← Chapters

အစီအရင် တစ်ခုနှင့် တစ်ခု ကွာခြားချက်

Vol. 38 Ch. 375

အစီအရင် တစ်ခုနှင့် တစ်ခု ကွာခြားချက်

Vol. 38 Ch. 375

မြောင်ချင်းဟွေ့ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

ဂျူနီယာမောင်လေး ထုံတစ်ယောက် ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ဖို့ မျှော်လင့်ချက် လုံးဝစွန့်လွှတ်လိုက်ပြီဆိုတာ ရှင်းနေ၏။

သူက သူတို့ထွက်ပြေးနိုင်ဖို့အတွက် နောက်ချန်ရစ်ပြီးကာကွယ်ပေးဖို့ စီစဉ်နေခြင်း ဖြစ်သည်။

"နင့်ကိုယ်နင် ဂရုစိုက်ပါ"သူမ ပြောလိုက်၏။

ယခုအချိန်သည် တုံ့ဆိုင်းနေရမည့်အချိန် မဟုတ်ကြောင်းကောင်းစွာ သိရှိထားသည့်အတွက် မြောင်ချင်းဟွေ့သည် သတိပေးစကားတစ်ခွန်းသာ ပြောကြားခဲ့ပြီး၊ ရွှမ်စေတီတော်ကို ထပ်မံ အသုံးပြုကာ စီနီယာအစ်မကြီးအား ရွှေရောင်တောင်ပံ ကျားသစ် ထံမှကာကွယ်ပေးလိုက်ရင်း အော်ဟစ်လိုက်၏။

"လူခွဲပြီး ပြေးကြ"

သူမ၏အသံ တိမ်ဝင်သွားသည်နှင့် တပြိုင်နက် သူမသည် အဝေးသို့လျင်မြန်စွာထွက်ပြေးလေတော့သည်။

...

ထုံရှင်းချွမ်းသည် အသက်ရှူနှုန်းကို ညှိလိုက်ပြီး မဟာအစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်၏။ ဖီးနစ်ငှက်များ လေထဲတွင် ကခုန်နေကြပြီး အလင်းမှုန်များနေရာအနှံ့ ပြန့်ကျဲသွားသည်။

ရွှေရောင်ကြိုးမျှင်များက နယ်နိမိတ်များကို သတ်မှတ်လိုက်ပြီး ကျားနတ်ဆိုးကို လုံးဝပိတ်လှောင်လိုက်၏။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းမှာ တုန်တုန်ယင်ယင်ဖြင့် ဂါထာလက်ဟန်ပြုထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

သို့သော် သူသည် ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်ရန် ကြိုးစားနေခြင်း မဟုတ်ဘဲ၊ မိမိကိုယ်ကိုယ် ကုသရန်အလိုအလျောက် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။

"မြန်မြန် ပြေးတော့လေ"

ထုံရှင်းချွမ် မျှော်လင့်ချက်ကုန်ခန်းသော လေသံဖြင့် ပြောလိုက်၏။

"ငါ... ငါ ပြေးသွားရင်၊ မင်း ဘယ်လိုလုပ်မလဲ"

အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းက ကြောက်လန့်တကြား မေးလိုက်ပြီး သူ၏ အသံမှာ တုန်ယင်နေသည်။

"ဒီနေရာကနေ အဝေးဆုံးကို ထွက်သွားစမ်းပါ"

ထုန်ရှင်းချွမ် သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။ သူ၏ တည်ငြိမ်မှုများ စတင် ပြိုလဲလာပြီဖြစ်သည်။

သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်မှုနှင့် အစ်မကြီးသာပုံမှန်အတိုင်း စွမ်းဆောင်နိုင်လျှင် မဟာနတ်ဆိုးဧကရာဇ်နှင့် သရေကျအောင် တိုက်ခိုက်ဖို့ မပြောနှင့်၊အနိုင်ရစေရန်ပင် မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

ထိုသတ္တဝါမှာ ဝူထုံတောင်မှ ယခုလိုသောင်းကျန်းပြီး လူမိုက်ကဲ့သို့ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

နှစ်ကြိမ်ဆက်တိုက် သူတို့သည် အဆင့်တူ နတ်ဆိုးဧကရာဇ် တစ်ပါး၏လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ရသည်။

တိုက်ခိုက်ရတာစိတ်ပျက်စရာ ကောင်းလိုက်တာ။

ရုတ်တရက်အော်ဟစ်သံကြောင့် လန့်သွားသော အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် ခေတ္တမျှကြောင်အသွားပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွား၏။ သွားရင်းနှင့် သူနောက်သို့ ပြန်ပြန်ကြည့်နေမိသည်။

"စီနီယာအစ်မကြီး၊ ဒီဘက် လာပါ"

အစစ်အမှန်ပုဂ္ဂိုလ်ချင်းဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် နဖူးကိုရိုက်လိုက်ပြီး ပျံသန်းရေးတိမ်တစ်ခုကို ဆင့်ခေါ်ကာ စီနီယာအစ်မကြီးကို လမ်းပြ၍ အခြားတစ်ဖက်သို့ ထွက်ပြေးလေတော့သည်။

ချီလာ

ထိုအချိန်နှင့် တပြိုင်နက်တည်းမှာပင် ကြီးမားသော ဖီးနစ်ငှက်ကြီးသည် ချွန်ထက်သော လက်သည်းများဖြင့် ဆွဲဖြဲခြင်း ခံလိုက်ရ၏။

ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်သည် အလင်းအတားအဆီးကို လက်သီးဖြင့် ထိုးခွဲလိုက်သည်။

တည်ငြိမ်သော ဟန်ပန်ဖြင့် သူမသည် ဒုတိယမြောက်ထောင်ချောက်အစီအရင် အတွင်းသို့ ဝင်ရောက်လာသည်။

"ငါ တကယ် သိချင်မိတယ်"

ကိုယ်လုံးကိုယ်ပေါက်ပြည့်ဖြိုးသော နတ်ဆိုးမ သည် အစီအရင်ကိုဖျက်ဆီးရင်း မော်ကြည့်ကာ ပြုံးလိုက်သည်။

"နင်တို့ရဲ့စရိုက်တွေအရဆိုရင် အတူတူ လှုပ်ရှားတယ်ဆိုတာ ရှားပါးတဲ့ကိစ္စပဲ။ အဲဒီခြင်္သေ့က မင်းတို့ကို ဘယ်လိုများ ရန်စလိုက်လို့လဲ"

"..."

ထုံရှင်းချွမ် ခေတ္တမျှတိတ်ဆိတ်နေပြီးမှ အားနည်းသော အသံဖြင့် ပြောလိုက်၏။

"ငါ့လူသားမျိုးနွယ်ရဲ့ဂုဏ်သိက္ခာကို ထိပါးတဲ့အတွက် အသက်နဲ့ပြန်ပေးဆပ်ရမယ်။ ငါက အနာဂတ်မှာကောင်းကောင်းမွန်မွန် နေချင်သေးတယ်၊ ဒါကြောင့် သူကြီးထွားလာတာကို ဒီတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။ ဒါက ကံဆိုးမှု တစ်ခုပါပဲ"

စကားပြောရင်း သူ၏ မျက်နှာမှာ ပိုမို ဖြူဖျော့လာ၏။

သူသည် မဟာနတ်ဆိုးဧကရာဇ် အစီအရင်များကို ဖျက်ဆီးနေစဉ် စတုတ္ထမြောက်မဟာအစီအရင်ကို တည်ဆောက်ရန် ကြိုးစားနေရသည်။

ထိုလုပ်ရပ်သည် သူ၏နတ်စိတ်ဝိညာဉ်ကို အကန့်အသတ်အထိ ရောက်စေသည်။

နောက်ဆုံးတွင် သူ၏လက်ချောင်းထိပ်မှ နတ်ဝိညာဉ် ကြိုးမျှင်များ ကုန်ခန်းသွားသည်။

သူမြေပြင်ပေါ်သို့ ယိုင်နဲ့စွာ ပြိုလဲကျသွားပြီး သိုလှောင်ရတနာထဲမှ အစီအရင်ပစ္စည်းအမျိုးမျိုးကို ထုတ်ယူကာ မဟာအစီအရင်ကို အပြီးသတ်ရန် ကြိုးစားလိုက်သည်။

ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်သည် သူ၏ လုပ်ရပ်များကို ခံစားချက်မပါဘဲ ကြည့်နေပြီး လက်သီးကို ထပ်မံဝှေ့ယမ်းလိုက်ရာ ကြီးမားသော နတ်ဆိုးစွမ်းအင်များ ရေလွှမ်းမိုးသကဲ့သို့ ထွက်ပေါ်လာပြီး ဒုတိယမြောက် အစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။

"မဆိုးဘူး၊ ဆုအနေနဲ့ နင် အရင်ဆုံး သေရမယ်"

သူမ ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ထုံရှင်းချွမ်အချိန်ကို တည်ငြိမ်စွာ တွက်ချက်လိုက်သည်။

ပဉ္စမမြောက်အစီအရင်ကို တည်ဆောက်ရန် အခါနှောင်းသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူသည် ရွှေရောင်တောင်ပံ နတ်ဆိုးဧကရာဇ်ကို ပြုံးပြလိုက်သည်။

"အတတ်နိုင်ဆုံးတော့ ကျုပ်ထွက်ပြေးဖို့ ကြိုးစားကြည့်ချင်တယ်။ ဘယ်သူသိမလဲ၊ အခွင့်အလမ်း ရှိချင်ရှိမှာပေါ့"

"နင့်ရဲ့နောက်ဘဝမှာလည်း အခုလိုပဲ အကောင်းမြင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

ကျားနတ်ဆိုးမသည် မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာလျှောက်လှမ်းလာပြီး သူမ၏ နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံကာ ကြီးမားသော ကျားခန္ဓာကိုယ်ကြီး ထိုနေရာတွင်တိတ်တဆိတ်ပေါ်လာ၏။

ထုန်ရှင်းချွမ်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သူမသည် အားပါးတရ ခုန်အုပ်လိုက်သည်။

သူမ၏ရွှေရောင်တောင်ပံများပေါ်တွင် အလင်းတန်းများ စီးဆင်းနေပြီး ခံ့ညားသော ခန္ဓာကိုယ်ကြီးက အစီအရင်နှစ်ခုကို ကြမ်းတမ်းသော ခွန်အားဖြင့် ဖြိုခွင်းပစ်လိုက်သည်။

"..."

ထုံရှင်းချွမ်းသည် အသက်လု၍ အစွမ်းကုန် ပြေးလွှားနေသည်။

ဤကဲ့သို့သောအသည်းအသန် ထွက်ပြေးရခြင်းမျိုး သူ့ဘဝ၏ပထမပိုင်းတွင် တစ်ကြိမ်မျှ မကြုံဖူးခဲ့ပေ။ သို့သော် ယခု အချိန်တိုအတွင်း နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့နေရပြီဖြစ်သည်။

နောက်ကျောဘက်မှ နတ်ဆိုးအငွေ့အသက်များ လာနေသည်ကို ခံစားရင်း သူ တိတ်တဆိတ် မျက်လုံးမှိတ်လိုက်သည်။

'တောက်ကျိန်စာသင့်နေတဲ့ ဝူထုံတောင်ကို ငါ ဘယ်တော့မှမလာခဲ့သင့်ဘူး။ ဒီနေ့လို သိက္ခာကျမယ့်အစား စောစောစီးစီးသေလိုက်တာကမှ ကောင်းဦးမယ်'

ထိုသို့ တွေဝေနေစဉ် အနည်းငယ် ရင်းနှီးသော အသံတစ်ခု နားထဲသို့ ဝင်ရောက်လာ၏။

"ဒီကို လာခဲ့"

ထုံရှင်းချွမ်၏ နှလုံးခုန်သံ ပြင်းထန်လာပြီး အလိုအလျောက် တစ်နေရာသို့လှမ်းကြည့်လိုက်သည်။

ခုနက ငါ နောက်နေတာပါ၊ တကယ်ပဲ အသက်ရှင်ဖို့ လမ်းစ ရှိနေတာလား။

သို့သော် ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ် ရှိနေသည့် နေရာတွင် သူ့ဆရာနှင့် နီကျွင်းကလွဲလျှင် ဤလောကတွင် မည်သူက သူ့ကိုကူညီရဲမည်နည်းဆိုသည်ကို စဉ်းစား၍မရနိုင်အောင် ဖြစ်နေ၏။

"ဘာတွေ တွေးနေတာလဲ"

သူ့နောက်ဘက်မှ ကြည်လင်ပြတ်သားပြီး စူးစမ်းလိုသောအသံတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာသည်။

ထုံရှင်းချွမ်၏ ဆံပင်များ ထောင်ထသွားပြီး ချက်ချင်းဆိုသလိုပင် ကြီးမားသောကျားလက်ဝါးကြီးတစ်ခု သူ့ကျောပြင်ပေါ်သို့ ရိုက်ချလိုက်၏။

လက်ဝါးရိုက်ချက် တစ်ချက်တည်းနှင့်ပင် သူ့ခန္ဓာကိုယ် ကျိုးပဲ့သွားပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။

"အဟွတ်"

ထုံရှင်းချွမ်း၏ မျက်နှာထားမှာ ဒေါသကြောင့် ရှုံ့မဲ့သွားသော်လည်း အသံထွက်မလာပေ။သူ အသက်ရှင်နေသေးကြောင်း သိသည်။

အကြောင်းမှာ ဤမဟာနတ်ဆိုးဧကရာဇ်သည် သူ့ကို ကြွက်တစ်ကောင်ကို ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ ကစားချင်စိတ် ရှိနေသေးသောကြောင့် ဖြစ်သည်။ အမဲလိုက်ခြင်း၏ ပီတိကို အရသာခံနေခြင်းသာ ဖြစ်၏။

အခြားရန်သူသာ ဖြစ်ခဲ့လျှင် ထုံရှင်းချွမ်းအနေဖြင့် အလွန်အမင်း အရှက်ရမိမည်။

သို့သော် ရွှေရောင်တောင်ပံကျားမနှင့် ရင်ဆိုင်နေရချိန်တွင်မူ သူ ခံစားရသည်မှာ နက်ရှိုင်းသော မျှော်လင့်ချက်မဲ့ခြင်းသာ ဖြစ်သည်။

သူသည် နောက်ဆုံးလက်ကျန် အသိစိတ်ကိုအားကိုးပြီး နားထဲတွင်ကြားလိုက်ရသော အသံလာရာဘက်သို့ ရူးမိုက်စွာ ပြေးလွှားလိုက်သည်။

ဘုန်း

ထုန်ရှင်းချွမ်သည် ပြင်းထန်စွာ လွင့်စင်သွားပြီး သူ၏တောက်ပသော အနီရောင် ဝတ်ရုံမှာမြက်များနှင့် ရွှံ့များ ပေကျံကာ အလွန် သနားစရာကောင်းသော ပုံစံပေါက်နေ၏။

သူ တုန်ယင်စွာမျက်လုံးဖွင့်လိုက်ရာ ဝေဝါးနေသောအမြင်အာရုံထဲတွင် ရှည်လျားသော ဖိနပ်တစ်စုံကို တွေ့လိုက်ရသည်။

သူ့အကြည့် အပေါ်သို့ ရွေ့လျားသွား၏။

မှင်ရောင်ကဲ့သို့နက်မှောင်ပြီး ရွှေရောင်ကြိုးမျှင်များဖြင့် လှပစွာထိုးထားသော ဝတ်ရုံတစ်ထည်ပင်။ တိမ်များ ဝဲပျံနေပြီး နဂါးနှင့် ဖီးနစ်များ သဟဇာတ ဖြစ်နေသောပုံစံများ ပါရှိသည်။

ထိုလူငယ်၏မျက်နှာကို မြင်လိုက်ရသော အခါမှ ထိုချောမောသေမျက်နှာတွင် ကြည်လင်သော မျက်လုံးများက ရှေ့ကိုတည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။

ထုံရှင်းချွမ်း၏ လက်ဝါးများသည် ရွှံ့နွံထဲသို့ နစ်ဝင်သွားပြီး မျက်နှာထားမှာ အံ့သြမှု အပြည့်ဖြင့်

"မင်း... မင်း မသေဘူးလား"

"..."

ရှန်းယီသည် သူ့ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်ပြီး ဘာပြောရမှန်းမသိသဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

ထို့နောက် သူ့ကို ကျော်ခွကာရှေ့ဆက်လျှောက်သွား၏။

‌ဤအရူးများ၏တွေးခေါ်ပုံကို သူ တကယ် နားမလည်နိုင်ပေ။ ယခုလိုအချိန်မှာပင် နတ်ဆိုးတစ်ထောင်ဂူထဲသို့ ဝင်ရောက်ရန်စိတ်အားထက်သန်နေသည်လော။

မဟာချန်ငြိမ်းချမ်းရေး ရနိုင်သမျှရစေဖို့ သူတို့သည် အခြားနတ်ဆိုးများ၏အာရုံကို လွှဲပေး‌ရန်လိုအပ်နေခြင်းကြောင့်မဟုတ်လျှင် ရှန်းယီ အနေဖြင့် ယခုလိုအသေးအဖွဲ ကိစ္စများကို ဝင်မပါချင်ပေ။

"နောက်တစ်ယောက်လား"

ရွှေရောင်တောင်ပံကျားနတ်ဆိုးသည် လေထဲတွင် ရပ်တန့်နေပြီး စူးစမ်းလိုစိတ်ဖြင့် ငုံ့ကြည့်လိုက်၏။

"သူက မင်းသေပြီလို့ထင်နေတာ... ဒါဆို မင်းက ဟို ပါရမီရှင် ဆိုတာလား"

သူမသည် သူ့ကို ခေတ္တမျှသေချာကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။

"မတူပါဘူး"

သူမ မည်သို့ပင်ကြည့်ပါစေတစ်ဖက်လူမှာ နတ်ဘုရားစိတ်ဝိညာဉ်အစောပိုင်းအဆင့်ရှိသော ကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်သည်။

သူက အသက်အရမ်း ငယ်နေလို့များလား။

"ဘာပဲဖြစ်ဖြစ်၊ သူကတော့ သေရမှာပဲ"

ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်သည် အကြည့်လွှဲလိုက်ပြီး တခြားနေရာကို ကြည့်လိုက်၏။ ဤလူသစ်မှာ သိပ်စိတ်ဝင်စားစရာ မကောင်းလှပေ။

သူ့ကိုမြန်မြန်ရှင်းပြီး ရွှမ်စေတီတော် ပိုင်ရှင်ကို သွားကစားသည်က ပိုကောင်းဦးမည်။

ထိုအတွေးဖြင့် သူမသည် လက်ဝါးကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး အောက်ဘက်မြေပြင်သို့ ပေါ့ပေါ့ပါးပါး ရွယ်လိုက်၏။

ရုတ်တရက် သူ့ကိုလွှမ်းခြုံလာသော အရိပ်မည်းကြီးကို ကြည့်ရင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထုံရှင်းချွမ်း၏ မျက်ခွံများ အလိုအလျောက် လှုပ်ခတ်သွားသည်။

ချက်ချင်းဆိုသလိုပင် တက်ကြွသောမှင်ရောင်အမှတ်အသားတစ်ခု သူ့အမြင်အာရုံထဲတွင် ပေါ်လာပြီးကျဆင်းလာသော ကျားလက်ဝါးကို လေထဲတွင် ပိတ်ဆို့လိုက်သည်။

ဤအနည်းငယ်ထူးခြားသော မြင်ကွင်းကြောင့်...

ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်သည် သူမ၏ အကြည့်ကို ဖြည်းညှင်းစွာပြန်လည် ရုပ်သိမ်းလိုက်ပြီး အောက်ဘက်သို့ ထပ်မံ ကြည့်လိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူမ ရယ်မောလိုက်၏။

"ငါ မှားသွားတယ်၊အစီအရင် ကျွမ်းကျင်တဲ့ နောက်တစ်ယောက် ရှိနေတာပဲ... ဟွန့်၊ ကြည့်ရတာ ငါ အစီအရင် တစ်ခုထဲဝင်မိသွားပြီ ထင်တယ်"

စ

ကားပြောနေရင်း ရွှေရောင်တောင်ပံကျားသည် လက်ဝါးကို ထပ်မံမြှောက်လိုက်ပြီး ကြီးမားသော မလိုမုန်းထားမှုများနှင့်အတူ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ငါ့ရှေ့မှာ ဒီလိုကစားစရာလေးတွေနဲ့ လာကစားရင် ဘာဖြစ်မလဲဆိုတာ နင် သူ့ကို မေးကြည့်ပါလား"

All Chapters