← Chapters

အခန်း (၁၀၁၅)

Vol. 68 Ch. 1015

အခန်း (၁၀၁၅)

Vol. 68 Ch. 1015

အခန်း ၁၀၁၅: မာနကြီးသော သံတမန်များ (အပိုင်းနှစ်)

အခြေအနေက ပိုပြီးထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်လာသည်။ မြူထူထပ်စွာကျနေသည့်အချိန်၌ ဘာဖြစ်မည်ကို မြင်နိုင်ဖို့နှင့် တကယ်ဖြစ်ပျက်နေသည်များကို နားလည်ဖို့ ခက်ခဲလှသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ဒေသတွင်း အင်ပါယာ တစ်ဒါဇင်ကျော်က ဖိအားပေးရန်ဇင်းနစ်ကို သံတမန်များ စေလွှတ်ခဲ့ကြသည်။

ယနေ့က ပထမဆုံး အင်ပါယာက ဇင်းနစ်ကို သတိပေးချက် ထုတ်ပြန်ပြီး ၁၈ ရက်မြောက်နေ့ ဖြစ်ပေသည်။

မနက်ခင်းတွင် နေက မိုးကုပ်စက်ဝိုင်းအထက်မှ ထွက်လာချိန် စိန့်ပီတာဘတ်၏ တောင်ဘက်တံခါးရှိ ခေါင်းလောင်းက ပြန်မြည်လာပြီး အသံက ဇင်းနစ်မြို့တော်ရဲ့ အထက်မှာ ပဲ့တင်ထပ်နေပါသည်။

ယခုအကြိမ်တွင် ခေါင်းလောင်းက ရှစ်ကြိမ်ဆက်တိုက် မြည်နေခြင်းဖြစ်သည်။

ခေါင်းလောင်းသံကို ကြားတော့ လူစည်ကားသည့် လမ်းပေါ်က ချမ်ဘော့ဒ်မြို့သားများအားလုံးဟာ သူတို့လုပ်နေသည်ကို ရပ်တန့်ပြီး စိန့်ပီတာဘတ်၏ တောင်ဘက်တံခါးဆီသို့ စိုးရိမ်ပူပန်မှုနှင့်ရန်လိုမှုများနှင့်အတူ ကြည့်နေကြသည်။

“ဒီအင်ပါယာတွေက သံတမန်တွေ ပိုများလာသေးလား”

“ခေါင်းလောင်းက ရှစ်ကြိမ်မြည်တယ် ဆိုလိုတာက တခြားအင်ပါယာတွေက အနည်းဆုံး သံတမန်အဖွဲ့ ရှစ်ဖွဲ့က စိန့်ပီတာဘတ်ကို ရောက်လာကြတာပဲ ”

“သူတို့က တော်ဝင်မိသားစုကို ပိုပြီးဖိအားပေးဖို့နဲ့ မစ္စတာ သိုင်းသူတော်စင်ကို သတ်ချင်နေတာ ဖြစ်နိုင်တယ်!”

“ဟွန်း ဒီစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ကောင်တွေငါတို့ရဲ့ ဇင်းနစ် မှာ ငယ်ရွယ်ပြီး အစွမ်းထက်တဲ့ သူရဲကောင်းတစ်ယောက်ရှိတာကို သူတို့မြင်ပြီး မနာလိုဖြစ်ကြတယ် သိုင်းသူတော်စင် အလက်ဇန္ဒားကို ထောင်ချောက်ဆင်ပြီး သတ်ချင်ကြတယ် သူတို့ရဲ့ အိပ်မက်တွေထဲမှာပဲရမယ် ”

“ ကျွန်တော့်အမြင်အရတော့ ဒီကောလာဟလတွေက ဒီအင်ပါယာတွေကိုယ်တိုင် ကြံစည်ထားတဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုပဲ မစ္စတာ သိုင်းသူတော်စင်က ဘယ်လိုလုပ် လူသားတွေကို သစ္စာဖောက်နိုင်မှာလဲ သူက မကောင်းဆိုးဝါး ပင်လယ်နတ်ဘုရားကို လွှတ်ပေးလိုက်တာ မဖြစ်နိုင်ဘူး ဟွန်း မစ္စတာ သိုင်းသူတော်စင်က သီလနဲ့သုစရိုက်ရှိတဲ့သူပါ ဒီကောင်တွေ မျက်လုံးဖွင့်ပြီး မြင်သင့်တယ် သိုင်းသူတော်စင် အလက်ဇန္ဒား လူထုရဲ့ အာရုံစိုက်မှုရပြီးကတည်းက လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့ အရာတစ်ခုခု လုပ်ဖူးလား ”

“ ဟုတ်တယ် တော်ဝင်မိသားစုက ဘာလို့ တွန့်ဆုတ်နေရတာလဲ ဒီမင်းမျိုးမင်းနွယ်တွေ သူတို့က ဝပြီး အသုံးမဝင်ဘူး သူတို့ထဲက ဘယ်သူမှ ကောင်းတဲ့သူတွေ မဟုတ်ဘူး မစ္စတာ သိုင်းသူတော်စင်ကို အပြစ်ပေးဖို့ တော်ဝင်မိသားစုကို ဘယ်လို ဆွဲဆောင်ရဲတာလဲ သူတို့က အရူးတွေ ”

လူတွေ စကားပြောနေချိန်မှာ လမ်းတစ်လျှောက် ရွေ့လျားနေတဲ့ ရထားဘီးများက အသံတချို့ ထွက်ပေါ်လာသည်။

နေရောင်အောက်မှ ရတနာများနှင့် ငွေရောင်သံချပ်ကာများမှာ အေးစက်သည့်အလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။ လူအုပ်ကြီးတစ်အုပ်ဟာ လမ်း၏အဆုံးတွင် ပေါ်လာသည်။

ရှေ့ဆုံးတွင်း သံသွေးတပ်ဖွဲ့၏ မြင်းစီးသူရဲကောင်းနှစ်ယောက်ဟာ သူတို့၏ယူနီဖောင်းအနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး အပိုင်းရှစ်ပိုင်းရှိကာ မီတာရာပေါင်းများစွာရှည်သော မြည်းလှည်းကို ဦးဆောင်လာသည်။

အုပ်စုတစ်ခုစီက ဝတ်စားဆင်ယင်မှုပုံစံကွဲပြားပြီး အလံအမျိုးမျိုးကို ကိုင်ဆောင်ထားသည်။ စုစုပေါင်း ဇိမ်ခံရထားရှစ်စီးရှိပြီး သူတို့ရဲ့အစောင့်တွေဟာ မြင်းစီးနေချိန်တွင် အဖိုးတန်သံချပ်ကာများဝတ်ဆင်ထားကာ လမ်းပေါ်မှ ဇင်းနစ် မြို့သားတွေကို နှိမ်ချ လှမ်းကြည့်နေသည့်ပုံစံနှင့် မြင်းစီးနေကြသည်။

အစောင့်များ၏ ကာကွယ်မှုအောက်တွင် ထိုရထားအုပ်စုဟာ လမ်းပေါ်က လူအုပ်ကို ဖြတ်ကျော်ပြီး တော်ဝင်နန်းတော်ဆီကို ဦးတည်သွားခဲ့ကြသည်။

သူတို့က ဒေသတွင်းအင်ပါယာများက သံတမန်အဖွဲ့များဖြစ်သည်။

ထိုသံတမန်အဖွဲ့ရှစ်ဖွဲ့က အင်ပါယာရှစ်ခုကို ကိုယ်စားပြုသည်။ စိန့်ပီတာဘတ်သို့ ရောက်ရှိလာပြီးဖြစ်သော သံတမန်အဖွဲ့ တစ်ဒါဇင်ကျော်ဖြင့် အနည်းဆုံး သံတမန်အဖွဲ့ ၂၀ သည် ဇင်းနစ်မြို့တော်တွင် ရှိနေခဲ့သည်။ ၎င်းတို့အားလုံးတွင် တစ်ခုတည်းသော မစ်ရှင်ရှိပြီး ဇင်းနစ်အင်ပါယာသည် ချမ်ဘိုဒီးယန်းလူမျိုးများကို ရက်စက်စွာ အပြစ်ပေးရန် တောင်းဆိုရန်ဖြစ်သည်။

ဇင်းနစ်မြို့သားများ ပြောဆိုခြင်းက မှန်ကန်သည်။ ဖေး၏ ရုတ်တရက် ပေါ်လာမှုနှင့်အံ့အားသင့်စရာ အရည်အချင်းများက ပတ်ဝန်းကျင်အင်ပါယာများကို ဖိအား အများကြီး ပေးခဲ့ပြီး သူတို့ဟာ သူတို့၏လွှမ်းမိုးမှုများကို မကျဆင်းစေလိုကြပေ။

ဖေးလို ယှဉ်နိုင်စရာမရှိသည့် ပါရမီရှင်တစ်ယောက်ဟာ ဇင်းနစ်အင်ပါယာအတွက် ကံကောင်းခြင်းတစ်ခု ဖြစ်သော်လည်း ဇင်းနစ်ပတ်ဝန်းကျင်က အင်ပါယာများအတွက်တော့ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေသည်။

ချမ်ဘော့ဘုရင်အတွက် မကောင်းသည့် ဤကောလာဟလများ ပျံ့နှံ့နေသည်က သူတို့အတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့သည်။ အခိုင်အမာပြောဆိုချက်တွေရဲ့ တရားဝင်မှုကို ရှာဖွေဖော်ထုတ်ဖို့က သူတို့အတွက် အရေးမကြီးပါ။ သူတို့ဟာ ဤအခွင့်အရေးကို အသုံးချပြီး ကြီးမားသည့် ခြိမ်းခြောက်မှုကို ဖယ်ရှားချင်ကြသည်။

“ ဒီဇင်းနစ်လူမျိုးတွေကို ကြည့်ပါဦး ကျွန်တော်တို့ ဒီမှာ ရှိနေတာကို သူတို့ မပျော်ကြဘူးနဲ့ တူပါတယ် " သူ့မြင်း‌ကောင်းကိုစီးရင်း အန်ဂျီအင်ပါယာ၏ မြင်းစီးသမားတစ်ယောက်က လှောင်ပြောင်ပြီး ရယ်မောလိုက်သည်။

“ သူတို့က သနားစရာ အင်းဆက်ပိုးမွှား တစ်စုပါပဲ ” အန်ဂျီ၏ နောက်ထပ်မြင်းစီးသမားတစ်ဦးသည် မထီမဲ့မြင်ပြုစွာ မြင်းပေါ်မှ အပြေးအလွှားတက်လာသည်။

End

အခန်း ၁၀၁၆: အင်ပါယာလွှတ်တော်၏ ဆုံးဖြတ်ချက် (အပိုင်းတစ်)

“သူတို့ ကျွန်တော်တို့ကို ကြည့်နေတဲ့ပုံစံကို ကျွန်တော် သိပ်မကြိုက်ဘူး…” အန်ဂျီရဲ့ မြင်းစီးသမားက ထိုသို့ပြန်ပြောသည်။ ထို့နောက် သူက လှည့်ပြီး မြင်းကြာပွတ်ဖြင့် လမ်း၏ ညာဘက်၌ ရပ်နေသော ဖျင်ကြမ်းဝတ်အဘိုးကြီးတစ်ယောက်ကို လက်ညှိုးထိုးကာ “ အဘိုးကြီး မင်း ဘာကိုကြည့်နေတာလဲ ငါ့ကြာပွတ်နဲ့ မင်းကို တစ်ချက်တည်း ရိုက်သတ်ပစ်မယ် ” ဟုအော်ပြောလိုက်သည်။

“ ရိုင်းစိုင်းလိုက်တာ ” ထိုအဘိုးကြီးက လမ်းပေါ်၌ သစ်သီးရောင်းနေတဲ့သူတစ်ယောက်သာဖြစ်သည်။ သို့သော်လည်း အန်ဂျီမြင်းစီးသမား၏အော်သံကို ကြားတော့ သူက မကြောက်မရွံ့ မြေပြင်ပေါ် တံတွေးထွေးချလိုက်၏။

“ ခွေးအိုကြီး ငါ မင်းကို သတ်ပစ်မယ် ” မြင်းစီးသမား ဒေါသထွက်သွား၏။

မြင်းစီးသမားက ရာထူးကြီးမြင့်သူဖြစ်ကာ တစ်ခါမျှ ဤကဲ့သို့ မလေးမစား အဆက်ဆံမခံဖူးပေ။ ထို့ကြောင့် အဘိုကြီးအား ကြာပွတ်ဖြင့် ရိုက်နှက်လိုက်၏။

ထိုကြာပွတ်ထဲ၌ ပါဝင်သည့် အင်အားက အစွမ်းထက်ပြီး လေထဲ၌နောက်ဆက်တွဲပုံရိပ်များပင်ချန်ထားခဲ့ပြီး ကျယ်လောင်သည့် လေခွင်းသံကို ထုတ်ဖော်ခဲ့၏။ ထိုရိုက်ချက်ကြောင့် ကျောက်တုံးများပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားနိုင်ပေသည်။

မြို့ခံများမှာ အံ့ဩသွားသော်လည်း ထိုဖြစ်ရပ်ကို ရပ်တန့်နိုင်ခြင်းမရှိကြပေ။

" ဖတ် "

တိတ်ဆိတ်ငြိမ်သက်နေသော လမ်းပေါ်၌ အသံတစ်ခု ပဲ့တင်ထပ်သွားသော်လည်း သွေးတစ်စက်မှ မစွန်းထင်းခဲ့ပေ။ အနက်ရောင်မျှော်စင်သဖွယ် တောင့်တင်းသော ပုံရိပ်တစ်ခု ပေါ်လာပြီး သူ့လက်ကို မြှောက်ကာ အန်ဂျီမြင်းစီးသမား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။ ထိုလူက [သံသွေးတပ်ရင်း] ၏ မြင်းစီးသမားတစ်ယောက်ဖြစ်ပြီး လမ်းကို ဦးဆောင်လာသည့် မင်းသားအာရှဗန်၏ ကိုယ်ပိုင်တပ်ဖွဲ့ဝင်ဖြစ်ပေသည်။

" မင်း... ငါ့ကို ဘယ်လိုတားရဲတာလဲ " အန်ဂျီမြင်းစီးသမားက ဒေါသထွက်သွား၏။

"သံတမန် ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပါ ဒါက ဇင်းနစ်ရဲ့ မြို့တော်ပါ မင်းရဲ့ အန်ဂျီအင်ပါယာရဲ့ နယ်မြေ မဟုတ်ဘူး " [သံသွေးတပ်ရင်း] ရဲ့ သန်မာတဲ့ မြင်းစီးသမားက သူ့ နက်ရှိုင်းသည့် အသံဖြင့် အေးစက်စက် ပြောလိုက်သည်။ သူက အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး အနက်ရောင်မြင်းကို စီးထားကာ အစွမ်းထက်တဲ့ပုံပေါက်နေသည်။

သူက ထိုသို့ပြောပြီးနောက် အန်ဂျီမြင်းစီးသူရဲကို အေးစက်စွာကြည့်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။

“ ကောင်းလိုက်တာ ငါတို့ရဲ့ ဇဲနစ်စစ်သားတွေ ဒီလိုပြုမူသင့်တယ် " လမ်းဘေးရှိ ဇဲနစ်မြို့သားမျာယက ထိုမြင်ကွင်းကိုမြင်တော့ လက်ခုပ်တီးပြီး အားပေးကြသလို တချို့ကလည်း အန်ဂျီမြင်းစီးသူရဲကို ပြန်ဆဲကြ၏။ ခဏလောက်တော့ လူအုပ်က လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ထိုကဲ့သို့ဖိအားအောက်တွင် အန်ဂျီမြင်းစီးသူရဲ နည်းနည်းကြောက်သွားပြီး သူလုပ်ဖို့ကြိုးစားတာကို ရပ်လိုက်၏။ သို့သော် သူက ကြာပွတ်နှင့် လူအိုဘက်ကို ထိုးပြီး “ ခွေးကြီး၊ အခု ငါမင်းကို မှတ်လိုက်ပြီ ဟီးဟီး သတိထား သန်းခေါင်ယံမှာ လဲကျပြီး ခြေထောက်ကျိုးသွားနိုင်တယ် ” ဟုပြောလိုက်၏။

“ဇင်းနစ်မြင်းစီးသူတွေက ရဲရင့်ပြီး သတ္တိရှိကြတယ်။ယ ” ရုတ်တရက် အသက် ၁၄ နှစ်အရွယ်လို့ထင်ရသည့် လူငယ်လေးတစ်ယောက်က မြင်းလှည်းထဲကနေ ခေါင်းထွက်ပြီး [သံသွေးတပ်] ရဲ့ တောင့်တင်းသန်မာသော မြင်းစီးသူရဲကို ထူးဆန်းသည့်အပြုံးနှင့် ကြည့်လိုက်၏။ သူ့ တောက်ပနေသည့် မျက်လုံးများထဲတွင် လျှို့ဝှက်ထားသည့် လူသတ်လိုစိတ် တောက်ပလာသည့်အခါ သူက ရယ်ပြီး “ကျွန်တော်က အန်ဂျီအင်ပါယာရဲ့ သံတမန် မိုရိုပါ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ ကျွန်တော် ခင်ဗျားကို ပိုမှတ်မိတယ်” ဟုပြော၏။

“ဟွန်း ကျွန်တော့်ကို ပြဿနာရှာချင်လား ခင်ဗျားက ငယ်သေးတယ်nဘာလို့ လူကြီးလို ဟန်ဆောင်နေတာလဲ ကျွန်တော်က အင်ဒရူး ဂျွန်ဆင်ပါ အာရှာဗင် မင်းသားရဲ့လက်အောက်က [သံသွေးတပ်ရင်း]က စစ်သည်တစ်ယောက်ပဲ ခင်ဗျားကျွန်တော့ကို မကျေနပ်ရင် အချိန်မရွေးလာရှာပါ "

ဇင်းနစ်၏ သန်မာထွားကြိုင်းသည့် မြင်းစီးသမားက ဂရုမစိုက်ပုံရသော်လည်း လူငယ် သံတမန်၏ မျက်လုံးများထဲတွင် လက်စားချေလိုစိတ်ကို ချက်ချင်းမြင်လိုက်ရပြီး မထီမဲ့မြင်ပြုတဲ့ပုံစံနဲ့ ပြန်ဖြေလိုက်သည်။

“ခင်ဗျား... အရမ်းကောင်းတယ် အရမ်းကောင်းတယ် အခု ခင်ဗျားကို မှတ်မိပြီ စစ်သည် နောက်တစ်ကြိမ် ခင်ဗျားနဲ့ တွေ့တဲ့အခါ ခင်ဗျား ဒီလောက် ဂုဏ်ယူနေမယ်လို့ မျှော်လင့်ပါတယ် ”

အန်ဂျီ၏ သံတမန် မိုရိုးက လှောင်ပြောင်ပြီး သူ့ရထားပေါ် ပြန်ထိုင်လိုက်ပြီးနောက် တံခါးကို အတင်းပိတ်လိုက်၏။

ခြိမ်းခြောက်ပြီးနောက် မိုရိုးက ဘာမှထပ်မပြော‌‌ တော့ချေ။ အန်ဂျီ၏ မြင်းစီးသမားက

မူ ထိုလူအိုကြီးကို စိုက်ကြည့်ပြီး ခက်ထန်သည့်ပုံစံနှင့် ပတ်ပတ်လည်ကို ကြည့်လိုက်ကာ နှာခေါင်းရှုံ့ပြီး သူ့အဖွဲ့နှင့်အတူ ရှေ့ဆက်သွား‌တော့သည်။

“ယုတ်မာလိုက်တာ အမလေး ငါ့ကို ခြောက်လှန့်ချင်တာလား ငါ့သားက မစ္စတာ သိုင်းသူတော်စင်နဲ့အတူ တိုက်ခိုက်ပြီး မြို့တော်ကို ကာကွယ်ခဲ့တဲ့ စစ်သည်တော်တစ်ယောက်ပဲ ဟီးဟီး ဒီလူယုတ်မာတွေက အားနည်းသူတွေကိုပဲ အနိုင်ကျင့်နိုင်တယ်သိုင်းသူတော်စင် အလက်ဇန္ဒား မရှိတဲ့အခါမှသာ သူတို့ ကြံစည်ရဲကြတယ် မစ္စတာ သိုင်း သူတော်စင် ဒီမှာရှိရင် ဒီလို မာနထောင်လွှားစွာ ပြုမူရဲမှာ မဟုတ်ဘူး ကြောက်လန့်တကြား ပုန်းနေကြလိမ့်မယ် ”

သံတမန်အဖွဲ့ကို ကျိန်ဆဲပြီး မြေပြင်ပေါ် တံတွေးထွေးခဲ့သည့် ထိုလူအိုက မထီမဲ့မြင်ပြုလိုက်ပြီး၊ ပတ်ဝန်းကျင်မှ လူများကလည်း သူ့ကို ဝိုင်းဝန်းထောက်ခံကြ၏။

မှူးမတ်များဘာပြောပြော အရေးမကြီးချေ။ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် စိန့်ပီတာဘတ် ကာကွယ်ရေးတိုက်ပွဲ၌ သာမန်ပြည်သူများနှင့်စစ်သည်များက ဖေး၏ သူရဲကောင်းလုပ်ရပ်ရဲ့ တိုက်ရိုက်အကျိုးခံစားခွင့်ရသူများဖြစ်သည်။ ဖေးသာ ဆယ်အင်ပါယာ ယူနိုက်တက်တပ်များ၏ ထိပ်တန်းမာစတာများကို အချိန်မီ အနိုင်မယူနိုင်ခဲ့ပါက ဇင်းနစ်မြို့ကို သိမ်းပိုက်သောအခါ သာမန်ပြည်သူများနှင့် စစ်သည်များသည် ကျူးကျော်သူများ၏ ဓားချက်အောက်တွင် သေဆုံးသွားကြမည်ဖြစ်သည်။ ထို့ကြောင့် ဖေး၏ ဂုဏ်သတင်းနှင့် ဤလူများကြားတွင် သြဇာလွှမ်းမိုးမှုမှာ အမြင့်ဆုံးဖြစ်သည်။

All Chapters