← Chapters

အခန်း (၁၀၂၀)

Vol. 68 Ch. 1020

အခန်း (၁၀၂၀)

Vol. 68 Ch. 1020

အခန်း ၁၀၂၀: အကျပ်အတည်းချဉ်းကပ်မှုများ (အပိုင်းတစ်)

“ဒါက ဒီအလက်ဇန္ဒရို ရဲ့ စရိုက်နဲ့ ကိုက်ညီတယ် သူက တစ်ကိုယ်ကောင်းဆန်တဲ့သူဖြစ်ပြီး သူ့ပတ်ဝန်းကျင်ကလူတွေကလည်း သိပ်မကောင်းဘူး တိုက်ကြီးရဲ့သိုင်းသူတော်စင့် တပည့်တစ်ယောက်နဲ့ လအဆင့်နယ်ပယ်နဲ့ အထက်က သခင် ၄၀ ကျော်က ဇင်းနစ် အင်ပါယာကို လွှမ်းမိုးနိုင်မယ်လို့ သူတို့တကယ်ပဲ မိုက်မဲစွာ ထင်နေကြတာလား ဇင်းနစ် ရဲ့ တော်ဝင်မိသားစုကို ဖျက်ဆီးနိုင်မယ်လို့ သူတို့တကယ်ထင်နေကြတာလား ”

မိုဒရစ် ပြောသည်ကို ကြားပြီးနောက် ဖေး လှောင်ပြောင်လိုက်သည်။ “ သူတို့ အုပ်စုနှစ်စုခွဲလိုက်ကြလား ဟဲဟဲ ဒီအလက်ဇန္ဒရို ဦးဆောင်တဲ့ အဖွဲ့အတွက် ငါတို့ စိတ်ပူစရာမလိုဘူး သူတို့ကို ကိုင်တွယ်နိုင်တဲ့ လူတွေ ရှိလိမ့်မယ် အယ်လ်ဘီဒါ ဦးဆောင်တဲ့ အဖွဲ့နဲ့ ပတ်သက်ရင် ဟဲဟဲ... မစ္စတာဘရွတ်နဲ့ မစ္စတာဘတ်စ် ကို အသိပေးပြီး ချမ်းဘော့ဒ် ရဲ့ သခင်တွေကို ချုံခိုတိုက်ခိုက်ဖို့ စေလွှတ်ဖို့ ပြောလိုက်ပါ ချမ်းဘော့ဒ် နယ်မြေကို မရောက်ခင် သူတို့ရဲ့ လူတစ်ဝက်ကို ဆုံးရှုံးသွားတာကို ငါမြင်ချင်တယ် ငါတို့ရဲ့ ချမ်းဘော့ဒ် မြို့ကို မြင်တွေ့ဖို့ ကံကောင်းတဲ့သူတွေကို ငါတို့ မြင်ရလိမ့်မယ်!”

“ အရှင့် အမိန့်တော်အတိုင်း ”

မိုဒရစ်သည် ချက်ချင်းပင် စိတ်ဓာတ်တက်ကြွလာခဲ့သည်။ ဘုရင်ပြသခဲ့သော ယုံကြည်မှုကြောင့် သစ္စာရှိလက်အောက်ငယ်သားတစ်ဦးဖြစ်သည့် သူ့အား နိုင်ငံတော်အပေါ် ပိုမိုယုံကြည်လာစေခဲ့သည်။ ထို့ကြောင့် သူသည် ချက်ချင်းလှည့်ပြီး ဘုရင်၏အမိန့်ကို လွှဲပြောင်းပေးခဲ့သည်။

မကြာမီတွင် မှောင်မည်းသော အနီရောင်ငှက်ငယ်များစွာသည် ကောင်းကင်သို့ ပြေးတက်သွားကြသည်။ ၎င်းတို့သည် တေးဆိုလျက် ရေထဲကငါးများသဖွယ် အာကာသထဲသို့ ခုန်ဆင်းသွားပြီး အာကာသကိုဖြတ်သန်းသွားသည်နှင့်အမျှ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

မိုဒရစ်သည် အရာအားလုံးကို စီစဉ်ပြီးနောက် အခန်းသို့ပြန်လာပြီး အချို့သောကိစ္စရပ်များကို စဉ်းစားကာ “အရှင်မင်းကြီး အယ်လ်ဘီဒါဦးဆောင်တဲ့အဖွဲ့က စိုးရိမ်စရာမရှိပေမယ့် ဒီအလက်ဇန္ဒရို ဦးဆောင်တဲ့အဖွဲ့က အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားစုပဲ ကျွန်‌ေတာ်တို့စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ တိုက်ကြီး၏သိုင်းသူတော်စင်ရဲ့ နံပါတ် ၂ တပည့်က လောင်မြိုက်နေ အထွတ်အထိပ်အဆင့် ရောက်ရှိနေတာဖြစ်ကောင်းဖြစ်နိုင်ပြီး အဇာသ်ရို့သ်တိုက်ကြီး မြေမြောက်ပိုင်းဒေသမှာသူကိုအနိုင်ရသူ မရှိဘူးလို့ဆိုကြတယ် သူနှင့်အတူပါလာတဲ့ လအဆင့်လက်ရွေးစင်တွေကခြိမ်းခြောက်မှုမပြုလုပ်နိုင်ပေမယ့် သူ့ကိုတော့ ကျွန်‌တော်တို့သတိထားရမယ်” ဟု အကြံပြုခဲ့သည်။

ဖေးသည် ခေါင်းငုံ့ကာ ခဏစဉ်းစားခဲ့သည်။ ထို့နောက် သူက “မင်းပြောတာမှန်တယ် ဒါပေမယ့် ဇင်းနစ်တော်ဝင်မိသားစုရဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့ စိန့်ပီတာဘတ်မှာရှိတဲ့ ငါတို့ရဲ့တပ်ဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကို မပြောင်းလဲနဲ့ [စာရုံး] အဖွဲ့ဝင်တွေကို ဒီအလက်ဇန္ဒရို ဦးဆောင်တဲ့အဖွဲ့ကို အနီးကပ်အာရုံစိုက်ဖို့ အမိန့်ပေးပါ တစ်ခုခုမှားနေပုံရရင် သတင်းပို့ပါ ”

“အရှင့်အမိန့်အတိုင်း” မိုဒရစ်က ဘုရင် အစီအစဉ်များဆွဲထားပြီးသားဆိုသည်ကို သိသည့်အတွက် စိတ်ငြိမ်သွားပြီး အခန်းထဲက ထွက်သွားခဲ့သည်။

“ခဏနေဦး” ဖေး ရုတ်တရက်အော်ပြီး သူ့ကိုတားလိုက်သည်။ ဘုရင်က မိုဒရစ်ကို “လူတိုင်းကို ပိုသတိထားဖို့ပြောပါ ဒီအလက်ဇန္ဒရို ရဲ့ တည်နေရာကိုပဲ ငါတို့လိုအပ်တယ် ဒီအလက်ဇန္ဒရို သူတို့ကို ရှာတွေ့မှာစိုးလို့ အနီးကပ်စောင့်မကြည့်ဖို့ ပြောပါ ”

“အရှင်မင်းကြီး စိတ်မပူပါနဲ့ ဒါကိုလုပ်ဖို့ အကောင်းဆုံး ကင်းထောက်တွေကို ငါစေလွှတ်ပါ့မယ် ”

“အင်း ကောင်းပါတယ် ဒါပေမယ့် ဘေးကင်းရေးကို အရင်လုပ်ပါ ”

“ အရှင့်အမိန့်အတိုင်းပါ ”

မိုဒရစ် လှည့်ပြီး အခန်းထဲက ထွက်သွားခဲ့သည်။

ဖေးလည်း သူ့ထိုင်ခုံမှာ ဖြည်းဖြည်းချင်း ပြန်ထိုင်ပြီး ဖြစ်လာတော့မည့်အရာများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားရန် ကြိုးစားတော့သည်။

ပင်လယ်အောက်ခြေ၌ ဒီအလက်ဇန္ဒရို၏ အစွမ်းသတ္တိကို သူမြင်တွေ့ခဲ့ရသည်။ မကောင်းဆိုးဝါးနတ်ဘုရား ကလူအီ‌ဗာတ် နှင့် တိုက်ကြီး၏သိုင်းသူတော်စင်မာရာဒိုနာ့ ဝေဝေဝါးဝါး အရိပ်မှလွဲပါက သူတော်စင်၏ နံပါတ်နှစ်တပည့်ဟာ ဖေး ကြုံတွေ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး စစ်သည်တော်ဖြစ်သည်။ ထို့အပြင်သူ့အစွမ်းက လောင်ကျွမ်းနေအဆင့်၏ အထွတ်အဖိပ်သို့မဟုတ် ၎င်း၏ အထက်တွင်ပင်ရှိနေသည်။

သို့သေယ်လည်း ဒီအလက်ဇန္ဒရို ရောက်လာသည်က ဖေးအတွက် အခွှင့်ကောင်းတစ်ခုဖြစ်သည်။

ဇင်းနစ် အင်ပါယာထဲက အင်အားအမျိုးမျိုးက သူတို့၏ရပ်တည်ချက်ကို ပိုပြီးရှင်းလင်းစွာ ဖော်ပြကြမှာဖြစ်ပြီးဖေး ဟာ လူတွေရဲ့စိတ်နေသဘောထားကို မြင်တွေ့နိုင်မှာဖြစ်သည်။ ထို့အပြင် ဖေး အင်ပါယာရက်ဆင်၏ အစွမ်းကို ဘယ်တုန်းကမှ ကောင်းကောင်းနားမလည်ခဲ့ချေ။ ဒီအလက်ဇန္ဒရို က ဇင်းနစ်ကို ကို ဘီလူးဆိုင်းတီး ရောက်လာပြီဖြစ်ရာ သူနဲ့ ဒီအလက်ဇန္ဒရိုတို့ ရင်ဆိုင်ကြရမည်ဖြစ်သည်။ ယခုတော့ အင်ပါယာရက်ဆင်၏ အစွမ်းကို သူမြင်တွေ့ရမည်ဖြစ်သည်။ အရာအားလုံးကို သေချာစဉ်းစားပြီးနောက် ဖေး သည် ကိစ္စများကိုဘေးဖယ်ထားပြီး မိစ္ဆာများကို သတ်၍ အဆင့်တက်ရန် ဒိုင်ယာဘလိုကမ္ဘာသို့ဝင်ရောက်လိုက်သည်။

သူသည် ဘုရားသခင့်ကျေးဇူးတော်၏ ဝမ်းနည်းသက်ပြင်းချသံ ထဲတွင် ပိတ်မိနေပြီး အချိန်များစွာ ဖြုန်းတီးခဲ့သည်။ တကယ့်စိန်ခေါ်မှု မရောက်မီ ဖေး သူ၏အစွမ်းများကို အမြန်ဆုံး မြှင့်တင်ရန် လိုအပ်သည်။

အခန်း ၁၀၂၀: အကျပ်အတည်းချဉ်းကပ်မှု (အပိုင်းနှစ်)

ဖေးသည် ဘုရားသခင့်ကျေးဇူးတော်၏ဝမ်းနည်းသက်ပြင်းချသံ ကို ဖောက်ထွင်းရန်ကြိုးစားသောအခါ အတွေ့အကြုံအမှတ်များစွာကို အသုံးပြုပြီး နာကျင်မှုအရှင် ဒူရီရယ် ကို ဆင့်ခေါ်ခဲ့သည်။ ရလဒ်အနေဖြင့် သူ၏ခွန်အားအနည်းငယ်ကျဆင်းသွားခဲ့သည်။

ယခုအချိန်တွင် ဖေးသည် စတုတ္ထမြေပုံပေါ်ရှိ ဒုတိယတာဝန်ကို ပြီးမြောက်ရန် သူသွားရမည့် ဟဲလ်ဖော့ဂ်ျတွင် ပေါ်လာခဲ့သည်။

ဟဲလ်ဖောဂ်ျ သည် မီးတောက်မြစ် ၏ အနက်ဆုံးနေရာတွင် တည်ရှိပြီး ၎င်းသည် ငရဲ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ကြားသိခဲ့ရသည်။ ချော်ရည်များသည် မြေပြင်မှ တဂျွတ်ဂျွတ်ထွက်လာပြီး မြစ်တစ်စင်းကဲ့သို့ မြေပြင်ပေါ်တွင် အပူရှိန်မြင့်မားမှုကြောင့် စီးဆင်းနေသည်။ ဤနေရာတွင် ခြယ်ခြောက်ပွင့် ၏ နယ်ပယ်အောက်ရှိ မည်သူမဆို ချက်ချင်းပင် မီးသွေးပုံအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

ဤနေရာ၌လူ့ဝိညာဉ်အချို့သည် မြေပြင်ပေါ်တွင် အနက်ရောင်နတ်ဆိုးသံကြိုးများဖြင့် ပိတ်မိနေကြသည်။ ငရဲမီးသည် ဝိညာဉ်များကို လောင်ကျွမ်းစေပြီး ၎င်းတို့သည် ဘယ်တော့မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်လွှင့်ခဲ့ပြီး မြင်ကွင်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဖေးသည် ဤနေရာတွင် တစ်ယောက်တည်း ပေါ်လာခဲ့သည်။

ဒါဟာ သူ့အတွက် မီးတောက်ငရဲ ကို ပထမဆုံးအကြိမ် ရောက်လာခြင်း မဟုတ်သော်လည်း သာမန်ပုံစံနှင့် အိပ်မက်ဆိုးပုံစံတို့က ငရဲပုံစံနှင့် နှိုင်းယှဉ်၍မရချေ။ ဖေး ဤအန္တရာယ်များသည့်နေရာကို ခြေချလိုက်သည်နှင့် သူက တကယ့်ငရဲထဲ ရောက်သွားသည့်နှယ်ခံစားလိုက်ရသည်။

အယ်လ်ဘီဒါ ဦးဆောင်သည့်အဖွဲ့ကို ကိုင်တွယ်ဖြေရှင်းရန် ဗက်ကီရိုင်း အယ်လ်နာသည် ချမ်း‌ေဘာ့ဒ်အတွက် အဓိကဖြစ်သည်။ ဖုတ်ကောင်မှော်ပညာရှင် ဟေဇယ်ဘန့်ခ် နှင့် ဝတ်ရုံနက်စင်မြင့်၏ အကြီးအကဲအနည်းငယ်က ပုန်းအောင်းနေ‌နေသော်လည်း ချမ်းဘော့ဒ်ကို ကာကွယ်ရန် သူမက အဓိကဖြစ်နေ၍ ဖေးနှင့်အတူတိုက်ခိုက်ခွှင့်မရခဲ့ချေ။

ယခင်တိုက်ပွဲ၌ မော်စဖီတို၏ ဆော်လ်ကျောက်တုန်းကို ဖေးရရှိထားပြီဖြစ်ရာ ယခုအကြိမ် ဝင်ရောက်လာခြင်းက နတ်ဆိုးတစ်ကောင်ကို ရှင်းလင်းရန်ဖြစ်ပေသည်။ ဖေးထိုနတ်ဆိုးကို သတ်ပြီးမော်စဖီတို့၏ ဆေယ်လ်ကျောက်တုန်းကို ကို ချေနိုင်သည့် တစ်ခုထဲသောအရာဖြစ်သော ငရဲသွန်းလောင်းခြင်းတူကို အရယူရမည်ဖြစ်သည်။

မီးတောက်မြစ်၏ တစ်ဝိုက်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထုတ်လွှတ်နိုင်သည့် ဘီလူး၊ နတ်ဆိုး အမြောက်အများရှိပေသည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် မှော်ပညာများကို အသုံးပြုနိုင်သည့် အသူရာချောက်သူရဲ၊ သွေးမက်ဂေါ့ အများအပြားနှင့် သန်မာသော အဝီစိအရှင်များကို ရင်ဆိုင်ရင်း ဖေး ဟာ လွှမ်းမိုးနိုင်သော်လည်း သတိလက်လွတ်မဖြစ်ခဲ့ပေ။ သူဟာ အင်မော်တယ်ဘုရင် ပစ္စည်းအစုံထဲက ပစ္စည်းအားလုံးကို ဆင့်ခေါ်ပြီး ရှေ့သို့ ဆက်သွားခဲ့သည်။

နှစ်နာရီခန့်ကြာပြီးနောက် ဖေး ဟာ နောက်ဆုံးတွင် ဘီလူးများကို တိုက်ခိုက်ပြီး မှော်တူကိုင်ဆောင်ထားသည့် ဘော့စ်ကို ရှာဖွေတွေ့ရှိခဲ့သည် ‌‌။ ထိုဘီလူးက အစိမ်းရောက်ရှိပြီး ကြွက်သားအပြည့်နှင့်နွားသိုးတစ်ကောင်ပုံတူသည် ။ သူကခွန်အားကြီးမားပြီး ဘီလူးနှင့် နတ်ဆိုး အများအပြားက သူ့နေုက်လိုက်များဖြစ်ကြသည်။ ထိုအုပ်စုက ကိုင်တွယ်ရခက်ပြီး ဖေး ပြန်လည်အားဖြည့်ချင်းဆေးရည် ၁၈ပုလင်းခန့်သောက်သုံးပြီးမှ ရှင်းလင်းနိုင်ခဲ့သည်။

အတွေ့အကြုံအမှတ် အများအပြား ဖေး၏ ကိုယ်တွင်းသို့ အလင်းစက်များသဖွယ် စီးဆင်းလာပြီး ဒူရီရယ်ကိုဆင်‌ခေါ်ရ၍ ကုန်ဆုံးခဲ့သည်များ ပြန်လည်ပြည့်တင်းသွားစေခဲ့သည်။ ရလဒ်အနေနှင့်သူဟာ အဆင့်၇၀သို့ ပြန်ရောက်သွားပြီး သူ့ခွန်အား ပြန်လည်မြင့်တက်လာခဲ့သည်။

အဓိက မကောင်းဆိုးဝါးကို ကိုယ်စားပြုသည့် ငရဲအရှင်သခင် သုံးပါးအနက် တစ်ပါးကို ချုပ်နှောင်ထားသည့် မော်စဖီတို၏ ဆော်လ်ကျောက်တုန်း ကို ထုတ်ယူပြီးနောက် ဖေး ငရဲသွန်းလောင်းခြင်းတူ ကို ကောက်ယူပြီး ဆော်လ်စတုန်း ကို ထူးခြားသည့် ယဇ်ပလ္လင်ပေါ် တင်ခဲ့သည်။ ဖေး မော်စဖီတိုကို ဖျက်ဆီးရန်ပြင်နေစဉ်မှာပင် ထိုကျောက်တုံးမှ အသိပေးချက်များ ရောက်လာခဲ့သည်။

ဖေးခဏတာ မှင်သက်သွားခဲ့ပြီး နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်၏။

ဆယ်မိနစ်ခန့်အကြာတွင်တော့ ဖေး ဆုံးဖြတ်ချက်ချလိုက်သည်။

သူ မော်စဖီတို၏ ဆေယ်လ်ကျောက်တုံး ကို မဖျက်ဆီးခဲ့‌ချေ။ ထို့အစား သူ၏ သိုလှောင်ရာနေရာကို ပြန်ထည့်လိုက်သည်။

ထို့နောက် ဘုရင်ဟာ ဒိုင်ယာဘလိုကမ္ဘာတွင် ဘီလူးများနှင့် နတ်ဆိုးများကို ဆက်လက်သတ်ဖြတ်ခဲ့ပြီး စတုတ္ထမြေပုံ၏ နောက်ဆုံး တာဝန်ဖြစ်သည့် တုန်လှုပ်ခြင်း၏ အဆုံးသတ်ထံသွားလိုက်သည်။

သူဟာ ငရဲအောက်ခြေရှိ ခေးအော့ဆန်ကျူရာရီထဲ ဝင်လိုက်သည်။ ထိုနေရာက ကြောက်မက်ဖွယ် ဘီလူးများနှင့် နတ်ဆိုးအများအပြားရှိပြီး နာနတ်သီးကြီးအမည်ရ ငရဲ အရှင်သခင်သုံးပါးမှ တစ်ပါးဖြစ်သော ဒိုင်ယာဘလို ကို ဤနေရာတွင် တံဆိပ်ခပ်နှိပ်ချိပ်ပိတ်ထားသည်။

[ မှတ်ချက်- တရုတ်လို ဒိုင်ယာဘလို ဟာ နာနတ်သီးနဲ့ တော်တော်လေး နီးစပ်တာကြောင့် တရုတ်ကစားသမားအများစုက ဒီ ဘောစ် ကို အဲဒီနာမည်နဲ့ ခေါ်ကြပါတယ်]

ဖေး တံဆိပ်ငါးခုကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်ပြီး တံဆိပ်တစ်ခုစီ ကျိုးသွားတိုင်း ဘီလူးနှင့် နတ်ဆိုးအများအပြား ပေါ်လာသည်။ ဒိုင်ယာဘလိုဟာ တံဆိပ်များအားလုံးကျိုးပျက်သွားပြီး ဘီလူးနှင့်နတ်ဆိုးအကုန် သေဆုံးပြီးမှာ ပေါ်လာမည်ဖြစ်သည်။

ခြောက်နာရီကြာ တိုက်ခိုက်ပြီးနောက် ဖေး တံဆိပ်လေးခုပဲ ဖွင့်ပြီး ထွက်ပေါ်လာသည့် နတ်ဆိုးနှင့် ဘီလူးအားလုံးကိုရှင်းလင်းလိုက်သည်။

ယခု ဖေး ငရဲပုံစံအဆင့် ၇၂သို့ရောက်သွားပြီဖြစ်သည်။

မြေပြင်ပေါ်က ပစ္စည်းအမျိုးမျိုးကို ကောက်ယူပြီးနောက် ဖေး ပန်ဒိမိုနီယမ်ခံတပ်ကို လှည့်ပြန်ပြီး ဂိမ်းမှမထွက်မှီ ထိုအရာများကို NPCများထံ ရောင်းချခဲ့သည်။

ကောင်းကင်က လင်းလက်နေ၏။

ပြာလဲ့လဲ့ကောင်းကင်တွင် ကြယ်အချို့ လင်းလက်နေဆဲဖြစ်ပြီး မြေပြင်သည် မှောင်မိုက်မှုမှ တဖြည်းဖြည်းနိုးထလာခဲ့သည်။

ဇင်းနစ်၏ အဆင့် ၁ ပဏ္ဏာဆက်နယ်မြေချမ်း‌ဘော့ဒ် သည် ဤနေရာမှ ကီလိုမီတာ ၅၀ အောက်သာ ဝေးသည်။ ရုတ်တရက် ကွဲပြားသော အရောင်စုံ အလင်းတန်း ၂၅ ခုသည် မိုးကောင်းကင်ကိုဖြတ်၍ ဥက္ကာပျံများကဲ့သို့ ပြေးလွှားလာပြီး ၎င်းတို့သည် အစွမ်းထက်သော အော်ရာများဖြင့် ချမ်းဘော့ဒ် ဆီသို့ ဦးတည်သွားကြသည်။

၎င်းတို့သည် နေအဆင့်အရှင် အယ်လ်ဘီဒါ ၏ ဦးဆောင်မှုအောက်တွင် ချမ်းဘော့ဒ် နိုင်ငံတော်တစ်ခုလုံးကို ဖျက်ဆီးရန် ရောက်လာသော အစွမ်းထက်သော သခင်များဖြစ်သည်။

End

All Chapters