အခမဲ့ အခြေခံဗဟုသုတများ
Vol. 22 Ch. 218
ရိုဇယ်လ်၏ ဒိုယ်ယာရီထဲတွင် ဖြစ်သည်။
“ဇွန်လ ၃ ရက်။ အက်ဝက် တို့နဲ့ ဆွေးနွေးပြီးတဲ့နောက် ထာဝရတောက်လောင်နေသော နေမင်း ဘုရားကျောင်းနဲ့ တိတ်တဆိတ် နားလည်မှုယူမယ့် စိတ်ကူးကို ငါစွန့်လိုက်ပြီ။ ဒီလိုလုပ်တာက ငါ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ပေါ်သွားစေနိုင်ပြီး ဆော်ရွန် မိသားစုနဲ့ သူတို့ကို ထောက်ခံတဲ့ ရှေးဟောင်းမျိုးနွယ်စုတွေက ငါ့အကြံကို ကြိုတင်ရိပ်မိသွားနိုင်တယ် ။သူတို့က တိုက်ရိုက်တုံ့ပြန်လာနိုင်တယ်။ အဲဒီလိုသာ ဖြစ်လာရင် အခြေအနေတွေက အရမ်းခက်ခဲပြီး ဆိုရွားသွားလိမ့်မယ်။
နှမြောစရာကောင်းတာက ဂရင်း တစ်ယောက် မြူခိုးပင်လယ် ထဲမှာ သေဆုံးသွားတာပဲ။ သူက ငါတို့ထဲမှာ ဉာဏ်အကောင်းဆုံး။ဒီလိုကိစ္စတွေမှာ သူကအကြံအပေးနိုင်ဆုံးဖြစ်မှာ။
ဖရိုဖရဲ ဖြစ်ကြစမ်းစွာ! အရာအားလုံး ရှုပ်ထွေးကုန်မှပဲ ရေနောက်မှာ ငါးဖမ်းရသလို ငါ့အတွက် အခွင့်အရေးရမှာ။ ဆော်ရွန်မိသားစုက ဒီအခြေအနေကို မထိန်းချုပ်နိုင်တော့တဲ့ အခါမှပဲ ထာဝရတောက်လောင်နေသော နေမင်း ဘုရားကျောင်းက ငါ့ကို မတတ်သာတဲ့အဆုံး အသိအမှတ်ပြုလာလိမ့်မယ်။
အဲဒီသူပုန်တွေကို ငါတစ်ဖက်တစ်လမ်းက နေ တိတ်တဆိတ် ကူညီပေးသင့်တယ်။ဒါပေမယ့် ဘယ်သူမှ မရိပ်မိအောင် ဘယ်လိုလုပ်ရမလဲ။
ဇွန်လ ၄ ရက်။ လျှို့ဝှက် အမိန့်တော် က ဇာရာတူးလ် ဟာ ငါ့ဆီကို လျှိူ့ဝှက်စွာနဲ့ ရုတ်တရက် ကြီးရောက်လာခဲ့တယ်။”
...
အဲဒီနောက်မှာရော ဘာဆက်ဖြစ်လဲ? ပုန်ကန်မှုနဲ့ အာဏာသိမ်းမှုကြီး မဖြစ်ခင် အကြိုကာလမှာ လျှို့ဝှက် အမိန့်တော်ရဲ့ ခေါင်းဆောင် ဇာရာတူးလ်က ရိုဇယ်လ်ကို ဘာလို့ လာတွေ့တာလဲဆိုတဲ့ အကြောင်းရင်းကို ကလိုင်း က ဒိုင်ယာရီ ဖတ်ရင်း သိချင်စိတ် ပြင်းပြနေတုန်းမှာပဲ... နောက်ဆက်တွဲ နောက်ပါလာတဲ့ စာမျက်နှာနှစ်ခုက အဲဒီအကြောင်းအရာနဲ့ လုံးဝမဆိုင်မှန်း သိလိုက်ရလို့ ထွက်လာတဲ့ ဒေါသကို မနည်းထိန်းလိုက်ရပါတယ်။
ဒိုင်ယာရီ စာမျက်နှာသုံးခုမှာ အသေးစိတ် ဖော်ပြချက်တွေ မပါဘဲ ရိုဇယ်လ်ရဲ့ ရိုးရှင်းတဲ့ နေ့စဉ်မှတ်တမ်းတွေ ဖြစ်ပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော် ၁၁၇၃ ခုနှစ်က အင်းတစ် နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကျော်ကြားလှတဲ့ ဆူပူအုံကြွမှုကြီးကို ကလိုင်း အာရုံထဲမှာ မြင်ယောင်နေမိပါတယ်။
သမိုင်းစာအုပ်တွေထဲမှာတော့ ဒီဖြစ်ရပ်ရဲ့ ရလဒ်ကို အတိအလင်း မှတ်တမ်းတင်ထားပြီးသားပါ။ ဗိုလ်မှူးကြီးတစ်ယောက်အနေနဲ့ ရိုဇယ်လ်ဟာ ပုန်ကန်မှုတွေကို နှိမ်နင်းပြီး နိုင်ငံရေး အပြောင်းအလဲတွေကို လုပ်ခဲ့ပါတယ်။ အင်းတစ် ဘုရင့်နိုင်ငံတော်ကို အင်းတစ်ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ပြောင်းခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကောင်စီအရာရှိ အဖြစ် ခန့်အပ်ခဲ့တာပေါ့။
နောက်ထပ် ၁၉ နှစ်တာ အကြာမှာတော့ သူဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ခဲ့ပြီး တီထွင်ဆန်းသစ်မှုတွေကို အားပေးကာ စက်မှုတော်လှန်ရေး ကို ဖော်ဆောင်ခဲ့ပါတယ်။ နိုင်ငံရဲ့ အင်အားကို အဆမတန် မြှင့်တင်ပေးခဲ့တဲ့အပြင် တောင်နဲ့မြောက် ကုန်းမြေတိုက်ကြီးတွေကို မနားတမ်း စစ်ခင်းခဲ့လို့ လမ်းဘာ့ခ် ၊ မေဆင် ၊ဆီဂါ နဲ့ တခြားနိုင်ငံတွေကို အင်းတစ် ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်အောက်ခံ နိုင်ငံတွေ ဖြစ်လာစေခဲ့ပါတယ်။ ဒါ့အပြင် မြောက်ပိုင်း ကုန်းမြေတိုက်ကြီးပေါ်က အင်အားကြီး သုံးနိုင်ငံဖြစ်တဲ့ ဖေးဆက် အင်ပါယာ၊ လိုအန် ဘုရင့်နိုင်ငံတော်နဲ့ ဖေးညှာ ပေါ်တာ ဘုရင့်နိုင်ငံတော်တို့ကိုတောင် ခေါင်းငုံ့ အရှုံးပေးစေခဲ့သူပါ။
၁၁၉၂ ခုနှစ်ကုန်ပိုင်း၊ ကောင်စီအရာရှိအဖြစ် တာဝန်ယူပြီး နှစ်ပေါင်းနှစ်ဆယ်လောက် အကြာမှာ ရိုဇယ်လ်ဟာ အင်းတစ်သမ္မတနိုင်ငံကို အင်းတစ်အင်ပါယာအဖြစ် ပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဆီဇာ အဖြစ် ကြေညာခဲ့ပါတော့တယ်။
ဆီဇာ ဖြစ်ပြီး ခြောက်နှစ်မပြည့်ခင် အချိန်မှာပဲ သူဟာ အဖြူရောင် မေပယ် နန်းတော် မှာ ကွယ်လွန်ခဲ့ရပြီး ပဉ္စမ ခေတ်ရဲ့ အကျော်ကြားဆုံး သမိုင်းဝင် ဖြစ်ရပ်တစ်ခုဟာ နိဂုံးချုပ်ခဲ့ရတယ်။
ကလိုင်းဟာ ပိုစဉ်းစားမိလေလေ ရိုဇယ်လ်ရဲ့ သေဆုံးမှုက အပေါ်ယံ မြင်ရတာထက် ပိုနက်နဲတယ်လို့ ခံစားလာရလေပါပဲ။ သမိုင်းစာအုပ်တွေထဲမှာ ပါသလို မဟုတ်ဘဲ ဒီကျော်ကြားတဲ့ သမိုင်းဝင် ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ သာလွန်သူ တွေရဲ့ အာဏာလုပွဲတွေ ရှိနေမှာ အသေအချာပါပဲ။
ဒိုင်ယာရီထဲကအတိုင်းပဲ ကမ္ဘာပျက်ကပ်ရဲ့ မြင်းစီးစစ်သည် လေးယောက်လိုခေါ်ကြတဲ့ ရိုဇယ်လ်ရဲ့ လက်ရုံးလေးယောက် ထဲက တစ်ယောက်ဖြစ်တဲ့ ဂရင်းဟာ မြူခိုးပင်လယ်ထဲမှာ သေဆုံးခဲ့ပါပြီ။ အရင် ဒိုင်ယာရီ စာမျက်နှာတစ်ခုမှာတုန်းက ရိုဇယ်လ်ဟာ ဒီ 'မြင်းစီးစစ်သည်' နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေကြောင်း ရေးခဲ့ဖူးပါတယ်။ အဲဒါက ထူးခြားဆန်းပြားတဲ့ သက်ရှိတွေ အများကြီးရှိတဲ့ ကျွန်းငယ်လေးနဲ့ ဆက်စပ်နေပုံရပါတယ်။ အဲဒီကျွန်းက ကံကောင်းခြင်းတွေ ရှိနေရုံတင်မကဘဲ အန္တရာယ်တွေနဲ့လည်း ပြည့်နေတာ ဖြစ်ပါတယ်။ကလိုင်းဟာ အရင်မှတ်တမ်းတစ်ခုကို ပြန်သတိရရင်း စိတ်လှုပ်ရှားစွာနဲ့ ပဉ္စမမြောက် စာမျက်နှာကို လှန်လိုက်ပါတယ်။
ဒီစာမျက်နှာမှာပါတဲ့ အကြောင်းအရာတွေကတော့ တန်ဖိုးမရှိပါဘူး။
ဒီစာမျက်နှာမှာဆိုရင် ရိုဇယ်လ်က ၁၁၂၈ ခုနှစ်ထုတ် အော်မီရ် ဝိုင်နီကို သောက်ပြီးနောက် ဘယ်လိုကောင်းကြောင်းပြောခဲ့တဲ့ မှတ်ချက်တွေ၊ ငယ်ငယ်က စွဲလမ်းခဲ့ရတဲ့ အမျိုးသမီးက အိုမင်းပြီး ရုပ်ပျက်နေတာ မြင်ရလို့ စိတ်ပျက်သွားပုံတွေနဲ့ ဖဲကစားတာမှာ စွဲလမ်းနေခဲ့တဲ့ ကာလတစ်ခုအကြောင်းရေးထားတဲ့ အနှစ်မရှိတဲ့ ဒိုင်ယာရီ အကျဉ်းချုပ်တွေပဲ ဖြစ်ပါတယ်။
ဆဋ္ဌမမြောက် စာမျက်နှာကလည်း ပထမစာမျက်နှာလိုပဲ သူ့ရဲ့ နေ့စဉ်ဘဝ မှတ်တမ်းတွေပဲ ဖြစ်ပေမဲ့ နောက်ဆုံးစာကြောင်းကို မြင်လိုက်ရတဲ့အခါ ကလိုင်းရဲ့ မျက်လုံးတွေ ဝင်းလက်သွားပါတော့တယ်။
“ဧပြီလ ၈ ရက်။ လျှို့ဝှက် အမိန့်တော်အကြောင်း ကို ပိုသိနိုင်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်စုံစမ်းခိုင်းရမယ်။ ငါ အရင်ကလို အမြဲတမ်း အလိုလိုက်နေလို့ မဖြစ်တော့ဘူး။ ဇာရာတူးလ် ငါ့ကို နှာခေါင်းကိုင် ကြိုးဆွဲသမျှ ခံနေလို့ မဖြစ်တော့ပြီ။”
*”ဒါဆိုရင် နောင်ကြီး ရိုဇယ်လ် တစ်ယောက် တစ်ခုခုများ ရှာတွေ့ခဲ့တာရှိသလား? “*
ကလိုင်းဟာ ကျန်တဲ့ အချက်အလက်တွေကို ရှာမတွေ့နိုင်တော့လို့ အလိုမကျဖြစ်သွားပါတယ်။ ဒါပေမယ့် စိတ်ကို အတင်းငြိမ်အောင် ထိန်းလိုက်ပြီး လူဇောက်ထိုးဆီက နောက်ထပ် ဒိုင်ယာရီ ခြောက်မျက်နှာ ပေးလာမယ့် နောက်တစ်ကြိမ် တားရော့ကလပ် အစည်းအဝေးကိုပဲ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က စုံစမ်းစစ်ဆေးမှုတစ်ခုက လက်ရှိ လျှို့ဝှက် အမိန့်တော် အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ရှာရာမှာ အထောက်အကူ ဖြစ်နိုင်ချေ နည်းတယ်ဆိုတာ သူသိပါတယ်။ အချိန်တွေ ဒီလောက် ကြာသွားပြီဆိုတော့ ထူးခြားတဲ့သာလွန်သူ တွေကလွဲရင် ဆုံမှတ်မြင့် သာလွန်သူ အများစုတောင် အိုပြီး သေကုန်ကြပါပြီ။ အလယ်အလတ်နဲ့ အောက်ခြေအဆင့် အဖွဲ့ဝင်တွေအကြောင်း ကတော့ပြောနေဖို့တောင် မလိုတော့ပါဘူး။
ဒါပေမဲ့ ဒီမှတ်တမ်းတွေက သူ့အတွက် စိတ်ကူးအသစ်တွေ ရစေပြီး လျှို့ဝှက် အမိန့်တော်က သုံးလေ့ရှိတဲ့ အမှတ်အသားတွေနဲ့ လှုပ်ရှားမှု ပုံစံတွေကို တိကျစွာ သိနိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ ကလိုင်း ယုံကြည်နေပါတယ်။
ဒိုင်ယာရီ ရဲ့ခြောက်ခုမြောက် စာမျက်နှာကို ချလိုက်ပြီးနောက် ကလိုင်းဟာ ကြေးဝါစားပွဲရှည်ကြီးရဲ့ အနားသတ်ကို ညာဘက်လက်ညှိုးနဲ့ အသာအယာ ခေါက်နေရင်း တရားမျှတမှု ဆီကနေ လူဇောက်ထိုးဆီ၊ အဲဒီကတစ်ဆင့် နေမင်း ဆီကို ဖြည်းဖြည်းချင်း ကြည့်လိုက်ပါတယ်။
မှန်ပါတယ်။ ခုနက ဒိုင်ယာရီထဲမှာ အင်ပါယာ ရိုဇယ်လ် ဖော်ပြထားတဲ့ စာသားတစ်ကြောင်း ရှိနေပါတယ်။ "နတ်မင်းတွေကို ဖန်ဆင်းခဲ့တဲ့ တန်ခိုးအရာ၊ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ နတ်ဘုရား" ဆိုတဲ့ အသုံးအနှုန်းက ငွေရောင်မြို့တော် ရဲ့ ဓလေ့တွေနဲ့ အရမ်းတူနေပါတယ်။
*”ရိုဇယ်လ်က က ဒီနာမည်ကို ဘယ်ကနေ ကြားခဲ့တာလဲ? သူဒိုင်ယာရီထဲမှာ ထည့်ရေးနေကျ အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာကြီးကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ ရှေးအကျဆုံးနဲ့ အလျှို့ဝှက်ဆုံး အဖွဲ့အစည်းကြီးဆီက ကြားခဲ့တာ ဖြစ်နိုင်မလား? “*
*”ဒီအဖွဲ့အစည်းက နတ်ဘုရားတို့ စွန့်ပစ်ထားတဲ့ နယ်မြေ ကို နတ်ဘုရားတွေ မစွန့်ပစ်ခင်ကတည်းက တည်ရှိခဲ့တာလား?”*
(နတ်ဘုရားတို့ စွန့်ပစ်ထားတဲ့နယ်မြေဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာ ရှိမှန်း ဘယ်သူမှ မသိကြပါဘူး။နေမင်းတို့နေတဲ့ ငွေရောင် မြို့တော်က နတ်ဘုရားတို့ စွန့်ပစ်ထားတဲ့နယ်မြေထဲမှာရှိပါတယ်။)
အင်း... ရုတ်တရက် ကလိုင်းရဲ့ ခေါင်းထဲမှာ စိတ်ကူးသစ်တစ်ခု ပေါ်လာပါတယ်။ သူက ခပ်တိုးတိုးနဲ့ သိမ်မွေ့စွာ ပြုံးလိုက်ရင်း
“ရိုဇယ်လ်က သူ့ရဲ့ ဒိုင်ယာရီထဲမှာ ကွယ်ဝှက်နေတဲ့ သမိုင်းကြောင်းတချို့နဲ့ ရိုးရှင်းတဲ့ အခြေခံဗဟုသုတတချို့ကို ဖော်ပြထားတယ်။ အဲဒီ ဗဟုသုတတွေကို ဖတ်မိတော့ မင်းတို့ကို ငါမပြောရသေးတဲ့ အကြောင်းအရာတချို့ကို သတိရသွားမိတယ်” လို့ ပြောလိုက်ပါတယ်။
အော်ဒရီ ဟာ ရုတ်တရက် ငေးသွားပြီးနောက် ရှေးဟောင်း စားပွဲရှည်ကြီးရဲ့ ထပ်ကို ဝမ်းသာအားရ ကြည့်လိုက်မိပါတယ်။
မစ္စတာ အရူး က ရိုဇယ်လ်ရဲ့ ဒိုင်ယာရီထဲက အကြောင်းအရာတွေကို အစပျိုးပြီး ပြောပြတော့မှာလား? ဘာတွေများ ဖြစ်မလဲ? သူမဟာ အရမ်း စိတ်လှုပ်ရှားသွားလို့ မိမိကိုယ်ကိုယ် 'ပွဲကြည့်သမား' တစ်ယောက် ဖြစ်တာကိုတောင် လုံးဝ မေ့သွားပါတယ်။
သူမနဲ့ ယှဉ်ရင် လူဇောက်ထိုး အယ်လ်ဂျာ က ပိုတည်ငြိမ်နေပေမဲ့ သူက မသိစိတ်ကြောင့် ကျောကို မသိမသာ ဆန့်လိုက်တာက သူ့ရဲ့ စိတ်ဝင်စားမှုကို ပြနေတာပါတယ်။
နေမင်း ဒဲရစ် ကတော့ မစ္စတာ အရူး စိတ်ဝင်စားတဲ့ အရာတွေက နက်နဲတဲ့ လျှို့ဝှက်ချက်တွေလို့ အမြဲယုံကြည်ထားသူပါ။ ဒါပေမဲ့ သူက အင်ပါယာ ရိုဇယ်လ်အကြောင်းကိုလည်း မသိသလို ဒီနာမည်က မြောက်ပိုင်း ကုန်းမြေတိုက်ကြီးမှာ ဘယ်လောက် အရေးပါတယ်ဆိုတာလည်း နားမလည်ပါဘူး။ ဒါကြောင့် သူက စူးစမ်းချင်စိတ်ကို အတင်းဖုံးကွယ်ထားရုံကလွဲလို့ ထူးခြားတဲ့ အမူအရာ မပြခဲ့ပါဘူး။
“မစ္စတာ အရူး... အင်ပါယာ ရိုဇယ်လ်က ဘယ်လို အခြေခံဗဟုသုတမျိုးတွေကို ဖော်ပြထားတာလဲဟင်။ အဲ့ဒီ သတင်းအချက်အလက်အတွက် ကျွန်မ အခကြေးငွေနဲ့ ပေးချေဖို့ အသင့်ပါပဲ” လို့ အော်ဒရီက မနေနိုင်ဘဲ ပြောလိုက်မိပါတယ်။
ဒါပေမဲ့ ဒီအကြောင်းအရာကို သူမတစ်ယောက်တည်းကိုပဲ သီးသန့် ပြောပြဖို့ စိတ်ထဲက တိတ်တဆိတ် ဆုတောင်းနေမိတာပေါ့။
ကလိုင်းက ခပ်ဖွဖွ ရယ်လိုက်ပြီး
“မလိုပါဘူး... ဒါက အရမ်းကို ရိုးရှင်းတဲ့ အခြေခံဗဟုသုတတွေပါ” လို့ ပြောလိုက်ပါတယ်။
“ဒိုင်ယာရီရဲ့ ဒီနေ့အပိုင်းကို ဖတ်ပြီးတဲ့နောက် တားရော့ကလပ်ကို တည်ထောင်ထားတဲ့သူတစ်ယောက်အနေနဲ့ ဒီနိယာမကို မင်းတို့အားလုံး သိထားသင့်တယ်လို့ ငါခံစားရတယ်။ ဒါပေမဲ့ မင်းတို့ထဲက တချို့ကတော့ ငါပြောပြမယ့် နိယာမကို သိပြီးသားဖြစ်မယ်ဆိုတာ ငါသေချာပေါက် ယုံကြည်ပါတယ်”
ကလိုင်းက က နေမင်းကို အဓိက ရည်ညွှန်းနေတာပါ။ ငွေရောင်မြို့တော်က နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင်လောက်အထိ သမိုင်းကြောင်း ရှိခဲ့တာဆိုတော့ 'သာလွန်သူများ၏ အကြွင်းအကျန်ဝိသေသလက္ခဏာများကို ဖျက်ဆီး၍မရနိုင်ခြင်း နိယာမ' ကို မသိဘဲ နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် သူတို့က အရမ်းခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ နေရသူတွေလေ။ အမှောင်ထဲမှာ မိစ္ဆာတွေ ပေါနေပေမဲ့ ဆုံမှတ်ဆေးရည်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို မရနိုင်တဲ့ အခါမျိုးလည်း ရှိမှာပဲ။ သူတို့ရဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်းဖို့နဲ့ မြို့တော် ဆက်တည်တံ့ဖို့ ရှေ့လူတွေ ကျန်နေခဲ့တဲ့ သာလွန်သူ ဝိသေသလက္ခဏာ အကြွင်းအကျန် တွေကို သုံးပြီး ဆေးရည်ဖော်တာဟာ သူတို့အတွက် လက်မခံနိုင်စရာ မဟုတ်ပါဘူး။
သူတို့အတွက်တော့ ဒါက မြင့်မြတ်ပြီး ဂုဏ်ယူစရာ အစီအရင်တစ်ခုတောင် ဖြစ်နိုင်ပါတယ်။ ကလိုင်းဟာ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေအရ လူဇောက်ထိုးကလည်း တစ်ခုခု သိထားမှန်း ရိပ်မိနေပါတယ်။
*”နှမြောစရာကောင်းတာက သူတို့က မစ္စတာ အေဇစ် ကိုအရူးရဲ့ ယုံကြည်ကိုးကွယ်သူလို့ ထင်နေကြတယ်။ မစ္စတာ အေဇစ်ရဲ့ အစွမ်းထက်တဲ့ သာလွန်သူဆိုတဲ့ ပုံရိပ်ကို မထိခိုက်အောင် ထိန်းသိမ်းနေရတယ်။မဟုတ်ရင်တော့ မဒမ် တရားမျှတမှုဆီကနေ ချီလုံဂို့စ် ကို သတ်ခဲ့တုန်းက ဆုကြေး ဝေစုဆိုပြီး ရွှေဒင်္ဂါးတွေ တောင်းလို့ရမှာ။ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ နတ် ဖြစ်ပါစေ နောက်လိုက်တော်တွေ ရှိစမြဲပါ။ ဥပမာ - ထာဝရာညနတ်ဘုရားမရဲ့ 'အိပ်စက်ခြင်းမဲ့' လမ်းစဉ်က သာလွန်သူများ လိုမျိုးပေါ့... ဘုရားကျောင်းက အောက်ခြေအဆင့် 'ညသိမ်းငှက်’ တွေက အားနည်းနေရုံနဲ့ ဘယ်သူမှ နတ်ဘုရားမကို စစ်မှန်တဲ့ နတ်ဘုရားမဟုတ်ဘူးလို့ သံသယဝင်ရဲမှာ မဟုတ်ဘူး။ “*
ကလိုင်းဟာ စိတ်ထဲက တိတ်တဆိတ် သက်ပြင်းချလိုက်မိပါတယ်။
“ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာ အရူး။ အရှင်က တကယ့်ကို ရက်ရောလွန်းပါတယ်” လို့ အော်ဒရီက ဝမ်းသာအားရ ပြန်ပြောပါတယ်။
သူမဟာ သတင်းအချက်အလက် သိရဖို့ ငွေပေးမယ်လို့ ပြောလိုက်မိတဲ့ သူမရဲ့ မဆင်မခြင် လုပ်ရပ်အတွက် ခဏတော့ နောင်တရနေမိပါတယ်။
ကလိုင်းက စားပွဲခေါက်တာကို ရပ်လိုက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ရှင်းပြလိုက်ပါတယ်။ “ပထမဆုံး အခြေခံဗဟုသုတကတော့ - သာလွန်သူများ၏ အကြွင်းအကျန်ဝိသေသလက္ခဏာများကို ဖျက်ဆီး၍မရနိုင်ခြင်း နိယာမ ပဲ ဖြစ်တယ်။ သာလွန်သူတစ်ယောက်ရဲ့ ဝိသေသလက္ခဏာတွေဟာ ဘယ်တော့မှ ပျက်စီးသွားတာ ဒါမှမဟုတ် လျော့သွားတာမျိုး မရှိဘူး။ အဲဒါဟာ တစ်ဦးဆီကနေ နောက်တစ်ဦးဆီကို လက်ဆင့်ကမ်း ရောက်သွားတာမျိုးပဲ ရှိတယ်”
ကလိုင်းဟာ သူပြောတဲ့ပုံစံက မသိမသာနဲ့
ကပ္ပတိန့်လေသံ ပေါက်သွားလို့ နှုတ်ခမ်းတွေကအနည်းငယ် ပြုံးယောင်သန်းသွားပါတယ်။
*”ဖျက်ဆီးလို့မရဘူး၊ လျော့မသွားဘူး... တစ်ဦးဆီကနေ နောက်တစ်ဦးဆီပဲ ကူးပြောင်းတာလား... “*
အော်ဒရီဟာ မစ္စတာ အရူးရဲ့ ဖော်ပြချက်ကို ပြန်စဉ်းစားနေမိပါတယ်။ အဲဒီရိုးရှင်းတဲ့ စာကြောင်းတစ်ကြောင်းထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါတယ်လို့ သူမ ခံစားလိုက်ရတယ်လေ။
သူမရဲ့ မြစိမ်းရောင် မျက်လုံးတွေကို ဝေ့ကြည့်လိုက်တဲ့အခါ လူဇောက်ထိုးနဲ့ နေမင်းတို့က အံ့ဩတာမျိုး မရှိတာကို မြင်လိုက်ရလို့ ဒီတားရော့ကလပ် အဖွဲ့ဝင်နှစ်ဦးက ဒီနိယာမကို သိပြီးသားမှန်း သူမက ချက်ချင်း နားလည်လိုက်ပါတယ်။
*”ငါတစ်ယောက်တည်းပဲ မသိတာပါလား”*... သူမဟာ အနည်းငယ် စိတ်မကောင်းဖြစ်သွားပေမဲ့ မစ္စတာ အရူးရဲ့ ကြင်နာမှုအတွက် ချက်ချင်းပဲ ပြန်ချီးကျူးနေမိပါတယ်။
အဲဒီအချိန်မှာ ကလိုင်းက ဆက်ပြောလိုက်ပါတယ်။ “စိတ်လွတ်သွားတဲ့ သာလွန်သူ တစ်ယောက် သေဆုံးသွားတဲ့အခါကျရင် သူခန္ဓာကိုယ်ကနေ သာလွန်သူ ဝိသေသလက္ခဏာ အကြွင်းအကျန်ပစ္စည်း တစ်ခုခုကျန်ခဲ့လိမ့်မယ်။ အဲဒါဟာ သက်ဆိုင်ရာ ဆုံမှတ် ဆေးရည်တစ်ခုရဲ့ အဓိက ပါဝင်ပစ္စည်းလည်း ဖြစ်နိုင်သလို ချိတ်ပိတ်ထားဖို့ လိုတဲ့ ချိတ်ပိတ်လက်နက် တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ သာမန် သာလွန်သူတစ်ယောက် သေဆုံးတဲ့အခါမှာလည်း အလားတူ ရလဒ်မျိုးပဲ ထွက်လာတတ်တယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ ပစ္စည်းဟာ အကူပါဝင်ပစ္စည်းတွေ မပါတဲ့ သက်ဆိုင်ရာ ဆေးရည်ရဲ့ အရည်အသွေးနဲ့ တူနေလိမ့်မယ်။ အဲဒီပစ္စည်းမှာတင် သာလွန်သူ အစွမ်းတွေ ကိန်းအောင်းနေတာကြောင့် အစွမ်းအပြည့်အစုံမရှိသေးတဲ့ ဂမ္ဘီရ လက်နက် တစ်ခုအဖြစ်လည်း သုံးနိုင်တယ်”
အဲဒီ အေးစက်တည်ငြိမ်တဲ့ စကားလုံးတွေက အော်ဒရီရဲ့ စိတ်ထဲမှာ ထပ်ခါတလဲလဲ ပဲ့တင်ထပ်သွားပါတော့တယ်။ သူမရဲ့ အဆင့်ဆင့်သော အတွေးတွေက တဖြည်းဖြည်းနဲ့ အထွတ်အထိပ်ကို ရောက်လာခဲ့ပါတယ်။
အော်ဒရီဟာ 'ဇာတ်တူသားစားခြင်း' အကြောင်းကို တွေးမိသွားပြီး အရင်က လူဇောက်ထိုးကို မေးခဲ့ဖူးတဲ့ မေးခွန်းတစ်ခုကို ပြန်သတိရလိုက်ပါတယ်။ သာလွန်သူ တွေအတွက် ဆေးရည်ဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေရဲ့ အရင်းအမြစ်တွေသာ ကုန်သွားရင် လမ်းစဉ်တွေ ပျောက်ကွယ်သွားနိုင်လား ဆိုတဲ့ မေးခွန်းပါပဲ။
အခု သူမ အဖြေကို သိလိုက်ရပါပြီ။ဒီအဖြေကို မကြားခဲ့ရရင် ပိုကောင်းမယ်လို့ သူမ ထင်နေမိပါတယ်။ သူမဟာ အိမ်မက်ဆိုးတစ်ခုကို မက်နေရသလို ခံစားလိုက်ရတယ်လေ။
ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ရက်စက်ရတာလဲ။ ဘာလို့ ဒီလောက်တောင် မှောင်မိုက်နေရတာလဲ။ အော်ဒရီဟာ အရင်က သာလွန်သူတွေနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့ အခြေအနေတချို့ကို မြင်ခဲ့ဖူးပေမဲ့ အဲဒီအရာတွေက လူတစ်ဦးချင်းစီရဲ့ ယုတ်ညံ့တဲ့ စိတ်ဓာတ်ကြောင့်ပဲလို့ ထင်ခဲ့တာပါ။ ဥပမာ - မစ္စတာ အေ ဒါမှမဟုတ် ချီလုံဂို့စ် တို့လိုမျိုးပေါ့။ အဲဒီလူတွေကြောင့် ဂမ္ဘီရ လောကနဲ့ သာလွန်သူလောကအပေါ် သူမရဲ့ စိတ်ဝင်စားမှုက မလျော့နည်းခဲ့ပါဘူး။
ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ ဂမ္ဘီရလောကကြီးက မီးခိုးရောင် မှောင်မိုက်မှုတွေ ပြည့်နေမှန်း သူမ သိလိုက်ရပါပြီ။
*”သတိထားစမ်း အော်ဒရီ... နုံအ မနေနဲ့။ မစ္စတာ အရူး ပြောတဲ့ ရက်စက်မှုနဲ့ မှောင်မိုက်မှုတွေဟာ ကြိုတင်ခန့်မှန်းနိုင်တဲ့ အရာတွေပဲ။ ဒီလမ်းကို ရွေးခဲ့ပြီးမှတော့ သတ္တိရှိရှိ ဆက်လျှောက်ရမှာပေါ့။ “*
အော်ဒရီဟာ မိမိကိုယ်ကိုယ် ပြန် နှစ်သိမ့်ရင်း စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပါတယ်။
လူဇောက်ထိုးနဲ့ နေမင်းတို့ကတော့ ပုံမှန်အတိုင်းပဲ ရှိနေပြီး မစ္စတာ အရူးပြောလိုက်တဲ့ စကားတွေကို နားလည်တဲ့ပုံ ပေါ်တာကို သူမ မြင်နေရပါတယ်။
*”ဟွန့်... မစ္စတာ လူဇောက်ထိုး ကတော့ တကယ့်ကို လူလည်ကျတာပဲ။ အရင်က ဒီသတင်းအချက်အလက်ကို ပိုက်ဆံနဲ့ အလဲအလှယ်လုပ်ဖို့တောင် သူက ကြိုးစားခဲ့သေးတယ်။ အင်း... ဒီ လိုသတင်းအချက်အလက်က တကယ်ကို တန်ဖိုးရှိပြီး အရေးကြီးတာပဲ။ ဒါပေမဲ့ ငါတို့တားရော့ကလပ်နဲ့ မစ္စတာ အရူးအတွက်တော့ ဒါက ရိုးရှင်းတဲ့ အခြေခံဗဟုသုတတစ်ခုပါပဲလား... *”
အော်ဒရီဟာ ရုတ်တရက် ရယ်ချင်စိတ် ပေါ်လာလို့ စိတ်အခြေအနေ ပြန်ကောင်းလာပြီး ခုနက တွေးမိတဲ့ ဆိုးရွားတဲ့ အတွေးတွေကို ဘေးဖယ်လိုက်ပါတော့တယ်။
ကလိုင်းဟာ အဖွဲ့ဝင်သုံးဦးရဲ့ တုံ့ပြန်မှုကို အံ့ဩတာမျိုး မရှိပါဘူး။ သူက တည်ငြိမ်တဲ့ လေသံနဲ့ ဆက်ပြောလိုက်ပါတယ်။
“ဒုတိယမြောက် အခြေခံဗဟုသုတကတော့ - ဆုံမှတ်တူ သာလွန်သူများ၏ အကြွင်းအကျန် ဝိသေသလက္ခဏာများကို ထိန်းသိမ်းထားခြင်း နိယာမ ပဲ ဖြစ်တယ်”
“ဆုံမှတ်တူ သာလွန်သူများ၏ အကြွင်းအကျန် ဝိသေသလက္ခဏာများကို ထိန်းသိမ်းထားခြင်း နိယာမ..”.
လူဇောက်ထိုးဟာ အနည်းငယ် လှုပ်ရှားသွားပါတယ်။ သူဟာ တစ်ခုခုကို နားလည်သွားသလို ခံစားရပေမဲ့ ဒီနိယာမက ဘာကို ကိုယ်စားပြုလဲ၊ ဘာတွေ ပါဝင်လဲဆိုတာကိုတော့ အပြည့်အဝ နားမလည်သေးပါဘူး။
တရားမျှတမှုနဲ့ နေမင်းတို့ကလည်း သူနဲ့ အလားတူပဲ ခံစားနေရပါတယ်။ သူတို့က ဒီနိယာမရဲ့ နောက်ကွယ်က စစ်မှန်တဲ့ အဓိပ္ပာယ်ကို တိုက်ရိုက် နားမလည်နိုင်ကြပါဘူး။
“ဘာဖြစ်လို့ ဆုံမှတ်တူ လို့ ပြောရတာလဲခင်ဗျာ” လို့ အယ်လ်ဂျာက မနေနိုင်ဘဲ မေးလိုက်ပါတယ်။
ကလိုင်းက ပြုံးလိုက်ပြီး “ဒီအဖြေအတွက် မင်း ဘာပြန်ပေးနိုင်သလဲ ” လို့ ပြန်မေးလိုက်ပါတော့တယ်။
သူ့ စိတ်ကူးက အခြေခံဗဟုသုတတွေကို အခမဲ့ မျှဝေပေးမှာဖြစ်ပေမဲ့ ဘာကြောင့်ဆိုတဲ့ ရှင်းလင်းချက်မျိုးကိုတော့ အခကြေးငွေ ယူမယ်ဆိုတာပါပဲ။ ဒါက သူ့ရဲ့ မစ္စတာအရူး ဆိုတဲ့ အဆင့်အတန်းနဲ့လည်း ကိုက်ညီသလို သတင်းအချက်အလက်တွေကိုလည်း အလဟဿ မဖြစ်စေတော့ပါဘူး။
အလကားရတဲ့ အရာတွေက ဈေးအကြီးဆုံး ဖြစ်တတ်တာ မဟုတ်ပါလား။