← Chapters

အခန်း (၁၀၂၃)

Vol. 68 Ch. 1023

အခန်း (၁၀၂၃)

Vol. 68 Ch. 1023

အခန်း ၁၀၂၃: ချမ်းဘော့ဒ်မှ ဆရာသခင်များ (အပိုင်းနှစ်)

နေအဆင့်အရှင် အယ်လ်ဘီဒါလည်း အံ့အားသင့်သွားကာ အော်ဟစ်လိုက်သည်။ နောက်မဆုတ်ရဲဘဲ သူ၏ စစ်သည်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသော အစိမ်းရောင်အလင်းသည် ကောင်းကင်၏ တစ်ဝက်ကို ဖုံးလွှမ်းသွားသည်။

သူသည် သစ်သားဒြပ်စင် စစ်သည်စွမ်းအင်ကို ပြုစုပျိုးထောင်ခဲ့ပြီး ၎င်းသည် သူ့အား အားကောင်းသော အသက်ဓာတ်နှင့် ပိုမိုမြန်ဆန်သော ပြန်လည်ကောင်းမွန်လာမှုအမြန်နှုန်းကို ရရှိစေခဲ့သည်။ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်နှင့်အမျှ သူ၏ ညာဘက်ပခုံးရှိ အပြာရောင်ဖျော့ဖျော့ အေးစက်သော စွမ်းအင်သည် အစိမ်းရောင်အလင်း၏ ဖုံးလွှမ်းမှုအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် သူ၏ ညာဘက်ပခုံးမှ အသားများပေါ်ပေါက်လာပြီး ၎င်းတို့တွင် ကိုယ်ပိုင်အသက်များ ရှိလာသကဲ့သို့ အရိုးများ၊ အသားများနှင့် အရေပြားအသစ်များကို လျင်မြန်စွာ ဖန်တီးပေးခဲ့သည်။

စက္ကန့်အနည်းငယ်အတွင်း လက်အသစ်တစ်ခု ပေါက်လာပြီး အယ်လ်ဘီဒါ ပြန်လည်ကောင်းမွန်လာခဲ့သည်။

နေအဆင့်အရှင်သခင်များသည် သဘာဝတရား၏ ဥပဒေများကို နားလည်ပြီး ၎င်းတို့တွင် မှော်ဆန်သော စွမ်းရည်များ ရှိသည်။ ၎င်းတို့၏ အရိုးများ၊ အသားများနှင့် အတွင်းပိုင်းအင်္ဂါများကို အကြိမ်ပေါင်းများစွာ သန့်စင်ခဲ့ပြီး ပုံမှန်ထက် များစွာပိုမိုအစွမ်းထက်သောကြောင့် ၎င်းတို့သည် ပြန်လည်မွေးဖွားနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ အထူးသဖြင့် သစ်သားဒြပ်စင်အရှင်သခင်များဖြစ်သည်။ ၎င်းတို့သည် အခြား နေအဆင့်အရှင်သခင် များနှင့် နှိုင်းယှဉ်ပါက ပိုမိုအားကောင်းသော အသက်ဓာတ်နှင့် ပိုမိုမြန်ဆန်သော ပြန်လည်ကောင်းမွန်လာမှုအမြန်နှုန်းရှိပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အချိန်တိုအတွင်း ပြန်လည်ကြီးထွားစေရန် မခက်ခဲ‌ချေ။

ပြန်လည်ကောင်းမွန်လာပြီးနောက် အယ်လ်ဘီဒါ သည် ရူးသွပ်သကဲ့သို့ လျင်မြန်စွာ ရွေ့လျားလာခဲ့သည်။ သူသည် အာကာသအတွင်း ဆက်လက်ခရီးသွားလာပြီး သဘာဝတရားများကို အသုံးပြု၍ အကွာအဝေးတိုလေးတွင် နေရာကူးပြောင်းခြင်း လုပ်ကာ ထိုကြောက်မက်ဖွယ်ကောင်းသော မီးမြားကို ရှောင်ရှားခဲ့သည်။ မြားတွင်ပါဝင်သော မယုံနိုင်လောက်အောင် များပြားသော အပူနှင့် ဆွဲငင်အားသည် သူ့ကို အံ့အားသင့်စေပြီး ၎င်းကို တိုက်ရိုက်တိုက်ခိုက်ရန် မဝံ့မရဲဖြစ်ခဲ့သည်။

အံ့သြဖွယ်ကောင်းပြီး အံ့မခန်းတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုလှပသော အမျိုးသမီးသည် သူမနေရာတွင် ရပ်နေပြီး သူမ၏လေးကို ဆွဲကာ တည်ငြိမ်သောအမူအရာဖြင့် ဒြပ်စင်ဂုဏ်သတ္တိအမျိုးမျိုးရှိသော မြားများကို ပစ်ခတ်ခဲ့သည်။ သူမသည် လျှို့ဝှက်ဆန်းကြယ်သော စည်းချက်ကို လိုက်နာနေပြီး မြားများသည် ကောင်းစွာတိုင်းတာထားသော အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။ ၎င်းတို့တွင်ပါဝင်သော အစွမ်းထက်သည့် စွမ်းအင်ဖြင့် မြားများသည် ကောင်းကင်တွင် ထူးဆန်းသော မျဉ်းကြောင်းများ ဖြစ်ပေါ်စေကာ အယ်လ်ဘီဒါထံ ပြေးဝင်သွား၏။

အန်ဂျီအင်ပါယာမှ ဤ နေအဆင့်အရှင်သခင် သည် အဆက်မပြတ် ဟိန်းဟောက်ပြီး မြားများ၏ ပစ်မှတ်မှ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“ သူတို့ကို သတ်ပစ် ဘုရင်မင်းမြတ်က အမိန့်ပေးထားတာ သူတို့ထဲက ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပေးနဲ့ “

ချောမောပြီးမိန်းမဆန်ဆန် လှပသည့် လူငယ်လေးက တိတ်ဆိတ်စွာ ရပ်နေသည့်။ သူက သူ့လက်ကို ဖြန့်လိုက်ရာတွင် သူ့လက်ဖဝါးတွင် ထူးဆန်းသည့်ပုံသဏ္ဍာန်ရှိသော အနက်ရောင်ဓားတစ်ချောင်း ပေါ်လာသည်။ နောက်တစ်ခဏတွင်တော့ သူဟာ လေထဲမှာ ပျောက်ကွယ်သွားသလို လက္ခဏာမပြဘဲ ပျောက်ကွယ်သွားခဲ့သည်။ လေထု၏ အရိပ်အယောင်တောင် မကျန်တော့ဘဲ ထိုလူငယ်လေးဟာ ဤနေရာတွင် မရှိခဲ့သည့်နှယ် ပျောက်ကွယ်သွားသည်။

လုပ်ကြံသတ်ဖြတ်မှုစွမ်းရည်၊

“သတိထား ဒီလူငယ်လေးက လူသတ်သမားတစ်ယောက်ပဲ ချမ်းဘော့ဒ် ဘုရင်ရဲ့အမိန့်အောက်က ကြောက်စရာကောင်းတဲ့ လူသတ်သမားတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်...” အစကတည်းက စိုးရိမ်နေသည့် ငွေရောင်ဆံပင်နှင့် သခင်က သူ့အပေါင်းအဖော်များကို သတိပေးဟစ်အော်လိုက်သည်။

ကံမကောင်းစွာပင် သူ့သတိပေးချက်က နည်းနည်းနောက်ကျသွားသည်။

မိန်းမဆန်ဆန်ချောမောသော အနက်ရောင်ဝတ် လူငယ်လေး ပျောက်ကွယ်သွားသည်နှင့် ကျူးကျော်သူ လအဆင့်အရှင်သခင်တစ်ယောက်နားတွင်ပြန်ပေါ်လာသည်။

အသက်လေးဆယ်ကျော်အရွယ် မုတ်ဆိတ်မွေးများနှင့် လအဆင့် တစ်ယောက်က သူ့လည်ပင်းကို လက်နှင့်အုပ်ပြီး လည်ပင်းပြတ်သွားသည့် တိရစ္ဆာန်တစ်ကောင်လို တိုးတိုးလေး ဟိန်းဟောက်လိုက်သည်။ သူ ရုန်းကန်နေတုန်းမှာပင် သူ့မျက်လုံးထဲတွင် မီးခိုးရောင် အရိပ်အယောင်များ‌ပေါ်လာသည်။

ဘာတွေဖြစ်နေမှန်း သူသတိမထားမိခင်မှာပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

လအဆင့်များ၏ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းက နေအဆင့်အရှင်သခင်ထက် အများကြီး နိမ့်ကျပြီး အသားနှင့် အရိုးများ ချက်ချင်းပြန်မပေါက်နိုင်‌ချေ။ လည်မျိုက လူ့ခန္ဓာကိုယ်၏ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်းသဖြင့် ထိုလူသာအစွမ်းထက် ဆေးဖက်ဝင်အပင်များ မရှိပါက သိူ့မဟုတ် မှော်ဆန်‌ေသာကုသမှု မခံယူပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။

“ မြန်မြန်ကယ်ပါဦး “ တစ်ယောက်က အရူးအမူးအော်သည်။

သို့သော်လည်း အမှောင်ထဲမှ လုပ်ကြံသတ်ဖြတ်သူက အခွှင့်အရေးမပေးချေ။

ရုတ်တရက် အနက်ရောင်အရိပ်တစ်ခု ဖြတ်သွားပြီး လအဆင့်လက်ရွေးစင်၏ ရင်ဘတ်တွင် သွေးစွန်းဒဏ်ရာတစ်ခု ပေါ်ထွက်လာသည်။

ဘမ်း! သွေးစွန်းနေသည့် အပေါက်ကြီးတစ်ခု ပေါ်လာပြီး သူ့နှလုံးသား ပေါက်ကွဲသွားသည်။ ဤကဲ့သို့ အသက်အန္တရာယ်ရှိသော ဒဏ်ရာက သူ့ကို စိတ်ပျက်အားငယ်စေပြီး ပြန်လမ်းမရှိအောင် ဖြစ်သွားစေသည်။

ဒဏ်ရာမှ သွေးများစီးကျနေပြီး အလောင်းက မြေပြင်ပေါ်ကို လဲကျသွားသည်။

“ဟားဟား [ငရဲရဲ့ထိတွေ့မှု] ရဲ့ရိတ်သိမ်းမှုကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး ငါ့ဓားအောက်မှာ ဝိညာဉ်တွေပဲရှိတယ် သနားကြင်နာမှုမရှိဘူး ” မိန်းမချောချောသော လူငယ်လေး၏ ဟစ်ကြွေးသံက ထွက်ပေါ်လာသည်။

End

All Chapters