← Chapters

ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်းကျင့်စဉ်

Vol. 1 Ch. 76

ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်းကျင့်စဉ်

Vol. 1 Ch. 76

လူစောယိမှာလည်း ဆန်းလျန်ကို ဂရုစိုက်ရန်အတွက် အားပင် မရှိတော့ပါ။ သူလေ့ကျင့် နေရသည့် ကျင့်စဉ်များမှာလည်း လွယ်ကူသည့် ကျင့်စဉ်များ မဟုတ်သည့်အပြင် လူစောယိမှာ မည်သည့် အခြေခံ ကျင့်စဉ်ကိုမျှ သင်ယူခဲ့ဖူးခြင်း မရှိသည့်အတွက် ပိုပြီး အားစိုက် ထုတ်နေရလေသည်။

ချင်းရွှမ်နတ်တံခါး၏ ဆောင်ပုဒ်မှာ "လူတစ်ယောက်သည် ကျင့်ကြံသူတစ်ယောက် ဖြစ်လိုပါက စိတ်နှလုံးကို အရင် ပြင်ဆင်ရမည်" ဟူ၍ ဖြစ်လေသည်။ လူစောယိမှာ စိတ်ထား ဖြူစင်သူတစ်ဦး ဖြစ်သည့်အတွက် ထိုဆောင်ပုဒ်အတိုင်း လိုက်နာရန် မခက်ခဲပါ။ ထို့ကြောင့်ပင် ဆရာသခင်က လူစောယိ၏ အနာဂတ်အတွက် သံသယမဝင်ခဲ့ခြင်း ဖြစ်လေသည်။

"အားလုံးကို အခြေခံမှ စတင်ရပြီး အခြေခံကောင်း တစ်ခုရဖို့ ဆိုသည်မှာလည်း လွယ်ကူခြင်းမရှိ" ဆိုသည့် ဆိုရိုးစကားကဲ့သို့ပင် ဖြစ်လေသည်။

လူစောယိမှာ "အတွေးကို ရုပ်လုံးဖော်ခြင်း ကျင့်စဉ်" ကို စတင်သင်ယူ နေရလေသည်။ စိတ်ကူးထဲတွင် နေနှင့်လ တစ်ပြိုင်တည်း တည်ရှိမှုကို စိတ်ကူးပုံဖော် နေရလေသည်။ သူ့ဘဝတွင် ထိုကဲ့သို့သော ခက်ခဲသည့် ကျင့်စဉ်များကို တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးပေ။

ကျင့်စဉ်စတင် လေ့ကျင့်ပြီး ငါးရက်မြောက်နေ့ တွင်ပင် လူစောယိပုံစံမှာ စုတ်ပြတ်သတ်နေပြီး ဦးနှောက် အရည်ပျော်မတတ် လေ့ကျင့်နေရလေသည်။ ထိုသို့ လေ့ကျင့်နေသည့်တိုင် တစ်စက် ကလေးမျှ တိုးတက်ခြင်း မရှိသေးပေ။

ချင်းရွှမ်နတ်တံခါးမှာ နှစ်ဝက်ခန့်အထိ ဖွင့်ထားသည့် အတွက်ကြောင့် ရှယွမ့်အဆောင်သို့ နောက်ထပ် တပည့်အသစ် သုံးယောက် ထပ်ရောက်လာလေသည်။ ဆန်းလျန်မှာတော့ မနက် အရုဏ် တက်သည်နှင့် ဝိညာဉ်မြစ်ကမ်း နံဘေးသို့ ထွက်ခွာသွားရပြီး ညမိုးချုပ်မှပင် ပြန်ရောက် လာတတ်လေသည်။ ပြန်လာသည့် အချိန်တွင် သူ၏ ဝိညာဉ်အရင်းအမြစ် တည်ငြိမ်မှု ရှိစေရန်အတွက် သူ ပုံဖော်နေကျ နတ်သမီးရုပ်တုကို စိတ်ထဲတွင် ပုံဖော်ကြည့်လေ့ ရှိလေသည်။ ထို့ကြောင့် အသစ် ရောက်လာသည့် တပည့်များအပေါ် အာရုံစိုက်ရန် သူ့အတွင် လုံးဝ အချိန်မရှိခဲ့ပေ။

ဆန်းလျန်မှာ တဖြည်းဖြည်း ပိန်လာပြီး အရိုးမျှသာ ကျန်တော့လေသည်။

မျက်လုံးများမှာလည်း တောက်ပကြည်လင်ခြင်း မရှိတော့ဘဲ နီရဲယောင်ကိုင်းကာ ရီဝေ၀ေ ဖြစ်နေလေသည်။

"နိဗ္ဗာန်ရောက်ရန်အတွက် အပင်ပန်းခံ ကျင့်ကြံရမည်" ဆိုသည့် ဗုဒ္ဓဘာသာကျမ်းစာတွင် ရေးသားထားသည့် ကျမ်းပိုဒ်အတိုင်းပင် ဖြစ်လေသည်။ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်မှာ ဒုက္ခသစ္စာ တရားကို နားလည်ရန်အတွက် များစွာ ကျင့်ကြံရမည် ဖြစ်လေသည်။

နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာလည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။ ခက်ခဲစွာ ကျင့်ကြံပြီးမှသာ အကျိုးအမြတ် အသီးအပွင့်ကို ခံစားရမည် ဖြစ်လေသည်။

အကျိုးအမြတ် အသီးအပွင့်ကို ရရှိရန်အတွက် ကျင့်စဉ်လမ်းတွင် သစ်ပင် စိုက်ရသည်မှာ လွန်စွာ မှ ပင်ပန်းဆင်းရဲခံပြီး မနားမနေ ကြိုးစားမှသာ ရမည်ဖြစ်လေသည်။

နတ်ဘုရားဘဝသို့ ရောက်ရှိခဲ့သူ အားလုံးမှာလည်း ထိုကဲ့သို့ပင် မနားမနေ ကြိုးစား ခဲ့ရသည် ချည်းပင် ဖြစ်လေသည်။

ဆန်းလျန်မှာ ခေတ်ပေါ်လောကတွင် နေထိုင်ခဲ့စဉ်ကရော၊ ယခုလက်ရှိ ဘဝတွင်ရော သက်သောင့် သက်သာနှင့် အန္တရာယ်ကင်းသည့် ဘဝတွင်သာ နေထိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယခုကဲ့သို့ ဝိညာဉ်မြစ်ထဲသို့ ဆင်းကာ မှော်ကျောက်စိမ်း ရှာဖွေသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ပြင်းထန်စွာ နာကျင်သည့် ဒဏ်ကို သည်းခံပြီး လေ့ကျင့်ခြင်းပင် ဖြစ်လေသည်။

သို့သော် ဝိညာဉ်မြစ်ရေ၏ တိုက်စားခြင်းကို ပြင်းထန်စွာ ခံစားရသည့်တိုင် သူ၏ ဝိညာဉ်မှာ လန်းဆန်းနေဆဲ ဖြစ်လေသည်။ ဝိညာဉ်မြစ်ရေ တိုက်စားခြင်းကြောင့် သူ၏ ဝိညာဉ်မှာ စူးရှနာကျင် ခံစားမှုကို ခံစားရသော်လည်း မြစ်ထဲမှ ပြန်တက်လာသည့် အချိန်တိုင်း အသစ်မွေးဖွားလာသူ တစ်ယောက်လို ခံစား ရလေသည်။

သူ၏ နူးညံ့ဖြူစင်သည့် အသားအရေမှာ ယခုတော့ ညိုမဲနေပြီ ဖြစ်လေသည်။

သူ၏ဝိညာဉ် ပြန်လည်ရှင်သန် လာရန်အတွက် သူ၏ ရုပ်ခန္ဓာ အသွေးအသားများကို စတေး ခဲ့ရသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့်ပင် ရုပ်ခန္ဓာ အားနည်းနေသည့်တိုင် သူ၏ စိတ်ဝိညာဉ်ကတော့ တည်ငြိမ် အေးဆေးနေခြင်း ဖြစ်လေသည်။

နတ်ဘုရား ကျင့်စဉ်များမှာ ပထမဆုံး အတွင်းအားကို လေ့ကျင့်ရပြီး နောက်ပိုင်းတွင် စိတ်ဝိညာဉ်ကို သန့်စင်အောင် လေ့ကျင့်ရလေသည်။

လူစောယိမှာ ဆရာသခင်ကိုယ်တိုင် သိုင်းပညာများ သင်ကြားပေးနေသည့်တိုင် "အတွေးကို ရုပ်လုံးဖော်ခြင်း ကျင့်စဉ်" မှ အဆင့်တက်ခြင်း မရှိသည့်အပြင် ဝိညာဉ်အားဖြည့်ခြင်း အဆင့်နှင့်ပင် အလှမ်း ဝေးနေသေးသည်။ ထို့ကြောင့်ပင် လူစောယိမှာ သူ၏ ကျင့်စဉ်များကို အသည်းအသန် လေ့ကျင့် နေလေတော့သည်။

“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ “စိတ်ဝိညာဉ် မြှင့်တင်ခြင်း ကျင့်စဉ်” ကို တိုက်ရိုက် လေ့ကျင့်လိုက်သည့် အတွက် ယခင် ဆန်းလျန်အစစ်၏ ဝိညာဉ်မှာ ဝိညာဉ်နယ်ထဲသို့ လွင့်မျော သွားရခြင်း ဖြစ်လေသည်။

သူက ခေတ်ပေါ်ကမ္ဘာမှ ရောက်လာပြီး ဤလောကတွင် ဆန်းလျန်၏ ခန္ဓာကိုယ်ဖြင့် ဘဝအသစ် ရလာသည့် အချိန်တွင်တော့ “စိတ်ဝိညာဉ်များကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကို လေ့ကျင့်ခြင်းကို ရပ်တန့် လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကျင့်စဉ်ကြောင့် သူ၏အသွေးအသားနှင့်အသက်ဓာတ်များ ဆုံးရှုံးရမည်ကို စိုးရိမ်သောကြောင့်ဖြစ်လေသည်။

သို့သော် ဝိညာဉ်လွှင့်ခြင်းကျင့်စဉ်ကပင် သူ့ကိုအခြေခံကောင်းများပေးခဲ့လေသည်။ ထို့ပြင် ဆန်းလျန်နှင့် ယခင် ဆန်းလျန်အစစ်၏ စိတ်စွမ်းအားများ ပေါင်းစပ်သွားသောကြောင့် သူက လွယ်လွယ် ကူကူ ဝိညာဉ်လွှင့်သည့် ကျင့်စဉ်ကို အောင်မြင်ခဲ့ခြင်း ဖြစ်လေသည်။

အစပိုင်းတွင်တော့ ထို ဝိညာဉ်လွင့်ခြင်း ကျင့်စဉ်မှာ ကောင်းသလို ရှိသော်လည်း ရေရှည် တွင်တော့ မကောင်းသည့်အရာ ဖြစ်လေသည်။

ရုပ်ခန္ဓာမှ စိတ်ဝိညာဉ် မခွာနိုင်လျှင် ဝိညာဉ်စွမ်းအား မရှိတော့သကဲ့သို့ ဖြစ်ပေါ်လာမည် ဖြစ်လေသည်။

ဝူထုန် နတ်မိစ္ဆာများမှာ ထိုလမ်းကို လျှောက်ခဲ့ခြင်း ဖြစ်လေသည်။ ထိုလမ်းမှာ အချိန်ကြာမြင့် လျှင် အစွန်းရောက်သွား တတ်ပြီး လောဘနှင့် ရမ္မက်ဆန္ဒများ များပြားလာမည် ဖြစ်လေသည်။ စိတ်ဝိညာဉ်က စွမ်းအား ကြီးမားသော်လည်း ရုပ်ခန္ဓာနှင့် ပေါင်းစည်းခြင်း မရှိသည့်အတွက် ဒြပ်စင် မဖြစ်လာနိုင်ပေ။

ဝိညာဉ်မြစ်မှ ဝိညာဉ်စားသည့် မြစ်ရေသည် ဆန်းလျန်၏ ဝိညာဉ်ကို နက်နက်ရှိုင်းရှိုင်း ပျက်စီးစေသော်လည်း ဆန်းလျန်အား သဘာဝတရားအတိုင်း ထိတွေ့ပြီး အသက်ဓာတ်ကို ရှင်သန် စေလေသည်။

ဥပမာပြောရလျှင် တစ်ပတ်ရစ် ပြန်ဝယ်ထားသည့် အိမ်တစ်လုံးမှာ နေထိုင်ရန် အဆင်မပြေ နိုင်ပေ။ သို့သော် ဝယ်ယူသူက စိတ်တိုင်းကျ ပြန်လည်ပြုပြင် တည်ဆောက်လိုက်သည့် အခါတွင်တော့ နေထိုင်ရန် အဆင်ပြေသွားသည့် သဘောမျိုး ဖြစ်လေသည်။

သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် စတင် ပေါင်းစည်းလာသည်ကို ဆန်းလျန် ခံစားမိလေသည်။ ထိုသို့သော အခြေအနေကို လက်လွှတ် မခံသင့်ကြောင်း ဆန်းလျန် သဘောပေါက်လေသည်။

နှစ်ဆယ့်ခုနစ်ရက် ကြာခဲ့ပြီးသည့် နောက်တွင်တော့ ဆန်းလျန်မှာ မှော်ကျောက်စိမ်း အလုံးသုံးဆယ် ရှာဖွေတွေ့ရှိသွားပြီ ဖြစ်လေသည်။ တစ်နေ့တစ်လုံး ရှာဖွေသည့် စံချိန်နှင့် တွက်လျှင် ဆန်းလျန်က သုံးရက်ပင် စောနေသေးသည်။

မှော်ကျောက်စိမ်း နောက်ဆုံးတစ်လုံးကို ရှာဖွေပြီးသွားသည့် အခါတွင်တော့ ဆန်းလျန်မှာ မြစ်ကမ်းနံဘေးသို့ ပြန်လည် ကူးခပ်လာပြီး သူ့ကိုယ်တွင် စိုနေသည့် ဝိညာဉ်မြစ်ရေများကို ခါထုတ် လိုက်လေသည်။

သူ၏ စန္ဒကူးဓားမှာလည်း ဝိညာဉ်မြစ်ရေများကို နှစ်ဆယ့်ခုနစ်ရက် တိုင်တိုင် အတိုင်းအဆမဲ့ စုပ်ယူ ထားခြင်းကြောင့် ညို့မှိုင်းနေပြီ ဖြစ်လေသည်။

လွန်ခဲ့သည့် သုံးရက်ခန့်က စန္ဒကူးဓားမှာ အစာ ဝသွားသကဲ့သို့ မြစ်ရေများကို စုပ်ယူခြင်း မရှိတော့ပေ။

ဆန်းလျန်မှာ ဓားကိုကိုင်ထားရင်း ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစား လိုက်ရလေသည်။ ဓားမှာ အသက်ဝင်နေပြီး မိုးမြေ စွမ်းအားများကိုပင် စုပ်ယူနိုင်နေပြီ ဖြစ်လေသည်။ ထို့ကြောင့်ဓားမှာ လေးလံသကဲ့သို့ ခံစားနေရခြင်း ဖြစ်လေသည်။

ဆန်းလျန်က မှော်ကျောက်စိမ်း အလုံးသုံးဆယ်ကို ဆရာသခင်ဆီသို့ အပ်နှံ လိုက်လေသည်။ ယခုတော့ ဆန်းလျန်မှာ ဆရာသခင်၏ အမည်နာမကိုလည်း သိခွင့်ရခဲ့ပြီ။ ဆရာသခင်၏ နာမည်မှာ ကျန်းရော့ရွှီး ဟူ၍ ဖြစ်လေသည်။

ဆရာသခင်၏ အသက်မှာ လက်ရှိတွင် အသက် ခြောက်ရာရှိပြီ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်ကပင် လောဘနှင့် လိုချင်ဆန္ဒများကို ပယ်ရှားနိုင်သည့် သူတော်စင်တစ်ပါး ဖြစ်လာခဲ့ပြီး ဖြစ်လေသည်။ ထိုအဆင့်မှာ နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် နောက်ဆုံးအဆင့် ဖြစ်လေသည်။

သူတော်စင်ဆိုသည်မှာ ကမ်းတစ်ဖက်ကို ကူးခပ်နေသည့် ငါးတစ်ကောင်နှင့် တူလေသည်။ သို့သော် လိုချင်ဆန္ဒများကို ပယ်ရှားနိုင်သည့် သူတော်စင်တစ်ပါးမှာ လုံးဝ နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းတော့ မရှိသေးပေ။

ထိုအကြောင်းကို သိရှိလိုက်ရသည်နှင့် ဆန်းလျန်မှာ ဆရာသခင် ကျန်းရော့ရွှီးကို ပိုပြီးလေးစား သွားမိလေသည်။ သူ၏ ကျင့်ကြံ အားထုတ်မှုနှင့် ပေးဆပ်မှုများကိုလည်း များစွာလေးစား နေမိ လေသည်။

ထို့ပြင် ဆရာသခင် ကျန်းရော့ရွှီးမှာ သူ၏ အပြစ်များကို ထောက်ပြပြီး ကျော်လွှားနိုင်ရန် လမ်းပြ ပေးသည့် အတွက်လည်း များစွာ စိတ်ကျေနပ် နေမိလေသည်။

ဆန်းလျန်၏ ဝိညာဉ်မှာ ရုပ်ခန္ဓာမှ ထွက်ခွာသည့် အချိန်တွင် အရင်ကထက် များစွာ အားနည်း နေသော်လည်း "အတွေးကို ရုပ်လုံးဖော်ခြင်း ကျင့်စဉ်" ပြန်လည် လေ့ကျင့်သည့်အခါ များစွာ ကြည်လင် ပြတ်သားနေလေသည်။

သူ၏ ဝိညာဉ်က ယခင်ကထက် အားနည်းနေသော်လည်း ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပေါင်းစပ်လိုက် သည့် အခါတွင်တော့ ယခင်ကထက် ပိုပြီး စွမ်းအား ကြီးမားနေသလို ခံစား နေရလေသည်။

ချင်းရွှမ် ခန်းမဆောင်ထဲတွင် ဆရာသခင် ကျန်းရော့ရွှီးက ဆန်းလျန် ယူလာသည့် မှော် ကျောက်စိမ်းများကို လက်ခံလိုက်ပြီး ဘေးနားတွင် အသာချထား လိုက်လေသည်။ သူက ဆန်းလျန် ကို ကျေနပ်စွာဖြင့် တစ်ချက် ကြည့်လိုက်လေသည်။ ဤ လူငယ်လေးမှာ အလင်းပွင့်သွားပြီ ဖြစ်လေသည်။ သို့သော် သူ၏ စိတ်ဝိညာဉ်ကတော့ တည်ငြိမ် အေးချမ်းနေပြီး မထိုးဖောက်နိုင်သည့် ဒြပ်စင် တစ်ခုအလား ဖြစ်နေလေသည်။

ဆရာသခင် ထိုသို့ ခံစားမိသူတစ်ယောက် ရှိလေသည်။ ထိုသူမှ ရွှမ်ထျန်း ကျောင်းတော်မှ လုကျိုးယွမ်ပင် ဖြစ်လေသည်။ ထိုသူမှ နတ်ဘုရားများကြားတွင် ထိပ်တန်း နတ်ဘုရားတစ်ပါးအဖြစ် အသိအမှတ်ပြု ခံရသူ ဖြစ်လေသည်။

သူတော်စင်တစ်ပါး ဖြစ်လာလျှင် လောဘ၊ ဒေါသ၊ မောဟများကို ပယ်သတ်နိုင်မှ ရပေမည်။ သို့သော် စိတ်ခံစားမှုများ ရှိနေသရွေ့ ဒေါသနှင့် ရမ္မက်ကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဇွဲရှိရှိနှင့် ကျင့်ကြံအားထုတ်ခြင်း မပြုဘဲ နတ်ဘုရား ဖြစ်ချင်သည်ဟု ပြောနေခြင်းမှာ အပြော သက်သက်မျှသာ ဖြစ်လေသည်။

“ဒီလိုဆိုမှတော့ မင်းက ကျိဝေ့တုန်း ကျင့်စဉ်ကို ကျင့်ဖို့ သင့်တော်တဲ့သူပဲ။ အဲဒီကျင့်စဉ်က ဆရာသခင် ထိုက်ယီရဲ့ ရန်အားလုံးကို အောင်နိုင်တဲ့ ကျင့်စဉ် နည်းလမ်းပဲ”

ဆရာသခင် ကျန်းရော့ရွှီး၏ စိတ်ထဲတွင် ထူးဆန်းခြင်းနှင့် ပျော်ရွှင်ခြင်းကို တစ်ပြိုင်တည်း ခံစား လိုက်ရလေသည်။

“ဆရာသခင် ကျွန်တော် နောက်တစ်ဆင့် ဘာဆက်လုပ်ရပါမလဲ”

ဆန်းလျန်အနေဖြင့် ကိုယ်တိုင် ကျင့်ကြံခြင်းထက် ဆရာသခင်ဆီမှ အကြံဉာဏ် တောင်းခြင်းက ပိုကောင်းသည်ဟု ခံစားမိလေသည်။

ကျန်းရော့ရွှီးမှာ ကျင့်ကြံသူများထဲတွင် ဆရာတစ်ဆူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က ကွေ့ပတ် မနေတော့ဘဲ သူ့အကျင့်အတိုင်း တဲ့တိုး မေးလိုက်ခြင်းပင် ဖြစ်လေသည်။

“ကျင့်စဉ်လမ်းဆိုတာ မသိမြင်နိုင်ပါဘူး။ ဝိညာဉ်မြစ်ကမ်းမှာ ကျင့်တဲ့ ကျင့်စဉ်က အောင်မြင် သွားခဲ့ပြီ။ မင်းရဲ့ ရုပ်ခန္ဓာမှာ ဝိညာဉ်စွမ်းအားတွေ ထင်ရှားနေပြီ။ မင်းရဲ့ ဝိညာဉ်ကလည်း ရုပ်ခန္ဓာနဲ့ ပေါင်းစည်းနေပြီ။ ဒီ ချောင့်တုန့်အဆင့်မှာတော့ မင်းနားလည်နိုင်မှာ မဟုတ်သေးဘူး။ ဒါပေမယ့် ချူးစန်းအဆင့်ကို ရောက်တဲ့ အခါမှာတော့ ထူးခြားချက်ကို မင်းနားလည် လာလိမ့်မယ်။ မင်းလေ့ကျင့်ခဲ့တဲ့ ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်က ဘာကျင့်စဉ်လဲဆိုတာ ကျုပ်တကယ်ပဲ သိချင်မိတယ်။ ဝိညာဉ်မြစ်ရေနဲ့ ဒီလောက် ထိတွေ့တာတောင်မှ မင်းရဲ့ဝိညာဉ်က ပျက်စီးမသွားခဲ့ဘူး”

“ကျုပ်ကမင်းကို မှော်ကျောက်တုံး အလုံးသုံးဆယ် ကောက်ခိုင်းခဲ့တယ်။ ဒါပေမယ့် မင်း ဒါကို ပြီးဆုံးအောင် လုပ်နိုင်မယ်လို့ ကျုပ်မထင်ခဲ့တာ အမှန်ပဲ။ မင်းမလုပ်နိုင်တဲ့ အလုပ်ကို လုပ်ခိုင်းပြီး မင်းရဲ့ အကန့်အသတ်ကို သိစေချင်ခဲ့တာ။ မင်းမလုပ်နိုင်တော့တဲ့ အချိန်ကျရင်တော့ ကျုပ်က မင်းကို လာကယ်တင်ဖို့ စီစဉ် ထားပြီးသားပါ။ ဒါပေမယ့် မင်းက ကျုပ် ထင်ထားတာထက် ပိုပြီးတော်နေတာပဲ”

ဆရာသခင် ကျန်းရော့ရွှီးက ပြောရင်း ပြုံးလိုက်မိလေသည်။

ဝိညာဉ်မြစ်ရေများနှင့် ထိတွေ့ရသည့်အတွက် ဆန်းလျန်၏ မျက်နှာမှာ မည်းသည်းပြီး ပြာနှမ်းနေလေသည်။ ဆန်းလျန်မှာ ကျင့်ကြံသူလမ်းစဉ်နှင့် ပတ်သက်ပြီး အနည်းငယ်သာ သိသောသူ ဖြစ်လေသည်။ အကယ်၍သာ ဝိညာဉ်မြစ်ရေမှာ ကျင့်ကြံမှုအတွက် ကောင်းမည်ဆိုလျှင် ချင်းရွှမ် နတ်တံခါးမှ တပည့်များမှာ မလေ့ကျင့်ဘဲ နေကြမည် မဟုတ်ပေ။

ဝိညာဉ်တစ်ခု ပျက်စီးသွားသည်ဆိုလျှင် ပြန်လည် ကုသရန်အတွက် အချိန်များစွာ လိုအပ် လေသည်။ ဆန်းလျန်သာ ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားခြင်း မရှိလျှင် ဝိညာဉ်စွမ်းအား မည်မျှ ကောင်းသောသူ ဖြစ်ပါစေ သူ၏ ဝိညာဉ်မှာ ဝိညာဉ် အရင်းအမြစ်မှ စတင်ပြီး ပျက်စီး သွားရလိမ့်မည် ဖြစ်လေသည်။

ဆရာသခင် ဆန်းရော့ရွှီးမှာ ဆန်းလျန် မြစ်ထဲတွင် မှော်ကျောက်တုံး ရှာနေသည့် အချိန်တိုင်း ထျန်းတိကျန်းဖြင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ ဆန်းလျန်သာ ဝိညာဉ် မြစ်ရေထဲတွင် တစ်ခုခု ဖြစ်လျှင် ကယ်တင်နိုင်ရန် အတွက် ထိုသို့ စောင့်ကြည့် နေခြင်းပင် ဖြစ်လေသည်။

***

All Chapters