← Chapters

အောက်ထပ်အခန်း

Vol. 44 Ch. 650

အောက်ထပ်အခန်း

Vol. 44 Ch. 650

သွေးမြို့တော်သရဲတက်တူးက သူ့အရေပြားပေါ်တွင် ထွက်ပေါ်လာသည်။ ကောင်းမင်၏ နှလုံးခုန်သံ တစ်ချက်စီတိုင်းနှင့်အတူ သူ့ခန္ဓာကိုယ်က ပြောင်းလဲလာသည်။ တက်တူးက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားချိန်တွင် သူသည် လူသားတစ်ယောက်အဖြစ် သတ်မှတ်၍ မရတော့ချေ။ သူသည် အိပ်မက်သရဲတစ်ကောင် ဖြစ်သွားပြီဖြစ်သည်။

အသားနံ့များက လွင့်ပျံ့နေသည်။ ကောင်းမင်သည် အရိပ်များကြားမှတစ်ဆင့် လျင်မြန်စွာ ရွေ့လျားသွားသည်။ မည်သူမဆို သူနှင့် အကြည့်ချင်းဆုံလိုက်သည်နှင့် အိပ်မက်၏ပုံရိပ်ယောင်ထဲသို့ ကျဆင်းသွားမည်ဖြစ်သည်။ အိပ်မက်သရဲ၏ စွမ်းအားသည် နတ်ဆိုးနတ်ဘုရားများထက် အားနည်းနိုင်သော်လည်း အလွန်အသုံးဝင်ပေသည်။

ကောင်းမင် သင်္ဘောပေါ်သို့ တက်လိုက်သည်။ ကောင်းမင် ရောက်ရှိလာသည်ကို ဤဧရာမပင်လယ်ခံတပ်ကြီးပေါ်ရှိ ဘယ်သူမှ သတိမပြုမိကြပေ။ ကျောက်ဆူးကို ဆွဲတင်လိုက်ပြီဖြစ်သည်။ ပင်လယ်ကူးသင်္ဘောကြီးသည် ကောင်းကင်ပင်လယ်အော်မှတစ်ဆင့် ပင်လယ်ပြင်ကျယ်ကြီးဆီသို့ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။

“ဒီသင်္ဘောကို တည်ဆောက်ဖို့ ငါအတော်လေး ကူညီပေးခဲ့တယ်၊ ငါ့စမ်းသပ်မှုတွေကို လုပ်တဲ့အခါကျရင် ရှင်းလုမြို့ရဲ့ ပျင်းစရာကောင်းတဲ့ စည်းမျဉ်းတွေကို ရှောင်လွှဲဖို့ ဒီသင်္ဘောကို သုံးလို့ရမယ်လို့ ထင်ခဲ့တာ၊ နောက်ဆုံးတော့ ငါကိုယ်တိုင် စမ်းသပ်ခံတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

နံပါတ် ၂ က ညည်းတွားလိုက်သည်။

“ငါ အဲဒီမိစ္ဆာတွေကို သတိထားဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် သူတို့ကို အထင်သေးခဲ့မိတယ်”

“ဒါကတော့ ကိုယ်ကျင့်တရားနဲ့ မဆိုင်ဘူးထင်တယ်၊ မင်းတို့က အရာရာအပေါ် ရပ်တည်ချက်ချင်း မတူကြရုံပဲလေ”

“ဒါကတော့ အဓိပ္ပာယ်မရှိတဲ့ စကားပဲ”

အကယ်၍ နံပါတ် ၂ တွင် မျက်လုံးများ ရှိမည်ဆိုပါက သူမျက်လုံးလှန်ကြည့်မိပေလိမ့်မည်။ သူသည် ညှင်းပန်းနှိပ်စက်ခန်းထဲတွင် ကောင်းမင်၏ ဖုံးကွယ်ထားသော အမှောင်ဘက်ခြမ်းကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ထိုလူသည် သေခြင်းတရားနှင့်အတူ လမ်းလျှောက်နေသော လူတစ်ယောက်ပင်။

ကောင်းမင်သည် ကင်မရာကို လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် ထူးခြားသော နတ်ဘုရားအရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ့ကို မြင်လိုက်ရသူတိုင်း အိပ်မက်ထဲသို့ ဆွဲသွင်းခံလိုက်ရပြီး ထိန်းချုပ်မှု ခံလိုက်ရလေတော့သည်။

“မင်းစွမ်းအားက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ သန့်စင်တဲ့ မုန်းတီးမှုအဆင့်အောက်က ကောင်တွေအားလုံး မင်းအတွက် အရုပ်လေးတွေလိုပဲ”

နံပါတ် ၂ က စဉ်းစားလိုက်သည်။

“တခြား သွေးမြို့တော်ပိုင်ရှင်တွေက ဟန်ဟိုင်းသွေးမြို့တော်ကို ဖျက်ဆီးဖို့ ဘာလို့ ပူးပေါင်းခဲ့ကြလဲဆိုတာ ငါအခုမှ နားလည်တော့တယ်၊ တကယ်လို့ အိပ်မက်သရဲကို လွတ်လွတ်လပ်လပ် ကြီးထွားခွင့်ပေးလိုက်ရင် ဒါက ကမ္ဘာပျက်ကိန်းပဲ”

နံပါတ် ၂ မပြောခဲ့သည့် အချက်တစ်ခု ရှိသေးသည်။ ဟန်ဟိုင်းသွေးမြို့တော်မှာ ၎င်း၏ အိပ်မက်သရဲက စွမ်းအားအပြည့် မသုံးနိုင်ခင်မှာတင် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယင်းကြောင့်သာ အိပ်မက်သရဲက မပြောသင့်သူများထက် အားနည်းနေရခြင်း ဖြစ်သည်။ သွေးမြို့တော်၏အသိစိတ် နိုးထလာပြီး ကောင်းမင်က မြို့တော်ကို ပြန်လည်တည်ဆောက်လိုက်သည်နှင့် ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများကို အခြေခံထားသော အိပ်မက်သရဲများသည် ကမ္ဘာကြီးကို စစ်မှန်သော ခြောက်ခြားမှုများ ပြသပေလိမ့်မည်။

“ငါလည်း ဒီမိစ္ဆာဘက်က ရပ်နေရပါပြီကွာ”

နံပါတ် ၂ က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ကင်မရာများသည် ကောင်းမင်ထံမှ အလိုအလျောက် ရှောင်ဖယ်သွားကြသည်။ သင်္ဘောခန်းတံခါးက အတွင်းဘက်မှ ပွင့်လာသည်။ အိပ်မက်သရဲစွမ်းအား၏ သက်ရောက်ခံထားရသော သင်္ဘောဝန်ထမ်းများက ကောင်းမင်ကို လာရောက်ကြိုဆိုကြသည်။ ဧရာမ သင်္ဘောကြီး၏ အတွင်းပိုင်းသည် အပြည့်အဝ ပြုပြင်မွမ်းမံခံထားရခြင်း ဖြစ်သည်။ ဧည့်ခန်းရာပေါင်းများစွာကို နမူနာပစ္စည်း သိုလှောင်ခန်းများအဖြစ် ပြောင်းလဲထားသည်။ ထိုနေရာတွင် ငြိမ်သက်နေသော အမည်မသိသက်ရှိသတ္တဝါများနှင့် ဗီဇပြောင်းအရာများစွာ ရှိနေသည်။ ၎င်းတို့သည် မသေဆေးကုမ္ပဏီ၏ လူနာများပင် ဖြစ်သည်။

“မင်းတို့က ရွေ့လျားနေတဲ့ လူ့ငရဲဘုံတစ်ခုကို ဖန်တီးထားတာပဲ”

ကောင်းမင်သည် ကျဉ်းမြောင်းသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။ ပိုမိုများပြားသော ‘နမူနာပစ္စည်း’ များသည် သူ့အိပ်မက်ထဲသို့ ဆွဲသွင်းခံနေရသည်။ အိပ်မက်သရဲ၏ စွမ်းအားသည် သဘောသဘာဝအရ မကောင်းသည်တော့ မဟုတ်ပေ။ သူသည် အိပ်မက်ဆိုးများကို ဖန်တီးနိုင်သကဲ့သို့ ဘေးမဲ့နယ်မြေများကိုလည်း ဖန်တီးနိုင်သည်။

အိပ်မက်မက်နေသော ဝန်ထမ်းများ၏ ‘အကူအညီ’ ဖြင့် ကောင်းမင်သည် ဗဟိုဧရိယာသို့ ရောက်ရှိလာလေသည်။သူ့အား အတွင်းကမ္ဘာထက်ပင် ပိုမိုကြောက်စရာကောင်းသော မြင်ကွင်းများက ဆီးကြိုနေခဲ့သည်။ လူသားများနှင့် တိရစ္ဆာန်များကို တန်းတူညီမျှ ဆက်ဆံထားသည်။ သူတို့ကို ပါဝင်ပစ္စည်းများအဖြစ် အရည်ကန်များထဲတွင် စိမ်ထားသည်။ ဗီဇ (Genes) များသည် မကောင်းဆိုးဝါးအသစ်များ ဖန်တီးရန်အတွက် ကုဒ်များ ဖြစ်လာကြသည်။ သင်္ဘောကြီးသည် ၎င်း၏ ကိုယ်ပိုင်ဂေဟစနစ်တစ်ခုကို ဖန်တီးထားသည်။ သင်္ဘောတွင် ကိုယ်ပိုင်စွမ်းအင်စနစ် ရှိနေသဖြင့် ၎င်းဘာသာ ရပ်တည်နိုင်ပေသည်။ မသေဆေးကုမ္ပဏီတွင် အဆင့်မြင့် ထိပ်တန်းနည်းပညာများ ရှိကြသော်လည်း သူတို့ ကျေနပ်နိုင်ခြင်း မရှိကြပေ။ သူတို့သည် နတ်ဘုရားများ ဖြစ်ချင်နေကြခြင်း ဖြစ်သည်။

“ငါက သင်္ဘောတည်ဆောက်ဖို့ အကြံပေးခဲ့သူဆိုပေမဲ့ ဒါက ငါ့ရဲ့ ရည်မှန်းချက် မဟုတ်ဘူး”

နံပါတ် ၂ က ချက်ချင်းပင် အပြစ်လွှဲချလိုက်သည်။ သူတို့ မြင်တွေ့နေရသည်မှာ ရေခဲတောင်၏ ထိပ်ဖျားမျှသာ ရှိသေးသည်ကို သူသိနေသည်။

“အာရုံစိုက်ထားရအောင်”

ကောင်းမင်သည် ထိုမကောင်းဆိုးဝါးများဘေးမှ ဖြတ်သွားသောအခါ သူတို့၏ အိပ်မက်များကို မြင်နိုင်သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ယင်းသည် ထိုပုံသဏ္ဌာန်မဲ့နေသော ‘အရာများ’ သည် လူသားများ ဖြစ်ခဲ့ကြောင်း သက်သေပြနေလေသည်။

“မသေနိုင်ဖို့အတွက် သူတို့က ဘာမဆို လုပ်ဝံ့ကြတာပဲ”

ကောင်းမင်က ထိုသတ္တဝါများကို အိပ်ပျော်စေလိုက်သည်။ ဝန်ထမ်းများက သူ့ကို တံခါးတစ်ခုဆီသို့ ခေါ်ဆောင်သွားကြသည်။

“သူတို့က ဒီနေရာကို ရွံရှာနေကြတာ၊ သူတို့ အိပ်မက်မက်နေရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်က ဒီကိုလာဖို့ ငြင်းဆန်နေတယ်”

ကောင်းမင်သည် အိပ်မက်မက်နေသူ၏ စိတ်ခံစားချက်များကို အာရုံခံနိုင်စွမ်း ရှိသည်။ သူသည် ဝန်ထမ်းတစ်ဦးကို အတင်းအဓမ္မ တံခါးဖွင့်ခိုင်းရန် ကြိုးစားလျှင်ပင် ထိုလူက တံခါးဖွင့်ပေးမည့်အစား အသေခံရန်သာ ရွေးချယ်ပေလိမ့်မည်။

“ဒါက အောက်ထပ်အခန်းကို သွားတဲ့လမ်းပဲ၊ ဟန်ဟိုင်းမံကိန်းရဲ့ အဓိကဓာတ်ခွဲခန်းက ဒီတံခါးနောက်မှာ ရှိတယ်”

နံပါတ် ၂ က ကောင်းမင်အား ကုဒ်နံပါတ် ပြောပြလိုက်သည်။ သို့သော် သူတံခါးနား ရောက်သောအခါ တံခါးက အလိုအလျောက် ပွင့်သွားလေသည်။

“ကြည့်ရတာ ငါ့ရဲ့ လုံခြုံရေးစနစ်ကို ပြင်ဆင်ထားပုံရတယ်၊ လမ်းတစ်လျှောက်လုံး ဘာလို့ ဝင်ခွင့်စစ်ဆေးတာမျိုး မတွေ့ရတာလဲလို့ ငါတွေးနေတာ”

နံပါတ် ၂ က သတိပေးလိုက်သည်။

“အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားနိုင်ဘူးလို့ သူတို့ ယုံကြည်မှု ရှိနေတာပဲ၊ ဒီအောက်ထပ်အခန်းက အရမ်းအန္တရာယ်များတယ်”

ကောင်းမင်မှာ ဤကဲ့သို့သော ဧရာမပင်လယ်ကူးသင်္ဘောကြီးပေါ်သို့ တစ်ခါမှ မရောက်ဖူးပေ။ အောက်ထပ်အခန်းသို့ သွားရခြင်းမှာလည်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သံမဏိလမ်းကြောင်းသည် အမည်မသိအမှောင်ထုထဲသို့ အောက်ဘက်တည့်တည့် ဦးတည်နေလေသည်။

“ရေသံ ကြားနေရသလိုပဲ”

၁၀ မီတာခန့် သွားပြီးနောက် ကောင်းမင် ရေကို နင်းမိသွားသည်။

သူ ခေါင်းငုံ့ကြည့်လိုက်ရာ ရေထဲတွင် လူတစ်ယောက်၏ မျက်နှာကို တွေ့လိုက်ရသည်။ ထိုလူသည် ကောင်းမင်၏ လှုပ်ရှားမှုကို လိုက်လံတုပနေသော်လည်း ကောင်းမင်၏ မျက်နှာက်ုတော့ မတုပနိုင်ချေ။

“ငါ့မျက်နှာကို ကူးချင်တာလား”

ကောင်းမင်သည် သူ့ရင်ဘတ်ကို ဆုတ်ဖြဲရင်း ပြုံးလိုက်သည်။ ညှင်းပန်းနှိပ်စက်ခန်းထဲမှ စိတ်ပျက်အားငယ်မှုများ လျှံထွက်လာလေသည်။ သူ့ခြေဖဝါးအောက်ရှိ ရေများ၊ နံရံများ၊ မျက်နှာကြက်များနှင့် စွန့်ပစ်ထားသော စက်ပစ္စည်းများက အော်ဟစ်ငိုယိုလာကြတော့သည်။

“ငါ့ကို ကူးယူချင်တယ်ဆိုရင် ငါ့ရဲ့ နာကျင်မှုတချို့ကိုလည်း ဝေမျှခံစားရမယ်လေ၊ အဲဒါမှ တရားမှာပေါ့”

ချိန်းကြိုးသံများက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ကောင်းမင်၏ အရိပ်က ပြန့်ကားသွား၏။ ဧရာမ ခွေးနက်ကြီးတစ်ကောင်က အမှောင်ထုထဲသို့ ပြေးဝင်သွားသည်။ ကောင်းမင် ၎င်းနောက်မှ လိုက်သွားလိုက်သည်။ ပိတ်ထားသော တံခါးကို အမှောင်ထုက ထိုးဖောက်ဝင်ရောက်သွားပြီး တံခါး ပွင့်သွားတော့သည်။ ခွေးနက်ကြီးသည် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ထားသော အမျိုးသမီးတစ်ဦးကို ပါးစပ်ဖြင့် ကိုက်ချီကာ ပြန်ပေါ်လာ၏။ ထိုအမျိုးသမီးသည် ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာန အဖွဲ့ဝင်များ ဝတ်ဆင်လေ့ရှိသော အနက်ရောင်ဆက်သွယ်ရေးစက်ကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်လုံးများက ဖောက်ထုတ်ခံထားရပြီး သူမဦးခေါင်းပေါ်တွင် ထူးဆန်းသော ဆက်သွယ်ရေးကိရိယာတစ်ခု တပ်ဆင်ထားသည်။ သူမနောက်ဘက်ရှိ ကုတင်များပေါ်တွင် သေလုမျောပါး ဖြစ်နေသော လူနာအချို့ ရှိနေသည်။

“မသေဆေးကုမ္ပဏီက အတွင်းကမ္ဘာက သရဲတွေကို လူနာတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ထိုးထည့်ထားတာပဲ၊ အသားခန္ဓာရဲ့ ယဇ်ပူဇော်မှုက သူတို့ကို လူ့လောကမှာ ပိုကြာကြာ နေနိုင်စေတယ်၊ ဒီမိန်းမက သရဲတွေကို နှိုးဖို့ ဒီမှာ ရှိနေတာပဲ”

နံပါတ် ၂ ၏ လေသံတွင် သနားကြင်နာမှု မပါရှိချေ။သူသည် ပိုကောင်းသော နည်းလမ်းများ ရှိသည်ဟု ယုံကြည်သည်။

“မသေဆေးကုမ္ပဏီက သရဲတစ္ဆေတွေကို ထိန်းချုပ်ဖို့ အမြဲတမ်း ကြိုးစားနေတာ၊ အိပ်မက်ချိုးဖျက်မြို့၊ ဟန်ဟိုင်းနဲ့ တခြားစမ်းသပ်ချက်တွေအားလုံးက ဒီပျင်းစရာကောင်းတဲ့ ရည်မှန်းချက်အတွက်ပဲ”

“ဒါက အတော်ပဲ၊ မသေဆေးကုမ္ပဏီရဲ့ သုတေသနက ဘယ်အဆင့်အထိ ရောက်နေပြီလဲကို ငါ ကြည့်ချင်နေတာနဲ့ အတော်ပဲ”

ကောင်းမင်သည် ရှင်းလုမြို့မှလာသော စုံစမ်းရေးမှူးများနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူတို့သည် သရဲပုံစံကွက်များ၏ စွမ်းအားကို အလွန်အမင်း အားကိုးကြသူများ ဖြစ်သည်။

ကုတင်ပေါ်ရှိ လူနာများသည် သရဲများ၏ခန္ဓာကိုယ်အဖြစ် အချိန်အတော်ကြာ အသုံးတော်ခံခဲ့ရသဖြင့် သူတို့ကို ပြန်လည်နိုးထလာစေရန် မဖြစ်နိုင်တော့ချေ။ ကောင်းမင်သည် သူတို့အား သူ့နှလုံးသားထဲသို့ ဆွဲသွင်းလိုက်သည်။

“ရှင်းလုက မင်းတို့အတွက် နှိပ်စက်တဲ့ရာနေရာပဲ၊ မင်းတို့လည်း ဟန်ဟိုင်းမြို့သားတွေ လုပ်လိုက်ကြတော့”

နံပါတ် ၂ ဘာမှမပြောချေ။ သူတို့၏ ခဏတာ ဆက်ဆံရေးအပြီးတွင် နံပါတ် ၂ သည် ရှင်းလုမြို့ထက် ဟန်ဟိုင်းမြို့နှင့် ပိုသင့်တော်သည်ဟု ကောင်းမင် ယုံကြည်လေသည်။

All Chapters