ကလိုင်းရဲ့ စတေးခြင်း အစီအရင်စမ်းသပ်မှု
Vol. 22 Ch. 220
“စမ်းသပ်မှုလား...”
'တရားမျှတမှု' ဟာ ချက်ချင်းပဲ စိတ်လှုပ်ရှားသွားပေမဲ့ သူမရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာကို ထိန်းပြီး ခေါင်းညိတ်လိုက်ပါတယ်။ “ကျွန်မ ပူးပေါင်းဖို့ အသင့်ပါပဲရှင်”
'ပွဲကြည့်သမား' တစ်ယောက်အနေနဲ့ မစ္စတာအရူးဟာ ‘စမ်းသပ်မှု’ ဆိုတဲ့ စကားလုံးကို အရင်က နှစ်ကြိမ်ပဲ သုံးခဲ့ဖူးတာကို သူမ ကောင်းကောင်း မှတ်မိနေပါတယ်။ ပထမတစ်ကြိမ်က သူမနဲ့ လူဇောက်ထိုး ကို ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေထဲ ခေါ်တုန်းကဖြစ်ပြီး ဒုတိယတစ်ကြိမ်ကတော့ ဆုတောင်းနိုင်ဖို့ မစ္စအရူးက သူ့ရဲ့ ဘွဲ့အမည်နာမည်ကို ပေးပြီး စမ်းသပ်ခိုင်းခဲ့တာပါ။ အဲဒီစမ်းသပ်မှုတွေရဲ့ ရလဒ်ကလည်း အရမ်းအောင်မြင်ခဲ့ပြီး ‘အရှင်’ ရဲ့ စစ်မှန်တဲ့ တန်ခိုးကို ကောင်းကောင်း ပြနိုင်ခဲ့တာပါတယ်။
ဒီတစ်ကြိမ်မှာရော ဘာတွေ ဖြစ်လာဦးမလဲ? တကယ်ပဲ ရင်ခုန်စရာပါပဲ။ အော်ဒရီဟာ စိတ်မရှည် ဖြစ်နေတာကို ထိန်းလိုက်ပြီး အရည်အချင်းရှိတဲ့ ပွဲကြည့်သမားတစ်ယောက်လို ငြိမ်ငြိမ်လေး နေလိုက်ပါတယ်။
*”စမ်းသပ်မှုတဲ့လား…”* လူဇောက်ထိုး အယ်လ်ဂျာကတော့ ရုတ်တရက် သတိကပ်သွားပြီး မစ္စတာအရူးရဲ့ အဆိုပြုချက်ကို အစွမ်းကုန် သတိထားပြီး စဉ်းစားနေပါတယ်။
*”‘အရှင်’ က ဘာလုပ်ချင်တာလဲ? ‘အရှင်’ ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဘာလဲ? ဒါက ငါ့အတွက် ကောင်းမှာလား၊ ဆိုးမှာလား?”*
အတွေးတွေက သူ့ခေါင်းထဲမှာ တရစပ် ပေါ်လာပါတယ်။ ပင်လယ်ဓားပြ ဗိုလ်ချုပ် ချီလုံဂို့စ်ရဲ့ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ပုပ်သွားတဲ့ ပုံရိပ်ကလည်း လူဇောက်ထိုး ရဲ့ စိတ်ထဲမှာ ပြန်ပေါ်လာခဲ့ပါတယ်။
နောက်ဆုံးတော့ သူဟာ ခေါင်းညွှတ်လိုက်ပြီး ရိုရိုသေသေပဲ ပြန်ဖြေလိုက်ပါတယ်။
“အရှင့်ရဲ့ အလိုတော်ဟာ ကျွန်တော့်ရဲ့ ဆန္ဒပါပဲ”
သူ့ဘေးက 'နေမင်း' ဒဲရစ်ကတော့ လူဇောက်ထိုး နဲ့ 'တရားမျှတမှု' တို့က ဒီ ‘စမ်းသပ်မှု’ ဆိုတဲ့ စကားလုံးအပေါ် ဘာလို့ ဒီလောက်အထိ တုံ့ပြန်နေကြတာလဲဆိုတာ နားမလည်ဘဲ ဝေခွဲမရ ကြည့်နေမိတာပေါ့။
ကလိုင်းဟာ ကြေးညိုရောင် စားပွဲရှည်ကြီးရဲ့ အနားသတ်ကို လက်ချောင်းလေးတွေနဲ့ အသာခေါက်ရင်း ပြုံးလိုက်ပါတယ်။ “ဒီစမ်းသပ်မှုက မင်းတို့ရဲ့ သတင်းအချက်အလက် လှဲလယ်တာ ၊ ရောင်းဝယ် တာတွေကို ပိုလွယ်ကူပြီး ဘေးကင်းစေမှာဖြစ်သလို လုံခြုံမှုလည်း အပြည့်ရှိစေမှာပါ”
သူက ခေါင်းကို အသာစောင်းပြီး လူဇောက်ထိုး ကို ကြည့်ကာ တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
“'နေမင်း' ပြောခဲ့တဲ့ စတေးခြင်း အစီအရင်ကို မှတ်မိသေးလား”
ကလိုင်းက သူဟာ ဘယ်လောက် ပွင့်လင်းမြင်သာမှု ရှိလဲဆိုတာ ပြဖို့ ဒီအကြောင်းကို တမင်ထည့်ပြောလိုက်တာပါ။ ဒီလိုပြောလိုက်ရင် တားရော့ကလပ် အဖွဲ့ဝင်တွေအနေနဲ့ သူ အခုပေးမယ့် အစီအရင်ဟာ 'နေမင်း' ဆီကနေ ရထားတယ်ဆိုတာကို သိနိုင်ဖို့ အလွန်ခက်ခဲသွားပါပြီ။ အဲဒီတုန်းက 'နေမင်း' ဆီကနေ စတေးခြင်း အစီအရင် ပုံစံတူတစ်ခုရဖို့ သူ ဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတာကို ဘယ်သူမှ ရိပ်မိမှာ မဟုတ်တော့ပါဘူး။
“မှတ်မိပါတယ်... ကျွန်တော် ဒီလိုအရာမျိုးတွေနဲ့ အမြဲ ထိတွေ့နေရတတ်ပါတယ်” လို့ လူဇောက်ထိုး က အမှန်အတိုင်း ဖြေလိုက်ပေမဲ့ သူ့ရင်ထဲမှာတော့ ဒိန်းခနဲ ဖြစ်သွားပါတယ်။
လမ်းမှန် နတ်ဘုရားတွေက သူတို့ကို ပူဇော်တဲ့ အစီအရင်တွေကို တုံ့ပြန်ခဲတာမို့လို့ အခုခေတ်မှာ ‘စတေးခြင်း’ ဆိုတဲ့ စကားလုံးက မိစ္ဆာနတ်ဘုရားတွေ၊ နတ်ဆိုးတွေနဲ့ပဲ ဆိုင်သလို ဖြစ်နေပါပြီ။ ဒီအစီအရင်ကြောင့် ကြောက်စရာ ရလဒ်တွေ ဖြစ်လာနိုင်တာကို တွေးမိရင်း လူဇောက်ထိုး ဟာ ချောက်ကမ်းပါး အစွန်းမှာ လျှောက်နေရသလို ခံစားလိုက်ရပါတယ်။ အကယ်၍သာ သူ သတိမထားမိရင် ချောက်ထဲကျပြီး ဝါးမြိုခံရတော့မှာပေါ့။
ကလိုင်းကတော့ သူ့အစီအစဉ်အတိုင်းပဲ ဆက်လုပ်ပြီး ထပ်ရှင်းပြတာမျိုး မလုပ်တော့ပါဘူး။ သူက အသာခေါင်းညိတ်ပြီး “ငါ့ရဲ့ အကြံကတော့... မင်းက သာလွန်သူ ပစ္စည်းတွေကို အစီအရင်ကတစ်ဆင့် ငါ့ဆီ စတေးရမယ်၊ အဲဒီနောက် ငါက အဲဒီပစ္စည်းတွေကို မစ္စ တရားမျှတမှုဆီ ပြန်ပြီး ချီးမြှင့်ပေးမယ်။ ဒီလို အရောင်းအဝယ်မျိုးက မင်းတို့ နှစ်ယောက်လုံးအတွက် အကျိုးရှိစေလိမ့်မယ်”
“ဒါမျိုးလည်း လုပ်လို့ရတာလား...” အော်ဒရီကတော့ ချက်ချင်း ဆွံ့အသွားပါတယ်။ ဒါက သူမရဲ့ စိတ်ကူးထက်တောင် ကျော်လွန်နေတာပါ။ ဒါပေမဲ့ သူမက လျင်မြန်စွာပဲ သတိပြန်ဝင်လာပြီး ဒီနည်းလမ်းရဲ့ အားသာချက်တွေနဲ့ ရိုးရှင်းတဲ့ အစီအရင်နောက်ကွယ်က နတ်ဘုရားတစ်ပါးရဲ့ စစ်မှန်တဲ့ စွမ်းအားကို နားလည်သွားပါတယ်။
*”မစ္စတာအရူးကတော့ တကယ့်ကို ကြီးမြတ်တာပဲ... ငါတို့ တားရော့ကလပ်အဖွဲ့က တခြား လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ မတူဘဲ ကွဲပြားနေမှာ သေချာတယ်။ ငါတို့က ပစ္စည်းတွေ လဲဖို့အတွက် နတ်ဘုရားတွေရဲ့ နည်းလမ်းကို သုံးမှာတဲ့”* အော်ဒရီဟာ အကျင့်ပါနေတဲ့အတိုင်း ‘အရှင်မကို ချီးမွမ်းပါ၏’ လို့ စိတ်ထဲက ဆိုမိတော့မလို ဖြစ်သွားပေမဲ့ နောက်ဆုံးတော့ “မစ္စတာအရူးကို ချီးမွမ်းပါ၏” လို့ပဲ ပြောင်းရေရွတ်လိုက်ပါတယ်။
လူဇောက်ထိုး ကတော့ ပိုသတိထားပြီး တည်ငြိမ်စွာ စဉ်းစားနေပါတယ်။ “ဂုဏ်သရေရှိလှတဲ့ မစ္စတာအရူး... ကျွန်တော် ဘာတွေ လုပ်ရမလဲခင်ဗျာ” သူက စတေးခြင်း အစီအရင် လုပ်ပုံအဆင့်ဆင့်ကနေတစ်ဆင့် မစ္စတာအရူးရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို သိနိုင်ဖို့ ကြိုးစားနေတာပါ။
ကလိုင်းက သူ့ညာလက်ကို အသာဖိချလိုက်ပြီး “ငါပြောသလိုပဲ... ဒါက စမ်းသပ်မှုတစ်ခုပဲ။ အောင်မြင်ချင်မှလည်း အောင်မြင်မယ်၊ ဒါကြောင့် မင်းရဲ့ ပူးပေါင်းမှု လိုတယ်။ ပထမဆုံးအနေနဲ့ ယဇ်ပလ္လင်တစ်ခု ပြင်ပါ။ အရမ်းကြီး ရှုပ်ရှုပ်ထွေးထွေး လုပ်ဖို့ မလိုပါဘူး၊ ရိုးရိုးရှင်းရှင်းပဲ ဖြစ်ဖြစ် ရပါတယ်။ တစ်ခုတည်းသော လိုအပ်ချက်ကတော့ ဒီတံဆိပ်တော်ကို ထွင်းတာ ဒါမှမဟုတ် ဆွဲထားဖို့ပဲ”
သူပြောလိုက်တာနဲ့ သူ့ရှေ့မှာ အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပါတယ်။ အဲဒီပေါ်မှာ ပုန်းကွယ်နေတဲ့ ‘မျက်ဆန်မဲ့ မျက်လုံး’ နဲ့ လိမ်ယှက်နေတဲ့ လျှို့ဝှက်ဆန်းကြယ် မျဉ်းကြောင်းတွေပါတဲ့ တံဆိပ်တော်ဖြစ်ပါတယ်။အဲ့ဒီ တံဆိပ်က မစ္စတာအရူးရဲ့ ထိုင်ခုံနောက်ကျောမှာ ရှိတဲ့ သင်္ကေတနဲ့ တူပါတယ်။
စိတ်ဝိညာဉ်အစွမ်း ပါတဲ့ ပစ္စည်းတွေကို မသုံးဘဲ အရင်က စမ်းခဲ့ဖူးတဲ့ အတွေ့အကြုံအရ သူဖန်တီးထားတဲ့ စတေးခြင်း အစီအရင်ဟာ မီးခိုးရောင် မြူခိုးတွေအထက်မှာ ဝိညာဉ်တံခါးတစ်ခုကို ဖန်တီးနိုင်တာကို ကလိုင်း သေချာသိပါတယ်။ ဒါပေမဲ့ သူ့အစွမ်းတစ်ခုတည်းနဲ့ ခိုင်မာတဲ့ ပစ္စည်းတွေပါပို့လို့ရမယ့် လမ်းကြောင်းတစ်ခုကို မတည်ဆောက်နိုင်ပါဘူး။ ဒါကြောင့် မီးခိုးရောင် မြူခိုးတွေအထက်က လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေရဲ့ ထူးခြားမှုကို သုံးပြီးမှ စတေးခြင်းကို အောင်မြင်အောင် လုပ်ရမှာပါ။
ဒါကြောင့် သူက ဒီအစီအရင် အောင်မြင်ဖို့ အတော်လေးကို ယုံကြည်ချက် ရှိနေပါတယ်။ ပြဿနာတစ်ခုကတော့သာမန် စိတ်ဝိညာဉ်အစွမ်း ပါတဲ့ ပစ္စည်းတွေနဲ့ ခိုင်မာတဲ့ လမ်းကြောင်း ဆောက်နိုင်မလား ဒါမှမဟုတ် သာလွန်သူ ပစ္စည်းတွေ အများကြီး လိုမလား ဆိုတာပါပဲ။
*”ဒီစမ်းသပ်မှုအတွက် ကုန်ကျစရိတ်ကိုတော့ မစ္စ တရားမျှတမှုနဲ့ လူဇောက်ထိုး တို့ပဲ ခံပါစေတော့... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အဖွဲ့ဆိုတာ စမ်းသပ်မှုတစ်ခုကနေ ပေါ်လာတာလို့ သူတို့ အစကတည်းက သိတာပဲ။ နောက်နောင်လည်း တခြား စမ်းသပ်မှုတွေ ရှိဦးမှာဖြစ်သလို ကျရှုံးတာကလည်း ရှောင်လွှဲလို့မရဘူးလေ။ နတ်ဘုရားတွေတောင် ဒီလိုလုပ်ကြတာပဲ မဟုတ်လား”*...
ကလိုင်းက အစီအရင်အတွက် ကုန်ကျမယ့် ပစ္စည်းတွေကို လူဇောက်ထိုးနဲ့ တရားမျှတမှုတို့ကို ခံခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လူဇောက်ထိုး၊ တရားမျှတမှုနဲ့ နေမင်းတို့က ဒီတံဆိပ်တော်ကို မှတ်ဖို့ ကြိုးစားနေတုန်း ကလိုင်းက ခပ်တိုးတိုး ရယ်လိုက်ပါတယ်။ “အကယ်၍ မင်းတို့ မေ့သွားရင် ငါ့ဆီ ဆုတောင်းလိုက်ပါ၊ အဲဒီအခါ မင်းတို့ ဒီတံဆိပ်ကို ပြန်မှတ်မိလာလိမ့်မယ်”
“ကောင်းပါပြီရှင်” အော်ဒရီက ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေပါတယ်။ မစ္စတာအရူးနဲ့ဆိုရင် အစီအရင်တွေက ပျင်းစရာလည်း မကောင်းသလို ဒုက္ခလည်း မများတော့ဘူး လို့ သူမက ဝမ်းသာအားရ တွေးနေပါတယ်။
လူဇောက်ထိုး ကလည်း ခေါင်းညိတ်ပြတော့ ကလိုင်းက ဆက်ရှင်းပြပါတယ်။ “ဒုတိယအချက်ကတော့ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့ပါပဲ။ ဒါပေမဲ့ ဆေးဖက်ဝင်အပင်တွေကို မီးရှို့တာ ဒါမှမဟုတ် မြင့်မြတ်တဲ့အဆီတွေကို သုံးဖို့ မလိုတော့ဘူး။ အချိန်ကန့်သတ်ချက်လည်း မရှိဘူး၊ ငါ့ရဲ့ နာမည်တော်ကို ရွတ်လိုက်ရုံနဲ့ လုံလောက်ပြီ။ မှတ်ထားရမှာက ဒီဆုတောင်းစာကို ရွတ်တဲ့အခါ ရှေးဟောင်း ဘာသာစကားတွေဖြစ်တဲ့ ဟားမီးစ် တို့ ဂျိုတန်တို့ကိုပဲ သုံးရမယ်”
ဆုတောင်းစာမှာ အောက်ပါအတိုင်း ဖြစ်သည်။
“အရှင့်ကို အစဉ်ချစ်ခင်၍ သစ္စာရှိသော အစေခံကို ဂရုဏာထားတော်မူပါ။ ပူဇော်ထားသော ပစ္စည်းများကို လက်ခံပေးရန် ဆုတောင်းအပ်ပါသည်။ အရှင့် နိုင်ငံတော်ရဲ့ တံခါးများကို ဖွင့်ပေးဖို့ ဆုတောင်းလိုပါသည်။”
“ရွတ်ပြီးသွားတဲ့အခါမှာတော့ ဆုတောင်းစာကနေ ဖြစ်လာတဲ့ သဘာဝစွမ်းအားတွေနဲ့ စိတ်ဝိညာဉ်အစွမ်း ပါတဲ့ ပစ္စည်းတွေကို ပေါင်းစပ်ပြီး ငါ့ရဲ့ တုံ့ပြန်မှုကို စောင့်ပါ။ အကယ်၍ ဒီအဆင့်မှာ မအောင်မြင်ရင်တော့ စိတ်ဝိညာဉ်အစွမ်း ပါတဲ့ ပစ္စည်းတွေအစား သာလွန်သူ ပစ္စည်းတွေကို သုံးပြီး အစကနေ ပြန်စမ်းကြည့်ပါ”
ဒီလုပ်ထုံးလုပ်နည်းတွေကို တိတ်တဆိတ် နားထောင်ပြီးနောက် လူဇောက်ထိုး ဟာ သူ့ရဲ့ အရင်ခန့်မှန်းချက်က အမှန်ဖြစ်နိုင်ခြေ များနေပြီလို့ ခံစားလိုက်ရပါတယ်။
*”မစ္စတာအရူးဟာ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ရမယ်။ ‘အရှင်’ ဟာ အောင်မြင်နိုင်ခြေရှိတဲ့ စမ်းသပ်မှုတွေကို တစ်ဆင့်ချင်း လုပ်နေပြီး ငါကိုယ်တိုင်ရယ် တရားမျှတမှုနဲ့ နေမင်းတို့ကို သုံးပြီး သူ့ကို ချုပ်နှောင်ထားတဲ့ ကန့်သတ်ချက်တွေကနေ ဖြည်းဖြည်းချင်း လွတ်ဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်။ နောက်ဆုံးမှာ ‘အရှင်’ ဟာ စစ်မှန်တဲ့ ကမ္ဘာလောကထဲကိုတောင် ဆင်းသက်လာနိုင်ပါတယ်။ ဒါကြောင့် ‘အရှင်’ က လူတွေကို ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မြူခိုး နယ်မြေထဲ ဆွဲခေါ်ပြီး တားရော့ကလပ် အဖွဲ့ကို တည်ထောင်ဖို့ လုပ်ခဲ့တာ ဖြစ်မယ်။”*
လူဇောက်ထိုးက အရင်ကတည်း အခုလို မခန့်မှန်းမိခဲ့ရင်တောင် အခု စတေးခြင်း အစီအရင်ရဲ့ စမ်းသပ်မှု အဆင့်ဆင့်ကို ကြားပြီးနောက် မစ္စတာအရူးရဲ့ အရင်လုပ်ရပ်တွေနဲ့ ယှဉ်ကြည့်ရင် ဒီလိုပုံစံပဲ ကောက်ချက်ချမိမှာပါ။
သူ့ကို ဇဝေဇဝါ ဖြစ်စေတဲ့ တစ်ခုတည်းသော အချက်က မစ္စတာအရူးမှာ အစွမ်းထက်တဲ့ နောက်လိုက်တော် တစ်ယောက် ရှိနေတာပါပဲ။ ဒါကြောင့် ‘အရှင်’ အနေနဲ့ သူတို့ သုံးယောက်ကို သုံးဖို့ မလိုဘဲ သူ့နောက်လိုက်တော်ကိုပဲ ဒီလို စမ်းသပ်မှုတွေ ခိုင်းလို့ရပါတယ်။
*”ငါမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေဦးမှာပဲ... ဒီစမ်းသပ်မှုတွေက လုံလောက်တဲ့ လျှို့ဝှက်မှု ရှိဖို့ လိုတယ်။ ဒါမှမဟုတ် ‘အရှင့်’ ရဲ့ နောက်လိုက်တော်က အခုလို စတေးခြင်း အစီအရင် မလုပ်နိုင်တာက တခြား တန်ခိုးရှင်တွေရဲ့ စောင့်ကြည့်တာကို ခံနေရတာမျိုးလည်း ဖြစ်နိုင်တယ်”*
လူဇောက်ထိုး ဟာ အချက်အလက်တွေကို ဆက်စပ်ပြီး တွေးတောနေပါတယ်။
ကလိုင်းက အစီအရင်အကြောင်း ရှင်းပြပြီးနောက် တိုးညင်းပေမဲ့ နူးညံ့တဲ့ လေသံနဲ့ မေးလိုက်ပါတယ်။ “စတေးခြင်း အစီအရင်က သတ်မှတ်ထားတဲ့ အချိန်တစ်ခု လိုတယ်။ လူဇောက်ထိုး... မင်း ဘယ်အချိန်မှာ စမ်းဖို့ စီစဉ်ထားလဲ”
ဒါက ဆုတောင်းသံတွေကို တုံ့ပြန်တာနဲ့ မတူပါဘူး။ စတေးခြင်း အစီအရင်ကနေ ဖန်တီးလိုက်တဲ့ ပစ္စည်းပို့လို့ရတဲ့ လမ်းကြောင်းက ခဏလေးပဲ တည်ရှိနိုင်တာမို့လို့ ကလိုင်းအနေနဲ့ မီးခိုးရောင် မြူခိုးတွေအထက်မှာ လူဇောက်ထိုးတို့ အစီအရင်မစခင်ကတည်းက ကြိုပြီးစောင့်နေရမှာပါ။
“လောလောဆယ် ကျွန်တော့်လက်ထဲမှာ ရှိတဲ့ သာလွန်သူ ပစ္စည်းကတော့ သက်တန့် ကင်းလိပ်ချောရဲ့ အကျိတ် တစ်ခုတည်းပါပဲ။ စိတ်ဝိညာဉ်အစွမ်း ပါတဲ့ ပစ္စည်းတွေကတော့ ကျွန်တော့်ဆီမှာ အများကြီး ရှိပါတယ်။ မစ္စတာအရူး... အစည်းအဝေး ပြီးတာနဲ့ ကျွန်တော် ပထမဆုံး နည်းလမ်းကို ချက်ချင်း စမ်းကြည့်ပါ့မယ်။ အကယ်၍ ကျရှုံးရင်တော့ တခြား သာလွန်သူ ပစ္စည်းတွေကို ရှာပါ့မယ်။ တစ်ခုခု ရတာနဲ့ အချိန်အတည်ပြုဖို့ ကျွန်တော် ဆုတောင်းပြီး အကြောင်းကြားပါ့မယ်” လို့ လူဇောက်ထိုး က ပြောရင်း မစ္စ တရားမျှတမှုဘက်ကို မသိမသာ လှည့်ကြည့်လိုက်ပါတယ်။
ပွဲကြည့်သမား တစ်ယောက်အနေနဲ့ အော်ဒရီဟာ သူ့အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပါတယ်။ သူမက မဆိုင်းမတွဘဲ ပြန်ဖြေလိုက်တယ်။ “အကယ်၍ အစီအရင်ကို စမ်းဖို့ နောက်ထပ်သာလွန်သူ ပစ္စည်းတွေ လိုမယ်ဆိုရင် သုံးလိုက်ပါ။ ကျွန်မ နောက်မှ ပြန်လျော်ပေးပါ့မယ်။ ဒါပေမဲ့... ရှင်လိုချင်တဲ့ ပစ္စည်း အမျိုးအစား အတိအကျကိုတော့ ကျွန်မ အာမမခံနိုင်ဘူးနော်”
*” မစ္စ တရားမျှတမှုက သူဌေးပဲ *”မစ္စတာအရူး (သို့မဟုတ်) ကလိုင်းဟာ စိတ်ထဲက မချိပြုံး ပြုံးရင်း သက်ပြင်းချလိုက်ပါတယ်။ “ငါတို့ သဘောတူညီမှု ရပြီပေါ့”
သူက တရားမျှတမှုကို ကြည့်ပြီး ခဏစဉ်းစားပြီးနောက် ပြောလိုက်ပါတယ်။ “လူဇောက်ထိုး ရဲ့ စတေးခြင်း အစီအရင် စမ်းသပ်မှု အောင်မြင်တာနဲ့ မင်းကို ချီးမြှင့်ခြင်း အစီအရင်အကြောင်း ငါ အကြောင်းကြားပေးမယ်”
“ကောင်းပါပြီရှင်” အော်ဒရီကတော့ မစ္စတာအရူးရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်နေပါတယ်။
(တားရော့ကလပ်က ပစ္စည်းတွေ တစ်ဖက်နဲ့တစ်ဖက်ပို့ဖို့ ကလိုင်းက မြူခိုးကမ္ဘာကို သုံးပြီး စတေးခြင်း နဲ့ ချီးမြှင့်ခြင်း အစီအရင် ၂ ခုကို ဖန်တီးထားပါတယ်။ ပို့မယ်လူက စတေးမယ် ၊ လက်ခံမယ့်သူက ချီးမြှင့်မယ်၊ ကလိုင်းက ကြားခံလုပ်တာ ဖြစ်ပါတယ်။)
*”သူမ ဖြေပြီးနောက် ရုတ်တရက် အတွေးတစ်ခု ဝင်လာပြန်ပါတယ်။ အကယ်၍ ဒီစမ်းသပ်မှုသာ အောင်မြင်ရင် ငွေကြေး လဲလှယ်တာတွေကိုလည်း ဒီနည်းနဲ့ လုပ်နိုင်မှာလား?
စိတ်ဝိညာဉ်အစွမ်း မရှိတဲ့ ပစ္စည်းတွေရော ရနိုင်မလား မသိဘူး... စမ်းသပ်မှု အောင်မြင်ရင်တော့ မစ္စတာအရူးကို ထပ်မေးကြည့်ရမယ်”* အော်ဒရီဟာ လှပတဲ့ အနာဂတ်ကို တွေးရင်း သူမရဲ့ နှုတ်ခမ်းမှာ အပြုံးရိပ်တွေ ယှက်သန်းသွားပါတယ်။
စတေးခြင်းနဲ့ ချီးမြှင့်ခြင်းဆိုင်ရာ ဆွေးနွေးမှုတွေ ပြီးသွားတဲ့အခါ သူမက စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီး ပြောလိုက်ပါတယ်။ “မစ္စတာအရူး... ကျွန်မတို့ အဖွဲ့နဲ့ သင့်တော်မယ့် အမျိုးသမီး နှစ်ယောက်ကို တွေ့ထားပါတယ်။ သူတို့ နှစ်ယောက်လုံးက သာလွန်သူတွေ ဖြစ်သလို မြို့တော်မှာလည်း သာလွန်သူ အသိုင်းအဝိုင်း အဆက်အသွယ်တွေလည်း ရှိကြပါတယ်။ လျှို့ဝှက်ချက်ကိုလည်း ထိန်းနိုင်ကြသလို စိတ်နေစိတ်ထားလည်း ကောင်းကြပါတယ်။ သူတို့ကို တားရော့ကလပ် အစည်းအဝေးမှာ ပါဝင်ခွင့် ပေးဖို့ အရှင့်အနေနဲ့ ဆန္ဒရှိပါသလား”
*”တရားမျှတမှုက အဖွဲ့ထဲမှာ သူမရဲ့ အုပ်စုကို အင်အားတောင့်အောင် လုပ်ချင်နေတာလား?”*
ဒါက လူဇောက်ထိုး ရဲ့ စိတ်ထဲမှာ ပထမဆုံး ပေါ်လာတဲ့ အတွေးပါပဲ။ ဒဲရစ်ကလည်း ဒီကိစ္စကို အရမ်း စိတ်ဝင်စားနေပုံရပြီး မစ္စတာအရူးရဲ့ အဖြေကို စိတ်လှုပ်ရှားစွာ စောင့်နေပါတယ်။
ကလိုင်းဟာ အနည်းငယ် အကျပ်ရိုက်သွားပုံ ရပါတယ်။ အရင်က သူ စိတ်ကူးထားတာက တားရော့ကလပ်ထဲက အဖွဲ့ဝင်တွေကို တစ်ယောက်နဲ့တစ်ယောက် မသိကြစေဘဲ အဖွဲ့ဝင်တွေကလည်း ကိုယ်ပိုင်နောက်လိုက်တွေကို ပျိုးထောင်ထားတဲ့ ကျစ်လျစ်ခိုင်မာသော လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ပါ။ ဒီလိုဆိုရင် အဖွဲ့ဝင်တစ်ယောက်ယောက် ပေါ်သွားတာ၊ အဖမ်းခံရတာ ဒါမှမဟုတ် စိတ်ဝိညာဉ် ဆက်သွယ်တာ ခံရရင်တောင် အဖွဲ့အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိမှာ မဟုတ်လို့ပါ။
ဒါပေမဲ့ မစ္စ တရားမျှတမှုရဲ့ ဖော်ပြချက်က သူ့အားနည်းချက်ကို ကွက်တိ ထိသွားပါတယ်။ သူဟာ မြို့တော်က မတူညီတဲ့ အသိုင်းအဝိုင်းနဲ့ အရင်းအမြစ် အဆက်အသွယ်တွေ ရှိတဲ့ သာလွန်သူတွေနဲ့ ရင်းနှီး အောင်လုပ်ပြီး လန်နီးဗက်စ်နဲ့ လျှိူ့ဝှက် အမိန့်တော်တို့နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ရှာဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။
*”အကယ်၍ တရားမျှတမှုကတစ်ဆင့် ရှာမယ်ဆိုရင် အလယ်က အခိုင်းခံရတဲ့သူက အနည်းနဲ့အများ ထိန်းချုပ်ခံထားရသလို ဖြစ်နေမှာပဲ... ဒါပေမဲ့ ငါ့ရဲ့ ဘွဲ့တော်ကို ရွတ်ရုံနဲ့ တရားမျှတ မှု ခေါ်စေချင်တဲ့ အမျိုးသမီး ၂ ယောက် ကို မီးခိုးရောင် မြူခိုးကမ္ဘာထဲ ဆွဲခေါ်လို့ ရ၊ မရ ဆိုတာတော့ မသေချာသေးဘူး “*သူ့ရဲ့ နတ်ဘုရားတစ်ပါးဆိုတဲ့ ပုံရိပ်ကို ထိန်းဖို့အတွက် ကလိုင်းဟာ အများကြီး ထပ်မတွေးတော့ဘဲ အဲဒီကိစ္စကို ဆိုင်းငံ့ထားလိုက်ပါတယ်။
သူက တည်ငြိမ်စွာပဲ ပြောလိုက်ပါတယ်။ “ဒါကတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့် စစ်ဆေးဖို့ လိုလိမ့်မယ်။ မစ္စ တရားမျှတမှု... မင်းကိုယ်မင်း ဖော်ထုတ်မိတာမျိုး မဖြစ်စေဘဲ သူတို့ စိတ်ဝင်စားလာအောင် ငါ့ရဲ့ ဘွဲ့တော်ကို လျှို့ဝှက်တဲ့ နည်းလမ်းနဲ့ အသိပေးလိုက်ပါ”
သူမရဲ့ အဆိုပြုချက်ကို လက်ခံတာ မြင်တော့ အော်ဒရီဟာ ချက်ချင်း စိတ်လှုပ်ရှားစွာ ပြန်ဖြေပါတယ်။ “ကောင်းပါပြီ မစ္စတာအရူး”
အပြန်အလှန် စကားနည်းနည်း ပြောပြီးနောက် အစည်းအဝေးက ပြီးသွားပါတယ်။ နေမင်း၊ လူဇောက်ထိုး နဲ့ တရားမျှတမှုတို့ ပြန်သွားကြပေမဲ့ ကလိုင်းကတော့ စတေးခြင်း အစီအရင်ကို စောင့်ဖို့ မီးခိုးရောင် မြူခိုးတွေအထက်မှာ ကျန်ခဲ့ပါတော့တယ်။