← Chapters

အခန်း (၁၀၁၄)

Vol. 68 Ch. 1014

အခန်း (၁၀၁၄)

Vol. 68 Ch. 1014

အခန်း ၁၀၁၄: ထောင်ချောက်မှ လွတ်မြောက်ခြင်း (အပိုင်းတစ်)

- ဂါလန်သာသနနယ်မြေ၊ဘုရားကျောင်းတံခါးရှေ့တွင်

“ သေစမ်း ဘာတွေဖြစ်နေတာလဲ ဘုရားသခင့်ကျေးဇူး‌တော်ဝမ်းနည်းသက်ပြင်းချသံထဲမှာ သူ ဘယ်လိုလုပ် တစ်ခုခုကိုဆင့်ခေါ်နိုင်တာလဲ ဒါက နတ်ဘုရားအဆင့် မှော်အစီအရင်ပဲလေ ဒီရုပ်ဆိုးတဲ့ တီကောင်က ဘာလဲဟ ဘာလို့ ငါ နတ်ဘုရားစွမ်းအားရဲ့ အရိပ်အယောင်ကို ခံစားရတာလဲ ”

ရွှေရောင်အရိုးစု ပူကပ်ခံထားရသည့် ဘုန်းတော်ကြီးဂျွန်သည် မှော်အစီအရင်အတွင်း၌ ဒူရီရယ် ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်း အံ့အားသင့်သွားပြီး စိတ်မတည်ငြိမ်နိုင်တော့ပေ။

ပထမဆုံးပေါက်ကွဲမှု ထွက်ပေါ်လာသောအခါ သူသည် ဖေး ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး တုန်လှုပ်သွားသည်။ အလျှင်အမြန်ပင် သူသည် နံပါတ် ၁ ဘုရားကျောင်း၏ အတွင်းနှင့် အပြင်တွင် ပေါက်ကွဲမှုများကြောင့် ပျက်စီးသွားသော ဤနတ်ဘုရားအဆင့် မှော်အစုအဝေး၏ စွမ်းအင်လမ်းကြောင်းများကို ပြုပြင်ရန်နှင့် ပြန်လည်ထူထောင်ရန် ကြိုးစားခဲ့သည်။ ထိုအရာများကို လုပ်ဆောင်နေစဉ်တွင် သူသည် မယုံနိုင်လောက်အောင် အံ့အားသင့်သွားခဲ့သည်။

အရာအားလုံးသည် သူတွေးထားခြင်းထက် ကျော်လွန်နေသည်။ သူသာ မှော်အစီအရင်အတွင်း၌ ရှိနေပါက ပေါက်ကွဲမှုများက သူ့ကို သတ်ပစ်လိမ့်မည်။ သူပြန်လည်ရရှိခဲ့သည့် ခွန်အားက အလွန်အားနည်းလွန်းနေသေးကာ အရိုးအပိုင်းအစတွေအဖြစ် ဆုတ်ဖြဲခံရလိမ့် ပေလိမ့်မည်။ သူက ဖေးကို သူ့ထောင်ချောက်ထဲ ပြုတ်ကျသွားသည့် သိုးတစ်ကောင်ဟု ထင်ခဲ့သော်လည်း ထိုဘုရင်က ထောင်ချောက်ကို ဖျက်ဆီးပြီး ထွက်သွားလုနီးပါး ဖြစ်လာသည်။ ထိုအဖြစ်က ရွှေရောင်အရိုးစုကို အံ့အားသင့်စေပြီး ဒေါသထွက်စေသည်။

ကံကောင်းထောက်မစွာပင် သူဟာ အချိန်မီ တုံ့ပြန်ပြီး ပျက်စီးတော့မည့် စွမ်းအင်လမ်းကြောင်းများကို ပြုပြင်နိုင်ခဲ့သည်။

“ မင်း ပိတ်မိနေပြီ အလက်ဇန္ဒား လက်လျှော့လိုက် မင်း ထွက်လို့မရဘူး " ထို့နောက် ရွှေရောင်အရိုးစုဟာ နံပါတ် ၁ ဘုရားကျောင်း၏ အပြင်ဘက်၌ ရပ်နေရင်း ရက်စက်ကြမ်းကြုတ်စွာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ထိုအချိန်၌ ငွေရောင်အပ်သဖွယ် ဓားစွမ်းအင်တစ်ခု ရုတ်တရက် ကောင်းကင်ကိုဖြတ်ပြီး သာသနနယ်မြေ၌ ပေါ်လာခဲ့သည်။ ထို ဓားစွမ်းအင်မှာ နံပါတ် ၁ ဘုရားကျောင်း၏ မှော်အစီအရင် လမ်းကြောင်းများပေါ် အတိအကျကျဆင်းသွားသည်။

“ သေစမ်း ဘယ်သူလဲ...” ရွှေရောင်အရိုးစုဟာ နတ်ဘုရားအဆင့် မှော်အစီအရင်ကို ပြုပြင်ဖို့ သူ့စွမ်းအင်များကို အများကြီး အသုံးပြုခဲ့ပြီး ယခုတိုက်ခိုက်လာသည့် လူကလည်း သူ့ထက် အားမနည်း‌ပေ။ ထို့ကြောင့် ဓားစွမ်းအင်ကို သူ ပိတ်ဆို့ဖို့ မဖြစ်နိုင်ခဲ့ချေ။

" အုန်း "

ထိုနေရာတွင် ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟားဟား မိစ္ဆာအိုကြီး မင်းငါနဲ့တွေ့ပြီ ငါထွက်လာပြီ…” ငွေရောင်အလင်းတန်းတစ်ခု ဖြတ်သွားပြီး [ခေးအော့ပလ္လင်] တွင်ထိုင်နေသော ဖေး သည် ဒေါသတကြီး ရယ်မောလိုက်သည်။ ထိုငွေရောင်ဓားစွမ်းအင် ကြောင့်ဖြစ်ပေါ်လာသည့် နတ်ဘုရားအဆင့် မှော်အစီအရင်ရှိ အက်ကွဲကြောင်း အပိုင်းအစကို ဖြတ်ကာ ဖေး သည် ဤအစွမ်းထက်သော ထောင်ချောက်မှ နောက်ဆုံးတွင် လွတ်မြောက်ခဲ့သည်။

" အုန်း "

ဖေး ထွက်လာသောအခါ သူပထမဆုံးလုပ်ခဲ့သည်မှာ လက်စားချေခြင်းဖြစ်သည်။

ဖေး သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ရွှေရောင်စွမ်းအင်လက်သီး ၁၀၀ ကျော် ပေါ်လာပြီး ရွှေရောင်အရိုးစုဆီသို့ ဥက္ကာပျံများကဲ့သို့ အရပ်မျက်နှာအားလုံးမှ သတ်ဖြတ်ရန် ပြေးဝင်သွားသည်။

" ဘမ်း ဘမ်း ဘမ်း "

ဘုန်းတော်ကြီး ဂျွန် ၏ ခန္ဓာကိုယ်ပေါ်တွင် သိသာထင်ရှားသော ဒဏ်ရာများ ပေါ်လာပြီး သူ၏ခန္ဓာကိုယ် ပျက်စီးသည်နှင့်အညီ သွေးများ ယိုစီးကျလာသည်။

ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုသည် သွေးထဲတွင် တောက်ပလာပြီး အဝေးသို့ ပျံ‌ပြေးသွားသည်။

ရွှေရောင်အရိုးစုသည် အလွန်စိတ်ပျက်ပြီး ဒေါသထွက်နေသော်လည်း ချမ်းဘော့ဒ် ဘုရင်နှင့် ယှဉ်ပြိုင်၍မရကြောင်း သူသိသည်။ ချမ်းဘော့ဒ် ဘုရင်၏ နည်းစနစ်များကို ပြန်စဉ်းစားပြီးနောက် ရွှေရောင်အရိုးစုဟာ သူ မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရမယ်ဆိုတာ သိလိုက်သည်။ ချမ်းဘော့ဒ် ဘုရင် ထွက်လာပြီး စိတ်ဓာတ်တက်ကြွနေသည်ကို မြင်သည့်အခါ သူ ဘုန်းတော်ကြီးဂျွန်၏ အလောင်းကိုပစ်ကာ ပြေးတော့သည်။

“ သေစမ်း ဒီတစ်ခါ မင်းကို ငါလွတ်မြောက်ခွင့်ပေးမိရင် မင်းရဲ့ မျိုးရိုးနာမည်ကို ငါယူမယ် ”

ဖေး ထိုရွှေရောင်အရိုးစုကို ဒေါသထွက်သလို ကြောက်လည်း ကြောက်နေသည်။ ထိုမိစ္ဆာကြောင့် ဘယ်လိုဘေးအန္တရာယ်မျိုး ဖြစ်ပေါ်လာမည်ဆိုသည်ကို သူ မသိသဖြင့် အရိုးစုကို လွှတ်ပေးရန်ဆန္ဒမရှိချေ။

ငွေစွမ်းအင်မီးတောက်များ ခေးအော့ပလ္လင် ပတ်ပတ်လည်တွင် လင်းလက်လာပြီး ဖေးနှင့်အတူ ပလ္လင်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှေရောင်အရိုးစုနောက် လိုက်တော့သည်။

ရွှေရောင် နှင်အငွေရောင် အလင်းတန်းနှစ်ခုဟာ ဧရိယာကို ပြည့်နှက်နေသည့် အဖြူရောင်သန့်ရှင်းသော ဒြပ်စင်များကို ထိုးဖောက်သွားပြီး မိုးကုပ်စက်ဝိုင်းထဲကို ပျောက်ကွယ်သွား‌တော့သည်။

အခန်း ၁၀၁၄: ထောင်ချောက်မှ လွတ်မြောက်ခြင်း (အပိုင်းနှစ်)

ယခုအချိန်တွင် ဘုန်းတော်ကြီးများနှင့် သန့်ရှင်းသောသူရဲကောင်းများစွာသည် ဂါလန်းသာသနာနယ်မြေတွင် ဆုတောင်းနေဆဲဖြစ်ပြီး ၎င်းတို့၏ ဆုတောင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်ကို ပံ့ပိုးပေးနေကြသည်။ ရွှေရောင်အရိုးစုသည် နံပါတ် ၁ ဘုရားကျောင်းအတွင်း အခြားသူများ အမှန်တရားကို ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်သောကြောင့် သန့်ရှင်းသောဘုရားကျောင်း၏ အဆင့်မြင့်အဖွဲ့ဝင်များကို အဆောက်အအုံမှ မီတာ ၁၀၀ အကွာသို့ နောက်ဆုတ်ရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် သန့်ရှင်းသောဘုရားကျောင်း၏ အဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ မြင့်မားသောလှေကားထစ်များတွင် ဖြစ်ပျက်ခဲ့သည်များကို မသိရှိကြပေ။ အဘယ်ကြောင့်ဆိုသော် အဖြူရောင်အလင်းသည် မြင်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေသောကြောင့်ဖြစ်သည်။

[ဘုရားသခင်၏ ကျေးဇူးတော်၏ ဝမ်းနည်းသော သက်ပြင်းချသံ] သည် ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်သော်လည်း ဤမှော်အစီအစဥ်အတွင်းတွင် ဆူညံသံများ မရှိတော့ပါ။ ဧကရာဇ် ဂျူနင်ဟိုသည် သတိထားနေပြီး သူ၏စွမ်းအင်ကို ထိန်းချုပ်ထားသည်။ ထိုအပ်ကဲ့သို့သော ဓားစွမ်းအင်သည် [ဘုရားသခင်၏ ကျေးဇူးတော်၏ ဝမ်းနည်းသော သက်ပြင်းချသံ] အတွင်းရှိစွမ်းအင်လမ်းကြောင်းထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် ၎င်းသည် ကမ္ဘာမှ လုံးဝပျောက်ကွယ်သွားပြီး မည်သည့်အရိပ်အယောင်မျှ မကျန်ရစ်ခဲ့ပါ။

ဘာမျှမဖြစ်ခဲ့သည့်နှယ် ထင်ရသော်လည်း အခြေအနေမှာ လုံးဝပြောင်းလဲသွားခဲ့သည်။

...

-လီယွန်တော်ဝင်နန်းတော်-

ဘတ်ကင်းဟမ်သည် ဧကရာဇ်ဂျူနင်ဟိုကို စိုးရိမ်စွာကြည့်လိုက်သည်။

မျက်လုံးမှိတ်ထားရင်း ခဏတာ အာရုံခံစားပြီးနောက် ဧကရာဇ်ဂျူနင်ဟိုသည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

“ ချမ်းဘော့ဒ်ဘုရင် ထွက်သွား‌ပြီ ”

ဧကရာဇ်ဂျူနင်ဟိုသည် လှည့်ပြီး ပလ္လင်ပေါ်ပြန်ထိုင်လိုက်သည်။ သူက ပေါ့ပေါ့ပါးပါးပြောသည်။ “ ဒီကာလအတွင်းမှာ မင်းငါ့ဘေးမှာနေပြီး တခြားသူတွေရှေ့မှာ မပေါ်လာနဲ့… ဒီအလက်ဇန္ဒရို နဲ့ လအဆင့်တွေက ပြဿနာရှာဖို့ ဇင်းနစ်အင်ပါယာကိုသွားခဲ့ကြတယ် ချမ်းဘော့ဒ်ဘုရင်က ဂါလန်ကနေ ဘေးကင်းကင်း ထွက်သွားပြီမို့လို့ သူတို့ကိုရပ်တန့်ဖို့ ချက်ချင်းသွားလောက်ပြီ ဒီအချိန် ခဏတာအတွင်း လီယွန်အင်ပါယာမှာရှိတဲ့ အခြေအနေတည်ငြိမ်နေပြီး ဆိုတော့ ကျုပ်တို့ ပြင်ဆင်ဖို့ အချိန်ရှိတယ် "

“ ပြင်ဆင်ရမယ့်အချိန်ရောက်ပြီလား ” ဘက်ကင်ဟမ် အနည်းငယ်ရှုပ်ထွေးသွားသည်။

မျက်နှာပေါ်တွင် လေးနက်သော အမူအရာဖြင့် ဧကရာဇ်ဂျူနင်ဟိုက “ဟုတ်တယ် မကြာခင်မှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်တော့မှာ တိုက်ကြီးတစ်ခုလုံးဟာ ပိုပြီး မှောင်မိုက်တဲ့ ရှုပ်ထွေးမှုတွေထဲ ကျရောက်သွားလိမ့်မယ်… ဒါကြောင့် မင်းငါ့ဘေးမှာ ခဏနေရမယ် တခြားသူတွေရှေ့မှာ မင်းကိုယ်မင်း မပြနဲ့၊ ဘက်ကင်ဟမ်အိမ်‌တော်ကိုလည်း ပြန်မသွားနဲ့ ” ဟု ပြောကြားခဲ့သည်။

“ အရှင့် အမိန့်တော်အတိုင်းပါ ” ဘက်ကင်ဟမ်က လေးစားစွာ ပြန်ဖြေခဲ့သည်။

ဧကရာဇ်ဂျူနင်ဟိုက ခေါင်းငုံ့ပြီး စားပွဲပေါ်တွင် တစ်ခုခုရေးလိုက်သည်။ ထို့နောက် ရုတ်တရက် သက်ပြင်းချပြီး သူ့လက်ထဲက စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ကာ သူရေးနေသည့် စာရွက်ကို ဖုန်မှုန့်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူ့ရှေ့က လေထဲကို လက်ညှိုးထိုးကာ စားပွဲကို ပုတ်လိုက်ပြီး “အင်ပါယာရဲ့ တပ်ဖွဲ့အားလုံးကို သန့်ရှင်းတဲ့ ဘုရားကျောင်းရဲ့ ဂါလန်သာသနာနယ်မြေကို ဝိုင်းရံရင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာတွေကို ရပ်တန့်ဖို့ အမိန့်ပေးလိုက်ပါ” ဟု ပြောလိုက်သည်။

“ အရှင့် အမိန့်တော်အတိုင်းပါ ” ဟု အေးစက်စက် စက်ရုပ်သဖွယ် အသံတစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။

ဘက်ကင်ဟမ် အံ့အားသင့်သွားသည်။ နန်းတော်ထဲတွင် အစောင့်တစ်ယောက် ပုန်းနေတာကိုတောင် သူ မသိလိုက်ပေ။ သူ့အစွမ်းနှင့် ဘာမျှမတွေ့ခဲ့ပေ။ ဒါက ပုန်းကွယ်နေတဲ့အစောင့်မှာ အစွမ်းထက်သည့် သခင်တစ်ယောက်ဖြစ်သည်ကို သက်သေပြနေတယ်...

" ဒါဆို လီယွန်တော်ဝင်မိသားစုမှာ ဒီအဆင့်မှာ ပုန်းကွယ်နေတဲ့ သခင်တွေရှိနေတာပဲ..." ဘက်ကင်ဟမ်က သူ့ဘာသာသူ တွေးလိုက်သည်။

.........

" သေစမ်း ဒါက ရှက်စရာပဲ ဒီအရိုးစုရဲ့ မျိုးရိုးနာမည်ကို ငါတကယ်ယူတော့မှာလား "

ဖေးဟာ မိုးတိမ်ထဲတွင် ရှက်ရွံ့နေပုံရသော်လည်း ဘာမျှ မတတ်နိုင်ခဲ့ချေ။

နှစ်နာရီ သုံးနာရီခန့် လိုက်လံဖမ်းဆီးပြီးနောက် ရွှေရောင်အရိုးစုကို မမိခဲ့ပေ။ ထိုအဘိုးကြီးဟာ သဘာဝတရား၏ အာကာသဥပဒေသကို အလွန်အမင်း နားလည်သူဖြစ်သည်။ သူ့အစွမ်းများ အပြည့်အဝပြန်မရသေးသည့်တိုင် သူ့အတွေ့အကြုံ ဆုံးဖြတ်ချက်နှင့် သဘာဝဥပဒေတွေကို နားလည်မှုများကတော့ ရှိနေဆဲပင်။

ထွက်ပြေးနေချိန်၌ အဘိုးကြီးက သမုဒ္ဒရာထဲက ငါးတစ်ကောင်သဖွယ်ဖြစ်သွားသည်။ သူက အလွန်မြန်ပြီး အာကာသကို အလွယ်တကူ ခရီးသွားနိုင်ခြင်းကြောင့် ခေးအော့ပလ္လင်၏ ထူးခြားသည့်စွမ်းရည်နှင့် ယှဉ်ပြိုင်နိုင်သည်။

ရွှေရောင်အရိုးစု စကားက မှန်သည်။ ဖေး ခေးအော့ပလ္လင်ကဲ့သို့ နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုကို အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေး‌ချေ။ ကီလိုမီတာ ၅၀၀ ကျော်တိုင် လိုက်ဖမ်းပြီးနောက် ဖေး ဟာ ရွှေရောင်အရိုးစုကို နောက်ဆုံးမှာ ရှာမတွေ့တော့ချေ။

" သေစမ်း ဒီမိစ္ဆာက ထပ်ပြီးလွတ်မြောက်သွားပြန်ပြီ သူ့ကို ပြန်ရှာဖို့ အများကြီးပိုခက်သွားလိမ့်မယ် နောက်တစ်ယောက် ဘယ်သူ့ကို ပူးကပ်မှာလဲ ဒီခြိမ်းခြောက်မှုကို ငါမဖယ်ရှားနိုင်ရင် ငါဘယ်တော့မှ စိတ်အေးလက်အေးမနေနိုင်ဘူး ”

ကောင်းကင်မြင့်မှာ ခဏတာ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ပြီးနောက် ဖေး ဟာ ရွှေရောင်အရိုးစုကို ခြေရာခံခြင်းအား နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။

“ ဘာပဲဖြစ်ဖြစ်ငါ့မှာ ဒီအတွက် အချိန်ဖြုန်းဖို့ မရှိဘူး အခု ငါ ဇင်းနစ် ကို ပြန်သွားရမယ် ဒီမှော်အစီအရင်ထဲမှာ လေးရက်ကြာ ပိတ်မိပြီးတဲ့နောက် ဒီအလက်ဇန္ဒရို နဲ့ တခြားသူတွေ ဇင်းနစ် ကို ရောက်နေပြီ ဖြစ်နိုင်တယ် အခု ဘာတွေဖြစ်နေပြီလဲ အချိန်မီရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ် "

End

အခန်း ၁၀၁၅: မာနကြီးသော သံတမန်များ (အပိုင်းတစ်)

-ဇင်းနစ်အင်ပါယာ၊ စိန့်ပီတာဘတ်မြို့

ဇင်းနစ်တောင်ပိုင်းဒေသရှိ စစ်ပွဲသည် ရှေ့မတိုးနောက်မဆုတ်ဖြစ်လာသည်နှင့် ဇဲနစ်အင်ပါယာရှိ မငြိမ်မသက်မှုနှင့် ဖရိုဖရဲဖြစ်မှုများသည် ပိုမိုထင်ရှားလာခဲ့သည်။

ဇင်းနစ်တောင်ပိုင်းဒေသတွင် စတုတ္ထမင်းသား ခရစ္စတယ် ရှုံးနိမ့်ပြီးနောက် သူသည် တော်ဝင်မိသားစု၊ မင်းမျိုးမင်းနွယ်များနှင့် နိုင်ငံသားများ၏ ထောက်ခံမှုအားလုံးကို ဆုံးရှုံးခဲ့ရပြီး ဤရှုပ်ထွေးသောကမ္ဘာတွင် အရေးမပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။ သူသည် နိမ့်ကျသောပုံရိပ်ကို ထိန်းသိမ်းပြီး နောက်ပိုင်းတွင် သူ့ကိုယ်သူ ပြန်လည်ရွေးနှုတ်ရန် ကြိုးစားနေမည်လားဆိုသည်ကို သူသာသိလိမ့်မည်။ အနည်းဆုံးတော့ ယခုအချိန်တွင် အင်ပါယာရှိ မည်သူမျှ ဤအရည်အချင်းမရှိသော မင်းသားသည် နောက်ထပ်အခွင့်အရေးတစ်ခု ရရှိနိုင်လိမ့်မည်ဟု မယုံကြည်ကြပါ။

ဇင်းနစ်တောင်ပိုင်းဒေသရှိ စစ်ရေးထိန်းချုပ်မှုသည် ဒုတိယမင်းသား ဒိုမင်ဂွက်ဇ်၏ လက်ထဲတွင် ယာယီရှိနေကာ စစ်ရေးအာဏာမှ ကြာမြင့်စွာ ဝေးကွာနေပြီး သူ၏ စစ်ရေးစွမ်းရည်များကို ပြသရန် အခွင့်အရေးမရခဲ့သော ဤမင်းသားသည် နောက်ဆုံးတွင် သူ၏အခွင့်အရေးကို ရရှိခဲ့သည်။ သူဟာ ဇင်းနစ် ၏ စစ်နတ်ဘုရား ဖြစ်သော အကြီးဆုံးမင်းသား အာရှဗန် လောက် အရည်အချင်းရှိပြီး အောင်ပွဲများမရခဲ့သည်တိုင်

ဇင်းနစ် တောင်ပိုင်းဒေသက အင်ပါယာဆယ်ခုမဟာမိတ်တပ် များကို စစ်သား ၁၀၀,၀၀၀ အောက်ဖြင့် ရပ်တန့်စေခဲ့ပြီး နိုင်ငံသားတွေနဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ ချီးကျူးမှုနဲ့ ထောက်ခံမှုများ အများအပြားရရှိခဲ့သည်။

ဧကရာဇ် မှာ ဖျားနာနေဆဲဖြစ်ကာ စစ်ရေးနှင့် နိုင်ငံရေးအာဏာအားလုံးကို အင်ပါယာ စစ်ရုံးခိုပ် အင်ပါယာလွှတ်‌တော် နှင့် အကြီးဆုံးမင်းသား အာရှဗန် တို့က ထိန်းချုပ်ထားသည်။

ဇင်းနစ်၏ အထင်ရှားဆုံး မင်းမျိုးမင်းနွယ်ဖြစ်သည့် ချမ်းဘော့ဒ် ဘုရင်၏ ဂုဏ်သတင်းနဲ့ ခွန်အားမှာ အင်ပါယာသိုင်းသူတော်စင် ဖြစ်လာပြီးနောက် ဇင်းနစ်၌ စိန်ခေါ်လို့မရသည့် အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။ ဒေသတွင်း အာဏာပြောင်းလဲမှုကို ချိုးဖျက်ခဲ့သည့် ချမ်းဘော့ဒ် ဟု လူသိများ သော ဤအောက်ခြေအင်အားစုကို မင်းမျိုးမင်းနွယ်တချို့က မကျေနပ်ကြသည့်တိုင် ချမ်းဘော့ဒ်သားများ၏ ရာထူးတိုးမြှင့်မှုကို လက်ခံခဲ့ရသည်။

သို့သော် ချမ်းဘော့ဒ် ဘုရင် အလက်ဇန္ဒား က လူသားများကို သစ္စာဖောက်သည်ဟူသော ကောလာဟလများ ဒေသတွင်း၌ ပျံ့နှံ့လာသည်နှင့် အမျှ ခဏတာ ငြိမ်သက်နေခဲ့သည့် ထိုအင်အားစုများ တက်ကြွလာပြန်သည်။

လဝက်တိုလေးအတွင်းမှာပင် ဇင်းနစ် အင်ပါယာ၏ အခြေအနေဟာ သိသိသာသာပြောင်းလဲသွားခဲ့ပြီး မည်သူမျှ ဤသို့ လျှင်မြန်စွာ ဖြစ်ပျက်နေသော အခြေအနေများကို မခန့်မှန်းနိုင်ကြပေ။

ဖိအားများက လှိုင်းများသဖွယ် အရပ်မျက်နှာအားလုံးမှ လာနေသည်။ ဒေသတွင်းက အင်ပါယာအများအပြားမှာ ချမ်းဘော့ဒ် ဘုရင်နှင့် ပတ်သက်သည့် အဖြစ်အပျက်ကို ရှင်းပြရန် တော်ဝင်မိသားစုကို အကြောင်းကြားစာများ ထုတ်ပြန်ခဲ့ကြသည်။ အဆုံးစွန်အားဖြင့် မကောင်းဆိုးဝါး ပင်လယ်နတ်ဘုရားတစ်ပါးကို လွှတ်ပေးလိုက်ပါက [သင်းရနံ့ပင်လယ်] အနီးတစ်ဝိုက်မှ အင်ပါယာများနှင့် အဇာရို့တိုက်ကြီး၏ မြောက်ပိုင်းဒေသက လူသားအားလုံးကို ထိခိုက်စေမှာ သေချာပါသည်။ ရလဒ်အနေနဲ့ အင်ပါယာနှင့် နိုင်ငံအများအပြားဟာ ထိုကိစ္စများကြောင့် ဒေါသထွက်ခဲ့ကြပြီး ချမ်းဘော့ဒ်သား တိုင်းကို ကြိုးပေးသတ်ဖို့ ကြွေးကြော်သံများဟာ ဒေသတွင်းက အင်ပါယာများတွင် ပဲ့တင်ထပ်လာခဲ့သည်။

အချိန်တိုအတွင်းမှာပင် ဇင်းနစ် အင်ပါယာမှာ ဖေး ကြောင့် အဇာရို့သ် မြောက်ပိုင်းဒေသက လူသားအားလုံးရဲ့ အများပြည်သူရန်သူ ဖြစ်လာခဲ့သည်။

ပတ်ဝန်းကျင်၏ ပြင်းထန်သည့်ပြောင်းလဲမှုကို ရင်ဆိုင်ရင်း ဇင်းနစ် တော်ဝင်မိသားစုဟာ ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်ူ အင်ပါယာထဲမှ မြင့်မြတ်သည့်တပ်ဖွဲ့များမှာ မျှော်လင့်ထားသည့်အတိုင်း ကွဲပြားသွားပြီး အချင်းချင်း ငြင်းခုံနေကြတော့သည်။ တချို့လူများက အလက်ဇန္ဒားကို ခိုင်မာစွာယုံကြည်ပြီး ဧကရာဇ်စစ်သူကြီးအသစ်ကို ထောက်ခံခဲ့ကြကာ တခြားသူများကတော့ ချမ်ဘော့ဘုရင်ရဲ့ မြင့်မြတ်တဲ့ဘွဲ့ကို ရုပ်သိမ်းဖို့၊ ချမ်ဘော့ဒီယန်အားလုံးကို ကျွန်ပြုဖို့နဲ့ ချမ်ဘော့တော်ဝင်မိသားစုဝင်အားလုံးကို ကြိုးပေးသတ်ဖို့ ထောက်ခံခဲ့ကြပါသည်။ သူတို့၏စိတ်ထဲတွင် ဇင်းနစ်အင်ပါယာကို အခြားသူများ တိုက်ခိုက်သိမ်းပိုက်မည်ကို တားဆီးဖို့နှင့် ဒေသတွင်းမှ အင်အားစုများနှင့် အင်ပါယာတွေကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းက ထိုအရာသာရှိသည်။

ထိုကဲ့သို့ သွယ်ဝိုက်ပြီး အချင်းချင်း ကွဲပြားတိုက်ခိုက်နေကြသော မင်းညီမင်းသားများနှင့် နှိုင်းယှဉ်ပါက ဇင်းနစ်မြို့သားများက ပိုခိုင်မာကြသည်။

အခုအချိန်တွင် စိန့်ပီတာဘတ်မြို့က သန်းပေါင်းများစွာသော ဒေသခံမျာူဟာ ဇင်းနစ်မြို့အား ဆယ်အင်ပါယာ ညီညွတ်ရေးတပ်များ ဝိုင်းရံထားချိန်တွင် ချမ်ဘော့ဘုရင် ကောင်းကင်ကနေ ဘယ်လိုဆင်းသက်လာပြီး ဒုက္ခရောက်နေတဲ့ အခြေအနေကို ကယ်တင်ခဲ့လဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေကြဆဲပါ။ ကောလာဟလများက အမှန်တရားဟု ထင်ရသော်လာ်း ဇင်းနစ်ရဲ့ သူရဲကောင်းတစ်ယောက်ဟာ ကောလာဟလတွေထဲမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ရှက်စရာကောင်းတဲ့ ရာဇဝတ်သား ဖြစ်လာလိမ့်မည်ဟု သာမန်ပြည်သူတွေက မယုံကြည်ကြပါ‌ပေ။ သူတို့ ဒါကို မစဉ်းစားချင်ကြပေ။

ထိုအကြောင်းကို စိန့်ပီတာဘတ်မြို့၏ လမ်းများနှင့် လမ်းကြားများတွင် ပြောဆိုနေကြသည်က ရက်အတော်ကြာပြီဖြစ်သည်။ သူတို့ဟာ ဧကရာဇ် စစ်သူကြီး၏ သူရဲကောင်းလုပ်ရပ်တွေကို မြှင့်တင်ပေးခဲ့ပြီး ပြင်ပအင်အားစုတွေရှေ့မှာ ကြောက်ရွံ့ အားနည်းသည့်အတွက် မှူးမတ်တွေကို ဆူပူကြိမ်းမောင်းခဲ့ကြသည်။ သူတို့ဟာ တော်ဝင်မိသားစုကို ကြွေးကြော်ပြီး ဧကရာဇ် စစ်သူကြီးကို ကာကွယ်ဖို့ တောင်းဆိုခဲ့ကြသည်။ ထို့အပြင် လူများ ကောလာဟလတွေ ဖြန့်နေသည်ကို ကြားသည့်အခါ သူတို့ဟာ ဝိုင်းအုံပြီး ထိုလူများကို ရိုက်နှက်ခဲ့ကြသည်။ တချို့လူများဆိုပါက သူတို့၏သူရဲကောင်းကို အသရေဖျက်နေသည့် ထိုအင်ပါယာအားလုံးကို စစ်ပွဲများ ဆင်နွှဲရန်အတွေးကိုတောင် မြှင့်တင်ခဲ့ကြသည်။

ကံဆိုးစွာပင် သာမန်ပြည်သူများအားလုံးက အဆင့်အတန်းနိမ့်ကျသူများဖြစ်ရာ သူတို့၏ စကားများက အရေးပါမှု နည်းပါးခဲ့သည်။ ထို့ကြောင့် မှူးမတ်အများစုက သူတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်များကို နားထောင်ရန် ဆန္ဒမရှိကြပေ။

All Chapters