နဲ့ XX နိုင်ငံတို့ သဘောတူညီမှု ရသွားပါပြီ..အခုဆိုရင် XX နိုင်ငံရဲ့ C ကျွန်းကို အမြဲ တမ်းအသုံးပြုခွင့်က ယူနီဗာဆဲလ်လက်ထဲရောက်သွ ားပါပြီ.."

"ဘာ... ဘယ်လိုဖြစ်ရတာလဲ.."

​မောရစ်ကွန်ရက် တစ်ယောက် ဆတ်ဆတ်ခါအောင် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။သူသည် နိုင်ငံ၏ ပြည် ထဲရေးဝန်ကြီးဖြစ်သည့်အလျောက် နိုင်ငံကို ကိုယ်စ ားပြု၍ ယူနီဗာဆဲလ်နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ ဖူးသူလည်းဖြစ်၏။

ထိုစဉ်က သူတောင်းဆိုခဲ့သည့် ဈေးနှုန်းမှာလည်း မ က်လောက်စရာပင်။

အမေရိကန်ဒေါ်လာ တစ်ဘီလီယံအပြင် မီးခိုးနက် ရောင်သတ္တု တန် ၂၀,၀၀၀ နှင့် အနက်ရောင်သတ္တု တန် ၃,၀၀၀ အထိ ဝယ်ယူခွင့်ပေးရန် သူက ဈေးဖွင့် ခဲ့ခြင်းဖြစ်သည်။ထိုအလဲအလှယ်အတွက် ယူနီဗာဆဲ လ်အား သူတို့နိုင်ငံပိုင် ကျွန်းများထဲမှ တစ် ကျွန်းအ ား ဆယ်နှစ်တာ ငှားရမ်းခွင့်ပြုမည်ဟု ကတိပေးခဲ့ သည်။

​အစပိုင်းတွင်မူ မောရစ်သည် ယုံကြည်ချက် အပြည့် ရှိနေခဲ့၏။ယူနီဗာဆဲလ်အနေဖြင့် အခြားရွေး ချယ်စ ရာမရှိဘဲ မိမိတို့နှင့်သာ မလွဲမသွေ လက်တွဲရလိမ့်မ ည်ဟု သူက တထစ်ချ တွေးထားခဲ့ခြင်း ဖြစ်သည်။

​သို့သော်လည်း ယခုမူ အခြေအနေများက သူ ထင်မှ တ် ထားသလို မဖြစ်လာခဲ့ပေ။

"ဟူး မဖြစ်နိုင်တာကွာ.."

​မောရစ်မှာ နောင်တကြီးစွာ ခံစားနေရသည်။သူ သ ည် စိတ်ထဲမှ သက်ပြင်းကို အကြိမ်ကြိမ် ချနေမိ၏။ ထိုယူနီဗာဆဲလ်သည် ပုံမှန်လုပ်ထုံး လုပ်နည်းများအ တိုင်း မလုပ်ဘဲ မြောက်ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်းတ စ်ကျွန်းကိုသာ ငှားရမ်းရန် ဆုံးဖြတ်ခဲ့သည့်အပြင် နေရာကိုပင် မြေပုံပေါ်တွင် တိတိ ကျကျ ပြခဲ့ပေသ ည်။

ထိုသို့ ရုတ်တရက်ကြီး အပူပိုင်းဒေသမှ ကျွန်းရှာလိ မ့်မည်ဟု မည်သူကမှ ကြိုတင်တွက်ဆနိုင်ခြင်း မရှိနို င်ခဲ့ချေ။

မောရစ်ကွန်ရက် တစ်ယောက် နောင်တတရားတို့ဖြ င့် ရင်ထုမနာ ဖြစ်နေရ၏။

​အကယ်၍ ဤသို့ ဖြစ်လာမည်ကိုသာ သူ ကြိုတင် သိရှိခဲ့ပါက ယူနီဗာဆဲလ်၏ တောင်းဆိုချက်ကို အ စောတည်းက သဘောတူလိုက်မိမှာ အမှန်ပင်။

သို့ဆိုလျှင် အနည်းဆုံးတော့ မိမိတို့နိုင်ငံအတွက် မီး ခိုးမက်ရောင်သတ္တု တန်ချိန် ထောင်ပေါင်းများစွာ နှ င့် အနက်ရောင်သတ္တု တန်ချိန် ရာနှင့်ချီ၍ ဝယ်ယူခွ င့် ရလာပေလိမ့်မည်။

​မောရစ်မှာ ခေါင်းခဲစရာ အခက်အခဲကြီးနှင့် ရင်ဆိုင် နေရကာ ထိုအမှားအယွင်းကို သမ္မတထံသို့ မည်သို့ မျက်နှာပြ၍ ရှင်းပြရမည်ကိုပင် သူ မသိတော့ချေ။

​"သွားပြီ... အားလုံး ပြီးကုန်ပြီကွာ.."

​သူသည် အားအင်ကုန်ခမ်းသွားသလိုမျိုး ဆိုဖာပေါ် သို့ ပစ်လဲကျသွား၏။သွေးမရှိသကဲ့သို့ ဖြူဖျော့နေ သည့် သူ့မျက်နှာထက်တွင်မူ တွေဝေငေးမောမှုတို့ ကြီးစိုးနေပြီး ပါးစပ်မှလည်း အဓိပ္ပာယ်မဲ့သော စကာ းလုံးများကိုသာ တတွတ်တွတ် ရေရွတ်နေပေသည် ။

​. . . . . . .

​'ဟွာဟိုင်း' မြို့၏ နိုင်ငံတကာလေဆိပ်၌...

​လျူယောင်၏ ကိုယ်ပိုင် ဂျက်လေယာဉ် 'ဘိုရင်း 77 7' ကြီးမှာ ပျံသန်းရန် အဆင်သင့် ဖြစ်နေ၏။လေယ ာဉ်ပေါ်တွင် လျူယောင်နှင့်အတူ သူ၏ လက်ရုံးတ ပည့်များ၊အခြားလူများ ရှိနေသည်။

C ​ကျွန်းအား အမြဲတမ်း အသုံးပြုခွင့် ရရှိပြီးနောက် တွင်မူ လျူယောင်သည် ထိုကျွန်းသို့ ကိုယ်တိုင်ကိုယ် ကျ သွားကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။သူနှင့်အတူ မြေတိုင်းတာရေး ပညာရှင်များ၊ဒီဇိုင်းရေးဆွဲသူများ အပါအဝင်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း တစ်ပါ တည်း ခေါ်လာခဲ့သည်။

​လျူယောင်ကိုယ်တိုင်ကလည်း ထိုကျွန်းအား မည် သို့သော ပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် မည် တည်ဆောက်ရေးလုပ်ငန်းများကို မည်သို့ စတ င်မည်ဆိုသည်တို့အား လေယာဥ်ပေါ်၌ ပြောပြနေ၏ ။

"ဒီကျွန်းမှာ ဆိပ်ခံတံတားရော..လေဆိပ်ပါ ငါတို့ ဆောက်ရမယ်..နောက်ပြီး အိမ်ရာဝန်းတစ်ခုလည်း ပါရမယ်.အလုပ်အားတဲ့အခါမျိုးမှာ စိတ်အပန်းဖြေ ဖို့အတွက် လာနားလို့ရမယ့် ပုံစံမျိုးပေါ့.."

​လျူယောင်က သူ၏ စိတ်ကူးအိပ်မက်များကို တစ် ခုချင်း ပြောပြနေ၏။သို့သော်လည်း ခဏအကြာတွ င်မူ သူ့​လေသံမှာ ပိုမို လေးနက်လာသည်။

​"ဒါပေမဲ့... အဲဒါတွေထက် ပိုအရေးကြီးတာက ဧရာ မ ဂိုဒေါင်ကြီးတစ်လုံးဆောက်ဖို့ပဲ..အဲဒီဂိုဒေါင်က ပ င်လယ်နဲ့ ဆက်သွယ်ထားတဲ့ ရေလမ်း ကြောင်းတစ် ခုနဲ့ မဖြစ်မနေ ချိတ်ဆက်ထားရမယ် ..."

All Chapters