အခန်း (၁၀၁၉)
Vol. 68 Ch. 1019
အခန်း ၁၀၁၉: မြို့တော်သို့ပြန်လာခြင်း (အပိုင်းတစ်)
ဒရော့ဘာနှင့် ပီးယားစ်နှစ်ဦးစလုံးသည် လအဆင့် လက်ရွေးစင်များဖြစ်ပြီး ၎င်းတို့သည် လမ်းပတ်နှင့် စစ်ဘက်အကြံပေး လူအိုကြီးအာရန် တို့နောက်လိုက်၍ တောင်ပိုင်း ဇင်းနစ်ဒေသ စစ်ပွဲသို့ လိုက်ပါခဲ့ကြပြီး ဒုတိယမင်းသား ဒိုမင်ဂွက်ဇ်ကို ကူညီပေးခဲ့ကြသည်။ ၎င်းတို့သည် တိုက်ပွဲအတွေ့အကြုံများစွာကို စုဆောင်းခဲ့ကြပြီး စစ်မြေပြင်တွင် ၎င်းတို့၏ စိတ်ဓာတ်နှင့် စိတ်ဆန္ဒကို ထက်မြက်စေခဲ့ကြသည်။ ၎င်းတို့၏ အစွမ်းသတ္တိများ မမြင့်တက်ခဲ့သော်လည်း ၎င်းတို့၏ စိတ်ဓာတ်များ မြင့်မားလာခဲ့သည်။
ယခုအချိန်တွင် နှစ်ဦးစလုံးသည် အလယ်အလတ် လခြမ်းကွေးအဆင့် တွင် ရှိနေပြီး စိန့်ပီတာဘတ်တွင် လျှို့ဝှက်ဆန်းကြယ်သော သခင်အနည်းငယ်သာ ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ အစွမ်းသတ္တိများဖြင့် ၎င်းတို့ လိုချင်သမျှကို လုပ်ဆောင်နိုင်သည်။ အန်ဂျီအင်ပါယာ၏ ဤစစ်သည်အနည်းငယ်ကို ဂရုစိုက်ခြင်းသည် ဤပျင်းရိသော ခွန်အားကြီးသူများအတွက် ကစားနေရသကဲ့သို့ဖြစ်ပြီး ၎င်းတို့သည် ထိုအကြောင်းကို သိပ်စိုးရိမ်ပူပန်မှု မရှိခဲ့ပါ။
ခြံဝင်းထဲသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့သည် ဤနေရာတွင် အလုပ်သမားတစ်ဦးနှင့် တူသော သာမန်ပုံပေါက်သည့် လူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့တစ်ဦးစီသည် ဆက်စပ်သော လျှို့ဝှက်ကုဒ်များကို ပြောကြပြီး ထိုလူငယ်သည် ချက်ချင်းပင် လေးစားမှုပြကာ တဲထဲသို့ ခေါ်ဆောင်သွားပြီး မှောင်မိုက်သော မြေအောက်ခန်းသို့ ဆင်းသွားကြသည်။
ဤမြေအောက်ခန်းသည် လူသူကင်းမဲ့နေသည်။ တယ်လီပို့တ်လုပ်မည့်နေရာကို ပို့နိုင်သည့် ပေါ်တယ်တစ်ခုသာရှိ နေသည်။ ထိုအရာက ယခုအချိန်တွင် တောက်ပ၍ လည်ပတ်နေသည်။
နှစ်ဦးသား ပေါ်တယ်ထဲသို့ ဝင်လိုက်သည်နှင့် မီးရောင်တစ်ခု လင်းလက်သွား၏။ မျက်လုံးမိားသူပြန်ဖွင့်လိုက်သည့်အခါ သူတို့ဟာ ပိုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့သည့် မြေအောက်ခန်းထဲတွငိ ရှိနေသည်ကို တွေ့လိုက်ရသည်။ နံရံတွေပေါ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ရုန်းများ နေရာအနှံ့ရှိနေပြီး ထိုနေရာမှာ ထွက်ပေါ် နိုင်ချေရှိသည့် အော်ရာတွေအားလုံးကို ပိတ်ဆို့ထား၏။ ထိုနေရာက မည်သူမှ ရှာမတွေ့နိုင်ဟူသော လုံခြုံသောခံစားချက်ကိုပေးစွမ်းနိုင်သည်။
“ ဟားဟား စစ်သူကြီးနှစ်ယောက် မတွေ့တာကြာပြီ ” ငွေရောင်မျက်နှာဖုံး၊ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ယောက်က ထရပ်ပြီး ကြည်လင်သည့် ရယ်သံများနှင့်အတူ နှုတ်ဆက်သည်။
“ မစ္စတာ မိုဒရစ် ” ပီးယားစ်နှင့် ဒရော့ဘာတို့က သူ့ကို မသေးရဲပေ။
မိုဒရစ် ချမ်းဘော့ဒ်သို့ လာရောက် ပူးပေါင်းပြီး ဖေးကို အမှုထမ်းခဲ့သော်လာ်း ဘုရင်က လူငယ်ဟူသော နာမည်ပြောင်နှင့် ဒီလူကို အလွန်အလေးထားခဲ့သည်။ သူ့ကို ချမ်းဘော့ဒ်၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီး သူ့ရာထူးအဆင့်အတန်းက ဒရော့ဘာနှင့် ပီယာစ် တို့ထက်တောင် ကျော်လွန်နေသည်။ ထို့အပြင် ချမ်းဘော့ဒ်၏ အဆင့်မြင့်အရာရှိအားလုံက ချမ်းဘော့ဒ် နိုင်ငံတော်၏ တိုးတက်မှုများကို အားဖြည့်ပေးခဲ့သည် [စာရုံး] တွင် မိုဒရစ်၏ ကြိုးစားအားထုတ်မှုကို မျက်မြင်တွေ့ရှိခဲ့ကြပြီး ဒီအင်အားကြီးနှစ်ယောက်ဟာ သူတို့ထက် အသက်ငယ်သည့် မိုဒရစ်ကို သူတို့ရဲ့နှလုံးသားထဲကနေ လေးစားခဲ့ကြသည်။
လျှို့ဝှက်ဆန်းကြယ်သည့်အခန်း၏ တည်နေရာကို မည်သူမျှ အတိအကျ မသိကြပေ။ ဤအခန်းထဲတွင် မိုဒရစ်၊ပီယာစ်နှင့် ဒရော့ဘာ တို့အပြင်[စာရုံး]၏ အစွမ်းထက် လအဆင့် လက်ရွေးစဉ်လေးဦး ရှိနေခဲ့သည်။ ချမ်းဘော့ဒ်၏ အရာရှိများက တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ပြီးနောက် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြ၏။
လျှို့ဝှက်ဆန်းကြယ်သည့်အခန်း၏ အလယ်ဗဟိုတွင် မြေပြင်ပေါ်၌ တည်နေရာများကို မှတ်သားထားပုံရသော စာလုံများကို ထွင်းထုထားသည့်နေရာတစ်ခုရှိသည်။
" တီ တီ တီ တီ "
မှော်အစီအရင်များ လင်းလက်လာပြီး တတီတီအသံများထွက်ပေါ်လာကာ အစီအရင်အလယ်၌ မိုးပြာရောင် ကြက်ဥပုံမျက်နှာပြင်တစ်ခုထွက် ပေါ်လာသည်။ မှော်စွမ်းအင်မီးတောက်များ တရုတ်ရုတ် ဖြစ်ပေါ်လာပြီး အားလုံးစောင့်မျှော်နေသည့် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။
" အရှင်မင်းကြီး မင်္ဂလာပါ " ဤအခန်းထဲရှိ ဆရာသခင်ခုနစ်ဦးစလုံး ဒူးထောက်လိုက်ကြသည်။
ထိုလူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံပင်များသည် ရေတံခွန်ကဲ့သို့ ဖြာကျနေ၏။ သူသည် အရပ်ရှည်ပြီး သူ၏ကြွက်သားများသည် သိပ်မဖောင်းကားသော်လည်း ရိုင်းစိုင်းသောပုံပေါက်နေသည်။ ထိုလူက ချောမောခန့်ညားလှသည်။
ရွှေရောင်အရိုးစုမှ ဖန်တီးထားသော နတ်ဘုရားအဆင့်မှော်အစီအရက် ထဲတွင် လေးရက်ကြာ ပိတ်လှောင်ခံရပြီးနောက် ဖေး သည် သူနောက်ကျမည်ကို စိုးရိမ်နေသောကြောင့် စာရုံး သို့ ဆက်သွယ်ပြီး မှော်ကျောက်တုံးများစွာအသုံးပြု၍ ပို့ဆောင်ရေးအစီအရင် ၂၀ကျော်သုံး၍ ပြန်လာခဲ့ရခြင်းဖြစ်သည်။ သို့သော် သူသည် တစ်ရက်တည်းဖြင့် စိန့်ပီတာဘတ်သို့ ပြန်လာနိုင်ခဲ့သည်။ချမ်းဘော့ဒ် နိုင်ငံတော်ကို ဖျက်ဆီးရန် စိတ်အားထက်သန်နေသော ဒီအလက်ဇန္ဒရို နှင့် လအဆင့်လက်ရွေးစင် များထက်ပင် စောစီးစွာ ရောက်ရှိခဲ့သည်။
“ ထ ” ဖေး သူ့လက်ကို ခပ်ပေါ့ပေါ့မြှောက်လိုက်ပြီး အစွမ်းတစ်ချို့ပို့လွှတ်ကာ ထိုလူများကို ပင့်မလိုက်၏။
အခန်း ၁၀၁၉: မြို့တော်သို့ပြန်လာခြင်း (အပိုင်းနှစ်)
ဖေး ပြန်ရောက်လာခြင်းက လျှို့ဝှက်ချက်တစ်ခု ဖြစ်ပေသည်။ ချမ်းဘော့ဒ်၏ အဆင့်မြင့်အရာရှိအနည်းငယ်နှင့် စာရုံးအဆင့်မြင့်အဖွဲ့ဝင်များဖြစ်သည် ယခုခုအခန်းထဲတွင်ရှိနေသော လူခုနစ်ယောက်မှလွဲ၍ ပင်လယ်ကြမ်းပြင်၌ ပျောက်ဆုံးသွားသည်ဟု ကောလာဟလထွက်နေသည့် ချမ်ူဘော့ဒ်ဘုရင် ဇင်းနစ် အင်ပါယာသို့ ပြန်ရောက်လာသည်က်ု မည်သူမျှမသိကြပေ။
သူတို့ရှစ်ဦး အခန်းထဲမှ ထွက်နေစဉ် လမ်း၌ မိုဒရစ် က ဖေး ကို ဇင်းနစ် မြို့တော်၏ ယခုကာလ၌ဖြစ်ပျက်ခဲ့သည်များ အင်ပါယာအမျိုးမျိုးက သံတမန်များအေကြာင်း၊ စိန့်ပီတာဘတ်မြို့ ရှိ မင်းမျိုးမင်းနွယ်များ၏ ရပ်တည်ချက်များနှင့် တော်ဝင်မိသားစု၏ ထူးဆန်းသော တိတ်ဆိတ်မှုများ အပါအဝင် အရာအားလုံးကို ပြောပြခဲ့သည်။
မကြာခင်မှာပင် သူတို့ မြေပြင်အဆင့်ကို ပြန်ရောက်သွားကြသည်။
လျှို့ဝှက်ဆန်းကြယ်သည့် အခန်းက စိန့်ပီတာဘတ် မှာ ရှိနေဆဲဖြစ်ပြီး ဒရော့ဘာ နှင့် ပီယာစ်တို့ ဝင်လာသည့် ခြံဝင်းမှမီတာ ၁၀၀ လောက်သာ ဝေးသည်။ တစ်စုံတစ်ယောက်သည် မြင့်မားသောရာထူးသို့ရောက်ရှိသရွေ့ စောင့်ကြည့်သူများတွင် စစ်သည်စွမ်းအင် သို့မဟုတ် မှော်စွမ်းအင်မရှိသည့်တိုင် ထိုခြံဝင်းငယ်လေးထဲတွင် ဖြစ်ပျက်နေသည်များကို သိနိုင်သည်။ ၎င်းက ဆန်းကြယ်စွာဖန်တီးထားခြင်းဖြစ်သည်။
လတန်းစား လက်ရွေးစင်လေးဦး တံခါးကို စောင့်ကြပ်နေပြီး ပီးယားစ်၊ ဒရော့ဘာနှင့် မိုဒရစ်တို့သည် ဖေးနောက်သို့ အဆောက်အအုံထဲသို့ လိုက်သွားကြသည်။ ပျင်းရိသော ခွန်အားကြီးသူနှစ်ဦးသည် အချင်းချင်းရိုက်နှက်ပြီး ယနေ့ညဖြစ်ပျက်ခဲ့သည်များကို ဘုရင်အား ပြောပြရန် ကြိုးစားခဲ့ကြသည်။
“အန်ဂျီအင်ပါယာဟာ အဆင့် ၂ အင်ပါယာတစ်ခုသာပါ အရင်က ဘာမှမပြခဲ့ပေမယ့် ဖရိုဖရဲခေတ် ရောက်လာတဲ့အခါ တစ်လအတွင်းမှာပဲ အနီးနားက အဆင့် ၁ အင်ပါယာလေးခုကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့ပါတယ် မကြာသေးခင်က နာမည်ကြီးလာခဲ့ပြီး ဩဇာကြီးမားလာတယ် တိုက်ကြီး ရဲ့ မြောက်ပိုင်းဒေသမှာ အရှင်သခင်ငယ်လေးတစ်ယောက် ဖြစ်လာသလိုပါပဲ "
အန်ဂျီဧကရာဇ် ဆူလေမန် ကရီမူဗ် ဟာ အတော်လေးငယ်ရွယ်ပြီး လွန်ခဲ့သည့်တစ်နှစ်က ထီးနန်းဆက်ခံခဲ့သည်။ သူ့ရဲ့ အထောက်အထားက လျှို့ဝှက်ဆန်းကြယ်ပြီး ချမ်းသာကြွယ်ဝတဲ့အပြင် လွတ်လပ်သည့် စစ်သည်တော်များနှင့် သခင်များကို စုဆောင်းခဲ့သည်။ ထိုဧကရာဇ်က ဇင်းနစ် ကို ရန်လိုခဲ့သည်။ သူ့ရည်မှန်းချက်က ဇင်းနစ်ဧကရာဇ်ရက်ဆင် ကိုအနိုင်ယူရန်ဖြစ်သည်။ သို့သော်လည်း ဖေးက အင်ပါယာဆယ်ခုစစ်တပ်ကိုအနိုင်ယူခဲ့ရာ ပစ်မှတ်ပြောင်းပြီး ဖေးကိုချေမှုန်းမည်ဟု ကြွေးကျော်ခဲ့သည်။
[လူငယ်] မိုဒရစ်က အန်ဂျီအင်ပါယာရဲ့ အချက်အလက်အကြောင်း ဖေးကို ရှင်းပြခဲ့သည်။
" အန်ဂျီရဲ့ သံတမန်တွေက ဒီလောက် မာနကြီးတာ အံ့သြစရာတော့ မဟုတ်ဘူး သူတို့ရဲ့ အင်ပါယာကို အင်အားကြီးတယ်လို့ ယူဆလို့ရတယ်... မင်းတို့ တုံးအတာပဲ သူတို့က ငါတို့ခေါင်းပေါ်မှာ မစင်စွန့်နေကြတယ် ဒါတောင်မင်းတို့က သေးငယ်တဲ့ မြင်းစီးသမားတစ်ယောက်ကိုပဲ အနိုင်ယူခဲ့တာလား " ဖေးဟာ အန်ဂျီအင်ပါယာရဲ့ သမိုင်းကြောင်းကို စိတ်မဝင်စားသော်လည်း ဒရော့ဘာနဲ့ ပီးယားစ်တို့ ဒီည ရန်သူတွေကို ဆက်ဆံပုံကိုတော့ မကြိုက်ကြောင်း ဖော်ပြခဲ့သည်။
" အရှင်မင်းကြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပါ အခု အန်ဂျီရဲ့ သံတမန်တွေကို သွားသတ်ကြရအောင် " ဘုရင်ရဲ့ စကားတွေက တုံးအတဲ့ ခွန်အားကြီးသူ နှစ်ယောက်ကို လှုံ့ဆော်သကဲ့သို့ဖြစ်သွားပြီ သူတို့ ချက်ချင်းပင် ရှက်သွားကာ သတ်ဖြတ်ရန် ထရပ်လိုက်ကြ၏။
" သူတို့ ဘာဂိမ်းကစားနေလဲဆိုတာ ငါကြည့်နေတယ် သူတို့နဲ့ နည်းနည်းလောက် ကစားလိုက်ပါဦး " ဖေးကမတားလိုက်ပေ။
ထို့နောက် ခွန်အားကြီးသူ နှစ်ယောက် အခန်းထဲက ထွက်သွားတော့သည်။
မိုဒရစ်က သူ့ချွေးများ သုတ်ပြီး တစ်ခုခုပြောရန်ပြင်နေစဉ် ဆူညံသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ အနီရင့်ရောင် အလင်းတန်းလေးတစ်ခု အခန်းထဲတွငိ လင်းလက်သွားပြီး အနီရင့်ရောင် ငှက်ကလေးအဖြစ် ပြောင်းလဲသွားကာ တေးများသီကျူး၍ မိုဒရစ်လက်ထဲဆင်းသက်လာသည်။
ငှက်ကလေးများသည် လျင်မြန်ပြီး ချစ်စရာကောင်းသည်။ ထိုနတ်ဆိုးသားရဲလေးများသည် အလွန်လျင်မြန်ပြီး အာကာသကို ဖြတ်သန်းသွားလာနိုင်စွမ်း ရှိသည်။ မိဖုရား အိန်ဂျလာသည် သူမ၏ မွေးရာပါစွမ်းရည်ကို အသုံးပြု၍ ငှက်အုပ်ကို ယဉ်ပါးအောင် ထိန်းကျောင်းခဲ့ပြီး ၎င်းတို့သည် [စာရုံး] အတွက် သတင်းအချက်အလက်များ ပေးပို့ရန် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။
ငှက်ကလေးများ၏ လည်ပင်းအောက်ရှိ ငှက်မွှေးအောက်တွင် ဝှက်ထားသော ငွေရောင်လည်ပတ်တစ်ခုရှိပြီး ၎င်းသည် အာကာသသိုလှောင်ကိရိယာတစ်ခုဖြစ်သည်။ မိုဒရစ်သည် လျှို့ဝှက်ဆန်းကြယ်သော စည်းချက်အတိုင်း လည်ပတ်ထဲသို့ မှော်စွမ်းအင်အချို့ကို ထိုးသွင်းလိုက်ပြီး လက်စွပ်ထဲမှ အနီရောင်စာလုံးတစ်လုံး စီးထွက်လာသည်။
သူသည် စာကို လှန်လှောကြည့်လိုက်ရာ သူ့မျက်နှာ အရောင်ပြောင်းသွားသည်။ သူက ဖေး ကို အမြန်အသိပေးသည်။ " တိုက်ကြီးရဲ့ သိုင်းသူတော်စင် နံပါတ် ၂ တပည့် ဒီအလက်ဇန္ဒရို နဲ့ သူ့လူတွေ သင်းရနံ့ပင်လယ် ကို ဖြတ်ကျော်ပြီး ဇင်းနစ် နယ်မြေထဲဝင်လာပြီး သူက တော်ဝင်မိသားစုကို ကြွားဝါပြီး ဖိအားပေးဖို့ ကြိုးစားနေပုံရပါတယ် ဒီလူအုပ်စုဟာ ဖြည်းဖြည်းချင်း ရှေ့ဆက်သွားပြီး သူတို့ရဲ့ အထောက်အထားတွေကို မဖုံးကွယ်ထားဘူး ဒါ့အပြင် မနက်ဖြန် နေထွက်ချိန်မတိုင်ခင် တော်ဝင်မိသားစု ပေါ်လာပြီး ဆုံးဖြတ်ချက်မချရင် တော်ဝင်မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့ကြတယ် သုံးနာရီလောက်က ဒီလူအုပ်စုဟာ အုပ်စုနှစ်စု ခွဲသွားခဲ့ပါတယ် တစ်အုပ်စုကို အယ်လ်ဘီဒါ လို့ခေါ်တဲ့ နေအဆင့်အရှင် က ဦးဆောင်ပြီး လူ ၂၅ ယောက်ပါတဲ့ အဖွဲ့က ချမ်းဘော့ဒ် ကို ဦးတည်နေပါတယ် လအဆင့်လက်ရွေးစင် ၂၀ ပါဝင်တဲ့ နောက်ထပ်အုပ်စုကတော့ ဒီအလက်ဇန္ဒရို ဦးဆောင်ပြီး စိန့်ပီတာဘတ် ကို ဦးတည်နေပါတယ် သူတို့ရဲ့ အမြန်နှုန်းအရ မနက်ဖြန် နေထွက်ချိန်မတိုင်ခင် သူတို့ရဲ့ ဦးတည်ရာကို ရောက်ရှိပါလိမ့်မယ် ”
End