← Chapters

နောင်တအားလုံးကို လက်ခံဖို့ ဆန္ဒရှိတယ်

Vol. 44 Ch. 657

နောင်တအားလုံးကို လက်ခံဖို့ ဆန္ဒရှိတယ်

Vol. 44 Ch. 657

“ကျေးဇူးပြုပြီး ငါ့အကြောင်း မှတ်ဉာဏ်တွေအားလုံးကို ဖျက်ဆီးလိုက်ပါတော့၊ ငါ့အနား မလာပါနဲ့၊ ငါ့အကြောင်းကို ဘယ်တော့မှ ထပ်မတွေးပါနဲ့တော့”

အထီးကျန်အရိပ်တစ်ခုက ကျွန်း၏ ဗဟိုတွင် ရပ်တန့်နေသည်။ အရှိတရားနှင့် ပုံရိပ်ယောင်တို့ ထိပ်တိုက်တွေ့သွားကြပြီး အတိတ်နှင့် အနာဂတ်တို့ ပြန်လည်ဆုံစည်းလာကြသည်။ မတူညီသော သွေးမြို့တော်များကို ကိုယ်စားပြုသည့် မပြောသင့်သူစွမ်းအား သုံးခုသည် စွမ်းအားပြည့်တိုက်ခိုက်ခဲ့ကြသည်။ နောင်တများ ပြည့်နှက်နေသော ကျွန်းကြီးပေါ်တွင် လုံးဝ မတူညီသော စည်းမျဉ်းသုံးခုတို့ ရောယှက်သွား၏။ ထိုတိုက်ဆိုင်မှုများကြားမှ အလင်းတန်းတစ်ခုက ထိုအရိပ်ပေါ်သို့ ထပ်မံကျရောက်လာပြန်သည်။

ဧရာမ ဝေလငါးကြီး တစ်ကောင်သည် မြူပင်လယ်ထဲတွင် လူးလှိမ့်နေလေသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်သည့် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် မီတာတစ်ရာခန့် မြင့်သော မြူလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။ “သူမ” သည် အခြားသူများထက် ပို၍ ပျော်ရွှင်နေ၏။

ထိုအရိပ်မှာမူ နေရာတွင် တစ်ကိုယ်တည်း ရပ်နေပြီး ဝေလငါးကြီးကို အမြဲတမ်း ကျောပေးထားသည်။ ဧရာမ ဝေလငါးကြီးက အကြိမ်ကြိမ် နီးကပ်လာသော်လည်း သူသည် လှုပ်ရှားခြင်း မရှိပေ။

“ဘာလို့ ဒီမှာ ဆက်နေနေတာလဲ၊ မင်းက အတောင်ပံတွေပါတဲ့ ဝေလငါးတစ်ကောင်ပဲ၊ မြူပင်လယ်နဲ့ ကောင်းကင်ယံမှာ လွတ်လွတ်လပ်လပ် ပျံသန်းလို့ရတယ်၊ ဘာလို့ ကျိန်စာသင့်နေတဲ့ အလောင်းတစ်ခုနဲ့ အတူရှိနေချင်ရတာလဲ”

“ငါက မင်းရဲ့ ကလေးမဟုတ်ဘူး၊ ငါ့ဝိညာဉ်က ပျောက်ကွယ်သွားတာ ကြာပြီ၊ မင်းရဲ့ သနားမှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ရုပ်သိမ်းလိုက်ပါ၊ ငါ... မင်းကို နောက်တစ်ခါ ထပ်မသတ်ချင်တော့ဘူး”

အနက်ရောင်မြူပင်လယ်ကြီးသည် ထိုအရိပ်၏ စိတ်ခံစားချက်များကြောင့် လှိုင်းထန်ကာ ပြောင်းလဲနေလေသည်။ သူသည် ပုံရိပ်ယောင်နှင့် အရှိတရားကြားတွင် ရပ်နေလေသည်။သူ့အား လူလား သရဲလား၊ လူသေလား လူရှင်လား ခွဲခြားမရပေ။ သားစားကြူးနတ်ဘုရားနှင့် နံပါတ် ၂ တို့မှာမူ သူ့ထံမှ ထွက်ပေါ်နေသည့် အေးစက်ဆိုးယုတ်သော အရှိန်အဝါများကိုသာ အာရုံခံမိကြသည်။

“သူ ပြောလိုက်တာက ဧရာမဝေလငါးကြီးက အလောင်းတစ်ခုနဲ့အတူ ရှိနေတယ်လို့လား၊ အတွင်းကမ္ဘာရဲ့ ချို့ယွင်းချက်တွေကို စုစည်းထားတဲ့ ဒီကျွန်းကြီးက တကယ်တော့ သူ့ရဲ့ အလောင်းကြီးလား”

နံပါတ် ၂ ၏ အသံတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အတော်လေး ဗဟုသုတကြွယ်ဝသူ ဖြစ်သော်လည်း ထိုကဲ့သို့ အရာမျိုးကို တစ်ခါမျှ မမြင်ဖူးချေ။

ဝေလငါးကြီးသည် အကြိမ်ကြိမ် နီးကပ်လာသော်လည်း ထိုအရိပ်ကို မထိတွေ့နိုင်ပေ။ သူမသည် မည်သည့်အရာကိုမှ တောင်းဆိုနေပုံမရချေ။ ပင်ပန်းနွမ်းနယ်နေသော မိခင်အိုကြီးတစ်ဦးက နောက်ဆုံးတွင် သတိမေ့နေသော သူမ၏သားငယ် နိုးလာသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ သူမ၏ လှုပ်ရှားမှုတိုင်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။

သာယာနာပျော်ဖွယ်ကောင်းသော ဝေလငါးသီချင်းသံသည် မြူပင်လယ်တစ်လျှောက် ဝေးကွာစွာ ပဲ့တင်ထပ်သွားသည်။ ၎င်းမှာ အတွင်းကမ္ဘာ၏ စိတ်ပျက်အားငယ်မှုများနှင့် လုံးဝ ဖီလာဆန့်ကျင်နေသော်လည်း မည်သည့်အရာကမျှ အသံတစ်သံပင် မထွက်ဝံ့ကြချေ။

ဧရာမ အမြီးကြီးက အနက်ရောင်မြူခိုးများကို ရိုက်ခတ်လိုက်သည်။ ဝေလငါးကြီးသည် ပါးစပ်ဟလိုက်ပြီး ထူးဆန်းပြီး ပုံမှန်မဟုတ်သော အရာများစွာကို အထီးကျန်ကျွန်းကြီးပေါ်သို့ ဂရုတစိုက် အန်ထုတ်လိုက်သည်။ ပျက်စီးနေသော ယဇ်ပလ္လင်တစ်ခု၊ ပျောက်ဆုံးနေသော ဝိညာဉ်များ၊ လူသားလောကမှ ကင်မရာတစ်လုံး၊ ညစ်ပတ်နေသော အရုပ်မလေးတစ်ရုပ် စသည်ဖြင့်။

ဤအရာများသည် သူမကလေးအတွက် သူမ စုဆောင်းထားသော ကစားစရာများ၊ သူ့အတွက် သူမ ပြင်ဆင်ထားသော အံ့အားသင့်စရာများ ဖြစ်ပုံရသည်။

အေးစက်သော လေပြေတစ်ချက် တိုက်ခတ်လာပြီး ဓာတ်ပုံများစွာ ပြည့်နှက်နေသော ဓာတ်ပုံအယ်လ်ဘမ်တစ်ခု ပွင့်သွားသည်။

ဝေလငါးကြီးသည် ထိုကျွန်းကြီးကို နေရာအနှံ့အပြားသို့ သယ်ဆောင်သွားခဲ့ပြီး အရာများစွာကို မြင်တွေ့ခဲ့ဖူးသည်။ သူမသည် ထိုအရိပ်အား အကောင်းဆုံးအရာအားလုံးကို ပေးလိုခြင်း ဖြစ်သည်။ မိခင်တစ်ဦး၏ အတောင်ပံများသည် သူမ၏ကလေးအား ဝေးကွာသော ကုန်းမြေများသို့ သယ်ဆောင်သွားရန် ဖြစ်သည်။

ကျိန်စာသင့်နေသော လက်တစ်ဖက်က ဗီဇအရ လှမ်းယူလိုက်သည်။ ဓာတ်ပုံများကို ထိလုနီးပါး ဖြစ်သွားစဉ် ထိုအရိပ်က ရပ်တန့်လိုက်သည်။ သူသည် အနက်ရောင်မြူခိုးကမ္ဘာထဲမှ ဝေလငါးကြီးကို မော့ကြည့်လိုက်သည်။ ၎င်းမှာ သူ မျက်လုံးဖွင့်လိုက်တိုင်း အမြဲ မြင်တွေ့နေရသော ပုံရိပ်ပင် ဖြစ်သည်။

မိခင်၏ကျောပေါ်တွင် တင်ဆောင်ခြင်း ခံထားရသော၊ မည်သူမှ အလိုမရှိသော ထိုအရိပ်သည် ကမ္ဘာပတ်ဖူးသည့် ပထမဆုံးသော “ကျွန်း” ဖြစ်ပေလိမ့်မည်။

ဝေလငါးကြီး၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု လျှပ်ခနဲ ပေါ်ထွက်လာသည်။ ထိုအရိပ် အာရုံလွဲနေခိုက် အခွင့်ကောင်းယူ၍ ဝေလငါးကြီးက ထပ်မံ နီးကပ်လာပြီး သူမ၏ “အတောင်ပံများ” ကို သူ့ထံသို့ အသာအယာ ဆန့်ထုတ်လိုက်သည်။

ကျိန်စာများနှင့် ချို့ယွင်းချက်များမှ မွေးဖွားလာသော မိစ္ဆာတစ်ကောင်က အဘယ်ကြောင့် မရှောင်ရှားနိုင်ရမည်နည်း။ ရှောင်လွှဲမသွားခြင်းမှာ တစ်ခုခုကို အကြောင်းပြချက် ပေးချင်နေ၍သာ ဖြစ်ပေလိမ့်မည်။

ဝေလငါးကြီး၏ ပျော်ရွှင်မှုကြောင့် အနက်ရောင်မြူများမှာ ပါးလွှာသွားသော်လည်း ထိုအရိပ်မှာမူ မည်သည့်ခံစားချက်မျှမရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ကျိန်စာများကြောင့် တိုက်စားခံထားရသော ဝေလငါးကြီး၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများကို မြင်တွေ့လိုက်ရသည်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဝေလငါးကြီးသည် လက်လျှော့ရန် ဘယ်သောအခါမှ မစဉ်းစားခဲ့ဘဲ သူမ၏စွမ်းအားများဖြင့် ထိုအထီးကျန်ကျွန်းကြီးကို ဆက်လက်အားဖြည့်ပေးကာ ဆက်လက်စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

မိခင်၏ အမွေးအတောင်များက သူ့လက်မောင်းနှင့် ပခုံးများကို ထိတွေ့သွားသည်။ ထိုအရိပ်အတွင်း၌ မရေမတွက်နိုင်သည့် ကျိန်စာများ ကိန်းအောင်းနေသော်လည်း ဝေလငါးကြီးကမူ ထိုအရာများကို ဂရုမစိုက်ပေ။

“ဒါက တန်ရဲ့လား”

ထိုအရိပ်ရှေ့တွင်ရှိသော ကလေးရွှံ့ရုပ်တု ကိုးရုပ်က ပျောက်ကွယ်သွားပြီး ကလေးတစ်ဦး၏ ပုံရိပ်သာ ကျန်ရစ်တော့သည်။ သူ့ကို ရှန်းနွမ်ဟုခေါ်ပြီး ၎င်းမှာ သူ့မိခင် ပေးထားခဲ့သော အမည်ဖြစ်သည်။ ထိုအရိပ် အမြဲတမ်း “မုန်းတီး” ခဲ့သော အမည်လည်း ဖြစ်သည်။(ရှန်းနွမ်ဆိုတာ အလင်းကို ဆောင်ကြည်းသူဆိုတဲ့ အဓိပ္ပါယ်ပါ)

ကောင်းကင်ကို ဖုံးအုပ်ထားသော ဝေလငါးကြီးက နောက်မှ လိုက်ပါလာသည်။ ထိုအရိပ်သည် အသွေးအသားသရဲနှင့် ထိုသရဲ၏နှလုံးသားထဲတွင် ပုန်းအောင်းနေသော ကောင်းမင်ကို ကြည့်ရှုလိုက်သည်။

သေလုမြောပါး ဖြစ်နေသော လူတစ်ယောက်နှင့် သူ့ကို အသည်းအသန် ကာကွယ်ပေးနေသော သရဲတစ်ကောင်။ ရင်းနှီးနေသော မြင်ကွင်းတစ်ခုက ထိုလူသူကင်းမဲ့သော ကျွန်းပေါ်တွင် ထပ်မံ ပေါ်ပေါက်လာပြန်သည်။

“ကောင်းမင်၊ ထတော့၊ နတ်ဆိုးနတ်ဘုရား ချဉ်းကပ်လာပြီ”

နံပါတ် ၂ က ညှင်းပန်းနှိပ်စက်ခန်းထဲမှနေ၍ သတိပေးလိုက်သည်။ ထိုအရိပ်ခန္ဓာကိုယ်ထဲရှိ ပြည့်နှက်နေသော ကျိန်စာများကို မြင်ပြီးနောက် သူ၏ ဦးရေပြားများပင် စိမ့်တက်သွားရသည်။ ဤနတ်ဆိုးနတ်ဘုရားတွင် မတူညီသော စွမ်းအားကိုးမျိုးရှိနေပြီး အတွင်းကမ္ဘာ၏ နောင်တများကို စုစည်းထားကာ ကမ္ဘာပေါ်ရှိ ကျိုးပဲ့ပျက်စီးနေသော သရဲတစ္ဆေများနှင့် မိစ္ဆာပေါင်းများစွာ၏ ကိုးကွယ်မှုကို ခံယူထားသူ ဖြစ်သည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးက ဘယ်လောက်အထိ အစွမ်းထက်လိမ့်မလဲ။

ကောင်းမင်သည် နံပါတ် ၂ ကို ပြန်လည် တုံ့ပြန်လိုသော်လည်း သူ စကားမပြောနိုင်တော့ပေ။ သူ့ဝိညာဉ်မှာ လုံးဝပုပ်သိုးဆွေးမြေ့နေပြီး ထိုဒဏ်ရာများတွင် ဆွေးမြည့်ခြင်း စည်းမျဉ်းများ ပါဝင်နေသဖြင့် သားစားကြူးနတ်ဘုရားပင် ခက်ခဲစွာ ကုသနေရခြင်း ဖြစ်သည်။ သူသည် မည်သည့် သရဲ သို့မဟုတ် မည်သည့်မိစ္ဆာထက်မဆို ပိုရုပ်ဆိုးပြီး ပိုကြောက်စရာ ကောင်းနေခဲ့သည်။

ပုံရိပ်ယောင် ပူဖောင်းက ပေါက်ထွက်သွားပြီး အဆုံးမရှိသော အမှောင်နယ်ပယ်လည်း ဆုတ်ခွာသွားသည်။ အခြား မပြောသင့်သူနှစ်ဦး၏ နှောင့်ယှက်မှု မရှိတော့သဖြင့် သားစားကြူးနတ်ဘုရားမှာ သူ့ခန္ဓာကိုယ်အတွင်းရှိ ပုပ်သိုးဆွေးမြေ့မှုများကို တိုက်ဖျက်ရန် အပြည့်အဝ အာရုံစိုက်နိုင်လာသည်။ စူးရှသော အပုပ်နံ့များမှာ သင်းပျံ့သော အသားနံ့များဖြင့် တဖြည်းဖြည်း ဖိနှိပ်ခံလိုက်ရပြီး ပုံပျက်နေသော သွေးမြို့တော် နတ်ဘုရားတက်တူးများမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

ရှင်ခြင်းမျက်နှာက အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး ကောင်းမင်၏ ခန္ဓာကိုယ်ထဲသို့ သန့်စင်သော သွေးကြောများကို စတင်ထိုးသွင်းလိုက်သည်။၎င်း၏ ကိုယ်ပိုင်အသက်သွေးများဖြင့် ကောင်းမင်၏ အသက်ကို ထိန်းထားပေးနေသည်။ သူသည် ကောင်းမင်အား မိမိ၏ ကိုယ်ပိုင် နှလုံးသားကဲ့သို့ သဘောထားလိုသော်လည်း ကျန်ရှိသော နတ်ဘုရားမျက်နှာ သုံးခုကမူ ထိုသို့ပြုလုပ်ရန် ငြင်းဆန်နေကြသည်။ သူတို့၏ သွေးကြောများသည် အဆက်မပြတ် ပေါက်ပြဲပျက်စီးနေပြီး ရှင်ခြင်းမျက်နှာ၏ အမူအရာမှာလည်း အလွန်ကြမ်းကြုတ်လာတော့သည်။

သားစားကြူးနတ်ဘုရား၏ စိတ်ဆန္ဒက ဖရိုဖရဲဖြစ်လာသောအခါ ထိုအရိပ်သည် အထီးကျန်ကျွန်း၏ အစွန်းဆီသို့ လှမ်းကိုင်လိုက်ပြီး ကြေမွပျက်စီးနေသော အမှောင်နယ်ပယ်ထဲမှ သွေးများဖြင့် ချည်နှောင်ထားသော ချိန်းကြိုးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ ကျိန်စာများသည် ချိန်းကြိုးပေါ်သို့ အဆက်မပြတ်တွားတက်လာကြသည်။ ထိုအရိပ်သည် ချိန်းကြိုးကို သားစားကြူးနတ်ဘုရား၏ နှလုံးသားထဲရှိ ကောင်းမင်ထံသို့ လှမ်းပစ်လိုက်သည်။

အရင်က ကောင်းမင်သည် အမှောင်နယ်ပယ်ထဲတွင် ပိတ်မိနေသော ကလေးကို မြင်တွေ့ခဲ့ရပြီး သူ့ကို ကယ်တင်ရန် ညှင်းပန်းနှိပ်စက်ခန်းထဲမှ ချိန်းကြိုးကို ဆွဲထုတ်၍ ကြိုးစားခဲ့ဖူးသည်။ ယခုမူ ကျိန်စာများ ရစ်ပတ်နေသော ထိုချိန်းကြိုးသည် အရိပ်၏ လက်ထဲတွင် ရှိနေခဲ့သည်။

ကောင်းမင် မတုံ့ပြန်နိုင်ခင် ကျိန်စာသင့် ချိန်းကြိုးက သူ့ဝိညာဉ်ကို ရစ်ပတ်သွား၏။သူသည် ပူပြင်းနေသော သံချောင်းဖြင့် သူ့အရေပြားကို ထိုးဖောက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ကောင်းမင် အော်ဟစ်လိုက်ရတော့သည်။ သားစားကြူးနတ်ဘုရားက ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းရှိ ဆွေးမြည့်ခြင်း စည်းမျဉ်းများသည် ထိုကျိန်စာများကြောင့် ယိုယွင်းပျက်စီးသွားသည်ကို သူတို့ သတိပြုမိလိုက်ကြသည်။

ထိုအရိပ်သည် လူများကို မည်သို့ ကယ်တင်ရမှန်း မသိပေ။ သူသိသည်မှာ ကောင်းမင်အား ပိုမို ဆိုးရွားစွာ သေဆုံးစေရန်သာ ဖြစ်သည်။ အမျိုးမျိုးသော ကျိန်စာများသည် ကောင်းမင်၏ ခန္ဓာကိုယ်ထဲတွင် အလှည့်ကျကြီးထွားလာပြီး သားစားကြူးနတ်ဘုရား၏ စွမ်းအားကို တိတိကျကျ ရှောင်ရှား၍ ပုပ်သိုးဆွေးမြေ့နေသောအသားများကို တိုက်စားပစ်သည်။ ပုပ်သိုးဆွေးမြေ့နေသော အသားများအားလုံး ကင်းစင်သွားပြီးမှသာ ထိုကျိန်စာများသည် အနက်ရောင်ငါးလေးများကဲ့သို့ ချိန်းကြိုးထဲသို့ ပြန်လည် ကူးခတ်သွားကြတော့သည်။

ဆွေးမြည့်ခြင်း စည်းမျဉ်းများ၏ အနှောက်အယှက်မရှိတော့သဖြင့် သားစားကြူးနတ်ဘုရား၏ ပြန်လည်ကုသမှု အရှိန်က ပိုမိုမြန်ဆန်လာ၏။ သူသည် ကောင်းမင်၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးရန် စတင်ကူညီလိုက်သည်။

အရိပ်သည် သူ၏ ကိုယ်ပိုင်ကျိန်စာများ ဖုံးလွှမ်းနေသော ချိန်းကြိုးများကို ပြန်လည် မသိမ်းဆည်းသေးပေ။ သူက ကောင်းမင်နောက်ကို ကြည့်လိုက်ရာ တုန်ယင်နေသော ခွေးနက်ကြီးတစ်ကောင်သည် ကောင်းမင်၏ အရိပ်ထဲမှ ခုန်ထွက်လာပြီး မြေပြင်ပေါ်တွင် ရိုသေလေးစားစွာ ဝပ်ချလိုက်သည်။

ခွေးကြီးသည် သူသေဆုံးပြီးနောက် မရေမတွက်နိုင်လောက်သော အထီးကျန်ညများကို မြေအောက်ခန်းထဲ၌ ပုန်းအောင်းရင်း ဖြတ်သန်းခဲ့ရသည်။ သူသည် မိမိကိုယ်မိမိ လုံးဝ အထီးကျန်အောင် နေထိုင်ခဲ့ရပြီး ရှောင်လွှဲမရသော အမှောင်ထုများဖြင့် ဝန်းရံနေခဲ့သည်။ သူ့အတွက်မူ အတွင်းကမ္ဘာ၏ ကောင်းကင်ယံမှ အထီးကျန်ကျွန်းကြီးသည် သူ၏ တစ်ခုတည်းသော စိတ်သက်သာရာ ရစရာပင်။ ခွေးနက်ကြီးကဲ့သို့သော အခြားပျက်စီးနေသည့် ဝိညာဉ်ပေါင်းများစွာလည်း ထိုကျွန်းပေါ်တွင် ခိုလှုံရာနေရာကို ရှာတွေ့ခဲ့ကြသည်။

သူတို့ မည်သည့်နေရာတွင် ရှိခဲ့ပါစေ၊ မည်သည့်အရာများကို တွေ့ကြုံခဲ့ရပါစေ၊ ထိုကျွန်းသည် အမြဲတမ်းလိုလို မှိန်ဖျော့ဖျော့ အနွေးဓာတ်ကို ထုတ်လွှတ်ပေးနေပြီး ပျက်စီးနေသော ဝိညာဉ်အားလုံးကို လက်ခံပေးရန် အသင့်ရှိနေခဲ့သည်။

ထိုအရိပ်သည် အပြစ်ဒုစရိုက်အားလုံးကို လက်ခံပေးရင်း ကျွန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ အသန့်စင်ဆုံးသော စွမ်းအားများကိုမူ ဝေလငါးကြီးအတွက် ချန်ထားရစ်ခဲ့ပေသည်။

ဘဝတစ်သက်တာလုံး သက်ရှိများကို ကျိန်ဆဲခဲ့သော ထိုအရိပ်သည် နောက်ဆုံးတွင် ကောင်းချီးတစ်ခုကို ပေးအပ်ခဲ့သည်။ သို့သော်လည်း ဝေလငါးကြီးမှာ ထွက်ခွာသွားရန် မရွေးချယ်ခဲ့ပေ။ သူမသည် အမှားများကို ပြန်လည်ပြင်ဆင်ပေးရန်နှင့် ထိုအရိပ်၏ အပြစ်များကို ပြန်လည် ဆေးကြောပေးရန် အစဉ်တစိုက် တွေးတောနေခဲ့သည်။ မရည်ရွယ်ဘဲနှင့် သူမသည် ကမ္ဘာပေါ်ရှိ ပျက်စီးနေသော ဝိညာဉ်ပေါင်းများစွာ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်လာခဲ့ချေသည်။

All Chapters