တခြားကျွန်းကိုပဲ ရှာမယ်
Vol. 46 Ch. 553
"ဘလူးဝေးလ်နှင့် ကေလာဝေးလ်တို့ သင်္ဘောကြီးနှ စ်စင်းသည် ရေမိုင် ၁,၀၀၀ နီးပါးဝေးကွာသော ခရီး ကြမ်းကို သုံးရက်တိုင်တိုင် ဖြတ်ကျော်ပြီးနောက် ဟွာဟိုင်းဆိပ်ကမ်းသို့ ရောက်လာခဲ့သည်။
သင်္ဘောဝမ်းဗိုက်ထဲတွင်မူ တန်ဖိုးမဖြတ်နိုင်သည့် ငွေဖြူရောင်သတ္တုချောင်း ၅၀၀ ကို အန္တရာယ် ကင်း ကင်းဖြင့် သယ်လာခဲ့၏။ပန်းတိုင်သို့ ချောမွေ့စွာ ရောက်လာသည့်အတွက် သင်္ဘောကပ္ပတိန်နှစ်ဦးစ လုံး၏ ရင်ထဲမှ အားမလိုအားမရဖြစ်မှုများ ပျောက် ကွယ်သွား၍ စိတ်အေးလက်အေး သက်ပြင်းချနိုင်ခဲ့ ကြသည်။
ဆိပ်ခံတံတားပေါ်တွင်မူ ယူနီဗာဆဲလ် အထူး သတ္တု စက်ရုံမှ တာဝန်ခံရှင်းဖေးဝမ်သည် သူ၏ လက် ထောက်များနှင့်အတူ စောင့်ကြိုနေသည်။သူ့အနော က်ဘက်တွင် တန်းစီရပ်ထားသည့် ကုန်တင်နောက် တွဲယာဉ် အစီး ၂၀ ကျော်မှာလည်း မြင်ရသူအပေါင် းကို အထင်ကြီးစေရုံမက ယခုသယ်လာသည့် ကုန် စည်၏ အရေးပါပုံကိုလည်း မီးမောင်းထိုး ပြသကဲ့ သို့ရှိနေသည်။
သင်္ဘောနှစ်စင်း ဆိပ်ကပ်လာသည်ကို ကြည့်ရင်း ရှင်းဖေးဝမ်၏ အကြည့်များက ကေလာဝေးလ် သ င်္ဘောပေါ်တွင်သာ ရှိနေ၏။အကြောင်းရင်းမှာ ယခု တစ်ခေါက် သယ်ဆောင် လာသည့် သတ္တုသည် သာ မန်မဟုတ်ကြောင်း သူဋေးဖြစ်သူက သူ့အားအထူး တလည် မှာကြားထားသောကြောင့်ပင်။
၎င်းမှာ ငွေဖြူရောင်တောက်ပနေပြီး သာမာန် အပူ ချိန်တွင် သုံးနိုင်သည့် စူပါလျှပ်ကူးနိုင်စွမ်းရှိသော သတ္တုတမျိုးဖြစ်သည်လေ။
"ဒီသတ္တုသာ ကမ္ဘာကို ပြောင်းလဲနိုင်ခဲ့ရင်..."
ထိုအကြောင်းကို စဉ်းစားမိရုံမျှဖြင့် ရှင်းဖေးဝမ်၏ ရင်ထဲတွင် တက်ကြွမှုများ ဖြစ်ပေါ်လာပြီး အနာဂတ် ၏ တိုးတက်မှုများကို မြင်ယောင်ကာ သူ စိတ်လှုပ်ရှ ားနေမိသည်။
"မစ္စတာရှင်း... ပစ္စည်းတွေကို ကေလာဝေးလ်သ င်္ဘောပေါ်ကနေ ချနေပါပြီခင်ဗျာ.."
လက်ထောက်ဖြစ်သူ၏ သတင်းပို့သံအဆုံးတွင် ဆိ ပ်ခံတံတားရှိ ဧရာမကရိန်းကြီးမှာ စတင်လှုပ်ရှားလာ သည်။ ကေလာဝေးလ်းသင်္ဘောဝမ်းဗိုက်ထဲမှ ပထမ ဆုံးသော ငွေရောင်သတ္တုချောင်းကို မြှောက်တင်လို က်ချိန်တွင်မူ နေရောင်အောက်၌ ဝင်းလက် တောက် ပသွား၏။
ထိုအချိန်မှာပင် အသင့်စောင့်ဆိုင်းနေသော ကုန်တင် ယာဉ်ကြီးတစ်စီးသည် သတ်မှတ်ထားသည့် နေရာ သို့ ထိုးရပ်လိုက်သည်။
ပထမဆုံးသတ္တုချောင်းကို ကုန်တင်ယာဉ်ပေါ်သို့ ချောမွေ့စွာ တင်ဆောင်ပြီးသည်နှင့် ထိုယာဉ်မှာ ချ က်ချင်းပင် ထွက်ခွာသွားသည်။၎င်း၏အနောက် တွ င် ဒုတိယမြောက် ကုန်တင်ယာဉ်ကြီးကလည်း အစာ းထိုးဝင်ရောက်လာ၏။
ငွေဖြူရောင်သတ္တုချောင်းများကို တစ်ချောင်းပြီး တစ်ချောင်း မနားတမ်း သယ်ထုတ်နေသည့် မြင်ကွ င်းမှာ စက်ရုံတစ်ရုံ၏ အလိုအလျောက်လည် ပတ်မှု စနစ်ကဲ့သို့ပင် အလွန် စနစ်ကျလွန်းလှသည်။
ရှင်းဖေးဝမ် တစ်ယောက်တည်းသာ ထိုသတ္တုများ၏ တကယ့်တန်ဖိုးကို သိထား၏။၎င်းမှာ သိပ္ပံလောက ကို တုန်လှုပ်စေမည့် "သာမာန်အပူချိန်သုံး စူပါလျှပ် ကူးပစ္စည်း" ဖြစ်သော်လည်း လောလော ဆယ်တွင် သူသည် ထိုအမှန်တရားကို တင်းကြပ်စွာ လျှို့ဝှက် ထားဆဲပင်။အများပြည်သူသိရှိရန် ကြေညာခြင်း မ ရှိသေးသဖြင့် ထိုပစ္စည်းမှာ သာမန်သတ္တု ပစ္စည်းအ သွင်သာ ရှိနေသေး၏။
သို့သော်လည်း ဘာမှမသိကြသော အလုပ်သမားမျ ားနှင့် ဘေးမှကြည့်နေသူများမှာပင် ထိုထူးခြားသ ည့် ငွေဖြူရောင်အဆင်းရှိသော သတ္တုကိုကြည့်ကာ စူးစမ်းလိုစိတ်များ တားမရဆီးမရ ဖြစ်နေကြသည်။
"ဒါတွေက ဘာတွေလဲ..ကျွန်တော်တို့အရင်က မြင်ဖူ းနေကျ သတ္တုတွေနဲ့ မတူဘူးနော်.."
အလုပ်သမားများအကြားတွင် တိုးတိုးတိုးတိုးဖြင့် စကားဆိုသံများ ထွက်ပေါ်နေကာ သူတို့၏ အ ကြ ည့်များမှာမူ သတ္တုချောင်းများဆီမှ မခွာနိုင်အောင် ဖြစ်နေ၏။သူတို့ရ မြင်နေရသည်မှာ သမိုင်းကို ပြောင်းလဲပစ်မည့် ပစ္စည်းများဖြစ် ကြောင်း သူတို့ သိခွင့်မရသေးပေ။
"ဒီပစ္စည်းက အချင်း ၁ မီတာလောက်ရှိပြီး အရှည် ကတော့ မီတာ ၂၀ ကျော်မယ်ဗျ..ဒါပေမဲ့ ကြည့်ရ တာ ပုံမှန်သတ္တုတွေလို မထူသလိုပဲနော်..."
"အရောင်ကတော့ ဝင်းလက်နေတာပဲ..ဒါ ငွေတွေမျာ းလား.."
ဘေးပတ်ဝန်းကျင်မှ လက်အောက်ငယ်သားများ၏ စူးစမ်းဆွေးနွေးသံများကို ကြားရသည့်အခါ ရှင်းဖေ းဝမ်၏ နှုတ်ခမ်းဖျားတွင် ကျေနပ်အားရသည့် အ ပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဒါက ကမ္ဘာကြီးကို ကိုင်လူပ်မဲ့ သာမာန်အပူချိန်သုံး စူပါလျှပ်ကူး ပစ္စည်းပဲကွ... "
သူ့စိတ်ထဲကနေ ဤကဲ့သို့ ကြွေးကြော်လိုက်မိသည် ။
ယခုအချိန်တွင် ထိုသတ္တုအကြောင်းကို မည်သူ့ကိုမျှ အသိပေးရန် ရှင်းဖေးဝမ်အစီအစဉ်မရှိ သေးပေ။ လျူယောင် ကိုယ်တိုင်ကလည်း ယခုကိစ္စကို လျှို့ဝှ က်ထားရန် တင်းကျပ်စွာ အမိန့်ထုတ်ထား၏။
လျူယောင့်အစီအစဉ်အရ ဟူကျန်းကော် ဦးဆောင် သော သိပ္ပံပညာရှင်အဖွဲ့က အရင်ဆုံး လာရောက်စစ် ဆေးပေလိမ့်မည်။၎င်းတို့အဖွဲ့က သု တေသနပြုလု ပ်ပြီး စာရွက်စာတမ်းများ ထုတ်ပြန်ပြီးမှသာ လူသိရှ င်ကြား ကြေညာမည်ဖြစ်၏။
အကြောင်းရင်းမှာမူ ဟူကျန်းကော်တို့အဖွဲ့သာ ဤ ပစ္စည်းအကြောင်း မသိရှိထားဘဲ 'မိမိတို့၏ သုတေ သနရလဒ်ဖြစ်သည်' ဟု ရုတ်တရက် ကြေညာလိုက် ပါက မည်သူကမျှ လွယ်လွယ်နှင့် ယုံကြည်ကြမည်မ ဟုတ်သောကြောင့်ပင်။
ကုန်တင်ယာဉ်တစ်စီးလျှင် သတ္တုချောင်းတစ်ချောင် းစီ တင်လိုက်ပြီးနောက် ယူနီဗာဆဲလ်ဌာနချုပ်ဆီ သို့ တစ်စီးပြီးတစ်စီး ထွက်ခွာလာကြသည်။
ဆိပ်ကမ်းမှ ထွက်ခွာသည်နှင့် တစ်ပြိုင်နက် ကားပေ ါ်ရှိ သတ္တုချောင်းများကိုမူ လျို့ဝှက်မူရှိစေရန် အ တွက် ဖျင်စအထူများဖြင့် သေချာစွာ ဖုံးအုံးလိုက် ကြ၏။
နောက်ဆုံးမှာမူ ယူနီဗာဆဲလ်၏ ဂိုဒေါင်ကြီးထဲ၌ ငွေ ဖြူရောင်သတ္တုချောင်း ၅၀၀ စလုံးကို စနစ်တကျ သိမ်းဆည်းပြီးစီးသွားခဲ့သည်။ ရှင်းဖေးဝမ်ထံမှ "ပစ္စ ည်းအားလုံး အစအနမကျန် ဂိုဒေါင်ထဲသို့ ရောက်ရှိ ပြီ" ဟူသော ဖုန်းသတင်းကို ရရှိလိုက်ချိန်တွင်မူ လျူယောင် တစ်ယောက် သူ့ ရင်ထဲမှ အလုံးကြီး ကျသွားခဲ့ရသည်။
အနာဂတ်ကို ပြောင်းလဲပစ်မည့် ထိုသတ္တုများမှာ ယ ခုအခါ သူ့လက်ထဲသို့ ရောက်လာပြီဖြစ်၍ ဤကိစ္စ အတွက် လျူယောင် ထပ်မံပူပန်နေစရာ မလိုတော့ ပေ။
သို့သော်လည်း လျူယောင်၏ စိတ်ထဲတွင်မူ မနေ့က ဖြစ်ရပ်ကို ပြန်လည်တွေးတောမိရင်း ဇဝေဇဝါ ဖြစ် နေ၏။သူ အမိန့်ပေးမှုဖြင့် လိပ်ကြီးသည် M နိုင်ငံမှ နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းကို နစ်မြုပ် ပ စ်ခဲ့သည်။
ထိုသို့သော ကြီးမားသည့် စစ်ရေးဖြစ်ရပ်မျိုးသည် ကမ္ဘာ့သတင်းစာမျက်နှာများတွင် ဟိုးဟိုးကျော်သွား ရမည့် ကိစ္စပင်ဖြစ်၏။ 'အမ်' နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ နျူကလီးယားရေငုပ်သင်္ဘော နစ်မြုပ်မှု အတွက် ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်သင့် သည် မဟုတ်ပေလော။
လျူယောင်သည် အင်တာနက်၊ရုပ်သံလိုင်းများနှင့် သတင်းစာများကို အပူတပြင်း လိုက်လံရှာဖွေကြ ည့်သော်လည်း ထူးခြားသည့် သတင်းတစ်စုံတစ်ရာ မျှ မရှိဘဲ အရာအားလုံးက ပုံမှန်အတိုင်း ငြိမ်သက် နေသည်။
"ဒီလောက် တိတ်ဆိတ်နေတာက... တစ်ခုခုတော့ မှားနေပြီ..."
ဤကဲ့သို့သော သတင်းအား တုံ့ပြန်မှု လုံးဝမရှိခြင်း သည် ပို၍ ကြောက်စရာကောင်းသော အခြေအနေ တစ်ခု သို့မဟုတ် လျှို့ဝှက်ချက်တစ်ခုခု ရှိနေသည် ကို ပြသနေသကဲ့သို့ပင်။လျူယောင်၏ စိတ်ထဲတွင် မလုံခြုံမှု အငွေ့အသက်များ ဝင်ရောက်လာ၏။
..........
M နိုင်ငံ၌....
M နိုင်ငံ ရေတပ်၏ အဆင့်မြင့်အရာရှိကြီးများမှာ ဒေါသနှင့် စိုးရိမ်စိတ်တို့ ရောနှောလျက် ပေါက်ကွဲလု နီးပါး ဖြစ်နေကြ၏။သူတို့၏ မဟာဗျူဟာမြောက် နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းသည် ပင်လ ယ်ထဲ၌ အစအနမကျန် ပျောက်ဆုံးသွားခြင်း ကိစ္စမှ ာ သာမန်ကာလျှံကာ သတင်းတစ်ခုတော့ မဟုတ် သည်မှာ အမှန်ပင်။
ထိုရေငုပ်သင်္ဘော မည်သို့သော ကံကြမ္မာဆိုးနှင့် ရင် ဆိုင်ခဲ့ရသည်ကိုမူ သူတို့ အသိဆုံး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ထိုရေငုပ်သင်္ဘောအား လိပ်ကြီး တို က်ခိုက်နစ်မြုပ်လိုက်သည့် ဖြစ်စဉ်မှာ လျှပ်စီးလက် သလို မြန်ဆန်လွန်းလှ၏။၎င်းတို့က အကူအညီ တောင်းခံသည့် အချက်ပြစနစ်တစ်ခုတောင်မှ ပေး ပို့ခွင့်မရလိုက်ဘဲ ရေငုတ်သင်္ဘောကြီးမှာမူ ပင်လယ် ကြမ်းပြင်အောက်သို့ သံတုံးတစ်တုံးကဲ့သို့ နစ်မြုပ်ခဲ့ ရသည်။
တင်းမာမှုများ ဖုံးလွှမ်းနေသည့် အစည်းအဝေးခန်း မအတွင်း၌ ထိုင်နေကြသူအားလုံးသည် Mနိုင်ငံ၏ စစ်ဘက်ဆိုင်ရာထိပ်သီး ဗိုလ်ချုပ်များသာ ဖြစ်၏။
ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ပြောလိုက်သည်။
“လူကြီးမင်းတို့... ဒါဟာ မကြာသေးခင်နှစ်တွေအ တွင်းမှာ ကျွန်တော်တို့ရဲ့ ဒုတိယမြောက် ဆုံးရှုံးလို က်ရတဲ့ နျူကလီးယား ရေငုပ်သင်္ဘောပဲ..အခုချိန်မှာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေး လုပ်ငန်းကတော့ ဒီသင်္ဘောကို ဘယ်နည်းနဲ့မဆို ပြန်ရှာဖို့ပဲ..”
“ဒါပေမဲ့ ဗိုလ်ချုပ်. ဒီသင်္ဘော ဘယ်နေရာမှာ နစ်မြုပ် သွားတယ်ဆိုတာကို ကျွန်တော်တို့ အတိအကျ မသိ ရသေးပါဘူး”
“မဟုတ်ဘူး... အတိအကျကြီး မဟုတ်တောင်မှ နော က်ဆုံးအချက်ပြမှု ရရှိခဲ့တဲ့ တည်နေရာကိုတော့ ငါ တို့ ခြေရာခံမိထားတယ် လက်ရှိ အခြေအနေအရ ခ န့်မှန်းစိစစ်ကြည့်မယ်ဆိုရင်တော့ ရှာဖွေရမယ့် ဧရိယ ာတစ်ခုကို ငါတို့က အကြမ်းဖျင်း သတ်မှတ်နိုင်ပါ ပြီ”
“အဲ့ဒီဧရိယာအတွင်းမှာပဲ ရှာဖွေဖို့ ဗိုလ်ချုပ်က ညွှန် ကြားလိုတာလားခင်ဗျာ...”
“မှန်တယ်.. အဲ့ဒီ့ဧရိယာအတွင်းမှာပဲ တစိုက်မတ်မ တ် ရှာကြ..ဘာပဲဖြစ်ဖြစ် ငါတို့က အဲ့ဒီရေငုပ်သ င်္ဘောကို မဖြစ်မနေ ပြန်ရှာတွေ့မှဖြစ်မယ်..”
ထို့နောက်တွင်မူ သူတို့သည် အင်အားများစွာဖြင့် ရှ ာဖွေနိုင်ရန် အစီအစဥ်အမျိုးမျိုးအား စတင်ပုံဖော် လိုက်ကြ၏။
သို့သော်လည်း သူတို့သည် ထိုလှုပ်ရှားမှုအားလုံးကို လူမသိသူမသိ လျှို့ဝှက်စွာသာ ဆောင်ရွက်ခဲ့ကြသ ည်။အများပြည်သူများကို ထုတ်ပြန်ကြေညာခြင်း မ ရှိခဲ့သလို မီဒီယာများကလည်း ထိုသတင်းကို ရိပ်မိ ခြင်းမရှိကြပေ။
မဟာဗျူဟာမြောက် နျူကလီးယား ရေငုပ်သင်္ဘော တစ်စင်းမှာ မည်သည့်အကြောင်းရင်းမှ မရှိဘဲ ပ ဟေဠိဆန်စွာ ပျောက်ဆုံးသွားခြင်းမှာ M နိုင်ငံကဲ့သို့ အင်အားကြီးနိုင်ငံအတွက်မူ ဂုဏ်သိက္ခာကျစရာ ကိ စ္စပင်။ထို့ကြောင့်လည်း ဤအဖြစ်အပျက်ကို ကမ္ဘာ က သိသွားမည်ကို သူတို့ အလွန်စိုးရိမ်နေကြသည်။
ရက်အတော်ကြာသည်အထိ ရေငုပ်သင်္ဘောနစ်မြု ပ်သည့် သတင်းနှင့် ပတ်သက်၍ မည်သည့်သတင်း မှ ထွက်ပေါ်မလာသဖြင့် လျူယောင် တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့၏။လိပ်ကြီး၏ လုပ်ရပ် ကြောင့် ကိစ္စရပ်များ ကြီးကျယ်သွားမည်ဟု သူ စိုးရိ မ်နေခဲ့သော်လည်း အခြေအနေမှာမူ တည်ငြိမ်နေဆဲ ပင်။
လက်နက်အသစ်ကို ပိုင်ဆိုင်လိုက်သည့် လိပ်ကြီးမှာ မူ အာကာသယာဉ် အပျက်အစီးနေရာသို့ ပြန်ရောက် လာကာ သူ့ အစွမ်းအစအား နဂါးနက်ကြီးရှေ့တွင် ကြွားလုံးထုတ်ပြခဲ့သေးသည်။ထို့နောက် ပစိဖိတ်သ မုဒ္ဒရာ တစ်ခွင်လုံးကို သူ့အပိုင်ကဲ့သို့ပင် ဟိုမှသည် ဝှေ့ယမ်းကူးခတ်ကာ လှည့် လည်သွားလာနေ၏။
.........
ကျိုးယန်သည် ကျွန်းပိုင်ရှင်ထံ ထပ်မံဆက်သွယ်ခဲ့ သော်လည်း တစ်ဖက်မှ တောင်းဆိုသည့်ဈေးနှုန်းမှာ မြင့်မားလွန်းနေသည်။လျူယောင် ကမ်းလှမ်းထား သည့် အခြေအနေများကိုလည်း သဘောမတူသဖြင့် ကျွန်းဝယ်ယူရေး ကိစ္စမှာ ခေတ္တရပ်နားထားရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရ၏။
ကျိုးယန်က ထိုအခြေအနေအရပ်ရပ်အား လျူယော င်ထံသို့ သတင်းပို့လိုက်သည်။
လျူယောင်ကတော့ အလွယ်တကူ လက်လျှော့မည့် သူ မဟုတ်ပေ။လူသူကင်းမဲ့သည့် သဲကန္တာရကျွန်း လေးတစ်ကျွန်းကို ဆယ်နှစ်တာ ငှားရမ်းခွင့်ရရန်အ တွက် မီးခိုးနက်ရောင်သတ္တု တန်ပေါင်းသောင်းချီနှ င့် အနက်ရောင်သတ္တု တန်ပေါင်းထောင်ချီ ကုန်ကျ ခံရမည်ဆိုခြင်းမှာ လုံးဝဖြစ်နိုင်ခြေမရှိသော ကိစ္စ ပင်။
“ဟိုဘက်က တောင်းဆိုတဲ့ဈေးက အဆမတန် မြင့် နေတယ်ဆိုတော့ ငါတို့က တခြားကျွန်းကိုပဲ ပြောင်း ရှာကြတာပေါ့..ကျယ်ပြန့်လှတဲ့ ပစိဖိတ်သမုဒ္ဒရာကြီ းထဲမှာ လူမနေတဲ့ကျွန်းတွေ အများကြီးရှိတာပဲကွာ ....”
ကျိုးယန်က ခေါင်းငြိမ့်ကာ ရိုသေစွာ ပြန်ဖြေလိုက် ၏။
“ဟုတ်ကဲ့ပါ... သူဋေး..”
လျူယောင်သည် နေရာမှထရပ်လိုက်၍ နံရံတွင် ချိ တ်ထားသည့် ကမ္ဘာ့မြေပုံကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့၏။သူသည် အာကာသယာဉ် အပျက် တည်နေရာကို အာရုံစိုက်ကြည့်ရှုရင်းမှ ထိုနေရာ၏ တောင်ဘက်မှာရှိသည့် ကျယ်ပြောလှသော ပင်လ ယ်ပြင်ကြီးဆီသို့ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“တောင်ဘက်ကို ရေမိုင် ရာဂဏန်း ဒါမှမဟုတ် ထော င်ဂဏန်းလောက် ဆက်သွားမယ်ဆိုရင် ငါတို့က ရွေး ချယ်စရာတွေက ပိုများလာမှာပဲ. အဲ့နေရာမှာ .လူသူ မနီးတဲ့ ကျွန်းရိုင်းတွေ အများကြီးရှိနေလိမ့်မယ်..”
လျူယောင် ကမ္ဘာ့မြေပုံပေါ်တွင် စက်ဝိုင်းကြီးတစ်ဝို င်းကို ပြတ်သားစွာ ရေးဆွဲလိုက်ပြီးနောက် ယုံကြည် ချက်အပြည့်ရှိသော လေသံဖြင့် ဆက်ပြောလိုက်၏ ။
“ဒါဆိုရင် ငါတို့ ဒီဧရိယာတဝိုက်ကိုပဲ အဓိကထားပြီး အာရုံစိုက်ကြစို့..ဒီစက်ဝိုင်းထဲမှာရှိတဲ့ ကျွန်းတွေထဲ က ငါတို့အတွက် အသင့်တော်ဆုံးတစ်ကျွန်းကိုပဲ ရှာကြတာပေါ့ကွာ...”
ကျိုးယန်ကလည်း တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ခြင်း ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ သူဋေး..သူဋေးကို စိတ်ကျေနပ်မှု ပေးနို င်မယ့် ကျွန်းတစ်ကျွန်းကို ကျွန်တော် မရရအောင် ရှာပေးနိုင်မယ်လို့ ယုံကြည်ပါတယ်ခဗျ.."
“ကောင်းပြီ..သွားတော့ မင်းဆီက သတင်းကောင်း ကို ငါ မျှော်နေမယ်..”
ကျိုးယန် ထွက်ခွာသွားသည်ကို ကြည့်ရင်း လျူယေ ာင် စိတ်ထဲမှ တွေးနေမိသည်။
"အင်း အရင်ကျွန်းပိုင်ရှင်ရဲ့ တောင်းဆိုမှုက များလွန် းတယ် တောင်ဘက်ကနေရာတွေမှာတော့ ကျွန်းတ စ်ကျွန်း ကျိန်းသေပေါက် ရှိမှာပဲ.."
လျူယောင်ကဲ့သို့သော သူတစ်ဦးက ဤမျှမြန်မြန် ဆန်ဆန် ဆုံးဖြတ်ချက်ပြောင်းလိုက်လိမ့်မည်ဟု မ ည်သူမျှ ထင်ထားခဲ့ကြမည် မဟုတ်ပေ။