အဆိုးဆုံး အခြေအနေ နှစ်ကြားမှ သိပ်မဆိုးသော အခြေအနေ
Vol. 23 Ch. 229
မာဆော့ရဲ့ အလောင်းဟာ ကြမ်းပြင်ပေါ်မှာ အသက်မဲ့စွာ လဲကျ နေပါတယ်။ သေဆုံးသွားသည့်တိုင်အောင် မာဆော့ ပြူးနေတဲ့ မျက်ဝန်းအစုံမှာတော့ လူသတ်ချင်တဲ့ အငြိုးအတေးတွေ ရှိနေတာကို မြင်နေရပါတယ်။ လည်ပင်းတစ်ဝက်လောက် နီးပါး ပြတ်ထွက်သွားတဲ့ ဒဏ်ရာဟာ အစတုန်းက ပါးပါး သေးသေးလေးပေမဲ့၊ သာလွန်သူ ဝိသေသလက္ခဏာတွေ ထွက်လာလာတာကြောင့် သိသိသာသာကို ကျယ်ရင်း ကြီးလာပြီး မြင်မကောင်းရှူမကောင်းဖြစ်အောင် စုတ်ပြတ်သတ်နေပါပြီ။ ဒါ့အပြင် သေဆုံးပြီးနောက် ဖြစ်လေ့ ဖြစ်ထရှိတဲ့ ခန္ဓာက်ိုယ်ကနေ ထွက်လာတဲ့ သဘာဝဘေးထွက်ပစ္စည်းတွေကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက ပုပ်စော်နံတဲ့ အနံ့အသက်တွေပါ ထွက်နေပါတယ်။
ကလိုင်းဟာ သွေးရောင်ဂျယ်လီတုံးလေးကို ကိုင်ထားရင်း နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရခက် ဆုံးဖြတ်ရကျပ်နေပါတယ်။ သူ့မှာ ယေဘုယျ ရွေးချယ်စရာ သုံးခု ရှိပါတယ်။
ပထမနည်း အခင်းဖြစ်တဲ့ နေရာကို ရှင်းမယ်။ ဒဏ်ရာတွေကို ဆေးထည့်ပြီး ကိုယ်တိုင် ခုခံကာကွယ်ရင်း လူသတ်မှု ဖြစ်ရပါတယ်ဆိုပြီး ရဲတိုင်မယ်။
ဒုတိယနည်း ညနက် လူခြေတိတ်တဲ့အထိ စောင့်ပြီးမှ အလောင်းကို ရေဆိုးမြောင်းသွား ပစ်မယ်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်မယ်။
တတိယနည်း: ရှားလော့ခ် မိုရီယက်တီ ဆိုတဲ့ နာမည်ကို စွန့်လွှတ်ပြီး အခြားမြို့နယ်ကို ချက်ချင်း ထွက်ပြေးတိမ်းရှောင်မယ်။ နာမည်သစ်နဲ့ ပြန်ပြီး အခြေချမယ်။
ပထမနည်းကို ရွေးဖို့ကျတော့လည်း ကလိုင်းမှာ ဖုံးကွယ်ထားရတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိနေသလို၊ သူကိုယ်တိုင်ကလည်း တရားမဝင် နေထိုင်သူဖြစ်နေတာကြောင့် ရဲတိုင်လိုက်ရင် သူ့အထောက်အထားနဲ့ နာမည် အစစ်အမှန် ပေါ်သွားနိုင်တဲ့ အတွက် အန္တရာယ် ရှိနေပါတယ်။ ဒုတိယနည်းကို ရွေးပြန်ရင်လည်း အလောင်းကို ရဲတွေတွေ့သွားမလားဆိုပြီး အမြဲစိုးထိတ်နေရမယ့်အပြင်၊ နောက်ထပ် ရောက်လာနိုင်တဲ့ အန္တရာယ်တစ်ခုကလည်း ရှိနေပါသေးတယ်။
မာဆော့ရဲ့ နောက်ကွယ်က သံအမတ်ကြီးဟာ သူ့ လက်အောက်က လက်မရွံသမား ပျောက်သွားတာ ဒါမှမဟုတ် သေသွားတာကို သိတာနဲ့ မင့်စ်လမ်း အမှတ် ၁၅ ဆီကို နောက်ထပ်တစ်ယောက် ထပ်လွှတ်မှာ မြေကြီးလက်ခတ်မလွဲ သေချာနေပါတယ်။ အဲဒီအခါကျရင် ကလိုင်းက ဆုံမှတ် ၇ ဒါမှမဟုတ် ဆုံမှတ် ၆ အဆင့်ရှိတဲ့ သာလွန်သူ ရန်သူနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ သူ ရင်ဆိုင်နေရတာက ရန်သူတစ်ယောက်ထဲ မဟုတ်ပါဘူး။အင်းတစ် ပြည်သူ့ သမ္မတ နိုင်ငံလို အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်။
တတိယနည်းကတော့ အန္တရာယ်အားလုံးကို ရှောင်တိမ်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းလို့ ထင်ရပေမဲ့ အားနည်းချက်တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကလိုင်းရဲ့ ပုံတူ ပန်းချီကို ဝရမ်းထုတ်ပြီး ကြေညာခံရနိုင်ပါတယ်။ အဲဒီပုံတူက ရုပ်ဖျက်မထားတဲ့ သူ့ရဲ့ မျက်နှာအစစ်အမှန် ဖြစ်နေမှာပါ။ အိမ်နီးချင်း မဒမ်ဆမ်မာနဲ့ ရှေ့နေဂျာဂန်တို့က ရဲစခန်းကို သူ့ပုံစံ မျက်နှာ ကို အသေးစိတ် သတင်းပေးနိုင်ပါတယ်။ အဲဒီဝရမ်းသာ သတင်းစာထဲ ပါသွားရင် ဘက်ကလန်မှာ ရှိနေတဲ့ ဒေလီနဲ့ အခြားညသိမ်းငှက်တွေက သူ့ကို ချက်ချင်း မှတ်မိသွားနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ပြဿနာက ပိုကြီးသွားပါပြီ။ ထင်းဂန်တုန်းက ကိစ္စမှာ အင့်စ်ဇန်းဝဲလ်နဲ့ ချိတ်ပိတ်လက်နက် ၀-၀၈ တို့ပါ ပတ်သက်နေတာမို့ ရာထူးကြီး ဂိုဏ်းထောက်ဘုန်းတော်ကြီး အဆင့်ရှိတဲ့ သာလွန်သူ ပညာရှင်တွေရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံရနိုင်ချေများပါတယ်။
နောက်တစ်နည်းက အလောင်းကို ဖျောက်၊ သက်သေတွေကို ရေဆိုး မြောင်းထဲပစ်ပြီး ထွက်ပြေးလို့ရပေမဲ့၊ သံအမတ်ကြီးက ကလိုင်းကို ရှာမတွေ့တဲ့အခါ ရဲစခန်းမှာ ဖမ်းဝရမ်းထုတ်ခိုင်းမယ့် အန္တရာယ်ကလည်း ရှိနေပြန်ပါတယ်။ သူက ဇီမာန်ဂျာဂိုဏ်းသားတွေကို သုံးပြီး ရဲတိုင်ခိုင်းကာ အာဏာပိုင်တွေကို အသုံးချပြီး ရှာခိုင်းနိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ ဒုတိယလမ်းကို ရွေးလိုက်တာနဲ့ အတူတူပဲ ဖြစ်နေပါတယ်။
အသေအချာ စဉ်းစားပြီးနောက်မှာတော့ ကလိုင်းဟာ ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် လေး ချလိုက်ပါတယ်။ အဲဒါကတော့ နိမိတ်ဖတ်ဖို့ ဖြစ်ပါတယ်။ တကယ်တော့ သူဟာ ရွေးချယ်စရာတွေထဲက အဆိုးဆုံးတွေထဲကမှ သိပ်မဆိုးမယ့် နည်းလမ်းတစ်ခုကို စိတ်ထဲမှာ စဉ်းစားထားပြီးသားဖြစ်ပါတယ်။ ပထမနည်းက အန္တရာယ် မရှိဆုံးဖြစ်သလို အတိုင်းအတာတစ်ခုအထိ သူကိုယ်တိုင် ထန်းနိုင်ပါတယ်။ သူ့ပုံစံ မျက်နှာ လူသိရှင်ကြား ဖြစ်သွားခြင်းက တရားဝင်အဖွဲ့အစည်းတွေရဲ့ အာရုံစိုက်မှုကို ခံရစေပြီး သံအမတ်ကြီးရဲ့ နောက်ထပ် အစီအစဉ်တွေကိုလည်း ဟန့်တားသလို ဖြစ်သွားပါလိမ့်မယ်။
သူဟာ စက္ကူတစ်ရွက်ကို ယူပြီး နိမိတ်ဖတ်မယ့် စာသားကို ချရေးလိုက်ပါတယ်။ အဲဒီနောက် ဘယ်ဘက်လက်ကောက်ဝတ်က ဥဿဖရားချိန်သီးကို ထုတ်ပြီး ဆွဲသီးကို စက္ကူပေါ်မှာ အသာအယာ တွဲလောင်းချလိုက်ပါတယ်။
"ရဲစခန်းမှာ အကြောင်းကြားသင့်တယ်"
ရဲစခန်းမှာ အကြောင်းကြားသင့်တယ်
စာသားကို တိုးတိုးလေး ရွတ်လိုက်တဲ့အခါ စိတ်ဝိညာဉ်ချိန်သီးဟာ နာရီလက်တံအတိုင်း အနည်းငယ် လှည့်ပတ်နေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ လုပ်သင့်တယ်ဆိုတဲ့ အဖြေဖြစ်ပါတယ်။ ကျန်တဲ့ ရွေးချယ်စရာ နှစ်ခုကိုလည်း အလှည့်ကျ နိမိတ်ဖတ်ကြည့်ရာမှာ မလုပ်သင့်ဘူးတဲ့အဖြေ ထွက်တာကြောင့် ကလိုင်းဟာ တွန့်ဆုတ် မနေတော့ဘဲ အခင်းဖြစ်ရာနေရာကို စတင် ရှင်းလင်းပါတော့တယ်။
သူက လက်အိတ်အမည်းတစ်စုံ ဝတ်ပြီး အလောင်းကို စတင်ရှာဖွေလိုက်ပါတယ်။ ဓားမြှောင် ခပ်ထက်ထက် တစ်ချောင်း၊ ငွေသား အနည်းငယ်၊ ဆေးလိပ် တစ်ဗူး၊ မီးခြစ်တစ်လုံးနဲ့ အခြား အသေးအဖွဲ ပစ္စည်းအချို့ ကို ရှာတွေ့ပါတယ်။ ကလိုင်းက ကျန်တဲ့ပစ္စည်းတွေကို မူလနေရာမှာ ပြန်ထားလိုက်ပြီး လက်အိတ်ကို ချွတ်ကာ ဓားမြှောင်ကို ကိုင်လိုက်ပါတယ်။ အဲဒီနောက် မာဆော့ရဲ့ လည်ပင်းဒဏ်ရာကို ထိုးပြီး မူလဒဏ်ရာကို ပုံစံပျက်သွားအောင် လုပ်လိုက်ပါတယ်။ ပြီးမှ လက်အိတ်ကို ပြန်ဝတ်၊ မာဆော့ရဲ့ လက်ထဲကို ဓားမြှောင် ထည့်ပေးလိုက်ပါတယ်။
ပြီးနောက် ကလိုင်းဟာ မာဆော့ရဲ့ သာလွန်သူ ဝိသေသလက္ခဏာ အကြွင်းအကျန်တစ်ခု ၊ သူ ကိုယ်တိုင်လုပ်ထားတဲ့ အဆောင်တွေ၊ တားရော့ကတ်တွေ၊ သွေးစွန်းနေတဲ့ စာချုပ်၊ နိမိတ်ဖတ်တုန်းက သုံးခဲ့တဲ့ စက္ကူနဲ့ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို စုစည်းပြီး စက္ကူအိတ်တစ်အိတ်ထဲစုထည့်လိုက်ပါတယ်။ အဲဒီနောက် မိမိကိုယ်ကိုယ် ဆင့်ခေါ်ပြီး သူ့ကိုယ်သူဝိညာဉ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။
အေဇစ်ရဲ့ ကြေးဝါဝီစီကို ကိုင်ထားတာကြောင့် ကလိုင်းရဲ့ ဝိညာဉ်ပုံစံက ပိုပြီး အားကောင်းလာ ပါတယ်။ ကလိုင်းဟာ စက္ကူအိတ်ကို ယူပြီး ကိုယ်တိုင်ဆင့်ခေါ်ထားတာကို အဆုံးသတ်ကာ မီးခိုးရောင်မြူခိုး ကမ္ဘာထဲကို ပြန်ဝင်လိုက်ပါတယ်။ ပြင်ပကမ္ဘာက ယူလာတဲ့ ပစ္စည်းတွေကို 'အရူး' ရဲ့ ထိုင်ခုံနောက်မှာ ခဏထားလိုက်ပြီး အေဇစ်ရဲ့ ဝီစီကိုလည်း အဲဒီမှာပဲ ထားခဲ့လိုက်ပါတယ်။ အဲဒီနောက် စိတ်ကို လျှော့ပြီး စိတ်ဝိညာဉ် အစွမ်းနဲ့ တကိုယ်လုံးကို လွှမ်းခြုံလိုက်ပါတယ်။အရှိန်နဲ့ အောက်ကို ပြုတ်ကျသွားတဲ့ ခံစားချက်နဲ့အတူ ကလိုင်းရဲ့ ဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပါတယ်။
ကလိုင်းဟာ သွေးစွန်းနေတဲ့ စာချုပ်နဲ့ နိမိတ်ဖတ်တဲ့ စက္ကူကို မီးမရှို့ခဲ့တာ အကြောင်းရှိပါတယ်။ ရဲတိုင်ပြီးနောက်မှာ ရဲဘက်က ခေါ်လာနိုင်တဲ့ အစွမ်းထက် သာလွန်သူတစ်ဦးက အခင်းဖြစ် တဲ့ နေရာကို နိမိတ်ဖတ်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ မီးခိုးရောင်မြူခိုးတွေရဲ့ အဟန့်အတားကြောင့် ထာဝရတောက်လောင်နေတဲ့ နေမင်း ကိုယ်တိုင် လူ့ပြည် ဆင်းလာပြီး နမိတ် ကောက်ရင်တောင် ဘာအဖြေမှ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဆုံမှတ် ၈ ကို အဆင့်တက်ပြီးကတည်းက ကလိုင်းဟာ သူ့ရဲ့ မှတ်တမ်းတွေကို မီးခိုးရောင်မြူခိုးကမ္ဘာထဲမှာပဲ သိမ်းထားတာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကလိုင်းဟာ သူ့ကို ဘယ်လိုသံသယဝင်တာမျိုးကိုမှ လက်မခံနိုင်ပါဘူး။
စိတ်ဝိညာဉ်နံရံကို ဖယ်ရှားလိုက်တဲ့အခါ လေညင်းတစ်ချက်က အစီအရင်မှာ သုံးခဲ့တဲ့ ပစ္စည်းတွေရဲ့ အနံ့ကို လွင့်ပျောက်သွားစေပါတယ်။ ကလိုင်းရဲ့ ခန္ဓာကိုယ်နဲ့ တစ်အိမ်လုံးမှာ သာလွန်သူတွေနဲ့ ဆိုင်တဲ့အရာဆိုလို့ အရှေ့မှာ ထွန်းထားတဲ့ တိတ်ဆိတ်စွာ လောင်ကျွမ်းနေတဲ့ ဖယောင်းတိုင်တွေပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက သာမန်ဖယောင်းတိုင်တွေကိုပဲ သုံးခဲ့တာဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ဆုတောင်းတဲ့ အစီအရင်မလို့ အရမ်းကြီး အသေးစိတ် စေ့စေ့စပ်စပ် လုပ်စရာ မလိုခဲ့ပေ။ အိမ်တစ်အိမ်မှာ ဖယောင်းတိုင်ရှိနေတာကလည်း သဘာဝကျပြီး ယုတ္တိတန်တာကြောင့် လူပျိုတစ်ယောက်တည်း နေတဲ့အိမ်ဖြစ်ပေမဲ့ ရဲဘက်က သာလွန်သူတွေ လာပြီး စစ်ဆေးရင် ထူးဆန်းမနေတော့ပါဘူး။
ဖယောင်းတိုင်တွေကို ငြှိမ်းပြီးနောက် ကလိုင်းဟာ နာရီကို ထုတ်ကြည့်လိုက်ပါတယ်။ မာဆော့ သေတဲ့အချိန်ကစပြီး အချိန်ဘယ်လောက် ကြာသွားပြီလဲ၊ ရဲတွေ လာဖို့ ဘယ်လောက်ကြာမလဲဆိုတာကိုပါ တွက်လိုက်ပါတယ်။ သာလွန်သူတစ်ယောက် လာစစ်ရင်တောင် ဝိညာဉ်ဆင့်ခေါ်ပြီး မေးလို့မရအောင် မာဆော့ သေတာ တစ်နာရီလောက် ကြာသွားတဲ့အထိ အချိန်ဆွဲလိုက်ပါတယ်။
ဂမ္ဘီရ လောကမှာတော့ အချိန်က အရမ်းအရေးကြီးပါတယ်။ အချိန် ကျော်သွားရင် မေးလို့ရနိုင်တဲ့ သတင်းအချက်အလက်တွေက အရမ်း နည်းသွားတတ်ပါတယ်။ ဥပမာ- နတ်ကတော် (သေခြင်းလမ်းစဉ် ဆုံမှတ် ၇) တစ်ယောက်ကနေ မာဆော့ကို သတ်သူက ရှားလော့ခ် မိုရီယက်တီ ဖြစ်ကြောင်း သိနိုင်ပေမဲ့၊ သေဆုံးပုံ အသေးစိတ်ကိုတော့ သေဆုံးတာ အချိန်အရမ်းကြာသွားတဲ့အတွက် မသိနိုင်တော့ပါဘူး။ရဲတွေအနေနဲ့ လူသတ်မှုမှာ သာလွန်သူတွေ ပါဝင် ပတ်သတ်နေလားဆိုတာ သိနိုင်ဖို့ နိမိတ်ဖတ်ကြရင်လည်း ကလိုင်းက မစိုးရိမ် တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိက သက်သေဖြစ်တဲ့ လူသတ်လက်နက် အဖြစ်သုံးခဲ့တဲ့ သွေးပေနေတဲ့ စာချုပ်က မီးခိုးရောင်မြူခိုးတွေရဲ့ အထက်မှာ ရောက်နေလို့ဖြစ်ပါတယ်။
သူ့ရဲ့ ကြိုတင်သိမြင်နိုင်စွမ်းနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကိုလည်း ဖုံးကွယ်ထားသလို ဖြစ်သွားပါပြီ။ ဘယ် သာလွန်သူတွေ ဘယ်လိုပဲ နိမိတ်ဖတ်ဖတ် ရလဒ်က မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာဆီကိုပဲ ဦးတည်သွားမှာဖြစ်လို့ မလွဲမသွေ နှောင့်ယှက်ဟန့်တားမှုတွေနဲ့ ကြုံရပြီး တိကျတဲ့ အဖြေမထွက်နိုင်ပါဘူး။
“ကံကောင်းတာက ငါကလည်း ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲလေ... တကယ့်ကို စုံထောက် မိုရီယက်တီ ဖြစ်သွားသလို ခံစားနေရပြီ” လို့ ကလိုင်းက တွေးလိုက်မိပါတယ်။ သူဟာ အခင်းဖြစ်တဲ့နေရာမှာ ပြဿနာ တစ်စုံတစ်ရာ မရှိအောင် အသေးစိတ် သေသေချာချာ စစ်ဆေးပြီးနောက်၊ အိတ်ဆောင်နာရီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း အခန်းထဲမှာ ဟိုဟို ဒီဒီ လမ်းလျှောက်နေလိုက်ပါတယ်။
မှန်းထားတဲ့ အချိန်ရောက်တဲ့အခါမှာတော့ ရွှေကိုင်းမျက်မှန်ကို တပ်၊ မိနစ်အနည်းငယ် လောက် ထပ်စောင့်ပြီးမှ တံခါးကိုဖွင့်ကာ အပြင်ထွက်လာခဲ့ပါတယ်။ ဘက်ကလန်ရဲ့ ညနေ ကောင်းကင်ယံက မှောင်အတိ ကျကာ မိုးချုပ်လုနီးပါး ဖြစ်နေပါပြီ။ လမ်းဘေးက ဂတ်စ်မီးအိမ်တွေဟာလည်း ရွာနေတဲ့ မိုး ပေါက်တွေကြားမှာ ဖျော့တော့တော့ နဲ့ လင်းတယ်ဆိုရုံသာ ရှိပါတယ်။
မင့်စ်လမ်းဟာ လူလတ်တန်းစားတွေ နေတဲ့ ရပ်ကွက်ဖြစ်တာကြောင့် ရဲကင်းလှည့်တာတွေ ခပ်စိပ်စိပ် ရှိတတ်ပါတယ်။ ကလိုင်းဟာ ခဏလောက် စောင့်နေပြီးမှ သူလိုက်ရှာနေတဲ့လူတွေကို မြင်တာနဲ့ သူတို့ဆီ ဦးတည်သွားလိုက်ပါတော့တယ်။သူရှာနေတဲ့လူတွေဆိုတာ ပုခုံးတံဆိပ်မှာ အစင်းကြောင်းတစ်ခုပဲပါတဲ့ အဆင့်နိမ့် အရာရှိငယ် နှစ်ယောက်ဖြစ်ပါတယ်။ သူတို့မှာ သေနတ်တွေ၊ နံပါတ်တုတ်တွေ ပါသလို ထီးတစ်လက်ကို ဆောင်းပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ စစ်ဆေးရင်း ကင်းလှည့်နေကြပါတယ်။
"ဆရာတို့... ကျွန်တော့်ကို လူတစ်ယောက်က တိုက်ခိုက်လို့ပါဗျို့" လို့ ကလိုင်းက ကျွမ်းကျင်ပိုင်နိုင်စွာ ဟန်ဆောင် အော်ဟစ်လိုက်ပါတယ်။
သူ့ရဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ ပုံစံကို မြင်တာနဲ့ အရာရှိနှစ်ယောက်လည်း အခြေအနေကို အာရုံစိုက်သွားကြပါတယ်။ သူတို့ဟာ နံပါတ်တုတ်တွေကို ထုတ်လိုက်ပြီး ဘေးဘီကို သတိကြီးကြီးနဲ့ ကြည့်လိုက်ကြပါတယ်။
"လာပြီးတိုက်ခိုက်တဲ့သူက ဘယ်မှာလဲ" လို့ မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးညိုညိုနဲ့ ရဲအရာရှိက အသံဩဩနဲ့ မေးလိုက်ပါတယ်။
ကလိုင်းက သူ့အိမ်ကို ညွှန်ပြလိုက်ပြီး "သူက ကျွန်တော့်အိမ်ထဲကို ခိုးဝင်လာပြီး ကျွန်တော့်ကိုသတ်ဖို့ လုပ်တာ။ ကျွန်တော်လည်း ခုခံရင်းနဲ့ မတော်တဆ သူ့ကို ဓားနဲ့ထိုးမိပြီး သတ်လိုက်မိတယ်" လို့ ပြောလိုက်ပါတယ်။
"ဓားနဲ့ ထိုးသတ်လိုက်တယ် ဟုတ်လား..." အရာရှိနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကလိုင်းကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ပါ တော့တယ်။ "ငါတို့ကို အဲဒီနေရာဆီ ခေါ်သွားစမ်း"
"ဟုတ်ကဲ့" ကလိုင်းဟာ အသက်ဘေးကနေ သီသီလေး လွတ်လာသူတစ်ယောက်လို ဟန်ဆောင်ပြီး အရာရှိနှစ်ယောက်ကို မင့်စ်လမ်း အမှတ် ၁၅ အိမ် ဆီ ခေါ်သွားကာ သော့နဲ့ တံခါးဖွင့်ပေးလိုက်ပါတယ်။ ရဲအရာရှိနှစ်ယောက်ဟာ ဖရိုဖရဲ ဖြစ်နေတဲ့ အခန်းကို အရင်မြင်လိုက်ရပြီးမှ ကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့ လဲနေတဲ့ မာဆော့ရဲ့အလောင်းကို မြင်သွားကြပါတယ်။ လည်ပင်းက ကြောက်စရာ ဒဏ်ရာကြီးနဲ့ သွေးတွေပေနေတဲ့ ဓားမြှောင်ကိုလည်း မြင်လိုက်ရပါတယ်။
"မင်း ဒီနေရာကို စောင့်ကြည့်ထားလိုက်၊ ငါ ရဲစခန်းပြန်ပြီး စစ်ဆေးရေးမှူးဆီ သတင်းပို့လိုက်ဦးမယ်" လို့ အခြားအရာရှိက သူ့လုပ်ဖော်ကိုင်ဖက်ကို ပြောလိုက်ပါတယ်။
"ကောင်းပြီ" မျက်နှာဝိုင်းနဲ့ အရာရှိက ကလိုင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူ့ပုံစံက သတိ အပြည့် ရှိနေပါတယ်။
ခဏကြာတော့ ပုခုံးတံဆိပ်မှာ အစင်းသုံးကြောင်းပါတဲ့ ဆာဂျင် တစ်ယောက်ဟာ စောစောက ရဲသားနဲ့အတူ အခြားလက်အောက်ငယ်သား နှစ်ယောက်ကို ခေါ်ပြီး ရောက်လာပါတယ်။ အရာရှိငယ်တွေက အခင်းဖြစ်ရာနေရာကို စစ်ဆေးနေတုန်း မေးစေ့မှာ မုတ်ဆိတ်တိုတွေ ပေါက်နေတဲ့ ဆာဂျင်က ကလိုင်းကို ဘေးခေါ်သွားပြီး မေးခွန်းတွေ စမေးပါတော့တယ်။
"နာမည်"
"ရှားလော့ခ် မိုရီယက်တီ ပါ၊ ဒီအိမ်က ကျွန်တော့် ခြောက်လစာ ပေးပြီး ငှားထားတဲ့အိမ်ပါ။ ဒီမှာက အိမ်ငှားစာချုပ်ပါ" လို့ ကလိုင်းက ကြိုတင်ပြင် ဆင်ထားတဲ့အတိုင်း ဖြေလိုက်ပါတယ်။
ဆာဂျင်က စာချုပ်ကို ခပ်သော့သော့ ကြည့်လိုက်ပြီး "အလုပ်အကိုင်က " လို့ ဆက်မေးရာ "ပုဂ္ဂလိက စုံထောက်ပါ" လို့ ကလိုင်းက ပွင့်ပွင့်လင်းလင်းပဲ ဖြေပါတယ်။
ဆာဂျင်က မျက်မှောင်ကြုတ်လိုက်ပြီး "သေဆုံးသူကို သိသလား၊ သူက မင်းကို ဘာလို့ တိုက်ခိုက်တာလဲ" လို့ မေးပါတယ်။
"သိပါတယ်၊ သူ့နာမည်က မာဆော့ ပါ၊ ဇီမာန်ဂျာဂိုဏ်း ရဲ့ လက်မရွံ စီရင်သူ တစ်ယောက်ပါ" ကလိုင်းက ဆာဂျင် ထပ်မေးတာကို မစောင့်တော့ဘဲ ဆက်ပြောပါတယ်။ "ကျွန်တော် အရင်က အီရန် ဆိုတဲ့ ကောင်လေး တစ်ယောက်ဆီက သူ့ရဲ့ အလုပ်ရှင်ဟောင်း စုံထောက် ဇီရယ် ဗစ်တာ လီ အကြောင်း စုံစမ်းပေးဖို့ အလုပ်တစ်ခုကို လက်ခံခဲ့ဖူးတယ်။ အဲဒီကိစ္စက ဇီမာန်ဂျာဂိုဏ်း နဲ့ မာဆော့ တို့နဲ့ ပတ်သက်နေတာ။ ကျွန်တော် မာဆော့နောက်ကို ခြေရာခံပြီး စုံစမ်းလိုက်တော့ သူဟာ အဆင့်အတန်း မြင့်မြင့် လူကြီးလူကောင်း တစ်ယောက်နဲ့ တိတ်တဆိတ် တွေ့နေတာကို မြင်ခဲ့တယ်။ မာဆော့က အဲ့ဒီလူကို သံအမတ်ကြီး လို့ခေါ်တယ်"
အဲဒီလို ပြောလိုက်တဲ့အခါ ဆာဂျင်ရဲ့ မျက်နှာထားက ရုတ်တရက် ပြောင်းသွားတာကို ကလိုင်းက မြင်လိုက်ရပါတယ်။
"သံအမတ်ကြီး ဟုတ်လား... သူ့နာမည်ကို သိသား" လို့ ဆာဂျင်က အသံဩဩနဲ့ မေးပါတယ်။
"မသိပါဘူး၊ ဒါပေမဲ့ သူ့ဓာတ်ပုံကို မြင်ရင်တော့ ကျွန်တော် မှတ်မိနိုင်ပါတယ်" လို့ ကလိုင်းက အမှန်အတိုင်း ပြောပါတယ်။ "ဒီမနက်မှာ မာဆော့က ကျွန်တော့်ဆီ လာပြီး အီရန် ကို ရှာပေးဖို့ အလုပ်လာအပ်တယ်။ ဒါပေမဲ့ ပုဂ္ဂလိကစုံထောက် တစ်ယောက်ရဲ့ ကျင့်ဝတ်အရ ကျွန်တော် ငြင်းလိုက်တယ်။ အဲဒါနဲ့ ညနေ အိမ်ပြန်ရောက်တော့ သူက အိမ်ထဲခိုးဝင်ပြီး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားတာပဲ။ ကံကောင်းတာက ကျွန်တော်က အတွေ့အကြုံ ရှိပြီး တုံ့ပြန်မှု မြန်လို့သာ အသက်မသေတာ"
ဆာဂျင်က ခဏစဉ်းစားပြီး အမှုအသေးစိတ်ကို မေးပါတယ်။ ကလိုင်းက နှစ်ယောက်သား လုံးထွေး သတ်ပုတ်ကြတဲ့ ကြောင်းကို အကုန်နီးပါး မချွင်းမချန် ပြန်ပြောပေမဲ့၊ သူ့ရဲ့ ကြိုတင်သိမြင်နိုင်စွမ်းကိုတော့ "တုံ့ပြန်မှု မြန်တာ" လို့ပဲ စကား လွှဲကာ လိမ်ပြောလိုက်ပါတယ်။သူသုံးခဲ့တဲ့ စာချုပ်ကိုလည်း မာဆော့လက်က လွတ်ကျခဲ့တဲ့ "ဓားမြှောင်" လို့ပဲ အစားထိုး လိမ်ပြောလိုက်ပါတယ်။
"အင်း... ကောင်းပြီ၊ ငါတို့နဲ့ စခန်းကို လိုက်ခဲ့။ ရင်ခွဲစစ်ဆေးချက် အဖြေတွေ၊ အခင်းဖြစ်ရာနေရာ စစ်ဆေးချက်တွေနဲ့ သက်ဆိုင်သူတွေကို မေးမြန်းတာတွေ ပြီးတဲ့အထိ စောင့်ရမယ်"
ဆာဂျင်ရဲ့ စိတ်က အမှုအပေါ်မှာ အာရုံ မရှိဘဲ ဝတ္တရားအရပဲ လုပ်နေတာ ဖြစ်ပါတယ်။ သူ့ခေါင်းထဲမှာ နိုင်ငံခြား သံအမတ်ကြီးတွေ ပါဝင်နေတဲ့ ဒီလိုအရေးကြီးတဲ့ အကြောင်းကို ချက်ချင်း အထက်ကို သတင်းပို့ဖို့ပဲ တွေးနေပါတော့တယ်။
သူဟာ အတွေးများနေရင်းက မေးခွန်းတစ်ခုကို သတိတရ မေးလိုက်ပါတယ်။ "မင်း ဘယ်နတ်ဘုရားကို ကိုးကွယ်တာလဲ" လို့ အမြန် မေးလိုက်ပါတယ်။
"ရေနွေးငွေ့နဲ့ ယန္တယားနတ် ကို ကိုးကွယ်ပါတယ်" လို့ ကလိုင်းက မတုံ့မဆိုင်း ချက်ချင်း ဖြေလိုက်ပါတယ်။
မုန်တိုင်းအရှင် ဘုရားကျောင်းရဲ့ ဘက်ကလန် ဌာနချုပ်က ချားဝုဒ် မြို့နယ်မှာ ရှိတာမလို့ သာလွန်သူတွေနဲ့ ပတ်သက်တဲ့ အမှုတွေကို အဲဒီ ဘရားကျောင်းကပဲ ကိုင်တွယ်လေ့ ရှိပါတယ်။ ဒါပေမဲ့ အမှုမှာ ပါဝင်ပတ်သတ်တဲ့သူတွေက မုန်တိုင်းအရှင်ကို ကို ကိုးကွယ်သူ ဖြစ်ရမယ်ဆိုတဲ့ ချွင်းချက်တစ်ခုတော့ရှိပါတယ်။ညသိမ်းငှက် တွေနဲ့ မဆုံချင်တာကြောင့် ကလိုင်းဟာ ထာဝရည နတ်ဘုရားမ ကို ကိုးကွယ်မှုအပေါ် သစ္စာဖောက်ဖျက်သလို ဖြစ်သွားပေမဲ့လည်း ဒီတစ်ခါတော့ သူ့မှာအခြားရွေးချယ်စရာမရှိဘဲ လိမ်လိုက်ရပါတယ်။