← Chapters

အခန်း (၁၇၇၅)

Vol. 127 Ch. 1775

အခန်း (၁၇၇၅)

Vol. 127 Ch. 1775

အခန်း(၁၇၇၅)

တောအုပ်ထဲတွင် ဟန်မူယဲ့သည် အနက်ရောင်သစ်သားတောင်ဝှေးကို သူ၏ လက်ထဲမှာ တည်ကြည်လေးနက်စွာ ဆုပ်ကိုင်ထားသည်။

ထိုသစ်သားတောင်ဝှေးက သာမန်ဖြစ်ပုံပေါ်သည်။ သို့သော်လည်း ထိုတောင်ဝှေးအတွင်းဝယ် အံ့ဖွယ်အန္တိမစွမ်းအားက သမုဒ္ဒရာတစ်စင်းနှယ် ပေါများလှ၏။

ဟန်မူယဲ့က သူ၏ လက်ဖဝါးကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်သည်။ မှိန်ဖျော့သော အံ့ဖွယ်အန္တိမစွမ်းအားက သူ၏ လက်ထဲမှ ပေါ်လျှိုးလာပြီး တောင်ဝှေးထဲသို့ စီးဆင်းသွားသည်။

“ ဘန်း ”

အဆုံးမဲ့သော မှတ်ဉာဏ်များက ဟန်မူယဲ့၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာတွင် နယ်မြေ(၁၃)ခုကို အံ့ဖွယ်အန္တိမကောင်းကင်ဘုံ မချိပ်ပိတ်မီ ယွမ်ချန်းကောင်းကင်ဘုံနန်းတော်သည် အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အဓိကဂိုဏ်းကြီးများအနက် တစ်ဂိုဏ်းအပါအဝင်ဖြစ်ခဲ့သည်။

ယွမ်ချန်းကောင်းကင်ဘုံနန်းတော်ထဲမှာ အံ့ဖွယ်တာအိုအဆင့် ကျင့်ကြံသူ(၃၂)ယောက်နှင့် ကောင်းကင်ဘုံတာအိုအရှင်သခင်(၂)ပါး ရှိကြသည်။ ထို့ကြောင့် သူတို့က အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာ အထွတ်အမြတ်ဩဇာအာဏာကို ပိုင်ဆိုင်ခဲ့ကြသည်။

ထိုတောင်ဝှေးက ယွမ်ချန်းကောင်းကင်ဘုံနန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး၏ တာအိုလက်နက် ဖြစ်သည်။

တောင်ဝှေးထဲမှ မှတ်ဉာဏ်များအရ အံ့ဖွယ်အန္တိမကောင်းကင်ဘုံသည် နယ်မြေ(၁၃)ခုကို အရှေ့ဘက်မူလပင်လယ်ထဲမှာ ချိပ်ပိတ်ခဲ့ပြီး ကုန်းမြေ(၈)ခုကို အနောက်ဘက်လွင်ပြင်ထဲမှာ ချိပ်ပိတ်ခဲ့သည်။

ပုံရိပ်ယောင်စွမ်းအား၏ ယိုယွင်းတိုက်စားမှုကို ခုခံရန်အလို့ငှာ အံ့ဖွယ်အန္တိမကောင်းကင်ဘုံက မိုးမြေကို ချိပ်ပိတ်သော နည်းလမ်းကို ရွေးချယ်ခဲ့သည်။

ယွမ်ချန်းကောင်းကင်ဘုံနန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များသည် အထွတ်အမြတ်နယ်မြေနှင့် ပူးပေါင်း၍ အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ ရွေးချယ်မှုအပေါ် မေးခွန်းထုတ်ခဲ့သည်။

ထို့ကြောင့် နောက်ပိုင်းမှာ ယွမ်ချန်းကောင်းကင်ဘုံနန်းတော်သည်လည်း အထွတ်အမြတ်နယ်မြေနှင့်အတူ ချိပ်ပိတ်ခံလိုက်ရသည်။

ယွမ်ချန်းကောင်းကင်ဘုံနန်းတော်တစ်ခုတည်း မဟုတ်ပေ။ ချိပ်ပိတ်ခံလိုက်ရသည့်အထဲမှာ ရှေးခေတ်ထျန်းဖူနန်းတော်လည်း ပါဝင်ခဲ့သည်။

ထျန်းဖူနန်းတော်မှ အစွမ်းထက်မှော်အဆောင်သခင်များသည် ယွမ်ချန်းကောင်းကင်ဘုံနန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များဖြင့် အင်အားပူးပေါင်း၍ ချိပ်ပိတ်မှုအား ချိုးဖြတ်နိုင်သော နည်းလမ်းကို ရှာဖွေခဲ့ကြသည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်များသည်ပင် ထျန်းဖူနန်းတော်၏ ဖန်တီးမှုလက်ရာ ဖြစ်သည်။

ထိုအတွက်ကြောင့် ထျန်းဖူနန်းတော်တစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး သူတို့၏ အမွေအနှစ်က မျိုးတုန်းလုနီးပါး ဖျက်ဆီးခံလိုက်ရသည်။

သို့သော် ထျန်းဖူနန်းတော် အမြစ်ဖြတ်မဖျက်ဆီးခံရမီ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်တချို့ကို ယွမ်ချန်းကောင်းကင်ဘုံနန်းတော်ဆီသို့ လွှဲပြောင်းပေးခဲ့သည်။

ထိုတာအိုမှော်အဆောင်များသည် လုံလောက်သော စွမ်းအားကို မပိုင်ဆိုင်ထားကြချေ။ ယင်းတို့ကို အားဖြည့်ပေးရန် လိုအပ်သည်။ ထို့ကြောင့် ယွမ်ချန်းကောင်းကင်ဘုံနန်းတော်က ယင်းတို့ကို ရတနာသိုက်ထဲမှာ သိမ်းဆည်းခဲ့သည်။

တာအိုမှော်အဆောင်များ၏ အရေအတွက် အတိအကျကိုတော့ တောင်ဝှေး၏ မှတ်ဉာဏ်များထဲမှာ ရှာမတွေ့ပေ။ သို့သော်လည်း ဟန်မူယဲ့၏ ခန့်မှန်းချက်အရ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်များ၏ အရေအတွက်က စိတ်ကူးမယဉ်နိုင်အောင် များပြားလိမ့်မည်။ သို့မဟုတ်လျှင် အံ့ဖွယ်အန္တိမကောင်းကင်ဘုံက ထျန်းဖူနန်းတော်ကို အမြစ်ဖြတ်ဖျက်ဆီးရန် လုပ်ဆောင်ခဲ့မည် မဟုတ်ချေ။

“ ဘန်း ”

ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်လေရာ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့ ရောက်လာပြီ ဖြစ်၏။ သူတို့က ရတနာသိုက်ထဲမှာ ယွမ်ချန်းကောင်းကင်ဘုံနန်းတော် စည်းချထားသော အတားအဆီးများကို စတင်ချိုးဖြတ်နေကြသည်။

အကယ်၍ အတားအဆီးက အမှန်တကယ် ကျိုးပျက်သွားလျှင် ဤနေရာမှ သက်ရှိအားလုံး သုတ်သင်ခံကြရလိမ့်မည်။ ထိုမျှသာ မကပေ။ ဤနေရာမှ လေဟာနယ်သာ ပျက်စီးသွားလျှင် ရတနာအားလုံးက ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလိမ့်မည်။

ကြည့်ရသည်မှာ ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့က ယွမ်ချန်းကောင်းကင်ဘုံနန်းတော်၏ ရတနာသိုက်တည်နေရာကို ရှာတွေ့သွားဟန် ရ၏။ ယခု သူတို့က ဤလေဟာနယ်ကို တိုက်ရိုက် ဖျက်ဆီးပစ်ရန် ကြံစည်နေကြသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး သူ့အရှေ့မှ တောအုပ်ကို ကြည့်လိုက်သည်။ သူက မြန်ဆန်စွာ ပျံသန်းသွားသည်။

ဤရတနာသိုက်၏ လေဟာနယ် မပျက်စီးသွားမီ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်များကို အရင်ဦးစွာ သူရှာတွေ့ရမည်။

ထိုတာအိုမှော်အဆောင်များကို နည်းမှန်လမ်းမှန် အသုံးပြုမည်ဆိုလျှင် အထွတ်အမြတ်နယ်မြေထဲမှ တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများက အံ့ဖွယ်တာအိုအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

ဤရတနာသိုက်ထဲမှာ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင် အများကြီး ရှိသည်။ အကယ်၍ ယင်းတို့အားလုံးကို သူရယူနိုင်မည်ဆိုလျှင် သူက အထွတ်အမြတ်နယ်မြေထဲမှာ အလွန်သန်မာသော အင်အားစုတစ်ခုကို ဖန်တီးနိုင်လိမ့်မည်။

“ ဝီး ”

ဟန်မူယဲ့က မျက်လုံးမှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ ရွှေရောင်အလင်းစီးကြောင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံမျက်လုံး… ။

သူ၏ ဘေးပတ်ဝန်းကျင်တွင် အနန္တမီးတောက်က ရွှေရောင်မိုးကြိုးစွမ်းအားနှင့် ပေါင်းစပ်သွားသည်။ မိုးကြိုးမီးတောက်စွမ်းအားက အရပ်မျက်နှာအသီးသီးဆီသို့ ဖြန့်ကြက်သွားပြီး ပုန်းကွယ်နေကြသော ရတနာများကို တိုက်ရိုက် ဖော်ထုတ်လိုက်သည်။

သူက သူ့ကိုယ်ပိုင်စွမ်းအားကို နောက်ထပ် မဖုံးကွယ်တော့ပေ။ သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ထွန်းလင်းတောက်ပသွားပြီး ရတနာအားလုံးက ထင်ရှားစွာ ထွက်ပေါ်လာကြသည်။

ဟန်မူယဲ့က ဝိညာဉ်တောင်ဝှေးကို ကိုင်မြှောက်လိုက်ပြီး တောင်ဝှေး၏ အစွမ်းကို လှုံ့ဆော်ကာ အရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားသည်။

တောင်ဝှေးက ဟင်းလင်းပြင်ထံမှ ဖိအားကို ခံစားမိသည့်အလား ရိုသေကျိုးနွံသွားပြီး ဟန်မူယဲ့ကို အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်များ ရှာဖွေပေးရန် ကူညီပေးသည်။

“ ဗုန်း ”

ကျယ်လောင်သော ပေါက်ကွဲသံက ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာသည်။ ထို့နောက် အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

ရွှေရောင်ပုံရိပ်များက ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာကြသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး လက်မြှောက်လိုက်သည်။ ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ရွှေရောင်စစ်ဗိုလ်ချုပ်များကို ဟန့်တားလိုက်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်နှင့် မိုးကြိုးက ပိုပြီးအားကောင်းလာသည်။

“ ကျစ်… ကျစ်… ”

ဟန်မူယဲ့၏ ဓားက အရှေ့သို့ ပျံသန်းသွားသည်။ ထွန်းလင်းတောက်ပသော ဓားအလင်းက လေထဲမှာ ပေါ်လျှိုးလာပြီး ဟင်းလင်းပြင်ထဲမှ ထွက်လာကြသော အနက်ရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်နှစ်ယောက်အား ခုတ်ပိုင်းလိုက်သည်။

မဟူရာစစ်ဗိုလ်ချုပ်နှစ်ယောက်က မျက်မှောင်ကြုတ်လိုက်လေရာ စူးရှသော အလင်းက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါ သူပဲ ”

“ သူ့ကို ဝိုင်းထားကြ ”

တိုးညင်းသော အော်သံများက ရွှေရောင်စစ်ဗိုလ်ချုပ်များထံမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ အံ့ဖွယ်တာအိုအဆင့် မဟူရာစစ်ဗိုလ်ချုပ်နှစ်ယောက်က ဟန်မူယဲ့ထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

“ ဆယ့်ငါးမိနစ်… ဒီနေရာက ဆယ့်ငါးမိနစ်ပဲ တောင့်ခံနိုင်လိမ့်မယ် ”

မဟူရာစစ်ဗိုလ်ချုပ်တစ်ယောက်က ပြောသည်။

ထိုမဟူရာစစ်ဗိုလ်ချုပ်နှင့် ရွှေရောင်စစ်ဗိုလ်ချုပ်များက ဟန်မူယဲ့ထံသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ သူတို့က အသက်ကို အမှုမထားဘဲ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်ကြသည်။

ဟန်မူယဲ့၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ သူက အရှေ့မှ တောအုပ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

“ ဗုန်း ”

သူက ကျောက်တုံးနံရံတစ်ခုကို လက်သီးဖြင့် ထိုးလိုက်သည်။

ထိုကျောက်တုံးနံရံက ပြင်းထန်စွာ တုန်ယင်သွားသည်။ ထို့နောက် ရာထောင်ချီသော အနက်ရောင်မှော်သင်္ကေတများက ကျောက်တုံးနံရံ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်… ။

အနည်းဆုံး အရေအတွက်တစ်ထောင်ခန့် ရှိသည်။

ဟန်မူယဲ့က မျက်လုံးအရောင်လက်သွားသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး တာအိုမှော်အဆောင်များကို သူ၏ လက်ဖဝါးပေါ်မှာ စုစည်းလိုက်သည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင်လည်း တာအိုမှော်အဆောင်များက လှည့်ပတ်နေကြသည်။

တာအိုမှော်အဆောင်များက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ လှည့်ပတ်နေစဉ် သူ၏ အရှိန်အဝါက သိသာစွာ ပြောင်းလဲသွားသည်။

“ အံ့ဖွယ်အန္တိမတာအိုမှော်အဆောင် ”

“ ရှေးခေတ်မှာ ပျောက်ကွယ်သွားတဲ့ တာအိုမှော်အဆောင်တွေကို သူရှာတွေ့သွားပြီ ”

မဟူရာစစ်ဗိုလ်ချုပ်နှစ်ယောက်က အံ့ဩထိတ်လန့်စွာ အော်ပြောလိုက်ကြသည်။ သူတို့က အရှေ့သို့ ဆက်လက် မချီတတ်သွားဝံ့ဘဲ ရပ်တန့်လိုက်ကြသည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်၏ စွမ်းအားကို သူတို့သိသည်။ အံ့ဖွယ်တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်က အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်ကို ပိုင်ဆိုင်ထားလျှင် အံ့ဖွယ်တာအိုအဆင့်မှာ ပြိုင်ဘက်ကင်းလိမ့်မည်။

အံ့ဖွယ်တာအိုအဆင့် နဝမအလွှာမှ ကျင့်ကြံသူများသည်ပင် သူတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ရွှေရောင်စစ်ဗိုလ်ချုပ်များသည်လည်း ရပ်တန့်လိုက်ကြသည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်မှ ထုတ်လွှတ်နေသော စွမ်းအားက သူတို့ကို အရိုးခိုက်ခိုက်တုန်ယင်စေသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ အနက်ရောင်မှော်သင်္ကေတများက အရှေ့သို့ ဖြန့်ကြက်သွားသည်။

ဤအခိုက်အတန့်မှာ ရတနာသိုက်တည်ရှိသော နယ်မြေတစ်ခုလုံးက တုန်ယင်နေကြောင်း သူအာရုံခံနိုင်သည်။

ဤနေရာမှ မိုးမြေစွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှ တာအိုမှော်အဆောင်များ၏ စုပ်ယူခံနေရလေရာ ဤနယ်မြေက စတင်ပြိုကွဲသွားနေသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လေရာ တောက်ပသော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

တာအိုမှော်အဆောင်သုံးရာက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြပြီး မိုးကောင်းကင်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။

“ သွားကြစို့… ”

ဟန်မူယဲ့က နောက်တစ်ခါ လက်ဝှေ့ယမ်းလိုက်သည်။

တာအိုမှော်အဆောင်သုံးရာက ရတနာသိုက်ထဲမှ ချူးယွမ်နှင့် တခြားလူများကို သယ်ဆောင်သွားပြီး အထွတ်အမြတ်နယ်မြေဆီသို့ ပို့ဆောင်ပေးလိုက်သည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်သုံးရာဖြင့်ဆိုလျှင် အထွတ်အမြတ်နယ်မြေက ကောင်းကင်ဘုံအစောင့်တပ်ဖွဲ့ကို ရင်ဆိုင်နိုင်လိမ့်မည်။

အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်သုံးရာက လေပေါ်သို့ မြှောက်တတ်သွားကြစဉ် ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ ရတနာအမျိုးမျိုးက မိုးမြေစွမ်းအားဖြင့် ပြည့်လျှံသွားကြပြီး အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားကြသည်။

“ ဗုန်း ”

ရတနာသိုက်နှင့် ယင်း၏ မိုးမြေဖွဲ့စည်းမှုက အက်ကွဲသွားသည်။

ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ရတနာများက သူ့ကိုယ်ပိုင်လေဟာနယ်ထဲသို့ ဝင်ရောက်သွားကြသည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် မိုးမြေက စတင်လှုပ်ခတ်လာသည်။

နောက်အခိုက်အတန့်မှာ မိုးမြေပျက်စီးမှုက ရုတ်တရက် ရပ်တန့်သွားသည်။

တောင်တန်းများက အဆုံးမဲ့စွာ ဆန့်တန်းသွားကြပြီး နန်းတော်များက ကောင်းကင်ဘုံနှင့် ထိစပ်သွားကြသည်။

ရတနာသိုက်ထဲ၌ မိုးမြေပျက်စီးသွားသည့်အခိုက် ဟန်မူယဲ့သည် ခမ်းနားထည်ဝါသော နန်းတော်တစ်ခုအတွင်းမှာ သူရပ်နေကြောင်း သတိထားမိသွားသည်။

ထို့ပြင် နန်းတော်ထဲမှာ မည်သည့်သက်ရှိဝိညာဉ်၏ အရိပ်အယောင်မှ သူရှာမတွေ့ပေ။

“ အဲ့ဒီနန်းတော်… အဲ့ဒီနန်းတော်က အံ့ဖွယ်အန္တိမနန်းတော် ”

အနောက်မှ လိုက်လာသော မဟူရာစစ်ဗိုလ်ချုပ်က ဘေးဘီကို စစ်ဆေးကြည့်လိုက်လေရာ စိတ်လှုပ်ရှားသွားသည်။

“ အံ့ဖွယ်အန္တိမနန်းတော်… အဲ့ဒါ ရှေးခေတ်တုန်းက အံ့ဖွယ်အန္တိမကောင်းကင်ဘုံရဲ့ ပထမဆုံး ဂိုဏ်းမလား ”

“ ဒဏ္ဍာရီအရ အံ့ဖွယ်အန္တိမနန်းတော်က အကြောင်းအမျိုးမျိုးကြောင့် မိုးမြေကြားထဲမှာ ပျောက်ကွယ်သွားခဲ့တယ် ”

“ အခု ကြည့်ရတာတော့ သူတို့က တကယ် ပျောက်ကွယ်သွားခဲ့တာ မဟုတ်ဘူး… အဲ့ဒီအစား နန်းတော်ဂိတ်တံခါးကို ဖုံးကွယ်ခဲ့တာပဲ ”

အာမေဋိတ်စကားသံများနှင့်အတူ ပုံရိပ်အများအပြားက စိတ်လှုပ်ရှားစွာ ဆင်းသက်လာကြသည်။

သူတို့တစ်ယောက်စီက အံ့ဖွယ်တာအိုစွမ်းအားကို ပိုင်ဆိုင်ထားကြသော မဟူရာစစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။

ဤအခိုက်အတန့်မှာ သူတို့အားလုံးက စိတ်လှုပ်ရှားသော အမူအရာနှင့် အလိုရမ္မက်အကြည့်ကို ထုတ်ဖော်ထားကြသည်။

အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ ပထမဆုံးဂိုဏ်းဖြစ်သော အံ့ဖွယ်အန္တိမနန်းတော်ထဲမှာ အဖိုးမဖြတ်နိုင်သော ရတနာများ ရှိသည်။ ယင်းတို့ထဲမှ တချို့က သူတို့၏ တစ်ဘဝစာ ကျင့်ကြံခြင်းကို လုံလောက်စေနိုင်၏။

“ အလျင်မလိုကြနဲ့… အဲ့ဒီရာဇဝတ်ကောင်ကို အရင်သတ်ပစ်ကြ ”

ခေါင်းဆောင်ဖြစ်ဟန်တူသော မဟူရာစစ်ဗိုလ်ချုပ်တစ်ဦးက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး ပြောသည်။ ရက်စက်ကြမ်းကြုတ်သော အရိပ်အမြွက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ့စကားဆုံးသွားသည်နှင့်ချက်ချင်း မဟူရာစစ်ဗိုလ်ချုပ်ရှစ်ယောက်က ဟန်မူယဲ့ကို အရပ်မျက်နှာအသီးသီးမှ ဝိုင်းရံလိုက်ကြပြီး တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

သူတို့က လုံးဝ တုံ့ဆိုင်းမနေသလို ခွန်အားမထိန်ချန်ထားကြပေ။

ဟန်မူယဲ့က မလှုပ်မယှက် ရပ်နေဆဲပင်။ သူ၏ ဘေးပတ်ဝန်းကျင်မှ တာအိုမှော်အဆောင်များက ရွှေရောင်ထွန်းလင်းသွားကြသည်။

“ ဘန်း ”

မိုးမြေက တုန်ခါသွားပြီး အရောင်ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်မှာ သူ၏ အရှိန်အဝါက လုံးဝ ပြောင်းလဲသွားသည်။

“ ကောင်းကင်ဘုံတာအိုအရှင်သခင်… ”

ရတနာသိုက်ထဲမှ ရတနာများ၏ အားဖြည့်ပေးမှုအောက်မှာ သူ၏ ဝိညာဉ်စွမ်းအားနှင့် ကျင့်ကြံခြင်းစွမ်းအားက အတူတကွ ပေါင်းစည်းသွားပြီး ကောင်းကင်ဘုံတာအိုအရှင်သခင်အဆင့်သို့ တိုက်ရိုက် တတ်လှမ်းသွားသည်။

အတိတ်၌ အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာ ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးသာ ရှိခဲ့သည်။ ယနေ့တွင် နောက်ထပ် ကောင်းကင်ဘုံတာအိုအရှင်သခင်တစ်ပါး ပေါ်ထွန်းလာချေ၏။

သို့သော်လည်း ထူးခြားချက်မှာ ထိုကောင်းကင်ဘုံတာအိုအရှင်သခင်အသစ်၏ ရပ်တည်မှုက တခြားကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးနှင့် မတူညီပေ။

ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းမော့လိုက်သည်။

“ ချိပ်ပိတ်စမ်း ”

သူ၏ ဘေးပတ်ဝန်းကျင်တွင် ထောင်သောင်းချီသော တာအိုမှော်အဆောင်များက ထွက်ပေါ်လာကြပြီး အဆုံးမဲ့စွာ ကျယ်ပြောသော မှော်အဆောင်သမုဒ္ဒရာကို ဖွဲ့စည်းလိုက်သည်။

All Chapters