← Chapters

မစ္စတာ တံခါး၏ ဖော်ပြချက်

Vol. 22 Ch. 217

မစ္စတာ တံခါး၏ ဖော်ပြချက်

Vol. 22 Ch. 217

*”မစ္စတာ တံခါး.. ဒီလို နာမည်ပေးပုံက ငါနဲ့ တော်တော်တူတာပဲ။ မုန်တိုင်းတွေကြားက နက်ရှိုင်းတဲ့ အမှောင်ထုထဲမှာ ပိတ်မိပြီး လမ်းပျောက်နေတဲ့ ဒီသနားစရာကောင်းတဲ့ လူရဲ့ နာမည်ရင်းက ဘာဖြစ်မလဲ၊ သူ့ရဲ့ ဆုံမှတ် ကရော ဘာဖြစ်မလဲဆိုတာ သိချင်မိသား။ ဒါမှမဟုတ် အင်ပါယာ ရိုဇယ်လ် ခန့်မှန်းခဲ့သလိုပဲ သူက မိစ္ဆာနတ်ဘုရားတွေ ဒါမှမဟုတ် နတ်ဆိုးတွေထဲက တစ်ယောက် ဖြစ်နေမလား”*... ကလိုင်းဟာ လှောင်ပြောင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သရော်လိုက်ရင်း တိတ်တဆိတ်ရယ်လိုက်မိပါတယ်။ သူကလည်း စတုတ္ထ ခေတ် ရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားနေတာတော့ အမှန်ပါပဲ။

"စတုတ္ထ ခေတ်တုန်းက အကျော်ကြားဆုံးဖြစ်တဲ့ 'အင်ပါယာ လေးပါး စစ်ပွဲ' အကြောင်းကို ငါ သိထားပေမဲ့ အသေးစိတ် အချက်အလက်တွေနဲ့ အဓိက ပါဝင်ပတ်သက်သူတွေ အကြောင်းကိုတော့ ဘုရားကျောင်းကြီးတွေက ပြောပြထားတဲ့ အချက်အလက်လောက်ပဲ သိရတာ။ ဥပမာ - ဆော်လမာန် အင်ပါယာရဲ့ 'မဟူရာ အင်ပါယာ' လိုမျိုးပေါ့။”*

”ဒီနေ့မှပဲ ဒီ မစ္စတာ တံခါး ဆိုသူက ကျန်တဲ့ အင်ပါယာ သုံးပါးက ဘယ်သူတွေလဲဆိုတာကို ငါ့ရဲ့ မေးခွန်းတွေကို ဖြေရင်း ပြောပြလာတယ်။ သူတို့တွေကတော့ ကျူဒေါ မင်းဆက်ရဲ့ စိတ်လွတ်ပြီး ရူးလုနီးပါးဖြစ်နေတဲ့ 'သွေးအင်ပါယာ' ထရန်ဆိုးအက်စ် အင်ပါယာရဲ့ 'ည အင်ပါယာ' နဲ့ တောင်ပိုင်း ကုန်းမြေတိုက်ကြီးရဲ့ 'မြေအောက် ကမ္ဘာရဲ့ အင်ပါယာ' တို့ပဲဖြစ်တယ်။သူ့ကို တော့ သေခြင်း လို့လည်း ခေါ်ကြတယ်။

မစ္စတာ တံခါးရဲ့ ဖော်ပြချက်အရ တစ်ကမ္ဘာလုံးရဲ့ အခြေအနေကို ပြောင်းလဲစေခဲ့တဲ့ ဒီစစ်ပွဲမှာ မဟူရာ အင်ပါယာ၊ သွေးအင်ပါယာနဲ့ ည အင်ပါယာတို့ဟာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးခဲ့ကြရပါတယ်။ မြေအောက် ကမ္ဘာရဲ့ အင်ပါယာကတော့ အကြီးမားဆုံး အကျိုးအမြတ်တွေကို ရခဲ့တာပေါ့။

အဲဒီလို ပြောပြီးတဲ့နောက်မှာ မစ္စတာ တံခါးက လေးနက်တဲ့ အဓိပ္ပာယ်နဲ့ ထပ်ဖြည့်ပြောသေးတယ်၊ ရရှိခဲ့တဲ့ အကျိုးအမြတ်စွမ်းအင်‌ တွေကို ရာစုနှစ်တစ်ခုကျော်ကြာ ချေဖျက်ပြီးတဲ့နောက်မှာ သေခြင်း ဟာ ရူးသွားခဲ့ပေမဲ့ ပိုပြီးတော့လည်း အစွမ်းထက်လာခဲ့တယ်တဲ့။ ဒါကြောင့် သေခြင်းဟာ ကမ္ဘာဦး မိစ္ဆာမ နဲ့ ပူးပေါင်းပြီး မြောက်ပိုင်း ကုန်းမြေတိုက်ကြီးဆီကို 'ပဏ္ဍု ရောဂါ' ကို သယ်ဆောင်လာခဲ့တာပေါ့။ ဒါက သူ ကိုယ်တိုင် မြင်တွေ့ခဲ့တာ မဟုတ်ဘဲ လစဥ်တိုင်း လက်ရှိကမ္ဘာနဲ့ နီးကပ်လာတဲ့ အချိန်မှာ ကြားရတဲ့ အကြောင်းအရာတွေလို့ မစ္စတာ တံခါးက ဆိုပါတယ်”

*”သေခြင်းဟာ ရူးသွားပေမဲ့ ပိုပြီးတော့လည်း အစွမ်းထက်လာခဲ့တယ်တဲ့!”*

*”နတ်မင်းတွေတောင် ရူးသွားနိုင်တာလား?”* *”တကယ်ကို ကြောက်စရာကောင်းတဲ့ စကားပါပဲ!”*

*”ဒါပေမဲ့ ဒါက ငါ့ရဲ့ ခန့်မှန်းချက်ကိုလည်း အတည်ပြုပေးလိုက်တာပဲ။ ပဉ္စမ ခေတ် မတိုင်ခင်မှာ အဲဒီ နတ်မင်းတွေဟာ လက်ရှိကမ္ဘာထဲကို မကြာခဏ ဆင်းသက်လာလေ့ရှိပြီး မြောက်ပိုင်းနဲ့ တောင်ပိုင်း ကုန်းမြေတိုက်ကြီးတွေရဲ့ အခြေအနေကို တိုက်ရိုက် ဝင်ရောက် စွက်ဖက်လေ့ ရှိကြတယ်။ သူတို့ဟာ သေခြင်း လိုမျိုး ကိုယ်တိုင်ကိုယ်ကျတောင် ပေါ်လာတတ်ကြတာပဲလေ။”*

ရိုဇယ်လ်၏ ဒိုင်ယာရီထဲတွင် ဖြစ်သည်။

“ငါက မစ္စတာ တံခါးကို သူရော 'အင်ပါယာ လေးပါး စစ်ပွဲ' မှာ ပါဝင်ခဲ့သလားလို့ မေးကြည့်မိတယ်။ အကယ်၍ ပါဝင်ခဲ့ရင် သူက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလဲ? ပြီးတော့ နတ်မင်း ခုနစ်ပါးကရော ဒီစစ်ပွဲမှာ ဘယ်လို ရပ်တည်ချက်မျိုး ရှိခဲ့ကြတာလဲ? သူတို့က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတာလဲ?

မစ္စတာ တံခါးက ငါ့ရဲ့ မေးခွန်းကို မဖြေခဲ့ပါဘူး။ သူက စနောက်တဲ့ လေသံနဲ့ပဲ စတုတ္ထ ခေတ်မှာရှိတဲ့ ထင်ပေါ်ကျော်ကြားတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေရဲ့ အရေအတွက်ဟာ ငါစိတ်ကူးထားတာထက် အများကြီး ပိုများတယ်လို့ပဲ ပြောခဲ့ပါတယ်။

ဒါ့အပြင် သူက နိယာမ နှစ်ခုကိုလည်း ပြောပြခဲ့သေးတယ်၊ တစ်ခုက 'သာလွန်သူများ၏ အကြွင်းအကျန်ဝိသေသလက္ခဏာများကို ဖျက်ဆီး၍မရနိုင်ခြင်း နိယာမ' ဖြစ်ပြီး နောက်တစ်ခုကတော့ 'ဆုံမှတ်တူ သာလွန်သူများ၏ အကြွင်းအကျန် ဝိသေသလက္ခဏာများကို ထိန်းသိမ်းထားခြင်း နိယာမ' ပဲ၊ ဒါတွေက အဲဒီ အလျှို့ဝှက်ဆုံးနဲ့ အရှေးအကျဆုံး အဖွဲ့အစည်းဆီကနေ သိခဲ့ရတဲ့ အရာတွေ၊ ပြီးတော့ ငါ ကိုယ်တိုင် လေ့လာတွေ့ရှိခဲ့တဲ့ ဖြစ်ရပ်အချို့နဲ့လည်း ကိုက်ညီနေတယ်။ ဟဲဟဲ... ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ ကောက်ချက်တွေ အများကြီးကို ထွက်ပေါ်လာစေနိုင်ပြီး ရှင်းပြချက် အတော်များများကိုလည်း တခြားပုံစံတွေ ဖြစ်သွားစေနိုင်တယ်၊ လူတစ်ယောက်ရဲ့ စိတ်ကို ကြောက်လန့်တုန်လှုပ်သွားစေနိုင်တာပေါ့။ ဥပမာ - ဆုံမှတ်တူ လမ်းစဉ်တစ်ခုတည်းမှာ ဆုံမှတ်မြင့် သာလွန်သူ တွေ အများကြီး ရှိနေရင် ဆုံမှတ်နိမ့် သာလွန်သူတွေက လျော့နည်းသွားလိမ့်မယ်၊ အပြန်အလှန်အားဖြင့်လည်း အဲဒီလိုပဲ ဖြစ်မှာပေါ့။

... သာလွန်သူ ဝိသေသလက္ခဏာ (Characteristics) တွေဟာ အရင်းအမြစ်ဆိုရင် သတ်မှတ်ပြီးသား ဖြစ်နေတယ်။ အဲဒါတွေက တိုးလာမှာလည်း မဟုတ်သလို လျော့သွားမှာလည်း မဟုတ်ဘူး။ ဒါက နတ်မင်းအားလုံးကို ဖန်ဆင်းခဲ့တဲ့၊ တန်ခိုးအရာနဲ့ ဉာဏ်ပညာအရာမှာ ပြည့်စုံတော်မူတဲ့ နတ်ဘုရားတစ်ပါး တကယ်ရှိနေပြီး အရာအားလုံးဟာ ‘နတ်ဘုရားတစ်ပါး ဆီကနေ မြစ်ဖျားခံလာတာလို့ ဆိုလိုတာလား?"

ဒါက ကလိုင်း မြင်ဖူးသမျှထဲမှာ အရှည်ဆုံး ရိုဇယ်လ်ရဲ့ ဒိုင်ယာရီပါပဲ။ အဲဒါက စာမျက်နှာ နှစ်မျက်နှာ အပြည့် ယူထားပြီး မူရင်းမှာ စာရွက်တစ်ရွက်ရဲ့ ရှေ့ရောနောက်ပါ ရေးထားတာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ အကြိမ်ကြိမ် ကူးယူပြီးနောက်မှသာ သီးခြား စာမျက်နှာ နှစ်မျက်နှာ ဖြစ်သွားတာ ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။။

*"အချက်အလက်တွေ အများကြီးပါလား..."*

ကလိုင်းဟာ တိတ်တဆိတ် သက်ပြင်းချလိုက်မိပါတယ်။

ပုံမှန်အတိုင်း ဘွဲ့ရခဲ့တဲ့ သမိုင်းကျောင်းသားတစ်ဦးအနေနဲ့ သူဟာ ဆော်လမာန် အင်ပါယာ၊ ကျူးဒေါ မင်းဆက်နဲ့ ထရန်ဆိုးအက်စ် အင်ပါယာတို့ဟာ တစ်ခုပြီးမှတစ်ခု ပေါ်လာခဲ့တာလို့ အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ တံခါး ပြောတဲ့ အင်ပါယာ လေးပါး စစ်ပွဲကတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ် - အဲဒီအင်ပါယာ သုံးခုလုံးဟာ တစ်ချိန်တည်းမှာ တည်ရှိနေခဲ့တာပါပဲ!

အကယ်၍ ဒါသာ အမှန်ဖြစ်ရင် သမိုင်းပညာရပ် နယ်ပယ်က စတုတ္ထ ခေတ်နဲ့ ပတ်သက်တဲ့ လက်ရှိ သုတေသန အများစုကို ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ကလိုင်းဟာ ရှေးဟောင်းသုတေသနနဲ့ စတုတ္ထ ခေတ်သမိုင်းကြောင်းကို အရမ်းစိတ်ဝင်စားခဲ့တဲ့ မူလ ကလိုင်းကို ရုတ်တရက် သတိရသွားမိပါတယ်။

*"ဒီနေ့တော့ ငါ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်နိုင်ပြီပဲ... သေခြင်း ဟာ အင်ပါယာ လေးပါး စစ်ပွဲအတွင်းမှာတင် စစ်မှန်တဲ့ နတ်မင်းတစ်ပါး ဖြစ်နေပြီလားဆိုတာတော့ သိချင်မိသား။ မစ္စတာ တံခါးရဲ့ ဖော်ပြချက်တွေအရတော့ အဲဒါကို အတည်ပြုဖို့ ခက်နေတုန်းပဲ။ အင်ပါယာ လေးပါး စစ်ပွဲကနေ အကျိုးအမြတ်တွေ ရခဲ့တဲ့ မြေအောက် ကမ္ဘာရဲ့ အင်ပါယာဟာ သူ့ရဲ့ အကန့်အသတ်တွေကို ရိုက်ချိုးပြီး နတ်မင်းတစ်ပါး ဖြစ်လာခဲ့တယ်၊ ဒါပေမဲ့ ‘’ သေခြင်းအရှင်' ဟာ အဲဒီရဲ့ ရလဒ်အနေနဲ့ ရူးသွပ်သွားခဲ့ရတယ်လို့ပဲ ငါ လောလောဆယ် ယူဆထားရမှာပဲ..."*

*”နတ်မင်းတစ်ပါး ရူးသွားတာဟာ တကယ်ကို ကြောက်စရာကောင်းတယ်။ အဲ့ဒီအကြောင်းကို တွေးကြည့်ရုံနဲ့တင် ရင်ထဲက တုန်လှုပ်လာတယ်။ ဗဟုသုတ ကြွယ်တဲ့ အင်ပါယာ ရိုဇယ်လ် တောင်ဒီကိစ္စကို ပြောဖို့ 'ကြောက်မက်ဖွယ်ကောင်းသော' ဆိုတဲ့ စကားလုံးကို သုံးခဲ့တာ မဆန်းပါဘူး။”*

*"ဒါဆို မိစ္ဆာနတ်ဘုရားတွေလို့ ခေါ်နေကြတဲ့ မကောင်းတဲ့နတ်တွေဆိုတာက ရူးသွားတဲ့ လမ်းမှန် နတ်မင်းတွေလား? တစ်နေ့ကျ နတ်မင်းတွေ အကုန် ရူးရင် ဒီကမ္ဘာမှာ မိစ္ဆာနတ်ဘုရားတွေပဲ ကျန်တော့မှာလား..."*

*"ဟူး... ဒါက ကမ္ဘာပျက်ကပ်ဘေးကို တားဆီးလို့ မရနိုင်တော့ဘူးလို့ ဆိုလိုတာလား?"*

ကလိုင်းဟာ သူ့စိတ်ထဲမှာ ကြီးလာတဲ့ လေးလံထိုင်းမှိုင်းမှုတွေကို ဖုံးကွယ်ဖို့ ပြုံးလိုက်မိပါတယ်။ သူ စိတ်ကူးထဲက အနာဂတ်ဟာ မီးခိုးရောင် မြူခိုးတွေနဲ့ ဖုံးလွှမ်းနေသလို ခံစာလိုက်ရပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ မဟူရာ အင်ပါယာ၊ သွေး အင်ပါယာနဲ့ ည အင်ပါယာတို့ဟာ သူခန့်မှန်းထားတဲ့ ဆုံမှတ်ထက်ကျော်ပြီး နတ်မင်းအဆင့် နဲ့ နီးကပ်နေတဲ့ ထင်ပေါ်ကျော်ကြားတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေ ဖြစ်မယ်လို့ ယုံကြည်လိုက်ပါတယ်။

(ကလိုင်းက လမ်းစဉ် တစ်ခုဟာ ဆုံမှတ် ၁ က အမြင့်ဆုံးလိုပဲ သိထားသေးတာ ဖြစ်ပါတယ်။ အင်ပါယာ ၄ ပါးလုံးဟာ ဆုံမှတ် ၀ ဖြစ်ကြပြီး သေခြင်းအင်ပါယာကတော့ ဆုံမှတ်အထက်က အဆင့်ရောက်ပြီး ရူးသွားပါတယ်)

"ဒါဆို ဆုံမှတ် ၁ ဆိုတာ လမ်းစဉ်တစ်ခုရဲ့ အမြင့်ဆုံး တည်ရှိမှု ဖြစ်နိုင်တာပဲ။ ဒီလိုဆိုရင် မဟူရာ အင်ပါယာဟာ ရာစုနှစ်ပေါင်းများစွာ ဒါမှမဟုတ် ထောင်စုနှစ်တစ်ခုကျော် ကြာအောင် အသက်ရှင်နေခဲ့တယ်ဆိုတာ လက်ခံနိုင်စရာရှိတယ်။ ဒါက အရင်က ကလိုင်းရဲ့ ဇဝေဇဝါ ဖြစ်မှုတွေကိုလည်း ရှင်းပြပေးနိုင်လိမ့်မယ်။ သူက အန်တီဂိုနပ်စ် မိသားစုရဲ့ မှတ်စုစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာတွေနဲ့ သူ့ဆရာရဲ့ အမြင်တွေကြားမှာ ဆန့်ကျင်ဘက် ဖြစ်နေတာတွေကို တွေ့ခဲ့တာလေ။ သူက မဟူရာ အင်ပါယာဆိုတာ ဆော်လမာန် အင်ပါယာရဲ့ အင်ပါယာတိုင်းကို ခေါ်တဲ့ ဘုံနာမည်လို့ ထင်ခဲ့တာ... တကယ်တော့ မဟူရာ အင်ပါယာဟာ အမြဲတမ်း အဲဒီ မဟူရာ အင်ပါယာ တစ်ယောက်တည်းပဲ ဖြစ်နေခဲ့တာလား... ဒါမှမဟုတ် တခြား ဖြစ်နိုင်ခြေတွေလည်း ရှိနိုင်ပါသေးတယ်။ ဥပမာ သူတို့က နှစ်ကြိမ် သုံးကြိမ်လောက် အစားထိုးခံခဲ့ရတာမျိုး ပေါ့၊ ဒါပေမဲ့ အဲဒီ လမ်းစဉ်ရဲ့ ဆုံမှတ် ၁ နာမည်က မဟူရာ အင်ပါယာ ဖြစ်နေတာလား?”

( မဟူရာ အင်ပါယာဆိုတာက ရှေ့နေ လမ်းစဉ်ရဲ့ ဆုံမှတ် ၀ ဖြစ်ပါတယ်။ အရင် ကလိုင်း က အုပ်ချုပ်သူ တစ်ယောက်ရဲ့ နာမည်လို့ထင်နေခဲ့တာပါ။ ရှေ့နေ လမ်းစဉ်က ဆုံမှတ် ၀ ကိုရောက်တဲ့သူမှန်သမျှကို မဟူရာ အင်ပါယာလို့ ခေါ်လို့ရပါတယ်။ဒါပေမယ့် လမ်းစဉ် တစ်ခုမှာ ဆုံမှတ် ၀ က တစ်ယောက်သာ ရှိပါတယ်)

*"စတုတ္ထ ခေတ် သမိုင်းကြောင်းမှာ မစ္စတာ တံခါးက ဘယ်သူဖြစ်မလဲဆိုတာ သိချင်မိသား... အင်ပါယာ ရိုဇယ်လ်က သူ့ရဲ့ မှားယွင်းတဲ့ စမ်းသပ်မှုတွေနဲ့ မတော်တဆ တိုက်ဆိုင်မှုတွေအကြောင်း ပြောတဲ့အခါမှာ အသေးစိတ် မပြောခဲ့ဘူး၊ ဒါကြောင့် ငါက အဲဒီ မစ္စတာ တံခါးနဲ့ စကားပြောဖို့ ကြိုးစားကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။"*

*"မစ္စတာ တံခါး ပြောခဲ့တဲ့ သာလွန်သူ ဝိသေသလက္ခဏာများ မပျက်စီးနိုင်ခြင်း နိယာမနဲ့ ဆုံမှတ်တူ သာလွန်သူ ဝိသေသလက္ခဏာများ ထိန်းသိမ်းခြင်း နိယာမတွေက ကပ္ပတိန် ပြောပြခဲ့တာနဲ့ အတူတူပဲ။ ကပ္ပတိန် သုံးခဲ့တဲ့ စကားလုံးတွေက အင်ပါယာ ရိုဇယ်လ်ဆီကနေ ဆင်းသက်လာတာ ဖြစ်နိုင်ပါတယ်။"*

"မစ္စတာ တံခါး ပြောခဲ့တဲ့ နိယာမ နှစ်ခုအရ စိတ်ဝင်စားဖို့ကောင်းတဲ့ ခန့်မှန်းချက်တွေ အများကြီးကို ငါတို့ တကယ်ပဲ ထုတ်ဖော်နိုင်ပါတယ်။ ဥပမာ - ဘုရားကျောင်း ခုနစ်ခုမှာ မြင့်မြတ်တဲ့ လက်နက်တွေနဲ့ ဆုံမှတ်မြင့် သာလွန်သူတွေ အများကြီး ရှိနေတာကြောင့် ဆုံမှတ်နိမ့် သာလွန်သူတွေ အများကြီး မရှိသင့်ဘူး။ ဒါပေမဲ့ ဒါက လက်တွေ့ဘဝနဲ့ ဆန့်ကျင်နေတယ်၊ တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ကတော့ နတ်မင်းတွေဆီကနေ ထပ်ဆောင်း ရရှိတဲ့ ဆုလာဘ်တွေကြောင့်လား? ဥပမာ - ထာဝရည နိုင်ငံတော် ပျက်သုဉ်းသွားရတာဟာ ဝိသေသလက္ခဏာများ ထိန်းသိမ်းခြင်း နိယာမကြောင့်လား၊ အရင်းအမြစ်တွေကို ပိုင်ဆိုင်ထားရုံနဲ့တင် ဒုက္ခရောက်ရတာလား? ဒါမှမဟုတ် သူတို့ရဲ့ တည်ရှိမှုက ထာဝရည လမ်းစဉ်ရဲ့ စွမ်းအားကို အကြီးအကျယ် အားနည်းသွားစေပြီး နတ်ဘုရားမရဲ့ နတ်ဘုရားနေရာကို ခြိမ်းခြောက်နေလို့လား?"*

*"ဥပမာအားဖြင့် သီအိုရီအရတော့ အချို့သော ချိတ်ပိတ် လက်နက် တွေကို ဆေးရည် ပါဝင်ပစ္စည်းတွေအဖြစ်လည်း သုံးနိုင်တယ်၊ ဒါမှမဟုတ် အဲဒါတွေကို ဆေးရည်တွေနဲ့ တန်ဖိုးတူတယ်လို့တောင် သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ အဲဒီအတွက် လိုအပ်ချက်ကတော့ လက်နက်ထဲမှာ ကိန်းအောင်းနေတဲ့ အန္တရာယ်တွေနဲ့ ရူးသွပ်မှုတွေကို ဖယ်ရှားပစ်ဖို့ပဲလေ။"*

"တူးဖော်ရရှိတဲ့ စာရွက်စာတမ်းတွေမှာ စတုတ္ထ ခေတ်ကို 'နတ်မင်းတွေရဲ့ ခေတ်' လို့ ဘာကြောင့် ခေါ်ခဲ့ကြတာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒီခေတ်မှာ နတ်မင်းတွေ ဆင်းသက်လာခဲ့တဲ့ မှတ်တမ်းတွေ အများကြီး ရှိနေတာကိုး။ ဒါဆို ဘာကြောင့် သူတို့တွေ ကမ္ဘာပေါ်ကို ဆင်းမလာတော့တာလဲ၊ ဘာကြောင့် ဗျာဒိတ်တော်တွေတောင် မရှိတော့ရတာလဲ?"*

*"အကယ်၍ သာလွန်သူတွေဟာ နတ်မင်း‌ တွေကို ပူဇော်တဲ့အစီအရင်‌တွေလုပ်ပေမယ့် နတ်မင်းတွေရဲ့ တုံ့ပြန်မှုတွေကို မရခဲ့ရင် သူတို့ အတော်များများဟာ နတ်မင်းတွေ တကယ်ရှိရဲ့လား ဆိုတာပြီး သံသယဝင်နေကြမှာပဲ..."*

အတွေးပေါင်းများစွာဟာ ကလိုင်းရဲ့ စိတ်ထဲကို ရုတ်တရက် တိုးဝင်လာပြီး သူဟာ ဒီသာလွန်သူများ ကမ္ဘာရဲ့ ဂမ္ဘီရနယ်ပယ်ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားသလို ခံစားလိုက်ရပါတယ်။

သူက နောက်ထပ် စာမျက်နှာ လေးမျက်နှာကို လှန်ကြည့်လိုက်ပေမဲ့ အဲဒါတွေက မစ္စတာ တံခါးနဲ့ မဆိုင်တော့တာကို တွေ့ရလို့ စိတ်ပျက်သွားမိပါတယ်။

လူရွှင်တော် (အမြင်ဆရာ လမ်းစဉ် ဆုံမှတ် ၈) တစ်ဦးအနေနဲ့ သူ့ရဲ့ စွမ်းရည်က မျက်နှာက ခံစားချက်တွေကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပြီး မီးခိုးရောင် မြူခိုးတွေရဲ့ အတားအဆီးနဲ့ ပေါင်းလိုက်တဲ့အခါ သူ့ကို တိတ်တဆိတ် အကဲခတ်နေတဲ့ အော်ဒရီ ပင်လျှင် သူ့မျက်နှာက စိတ်ပျက်မှုကို သတိမထားမိလိုက်ပါဘူး။

သူဟာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို စုစည်းပြီး ဒိုင်ယာရီရဲ့ တတိယမြောက် စာမျက်နှာကို စတင်ဖတ်လိုက်ပါတယ် -

"စက်တင်ဘာ ၁၀ ရက်။ ငါ ဒါကို အချိန်အတော်ကြာအောင် အောင့်အီးသည်းခံခဲ့ပေမဲ့ အနည်းငယ်တော့ ညည်းတွားမိတာကို မတတ်နိုင်ဘူး။

ငါက ဘာလို့ ပညာရှိ လမ်းစဉ်ကို ရွေးချယ်မိတာလဲ? ငါ့ဦးနှောက်ထဲမှာ အမှိုက်တွေပဲ ရှိနေလို့လား?

ဒါက ငါ့ရဲ့ အကြီးမားဆုံး အားသာချက်ကို ဖော်ထုတ်နိုင်စေပြီး ဘုရားကျောင်းက ငါ့ကို အလေးထားလာအောင် လုပ်ပေးနိုင်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ပြဿနာက ပထမဆုံး ဆုံမှတ် တွေမှာ တိုက်ခိုက်ရေးအတွက် လိုအပ်တဲ့ ဘယ်လို သာလွန်သူ စွမ်းအားမျိုးမှ ပါမလာတာပဲ။ ငါက ဂမ္ဘီရပစ္စည်းတွေကိုပဲ အားကိုးနေရပြီး ပြင်ပပစ္စည်းတွေအပေါ်မှာ အရမ်းကို မှီခိုနေရတယ်လေ။

ဥပမာ - ဆုံမှတ် ၉ ပညာရှိ ဆိုရင် မှတ်ဉာဏ်၊ သင်ယူမှုနဲ့ လက်တွေ့ကျွမ်းကျင်မှုတွေမှာပဲ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတာ။ ဥပမာ - ဆုံမှတ် ၈ ရှေးဟောင်း သုတေသန ပညာရှင် ဆိုရင် သန်မာတဲ့ ခန္ဓာကိုယ်နဲ့ သက်ဆိုင်ရာ ရှေးဟောင်းဗဟုသုတတွေကို ရရှိပြီး အစီအရင်မှော်ပညာ အနည်းငယ်ကိုပဲ အသုံးပြုနိုင်တာ။ ဥပမာ - ဆုံမှတ် ၇ မူလဇနက ဆိုရင် ဂမ္ဘီရပစ္စည်းတွေကို လျင်မြန်စွာ ခွဲခြားနိုင်စွမ်း ရှိပြီး ကိန်းအောင်းနေတဲ့ အန္တရာယ်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်တာ။ ဥပမာ - ဆုံမှတ် ၆ လက်မှု ပညာသည် ဆိုရင် အံ့ဖွယ် စက်ယန္တရားတွေကို ထုတ်လုပ်နိုင်ပေမဲ့ အစွမ်းထက်တဲ့ ဂမ္ဘီရပစ္စည်းတွေကိုတော့ မလုပ်နိုင်သေးဘူး။ အဲဒါအပြင် အစီအရင်သုံး ရတဲ့ မှော်ပညာမှာလည်း ပိုပြီး ကျွမ်းကျင်လာမှာပေါ့။ သူ့ရဲ့ ခေတ်သစ်နာမည်က ယန္တယား အထူးကျွမ်းကျင်သူ လို့ ခေါ်ကြတာ မဆန်းပါဘူး။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဂမ္ဘီရ စပ်စုစိန် လမ်းစဉ်ရဲ့ ဆုံမှတ် ၇ ဝိဇ္ဇာ နဲ့ ဆုံမှတ် ၆ စာလိပ်ပါမောက္ခ တွေက ပိုပြီး ဆွဲဆောင်မှု ရှိတယ်။ အကယ်၍ ဘုရားကျောင်းမှာသာ ဂမ္ဘီစပ်စုစိန်အတွက် ဆုံမှတ် အစအဆုံး ပြည့်ပြည့်စုံစုံ ရှိနေပြီး ပုန်းကွယ်နေသော ပညာရှိ သာ မရှိခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ။

ဒါပေမဲ့ နောက်ဆုံးတော့ သတင်းကောင်း အချို့ကို ရခဲ့ပါပြီ။ နောက်တစ်ကြိမ် အဆင့်တက်ပြီးရင် ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းအားတွေကို ရတော့မှာ။ ဆုံမှတ် ၅ ကြယ်တာရာ ပညာရှင် !

သူ့ရဲ့ ခေတ်သစ်နာမည်က ငါ့ကို နည်းနည်းတော့ ကြောက်သွားစေတယ်။ တကယ်တော့ ဆုံမှတ် ၅ ရဲ့ ခေတ်သစ်နာမည်က ကြယ်တာရာ သူတော်စင် တဲ့…”*

(ပုန်းကွယ်နေသော ပညာရှိဟာ ဂမ္ဘီရ စပ်စုစိန် လမ်းစဉ် ရဲ့ ထိပ်ဆုံးက ဆုံမှတ် ၀ ဖြစ်ပါတယ်။သူဟာ မကောင်းတဲ့နတ်ဆိုး ဖြစ်ပြီး ရူးနေတာလည်း ဖြစ်ပါတယ်။သူ့လမ်းစဉ်က သာလွန်သူတွေကို လပြည့်ညတိုင်း သူ့ရဲ့ ဗဟုသုတတွေကို အဝေးကနေ ခေါင်းထဲကို လှမ်းထည့်ပေးလေ့ရှိပါတယ်။ဒါပေမယ့် သူ့အသံကြောင့် ဂမ္ဘီရ စပ်စုစိန် လမ်းစဉ်က သာလွန်သူ တော်တော်များများက ရူးကုန်ကြပါတယ်)

*”ငါက အစွမ်းထက်ပြီး ရူးသွပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်အဖြစ်နဲ့ပဲ ဘဝကို အဆုံးသတ်သွားမှာလား?

ကောင်းကင်ဘုံက ငါ့ကို သနားတော်မူပါ။ ငါက တက္ကသိုလ်ဝင်တန်း စာမေးပွဲတုန်းက ဒုတိယနှစ် ကျောင်းသားတစ်ယောက်ပဲ ရှိသေးတာပါ!”*

အင်ပါယာ ရိုဇယ်လ်မှာ ပြက်လုံးထုတ်နိုင်တဲ့ ထူးခြားတဲ့ အရည်အချင်းရှိတယ်လို့ ဆိုရပါလိမ့်မယ်။ လောလောဆယ် စိတ်ဓာတ်ကျနေတဲ့ ကလိုင်းပင်လျှင် ဒီစီနီယာကြီးအတွက် ဖယောင်းတိုင်တစ်တိုင် ထွန်းပေးချင်စိတ် ပေါက်သွားပြီး ပါးစပ်ပင် အနည်းငယ် တွန့်သွားမိပါတယ်။

"ကြိုးစားသင်ယူပြီး နေ့စဉ် တိုးတက်အောင် လုပ်ပါဆိုတာ တကယ်ကို ပညာရှိတဲ့ စကားပါပဲ..." သူဟာ စက်ယန္တရားနဲ့ ရေနွေးငွေ့နတ်ဘုရား ဘုရားကျောင်းရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာကို မှတ်သားထားလိုက်ပါတယ်။

ယန္တယား ဘုရားကျောင်းက သာလွန်သူတို့ဟာ တိုက်ခိုက်ရေးနဲ့ ပတ်သက်လာရင် စွမ်းအားတွေ နည်းပေမဲ့ ယန္တယားပစ္စည်းတွေကို လုပ်တာနဲ့ သုံးတာမှာတော့ အရမ်းကျွမ်းကျင်ကြပါတယ်။

ဒိုင်ယာရီရဲ့ တတိယမြောက် စာမျက်နှာကို လှန်ပြီးနောက် ကလိုင်းဟာ ဆက်ဖတ်လိုက်ပါတယ် –

"ဇွန်လ ၂ ရက်။ ဘုရင့်နိုင်ငံတော်က ဖေးဆက် အင်ပါယာ၊ လိုအန် ဘုရင့်နိုင်ငံတော်နဲ့ ဖေးညှာ ပေါ်တာ ဘုရင့်နိုင်ငံတော်တွေကို အလုံးစုံ သိမ်းပိုက် မဖျက်ဆီးနိုင်ဘဲ စစ်ပွဲတွေကို ထပ်ခါတလဲလဲ လှုံ့ဆော်နေခဲ့လို့ နိုင်ငံတော်အတွင်းမှာ ဖရိုဖရဲ တွေ ဖြစ်နေပြီ။ အဲဒါကြောင့် နိုင်ငံတော်ဟာ ကြီးမားတဲ့ ကြွေးမြီးတွေကို ထမ်းဆောင်နေရပြီး စီးပွားရေးကလည်း ပြိုလဲလုနီးပါး ဖြစ်နေပြီ။ ငါ့ရဲ့ လေ့လာတွေ့ရှိချက်အရ ပြည်သူတွေ၊ ကုန်သည်တွေနဲ့ စစ်သားတွေဟာ အလွန် မကျေမနပ် ဖြစ်နေကြတယ်။ ဆူပူအုံကြွမှုတွေ ဖြစ်ဖို့အတွက် မီးပွားလေးတစ်ခုပဲ လိုတော့တာ! ဒါက ငါ့အတွက် အခွင့်အရေးပဲ။

ဒါပေမဲ့ ငါ အရမ်း သတိထားရမယ်။ ဆော်ရွန် မိသားစုဟာ စတုတ္ထ ခေတ်ရဲ့ သမိုင်းကြောင်းကို မြင်တွေ့ခဲ့ရတဲ့ မိသားစုဖြစ်ပြီး ဆုံမှတ်မြင့် သာလွန်သူတွေ ရှိနေနိုင်တဲ့ ရှေးဟောင်းမိသားစုကြီး တစ်ခုပဲ။ ငါ့အတွက် ဘုရားကျောင်းရဲ့ ထောက်ခံမှု လိုအပ်သလို ထာဝရတောက်လောင်နေသော နေမင်း ဘုရားကျောင်းနဲ့လည်း အပေးအယူ လုပ်ထားဖို့ လိုတယ်။

ငါက ချက်ချင်း ထွက်မလာသေးဘူး။ အရင်ဆုံး သူပုန်တွေကို အမိန့်အာဏာ ဖီဆန်ခိုင်းလိုက်မယ်၊ ပြီးမှ ငါက ကယ်တင်ရှင်အဖြစ်နဲ့ အရာအားလုံးကို အဆုံးသတ်ပေးလိုက်မယ်။ ကောင်စီ အရာရှိ ရိုဇယ်လ် ဂူစတာ့ဗ် ဆိုပြီး အာဏာရလာမယ်။ အဲဒီနာမည်ကို ငါလည်း သဘောကျတယ်။”

All Chapters