← Chapters

အခန်း (၁၀၂၂)

Vol. 68 Ch. 1022

အခန်း (၁၀၂၂)

Vol. 68 Ch. 1022

အခန်း ၁၀၂၂: အေးရိစ် ရွှေသူတော်စင်၏ ပထမဆုံး အစစ်အမှန်တိုက်ပွဲ (အပိုင်းနှစ်)

“ မင်းက ဘယ်သူလဲ မင်းဘာလုပ်နေတာလဲ ဘာလို့ ငါတို့ကို တိုက်ခိုက်နေတာလဲ အထင်လွဲမှုတစ်ခုခု ရှိလား “

ဘယ်ကမှန်းမသိ ပေါ်လာသည့် ဤရန်သူများ၏အစွမ်းထက်သည့် အစွမ်းများကြောင့် မာနထောင်လွှားသော ကျူးကျော်သူများ စိတ်ဓာတ်ကျဆင်းသွားပြီး လအဆင့်လက်‌ေရွးစင်တစ်ယောက်က သူ့ တုန်ရီနေသည့် အသံနှင့် မေးလိုက်၏။

“ အထင်လွဲနေတာလား “ အနက်ရောင်ဝတ်ရုံဝတ်ထားသည့် လူငယ်၏ မျက်လုံးများက သူ့ရှေ့က အကျည်းတန်သည့် မျက်နှာများကို မမြင်ချင်သလို မှိတ်ထားဆဲပင်ဖြစ်သည်။ သူက သူ့ရဲ့ အေးစက်စက်လေသံနှင့် “ကျုပ်က ဒက်စ်လာ ချမ်းဘော့ဒ် ရဲ့ ရွှေသူတော်စင် ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အေးရိစ်ရဲ့ ရွှေသူတော်စင်ပဲ အထင်လွဲမှုတစ်ခု ရှိတယ်လို့ မင်းထင်လား ”

“ ရွှေသူတော်စင်လား ”

“ သူတို့ထဲက တစ်ယောက်လား ”

“ အဲဒီ ညစ်ပတ်တဲ့ ချမ်းဘော့ဒ်သား တွေလား ”

“ သူတို့က တကယ်ကို ချမ်းဘော့ဒ်သားတွေပဲ အံ့သြစရာမရှိပါဘူး... အဲဒီကောလာဟလတွေက တကယ်ဖြစ်နိုင်မှာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ချမ်းဘော့ဒ် ဘုရင်မှာ သူ့ရဲ့လက်အောက်မှာ ထူးခြားတဲ့စွမ်းရည်တွေရှိတဲ့ အစွမ်းထက်တဲ့ သခင် ၁၂ ယောက် တကယ်ရှိလား ဘယ်လိုလုပ်... ဒါဘယ်လိုဖြစ်နိုင်မှာလဲ “

နယ်ခြားမှ လအဆင့် လက်ရွေးစင်များ အံ့ဩသွားကြသည်။

ထက်မြက်သည့်သူများက အခြေအနေ၏ပြင်းထန်မှုကို သဘောပေါက်ပြီးသားဖြစ်သည်။

ချမ်းဘော့ဒ် ဘုရင်လက်အောက်က သခင်တွေက ဒီလောက်အစွမ်းထက်နေပြီဆိုပါက ချမ်းဘော့ဒ် ကို ဖျက်ဆီးရန် သူတို့ရည်မှန်းချက်က အကောင်အထည်မပေါ်နိုင်ပေ။ သူတို့သွားပါက သူတို့ရဲ့အသက်အန္တရာယ်ရှိနိုင်ပေသည်။ သူတို့ရှေ့မှာရှိတဲ့အရာအားလုံးက ချမ်းဘော့ဒ်သား တွေဟာ သူတို့ရဲ့အစီအစဉ်က ဘာလဲဆိုတာ သိပြီးသားဖြစ်ပြီး ကောင်းကောင်းပြင်ဆင်ထားသည်ဆိုခြင်းကို ပြသနေသည်။ ချမ်းဘော့ဒ်သာူ တွေက သူတို့ရဲ့အစွမ်းအစကို သိပြီးနောက် သူတို့ကို ချုံခိုတိုက်ခိုက်ရဲတဲ့အတွက် ချမ်းဘော့ဒ်သား တွေ ဘယ်လောက်ယုံကြည်မှုရှိလဲ ချမ်းဘော့ဒ်သား တွေရဲ့အမြင်မှာ သူတို့ ဘယ်လောက်အားနည်းလဲဆိုတာ ပြသနေသည်။

ဒီအလက်ဇန္ဒရို နှင့်အတူ ပါလာသည့် ဤလူတွေအားလုံးက စိတ်ဓာတ်ပျော့ညံ့သူများဖြစ်သည်။ သူတို့အားလုံးဟာ လအဆင့် လက်ရွေးစင်များ ဖြစ်သော်လည်း စိတ်ဓာတ်ကတော့ သိပ်မခိုင်မာချေ။ မမျှော်လင့်ထားသည့် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့အားလုံး ဆုတ်ခွာချင်ကြသည်။

နေအဆင့်အရှင်သခင် အယ်လ်ဘီဒါ က အခြေအနေပြောင်းလဲမှုကို သိရှိပြီး တိတ်ဆိတ်နေ၍မရတော့ကြောင်း သိရှိကာ စိတ်ဓာတ်ကို လှုံ့ဆော်ရန်ပြင်လိုက်သည်။ သူက “ ဟွန်း မင်းတို့က လူရွှင်တော်အနည်းငယ်ပဲ မင်းတို့ ငါတို့ကို ဘယ်လိုတားရဲတာလဲ ချမ်းဘော့ဒ် ရဲ့ ရွံရှာဖွယ်ကောင်းပြီး ရှက်ရွံ့မှုမရှိတဲ့ ဘုရင် ဒီနေ့ ငါ့ရှေ့မှာ ရှိနေရင်တောင်မှ သူဒီကနေ အသက်ရှင်လျက် ထွက်သွားလို့ မရဘူး ဝိညာဉ်စွမ်းအင်က ထူးဆန်းပေမယ့် အချိန်ကြာလာတာနဲ့အမျှ လျော့ပါးသွားမယ့် မသန့်ရှင်းတဲ့ စွမ်းအားတစ်ခုပါပဲ ဘယ်လောက်အစွမ်းထက်နိုင်မှာလဲ ငါမင်းကို အရင်သတ်ပြီးမှ ကျန်တဲ့ ရွှေသူတော်စင် ၁၁ ယောက်ကို သတ်ပစ်မယ် ”

အော်ဟစ်ပြီးနောက် အစိမ်းရောင်အလင်းတန်းများသည် သူ့ခန္ဓာကိုယ်မှ အလျင်အမြန်ကြီးထွားလာသော နွယ်ပင်များကဲ့သို့ ပြေးထွက်လာကာ ၎င်းတို့သည် အနက်ရောင်ဝတ်ရုံဝတ် ဒက်စလာ ထံသို့ အစိမ်းရောင်လှိုင်းတစ်ခုကဲ့သို့ ပြေးဝင်သွားပြီး ဒက်စလာကို ဖမ်းဆီးရန် ကြိုးစားကြသည်။

ဘမ်း! ဘမ်း! ဘမ်း!

ပေါက်ကွဲမှုများစွာ ထွက်ပေါ်လာသည်။

အေးရီစ်ရွှေသူတော်စင် ဒက်စလာ မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် အာကာသသည် အေးခဲသွားကာ မမြင်ရသော အတားအဆီးနံရံတစ်ခု ပေါ်လာသည်နှယ်ခံစားလိုက်ရသည်။ သို့သော် ထိုနံရံများသည် အစိမ်းရောင်နွယ်ပင်တန်းအလင်းတန်းများကို မပိတ်ဆို့နိုင်ဘဲ အားလုံးပြိုကွဲသွားခဲ့သည်။ ထို့နောက် အစိမ်းရောင်အလင်းတန်းများသည် ဒက်စလာ ထံသို့ ဆက်လက်ပြေးဝင်လာသည်။

ဒက်စလာ ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏မျက်ခုံးများသည် ပို၍ပင် ကျုံ့သွားသည်။ မမြင်ရသော ဝိညာဉ်စွမ်းအင်လှိုင်းများသည် သူ့ခန္ဓာကိုယ်မှ ပြေးထွက်လာပြီး ဝိညာဉ်စွမ်းအင်အတားအဆီးများစွာကို ဖိအားပေးခဲ့သည်။

သူသည် [သင်းရနံ့ပင်လယ်] တွင်တည်ရှိသော [သွေးအပြစ်သား] ကျွန်းပေါ်ရှိ လူငယ်တစ်ဦးဖြစ်ပြီး သူရဲကောင်းတစ်ဦး၏ မျိုးဆက်ဖြစ်သည်။ သူသည် သူ့မိသားစုနှင့် သူချစ်မြတ်နိုးရသူများ၏ အသက်ကို ဆုံးရှုံးခဲ့ရသော်လည်း အရေးကြီးသောအချိန်တွင် ဖေး မှ ကယ်တင်ခြင်းခံရကာ ဘုရင်က သူ့ကို ဝိညာဉ်စွမ်းအင်နည်းစနစ်များကို သင်ကြားပေးခဲ့ပြီး အားနည်းသောလူငယ်မှ လအဆင့်လက်ရွေးစင် အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

ဒက်စလာ ၏ရှုထောင့်မှကြည့်လျှင် ဖေး သည် သူ၏ကံကြမ္မာကို လုံးဝပြောင်းလဲခဲ့ပြီး ဘုရင်အား သူသေဆုံးသွားလျှင်ပင် ကာကွယ်ပေးရမည့် ဖခင်တစ်ဦးအဖြစ် မြင်ခဲ့သည်။ ထို့ကြောင့် ဤ လအဆင့်လက်ရွေးစင် များက ချမ်းဘော့ဒ် အပေါ် ပြောဆိုသော စော်ကားသည့်မှတ်ချက်များကို ကြားပြီးနောက် သူသည် သတ်ဖြတ်မှုကိုစတင်ကာ ဇီမန် နှင့် အိုဟင်နရီ ကို သတ်ပြီးနောက် အိုလီဗရာ ကို ဒဏ်ရာရစေပြီး ရန်သူများကို ထိတ်လန့်စေခဲ့သည်။ဤတိုက်ပွဲက ဝိညာဉ်စွမ်းအင်ကို ကျွမ်းကျင်လာပြီးနောက်ပိုင်း ဒက်စလာ ပါဝင်ခဲ့တဲ့ ပထမဆုံးတိုက်ပွဲဖြစ်သည်။

သူက ဆန်းသစ်လ အဆင့်ခုနှစ် တွင်သာရှိသော်လည်း မာစတာသုံးယောက်ကို ဆက်တိုက်အနိုင်ယူနိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအင်၏ ထူးဆန်းမှုနှင့် စွမ်းအားကို အပြည့်အဝပြသနိုင်ခဲ့သည်။ ရွှေသူတော်စင်တစ်ယောက်အဖြစ် သူ့ရဲ့ဘွဲ့ဟာ ထိုက်တန်ပြီး ပီယာစ်၊ ဒရော့ဘာ နှင့် လမ်းပတ် တို့လို ချမ်းဘော့ဒ်၏ နာမည်ကြီးသူရဲကောင်းများနှင့် ယှဉ်ပြိုင်နိုင်ပေသည်။

သို့သော် ဝိညာဉ်စွမ်းအင်က ထူးခြားသည့်တိုင် သူ့နယ်ပယ်က နေအဆင့်နှင့် ဝေးကွာသေးသည်။ သွေးကြောပုံစံ အစိမ်းရောင်အလင်းတန်းများက သူ့ရဲ့ဝိညာဉ်စွမ်းအင်နံရံတွေကို ဆက်လက်ဖြိုခွင်းနေပြီး အစိမ်းရောင်နွယ်ပင်များ၏ ချွန်ထက်သည့်ထိပ်ဖျားများက ဒက်စလာ ၏နဖူးကို ထိလုနီးပါးဖြစ်နေသည်။

End

အခန်း ၁၀၂၃: ချမ်းဘော့ဒ်မှ ဆရာသခင်များ (အပိုင်းတစ်)

ဒတ်စ်စလာသည် သူ၏ဝိညာဉ်စွမ်းအင်အားလုံးကို မတားဆီးဘဲ ထုတ်လွှတ်လိုက်ရာ ကောင်းကင်ယံတွင် လှိုင်းလုံးများက ပွင့်လန်းနေသော ပန်းများသဖွယ် ပေါ်လာသည်။ သို့သော် သူသည် ဤအစိမ်းရောင် နွယ်ပင်ကဲ့သို့သော အလင်းတန်းများကို မပိတ်ဆို့နိုင်ခဲ့ပေ။

“ဟွန်း ပုရွက်ဆိတ်လို အမှိုက် သေစမ်း” အယ်လ်ဘီဒါ ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ပေါ်လာသည်။

သူ့ဘက်ရှိ လူများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် ချမ်းဘော့ဒ် ၏ အရှင်သခင်ကို ချက်ချင်းသတ်ရန် သူစီစဉ်နေသည်။

သူ့ဘက်ရှိ လအဆင့်စစ်သည်‌တော်များသည် ၎င်းကိုမြင်သောအခါ စိတ်လှုပ်ရှားမှုကို မခံစားဘဲ မနေနိုင်ပေ။

ရွှီး

ဤအချိန်တွင် အပြာရောင်မြားတစ်စင်းသည် ကောင်းကင်ကိုဖြတ်၍ ပြေးလာသည်။

ထိုနေရာရှိ အပူချိန်သည် သိသိသာသာ ကျဆင်းသွားပြီး ရေခဲများ ရုတ်တရက် ထွက်ပေါ်လာ၏။ မကြာမီတွင် အက်ကွဲသံများ ထွက်ပေါ်လာပြီး စိုစွတ်သောလေမှ နှင်းပွင့်များ စုပုံလာသည်။ ကောင်းကင်မှ နှင်းပွင့်များ မကျဆင်းမီ ၎င်းတို့သည် အတူတကွ စုပုံပြီး ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားကာ ဥက္ကာပျံများကဲ့သို့ အောက်သို့ ပြုတ်ကျလာ၏။

မဖျက်ဆီးနိုင်သော အစိမ်းရောင် သွေးကြောကဲ့သို့ အလင်းတန်းများသည် ဤကြောက်မက်ဖွယ်ကောင်းသော အအေးဒဏ်တွင် ကျိုးပဲ့သွားခဲ့သည်။

“ ခလွမ်း ခြွမ်း “

အပိုင်းပိုင်းကွဲသွားသော အဆိပ်ပြင်းမြွေများကဲ့သို့ပင် အလင်းတန်းများသည် တစ်နည်းနည်းဖြင့် အေးခဲပြီး အပိုင်းပိုင်းကွဲသွားကာ ၎င်းတို့တွင်ပါရှိသော စွမ်းအင်ကို ချက်ချင်းဆုံးရှုံးသွားသည်။

သို့သော် ထိုအပြာရောင်မြားသည် စွမ်းအင်အပြည့်ဖြင့် ရှိနေဆဲဖြစ်ပြီး အယ်လ်ဘီဒါထံသို့ လျင်မြန်စွာ ပြေးသွားကာ ဤနေမင်းအတန်းစား သခင်၏ ညာဘက်ပခုံးကို ချက်ချင်းထိုးဖောက်သွားသည်။

“ဘမ်း” သွေးနှင့် ကွဲအက်နေသော အသားများသည် အယ်လ်ဘီဒါ၏ ညာဘက်ပခုံးမှ လွင့်စင်သွားသည်။

“အာ... မင်း...” အယ်လ်ဘီဒါသည် ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။ ဤမြားမှ သေခြင်းကို သူခံစားလိုက်ရသည်။

သူ၏ အပြည့်အဝအင်အားကို ထုတ်မသုံးဘဲ ရသမျှအရာအားလုံးဖြင့် ရှောင်တိမ်းရန် မကြိုးစားပါက သူ့လည်ချောင်းကို ထိုးဖောက်သွားလိမ့်မည်။

၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော မြားတစ်စင်းဖြစ်သည်။

နေအဆင့် သခင်တစ်ဦးအနေဖြင့် သာမန်မြားများသည် သူ့ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ဘဲ မြားပစ်ကျွမ်းကျင်မှုများသည်လည်း သူ့ကို အန္တရာယ်မပြုနိုင်ပေ။ သို့သော် ထိုအပြာရောင်မြားသည် အခြားအရာတစ်ခုဖြစ်သည်။ အလွန်အေးစက်မှုအပြင် သဘာဝတရား၏ ဥပဒေများလည်း ပါဝင်သည်။ အယ်လ်ဘီဒါအပေါ် ကြီးကျယ်ခမ်းနားသည့် အင်အားတစ်ခုက ချည်နှောင်ထားပြီး သေစေနိုင်သော အာရုံခံစားမှုကသာ သူ့ရဲ့ အလားအလာကို မလှုံ့ဆော်ပေးပါက၊ အရေးအကြီးဆုံးအချိန်မှာ ရှောင်တိမ်းဖို့ တွန်းအားမပေးပါက ယခုအချိန်တွင် သူက အလောင်းတစ်လောင်း ဖြစ်နေပေလိမ့်မည်။

နေအဆင့် အရှင်သခင်များတွင် ပြင်းထန်သည့် စွမ်းအားရှိသော်လည်း ဤမြားက အသက်စွမ်းအားကို ထိုးဖောက်ဝင်ရောက်သွားပါက သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပါချေ။

အယ်လ်ဘီဒါ အချိန်မီ ရှောင်တိမ်းပြီး သေမင်းဆီကနေ လွတ်မြောက်ခဲ့သော်လည်း သူ့ ညာဘက်ပခုံးက ဒဏ်ရာရနေဆဲဖြစ်ကာ ကြောက်စရာကောင်းသည့် အေးခဲ စွမ်းအင်တစ်ခုက သူ့ရဲ့ စွမ်းအင်လမ်းကြောင်းထဲသို့ စီးဝင်‌နေသည်။ ထို အပြာရောင်ဖျော့ဖျော့ နှင်းခဲစွမ်းအင်ဟာ သူ့လက်မောင်းတစ်လျှောက် စီးဆင်းကာ အေးခဲသွားစေခဲ့ပြီး သူ့ မှော်သံချပ်ကာသည်လည်း အလွန်အေးခဲမှုအောက်တွင် ကွဲအက်လာကာ ခြောက်သွေ့သည့် သစ်ခေါက်လို ပြုတ်ကျသွားသည်။

“ ဒီအမျိုးသမီးကလည်း နေအဆင့်အရှင်သခင်ပဲလားဟ “

အေးခဲ စွမ်းအင်ထဲတွင် ပါဝင်သည့် သဘာဝတရား၏ ဥပဒေသများကို ခံစားမိပြီးနောက် အယ်လ်ဘီဒါဟာ ထိုလှပသည့်အမျိုးသမီးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ ဆံပင်ရှည်နီနီတွေကို မြင်းမြီးပုံစံ စည်းထားပြီး အနီရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးထံမှ အန္တရာယ်ကို သူ ခံစားမိပေမယ့် သူ မယုံနိုင်ပါ။ သူ့ အလိုလိုသိစိတ်က မှန်ကန်ပြီး ထိုအမျိုးသမီးက နေအဆင့် အရှင်သခင်တစ်ဦးပင်ဖြစ်သည်။

“ဒီနေ့ ဒုက္ခရောက်ပြီ...” အယ်လ်ဘီဒါက သူ့ဘာသာသူ တွေးလိုက်၏။

သို့သော်လည်း အယ်လ်ဘီဒါကို တုံ့ပြန်သည်က နောက်ထပ်မြားတစ်စင်း၊ အနီရောင်မြားတစ်စင်းဖြစ်သည်။

မီးမြားတစ်စင်း!

ထိုလှပသည့်အမျိုးသမီးက မီးနဲ့ရေခဲ မှော်စွမ်းအင်နှစ်မျိုးကို ကျွမ်းကျင်လိမ့်မည်လို့ ဘယ်သူမှ မမျှော်လင့်ထားပါ။

ချက်ချင်းပင် လေထဲမှ အေးစက်စက်စွမ်းအင်များ ပျောက်ကွယ်သွားပြီး ကောင်းကင်မှ ကျလာသည့် ရေခဲတုံးများက အဖြူရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ထို ကြောက်စရာကောင်းသည့် အပူလှိုင်းများက အယ်လ်ဘီဒါထံ တိုက်ခတ်လာပြီး နေတစ်စင်း သူ့ရှေ့မှာ ပေါ်လာသလို ခံစားစေကာ လအတန်းစား လက်ရွေးစင်သခင်များအနေနှင့် သူတို့၏ ဆံပင်များခြောက်သွေ့တွန့်လိမ်လာသည်ကို ခံစားလိုက်ရသည်။

အအေးမှ အပူသို့ ပြောင်းလဲခြင်းက ထင်ရှားသော ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။

ဒက်စ်လာ၏ ဝိညာဉ်စွမ်းအင်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အိုလီဗရာဟာ အနည်းငယ် သက်သာလာပြီး ထိန်းထားဖို့ ကြိုးစားနေသော်လည်း အပူချိန် သိသိသာသာ ပြောင်းလဲလာသဖြင့် အတောင်ကျိုး စွန်တစ်ကောင်သဖွယ် အော်ဟစ်ပြီး ကောင်းကင်မှ ပြုတ်ကျသွားသည်။

All Chapters