အချိန်အခါနှင့် ကံတရား
Vol. 21 Ch. 208
"ဝုန်း..."
မဟာအကြီးအကဲသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါဖြင့် မိုးခြိမ်းသံကြီးအလား ကျယ်လောင်သောအသံဖြင့် ဟိန်းဟောက်ရင်း ကျုံးချင်ထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
သူ၏စွမ်းအားသည် အလွန်ကြီးမားသဖြင့် လက်ရှိနေရာတွင်ရှိသမျှ လူများအားလုံး ထိတ်လန့်သွားပြီး သူ့ကို အာရုံစိုက်လိုက်ကြသည်။
ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကျုံးချင်သည် သူ၏လက်ဝါးကို ဝှေ့ယမ်းပြီး အောက်သို့ ဖိနှိပ်လိုက်၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပေပေါင်းဆယ်နှင့်ချီ၍ ကြီးမားကျယ်ပြန့်သော လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် မဟာအကြီးအကဲကို ခြေမွှဖျက်ဆီးလိုက်၏။
ခန်းမကြီးတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူများအားလုံး၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ကျုံးချင်ကို ကြည့်နေကြသည်။
ဤလူသည် မဟာအကြီးအကဲ မဟုတ်လော....
သူသည် ယင်သုံးပါးနယ်ပယ်တွင် ရှိသော တည်ရှိမှုကြီးပင်။
လက်ဗလာသက်သက်ဖြင့် မိုးကြိုးပစ်ခတ်သကဲ့သို့ ပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်သည့် ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။
ယခု၌မူ ထိုကဲ့သို့လူစားမျိုးသည် ဤမျှထိ လွယ်လင့်တကူ ပျောက်ကွယ်သွားခဲ့သလော...
"မဖြစ်နိုင်တာ... လုံးဝ မဖြစ်နိုင်ဘူး..."
"သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ သန်မာနေရတာလဲ..."
ကြေးမုံနှလုံးသားရေကန်၏ အဆင့်မြင့်ဂိုဏ်းဝင်များသည် ဤအချက်ကို လက်မခံနိုင်ကြချေ။
လောကကြီးအပေါ် သူတို့၏အမြင်များအားလုံး ပြိုကွဲသွားသကဲ့သို့ ခံစားနေကြရသည်။
တိုက်ခိုက်မှုတစ်ကွက်တည်း...
တစ်ကွက်တည်းဖြင့်...
မဟာအကြီးအကဲကို ချက်ချင်း သတ်ပစ်လိုက်ခြင်း...
ဤလူသည် မည်သူဖြစ်သနည်း...
မရေမတွက်နိုင်သော လူများ၏ ဦးရေပြားများ ထုံကျင်သွားကြ၏။
သူတို့၏စိတ်နှလုံးသားများထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့်အလားပင်။
မင်ဆုရှင်း၏လှပသောမျက်လုံးများတွင် ရေကန်ထဲမှ လှိုင်းဂယက်များအလား ခံစားချက်များ လှုပ်ခတ်သွားသည်။
ကျုံးချင်သည် သာမန်လူမဟုတ်ဘဲ မဟာအကြီးအကဲထက် ပို၍စွမ်းအားကြီးသော တည်ရှိမှုများကိုပင် သတ်ဖြတ်နိုင်ကြောင်း သူမ သိရှိထားသော်လည်း သူ၏လှုပ်ရှားမှုတိုင်းသည် သူမအား ရှင်းပြ၍မရနိုင်သော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေဆဲပင်။
ယခုအချိန်တွင် ကျုံးချင်သည် ခန်းမအလယ်၌ မားမားမတ်မတ် မတ်တတ်ရပ်နေပြီး သူ၏အကြည့်က လူအုပ်ကြီးထံသို့ ဝေ့ဝိုက်၍ ကျရောက်သွားသည်။
သူ ကြည့်လိုက်မိသည့် လူတိုင်းသည် အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်မိသွားကြသည်။
ဤသည်မှာ တခြားအကြောင်းအရင်းကြောင့်မဟုတ်ဘဲ သူ၏စွမ်းအားသည် အလွန် ကြောက်မက်ဖွယ်ကောင်းသောကြောင့်ပင်။
မဟာအကြီးအကဲကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင်လျှင် သူ့အတွက် ပြိုင်ဘက် မဟုတ်ချေ။
သူသည် မည်သည့် အရှိန်အဝါ သို့မဟုတ် သတ်ဖြတ်လိုခြင်း အငွေ့အသက်ကိုမျှ ထုတ်လွှတ်မထားသော်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းသည် သိသာထင်ရှားနေသဖြင့် မည်သူက အံ့အားမသင့်ဘဲ နေမည်နည်း မည်သူက မကြောက်ရွံဘဲ နေမည်နည်း။
အချိန်အတော်ကြာပြီးနောက် ကျုံးချင်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"ကြေးမုံနှလုံးသားရေကန်ရဲ့ သူတော်စင်မိန်းမပျို ကို ငါ ပေးထားတဲ့ အမွေအနှစ်ကို မက်မောချင်တဲ့သူ ရှိသေးရင် အရှေ့ကိုထွက်ပြီး စမ်းကြည့်နိုင်တယ်..."
ထိုစကားကြောင့် မည်သူမျှ မလှုပ်ရှားရဲကြတော့ချေ။
သူတို့သည် သူတော်စင်မိန်းမပျို ရရှိထားသော အမွေအနှစ်ကို အမှန်တကယ် လိုချင်တပ်မက်ကြသည်။
သို့သော် မဟာအကြီးအကဲ၏နိဂုံးက သူတို့၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်နေရဆဲပင်။ ဤအချိန်တွင် သူတို့သည် ရှေ့သို့ထွက်လာပြီး အာရုံစိုက်ခံခြင်းသည် အသက်ရှင်ရသည်ကို ငြီးငွေ့နေသော အဘိုးကြီးတစ်ယောက် ကြိုးဆွဲချသေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
"စီနီယာ... ကျွန်တော်တို့က သူတော်စင်မိန်းမပျို ကို ပြစ်မှားလိုတဲ့ဆန္ဒ လုံးဝမရှိပါဘူး..."
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် တစ်စုံတစ်ယောက်က ရှေ့ထွက်လာပြီး ကြောက်လန့်တကြားဖြင့် တုန်တုန်ရီရီ ပြောဆိုသည်။
ကျုံးချင်က မထီမဲ့မြင်အပြုံးဖြင့် လူများအားလုံးကို ကြည့်လိုက်၏။
"ငါက မင်းတို့ရဲ့ မဟာအကြီးအကဲ ကို သတ်လိုက်တာလေ... ဘယ်သူမှ ငါ့ကို လက်စားမချေချင်ကြဘူးလား..."
ထိုစကားကိုကြားချိန်၌ လူများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားကြသည်။
"စီနီယာက နောက်နေပါပြီ... မဟာအကြီးအကဲ က ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိတဲ့ ဝံပုလွေတစ်ကောင်ပါ... သူက ပုန်ကန်ပြီးတော့ ဂိုဏ်းချုပ် နေရာကို လုယူဖို့တောင် ကြိုးစားခဲ့တာလေ..."
"ဒီလို လူယုတ်မာမျိုးကို ကျွန်တော်က အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်နေတာ ကြာပါပြီ..."
"စီနီယာက ကျွန်တော်တို့ကို ကူညီပြီးတော့ ဒီဘေးကပ်ဆိုးကြီးကို ဖယ်ရှားပေးခဲ့တာပါ... ကျွန်တော်တို့က ဝမ်းသာလွန်းလို့ သူ့အတွက် လက်စားချေပေးဖို့ အချိန်တောင် မရှိပါဘူး..."
ထိုအချိန်တွင် တတိယအကြီးအကဲသည် အတင်းအကြပ်အားယူ၍ ဟန်လုပ်ပြုံးလိုက်ပြီး မျက်နှာလိုမျက်နှာရ ပြောဆိုသည်။
ထိုစကားများက မင်ဆုရှင်း၏ဘက်တော်သားများဘက်အား သူတို့၏မျက်ခုံးများကို တွန့်ကွေ့သွားစေသည်။
တတိယအကြီးအကဲသည် မဟာအကြီးအကဲကို အခိုင်အမာ ထောက်ခံခဲ့သူတစ်ဦးပင်။
အမှန်အားဖြင့် သူသည် မဟာအကြီးအကဲ ခိုင်းစေသမျှကို လုပ်ဆောင်ခဲ့သူဖြစ်ပေ၏။
ယခင်က မင်ယွဲ့ရှန်းကို ရာထူးမှ ဆင်းပေးရန် အတင်းအကျပ် ဖိအားပေးရာတွင် မဟာအကြီးအကဲပြီးလျှင် သူသည် အတက်ကြွဆုံးဖြစ်ခဲ့သူတစ်ယောက်ပင်။
ယခုလက်ရှိ သူ၏အပြုအမူသည် လူအများကို အမှန်တကယ် စိတ်မသက်မသာဖြစ်စေသည်။
အမှန်အားဖြင့် ဤပြောင်းလဲမှုကြီးတစ်ခုလုံးသည် ကျုံးချင်ကြောင့် ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။
သူ၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။
ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို တိုက်ကွက်တစ်ကွက်တည်းဖြင့် ချက်ချင်း သတ်ဖြတ်နိုင်ခြင်း...
ထိုကဲ့သို့ ကြီးမားသော စွမ်းအားသည် သဘောထားကွဲလွဲမှု အားလုံးကို ငြိမ်းသတ်ရန် လုံလောက်သည်။
ဆိုရိုးစကားအတိုင်းပင် လောကကြီးသည် အကျိုးစီးပွားအတွက်သာ လှုပ်ရှားကြ၏။
မည်သို့ပင်ဆိုစေကာမူ ဤလူများသည် မဟာအကြီးအကဲဘက်တွင် ရပ်တည်ခဲ့ကြခြင်းမှာ သူသည် သူတို့အား ပို၍များပြားသော အကျိုးအမြတ်များ ပေးနိုင်သောကြောင့်ပင်။
သို့သော် ယခုအချိန်၌ မဟာအကြီးအကဲ မရှိတော့ချေ။
ထို့ပြင် သူတို့သည် မဟာအကြီးအကဲကို ချက်ချင်းသတ်ဖြတ်နိုင်ခဲ့သော ကြောက်မက်ဖွယ် ကောင်းသည့် တည်ရှိမှုကြီးနှင့် ရင်ဆိုင်နေရသည်။
သူတို့အားလုံးသည် ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသော ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြရာ သူတို့၏ ရွေးချယ်မှုများကို ချိန်ဆနိုင်သည့် ချိန်ခွင်တစ်ခုက သူတို့၏စိတ်နှလုံးသားထဲတွင် ရှိနေပြီးသား ဖြစ်သည်။
ကျုံးချင်သည် ဤလူများ၏ မျက်နှာချိုသွေးမှုနှင့်မြှောက်ပင့်မှုများကို ဂရုမစိုက်ပေ။
သူသည် မင်ဆုရှင်းကို ကြည့်လိုက်၏။
"သူတို့ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ မင်းပဲ ဆုံးဖြတ်လိုက်တော့..."
"ကျေးဇူးတင်ပါတယ်..."
မင်ဆုရှင်းက ကျုံးချင်ကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်ပြီး သူမ၏အကြည့်များတွင် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသည်။
ယနေ့ ၌ကျုံးချင်သာ မရှိလျှင် ကြေးမုံနှလုံးသားရေကန်သည် ကြီးမားသော လှုပ်ရှားမှုကြီးနှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း သူမ သိရှိထားပေ၏။
ထိုအချိန်ကျလျှင် မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးရပေလိမ့်မည်။
ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာသည်နှင့် ကြေးမုံနှလုံးသားရေကန်၏ စုစုပေါင်းအင်အားသည် သိသိသာသာ ကျဆင်းသွားလိမ့်မည်။
ကျုံးချင်၏ထွက်ပေါ်လာမှုနှင့်အတူ သူ၏ ပြင်းထန်သောနည်းလမ်းများဖြင့် အဓိကတရားခံများကို ဖယ်ရှားပေးလိုက်သည်။
သူသည် မိုးကြိုးပစ်ခတ်သကဲ့သို့ မြန်ဆန်ပြင်းထန်သော နည်းလမ်းများကို အသုံးပြုပြီး လူများအားလုံးကို အံ့အားသင့်စေခဲ့ပေ၏။
ထိုကြောင့် သူမ၏အမွေအနှစ်ကို ကာကွယ်ပေးရုံသာမက ဂိုဏ်းတစ်ဂိုဏ်းလုံး၏ စုစုပေါင်းအင်အားကိုလည်း မထိခိုက်အောင် ထိန်းသိမ်းပေးနိုင်ခဲ့သည်။
ယခင်က ပိုင်ဖုန်းလွင်ပြင်တွင် သူသည် သူမကို ကြီးမားသော ကျေးဇူးပြုခဲ့ပြီး ဖြစ်သည်။
ယခုအချိန်၌ ဂိုဏ်း၏ကပ်ဘေးကိုလည်း သူ ကူညီ၍ဖြေရှင်းပေးခဲ့သည်။
ထိုကဲ့သို့ နှစ်ထပ်ကွမ်း ကျေးဇူးကြီးမားမှုကို မည်သို့ ပြန်လည်ပေးဆပ်ရမည်အား သူမ မသိတော့ပေ။
နောက်ဆက်တွဲကိစ္စများကမူ အတော်လေး ရိုးရှင်းသွားပေ၏။
ကျုံးချင်သည် အခြေအနေကို ထိန်းသိမ်းရန် ရှိနေပေးသဖြင့်...
မဟာအကြီးအကဲ၏အဖွဲ့သည် အနည်းငယ်မျှပင် လှုပ်ရှားရဲခြင်း မရှိတော့ချေ။
မင်ယွဲ့ရှန်းသည် ဂိုဏ်းချုပ်အနေဖြင့် စည်းရုံးသင့်သူကို စည်းရုံးပြီး အပြစ်ပေးသင့်သူကို အပြစ်ပေးလိုက်သည်။
ဂိုဏ်းတစ်ဂိုဏ်းလုံး အပြောင်းအလဲ ဖြစ်သွားနိုင်သည့် အကျပ်အတည်းကြီးသည် ဤကဲ့သို့ မသိလိုက်မသိဘာသာဖြင့် ပြေလည်သွားခဲ့သည်။
ဤကိစ္စ ပြီးပြတ်သွားပြီးနောက် ကြေးမုံနှလုံးသားရေကန်၏ ဂိုဏ်းချုပ်မင်ယွဲ့ရှန်းသည် သူ၏လက်ကိုပူးဆုပ်၍ ကျုံးချင်ကို ဂါရဝပြုပြီး ပြောဆိုလိုက်သည်။
"ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဒီလို ပြဿနာအကြီးကြီး ဖြစ်ခဲ့ရတယ်... ဒါကြောင့် သခင်လေးကျုံးကို ရယ်စရာဖြစ်သွားစေခဲ့မိတယ်..."
"ဒီတစ်ခေါက် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"တကယ်ဆို ကျေးဇူးတင်တဲ့အနေနဲ့ စားသောက်ပွဲ ကျင်းပပေးသင့်ပေမဲ့ ကံမကောင်းစွာနဲ့ ကျွန်တော့်မှာ အတွင်းဒဏ်ရာတွေ ရှိနေလို့ပါ..."
"ဒဏ်ရာတွေကို ကုသဖို့အတွက် ကျွန်တော်က တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်နေတယ်..."
"သခင်လေးကျုံးက ကျွန်တော့်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ..."
ကျုံးချင်သည် တစ်ဖက်လူ၏အခြေအနေ မကောင်းသည်ကို မြင်တွေ့နိုင်ပေ၏။
အချိန်မီမကုသလျှင် မင်ယွဲ့ရှန်းအတွက် လျှို့ဝှက်အန္တရာယ်တစ်ခု ကျန်ရစ်နေခဲ့နိုင်သည်။
ထိုကြောင့် သူက ချက်ချင်းပြောဆိုလိုက်သည်။
"ရပါတယ်... ကိစ္စမရှိပါဘူး..."
"ကျွန်တော် ဒီတစ်ခေါက် လာတာကလည်း ဝိုင်အရက်တစ်ခွက် လာသောက်ရုံ သက်သက်ပါ..."
"ဂိုဏ်းချုပ်... လုပ်စရာရှိတာ ဆက်လုပ်ပါ..."
ဤစကားများသည် ဂိုဏ်းချုပ်မင်ယွဲ့ရှန်းကို အတော်လေး ကျေးဇူးတင်သွားစေသည်။
ကျုံးချင်၏စွမ်းအားသည် သာမန်မဟုတ်ဘဲ ပိုင်ဖုန်းလွင်ပြင်တွင် သူ၏အသက်ကို ကယ်တင်ခဲ့ဖူးကာ ယခုတစ်ကြိမ်တွင်လည်း ကြေးမုံနှလုံးသားရေကန်၏ ကြီးမားသော အကျပ်အတည်းကို ဖြေရှင်းပေးခဲ့သည်။
သူ၏အပြုအမူမှာ အလွန်ရိုင်းပျသည်ဟု ယူဆနိုင်ပေ၏။
အကယ်၍ တခြားလူသာဖြစ်လျှင် မကျေမနပ် ဖြစ်ပြီး ဂုဏ်သိက္ခာ ထိခိုက်သည်ဟု ခံစားရပေလိမ့်မည်။
ကျုံးချင်၏ သဘောထားကြီးမှုက သူ့ကို ကျေးဇူးတင်စေခဲ့သလို သက်ပြင်းချစေနိုင်ခဲ့သည်။
"နားလည်ပေးတဲ့အတွက် သခင်လေးကျုံးကို ကျေးဇူးတင်ပါတယ်..."
သူသည် စကားပြောဆိုရင်း မင်ဆုရှင်း ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဆုရှင်း... ဆရာ့အစား သခင်လေးကျုံး ကို သေချာဂရုစိုက်ပေးလိုက်ပါ..."
"နားလည်ပါပြီ ဆရာ..."
မင်ဆုရှင်းက သူမ၏ဆရာကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
ထို့နောက် သူမသည် ကျုံးချင်ဘက်သို့ လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။
"သခင်လေးကျုံး... ကျွန်မရဲ့နောက်ကို လိုက်ခဲ့ပါ..."
သူတို့နှစ်ယောက်သား ခန်းမကြီးထဲမှ ထွက်ခွာသွားပြီးနောက်...
ကြေးမုံနှလုံးသားရေကန်၏ ဂိုဏ်းချုပ်မင်ယွဲ့ရှန်းသည် တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားတော့သည်။
ကြွင်းကျန်ခဲ့သော အကြီးအကဲများနှင့် အဆင့်မြင့်ဂိုဏ်းဝင်များသည် သက်ပြင်းရှည်ကြီး ချလိုက်မိကြ၏။
ဤသည်မှာ ကျုံးချင်ပေးသော ဖိအားသည် အလွန်ကြီးမားသည်ဟု သူတို့ ခံစားရသောကြောင့်ပင်။
သူသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကောင်းကင်ဘုံကို အန်တုနိုင်သော စွမ်းအားမျိုး ရှိနေသည်။
မြောက်ပိုင်းဒေသတွင် ဤကဲ့သို့ လူငယ်သူရဲကောင်းတစ်ယောက် မည်သည့်အချိန်က ထွက်ပေါ်ခဲ့သည်ကို သူတို့ အမှန်တကယ် မသိကြချေ။
တစ်ချိန်တည်းမှာပင် လူများအားလုံးသည် မဟာအကြီးအကဲအတွက် သုံးမိနစ်ခန့် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်လိုက်ကြသည်။
ယနေ့ အာဏာသိမ်းပွဲသည် အချိန်အခါ နေရာဒေသနှင့်လူအင်အားစသည့် အရာအားလုံး ပြည့်စုံနေပြီဟု ဆိုနိုင်သည်။
သို့သော် မည်သူက တွေးထင်ထားမိမည်နည်း။
မဟာအကြီးအကဲ သေချာပေါက် အနိုင်ရတော့မည့် အခြေအနေမျိုး၌ ကျုံးချင်က ဝိုင်အရက်တစ်ခွက် လာသောက်ရုံသက်သက်ဖြင့် သူ ရှုံးနိမ့်သွားခဲ့ရသည်။
ဤကိစ္စကို မည်သူ့ထံသွားရောက်၍ တိုင်တန်းရမည်နည်း...
ဤသည်က ကံတရားဟုသာ ပြောရပေမည်။
ဤအဖြစ်အပျက် အဆုံးသတ်သွားပြီးနောက် လူများအားလုံးသည် ဂိုဏ်းချုပ်နေရာတွင် အစားထိုးမည့် စိတ်ကူးကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ကြ၏။
မင်ရှင်းခန်းမဆောင်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် မုန်တိုင်းတစ်ခုအလား လျင်မြန်သော အရှိန်နှုန်းဖြင့် ဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။
မရေမတွက်နိုင်သော ကြေးမုံနှလုံးသားရေကန် တပည့်များအကြားတွင်လည်း လှိုင်းဂယက်များ ထသွားစေခဲ့သည်။
မဟာအကြီးအကဲ၏ ရန်လိုသော ချဉ်းကပ်မှုနှင့် ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များကို စုစည်းခဲ့မှုသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ချေ။
တပည့်အမြောက်အများသည် ရလဒ်ကို ကြိုတင်၍ ခန့်မှန်းထားခဲ့ကြ၏။
သို့သော် သူတို့ လုံးဝ ထင်မှတ်မထားခဲ့သည့် အရာမှာ...
နောက်ဆုံး ရလဒ်က မဟာအကြီးအကဲ ပါးဖြတ်ရိုက်ခံရပြီး သေဆုံးသွားခြင်းပင်။
ဤသည်မှာ အမှန်တကယ်ကို ထိတ်လန့်ဖွယ် ကောင်းပေ၏။
ဤအဖြစ်အပျက်များ ပျံ့နှံ့သွားသည်နှင့်အမျှ ကျုံးချင်၏နာမည်သည်လည်း ကြေးမုံနှလုံးသားရေကန်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျုံးချင်သည် အသက်နှစ်ဆယ် မပြည့်သေးကြောင်း ကြားသိလိုက်ရချိန်၌ လူများအားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။