← Chapters

ဂမ္ဘီရဆန်သော စုံထောက်

Vol. 23 Ch. 224

ဂမ္ဘီရဆန်သော စုံထောက်

Vol. 23 Ch. 224

မှောင်ပျပျ အခန်းလေးထဲမှာ သွေးရောင်ရှိတဲ့ လရဲ့ လင်းရောင်ခြည်က ပါးလွှာတဲ့ အလွှာတစ်ခုလို ဖုံးလွှမ်းထားပြီး အရာအားလုံးက ဝေဝါးနေပါတယ်။

အနက်ရောင် ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသားသုံးယောက်ကတော့ နေရာအသီးသီးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြတယ်။ ဆိုဖာပေါ်မှာတော့ ကလိုင်းက မျက်လုံးတွေကို မှေးစက်ထားပြီး အမှောင်ထုထဲမှာ တစ်သားတည်း ဖြစ်နေသလိုပါပဲ၊ ကြည့်ရတာ နက်ရှိုင်းတဲ့ အိပ်စက်ခြင်းထဲ ရောက်နေတဲ့ပုံပါ။

သူ့ရဲ့ အိပ်မက်ကမ္ဘာကတော့ မီးခိုးရောင်သန်းပြီး ပုံပျက်ပန်းပျက် ဖြစ်နေတယ်၊ တစ်ခါတလေမှာ အလင်းတန်းတွေ လက်ခနဲ လက်ခနဲ ဖြစ်သွားတတ်ပါတယ်။ နောက်ဆုံးတော့ အဲဒီအလင်းတန်းတွေက တည်ငြိမ်သွားပြီး မြင်ကွင်းတစ်ခု ပေါ်လာပါတော့တယ်။

အဲဒီမြင်ကွင်းက ညစ်ပတ်တဲ့ ရေဆိုးတွေ စီးနေတဲ့ မှောင်မည်းနေတဲ့ ထောင့်တစ်နေရာပါ။ အညိုရောင် ဆံပင်တို၊ အဖြူရောင် ရှပ်အင်္ကျီနဲ့ အညိုရောင် အပေါ်ထပ် အင်္ကျီဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က နံရံကို မှီထားပြီး သူ့ပတ်ပတ်လည်မှာတော့ မီးခိုးရောင် ကြွက်အုပ်ကြီးက ဝိုင်းအုံနေပါတယ်။

အဲဒီအမျိုးသားရဲ့ နှုတ်ခမ်းတစ်ဝက်က အကိုက်ခံထားရလို့ ဝါကျင်ကျင် သွားတွေနဲ့ ပုပ်ပွနေတဲ့ သွားဖုံးတွေ ပေါ်နေတယ်။ နှာခေါင်းမှာလည်း သွေးတွေ စွန်းနေပြီး အမွှေးအမျှင်တိုတချို့နဲ့ ရောနေပါတယ်။ မျက်နှာပေါ်က အသားစတွေက တစ်စစီ ပျောက်နေပြီး ဖြူဆွတ်နေတဲ့ အရိုးတွေ ပေါ်ထွက်နေပါပြီ။ ဖြူဖွေးပြီး ဆူဖြိုးတဲ့ လောက်ကောင်တွေကလည်း ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ တလှုပ်လှုပ်နဲ့ တွားသွားနေကြပါတယ်။ သူ့ရဲ့ လည်ချောင်းကလည်း သားရဲတစ်ကောင် ကိုက်ခဲတာ ခံထားရသလိုမျိုး တစ်ဝက်လောက် ပျောက်နေပါတယ်။

ကလိုင်းဟာ ဒီလူက ဇီရယ် ဗစ်တာ လီ ဖြစ်မှန်း ခဲယဉ်းစွာ အတည်ပြုလိုက်ရပါတယ်။ အီရန်နဲ့အတူ ရိုက်ထားတဲ့ အဖြူအမည်း ဓာတ်ပုံထဲက ခန့်ညားတဲ့ အမျိုးသားနဲ့ အခုမြင်ကွင်းကို ဆက်စပ်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဇီရယ်ဟာ သေဆုံးသွားခဲ့ပါပြီ။ နောက်ထပ် ရက်နည်းနည်း ကြာရင်တော့ သူ့ရုပ်အလောင်းက အရိုးစုပဲ ကျန်တော့မှာ ဖြစ်သလို၊ ပြည့်စုံတဲ့ အရိုးစုတစ်ခုတောင် ကျန်ချင်မှ ကျန်တော့မှာပါ။ ကလိုင်းက အိပ်မက်ထဲက နိုးလာပြီး မြင်ခဲ့တာတွေကို ပြန်ပြီး ဆင်ခြင်နေမိတယ်။

သူအရင်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့်သာ အခုလို အလောင်းမျိုးကို တည်တည်ငြိမ်ငြိမ် ကြည့်နိုင်ခဲ့တာပါ။

ပြတင်းပေါက်အပြင်ဘက်က သွေးရောင်လကို စိုက်ကြည့်ရင်း ကလိုင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဆိုဖာဘေးက အိပ်ပျော်နေတဲ့ အနက်ရောင်အင်္ကျီဝတ်ထားတဲ့ အမျိုးသားရဲ့ ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ပြင်ဆင်မှုတွေ လုပ်တုန်းက သူဟာ အေမာန်သာ အဆီအနှစ် နဲ့ စိတ်ဝိညာဉ် မျက်လုံးဆေးဝါး တစ်ပုလင်းကို ဖော်စပ်ထားခဲ့တယ်။ စိတ်ငြိမ်ဆေးကိုတော့ သူ မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က တခြားသူတွေရဲ့ အိပ်မက်ထဲ ကျူးကျော်ဝင်နိုင်ပြီး အိမ်မှာထဲမှာပဲ တည်ငြိမ်မှုနဲ့ ဆင်ခြင်တုံတရားကို ထိန်းထားနိုင်သလို၊ ဝိညာဉ်တွေနဲ့ အတင်းအကျပ် ဆက်သွယ်နိုင်တဲ့ စွမ်းအား ရှိလို့ပဲဖြစ်ပါတယ်။

ရိုးရှင်းတဲ့ ယဇ်ပလ္လင်တစ်ခုကို ပြင်ဆင်ပြီးနောက် အေးချမ်းဆိတ်ငြိမ်တဲ့ ရနံ့တွေ ပျံ့လာစေကာ တစ်ဝက်တစ်ပျက် အိပ်မက်ကမ္ဘာကို ဖန်တီးလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းက မိမိကိုယ်ကိုယ် ပြန်ပြီး ဆုတောင်းလိုက်ပါတယ်။

“ဒီကာလနဲ့ မသက်ဆိုင်တဲ့ အရူး...”

ဒီလိုနဲ့ သူဟာ မီးခိုးရောင် မြူခိုး တွေအထက်က ကမ္ဘာကို ရောက်သွားပြီး သူ့ရဲ့ စိတ်ဝိညာဉ်အစွမ်း သုံးပုံနှစ်ပုံလောက်ကို သုံးပြီး သူ့ရဲ့ ဆုတောင်းကို သူကိုယ်တိုင်ပဲ တုံ့ပြန်လိုက်ပါတယ်။

*”ငါ ဆုံမှတ် ၇ ကို ရောက်တဲ့အခါ ဒီလို ဆုတောင်းမှုတွေကနေတစ်ဆင့် မီးခိုးရောင် မြူခိုးပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို အနည်းငယ်တော့ သုံးနိုင်မှာပဲ... ငါ့ရဲ့ ဆင့်ခေါ်ခြင်းနဲ့ ချီးမြှင့်ခြင်း အစီအရင်တွေလိုမျိုးပေါ့..”*. ကလိုင်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ခန့်မှန်းလိုက်ပြီးနောက် လက်တွေ့ကမ္ဘာကို အမြန်ပြန်လာခဲ့ပါတယ်။

သူဟာ ကြယ်တာရာ ကောင်းကင်ယံလို ရှုပ်ထွေးနေတဲ့ ဦးဏှောက်အတွေး မုန်တိုင်းတွေကို ဖြတ်သန်းပြီး ပစ်မှတ်ရဲ့ အိမ်မက်ထဲကို ဝင်သွားပါတယ်။ အဲဒီမှာ အနက်ရောက် အင်္ကျီဝတ်ထားတဲ့ အမျိုးသားရဲ့ ဝိညာဉ်ပုံရိပ်က လေထဲမှာ လွင့်မျောနေတာကို မြင်လိုက်ရပါတယ်။

“ဇီရယ်ရဲ့ အိမ်ကို မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ” လို့ ကလိုင်းက ထိုသူကို စိုက်ကြည့်ပြီး လေးနက်တဲ့ အသံနဲ့ မေးလိုက်ပါတယ်။

ထိုသူက ဝေဝါးနေတဲ့ မျက်လုံးတွေနဲ့ ငေးငိုင်စွာ ပြန်ဖြေပါတယ်။

“မာဆော့... မာဆော့က ကျွန်တော့်ကို အီရန်ဆိုတဲ့ ကောင်လေးကို စောင့်ဖို့ လွှတ်လိုက်တာ”

သူ့ရဲ့ စိတ်ဝိညာဉ် ကမ္ဘာထဲက အလင်းတန်းတွေက ပြောင်းလဲသွားပြီး ပိန်ပိန်ပါးပါးနဲ့ အသားညိုညို၊၊ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိပုံရတဲ့ အမျိုးသားတစ်ဦးရဲ့ ပုံရိပ် ပေါ်လာတယ်။ ထိုသူကတော့ ရေနွေးငွေ့ အင်ဂျင်ရထားပေါ်မှာ အီရန်ကို လိုက်ဖမ်းနေတဲ့ အုပ်စုရဲ့ ခေါင်းဆောင်ပါပဲ။

*”ငါထင်တဲ့အတိုင်း သူပဲ ဖြစ်နေတာပဲ... “*

ဆုတောင်းမှုကို တုံ့ပြန်ဖို့ စိတ်ဝိညာဉ်အစွမ်းတွေ အများကြီး သုံးထားရလို့ ကလိုင်းက စတင် မောပန်းလာပါပြီ။ ဒါကြောင့် သူက အမြန်ပဲ ဆက်မေးလိုက်တယ်။

“မာဆော့ကို ဘယ်သူက အမိန့်ပေးတာလဲ”

“မသိဘူး... သူက ကျွန်တော်တို့ ဇီမာန်ဂျာ ဂိုဏ်း ရဲ့ လက်မရွံ တစ်ယောက်ပဲ... ဂိုဏ်းချုပ်ကလွဲရင် ဘယ်သူမှ သူ့ကို အမိန့်မပေးနိုင်ဘူး” လို့ ထိုသူက ငေးမှိုင်နေတဲ့ အမူအရာနဲ့ ပြောပါတယ်။

*”ဇီမာန်ဂျာ... တောင်ပေါ်သားတွေရဲ့ ဘာသာစကားအရ “စစ်သည်တော်” လို့ အဓိပ္ပာယ်ရတယ်။”*

သမိုင်းပညာရှင် အတုအယောင်ဖြစ်ပေမဲ့ စစ်မှန်တဲ့ ဂမ္ဘီရ ပညာရှင်တစ်ဦး ဖြစ်တဲ့ ကလိုင်းဟာ ရုတ်တရက် ခေါင်းထဲမှာ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က အနက်ရောင်အင်္ကျီဝတ်ထားတဲ့ အမျိုးသားရဲ့ အိမ်မက်အတွေး‌တွေထဲကနေ အလိုအလျောက် လွင့်ထွက်သွားပါတော့တယ်။

မကြာခင်မှာပဲ သူဟာ အိမ်မက်ထဲ က နိုးလာခဲ့ပြီး ခေါင်းကတော့ တဒိတ်ဒိတ် ခုန်ကာ ကိုက်ပါတယ်။

ဒါပေမဲ့ သူက အလျင်စလို ထွက်မသွားဘဲ သုံးခဲ့တဲ့ ပစ္စည်းတွေနဲ့ ဝါညိုရောင် ဆံပင်တိုတွေကို စနစ်တကျ ပြန်သိမ်းလိုက်တယ်။ အဲဒီနောက် အေမာန်သာ အဆီအနှစ် နဲ့ စိတ်ဝိညာဉ် မျက်လုံးဆေးဝါး နံ့တွေ ပျောက်သွားအောင် ပြတင်းပေါက်ကို ဖွင့်ပြီး အေးစက်တဲ့ ညလေညင်းတွေကို ဝင်စေလိုက်ပါတယ်။

အဲဒီအတောအတွင်း ကလိုင်းက ဝရံတာကို ပြန်သွားပြီး တံခါးကို အတွင်းက ခတ်လိုက်ကာ သူ လက်နဲ့ထိခဲ့တဲ့ နေရာအားလုံးကို သန့်ရှင်းကာ ဖယ်ရှားလိုက်ပါတယ်။

ဇီရယ်ရဲ့ အိပ်ခန်းက မူလအတိုင်း ပြန်ဖြစ်သွားတော့မှ သူဟာ ရင်ဘတ်ပေါ်မှာ လက်တင်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ ဖြစ်တဲ့ အမျိုးသားသုံးယောက်ကို ဦးညွှတ် နှုတ်ဆက်လိုက်ပါတယ်။

အဲဒီနောက် ကလိုင်းက လက်အိတ်တွေကို စွပ်ပြီး ပြတင်းပေါက်ကနေတစ်ဆင့် လျင်မြန်စွာ ခုန်ထွက်လိုက်ပါတယ်။ သူဟာ အလွန်ကျဉ်းမြောင်းတဲ့ နေရာလေးမှာ ခြေဖျားထောက်ပြီး တည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်လိုက်ပါတယ်။

သူဟာ ဖွင့်ထားတဲ့ ပြတင်းပေါက်ရဲ့ ကလန့်ကို မြှောက်လိုက်ပြီး တားရော့ကတ် တစ်ချပ်ကို အောက်ခြေမှာ ထောက်ထားလိုက်တယ်။ သူ့ရဲ့ လူရွင်‌တော်စွမ်းရည်ကို သုံးပြီး အသေးစိတ် အချက်အလက်တွေကို ကြည့်ကာ ခန္ဓာကိုယ်ရဲ့မျှခြေကို ထိန်းညှိလိုက်ပါတယ်။

စက္ကန့်အနည်းငယ် ကြာတော့ ကလိုင်းက တားရော့ကတ်ကို ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်ရာ တံခါးကလန့်က အောက်ကို ပြုတ်မကျဘဲ တစ်နေရာတည်းမှာ ရပ်သွားပါတယ်။

ဝုန်း!

အရင်ဆုံး သူက ကလန့်မရှိတဲ့ ပြတင်းပေါက်တစ်ဖက်ကို ပိတ်လိုက်ပြီး၊ ကလန့်ရှိတဲ့ ဘက်ကို ခုန်ကူးလိုက်ပါတယ်။ သူ့ရဲ့ ညာလက်နဲ့ ပြတင်းပေါက်ကို အထဲကို ဆွဲပိတ်လိုက်ရာ တုန်ခါမှုကြောင့် ကလန့်က အောက်ကို ကျသွားပြီး သက်ဆိုင်ရာ ပေါက်ထဲကို တိကျစွာ ဝင်သွားပါတော့တယ်။

“ဂလောက်” ဆိုတဲ့ အသံက တိတ်ဆိတ်နေတဲ့ ညလယ်မှာ လေပြင်းတစ်ချက် မှန်ပြတင်းပေါက်ကို ရိုက်လိုက်သလို ထွက်လာပါတယ်။

အိပ်ခန်းထဲက အမျိုးသားသုံးယောက် နိုးလာတော့မယ်ဆိုတာ ကလိုင်းက သိလိုက်ပါတယ်။ ဒါကြောင့် သူက အချိန်ဆွဲမနေတော့ဘဲ လမ်းပေါ်ကို ခုန်ချလိုက်ပါတယ်။

အခု သူ့ရဲ လူရွှင်တော် စွမ်းရည် အရ ဒုတိယထပ်က‌ နေခုန်ချတာ အန္တရာယ် မရှိပေမဲ့၊ ဆင်းတဲ့အချိန်မှာ လုံးဝ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်ဖို့တော့ ခဲယဉ်းပါတယ်။ ဒါပေမဲ့လည်း သိသာတဲ့ အသံမျိုးတော့ ထွက်ခဲ့မလာပါဘူး။

ကလိုင်းဟာ အဲဒီနေရာနဲ့ နှင်းဆီလမ်း ကနေ အမြန် ထွက်လာခဲ့ပေမဲ့ ချားဝုဒ် မြို့နယ် ထဲက မင့်စ် လမ်း ကို တိုက်ရိုက် မပြန်ခဲ့ပါဘူး။

လမ်းကို ကွေ့ပတ်သွားလာပြီးနောက် နီးတဲ့ အရှေ့ပိုင်း မြို့နယ် ဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။ အေးစက်လှတဲ့ ညဉ့်ဦးယံမှာ လေပြင်းတွေက အရိုးထဲထိ စိမ့်ဝင်အောင် တိုက်ခတ်နေပါတယ်။ ကလိုင်းဟာ ချမ်းတုန်သွားပြီး နောက်နောင် အလုပ်အတွက် ဆွယ်တာအင်္ကျီတစ်ထည် ထပ်ဝတ်ဖို့ လိုမယ်လို့ တွေးလိုက်မိတယ်။ ပြီးတော့ မီးလင်းဖို သုံးနိုင်ဖို့ မီးသွေးတချို့လည်း ဝယ်ရပါဦးမယ်။

အချိန်ဘယ်လောက် ကြာသွားလဲ မသိတဲ့အထိ လမ်းလျှောက်ပြီးတဲ့နောက် သူဟာ မြေပုံမပါပေမဲ့ မှတ်ဉာဏ်ကို သုံးပြီး ဘက်ကလန်ရဲ့ အရှေ့ပိုင်း မြို့နယ်ကို ရောက်လာခဲ့ပါတယ်။

အဝေးမှာ ဂတ်စ်မီးအိမ် နည်းနည်းပဲ မြင်ရပြီး သွေးရောင်လကို တိမ်တွေ ဖုံးမထားရင် လမ်းအတော်များများက မှောင်အတိ ကျနေမှာပဲလို့ ကလိုင်း တွေးနေမိပါတယ်။

လမ်းလျှောက်နေတုန်းမှာပဲ ရှေ့က အမှောင်ထဲက မျက်လုံးတစ်စုံကို ရုတ်တရက် မြင်လိုက်ရပါတယ်။ အဲဒီမျက်လုံးပိုင်ရှင်က အဝေးကနေ ကုန်းကုန်းကွကွနဲ့ ချဉ်းကပ်လာနေတာပါ။

သူတို့ဟာ တိတ်ဆိတ်စွာနဲ့ ဝေဝါးနေတဲ့ အကွာအဝေးတစ်ခုကနေ လျှောက်လာကြပါတယ်။

*”အလောင်းကောင်တွေများလား…”* ကလိုင်းက ချက်ချင်း ရပ်လိုက်တယ်။ သူဟာ အိပ်စက်ခြင်း အဆောင် နဲ့ တားရော့ကတ်တွေကို ထုတ်လိုက်ပြီး စိတ်ဝိညာဉ် အမြင် ကို အမြန်ပဲ ဖွင့်ပြီး ကြည့်လိုက်ပါတော့တယ်။

ဖျော့တော့ပြီး အားအင်ချည့်နဲ့နေတဲ့ ရောင်ဝါတွေကြားမှာ လူပုံရိပ်တော်တော်များများရဲ့ မျက်နှာတွေကို သူ မြင်လိုက်ရပါတယ်။

အဲဒီလူတွေက အသက်ရှိတဲ့ လူသားတွေဆိုပေမဲ့ မျက်နှာအမူအရာတွေက ထုံထိုင်းအေးစက်နေပြီး မျက်လုံးတွေကလည်း ဗလာကျင်းနေသလိုပါပဲ။ လှုပ်ရှားမှုတွေကလည်း အားအင်မရှိသလိုဖြစ်နေပြီး လူအုပ်ထဲမှာ အမျိုးသားရော အမျိုးသမီးပါ ရောနေကြပါတယ်။

သန်းခေါင်ယံအချိန် ရောက်တော့မယ့်အထိ ဒီလူအုပ်ကြီးက ဘာလို့ လမ်းပေါ်မှာ လျှောက်သွားနေကြတာလဲဆိုတာ ကလိုင်းတစ်ယောက် ဝေခွဲမရ ဖြစ်နေမိတယ်။

ဇဝေဇဝါ ဖြစ်နေပေမဲ့လည်း ကလိုင်းက သတိထားပြီး လမ်းဘေးတစ်ဖက် ကပ်လိုက်ကာ အဲဒီလူအုပ်ကြီးကို ကျော်ဖြတ်သွားခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ဒုတိယတစ်သုတ်၊ တတိယတစ်သုတ် စသဖြင့် လူအုပ်ကြီးနဲ့ ထပ်တိုးမိပြန်ပါတယ်။ သူတို့အားလုံးရဲ့ ထုံထိုင်းနေတဲ့ မျက်နှာတွေနောက်မှာ နာကျင်မှုဝေဒနာတွေ ကိန်းအောင်းနေတာကတော့ အတူတူပါပဲ။

သူ မျက်မှောင်ကြုတ်သွားပြီး အကျိုးအကြောင်း မေးဖို့ ရှေ့တိုးမယ်အလုပ်မှာပဲ ရှေ့နားကနေ အော်ဟစ်ဆဲဆိုသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတယ်။

“ထကြစမ်း... အကုန်လုံး ထကြစမ်း။ မင်းတို့လိုကောင်တွေက လမ်းမတွေ၊ ပန်းခြံတွေမှာ အိပ်စရာလားကွ။ ခွေးကောင်တွေ...”

ကလိုင်းဟာ လန့်သွားပြီးနောက် “ဆင်းရဲသား ဥပဒေ” ဆိုတဲ့ စကားလုံးကို ချက်ချင်း သတိရသွားပြီး အခြေအနေကို သဘောပေါက်သွားပါတော့တယ်။

ဒီလို အဖြစ်အပျက်မျိုးကို သူကိုယ်တိုင်လည်း ကြုံဖူးတာပဲ မဟုတ်လား။

ကလိုင်းက သက်ပြင်းတစ်ချက် အသာချလိုက်ပြီး အရှေ့ပိုင်းမြို့နယ်က လက်မဲလမ်း မှာရှိတဲ့ သူ့ရဲ့ အိပ်ခန်းတစ်ခန်းပါ အိမ်လေးဆီကို ခြေလှမ်းသွက်သွက်နဲ့ ပြန်လာခဲ့လိုက်တယ်။

အဲဒီမှာ နှစ်နာရီလောက် အိပ်လိုက်တော့ စိတ်ဝိညာဉ်အစွမ်းတွေ နည်းနည်း ပြန်ပြည့်လာပါတယ်။ အဲဒီနောက် အပြင်ပြန်ထွက်၊ သစ်ကိုင်းခြောက်တစ်ခုကို ချိုးပြီး “နိမိတ် ကောက်မယ့် တုတ်” အဖြစ် သုံးလိုက်တယ်။

“ဇီရယ်ရဲ့ အလောင်းရှိတဲ့နေရာ..

. ဇီရယ်ရဲ့ အလောင်းရှိတဲ့နေရာ...”

ဒီလိုနဲ့ အကြိမ်ကြိမ် နိမိတ်ဖတ် ပြီးနောက် ဝါညိုရောင် ဆံပင်တိုလေးရဲ့ အကူအညီနဲ့ တော်တော်ကြာအောင် လျှောက်လာခဲ့ရာ အရှေ့ပိုင်းမြို့နယ်ရဲ့ ထောင့်တစ်နေရာက ရေဆိုးပိုက်ခေါင်းဝတစ်ခုဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတော့တယ်။

လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်က ဖြစ်ခဲ့တဲ့ ကပ်ရောဂါဆိုးကြီးအပြီးမှာ လိုအန် ဘုရင့်နိုင်ငံတော်က မြို့တော်မှာ ခေတ်မီ ရေဆိုးပိုက်စနစ်တစ်ခုကို တဖြည်းဖြည်း တည်ဆောက်ခဲ့တာ ဖြစ်လို့ အင်းတစ် ပြည်သူ့သမ္မတနိုင်ငံက “ရိုဇယ်လ်ရဲ့ အမွေအနှစ်” ဆိုတဲ့ နည်းပညာတွေကိုတောင် တစ်ချက်တည်းနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ကလိုင်းက ရေဆိုးမြောင်းအဖုံးကို ဘေးဖယ်လိုက်ပြီး အသက်အောင့်ကာ ဒေါင်လိုက်သံလှေကားအတိုင်း အောက်ကို ဆင်းသွားပါတယ်။

သူဝတ်ထားတဲ့ အလုပ်သမားဝတ်စုံက အိတ်ကပ်တွေ အများကြီး မပါလို့ ပစ္စည်းတွေ အများကြီး ယူမလာနိုင်ခဲ့ဘူး။ ဒါကြောင့် ဖရိုင်း ဆီက သင်ထားတဲ့ အနံ့အသက်ဆိုး ပျောက်စေတဲ့ ကျူလက် အဆီ ကို ယူမလာမိတာကို ကလိုင်းတစ်ယောက် နောင်တရနေမိတော့တယ်။

ဆယ်စက္ကန့်လောက် ကြာတော့ ကလိုင်းရဲ့ ခြေထောက်တွေက စေးကပ်နေတဲ့ မြေပြင်နဲ့ ထိသွားတယ်။ ညစ်ပတ်ပေရေနေတဲ့ ခံစားချက်ကြောင့် သူ ကြက်သီးတွေတောင် ထသွားရပါတယ်။ ဒါပေမဲ့လည်း အောင့်အည်းသည်းခံပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မိလ္လာမြောင်းကြီးထဲကို ဆက်တိုးဝင်သွားခဲ့တယ်။

ရှေ့နားမှာ လမ်းခွဲတစ်ခုရှိပြီး အဲဒီနေရာက မြင်ကွင်းကနေတော်တော်လေး ကွယ်နေပါတယ်။ အဲဒီဘက်ကနေ စူးရှပြင်းထန်တဲ့ အနံ့အသက်ဆိုးတွေ ထွက်လာပါတယ်။

ကလိုင်းက လမ်းအဆုံးထိ လျှောက်သွားလိုက်တော့ စိတ်ဝိညာဉ် အလင်းစက်တွေနဲ့ ရောင်ဝါတွေကို စိတ်ဝိညာဉ်အမြင်ကနေ အစီအရီ မြင်လိုက်ရပါတယ်။ ဖယောင်းတိုင် ထွန်းစရာတောင် မလိုဘဲ စိတ်ဝိညာဉ် အမြင် ကို ဖွင့်လိုက်တာနဲ့ မှောင်မည်းနေတဲ့ ထောင့်တစ်နေရာမှာ ကိုက်ဖြတ်စားသောက်ခံထားရလို့ အပိုင်းပိုင်းပြတ်ပြီး ပုပ်ပွနေတဲ့ အလောင်းတစ်ခုကို အထင်အရှား မြင်လိုက်ရပါတော့တယ်။

ဒီမြင်ကွင်းက အိပ်မက် နိမိတ်ဖတ်ခြင်း တုန်းက သူမြင်ခဲ့ရတဲ့အတိုင်းပါပဲ။

“ကျွိ... ကျွိ...”

မီးခိုးရောင် ကြွက်အုပ်ကြီးက အရပ်မျက်နှာအနှံ့ ပြေးလွှားသွားကြပေမဲ့ တချို့ကတော့ သူတို့အစာကို လက်မလွှတ်နိုင်ဘဲ မူလနေရာမှာပဲ အလောင်းကို စားနေကြပါသေးတယ်။

ဒီအလောင်းက ဇီရယ် ဖြစ်မှန်း အတည်ပြုပြီးနောက် ကလိုင်းက ခဏလောက် တွန့်ဆုတ်သွားပေမဲ့ မကြာခင်မှာပဲ စိတ်ဝိညာဉ် ဆက်သွယ်ခြင်း အစီအရင်ကို အမြန်ပြင်လိုက်ပါတော့တယ်။

အီရန် ပြောတာသာ မှန်ရင် ဇီရယ် သေတာ ရက်ပိုင်းပဲ ရှိသေးတာမို့ သူ့ဝိညာဉ်ကို ဆင့်ခေါ်ပြီး သတင်းအချက်အလက်တချို့ မေးလို့ရနိုင်မယ်လို့ ကလိုင်းက ယုံကြည်ချက်အပြည့်နဲ့ တွေးလိုက်မိပါတယ်။

“ဝူး...”

လေတိုးသံနဲ့အတူ စိတ်ဝိညာဉ် နံရံ ကို တည်ဆောက်လိုက်တော့ ကြွက်တွေ အကုန်ထွက်ပြေးသွားကြပြီး ကလိုင်းလည်း အစီအရင်ကို စတင်လိုက်တယ်။

“ဇီရယ် သေဆုံးရတဲ့ အကြောင်းရင်း...

ဇီရယ် သေဆုံးရတဲ့ အကြောင်းရင်း...”

နိမိတ်ဖတ်မယ့် စာသားကို ရွတ်နေရင်း ကလိုင်းရဲ့ မျက်လုံးတွေက မည်းမှောင်သွားပြီး မျက်ဆံတွေပါ ပျောက်ကွယ်သွားပါတယ်။ သူဟာ ဈာန်ဝင်စားခြင်း ကို သုံးပြီး အိပ်မက်ကမ္ဘာထဲကို အမြန်ဝင်လိုက်တယ်။

ဒါပေမဲ့ ဝေဝါးနေတဲ့ အဲဒီစိတ်ကူးယဉ်ကမ္ဘာထဲမှာ ဘာကိုမှ မြင်တွေ့ရခြင်း မရှိပါဘူး။

ကလိုင်းက မျက်လုံးပြန်ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အခြေအနေကို သုံးသပ်လိုက်ပါတယ်။

*”စိတ်ဝိညာဉ် ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်။တစ်စုံတစ်ယောက်က ဇီရယ်ရဲ့ ဝိညာဉ်ကို ဆက်သွယ်ထားပြီးသား ဖြစ်နိုင်တယ်။ ဒီကိစ္စမှာ သာလွန်သူ တစ်ယောက် ပါနေတာကတော့ သေချာသလောက်ပဲ”*

*”တစ်စုံတစ်ယောက်က ဇီရယ်အဖြစ် ဟန်ဆောင်ပြီး တခြားစုံထောက်တွေကို လှည့်စားနိုင်ခဲ့တာကပဲ ဒီအချက်ကို သက်သေပြနေတာ။”*

ခဏလောက် စဉ်းစားပြီးနောက် ကလိုင်းက ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို အပ်ထားတဲ့ အလုပ်အတွက် လိုအပ်ချက်တွေကို လုပ်ပေးခဲ့ပြီးပြီ မဟုတ်လား။

“အီရန်ကိုပဲ ရဲတိုင်ခိုင်းလိုက်တော့မယ်” လို့ သူက တိုးတိုးလေး ရေရွတ်ရင်း အစီအရင် ပစ္စည်းတွေကို သိမ်းကာ စိတ်ဝိညာဉ် နံရံ ကို ဖယ်ရှားလိုက်ပါတော့တယ်။

All Chapters