အခန်း (၁၀၁၈)
Vol. 68 Ch. 1018
အခန်း ၁၀၁၈: အာ! ခင်ဗျားတို့ပဲ! (အပိုင်းတစ်)
ဆံပင်နက်နှင့် ခွန်အားကြီးသူက သစ်တော်သီးကို ကိုက်ပြီး ပါးစပ်ကို သုတ်လိုက်သည်။ “ မင်းပြောချင်တာက * မင်းတို့ အသံပိုကျယ်ကျယ်နဲ့ အော်ပြီး အသံဝင်သွားရင်တောင် ဘယ်သူမှ လာမကယ်ဘူး* လို့ ပြောနေတာလား မင်းစကားအသုံးအနှုန်းကထူးဆန်းတယ် အမှန်အတိုင်းပြောရရင် နည်းနည်းတော့ ရိုင်းတယ် ”
“မင်း ဝက်ကောင်ပဲ ” ဆံပင်ဖြူနှင့် ခွန်အားကြီးသူက အော်လိုက်၏။ “ဘုရင်မင်းမြတ်က ‘ရိုင်းတယ်’ ဆိုတဲ့ စကားလုံးကို အဲဒီလို မသုံးဖို့ ပြောပြီးသားပဲ ”
ဆံပင်နက်နဲ့ ခွန်အားကြီးသူက ဂရုမစိုက်ဘဲ ရယ်ပြီး ငြင်းဆိုလိုက်သည်။ “ငါတို့ သင်ယူထားတာတွေကို ကိုယ့်ညဏ်နဲ့ အသုံးချဖို့ ဘုရင်မင်းမြတ်က ပြောတယ် ဒါက ဒီလို အသုံးမျိုးရတယ်လို့ ငါထင်တယ် ဘာပဲဖြစ်ဖြစ် ဒီအရူးတွေက နားမလည်ကြဘူး”
ဆံပင်ဖြူနဲ့ ခွန်အားကြီးသူက “အင်း မင်းခု ဒီ ‘အရူး’ ဆိုတဲ့ စကားလုံးကို မှန်ကန်စွာ အသုံးပြုထားပုံရတယ်” ဟု ပြန်ပြောလိုက်၏။
အန်ဂျီ မြင်းစီးသူရဲသည် ခဏတာ ကြောင်အသွားပြီး ထိုလူနှစ်ယောက်၏ စကားများမှ လှောင်ပြောင်မှုကို နားလည်သွားပုံရကာ ဒေါသထွက်သွားသည်။
“မင်းတို့ ညစ်ပတ်တဲ့ ဇင်းနစ်သားခွေးနှစ်ကောင် မင်းတို့သတ္တိကောင်းနေတယ်ပေါ့ မင်းတို့ သေတော့မယ် ဆိုတာ မသိနေဘူးပဲ မင်းတို့ ငါတို့နဲ့ ကြုံလိုက်ရတဲ့အတွက် ဒီခွေးအိုကြီးနဲ့အတူ မင်းတို့နှစ်ယောက် သေရမယ် မနက်ဖြန်မနက်မှာ မင်းတို့ရဲ့ အလောင်းတွေဟာ မြောင်းထဲက ကြွက်တွေရဲ့ မစင်တွေ ဖြစ်လိမ့်မယ် လုပ်စမ်း ဒီပြဿနာရှာသူနှစ်ယောက်ကို အရင်သတ်လိုက်စမ်း ”
ပုံရိပ်များ ထွက်ပေါ်လာပြီးနောက် အန်ဂျီစစ်သည်နှင့်အတူပါလာသော စစ်သည်များ ရှေ့သို့ ပြေးတက်လာကြသည်။
သူတို့အားလုံးက စစ်သည်တော်စွမ်းအင်များရှိထားသည့် အန်ဂျီ၏ ထိပ်တန်းစစ်သားများဖြစ်ပြီး
စစ်သည်တော် လက်နက်များ ကိုင်ဆောင်ထားသည့်ဖြစ်ရာ သူတို့အတွက် သာမန်လူများကို သတ်ဖြတ်ရသည်က ကြက်ကလေးငှက်ကလေးများ သတ်ရသလိုလွယ်ကူလှသည်။
သို့သော်လည်း ယနေ့တော့ သူတို့၏ လက်နက်များ အလုပ်မလုပ်တော့ သယောင်ဖြစ်သွားသည်။
" ဖောင်း ဖောင်း ဖောင်း "
မျက်နှာကို ဖြတ်ရိုက်သံများ ဆက်တိုက်ထွက်ပေါ်လာလေသည်။
လှောင်ပြောင်ရင်း ပြေးဝင်လာသော စစ်သားများအားလုံး အော်ဟစ်ပြီး လဲကျသွားကြသည်။ တောက်ပသော အနီရောင် လက်ရာများနှင့်အတူ သူတို့၏ မျက်နှာများသည် ပုပ်သိုးနေသော မက်မွန်သီးများသဖွယ် ရောင်ရမ်းနေပြီး သွားများလည်း မြေပေါ်သို့ ပြုတ်ကျနေသည်။ နှုတ်ခမ်းများပေါ်မှ သွေးစက်များ စီးကျလျှက်ရှိပြီး မျက်နှာအမူအရာများက မိဘများ သေဆုံးသွားသကဲ့သို့ အံ့အားသင့်နေကြောင်း ပြသနေသည်။
ထို့အပြင် အန်ဂျီ၏ မြင်းစီးသူရဲကောင်းသည် ပုပ်သိုးနေသော ကြွက်တစ်ကောင်ကို စားလိုက်ရသည့် မျက်နှာမျိုးဖြစ်သွား၏။
ယခုတော့ ဤဝက်လိုစားသောက်နေသော လူနှစ်ဦးက အစွမ်းထက်စစ်သည်တော်နှစ်ဦးဖြစ်ကြောင်းသိလိုက်သည်။ ထိုဆံပင်နက်နှင့် ခွန်အားကြီးသူသည် ယင်ကောင်တစ်ကောင်ကို ဖယ်ရှားရန် ကြိုးစားနေသကဲ့သို့ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ကြယ်သုံးပွင့် ဆယ်ယောက်ထက်မနည်းကို လဲကျသွားစေခဲ့သည်။ ထို့အပြင် သူတို့၏ မျက်နှာများအားလုံးသည် တစ်နေရာတည်းတွင် ထိမှန်ခဲ့သည်။ ဆိုလိုသည်မှာ ဤဆံပင်နက်နှင့် ခွန်အားကြီးသူသည် အလွန်တိကျပြီး အစွမ်းထက်သည်။
" စိန့်ပီတာစဘတ်လို နေရာကျယ်ကြီးမှာ လူတစ်ဦးကို ရှာဖွေရတာက သမုဒ္ဒရာထဲမှာ အပ်တစ်ချောင်းကို ရှာရသလိုပဲ လူစိမ်းတွေအနေနဲ့ ဦးလေးဆမ်ကို အချိန်ခနလေးအတွင်း အချိန်အတွင်း ရှာနိုင်ဖို့မဖြစ်နိုင်ဘူး ပြောစမ်း ဇင်းနစ်က ဘယ်နိုဘယ်တွေမင်းတို့ကို ကူညီနေတာလဲ "
ဆံပင်ဖြူနှင့် ခွန်အားကြီးသူက သူ့အဝတ်အစားများဖြင့် ပေါ့ပေါ့ပါးပါး သုတ်ပြီး သစ်တော်သီးရည်တွေအားလုံးကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူထရပ်ပြီး လေးနက်သည့်ပုံစံနှင့် မေးလိုက်၏။
အန်ဂျီ မြင်းစီးသူရဲကောင်းဟာ နဖူးတစ်ခုလုံးမှာ ချွေးတွေ ရွှဲနေသည်။
ထိုဆံပင်ဖြူသူရဲကောင်းအကြောင်း သူသိပ်မတွေးခဲ့သော်လည်း ထိုလူက သူ့ကို ပေါ့ပေါ့တန်တန် ကြည့်လိုက်သည်က သူ့ကျောပေါ်မှာ တောင်ကြီးတစ်တောင်ပိကျလာသလို ခံစားလိုက်ရ၏။ ထိုဖိအားကြောင့် အသက်ရှူရခက်သွားပြီး ဤလူနှစ်ယောက်တွင် သူနားမလည်နိုင်သည့် အစွမ်းသတ္တိတွေ ရှိသည်ဆိုသည်ကို သူသဘောပေါက်လိုက်သည်။ နဂါးတစ်ကောင်ကို ရင်ဆိုင်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပင် သူက ထိုသူများအတွက် ပုရွက်ဆိတ်သာသာပဲဖြစ်သည်။
“မင်း… မင်းက ဘယ်သူလဲ” အန်ဂျီရဲ့ မြင်းစီးသူရဲကောင်းက ဖြည်းဖြည်းချင်း နောက်ဆုတ်သွား၏။
“အရူး မင်း လူ့စကားကို နားမလည်ဘူးလား ငါ မင်းကို မေးခွန်းတစ်ခု မေးနေတာ ”
ဆံပင်ဖြူနှင့် သူရဲကောင်းက ဒေါသထွက်ပြီး လက်ကိုဝှေ့ယမ်းကာ အန်ဂျီ၏ ကြယ်ခြောက်ပွင့် မြင်းစီးသူရဲကောင်းကို ဆွဲခေါ်လိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးတစ်ခု ရှိနေပေမယ့်လည်း အလွယ်တကူပဲ သူ့ဆီကို အန်ဂျီမြင်းစီးသူရဲက ရောက်ရှိလာသည်။
ထို့နောက် သူက အန်ဂျီမြင်းစီးသူရဲ၏ လည်မျိုကို ဖမ်းကိုင်၍ ရိုက်နှက်တော့သည်။
အခန်း ၁၀၁၈: အာ! ခင်ဗျားတို့ပဲ! (အပိုင်းနှစ်)
“အခု ပြောပြနိုင်မလား ဇင်းနစ် ရဲ့ ဘယ်မြင့်မြတ်တဲ့ တပ်ဖွဲ့က ခင်ဗျားတို့ကို ကူညီပေးနေတာလဲ” ဆံပင်ဖြူနဲ့ မြင်းစီးသမားက ဒေါသတွေ ထွက်လာသည့်အခါ အန်ဂျီ မြင်းစီးသမားကိုများ ကြက်သေတစ်ကောင်သဖွယ် မြေပေါ်သို့ ပစ်ချရင်း မေးသည်။
“ယူ... ရီ... ဘူလ်ဒ်... ငါ အန်စီကို နှမြောတယ်... ဟူ ဒါ ယူ ဟတ်.... လီ...” အန်ဂျီမြင်းစီးသမားက သွားခြောက်ချောင်း ကျွတ်သွားပြီး နှုတ်ခမ်းများ ဝက်အူချောင်းလို ထူထဲသွားကာ သူ ကောင်းကောင်း စကားပင်မပြောနိုင်သော်လည်း မာနကြီးနေဆဲပင်ဖြစ်သည်။
“ သူ ဘာပြောလိုက်တာလဲ ” ဆံပင်ဖြူနှင့် မြင်းစီးသမားက မျက်မှောင်ကြုတ်ပြီး သူ့ရွယ်တူချင်းကို မေးလိုက်သည်။
" သူက မင်းကို သတ္တိကောင်းနေတာလားတဲ့ သူက အန်ဂျီရဲ့ သံတမန်တစ်ယောက်ဖြစ်ပြီး မင်းသူ့ကို ဘယ်လိုရိုက်ရဲတာလဲတဲ့..." ဆံပင်နက်နှင့် ခွန်အားကြီးသူက နောက်ဆုံးတော့ အသီးအနှံများကို အကုန်အစင်စားကာ ရယ်မောလိုက်သည်။ " ဒါဆိုလဲ ဒီကောင်ကို အရင်သတ်ကြတာပေါ့ ပြီးမှ ငါတို့ဘာသာစုံစမ်းကြမယ် "
ထိုအကြံပြုချက်က အန်ဂျီ၏မြင်းသည်တော်ကို ထိပ်လန့်သွားစေသည်။
ဤ လူသန်ကြီးနှစ်ယောက်က အစွမ်းထက်ပြီး မည်သည့်စည်းမျဉ်းစည်းကမ်းကိုမှအလေးမထားဘဲ နောက်ဆက်တွဲကိစ္စများကို ဂရုမစိုက်ဘဲ လုပ်သူများဖြစ်ကြောင်းသိလိုက်သည်။ သေရမှာ မကြောက်သည့် အရူးများလိုပင်။ မြင်းစီးသမားအနေနှင့် သူ့သံတမန်အထောက်အထားဖြင့် တစ်ချို့ဇင်းနစ်အရာရှိများကို ဖြဲခြောက်နိုင်သော်လည်း ဤနှစ်ယောက်ကိုတော့ရမည်မဟုတ်ချေ။
တုန်တုန်ရီရီနှင့်ပင် သူ အရာအားလုံးကို ရိုးရိုးသားသားဖြေကြားလိုက်သည်။
“ သေစမ်း ဒီအမှိုက်တွေပဲ ” ဆံပင်ဖြူနှင့် အင်အားကြီးသူက သူ့လက်ကို မြှောက်ပြီး ကြယ်ခြောက်ပွင့် စစ်သည်တော်ကို နောက်ထပ် အကြိမ်အနည်းငယ် ပါးရိုက်လိုက်သဖြင့် စစ်သည်တော်စွမ်းအင်များ ပြန့်ကျဲသွားပြီး အန်ဂျီ၏ မြင်းသည်တော်မှာ မေ့မြောသွားသည်။
“ဘီဂ်မိသားစုလား စတုတ္ထမင်းသားကို ထောက်ခံပြီး ဘုရင်မင်းမြတ်ကို ဆန့်ကျင်တဲ့ မြင့်မြတ်တဲ့တပ်ဖွဲ့လား ” အန်ဂျီ၏ စကားများကို ကြားပြီးသည့်နောက် ဆံပင်နက်နှင့် ခွန်အားကြီးသူက မေးစေ့ကို ပွတ်ပြီး “ဒီအင်ပါယာရဲ့ နိုင်ငံသားတွေကို သတ်ဖို့ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်နေကြတာလား အင်း ဒီမဆင်မခြင် မိသားစုဆီ သွားပြီး သူတို့ဆီ သွားလည်သင့်လား” ဟု ခပ်တိုးတိုးပြောလိုက်သည်။
“အဲလို မလုပ်ကြနဲ့ အရှင်မင်းကြီး ပြန်ကြွလာတော့မှာမို့ ဘာမှ မလုပ်ခင် သူပြန်လာတာကို စောင့်ကြရအောင် ” ဆံပင်ဖြူနှင့် ခွန်အားကြီးသူက အဲဒီလို လုပ်ချင်သော်လည်း သူ့စိတ်ကို ထိန်းချုပ်ထားလိုက်သည်။
ထိုအချိန်၌ ဘေးနားက အံ့အားသင့်နေသည့် အဘိုးကြီး ဆမ်က နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး ထစ်ငေါ့ငေါ့နဲ့ မေးလိုက်သည်။ “မင်းတို့နှစ်ယောက်… မင်းတို့နှစ်ယောက်က ”
ဆံပင်နက်နှင့် ခွန်အားကြီးသူက ရယ်ပြီး “ဦးလေး မကြောက်ပါနဲ့ ငါတို့က သိုင်းသူတော်စင်ရဲ့ အမိန့်အောက်မှာရှိတဲ့ စစ်သည်တွေ အင်း ငါတို့က… အောက်မှာ အေးဆေးနေရုံပဲ”
“ ဟင် ” ဆံပင်ဖြူနှင့် ခွန်အားကြီးသူက တံတွေးတွေကို ပါးစပ်အပြည့် ထွေးမိတော့မည့် သဖွယ်ဖြစ်သွား၏။ သူက လက်မြှောက်ပြီး ဆံပင်နက်နဲ့ ခွန်အားကြီးသူ၏ ခေါင်းကို ရိုက်လိုက်ကာ “မင်းက အရူးပဲ မင်း ‘အေးအေးဆေးဆေး’ ဆိုတဲ့ စကားလုံးကို သုံးတာ ပုံစံ မဟုတ်ဘူး” လို့ အော်ဟစ်လိုက်သည်။
အဘိုးဆမ်က ဝမ်းသာအားရနဲ့ မေးလိုက်သည်။ “မင်းက… မစ္စတာ သိုင်း သူတော်စင်ဆီမှာ အမှုထမ်းနေတဲ့ စစ်သည်တွေလား အိုး! ငါသိတယ် မင်းတို့ကချမ်းဘော့ဒ်သားတွေ ဖြစ်ရမယ် မဟုတ်လား ငါ့သားရဲ့ ရဲဘော်ရဲဘက်တွေက ချမ်ဘော့ စစ်သည်တွေအားလုံးက မရှုံးနိုင်တဲ့ ရဲရင့်တယ်လို့ ပြောကြတာ ငါကြားတယ် ”
“ မင်းပြောတာမှန်တယ် ငါတို့က ချမ်ဘော့ကပါ ” ဆံပင်နက်နှင့် ခွန်အားကြီးသူက ရှက်ရွံ့စွာ ခေါင်းကို ကုတ်ပြီး “ကျွန်တော်က ဒရော့ဘာ၊ သူက ပီယပ်စ်ပါ ကျွန်တော်တို့က ချမ်ဘော့ဒ် နိုင်ငံတော်ကပါ ဒါပေမယ့် ကျွန်တော်တို့က အနိုင်မရနိုင်တဲ့ စစ်သည်တော်တွေ မဟုတ်ပါဘူး ချမ်ဘော့ဒ်မှာ ကျွန်တော်တို့ထက် လူအများကြီးက ပိုအစွမ်းထက်ပါတယ် ဥပမာ မစ္စတာ လမ်းပတ်...”
“အိုး ခင်ဗျားတို့ [ဆံပင်နက် ရက်စက်ကြမ်းကြုတ်တဲ့ လက်သီး] နဲ့ [ဆံပင်ဖြူ မြန်ဆန်တဲ့ ဓား]မဟုတ်လား ခင်ဗျားတို့ကို ကျွန်တော် သိပါတယ် ခင်ဗျားတို့က ချမ်ဘော့ဒ်ရဲ့ ရွှေရောင်သူရဲကောင်း ကာကွယ်စောင့်ရှောက်သူ၁၂ဦးထဲကမဟုတ်လား ဟားဟား!
မြို့တော်က ခရီးသွားပုံပြောဆရာတွေက ခင်ဗျားအကြောင်း ဇာတ်လမ်းတွေ အများကြီး ပြောပြခဲ့ကြတယ် လူငယ်အများစုက ခင်ဗျားကို လေးစားကြတယ် ခုတော့ကျွန်တော် ခင်ဗျားနဲ့ တွေ့ဆုံခွင့်ရပြီပေါ့...”
အဘိုး ဆမ် စိတ်လှုပ်ရှားသွားသည်။
ဤအဖြစ်အပျက်က ကောင်းချီးတစ်ခုဖြစ်သည်။ သူ မမျှော်လင့်ထားဘဲ ချမ်ဘော့ဒ်ဘုရင်၏ အမိန့်အောက်ရှိ နာမည်ကြီး သခင်နှစ်ယောက်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ဤဒဏ္ဍာရီလာ စစ်သည်တော်နှစ်ယောက်က အန်ဂျီ၏ စစ်သည်တော်တွေကို အနိုင်ကျင့်နေတာကို မြင်တော့
သူစိတ်လှုပ်ရှားသွားပြီး သူ့ စိတ်ပျက်အားငယ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူ့စိတ်ထဲတွင် ဇင်းနစ်အင်ပါယာဟာ အင်ပါယာကို စိန်ခေါ်တဲ့ ရန်သူအားလုံးကို ရဲရင့်စွာ အနိုင်ယူပြီး ဤ ချမ်းဘော့ဒ်သားတွေလို ပြုမူသင့်သည်ဟုထင်သည်။
နာရီဝက်အကြာတွင်တော့ အဘိုးဆမ်ဟာ ဆင်းရဲသားရပ်ကွက်က သူ့အိမ်ကို ပြန် ရောက်သွားသည်။ ခွန်အားကြီးသူနှစ်ယောက် သူ့လက်ထဲ ထည့်ပေးလိုက်သည့် ရွှေဒင်္ဂါးဆယ်ပြားကို ကြည့်ရင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ မယုံနိုင်သေးပေ။ ယနေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူးဆိုသည်ကို သူသိလိုက်သည်။ သိုင်းသူတော်စင် အလက်ဇန္ဒားကို မတွေ့ခဲ့ရသော်လည်း နာမည်ကြီး [ဆံပင်နက် ရက်စက်ကြမ်းကြုတ်တဲ့ လက်သီး] နဲ့ [ဆံပင်ဖြူ မြန်ဆန်တဲ့ ဓား] တို့ရဲ့ ရှိနေခြင်းကို သူမြင်ခဲ့ရ၏။ ၎င်းက သူ့ကို ဒဒီညအိပ်မပျော်စေရန် လုံလောက်ပါသည်။
“ချမ်းဘော့ဒ်သား တွေက အင်အားကြီးပြီးဖော်ရွေကြတယ် ဧကရာဇ် ယာဆင် ပြင်းထန်စွာ နေမကောင်းဖြစ်နေတယ်လို့ ငါကြားတယ်
သိုင်းသူတော်စင် အလက်ဇန္ဒားဟာ တစ်နေ့မှာ ဧကရာဇ် ဖြစ်လာနိုင်ရင် ဘယ်သူက ငါတို့ရဲ့ ဇင်းနစ်အင်ပါယာကို အနိုင်ကျင့်ရဲမှာလဲ” အဘိုးကြီးဆန်က မီးရောင်အောက်တွင် ထိုသို့တွေးနေမိသည်။
-စိန့်ပီတာစဘတ်ရှိ စီးပွားရေးခရိုင်-
ပီယာစ် နှင့် ဒရော့ဘာ နှစ်ဦးစလုံးသည် ခြံဝင်းငယ်တစ်ခုရှေ့တွင် ပေါ်လာကြသည်။ ခြံဝင်းအတွင်းတွင် အထပ်ပေါင်းများစွာမြင့်သော တဲငယ်လေးတစ်ခုရှိပြီး အစိမ်းရောင်သစ်ပင်များနှင့် မြက်ခင်းများသည် တောက်ပနေပြီး လှပသောရှုခင်းများရှိနေသည်။
“ ဒီနေရာလား ”
“ ဟုတ်မယ်ထင်တယ် "
End