← Chapters

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အခန်း (၆၁၃-၆၁၅)

Vol. 41 Ch. 613-615

အခန်း (၆၁၃) - ချီယွမ်၏ ဆုံးဖြတ်ချက်

~အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုသည် တိုက်ကြီးပေါ်ရှိ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များထဲတွင် ပါဝင်ပြီး လက်နက်သွန်းလုပ်ခြင်း နယ်ပယ်တွင် အလွန် မြင့်မားသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားကြ၏။

လျှို့ဝှက်ဆန်းကြယ်သော အင်အားကြီး မိသားစုတစ်ခု ဖြစ်သည့်အလျောက် ယင်ယန် မိသားစုသည် အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုအကြောင်းကို အတော်လေး နားလည်ထားပြီး ဖြစ်သည်။

ချီယွမ် နှင့် အခြားသူများ၏ မျက်နှာထားများသည် လေးနက်နေပြီး ဘာဖြစ်သွားမှန်း မသိဘဲ ဖြစ်နေကြ၏။

သို့သော် ယင်ယန် မိသားစု၏ ဒုတိယ သခင်လေး ကိုယ်တိုင် နဂါးနတ်ဘုရား နန်းတော်သို့ ရောက်လာသည် ဆိုကတည်းက ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သေချာသည်။

“ဒုတိယ သခင်လေး ဆိုတာ သွားကစားလို့ရတဲ့ လူစားမျိုး မဟုတ်ဘူး... ကြည့်ရတာ ဒီကိစ္စက ဆေးဧကရာဇ်နဲ့ သက်ဆိုင်နေပုံရတယ်... ငါတို့တော့ ဒုက္ခရောက်ကုန်ပြီ...”

ပြင်းထန်စွာ ဒဏ်ရာရထားသော ဖုန်းဝူချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းထျန်းယွမ် သည် တီးတိုး ရေရွတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ချွေးစေးများ ပြန်လာ၏။

“တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ... ဆေးဧကရာဇ်က သူတို့ကို ဘယ်လို ရန်စမိလိုက်တာလဲ...”

ကျန်းဝူဖုန်း နားမလည်နိုင်ပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချီယွမ် က “ဒုတိယ သခင်လေး ရောက်လာရတဲ့ ရည်ရွယ်ချက်က ဘာများလဲ…”

ဟု မေးလိုက်၏။

ကျန်းဝူဟန်လည်း လေးနက်စွာ ဝင်ပြောလိုက်၏။

“ဒုတိယ သခင်လေး... ပြဿနာ တစ်စုံတစ်ရာ ရှိရင်လည်း အေးအေးဆေးဆေး ဆွေးနွေးလို့ ရပါတယ်...”

ချီယွမ် နှင့် ကျန်းဝူဟန် တို့၏ လေသံကို နားထောင်ကြည့်လျှင် သူတို့သည် ယင်ယန် မိသားစုကို သတိထားနေကြပြီး ထိပ်တိုက် မတွေ့လိုကြောင်း သိသာထင်ရှားလှပေသည်။

ပြဿနာ ကြီးကြီးမားမား မဖြစ်စေရန်အတွက် သူတို့သည် ဆက်ဆံရေး ပျက်ပြားအောင် လုပ်မည် မဟုတ်ပေ။

ယင်ယန် မိသားစုကို ပြစ်မှားခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ချီယွမ် နှင့် အခြားသူများက မည်သူ့ထက်မဆို ပိုမို သိရှိနားလည်ထားကြ၏။

“စံအိမ်သခင်ချီယွမ်... မိသားစုခေါင်းဆောင်ကျန်း... ဖုန်းဝူချန်က ယန်ဟွမ် သဲကန္တာရထဲမှာ ကျွန်တော်တို့ ယင်ယန် မိသားစုက လူငယ်တစ်ယောက်ကို သတ်ခဲ့တယ်... သူ..ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ရမယ်... အသက်အတွက် အသက်ပဲ... ခင်ဗျားတို့အားလုံးလည်း သိကြမှာပါ...”

ဒုတိယ သခင်လေးက အေးစက်စွာ ပြောလိုက်၏။

“ဘာ...”

ထိုစကားကို ကြားသောအခါ ကျန်းဝူဟန် နှင့် အခြားသူများ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားကြ၏။

“ဆရာသခင်က ယင်ယန် မိသားစုဝင်ကို သတ်ခဲ့တယ်လား...”

ချီယွမ် ကြောက်လွန်းသဖြင့် ဝိညာဉ်လိပ်ပြာ လွင့်မတတ် ဖြစ်သွားသည်။

ဖုန်းဝူချန်က တကယ့်ကို သတ္တိကောင်းလွန်းတာပဲ။ ဘယ်သူ့ကိုမှ မသတ်ဘဲ ယင်ယန် မိသားစုဝင်ကိုမှ ရွေးသတ်ရတယ်လို့... သေချင်နေတာများလား...

“လူသတ်လိုက်တော့ ဘာဖြစ်လဲ... ရတနာ တွေ့တုန်းက သူက လုချင်နေတာလေ... ဒါ ဖြစ်သင့်လို့လား...”

ကျန်းကျွင့်လန် က အေးစက်စွာ တုံ့ပြန်လိုက်၏။ ဒုတိယ သခင်လေးကို သူ မကြောက်ပေ။

“ကျွင့်လန်... တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ... ရှင်းရှင်းလင်းလင်း ပြောပြစမ်း...”

ကျန်းထျန်းယွမ် က အလျင်အမြန် မေးလိုက်တော့၏။

ထိုအခါ၊ ကျန်းကျွင့်လန် က ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ရှင်းပြလိုက်၏။ ထိုအခါမှ ကျန်းဝူဟန် ၊ ချီယွမ် နှင့် အခြားသူများသည် အဖြစ်မှန်ကို သဘောပေါက်သွားကြသည်။ နတ်ဆိုးမျိုးနွယ်မှ ဖူရန် ဘာကြောင့် ရောက်နေရသလဲ၊ ဒုတိယ သခင်လေးနှင့် ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ ဆိုသည်ကိုပါ နားလည်သွားကြတော့၏။

ဒီကိစ္စအားလုံးရဲ့ အဓိက အကြောင်းရင်းက နတ်ဘုရား လက်နက်ကြောင့်ကိုး...

“သူ ကိုယ့်သေတွင်း ကိုယ်တူးလို့ ဆရာက သတ်လိုက်ရတာပဲ...”

ဟု ကျန်းကျွင့်လန် က နောက်ဆုံးတွင် ဖြည့်စွက် ပြောလိုက်၏။

“ငါ့ ယင်ယန် မိသားစုဝင်ကို သတ်ရင် အသက်နဲ့ ပြန်ပေးဆပ်ရမယ်...”

ဒုတိယ သခင်လေးက နိမိတ်မကောင်းသော လေသံဖြင့် ရေရွတ်လာသည်။ သူ၏ အေးစက်သော အကြည့်များက ကျန်းကျွင့်လန် ထံသို့ ရောက်ရှိလာတော့သည်။

“ကျွန်တော်က ဖုန်းဝူချန် တစ်ယောက်တည်းနဲ့ပဲ ရှင်းမှာပါ... တခြားလူတွေကို မဆွဲထည့်ပါဘူး... ဒါပေမဲ့

ကျွန်တော်ကို လာတားတဲ့ လူတွေကတော့ မလွတ်ဘူးပေါ့... စံအိမ်သခင်ချီယွမ်... မိသားစုခေါင်းဆောင်ကျန်း... ခင်ဗျားတို့ ဝင်မပါလောက်ဘူးလို့ ထင်ပါတယ်...”

ဒုတိယ သခင်လေးက မဲ့ပြုံး ပြုံးကာ ပြောလိုက်၏။

“...”

ကျန်းဝူဟန် နှင့် ကျန်းထျန်းယွမ် တို့ နှုတ်ဆိတ်နေကြသည်။

တစ်ဖက်တွင် အားပြင်းသည့် ယင်ယန် မိသားစု ရှိနေပြီး၊ အခြား တစ်ဖက်တွင် ဆေးဧကရာဇ် ဖုန်းဝူချန် ရှိနေသည်။ ဘယ်ဘက်ကိုမှ အပြစ်ပြု၍ မရနိုင်သဖြင့် သူတို့ အကြပ်ရိုက်နေကြ၏။

ချီယွမ် က ဖုန်းဝူချန်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒုတိယ သခင်လေး... ခင်ဗျား မသိသေးလို့ပါ... ဖုန်းဝူချန်က ကျုပ်ရဲ့ ဆရာပါ...”

“ဟေ... ဖုန်းဝူချန်က ခင်ဗျားရဲ့ ဆရာ ဟုတ်လား...”

ထိုစကားကို ကြားလိုက်သည်နှင့် ဒုတိယ သခင်လေး အံ့အားသင့်သွားပြီးနောက် သူ့မျက်နှာပေါ်တွင် ထူးဆန်းပြီး မယုံနိုင်စရာ အမူအရာ တစ်ခု ပေါ်လာသည်။

“ဆရာ ဟုတ်လား... စံအိမ်သခင်ချီယွမ်က ဆေးဧကရာဇ်ရဲ့ တပည့် ဖြစ်နေတာလား... ဒါ... ဒါ မဖြစ်နိုင်တာ...”

ထျန်းရှန်းဇီ ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒါက သူ့အတွက် လုံးဝ ပေါက်ကွဲသွားစေမည့် သတင်းကြီးတစ်ခု ဖြစ်နေသည်။

ဝူကျိနယ်မြေ တစ်ခုလုံးတွင် ကျန်းမိသားစု၊ လင်ရှောင်ရှောင် နှင့် အခြားလူနည်းစုမှလွဲ၍ ချီယွမ် သည် ဖုန်းဝူချန်ကို ဆရာတင်ထားကြောင်း မည်သူမျှ မသိကြပေ။

ဒုတိယ သခင်လေးက လှောင်ပြောင်သလိုလိုဖြင့် ပြောလိုက်၏။

“စံအိမ်သခင်ချီယွမ်... တိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်ပညာရှင် ဖြစ်တဲ့ ခင်ဗျားက ကောင်လေး တစ်ယောက်ကို ဆရာတင်ထားတယ် ဆိုတော့... တကယ်ကို နားလည်ရခက်တာပဲ...”

“ဒုတိယ သခင်လေး... သခင်လေးကျန်း ပြောတာကို ခင်ဗျား ကြားပြီးပြီပဲ... ပြီးတော့ ခင်ဗျား ဘာမှ ပြန်မငြင်းတာကို ကြည့်ရင် အဖြစ်မှန်ဆိုတာ ထင်ရှားနေပါပြီ... ရတနာလုရင်း အသက်ဆုံးရှုံးသွားရတာက ကိုယ့်အရည်အချင်း ညံ့လို့ပဲလေ... ဘယ်သူ့ကို အပြစ်တင်ရမှာလဲ...”

ချီယွမ် က နှိမ့်ချခြင်းမရှိ၊ မောက်မာခြင်းမရှိဘဲ ပြန်လည် တုံ့ပြန်လိုက်၏။ ဒုတိယ သခင်လေး၏ လှောင်ပြောင်မှုကို သူ လုံးဝ ဂရုမစိုက်ပေ။

“အရည်အချင်း ညံ့တယ် ဟုတ်လား...”

ဒုတိယ သခင်လေး၏ မျက်နှာထား နောက်ဆုံးတွင် အေးစက်သွားသည်။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူ အားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ချီယွမ်၏ စကားများသည် ဖုန်းဝူချန်ဘက်မှ ရပ်တည်ကြောင်း ပြသနေသည်။

“စံအိမ်သခင်...”

အင်မော်တယ် လက်နက် စံအိမ်၏ အစောင့်အရှောက်များနှင့် ရှိနေသူများ အားလုံး တုန်လှုပ်သွားကြ၏။ ချီယွမ်ကို အံ့သြတကြီး ကြည့်နေမိကြ၏။

ယင်ယန် မိသားစုကို ရန်သူအဖြစ် သတ်မှတ်ခြင်းသည် သေလမ်းရှာခြင်း ဖြစ်ကြောင်း သိရက်နှင့် ချီယွမ် ဘာကြောင့် ဖုန်းဝူချန်ဘက်မှ ရပ်တည်ရသလဲ ဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။

အစောင့်အရှောက်များနှင့် အကြီးအကဲများသည် ယင်ယန် မိသားစု အလွန် အင်အားကြီးမားလွန်းသဖြင့် ရင်ဆိုင်ရန် တွန့်ဆုတ်နေကြ၏။

ကျန်းဝူဟန် နှင့် ကျန်းထျန်းယွမ် တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဖုန်းဝူချန်အတွက်နှင့် ယင်ယန် မိသားစုကို ရင်ဆိုင်ရန် ချီယွမ် ဝံ့ရဲလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

ဖုန်းဝူချန် ကိုယ်တိုင်လည်း အတော်လေး အံ့သြသွားသည်။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ချီယွမ် သည် သူ့ဘက်မှ ရပ်တည်ပေးခဲ့သည်။ အကယ်၍ ယင်ယန် မိသားစုသာ ဒေါသထွက်သွားပါက အင်မော်တယ် လက်နက် စံအိမ်သည် နောက်တစ်နေ့တွင် ပျောက်ကွယ်သွားနိုင်ပေသည်။

“ချီယွမ် က တကယ်ပဲ လောင်းကြေးထပ်ရဲလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...”

ဖုန်းဝူချန် စိတ်ထဲတွင် တွေးလိုက်မိသည်။ ချီယွမ် သည် လက်နက်ပညာကြောင့် သူ့ကို ဆရာတင်ခဲ့သည် ဆိုသော်လည်း ယနေ့ လုပ်ရပ်က ဖုန်းဝူချန်ကို နက်ရှိုင်းစွာ ထိမိစေခဲ့သည်။

“ချီယွမ်... ခင်ဗျားက ဖုန်းဝူချန်ကို ကာကွယ်ချင်နေတာလား...”

ဒုတိယ သခင်လေးက အေးစက်စွာ မေးလိုက်၏။

ချီယွမ် က တောင်းပန်သည့် လေသံမပါဘဲ ပြန်ဖြေလိုက်၏။

“ဒုတိယ သခင်လေး အနေနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို မျက်နှာထောက်မယ် ဆိုရင် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ဖို့ မျှော်လင့်ပါတယ်...”

“ချီယွမ်... ယင်ယန် မိသားစုကို ဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျား သိရဲ့လား... အင်မော်တယ် လက်နက် စံအိမ်က ဒီနေ့ ဒီအချိန်ရောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ... ပျက်စီးသွားမှာကို ခင်ဗျား တကယ်ပဲ လိုလားနေတာလား...”

ချီယွမ်၏ ကျင့်ကြံခြင်းအဆင့်သည် မနိမ့်ကျပေ။ နှစ်ယောက်စလုံး နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ဖြစ်သဖြင့် အင်အားချင်း တန်းတူလောက်ပင် ရှိပေမည်။

ထို့အပြင် ချီယွမ် သည် တိုက်ကြီး၏ နံပါတ်တစ် လက်နက်ပညာရှင် ဖြစ်သဖြင့် အစွမ်းထက် လက်နက်များစွာ ပိုင်ဆိုင်ထားရာ တကယ်တမ်း တိုက်ခိုက်လျှင် ဒုတိယ သခင်လေး သူ့ကို နိုင်ချင်မှ နိုင်မည်။

ထို့အပြင် အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက်များနှင့် အကြီးအကဲချုပ်သည်လည်း နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များ ဖြစ်ကြ၏။

ကျန်းမိသားစုမှ ကျန်းဝူဟန် ၊ ကျန်းထျန်းယွမ် နှင့် ကျန်းဝူဖုန်း တို့သည်လည်း နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များ ဖြစ်ကြ၏။

အစွမ်းထက် ပုဂ္ဂိုလ်များစွာ ရှိနေသဖြင့် ဒုတိယ သခင်လေး အနေဖြင့်လည်း အနည်းငယ် သတိထားရပေမည်။

ချီယွမ် က ပြတ်သားစွာ ကြေညာလိုက်၏။

“ကျုပ်ရဲ့ ဆရာ ဆေးဧကရာဇ်ကို သစ္စာခံထားပြီးဖြစ်လို့... အင်မော်တယ် လက်နက် စံအိမ် ပျက်စီးသွားရင်တောင် ဆရာ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး... ကျုပ် နောင်တမရဘူး...”

“ကျန်းမိသားစုကလည်း ဆရာ့ဘက်က ရပ်တည်ပါတယ်...”

ဟု ကျန်းကျွင့်လန် ကလည်း ရှေ့ထွက်ကာ ပြောလိုက်သည်။

ကျန်းဝူဟန် က ဒုတိယ သခင်လေးကို ကြည့်ပြီး ဖြည်းညှင်းစွာ နားချလိုက်၏။

“ဒုတိယ သခင်လေး... ဒီကိစ္စက ဆေးဧကရာဇ်ကို အပြစ်တင်လို့ မရပါဘူး... ပြဿနာကို ကြီးကျယ်အောင် မလုပ်ဘဲ ဖြေရှင်းလို့ ရနိုင်မလား...”

“ခင်ဗျားတို့က ငါ့ ယင်ယန် မိသားစုကို ရန်သူတော် လုပ်ဖို့ မကြောက်ကြဘူးလား...”

ဟု ဒုတိယ သခင်လေးက မည်းမှောင်သော မျက်နှာထားဖြင့် မေးလိုက်သည်။

ဖုန်းဝူချန်ကဲ့သို့ အရေးမပါသော လူတစ်ယောက်အတွက် အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုက ယင်ယန် မိသားစုကို ဆန့်ကျင်ရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

သူ့ အနေဖြင့် သူတို့ ဘာကြောင့် ဖုန်းဝူချန်ကို ဒီလောက် ကာကွယ်ပေးနေသလဲ ဆိုသည်ကို စဉ်းစားမနေတော့ပေ။ စဉ်းစားစရာလည်း မလိုဟု ထင်သည်။

ယင်ယန် မိသားစု၏ ကြောက်မက်ဖွယ် အင်အားဖြင့် ဆိုလျှင် အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုကို ဖျက်ဆီးပစ်ရန်မှာ လက်ဖဝါး တစ်ချက်လှန်လိုက်သလောက်သာ လွယ်ကူပေသည်။

“ဘာတွေ ပြောနေတာလဲ... အစ်ကိုကြီးဖုန်းကို ခေါ်သွားချင်ရင် ရှင်တို့မှာ အရည်အချင်း ရှိမရှိ အရင် စမ်းကြည့်လိုက်ဦး...”

လင်ရှောင်ရှောင် က အေးစက်စွာ အော်ဟစ်လိုက်၏။ သူမက ယင်ယန် မိသားစုကို မကြောက်ရွံ့သော တစ်ဦးတည်းသော သူပင် ဖြစ်သည်။

“ဒုတိယ သခင်လေး... ခင်ဗျားက အရမ်း စွမ်းတယ်ဆို... ဘာလို့ မတိုက်သေးတာလဲ... ကြောက်နေတာလား...”

ဒဏ်ရာပြင်းထန်စွာ ရထားသော ဖူရန် က လှောင်ပြောင်လိုက်၏။

ဒုတိယ သခင်လေးသည် မည်းမှောင်သော မျက်နှာထားဖြင့် အောက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး အေးစက်စွာ ပြောလိုက်၏။

“ငါ့ကို ဘယ်သူ တားရဲလဲ ကြည့်ရသေးတာပေါ့...”

ကြီးမားသော အပြာရောင် အကာအကွယ်ကြီး ရှေ့သို့ ရောက်သောအခါ ဒုတိယ သခင်လေးက နှာခေါင်းရှုံ့လိုက်၏။

“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်လောက်နဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား…”

အခန်း (၆၁၄) - နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ဦး

~ဒုတိယ သခင်လေးသည် သူ၏ အစစ်အမှန် ယွမ်စွမ်းအားများကို ပို့လွှတ်လိုက်ပြီး လက်ဖဝါးကို အပြာရောင် အကာအကွယ်ကြီးပေါ်တွင် ညင်သာစွာ တင်လိုက်၏။

“နတ်ဘုရား အသွင်ပြောင်း အကာအကွယ်လောက်နဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား...”

ဒုတိယ သခင်လေးက ယုံကြည်မှုအပြည့်ဖြင့် ကြွေးကြော်လိုက်၏။

အကာအကွယ်ပေါ် တင်ထားသော လက်ဖဝါးမှ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာပြီး အလွန် အားပြင်းသည့် စွမ်းအင် အရှိန်အဝါများ ထွက်ပေါ်လာသည်။

“သူ တကယ်ပဲ အကာအကွယ်ကို ဖောက်ဝင်နိုင်မှာလား...”

ယီထျန်းချင်း မျက်မှောင်ကြုတ်ကာ တွေးတောလိုက်မိသည်။ ဒုတိယ သခင်လေး၏ ယုံကြည်မှုအပြည့်ရှိသော ပုံစံကို ကြည့်ရသည်မှာ ဟန်ဆောင်နေသည့်ပုံ မပေါ်ပေ။

“ပြောရခက်တယ်...”

ပေတိုယန် က လေးနက်စွာ ပြောလိုက်၏။

“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေရဲ့ ကြောက်မက်ဖွယ် စွမ်းအားက ငါတို့ ထင်ထားတာထက် ကျော်လွန်နေတယ်... သူတို့မှာ ဘယ်လို နတ်ဘုရား စွမ်းရည်တွေ ရှိနေမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ...”

လင်ရှောင်ရှောင် က အထင်သေးစွာ ပြောလိုက်၏။

“နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာလောက်နဲ့တော့ ဖောက်ဝင်နိုင်မှာ မဟုတ်ဘူး...”

အားလုံး၏ အကြည့်များသည် ဒုတိယ သခင်လေး ထံသို့ ရောက်ရှိနေကြပြီး နဂါးနတ်ဘုရား နန်းတော်ကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

တစ်မိနစ် မပြည့်ခင်မှာပင် အံ့ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဒုတိယ သခင်လေး၏ လက်ဖဝါးသည် အပြာရောင် အကာအကွယ်ကြီးကို ထူးဆန်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။

အံ့သြတုန်လှုပ်နေသော အကြည့်များအောက်မှာပင် ဒုတိယ သခင်လေး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အကာအကွယ်ကြီးကို ဖြတ်သန်းသွားခဲ့တော့၏။

ဒုတိယ သခင်လေးသည် အကာအကွယ်ကြီးကို ဖြိုခွင်းလိုက်ခြင်း မဟုတ်ဘဲ ထိုးဖောက် ဝင်ရောက်သွားခြင်း ဖြစ်သည်။

ဒုတိယ သခင်လေး၏ ကျင့်ကြံခြင်းအဆင့်ဖြင့် အကာအကွယ်ကြီးကို အတင်းအဓမ္မ ဖြိုခွင်းရန် မဖြစ်နိုင်သော်လည်း သူ၌ အခြားသော နည်းလမ်းများ ရှိနေပေသည်။

“သူ တကယ်ကြီး ဖြတ်ဝင်လာနိုင်တယ်...”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“ကြောက်စရာကြီး... ရှောင်ရှောင်ရဲ့ အကာအကွယ်တောင် သူ့ကို မတားနိုင်ဘူး...”

နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံး ပွက်လောရိုက်သွားပြီး လူတိုင်း အလွန်အမင်း ကြောက်လန့်သွားကြ၏။

“ယင်ယန် မိသားစုရဲ့ သခင်လေးက တကယ်ပဲ စွမ်းရည်ရှိတာပဲ... ဒီနည်းလမ်းက ရိုးရှင်းမနေဘူး... အကာအကွယ်ရဲ့ စွမ်းအားကို အသုံးပြုပြီး လျှို့ဝှက်နည်းလမ်းနဲ့ ပဲ့တင်ထပ်စေကာ ဖြတ်သန်းသွားတာပဲ...”

ဖုန်းဝူချန် စိတ်ထဲတွင် ကြိတ်၍ ချီးကျူးမိလိုက်သည်။

“ကောင်းကင် နတ်ဆိုး သူတော်စင်မလေး... မင်းအဘိုးရဲ့ နတ်ဘုရား အသွင်ပြောင်း အကာအကွယ်က တကယ်ပဲ အစွမ်းထက်ပါတယ်... ငါ အတင်းအဓမ္မ မဖြိုခွင်းနိုင်တာတော့ အမှန်ပဲ... ဒါပေမဲ့ ငါ့ကို တားဆီးလို့လည်း မရဘူး...”

ဒုတိယ သခင်လေးက မောက်မာစွာ ပြောလိုက်၏။ သူ့နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာ၏။

လင်ရှောင်ရှောင် ကို အေးစက်စွာ ကြည့်ရင်း ဒုတိယ သခင်လေးက ဆက်ပြောလိုက်၏။

“ဒါနဲ့ ငါ ပြောဖို့ မေ့နေလို့... ကိုက်ပေါင်း တစ်သိန်း ပတ်လည်က နေရာလပ်ကို ငါ ထိန်းချုပ်ထားတယ်... မင်း အစွမ်းထက်တဲ့ ပညာရှင်တွေကို ဆင့်ခေါ်ချင်ရင် ငါ့ခွင့်ပြုချက် လိုသေးတယ်...”

“ရှင်တစ်ယောက်တည်း ရှိတာနဲ့ပဲ နိုင်ပြီလို့ မထင်နဲ့...”

လင်ရှောင်ရှောင် ၏ မျက်နှာလေးသည် ရေခဲတမျှ အေးစက်နေပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

“အစ်ကိုကြီးဖုန်း... ဘယ်လို လုပ်ကြမလဲ... စံအိမ်သခင်ချီယွမ် တို့က ထျန်းကျီဘုံ အဆင့်ပဲ ရှိသေးတာ... အကုန် ဝိုင်းတိုက်ရင်တောင် ဒုတိယ သခင်လေးကို နိုင်ပါ့မလား...”

လျိုချင်းယန် က ထိတ်လန့်တကြား မေးလိုက်၏။ သူ့ရင်ဘတ်ထဲမှ နှလုံးသားသည် ခုန်ထွက်တော့မတတ် ခံစားနေရသည်။

ဖုန်းဝူချန်၏ မျက်နှာထား လေးနက်နေပြီး ပြန်မဖြေပေ။

နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် ဖိအားသည် နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းကို ဖိစီးထားသဖြင့် အသက်ရှူကျပ်မတတ် ဖြစ်နေကြ၏။ လူတိုင်း အားအင်ကုန်ခမ်းကာ မျက်နှာများ ဖြူဖျော့ပြီး နာကျင်မှုကို ခံစားနေကြရသည်။

“ရွှီး... ရွှီး... ရွှီး...”

ထိုအချိန်တွင် ချီယွမ် နှင့် အခြားသူများသည် နဂါးနတ်ဘုရား နန်းတော် အတွင်းသို့ ရုတ်တရက် ရောက်ရှိလာကြပြီး ဒုတိယ သခင်လေးကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြ၏။

“ချီယွမ်... ကျန်းဝူဟန်... ငါ့ရည်ရွယ်ချက်က ဖုန်းဝူချန်ကို ခေါ်သွားဖို့ တစ်ခုတည်းပဲ... ခင်ဗျားတို့ တားဖို့ ကြိုးစားရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့...”

ဒုတိယ သခင်လေးက အေးစက်စွာ ပြောလိုက်၏။

“ဒါဆိုရင်လည်း ကျုပ်တို့မှာ ရွေးချယ်စရာ မရှိတော့ဘူး... အစွမ်းကုန် တိုက်ခိုက်ရုံပဲ ရှိတော့တယ်...”

ကျန်းဝူဟန် က လေးနက်စွာ ကြေညာလိုက်၏။

ချီယွမ် သည်လည်း နောက်ဆုတ်မည့်ပုံ လုံးဝ မပြပေ။

“ခင်ဗျားတို့ အကုန်လုံးက နတ်ဘုရား အသွင်ပြောင်းဘုံ ရောက်နေကြတာ ငါ သိတယ်... ဖုံးကွယ်မနေကြနဲ့တော့... တခြားလူတွေ မမြင်ရပေမယ့် ငါ့ကို လှည့်စားလို့ ရမယ် ထင်နေတာလား... ယင်ယန် မိသားစုက တိုက်ကြီးပေါ်က အင်အားကြီးဂိုဏ်းတိုင်း အကြောင်းကို ကောင်းကောင်း သိထားတယ်...”

ဒုတိယ သခင်လေးက လှောင်ပြောင်လိုက်၏။

“နတ်ဘုရား အသွင်ပြောင်းဘုံ ဟုတ်လား...”

ထိုစကားကို ကြားသောအခါ လျိုချင်းယန် နှင့် နဂါးနတ်ဘုရား နန်းတော်မှ လူများသည် အံ့အားသင့်ပြီး ထိတ်လန့်သွားကြ၏။

“စံအိမ်သခင်ချီယွမ်နဲ့ အဘိုးအိုကျန်း တို့က နတ်ဘုရား အသွင်ပြောင်းဘုံ ရောက်နေကြတာလား...”

နန်းကုန်းကျန့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“မ... မဖြစ်နိုင်ဘူးမလား... သူတို့က ထျန်းကျီဘုံ အဆင့်ပဲ ရှိသေးတယ် ထင်နေတာ...”

လိန်မူချန် သည် ကြောက်လွန်းသဖြင့် မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

“စံအိမ်သခင်ချီယွမ် တို့က မကြောက်မရွံ့ ဖြစ်နေတာ ဒါကြောင့်ကိုး... သူတို့က တကယ့် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေ ဖြစ်နေတာကိုး...”

ဟွမ်ယန် က တံတွေးတစ်ချက် မျိုချရင်း အံ့သြတကြီး ရေရွတ်လိုက်၏။

ချီယွမ် အပါအဝင် အင်မော်တယ် လက်နက် စံအိမ်မှ အစောင့်အရှောက်များနှင့် အကြီးအကဲများ၊ ကျန်းဝူဟန် ၊ ကျန်းထျန်းယွမ် နှင့် ကျန်းဝူဖုန်း တို့အားလုံးသည် နတ်ဘုရား အသွင်ပြောင်းဘုံသို့ ရောက်ရှိနေကြပြီး နှစ်ပေါင်းများစွာ မိမိတို့၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခဲ့ကြ၏။ ပြင်ပလောကမှ လူများသည် သူတို့ မည်မျှ မြင့်မားသော အဆင့်သို့ ရောက်ရှိနေသည်ကို လုံးဝ မသိရှိခဲ့ကြပေ။

သူတို့ (၈) ဦးသည် ဝူကျိနယ်မြေ၏ ကျောထောက်နောက်ခံ တိုင်မတ်ကြီးများ၊ အထွတ်အထိပ် စစ်သည်တော်ကြီးများ ဖြစ်ကြပေသည်။

“ခင်ဗျားတို့ (၈) ယောက်စလုံး ပြိုင်တူ ဝင်လာခဲ့လိုက်... ကျွန်တော့် အချိန်ကို ဖြုန်းမနေနဲ့... ယင်ယန် မိသားစုရဲ့ စစ်မှန်တဲ့ စွမ်းအားကို ခင်ဗျားတို့ မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရစေရမယ်...”

ဒုတိယ သခင်လေးက အေးစက်စွာ ပြောလိုက်၏။ သူ့မျက်နှာပေါ်တွင် မောက်မာမှုများ ပြည့်နှက်နေ၏။

ဒုတိယ သခင်လေးသည် ရန်သူ (၈) ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကြံစည်ထားခြင်း ဖြစ်သည်။

ဒုတိယ သခင်လေးသည် နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာသာ ရှိသေးသည် ဖြစ်ရာ ဝူကျိနယ်မြေ၏ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်ကြီး (၈) ဦးကို စိန်ခေါ်ရဲသော ယုံကြည်မှု ဘယ်က ရလာသနည်း။

မောက်မာလွန်းခြင်း... လုံးဝ မောက်မာလွန်းခြင်းပင်။

“ဒုတိယ သခင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မားတယ်... ကျုပ်တို့က နိမ့်ကျတယ်... ဒါကြောင့် လူအင်အား အသာစီးယူပြီး တိုက်ခိုက်ရုံပဲ ရှိတော့တယ်...”

ချီယွမ် က အေးစက်သော လေသံဖြင့် ပြောလိုက်၏။ သူ၏ အရှိန်အဝါများ ရူးသွပ်စွာ မြင့်တက်လာတော့သည်။

ချီယွမ် သည် လေထုထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး ကြောက်မက်ဖွယ် သားရဲကြီး တစ်ကောင် နိုးထလာသကဲ့သို့ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

“ဝူး...”

ကမ္ဘာပျက်မတတ် စွမ်းအင်များသည် ချီယွမ် ထံမှ ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လေထုကြီး ပြိုကျသွားကာ ဝူကျိနယ်မြေ တစ်ခုလုံး တုန်လှုပ်သွားတော့သည်။

“နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ... စံအိမ်သခင်ချီယွမ် က နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာ ရောက်နေတာလား... သူက ဒုတိယ သခင်လေးနဲ့ အဆင့်တူပဲ...”

ချီယွမ် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်များကို ခံစားလိုက်ရသောအခါ နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း ထိတ်လန့်သွားကြပြီး အာမေဋိတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျန်းဝူဟန် နှင့် အခြားသူများသည်လည်း သူတို့၏ အစစ်အမှန် ယွမ်စွမ်းအားများကို ပို့လွှတ်လိုက်ပြီး အစွမ်းအစစ်များကို ထုတ်ဖော်လိုက်ကြ၏။

“တိုက်ကြီးကို မရောက်လာခဲ့ရင် ဒီလောကကြီးမှာ ဒီလောက် ကြောက်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိနေမှန်း သိလိုက်ရမှာ မဟုတ်ဘူး...”

ဖုန်းကျန့်ရှုံး သည် အလွန်အမင်း ကြောက်ရွံ့နေပြီး မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့ကာ အသက်ရှူရန်ပင် ခက်ခဲနေသည်။

“ကျန်း... ကျန်းကျွင့်လန်... မင်းအဘိုးက နတ်ဘုရား အသွင်ပြောင်းဘုံ စတုတ္ထအလွှာ ရောက်နေတာလား... ဝူကျိနယ်မြေက အင်အားကြီးဂိုဏ်းတွေက မင်းတို့ကို ဘာလို့ ကြောက်နေရတာလဲ ဆိုတာ အခုမှ သိတော့တယ်... ကျန်းမိသားစုက တကယ်ပဲ ကြောက်စရာကောင်းတာပဲ...”

“နတ်ဘုရား အသွင်ပြောင်းဘုံ တတိယအလွှာ... နတ်ဘုရား အသွင်ပြောင်းဘုံ ဒုတိယအလွှာ... ကြောက်စရာကြီး...”

“ဒဏ္ဍာရီလာ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေကို တစ်ခါမှ မမြင်ဖူးဘူး... ဒီနေ့တော့ (၁၀) ယောက်တောင် တွေ့လိုက်ရပြီ...”

ကြောက်မက်ဖွယ် အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ မိုးမြေကို ပြောင်းလဲစေနိုင်သော စွမ်းအင်များသည် နဂါးနတ်ဘုရား နန်းတော်မှ လူများကို အကြောက်တရား၏ အထွတ်အထိပ်သို့ တွန်းပို့လိုက်၏။

နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ဦး၏ စွမ်းအင်များနှင့် ကြောက်မက်ဖွယ် အရှိန်အဝါများသည် ဝူကျိနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။

သို့သော်... ဝူကျိနယ်မြေ၏ ထိပ်တန်း နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ဦးနှင့် ရင်ဆိုင်နေရသော်လည်း ဒုတိယ သခင်လေး၏ မျက်နှာထားသည် ပြောင်းလဲခြင်း မရှိပေ။ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။

နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များကို ဒုတိယ သခင်လေး အနေဖြင့် ရိုးအီနေအောင် တွေ့ဖူးပြီးသား ဖြစ်သည်။

လျိုချင်းယန် က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ယောက်တောင် ရှိတာပဲ... ဒုတိယ သခင်လေးကို ရှင်းပစ်ဖို့က ပြဿနာ မရှိလောက်တော့ဘူး...”

“ဟုတ်တယ်... ရှင်းပစ်ရုံတင် မကဘူး... သူ့ကို သတ်ပါ သတ်ပစ်လို့ ရတယ်...”

ဟု ဟွမ်ယန် ကလည်း အားတက်သရော ပြောလိုက်၏။

အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုတွင် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် အများအပြား ရှိနေကြောင်း သိလိုက်ရသဖြင့် နဂါးနတ်ဘုရား နန်းတော်မှ လူများသည် အံ့သြဝမ်းသာ ဖြစ်နေကြ၏။

“ဟွန်း... သိပ် မပျော်ကြနဲ့ဦး...”

ရုတ်တရက် ဖူရန် ၏ အေးစက်သော နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။

နဂါးနတ်ဘုရား နန်းတော်မှ လူများ လန့်သွားကြပြီး ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန် တို့၏ လေးနက်သော မျက်နှာထားများကို သတိထားမိလိုက်ကြ၏။ သူတို့နှစ်ယောက်လုံး ပျော်ရွှင်သည့်ပုံ မပေါ်ကြပေ။

ထိုစဥ်၊ လင်ရှောင်ရှောင် က လေးနက်စွာ သတိပေးလိုက်၏။

“ယင်ယန် မိသားစုမှာ သွေးမျိုးဆက် စွမ်းအား ရှိတယ်…”

လင်ရှောင်ရှောင် ၏ စကားကြောင့် ပျော်ရွှင်နေကြသော လူအုပ်ကြီး ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားကြ၏။

“ခင်ဗျားတို့ လက်ရည်မစမ်းတာ နှစ်ပေါင်းများစွာ ကြာနေလောက်ပြီ... လာကြစမ်းပါ... ခင်ဗျားတို့ရဲ့ စွမ်းအား ဘယ်လောက်ရှိလဲ သိချင်တယ်... ခင်ဗျားတို့လည်း အကြောလျှော့လို့ ရတာပေါ့...”

ဒုတိယ သခင်လေးက လှောင်ပြောင်လိုက်၏။ ကြီးမားသော တိုက်ခိုက်လိုစိတ်များ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

“ယင်ယန် မိသားစုက ဒုတိယ သခင်လေးရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ... ကိုယ်တိုင် ရင်ဆိုင်ခွင့် မကြုံခဲ့ဖူးဘူး... ဒီနေ့တော့ ကံကောင်းခြင်း တစ်ခုပါပဲ...”

ချီယွမ် က ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်မှ တိုက်ခိုက်လိုစိတ်များ လှိုင်းထလာသည်။

“ခင်ဗျားတို့ရဲ့ အစွမ်းအကုန် ထုတ်သုံးလိုက်ကြ... လက်လျှော့မထားနဲ့... လက်နက်ပညာရှင် ဂိုဏ်းနဲ့ မိသားစု ခေါင်းဆောင်တွေ ဖြစ်ကြတဲ့အတိုင်း အင်မော်တယ် လက်နက်တွေ ရှိကြမယ် မဟုတ်လား... အကုန် ထုတ်သုံးကြ... မဟုတ်ရင် နောက်တစ်ခါ ထုတ်သုံးခွင့် ရချင်မှ ရတော့မှာ...”

ဒုတိယ သခင်လေးက အေးစက်စွာ ပြောလိုက်၏။ တဆက်တည်း၌၊ သူ၏ ပြင်းထန်ပြီး မြင်သာထင်သာရှိသော သတ်ဖြတ်လိုစိတ်များသည် အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ လွှမ်းခြုံသွားတော့သည်။

အခန်း (၆၁၅) - နတ်ဘုရား အသွင်ပြောင်းဘုံ တိုက်ပွဲကြီး

~“ဒါ... ဒါက နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေရဲ့ စွမ်းအားပဲ...”

“နတ်ဘုရား အသွင်ပြောင်းဘုံ... ဒဏ္ဍာရီလာ နတ်ဘုရား အသွင်ပြောင်းဘုံ...”

“ဝူကျိနယ်မြေမှာ နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေ ဒီလောက်များများ ဘယ်တုန်းက ပေါ်လာတာလဲ...”

ချီယွမ် နှင့် အခြားသူများ၏ ကြောက်မက်ဖွယ် စွမ်းအားများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် ဝူကျိနယ်မြေရှိ အင်အားကြီးဂိုဏ်းများနှင့် ကျင့်ကြံသူများအားလုံး ထိတ်လန့်တကြား ပွက်လောရိုက်သွားကြ၏။

“ဝူး... ဝူး...”

နတ်ဘုရား အသွင်ပြောင်းဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ဝူကျိနယ်မြေ တစ်ခုလုံး တုန်လှုပ်နေတော့၏။

နတ်ဘုရား အသွင်ပြောင်းဘုံ ဆိုသည်မှာ ဤတိုက်ကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသူများ ဖြစ်ပေသည်။

နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များ၏ တိုက်ပွဲကြီး စတင်တော့မည် ဖြစ်သည်။

နဂါးနတ်ဘုရား နန်းတော် အထက် ကောင်းကင်ယံတွင် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ဦးသည် ဒုတိယ သခင်လေးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ဤတိုက်ပွဲသည် ကမ္ဘာပျက်မတတ် ကြမ်းတမ်းလှပေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

“ဝူး... ဝူး...”

ဒုတိယ သခင်လေးသည် တစ်ယောက်တည်းဖြင့် (၈) ယောက်ကို ရင်ဆိုင်နေရသော်လည်း အားရပါးရ တိုက်ခိုက်နေသည်။ နေရာလပ်ကြီး တစ်ခုလုံး ပြိုကျပျက်စီးနေသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေရသည်။ ပေါက်ကွဲသံကြီးများသည် ကောင်းကင်ယံကို တုန်ခါစေပြီး ဝူကျိနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ နဂါးနတ်ဘုရား နန်းတော်ရှိ လူတိုင်း၏ ခန္ဓာကိုယ်များကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

တစ်ယောက်တည်းဖြင့် (၈) ယောက်ကို ရင်ဆိုင်ရဲသည်မှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။

လက်သီးနှစ်ဖက်က လက်လေးဖက်ကို မနိုင်ဘူးဟု ဆိုရိုးစကား ရှိသော်လည်း ဒုတိယ သခင်လေးသည် လက် (၁၆) ဖက်ကို ရင်ဆိုင်နေရပါလျက်နှင့် အရေးနိမ့်ခြင်း မရှိပေ။

ဒုတိယ သခင်လေး၏ တိုက်ခိုက်မှုများသည် အလွန် လျင်မြန်ပြီး ရက်စက်လှသည်။ ချီယွမ် နှင့် ကျန်းဝူဟန် တို့၏ တိုက်ခိုက်မှုများမှလွဲ၍ ကျန်သူများ၏ တိုက်ခိုက်မှုများသည် သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။

ဒုတိယ သခင်လေး၏ ကာကွယ်နိုင်စွမ်းသည် အလွန် ခိုင်မာပြီး သူ၏ စွမ်းအားသည် တကယ့်ကို ကြောက်စရာ ကောင်းလှသည်။

ကမ္ဘာပျက်မတတ် စွမ်းအင်များကိုသာ ခံစားနေရပြီး နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များ၏ ပုံရိပ်ကိုပင် မမြင်နိုင်ကြပေ။

“ဂလု...”

နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်း ကျောက်ရုပ်များသဖွယ် တောင့်ခဲနေကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး စကားတစ်ခွန်းမျှ မပြောနိုင်ကြပေ။

“နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်တွေ တိုက်ခိုက်နေကြပြီဟေ့...”

“ကြောက်စရာကြီး... ကောင်းကင်ကြီး ပြိုကျတော့မယ်...”

“အဲ့ဒီဘက်က နဂါးနတ်ဘုရား နန်းတော် ရှိတဲ့ဘက်ပဲ...”

ဝူကျိနယ်မြေရှိ အင်အားစုများနှင့် ကျင့်ကြံသူများသည် အလွန်အမင်း ထိတ်လန့်နေကြ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

“အ... အ...”

ပြင်းထန်ပြီး အားပြင်းသည့် တိုက်ပွဲတွင် နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင် (၈) ဦးသည် ဒုတိယ သခင်လေးကို ဖိနှိပ်နိုင်ခြင်း မရှိသည့်အပြင် အားနည်းသော အကြီးအကဲများမှာ ဒဏ်ရာများ ဆက်တိုက် ရရှိနေကြ၏။ ဒုတိယ သခင်လေး၏ တိုက်ခိုက်မှုများသည် လျင်မြန်ပြီး ရက်စက်လွန်းသဖြင့် အကြီးအကဲများ၏ စွမ်းအားဖြင့် ခံနိုင်ရည် မရှိကြပေ။

“ဒုတိယ သခင်လေးက အစွမ်းကုန်တောင် မသုံးရသေးဘူး... ဒါတောင် ဒီလောက် စွမ်းအားကြီးနေတာလား...”

ချီယွမ် မျက်မှောင်ကြုတ်ကာ တွေးတောလိုက်မိသည်။ သူ အစွမ်းကုန် ကြိုးစားနေသော်လည်း နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာနှင့် ယှဉ်နိုင်သော စွမ်းအားသည်ပင် ဒုတိယ သခင်လေးကို မဖိနှိပ်နိုင်ပေ။

“ဒါပဲလား... အင်မော်တယ် လက်နက်တွေ ထုတ်သုံးပါလို့ ငါ ပြောသားပဲ... ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာကိုး...”

“ရွှီး... ရွှီး... ရွှီး...”

“ဝူး...”

ပြောပြီးသည်နှင့် ဒုတိယ သခင်လေးသည် လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ အားပြင်းသည့် အဖြူရောင် စွမ်းအင် (၈) ခုသည် ချီယွမ် နှင့် အခြားသူများဆီသို့ ပစ်လွှတ်လိုက်၏။ အရှိန်အဟုန်သည် ကြီးမားလှပြီး တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်လှသည်။

“သတိထားကြ...”

ချီယွမ် က ကျယ်လောင်စွာ သတိပေးလိုက်၏။ သူ့မျက်နှာထားမှာ အလွန် လေးနက်နေ၏။ သူက ဒီစွမ်းအားကို မကြောက်သော်လည်း အကြီးအကဲများက ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

“ဘုန်း... ဘုန်း... ဘုန်း...”

“အွတ်... အ...”

အကြီးအကဲများသည် ရှောင်တိမ်းရန် အခွင့်အရေးပင် မရလိုက်ကြပေ။ ခုခံကာကွယ်ရန် အချိန်မရှိဘဲ သူတို့၏ စွမ်းအင်ဒိုင်းကာများသည် မျက်စိတစ်မှိတ်အတွင်း ကွဲကြေသွားပြီး အမြောက်ဆန်များ ပစ်လွှတ်လိုက်သကဲ့သို့ လွင့်စင်ကုန်ကြ၏။ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး တစ်ကိုယ်လုံး တုန်ယင်နေကြ၏။

အကြီးအကဲ အများအပြား ပြင်းထန်စွာ ဒဏ်ရာရသွားကြပြီး ကျန်းထျန်းယွမ် ပင်လျှင် ဒုတိယ သခင်လေး၏ လက်ဝါးချက်ကြောင့် ဒဏ်ရာရသွားခဲ့သည်။

“ဖေဖေ... မိသားစုခေါင်းဆောင်...”

ကျန်းကျွင့်လန် ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ဒုတိယ သခင်လေး ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

“ချီယွမ်... မိသားစုခေါင်းဆောင်ကျန်း... လက်ရည်လျှော့မထားကြပါနဲ့တော့...”

ဖုန်းဝူချန် က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

ဒုတိယ သခင်လေး၏ စွမ်းအားသည် သူတို့အတွက် ကြီးမားလွန်းလှသည်။ အဆင့်အတန်းချင်း လုံးဝ မတူပေ။

“ဖြောင်း...”

ချီယွမ် က လက်ခုပ်တစ်ချက် တီးလိုက်ရာ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ လက်နှစ်ဖက်ကို ဖြန့်လိုက်သောအခါ မျက်စိကျိန်းမတတ် ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အနက်ရောင် လှံရှည်တစ်ချောင်း လေထုထဲတွင် ပေါ်လာသည်။ ထိုလှံရှည်မှ အလွန် အားပြင်းသည့် အရှိန်အဝါများ ဖြာထွက်နေ၏။ ၎င်းသည် အဆင့်မြင့် အင်မော်တယ် လက်နက် တစ်ခု ဖြစ်ပေသည်။

လှံရှည်ကို ကိုင်ဆောင်လိုက်သည်နှင့် ချီယွမ်၏ အရှိန်အဝါသည် ရူးသွပ်စွာ မြင့်တက်လာပြီး နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာသို့ ချက်ချင်း ခုန်တက်သွားတော့သည်။

“ကိုးပါး ချပ်ဝတ်...”

ချီယွမ် က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အဆင့်မြင့် အင်မော်တယ် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်၏။

ချပ်ဝတ်ကို ဝတ်ဆင်လိုက်သောအခါ ချီယွမ်၏ အရှိန်အဝါသည် ထပ်မံ မြင့်တက်သွားပြီး နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ၏ တိုက်ခိုက်စွမ်းရည်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလာသည်။

“အဆင့်မြင့် အင်မော်တယ် လက်နက်...”

နဂါးနတ်ဘုရား နန်းတော်မှ လူများ ပြိုင်တူ တအံ့တဩ အော်ဟစ်လိုက်ကြ၏။

“ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား... သူ့အရှိန်အဝါက နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာကို ရောက်သွားပြီ...”

ထျန်းရှန်းဇီ ၏ မျက်နှာအိုကြီးတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူသည် အဆင့် (၈) ဆေးပညာရှင် ဖြစ်သော်လည်း သူ့ကျင့်ကြံခြင်းအဆင့်မှာ ထျန်းကျီဘုံသာ ရှိသေးပြီး နတ်ဘုရား အသွင်ပြောင်းဘုံနှင့် အလှမ်းဝေးကွာနေသေးသည်လေ။

နတ်ဘုရား အသွင်ပြောင်းဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားကို အနီးကပ် ခံစားလိုက်ရသဖြင့် အတွေ့အကြုံရင့်ကျက်သော သူပင်လျှင် ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့ပေ။

“နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ အထွတ်အထိပ်... မဆိုးဘူး... မဆိုးဘူး... ခင်ဗျားက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးပဲ...”

ဒုတိယ သခင်လေးက မဲ့ပြုံး ပြုံးလိုက်၏။ အံ့သြခြင်း၊ ထိတ်လန့်ခြင်း အလျဉ်းမရှိ။

တစ်ချိန်တည်းမှာပင် ကျန်းဝူဟန် နှင့် ကျန်းထျန်းယွမ် တို့သည်လည်း သူတို့၏ လက်နက်များနှင့် ချပ်ဝတ်များကို ဆက်တိုက် ဆင့်ခေါ်လိုက်ကြ၏။ သူတို့၏ အရှိန်အဝါများ မိုးထိအောင် မြင့်တက်သွားပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များသည် ပြိုကျနေသော ကောင်းကင်ယံကို ထပ်မံ လွှမ်းခြုံသွားသည်။

ကျန်းဝူဟန် ၏ အရှိန်အဝါသည် နတ်ဘုရား အသွင်ပြောင်းဘုံ ပဉ္စမအလွှာသို့ ချက်ချင်း ရောက်ရှိသွားသည်။

“ဒုတိယ အကြီးအကဲ... တတိယ အကြီးအကဲ... ခင်ဗျားတို့ ဒဏ်ရာကို အရင် ကုသလိုက်ကြပါ...”

ချီယွမ် က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ သူ၏ ရက်စက်သော မျက်လုံးများသည် ဒုတိယ သခင်လေး ထံတွင်သာ စူးစိုက်နေပြီး ကြီးမားသော အရှိန်အဝါများ အထိန်းအကွပ်မဲ့စွာ ဖြာထွက်နေသည်။

“ဘုန်း...”

ပြောပြီးသည်နှင့် ချီယွမ် သည် ရက်စက်စွာ စတင် တိုက်ခိုက်လိုက်၏။ လှံရှည်ကို ကိုင်ဆောင်ပြီး ရှေ့သို့ ဒုံးစိုင်း ပစ်ဝင်သွားရာ လေထုကို ခွဲဖြတ်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်း လှံရှည်သည် ဒုတိယ သခင်လေး၏ ရင်ဘတ်ဆီသို့ စူးရှသော အားဖြင့် ထိုးစိုက်လာသည်။

“ဟွန်း...”

ဒုတိယ သခင်လေးက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။

“ယင်ယန် ပါ့ကွား...”

ဒုတိယ သခင်လေးသည် အစစ်အမှန် ယွမ်စွမ်းအားများကို ပို့လွှတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် လက်သင်္ကေတ ဖော်လိုက်၏။ အေးစက်စွာ အော်ဟစ်လိုက်သည်နှင့် ပေပေါင်း (၁၀၀) ခန့် ကျယ်ဝန်းသော ဧရာမ ပါ့ကွား စွမ်းအင်ပုံရိပ်ကြီး တစ်ခု သူ့ရှေ့တွင် ချက်ချင်း ဖြစ်ပေါ်လာသည်။

“ဒင်...”

“ဝူး...”

လှံရှည်သည် စွမ်းအင်ပုံရိပ်ကြီးကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်ရာ သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်။ ဖျက်ဆီးအားပြင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဒုတိယ သခင်လေးကို မီတာ (၁၀) ကျော်ခန့် နောက်သို့ ဆုတ်သွားစေသည်။ စွမ်းအင်ပုံရိပ်ကြီး အက်ကွဲသွားသော်လည်း ဒုတိယ သခင်လေးကို ကာကွယ်ပေးနိုင်ခဲ့သည်။

“မဆိုးဘူး... မဆိုးဘူး... ဒီစွမ်းအားက တကယ် မဆိုးဘူး...”

ဒုတိယ သခင်လေးက အေးစက်စွာ ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့မှ စွမ်းအင်ပုံရိပ်ကြီးသည် အလင်းစက်များအဖြစ် ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် ကျန်းဝူဟန် နှင့် အခြားသူများသည်လည်း တိုက်ခိုက်မှုကို စတင်လိုက်ကြပြီး အစွမ်းထက် သိုင်းကွက်များကို ထုတ်သုံးလိုက်ကြ၏။

“မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... ကောင်းကင်ဝိညာဉ် ချိပ်ပိတ် ဓားသိုင်း...”

“မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... ဖျက်ဆီးခြင်း ဓား...”

“မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... ရှေးဦး ကောင်းကင်ခွဲ လက်ဝါး...”

“...”

ကြောက်မက်ဖွယ် သိုင်းကွက် စွမ်းအင်လှိုင်းများသည် ဒုတိယ သခင်လေး ဆီသို့ ဆက်တိုက် ဝင်ရောက်လာကြ၏။ မည်းမှောင်နေသော နေရာလပ်ကြီးသည် မျက်စိကျိန်းမတတ် အရောင်စုံ အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီး စူးရှသော အသံများကြောင့် နဂါးနတ်ဘုရား နန်းတော်မှ လူများသည် နားကို ပိတ်ထားလိုက်ရသည်။

“ဟွန်း...”

ဒုတိယ သခင်လေးက မောက်မာစွာ ရယ်မောလိုက်၏။ ကျန်းဝူဟန် နှင့် အခြားသူများ၏ သိုင်းကွက်များကို အရေးမစိုက်ကြောင်း သိသာထင်ရှားလှသည်။

“ဝူး...”

ပိုမို ကြီးမားပြီး အားပြင်းသည့် စွမ်းအားတစ်ခု ဒုတိယ သခင်လေး ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ တောက်ပသော အဖြူရောင် အလင်းတန်းများသည် ရုတ်ခြည်း ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။

“သူ့ အရှိန်အဝါ မြင့်တက်လာပြန်ပြီ...”

ကျန်းဝူဟန် မျက်မှောင်ကြုတ်လိုက်၏။ သူ့မျက်နှာထား ပိုမို လေးနက်လာ၏။

“ဒါက ယင်ယန် မိသားစုရဲ့ သွေးမျိုးဆက် စွမ်းအားပဲ... အားလုံး သတိထားကြ...”

ချီယွမ် က အော်ဟစ် သတိပေးလိုက်၏။

နတ်ဘုရား အသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာ ရှိသော ဒုတိယ သခင်လေး၏ အရှိန်အဝါသည် မျက်စိတစ်မှိတ်အတွင်း သတ္တမအလွှာသို့ ချိုးဖျက်ဝင်ရောက်သွားတော့သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

“ဝူး...”

ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် သိုင်းကွက် စွမ်းအင်လှိုင်း (၆) ခုစလုံးသည် ဒုတိယ သခင်လေးကို ဝင်ရောက် ပေါက်ကွဲလိုက်ကြ၏။ ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အလင်းရောင်များ လွှမ်းခြုံသွားကာ ဖျက်ဆီးအားပြင်းသော အားလှိုင်းများသည် ဆူနာမီလှိုင်းတံပိုးများအလား အရပ်မျက်နှာအနှံ့သို့ လိမ့်တက်သွားတော့သည်။

နတ်ဘုရား အသွင်ပြောင်းဘုံ ပညာရှင်များ၏ တိုက်ပွဲသည် မိုးမြေကို အရောင်ပြောင်းသွားစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

All Chapters