← Chapters

အခန်း (၁၇၆၇)

Vol. 127 Ch. 1769

အခန်း (၁၇၆၇)

Vol. 127 Ch. 1769

အခန်း(၁၇၆၇)

တာအိုပညာရှင်ယုရွှမ်းက ယခု ကြီးမားစွာ နောင်တရသွားသည်။

ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည်လည်း ဤအခိုက်အတန့်မှာ နောင်တရသွားကြသည်။

ဤတစ်ကြိမ် မှော်အဆောင်သခင်များစုဝေးပွဲက မည်သည့်အတွက်နည်း။

ယင်းမှာ မှော်အဆောင်အမွေအနှစ်တုံကင်ကို သူတို့နားမလည်နိုင်သောကြောင့် မဟုတ်ပါလော။ သို့တိုင် သူတို့က ထိုမှော်အဆောင်အမွေအနှစ်တုံကင်ကို အလဟဿ မစွန့်ပစ်ချင်ကြပေ။

အကယ်၍ သူတို့သာ ထိုမှော်အဆောင်အမွေအနှစ်တုံကင်ကို ထိန်းချုပ်နိုင်မည်ဆိုလျှင် ယခုကဲ့သို့ အနယ်နယ်အရပ်ရပ်မှ မှော်အဆောင်သခင်များကို စုဝေးလိမ့်မည်လော။ ထိုစုဝေးပွဲအတွက် သူတို့က လူအင်အားအများကြီးနှင့် အရင်းအမြစ်အများကြီးကို အကုန်အကျခံခဲ့ရသည်။

ဤစုဝေးပွဲက မှော်အဆောင်အမွေအနှစ်တုံကင်ကို တခြားလူများဖြင့် မျှဝေရန် ရည်ရွယ်သည်။

အကယ်၍ သူတို့သာ ဟန်မူယဲ့က မှော်အဆောင်အမွေအနှစ်တုံကင်ကို ထိုသို့အလွယ်တကူ နားလည်နိုင်ကြောင်း သိခဲ့လျှင် ဟန်မူယဲ့တစ်ယောက်တည်းကို ဖိတ်ခေါ်၍ မှော်အဆောင်အမွေအနှစ်တုံကင်အကြောင်း တိတ်တဆိတ် ဆွေးနွေးကြလိမ့်မည်။

သို့သော်လည်း ယခုတော့ အရာအားလုံးက ဧည့်ကြိုဌာန၏ တပည့်ခေါင်းဆောင်ကြောင့် ပျက်စီးသွားသည်။ ထိုအကောင်က မှော်အဆောင်သူတော်စင်ဟန်မူယဲ့ကို သူတို့၏ ဂိုဏ်းထဲ မဝင်ရောက်ရန် တားဆီးခဲ့သည်။

“ အဲ့ဒီယွမ်ထိုင်က သတ္ထုတွင်းမှာလား ”

“ သတ္ထုတွင်းမှာ အလုပ်ကြမ်းလုပ်တာက သူ့အတွက် အပြစ်ဒဏ်သေးလွန်းတယ် ”

ထျန်းရွှမ်တာအိုဂိုဏ်းမှ အကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အံတင်းတင်းကြိတ်၍ ပြောလိုက်ကြသည်။

“ အဟန့်… အဟွတ်… ကျေးဇူးတင်ပါတယ် သူတော်စင်ဟန် ”

ဟန်မူယဲ့က သူ့နေရာဆီသို့ ပြန်သွားကြောင်း တာအိုပညာရှင်ယုရွှမ်း မြင်သောအခါ သူက ဟန်မူယဲ့ကို အရိုအသေပေးလိုက်ပြီး ပြောသည်။

ဟန်မူယဲ့က ဤအတောအတွင်းမှာ ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲ၌ တံခါးပိတ်ကျင့်ကြံခဲ့ပြီး ထျန်းရွှမ်းတာအိုဂိုဏ်းနှင့် မဆက်သွယ်ခဲ့ပေ။ ယင်းက တာအိုပညာရှင်ယုရွှမ်းကို အရှက်ရစေသည်။

သို့သော် သူမည်သို့တတ်နိုင်မည်နည်း… ။

မှော်အဆောင်သူတော်စင်ဟန်ကို ဂိတ်ပေါက်ဝမှ မောင်းထုတ်ပစ်ခဲ့သည့်လူက သူတို့မဟုတ်ပါလော… ။

“ ကျေးဇူးတင်ပါတယ်… သူတော်စင်ဟန် ”

အောက်ဘက်မှ မှော်အဆောင်သခင်များက ပြုံးလိုက်ကြပြီး ဟန်မူယဲ့ကို အရိုအသေပေးလိုက်ကြသည်။

မှော်အဆောင်အမွေအနှစ်တုံကင်အပေါ် ဟန်မူယဲ့၏ ရှင်းပြချက်က သူတို့အား မှော်အဆောင်ကို ထိန်းချုပ်နိုင်စေမည့် အခွင့်အရေးကို ပိုမိုတိုးပွားစေသည်။

“ လူကြီးမင်းတို့ခင်ဗျာ… သူတော်စင်ဟန်က မှော်အဆောင်အကြောင်း ရှင်းပြပြီးပြီဆိုတော့ ခင်ဗျားတို့ထဲက ဘယ်သူက ဒီအမွေအနှစ်ကို အောင်မြင်စွာ ရရှိနိုင်မလဲ ကြည့်ကြည့်ရအောင် ”

တာအိုပညာရှင်ပိုင်ကျိက မတ်တတ်ရပ်လိုက်ပြီး အပြုံးဖြင့် ပြောသည်။

“ ဒီနေ့မှာ ထျန်းရွှမ်တာအိုဂိုဏ်းက တုန်လင်းမြို့တော်ရဲ့ မှော်အဆောင်စွမ်းရည် တိုးတတ်အောင်လို့ ဒီမှော်အဆောင်အမွေအနှစ်တုံကင်ကို လူအများရှေ့မှာ ထုတ်ပြခဲ့ပါတယ် ”

တာအိုပညာရှင်ပိုင်ကျိက မျက်နှာသုန်မှုန်နေသော ထျန်းရွှမ်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ လှမ်းကြည့်လိုက်ပြီး ပြောသည်။

“ ဂိုဏ်းချုပ်ယုကျန်း… ခင်ဗျားရဲ့ ထျန်းရွှမ်တာအိုဂိုဏ်းက တကယ်ပဲ ရက်ရောလွန်းပါတယ် ”

မင်းအမေကြီးတော်ကို ရက်ရောတာလား… ။

ဂိုဏ်းချုပ်ယုကျန်းက မျက်နှာပျက်သွားသော်လည်း မည်သည့်စကားမှ ပြန်မပြောပေ။

ထို့နောက် မှော်အဆောင်သခင် တစ်ယောက်ပြီးတစ်ယောက်က ကျောက်တုံးစင်မြင့်ပေါ်သို့ တတ်သွားကြသည်။ သူတို့က အနက်ရောင်မှော်အဆောင်ကို ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားကြည့်ကြသည်။

အစောနက ဟန်မူယဲ့၏ ရှင်းပြမှုကြောင့် သူတို့က မှော်အဆောင်ထဲမှ လျှို့ဝှက်ချက်များကို မြန်ဆန်စွာ ရှာတွေ့သွားကြသည်။ သူတို့က ကိုယ်ပိုင်အတွေ့အကြုံများအပေါ် အခြေခံ၍ ဉာဏ်အလင်းတချို့ ရရှိသွားကြသည်။

“ ဒီမှော်အဆောင်ထဲမှာ အလျင်မှော်သင်္ကေတတွေ ပါဝင်နေတဲ့ပုံပဲ ”

ဝတ်စုံနက်ဝတ် အကြီးအကဲတစ်ယောက်က ကျောက်တုံးစင်မြင့်ပေါ်မှ ဝမ်းသာပျော်ရွှင်စွာ ပြန်ဆင်းသွားပြီး နေရာလွတ်တစ်ခုတွင် မှော်အဆောင်များ စတင်ရေးထွင်းလိုက်သည်။

“ မဟုတ်ဘူး… မဟုတ်ဘူး… ဒီမှော်အဆောင်က ရွှေလေမှော်သင်္ကေတတွေကို အပြည့်အစုံ ဖော်ထုတ်ပေးနိုင်တယ် ”

အခြားတစ်ဖက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က ဇဝေဇဝါဖြစ်သော မျက်နှာဖြင့် တီးတိုးရေရွတ်နေသည်။ သူ၏ လက်နှစ်ဖက်ထဲတွင် ရွှေရောင်အလင်းတန်းများ ယှက်ထွေနေကြသည်။

ကျောက်တုံးစင်မြင့်အောက်တွင် မှော်အဆောင်သခင်အားလုံးသည် သူတို့ရှာတွေ့ခဲ့သော အချက်အလက်များအပေါ် အခြေခံ၍ ဆင်ခြင်သုံးသပ်မှုများ ပြုလုပ်ကြသည်။

ယင်းက အတိတ်၌ ထျန်းရွှမ်တာအိုဂိုဏ်းမှ ကျင်းပခဲ့သော အရွယ်အစားသေးငယ်သည့် မှော်အဆောင်သခင်များစုဝေးပွဲနှင့် လုံးဝ ကွာခြားသည်။

အတိတ်၌ သူတို့က တုန်လင်းမြို့တော်ထဲမှ မှော်အဆောင်သခင်များကိုသာ စုဝေးခဲ့ပြီး မှော်အဆောင်အမွေအနှစ်တုံကင်ကို ဆင်ခြင်သုံးသပ်ခဲ့ကြသည်။ သို့တိုင် အဆုံးမှာ သူတို့က မည်သည့်အကျိုးအမြတ်မှ မရရှိဘဲ လမ်းမှားကိုသာ ဦးတည်ခဲ့ကြသည်။

အကယ်၍ သူတို့သာ အကျိုးအမြတ်တချို့ကို ရှာတွေ့ခဲ့မည်ဆိုလျှင် မှော်အဆောင်အမွေအနှစ်တုံကင်ကို ယခုကဲ့သို့ လူအများရှေ့မှာ ထုတ်ဖော်ပြရန် လိုအပ်လိမ့်မည်လော။

ကျောက်တုံးစင်မြင့်အောက်၌ မှော်အဆောင်သခင်များ၏ နက်နဲစွာ တွေးတောစဉ်းစားနေပုံကို မြင်သောအခါ ထျန်းရွှမ်တာအိုဂိုဏ်းမှ အကြီးအကဲများက ပိုပြီးမျက်နှာရှုံ့မဲ့သွားကြသည်။

ဟန်မူယဲ့သည် နေရာမှာ ထိုင်နေလျက် မျက်လုံးမှိတ်ထားသည်။

ဤအခိုက်အတန့်မှာ သူ၏ ဝိညာဉ်က မနားမနေ အလုပ်လုပ်နေသည်။

သူ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မှော်အဆောင်များ ထွက်ပေါ်လာကြသည်။ ထို့နောက် မှော်အဆောင်များက လွင့်ပြယ်သွားကြသည်။

အကယ်၍ သူသာ ဤနေရာမှာ ရှိမနေလျှင် သို့မဟုတ် ထိုမှော်အဆောင်များကို သူမဖိနှိပ်ထားလျှင် ယင်းတို့က သူ၏ ခန္ဓာကိုယ်ကို အထွတ်အမြတ်နယ်မြေ၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားလိမ့်မည်။

“ ဝိညာဉ်လား ”

သူ၏ စိတ်ထဲမှ မှော်အဆောင်များ၏ အရေအတွက်က အဆမတန် တိုးပွားလာသည့်အခါ ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

ထိုအံ့ဖွယ်အန္တိမတာအိုမှော်အဆောင်က မည်သို့ထူးခြားနေကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။

ရှေးခေတ်တွင် အမှန်တရားကုန်းမြေမှ ကျင့်ကြံသူများက ပုံရိပ်ယောင်လောကဆီသို့ သူတို့၏ စိတ်ဝိညာဉ် သို့မဟုတ် အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဝင်ရောက်ကြသည့်အခါ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်၏ ကာကွယ်ပေးခြင်းခံရလိမ့်မည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်က အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အထွတ်အထိပ် မှော်အဆောင်တာအိုကို ကိုယ်စားပြုသည်။ ယင်းမှာ ကောင်းကင်ဘုံတာအိုကို လှည့်စားနိုင်စွမ်းရှိသည်။

ထိုမှော်အဆောင် ကွဲထွက်သွားသည့်အခါ ယင်းက မရေမတွက်နိုင်သော မဟာတာအိုများ၏ စွမ်းအားကို ကိုယ်စားပြုလိမ့်မည်။

ထိုမှော်အဆောင် ပြန်စုဝေးသွားသည့်အခါ ယင်းက မိုးမြေတစ်စိတ်တစ်ပိုင်းကို လှုံ့ဆော်ပေးနိုင်လိမ့်မည်။

ရှေးခေတ်ကာလတွင် ပုံရိပ်ယောင်လောကထဲသို့ ဝင်ရောက်သွားကြသော ကျင့်ကြံသူများ သို့မဟုတ် တခြားလောကများဆီသို့ ဝင်ရောက်သွားကြသော ကျင့်ကြံသူများသည် အမှန်တရားကုန်းမြေဆီသို့ ပြန်ရောက်လာသည့်အခါ သူတို့၏ မှတ်ဉာဏ်များကို ပျောက်ဆုံးသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့က စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်အား ကာကွယ်ပေးနိုင်သော အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို အသုံးမပြုနိုင်သောကြောင့် ဖြစ်သည်။

ထိုမှော်အဆောင်က အလွန်ရှားပါးသည်။ ထို့ပြင် ယင်းကို သာမန်ပုဂ္ဂိုလ်များက မသန့်စင်နိုင်ကြချေ။ အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာပင် တာအိုအရှင်သခင်တချို့သာလျှင် ယင်းကို သန့်စင်နိုင်ကြသည်။

မျက်မှောက်ခေတ်၏ အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲတွင် အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်က အလွန်တန်ဖိုးကြီးမားသော အထွတ်အမြတ်ရတနာ ဖြစ်သည်။

ဟန်မူယဲ့၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မှော်အဆောင်များက ပွတ်တိုက်သွားကြပြီး အသွင်ပြောင်းလဲသွားကြသည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို ခွဲထုတ်မည်ဆိုလျှင် အနည်းဆုံး မှော်သင်္ကေတတစ်သောင်း ထွက်ပေါ်လာလိမ့်မည်။ မှော်သင်္ကေတစ်ခုစီက မဟာတာအိုစွမ်းအားကို ဆွဲယူနိုင်စွမ်းရှိသည်။

တစ်နည်းဆိုရသော် မှော်သင်္ကေတတစ်ခုစီသည် တာအိုပေါ်ထွက်ခြင်းအဆင့်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

ယင်းက တာအိုသွေဖယ်မှော်အဆောင် ဖြစ်သည်။

တာအိုသွေဖယ်မှော်အဆောင်တစ်သောင်းက အတူတကွ ပေါင်းစည်းသွားသည့်အခါ စကြာဝဠာတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။

ယင်းက အံ့ဖွယ်အန္တိမတာအိုမှော်အဆောင် ဖြစ်သည်။

“ ငါသိသွားပြီ ”

ကျောက်တုံးစင်မြင့်အောက်တွင် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ပြောလိုက်သည်။

ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်ပြီး အစောနက စကားပြောလိုက်သော မုတ်ဆိတ်ဖြူအကြီးအကဲကို ကြည့်လိုက်သည်။

“ အဲ့ဒါ တာအိုသွေဖယ်မှော်အဆောင် ”

တာအိုသွေဖယ်မှော်အဆောင်… ။

ထိုအော်သံက ကျောက်တုံးစင်မြင့်အောက်မှ လူတိုင်းကို အံ့ဩသွားစေသည်။ သူတို့က မုတ်ဆိတ်ဖြူအကြီးအကဲထံသို့ ချက်ချင်း ခေါင်းလှည့်လိုက်ကြသည်။

မှော်အဆောင်သခင်တစ်ယောက်အနေဖြင့် တာအိုသွေဖယ်အဆောင်က အထွတ်အမြတ်နယ်မြေ၏ အမြင့်ဆုံး မှော်အဆောင်နယ်ပယ်ဖြစ်ကြောင်း မည်သူက မသိဘဲနေမည်နည်း။

ထိုသို့မှော်အဆောင်တစ်ခုက ဘဝတစ်သက်တာ ကံကြမ္မာကောင်းနှင့် နှိုင်းယှဉ်နိုင်သည်။

“ အဲ့ဒါက သာမန်တာအိုသွေဖယ်အဆောင်မဟုတ်ဘူး… အဲ့ဒါက ဒဏ္ဍာရီလာ ဘိုးဘေးပြန်တာအိုသွေဖယ်အဆောင်… အဲ့ဒါက အသင်္ချေမှော်အဆောင်တွေရဲ့ မူလဇစ်မြစ်လည်း ဟုတ်တယ် ”

ကျောက်တုံးစင်မြင့်အောက်တွင် လူတိုင်းက မျက်လုံးဝင်းလက်သွားကြပြီး ကျောက်တုံးစင်မြင့်ပေါ်မှ အနက်ရောင်မှော်အဆောင်ကို စူးစိုက်ကြည့်လိုက်ကြသည်။

တာအိုပညာရှင်ယုရွှမ်းအပါအဝင် ထျန်းရွှမ်းတာအိုဂိုဏ်းမှ အကြီးအကဲများက ရုတ်တရက် မတ်တတ်ရပ်လိုက်ကြပြီး ကြီးမားလေးလံသော သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။

တခြားတပည့်များသည်လည်း အရှေ့သို့ တိတ်တဆိတ် ချီတတ်လာကြပြီး ကျောက်တုံးစင်မြင့်ကို ဝိုင်းရံလိုက်ကြသည်။

အကယ်၍ ထိုမှော်အဆောင်က ဘိုးဘေးပြန်တာအိုသွေဖယ်အဆောင် အမှန်တကယ် ဟုတ်သည်ဆိုလျှင်၊ အသင်္ချေမှော်အဆောင်များ၏ မူလဇစ်မြစ် ဟုတ်သည်ဆိုလျှင် ယင်း၏ တန်ဖိုးက စိတ်ကူးမယဉ်နိုင်အောင် ကြီးမားလိမ့်မည်။

ထိုသို့ရတနာကို သေချာပေါက် ကာကွယ်ထိန်းသိမ်းရမည်။

“ ဟား ဟား… တုန်လင်းမြို့တော်ထဲက တစ်စုံတစ်ယောက်က ဘိုးဘေးပြန်တာအိုမှော်အဆောင်ကို မှတ်မိနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”

ကျယ်လောင်သော ရယ်သံက မြေကွက်လပ်၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

ထိုအသံက ထျန်းရွှမ်တာအိုဂိုဏ်းမှ အကြီးအကဲများကို အမူအရာပြောင်းလဲသွားစေသည်။

တစ်စုံတစ်ယောက်က သူတို့သတိမထားမိဘဲ ဤနေရာသို့ ဝင်ရောက်လာနိုင်သည်လော။

အစောင့်အကြပ်တွေက ဘယ်ရောက်နေတာလဲ… ။

ကျောက်တုံးစင်မြင့်ပေါ်တွင် ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်က အပြင်လူများ သတိမထားမိစေဘဲ အချင်းမိုင်တစ်ရာအတွင်းမှ ကုန်းမြေကို ဟင်းလင်းပြင်ထဲသို့ တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့စွမ်းရည်က အထွတ်အမြတ်နယ်မြေ၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေသည်။

မဟာတာအိုစွမ်းအားထက် ကျော်လွန်သွားသော စွမ်းအား… ။

အံ့ဖွယ်ဝိညာဉ်နယ်မြေလား… ။

သို့သော် အံ့ဖွယ်ဝိညာဉ်နယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် ထိုသို့မစွမ်းဆောင်နိုင်လောက်ပေ။

“ အဲ့ဒါသူပဲ ”

မြေကွက်လပ်ထဲမှ တစ်စုံတစ်ယောက်က ထိတ်လန့်စွာ အော်ပြောလိုက်သည်။

လူတိုင်းထံမှ အကြည့်က အဝေးမှ မြန်ဆန်စွာ ချဉ်းကပ်လာနေသော ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။

ကျောက်ဖင်းဟွမ်သည် ဝတ်စုံနက်ဝတ် ကျင့်ကြံသူအုပ်စုတစ်စုကို ဦးဆောင်၍ ချဉ်းကပ်လာသည်။ သူက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲတွင် ဟန်မူယဲ့နှင့် မှော်အဆောင်စွမ်းရည် ယှဉ်ပြိုင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။

“ ထျန်းဖူနန်းတော်က အတိတ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ တာအိုမှော်အဆောင်ကို ပြန်သိမ်းယူဖို့ ရောက်လာပြီ… မဆိုင်တဲ့လူတွေ အနောက်ဆုတ်နေကြ ”

ကျောက်ဖင်းဟွမ်က အော်ပြောလိုက်သည်။ မှော်အဆောင်အလွှာများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။

ထိုမှော်အဆောင်များ ထွက်ပေါ်လာသည့်အခါ ကျောက်တုံးစင်မြင့်ပေါ်မှ အနက်ရောင်မှော်အဆောင်က တုန်ယင်သွားပြီး မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

မှော်အဆောင်သခင်လူအုပ်ကြီးက အသက်မသွင်းနိုင်ခဲ့သော အနက်ရောင်မှော်အဆောင်သည် ကျောက်ဖင်းဟွမ်၏ ရောက်ရှိလာမှုကြောင့် နိုးထလာသည်။

ဖြစ်နိုင်သည်မှာ ထိုမှော်အဆောင်က ထျန်းဖူနန်းတော်၏ ပိုင်ဆိုင်မှုလော။

ဟန်မူယဲ့၏ အကြည့်က ကျောက်ဖင်းဟွမ်၏ ခန္ဓာကိုယ်တစ်ဝိုက်မှ မှော်အဆောင်များပေါ်သို့ ကျရောက်သွားသည်။

ယင်းတို့က အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ မှော်အဆောင်များ မဟုတ်ကြချေ။ သို့သော် ယင်းတို့ဆီမှာ တူညီသော လက္ခဏာများ ရှိကြသည်။

ကျောက်တုံးစင်မြင့်ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားနေသော ကျောက်ဖင်းဟွမ်က ဟန်မူယဲ့ကို မြင်တွေ့သွားသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။

“ တာအိုရောင်းရင်းဟန်… ကျုပ်တို့ ထပ်တွေ့ကြပြီ ”

သူက ဟန်မူယဲ့ကို ကြည့်၍ ဂါရဝပြုလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ တာအိုရောင်းရင်းဟန်ရဲ့ မှော်အဆောင်စွမ်းရည်က ကျုပ်ရဲ့ လေးစားမှုနဲ့ ထိုက်တန်ပါတယ် ”

“ ထျန်းဖူနန်းတော်ဆီ ကျုပ်နဲ့ လိုက်ခဲ့ပါ… ခင်ဗျားရဲ့ အရည်အချင်းအရ ခင်ဗျားက နန်းတော်ထဲက အကြီးအကဲတွေရဲ့ တန်ဖိုးထားခံရပြီး ကောင်းကင်ဘုံသားတော်တစ်ပါး ဖြစ်လာလိမ့်မယ် ”

ကောင်းကင်ဘုံသားတော်လား… ။

ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။

“ တကယ်လို့ ကျုပ်ငြင်းဆန်မယ်ဆိုရင်ရော ”

ကျောက်ဖင်းဟွမ်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ထျန်းဖူနန်းတော်က မှော်အဆောင်ပါရမီရှင်တွေကို အပြင်လောကမှာ လွတ်လွတ်လပ်လပ် ကြီးထွားဖို့ ခွင့်မပြုဘူး ”

All Chapters