← Chapters

ဟန်ဟိုင်းမြို့

Vol. 44 Ch. 651

ဟန်ဟိုင်းမြို့

Vol. 44 Ch. 651

မြို့တိုင်းမြို့တိုင်းတွင် စွန့်ပစ်ခံလူများ ရှိစမြဲပင်။ သူတို့သည် မွေးရာပါ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူများ ဖြစ်နိုင်သလို သို့မဟုတ် ကံကြမ္မာ၏ လှည့်စားမှုကို ခံရသူများလည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်သည်မှာ သူတို့သည် မသေဆေးကုမ္ပဏီ၏ ဆန့်ကျင်ဘက်တွင် ရပ်ခဲ့ကြသူများ ဖြစ်ပေလိမ့်မည်။ ကောင်းမင်သည် လူနာအချို့၏ အိပ်မက်များကို စစ်ဆေးကြည့်လိုက်သည်။ သူတို့အထဲမှ အများစုမှာ တားမြစ်ဂိမ်းကစားသမားများ ဖြစ်ကြသည်။ မသေဆေးကုမ္ပဏီသည် သူတို့အား ကုသပေးမည်ဟု ကတိပေး၍ နေရောင်မရသော ဤအောက်ထပ်အခန်းထဲတွင် ပိတ်လှောင်ထားပြီး သရဲများအတွက် အိမ်ဂေဟာများအဖြစ် ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။ လူနာများက အပြစ်မဲ့သကဲ့သို့ အတွင်းကမ္ဘာမှ မြူဆွယ်ခေါ်ယူခံခဲ့ရသည့် သရဲများသည်လည်း အပြစ်မဲ့ကြပေသည်။ သူတို့သည် ရှင်သန်နိုင်ရန်အတွက် လူသားခန္ဓာကိုယ်ကို လက်ခံကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြရခြင်း ဖြစ်သည်။ မသေဆေးကုမ္ပဏီကသာ တရားခံအစစ် ဖြစ်သည်။

“အဆင်ပြေတယ်... ဟန်ဟိုင်းမှာ မင်းတို့အတွက် အိမ်ရှိလာမှာပါ”

သွေးမြို့တော်ကို ပြန်လည်တည်ဆောက်ရပေမည်။ ကောင်းမင်သည် လက်တွေ့ကမ္ဘာနှင့် အတွင်းကမ္ဘာတို့၏ စွန့်ပစ်ခံလူများကို စောင့်ရှောက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် အိပ်မက်ဆိုးများထဲတွင်သာ တည်ရှိမည့် အရိပ်မြို့တော်တစ်ခုကို တည်ဆောက်မည်ဖြစ်သည်။ နံပါတ် ၂ သည် ကောင်းမင်၏ ရည်မှန်းချက်ကို မြင်နိုင်သည်။ သူသည် မတားဆီးသည့်အပြင် ချီးကျူးလေးစားသည့် အမူအရာကိုပင် ပြသခဲ့သည်။ ကမ္ဘာ့ကယ်တင်ရှင်များနှင့် ယှဉ်လျှင် ကောင်းမင်၏ မီးခိုးရောင် ကိုယ်ကျင့်တရားသတ်မှတ်ချက်က သူနှင့် ပိုသင့်လျော်ပေသည်။

ခွေးနက်ကြီးက လျှို့ဝှက်ခန်း ခုနစ်ခန်းကို လိုက်ဖွင့်လိုက်သည်။ သရဲများနှင့် လူသားများအားလုံးကို ညှင်းပန်းနှိပ်စက်ခန်းထဲသို့ ပို့ဆောင်လိုက်၏။ အရာအားလုံးက ချောချောမွေ့မွေ့ပင်။ မသေဆေးကုမ္ပဏီတွင် ကာကွယ်ရေးအတွက် ကျန်ရစ်နေသေးသည့် နာကြည်းမုန်းတီးမှုများ အများအပြား ရှိသော်လည်း ၎င်းတို့သည် ကောင်းမင်အတွက်တော့ မခြိမ်းခြောက်နိုင်တော့ပေ။

“သတိထားဦး၊ ဒါက လုံးဝ နံပါတ် (၀) ရဲ့ ပုံစံမျိုး မဟုတ်ဘူး၊ သူက တခြားတစ်ခုခုကို ဖုံးကွယ်ထားသေးတယ်”

နံပါတ် ၂ သည် ရန်သူ့အကြောင်းကို ရင်းနှီးကျွမ်းကျင်သည်။

“ပင်လယ်ပေါ်က ဒီဓာတ်ခွဲခန်းက မသေဆေးကုမ္ပဏီအတွက် အရေးအကြီးဆုံး ဓာတ်ခွဲခန်း သုံးခုထဲက တစ်ခုပဲ၊ ကျန်ရစ်နေတဲ့ နာကြည်းမုန်းတီးမှုတွေလောက်ပဲ ရှိနေတာတော့ မဖြစ်နိုင်ဘူး၊ ပေါ့ပေါ့ဆဆ မလုပ်နဲ့”

ကောင်းမင် ခေါင်းညိတ်လိုက်သည်။ သူသည် အောက်ထပ်ခန်းထဲသို့ ဝင်ကတည်းက ညှင်းပန်းနှိပ်စက်ခန်းကို ဖွင့်ထားပြီးသား ဖြစ်သည်။ ကောင်းမင်သည် ရေကို နင်းလျှောက်ကာ စင်္ကြံလမ်း၏ အဆုံးသို့ ရောက်လာသည်။ သူ၏ ရှေ့တွင် မှောင်မိုက်နေသော ဟင်းလင်းပြင်ကြီး ရှိနေသည်။ ဆေးနံ့များနှင့် ပင်လယ်ရေနံ့များက လေထုထဲတွင် ပြည့်နှက်နေ၏။ ရေစီးသံများ ပဲ့တင်ထပ်နေပြီး အမှောင်ထဲတွင် ဧရာမငါးကြီးများ ကူးခတ်နေကြသည်။ ကောင်းမင်သည် ခဏလောက်တော့ စံအိမ်အိပ်မက်ဆိုးထဲမှ ဆောင်းရာသီရေကန်ကြီးဆီ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နံပါတ် ၂ ၏ လမ်းညွှန်မှုအတိုင်း ကောင်းမင်သည် မီးများဖွင့်ရန် ကုဒ်နံပါတ်ကို ရိုက်ထည့်လိုက်သည်။

မီးများ လင်းထိန်သွားသောအခါ အခန်းထဲရှိ ညစ်ညမ်းမှုနှင့် အပြစ်ဒုစရိုက်များက ဧည့်သည်တော်များအတွက် ပေါ်ထွက်လာတော့သည်။ ကောင်းမင်သည်ပင် ခဏတာ အသက်ရှူမှားသွားရ၏။ အခန်းအလယ်တွင် ဘောလုံးကွင်းအရွယ်ခန့်ရှိသော အာဟာရဖြည့်ကန်ကြီး တစ်ခု ရှိနေသည်။ ၎င်းမှာ ဧရာမငါးပြတိုက်ကြီးနှင့် တူသော်လည်း အထဲတွင် လူသားများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ သူတို့ ထိုနေရာတွင် မည်မျှကြာအောင် ရှိနေပြီလဲ မသိနိုင်ပေ။ သူတို့၏ အရေပြားသည် သာမန်လူများနှင့် မတူတော့။ သူတို့၏ ကိုယ်လက်အင်္ဂါများကို ပြွန်များဖြင့် ထိုးဖောက်ထားသည်။ ထိုပြွန်များက သူတို့၏ အသက်ကို ထိန်းသိမ်းပေးထားသကဲ့သို့ ကန်အလယ်ဗဟိုရှိ စက်ပစ္စည်းနှင့် ဆက်သွယ်ပေးထားသည်။ ထိုမြင်ကွင်းသည် အလွန်ပင် အရုပ်ဆိုးအကျည်းတန်လှသည်။ ယင်းသည် ရေကန်အောက်ခြေတွင် ပြွတ်သိပ်နေသော ရေဘဝဲများစွာနှင့် တူလှသည်။ နှာမောင်းတစ်ခုစီက လူသားဦးနှောက်တစ်ခုစီနှင့် ချိတ်ဆက်ထားသည်။ ကောင်းမင် မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရာ ရေကန်ထဲတွင် ရင်းနှီးနေသော မျက်နှာများစွာကို တွေ့လိုက်ရလေသည်။ သူ ဟန်ဟိုင်းတွင် တွေ့ခဲ့ရသည့် စုံစမ်းရေးမှူးအများအပြား ထိုနေရာတွင် ရှိနေကြသည်။

ကောင်းမင်သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သက်လတ်ပိုင်း အမျိုးသားတစ်ဦးထံတွင် အကြည့်က ရပ်တန့်သွားသည်။

“ဝမ်ကျား...”

သူသည် ထိုအခြေအနေမျိုးဖြင့် သူတို့ ပြန်ဆုံကြလိမ့်မည်ဟု မတွေးထားမိခဲ့ပေ။ ဝမ်ကျား၏ ခန္ဓာကိုယ်သည် ပြွန်ပိုက်ရှစ်ခုဖြင့် ထိုးဖောက်ခံထားသည်။ သူ့မျက်လုံးများက ပိတ်နေပြီး ခန္ဓာကိုယ်ပေါ်တွင် ကြောက်စရာကောင်းသော သရဲတက်တူးများ ရှိနေသည်။ သူသည် အသက်ရှင်သည်ဆိုရုံမျှသာ ရှင်သန်နေခြင်းဖြစ်သည်။ သူ့ပတ်ပတ်လည်တွင် အခြားလူသားခန္ဓာကိုယ်များ ဝန်းရံထားသည်။ သူသည် ထိုအသားကန်ကြီး၏ အဓိက အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်ပေလိမ့်မည်။

“ဒါက ဟန်ဟိုင်းပရောဂျက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ မင်း ဟန်ဟိုင်းမှာ ဘာတွေပဲ မြင်ခဲ့မြင်ခဲ့ လက်တွေ့ကမ္ဘာမှာတော့ အဲဒါက ဒီလိုမျိုး ဧရာမအသားဗူးကြီး တစ်ခုပဲ”

နံပါတ် ၂ ၏ လေသံတွင် သနားမှုများ ပါဝင်နေသည်။

“ကန်ထဲက လူအများစုက စေတနာ့ဝန်ထမ်းတွေပဲ၊ သူတို့က ရှေ့ဆောင်လမ်းပြသူတွေ ဖြစ်ချင်ခဲ့ကြပြီး အန္တရာယ်ကို မကြောက်ခဲ့ကြဘူး၊ ကံမကောင်းစွာနဲ့ပဲ သူတို့က နံပါတ် (၀) ရဲ့ အရုပ်တွေ ဖြစ်လာရတယ်”

“သူတို့ကို ကယ်ဖို့ ငါဘာလုပ်ပေးနိုင်မလဲ”

ကောင်းမင်သည် ဟန်ဟိုင်းတွင် စုံစမ်းရေးမှူးအချို့နှင့် တွေ့ခဲ့ဖူးသည်။ အဖွဲ့တစ် ခေါင်းဆောင်ကဲ့သို့သော လူအချို့သည် အားကိုးထိုက်ပြီး သန်မာကြသည်။ သူတို့သည် အဖိုးတန်သော မဟာမိတ်များ ဖြစ်လာနိုင်ပေသည်။

“သူတို့ရဲ့ အသိစိတ်တွေကို ဟန်ဟိုင်းထဲ ပို့ထားပြီးသား၊ ဒီမှာ ရှိနေတာတွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားဖို့ သက်သက်ပဲ၊ မင်း သူတို့ကို ပေါ့ပေါ့ဆဆ သွားထိလိုက်ရင် သူတို့ရဲ့ ရုပ်ခန္ဓာတွေ ပျက်စီးသွားလိမ့်မယ်”

နံပါတ် ၂ က ပြောသည်။

“ငါတို့ လူခွဲရမယ်၊ အဖွဲ့တစ်ဖွဲ့က ဒီမှာရှိတဲ့စက်ကိုသုံးပြီး ဟန်ဟိုင်ကို ပြန်သွားမယ်၊ အဲဒီမှာရှိတဲ့ လူတွေကို အခြေအနေရှင်းပြပြီး သူတို့ပူးပေါင်းဆောင်ရွက်လာအောင် လုပ်ရမယ်၊ နောက်တစ်ဖွဲ့ကတော့ ဒီမှာနေပြီး ပြန်ခေါ်တဲ့ပရိုဂရမ် (Recall program) ကို စတင်ဖို့ အချိန်ကောင်းကို စောင့်ရမယ်၊ အဲဒါမှ သူတို့ကို ကယ်ဖို့ အခွင့်အရေး ရှိမယ်”

ကောင်းမင် ဘာမှမပြောပေ။

“မင်း မြန်မြန်ဆုံးဖြတ်ချက်ချတာ ပိုကောင်းလိမ့်မယ်၊ နံပါတ် (၀) က တစ်ခုခုမှားနေတာ သိသွားရင် ငါတို့ ဘာမှလုပ်လို့ ရတော့မှာ မဟုတ်ဘူး”

နံပါတ် ၂ ၏ အသံက မပြောင်းလဲပေ။ သို့သော်လည်း သူ့အသိစိတ်ကို များစွာသော ချိန်းကြိုးများက ဝန်းရံလိုက်သည်ကို ရုတ်တရက် သူသတိပြုမိလိုက်သည်။

“မင်းက သတိကြီးတာပဲ”

“ဒါ ငါမဟုတ်ဘူး၊ မင်းက တစ်ကိုယ်ကောင်းဆန်လို့ပဲ”

ကောင်းမင်သည် ထိုအကြောင်းကို အရင်က ဖူရှုနှင့် ဆွေးနွေးခဲ့ဖူးပြီး စုံစမ်းရေးမှူးများ၏ အိပ်မက်ဆိုး မှတ်ဉာဏ်များကိုလည်း ခွဲခြမ်းစိတ်ဖြာခဲ့ဖူးသည်။

“ဟန်ဟိုင်းကို ပထမဆုံးအသုတ်အနေနဲ့ ပို့ခံရတဲ့ စုံစမ်းရေးမှူးတွေက ပြန်လာလို့ မရဘူး၊ ဒီလမ်းက တစ်လမ်းသွားပဲ”

နံပါတ် ၂ သည် အမှန်တရားများစွာကို ပြောခဲ့သော်လည်း မုသားတစ်ခုကို ရောနှောထားခဲ့သည်။ သူသည် ကောင်းမင်အား ဟန်ဟိုင်းသို့ ပြန်သွားရန် ကူညီလိုသော်လည်း ကောင်းမင်နှင့်အတူ လိုက်သွားရန်တော့ ဆန္ဒမရှိပေ။

“ငါတို့ သိလာတာ မကြာသေးတော့ မင်းငါ့အပေါ် သံသယရှိတာ သဘာဝပါပဲ၊ ဒါပေမဲ့ ငါ မင်းရဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်တာကို လိုအပ်တယ်”

ကောင်းမင်ထံမှ နောက်ကျိနေသော ရေခိုးရေငွေ့များ ထွက်ပေါ်လာသည်။ ခေါင်းပဲ ကျန်တော့သည့် ကျန်းတင်းသည် လူ့အရေခွံဖြင့်ပတ်လျက် ပေါ်လာ၏။ အချိန်အများစုတွင် သူသည် သူ့အဖော်များကိုသာ ယုံကြည်နိုင်သည်။

“ဟန်ဟိုင်းကို ဘယ်လိုဝင်ရမလဲ ပြောတော့”

ကောင်းမင်ကို ကူညီရန် နောက်ထပ် အစွမ်းထက်သရဲတစ်ကောင် ပေါ်လာသောအခါတွင်လည်း နံပါတ် ၂ က မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ မပြပေ။

“မင်း နားလည်မှု လွဲနေပြီ ထင်တယ်၊ မသေဆေးကုမ္ပဏီထဲမှာ တခြားလမ်းကြောင်းတွေ ရှိကောင်းရှိနိုင်ပေမဲ့ ဒီလမ်းကြောင်းကိုတော့ ငါကိုယ်တိုင် ကမ္ဘာ့ကယ်တင်ရှင်တွေနဲ့ အတူတူ တည်ဆောက်ခဲ့တာ၊ ဒီလမ်းအကြောင်းကို ငါ အသိဆုံးပဲ၊ အဲဒါကြောင့် ငါမင်းကို ဒီခေါ်လာတာပေါ့”

“ငါ့အချိန်တွေကို မဖြုန်းနဲ့တော့၊ ဒီစက်ကို ဘယ်လို သုံးရမလဲ”

“စိတ်အေးအေး ထားစမ်းပါ၊ မင်းကို ငါ တချို့ကိစ္စတွေ သတိပေးရဦးမယ်”

နံပါတ် ၂ က အလေးအနက်ဖြစ်လာသည်။

“အစတုန်းကတော့ ဒီလမ်းက နှစ်လမ်းသွားပဲ၊ စုံစမ်းရေးမှူးတွေက အချိန်မရွေး ပြန်လာလို့ ရတယ်၊ ဒါပေမဲ့ နံပါတ် (၀) က သူ့ရဲ့ နယ်ပယ်ကို ချဲ့ထွင်ဖို့အတွက် အမည်မသိအင်အားစုတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ကယ်တင်ရှင်တွေရဲ့ အမှတ်အသားတွေကို ဖျက်ဆီးပစ်ခဲ့တယ်၊ ငါပြောတာ နားလည်ရဲ့လား”

ကောင်းမင် နားမလည်မည်ကို စိုးရိမ်သဖြင့် နံပါတ် ၂ က ထပ်ဖြည့်ပြောလိုက်သည်။

“ငါတို့ ဒီပြင်ဆင်ထားတဲ့ လမ်းကြောင်းကိုသုံးပြီး နံပါတ် (၀) ရဲ့ နောက်ကွယ်က မပြောသင့်သူတွေ ရယူထားတဲ့ စွမ်းအားကို သိနိုင်လိမ့်မယ်၊ အဲဒီအပြင် မင်းကို ပြောစရာတစ်ခု ရှိသေးတယ်၊ ဒီမှာရှိတဲ့ ကာကွယ်ရေးက ရယ်စရာကောင်းလောက်အောင် အားနည်းလွန်းနေတယ်၊ နံပါတ် (၀) က ဒီလို အခြေခံအဆင့်အမှားမျိုး လုပ်မယ့်သူ မဟုတ်ဘူး၊ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ဒီလျှို့ဝှက်ချက်တွေကို မြင်ဖူးတဲ့သူ ဘယ်သူကမှ ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားနိုင်ဘူးဆိုတာ သူ အကြွင်းမဲ့ယုံကြည်နေလို့ပဲ”

နံပါတ် ၂ သည် နောက်ဆုံးတွင် အဓိကအကြောင်းအရာသို့ ရောက်လာ၏။

“မသေဆေးကုမ္ပဏီရဲ့ ဦးနှောက်နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာက အတော်လေး ခရီးရောက်နေပြီ၊ သူတို့က လူတွေရဲ့ အသိစိတ်တွေကို အိပ်မက်ထဲ အလွယ်တကူ ပို့ပေးနိုင်ပြီးတော့ အဲဒီမှာ တားမြစ်ဂိမ်းနဲ့ ဆင်တူတဲ့ ဂိမ်းတစ်ခုကို ဖန်တီးပေးနိုင်တယ်၊ ဒါပေမဲ့ လူသားအသိစိတ်ကို အိပ်မက်ဆိုးရဲ့ အနက်ရှိုင်းဆုံးနေရာနဲ့ အတွင်းကမ္ဘာနဲ့ ပိုနီးတဲ့နေရာအထိ တွန်းပို့ဖို့ဆိုရင်တော့ သူတို့ဟာ အိပ်မက်ရဲ့ ယဇ်ပလ္လင်လိုမျိုး ထပ်ပေါင်းအကူအညီတွေ လိုအပ်နေသေးတာပဲ”

All Chapters