← Chapters

မင်းပဲ ရှန်းယီကိုသွားသတ်လိုက်တော့

Vol. 38 Ch. 376

မင်းပဲ ရှန်းယီကိုသွားသတ်လိုက်တော့

Vol. 38 Ch. 376

ဧရာမ အင်အား၊အစွမ်းသတ္တိနှင့် နတ်ဆိုးစွမ်းအင်များ ပါဝင်နေသောတိုက်ခိုက်မှုကြီး တစ်ခုသည် နောက်ဆုံးတွင် အစအနမကျန် ပျောက်ကွယ်သွားခဲ့၏။

ရှန်းယီ သည် ဝေဟင်တွင်ဝဲပျံနေပြီး ရွှေရောင်တောင်ပံအစင်းကိုးခုကျား နှင့် အကြည့်ချင်း ဖလှယ်နေသည်။

သူ့အရှေ့တွင် သစ်ပင်တစ်ပင်မျှမြင့်မားသော စုတ်တံကြီးတစ်ချောင်းသည် သူ၏လက်အင်္ကျီ ဝှေ့ယမ်းလိုက်သည်နှင့်အမျှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

စုတ်တံသည် လေဟာနယ်ထဲတွင် မျဉ်းကွေးတစ်ခုကို ထပ်မံ ရေးဆွဲလိုက်ပြန်သည်။

ထိုမျဉ်းကွေးသည် ဧရာမကျားလက်သည်းကြီးပေါ်သို့ ကျရောက်သွားပြီး လုံးဝ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်၏။

"ဝေါင်း"

...

ရွှေရောင်တောင်ပံအစင်းကိုးခုကျားသည် ဤမျှ အရှက်ရခြင်းမျိုး တစ်ခါမျှမကြုံဖူးခဲ့ပေ။ နားကွဲမတတ် ဟိန်းဟောက်သံကြီးက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။

ထိုအသံကြောင့် အားနည်းနေပြီးဖြစ်သော ထုံရှင်းချွမ်း၏ နတ်ဝိညာဉ်မှာ ကြွေမွလုနီးပါး ဖြစ်သွား၏။

သို့သော် သူသည် မျက်လုံးများကို အားယူဖွင့်ထားပြီး လေထဲမှစုတ်တံကြီးကို စိုက်ကြည့်နေမိသည်။

မှင်စက်များကဲ့သို့ နက်မှောင်သော အဆုံးမဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ကျဆင်းကာ ရှုပ်ထွေးသောအစီအရင် စာလုံးများအဖြစ် ပုံဖော်လိုက်ကြသည်။

သတ်ဖြတ်ခြင်း အရှိန်အဝါများ ဝန်းရံလျက် ရှန်းယီသည် ကောင်းကင်ယံတွင် လက်ပိုက်ရပ်နေပြီး ထောင်ချောက်မိနေသော သားရဲကို ငုံ့ကြည့်နေသည်။

သူ၏မျက်နှာထားတွင် စိုးရိမ်သော အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရဘဲ အရာအားလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။

"..."

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်းယီသာ ရွှေရောင်တောင်ပံအစင်းကိုးခုကျားကို မြေကြီးထဲသို့ လက်သီးဖြင့်ထိုးသွင်းလိုက်သည်ဆိုပါက ယခုမြင်ကွင်းထက် ထုံရှင်းချွမ်းအတွက် လက်ခံရ ပိုလွယ်ကူဦးမည်။

ပြီးခဲ့သည့် အကြိမ်တွေ့ဆုံခဲ့စဉ်က တစ်ဖက်လူမှာ ခွန်အားကြီးသောသိုင်းပညာရှင် တစ်ယောက်သာ ဖြစ်သည်မှာ ထင်ရှားသည်။

ယခု ပုံစံမှာမူ စိမ်းသက်လွန်းနေ၏။

သူချထားသော အစီအရင်မှာ အလွန် ရှုပ်ထွေးလွန်းသဖြင့် ထုံရှင်းချွမ်း ကိုယ်တိုင်ပင် နားလည်ရန် ခက်ခဲနေသည်။

၎င်းက စစ်မှန်သော မဟာနတ်ဆိုးဧကရာဇ် တစ်ပါးကိုပင် ဖမ်းချုပ်ထားနိုင်စွမ်း ရှိနေသည်။

"ဒိဧကရာဇ်အတွက်... သေစမ်း"

ရွှေရောင်တောင်ပံ အစင်းကိုးခုကျားသည် သူမ၏ တောင်ပံများကို ဖြန့်ကားလိုက်ပြီး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အနက်ရောင် အရှိန်အဝါများကို ရေလွှမ်းမိုးသကဲ့သို့ တိုက်စားပစ်လိုက်သည်။

အစောပိုင်းက အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ နှင့် တိုက်ခိုက်ခဲ့စဉ်ကပင် သူမသည် နတ်ဆိုးခန္ဓာကိုယ်၏စွမ်းအားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ သူမ၏ယခု ဒေါသသည် ထိန်းချုပ်မရနိုင်သော အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော် တောက်ပသော အလင်းတန်းတိုင်းကို မှင်ချက်တစ်ချက်စီက သင့်လျော်စွာတားဆီးဖြတ်တောက်လိုက်၏။

"..."

ရှန်းယီသည် ပေါ့ပေါ့ပါးပါးပင် လက်ကိုမြှောက်ပြီး ဓားလက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။

ရုတ်တရက် မိုးတိမ်တိုက်များ လိမ့်ဆင်းလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ကျသွား၏။

ထို့နောက် အပြာရောင်နှင့် အနီရောင် ဓားများ ဆင်းသက်လာသည်။

ဓားသွားများပေါ်တွင် အနက်ရောင်လျှပ်စီးများ လက်ခနဲ ဖြစ်ပေါ်နေပြီး အလွန် အန္တရာယ်ရှိသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏ ညွှန်ပြမှုကို လိုက်၍လျှပ်စီးကြောင်း တစ်ခု ပစ်ချလိုက်ပြီး ရွှေရောင်တောင်ပံ အစင်းကိုးခုကျား၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။ ဖျက်ဆီးမရနိုင်သော ဓားသည် တစ်ဝက်ခန့် စိုက်ဝင်သွား၏။

နတ်ဆိုးသွေးများ ပေကျံသွားချိန်တွင် ဒေါသထွက်နေသော ရွှေရောင်တောင်ပံ နတ်ဆိုးဧကရာဇ်သည် ကြွက်သားများကို တင်းလိုက်ပြီး ဓားကိုချိုးဖျက်ပစ်လိုက်သည်။

သူမ မဟိန်းဟောက်နိုင်ခင်မှာပင် ရှန်းယီသည် ဓားလက်ညှိုးကို နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်ပြန်သည်။ မိုးတိမ်တိုက်များ မကွဲပြယ်သေးမီ ဒုတိယမြောက် ဓားသည် ကမ္ဘာလောကသို့ ထွက်ပေါ်လာ၏။

ဂျိန်း... ဂျိန်း... ဂျိန်း

အနက်ရောင် လျှပ်စီးကြောင်း သုံးခု ဆက်တိုက် ကျဆင်းလာပြီး မိုင်တစ်ရာပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များကို ကုန်ခန်းလုနီးပါး စုပ်ယူသွားသည်။

၎င်းတို့သည် ရွှေရောင်တောင်ပံ အစင်းကိုးခုကျား၏ ပခုံးရိုး၊ မျက်နှာနှင့် အမြီးတို့ကို ထိမှန်ပြီး နက်ရှိုင်းသော ဒဏ်ရာများကို ချန်ထားခဲ့သည်။

"ဝေါင်း..."

သူမသည် ပါးစပ်ကြီးကို ဟပြီး အစွယ်များကို ထုတ်ပြကာ ကျောကုန်းကို ကွေးလိုက်၏။ ရွှေရောင်တောင်ပံ နှစ်ဖက်သည် ခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။

အစီအရင်ကိုဖောက်ထွက်ရန် ကြိုးစားမှုကို ခေတ္တ ရပ်တန့်ပြီး သူမသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ မိမိကိုယ်ကိုယ် အတင်းအကျပ်တည်ငြိမ်အောင် လုပ်နေသည်။

"ခင်ဗျား မသွားသေးဘူးလား"

ရှန်းယီသည် မြေပြင်သို့ ငုံ့ကြည့်လိုက်၏။

ထုံရှင်းချွမ်းမှာ အနည်းငယ် ကယောင်ကတမ်း ဖြစ်နေပြီဖြစ်သော်လည်း အံ့သြသော မျက်နှာထားကို ထိန်းထားဆဲပင်။

သူ့မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့်ပြီးခဲ့သည့် အကြိမ် နတ်ဆိုးတစ်ထောင်ဂူတွင် သူတွေ့ခဲ့သော ရှန်းယီသည် မိုးနှင့်မြေလို ကွာခြားနေသည်။

မှော်ပညာဖြင့်တိုက်ခိုက်သည့် အလေ့အထပင်ဖြစ်စေ၊ အသုံးပြုသည့် နည်းစနစ်များပင်ဖြစ်စေ အလွန်ကွာခြားလွန်းသဖြင့် မတူညီသော ကျင့်ကြံသူနှစ်ယောက်ဟုပင် သူ ယုံကြည်မိနိုင်သည်။

ရှန်းယီသည် သူ့ရှေ့မှ မဟာနတ်ဆိုးကြီးဆီသို့ အကြည့်ပြန်ပို့လိုက်၏။သူ မျှော်လင့်ထားသည့် အတိုင်းပင်။

မပြည့်စုံသေးသော သံမဏိစုတ်ချက်ငွေရောင်ချိတ် မဟာအစီအရင်သည် ရွှေရောင်တောင်ပံ အစင်းကိုးခုကျားကို ယှဉ်နိုင်ဖွယ် မရှိပေ။

၎င်းသည် သတ်ဖြတ်ခြင်းအစီအရင် မဟုတ်ဘဲ ထောင်ချောက်အစီအရင် ဖြစ်နေသည့်တိုင်အောင်ပင်။

သတ်ဖြတ်ခြင်းအစီအရင် ဆိုလျှင် ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေနိုင်ကောင်း ရစေနိုင်၏။ သို့သော် မည်သူကများ အစီအရင်ထဲတွင် မိုက်မဲစွာရပ်နေပြီး ဒဏ်ရာအနာတရ ခံမည်နည်း။

ထိုကဲ့သို့ ဆူညံသံများသည် သဘာဝကျစွာပင် အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် အနားကပ်ရဲသူမှာ တစ်ဦးတည်းသော ပုံရိပ်သာ ဖြစ်သည်။

မြောင်ချင်းဟွေ့သည် ထိုနေရာသို့ သတိထားပြီး ချဉ်းကပ်လာရာမကြာမီ လေထဲတွင် ရှိနေသော ပုံရိပ်ကို တွေ့လိုက်ရသည်။

ထင်ထားတဲ့အတိုင်းပဲ မိုးထိအောင် မြင့်မားတဲ့ အရှိန်အဝါရှိတဲ့ ဒီလိုဓားသိုင်းကွက်မျိုးကို ရှန်းယီရဲ့ လက်ထဲမှာပဲ သူမ မြင်ဖူးတာ။

" တာအိုမိတ်ဆွေရှန်း"

မြောင်ချင်းဟွေ့ ချက်ချင်း အနားတိုးလာပြီး တိုတိုတုတ်တုတ် မေးလိုက်၏။

"ကျွန်မ ဘာလုပ်ပေးရမလဲ"

"သူ့ကို ခေါ်ပြီး ထွက်သွားလိုက်ပါ"

ရှန်းယီ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏ အာရုံတစ်ခုလုံးကို ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်အပေါ်တွင် ထားရှိထားသည်။

သူ ပြန်ဖြေလိုက်သည့် အချိန်မှာပင်။

ကြမ်းကြုတ်သောကျားကြီးသည် မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးစွမ်းအင်ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်၏။

အခြားကျင့်ကြံသူသာ ဆိုလျှင် ကြီးစွာသော ဆုံးရှုံးမှုကို ကြုံတွေ့ရနိုင်ပေသည်။

ကျားမအတွက် ကံဆိုးသည်မှာ ရှန်းယီသည်လည်း နတ်ဆိုးစွမ်းအင်ပြောင်းလဲမှုများကို အလားတူ အာရုံခံနိုင်စွမ်း ရှိနေခြင်းပင်။ သူ ကြိုတင်မျှော်လင့်ထားသကဲ့သို့ စုတ်တံကြီးကို အားပြင်းပြင်း ဝှေ့ယမ်းလိုက်ရာ ထူထဲသောမှင်ချက် အများအပြား ရွှေရောင်တောင်ပံ နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ကျန်သွားသည်။

ပြင်းပြင်းထန်ထန်ပြန်လည် တိုက်လိုက်လိုက်ခြင်းပင်။

ဘုန်း

ထိုမျှ ကြောက်မက်ဖွယ် ကောင်းသောမြင်ကွင်းကို မြင်လိုက်ရသဖြင့် မြောင်ချင်းဟွေ့ တံတွေးကို ခက်ခဲစွာမျိုချလိုက်ပြီး သူမဘေးနားမှ လူငယ်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

"ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေရှန်း၊ ကျွန်မအသက်ကို ကယ်တင်ပေးလို့ပါ"

သူ့ထံတွင် ယခုလိုနည်းလမ်းများရှိနေဦးမည်ဟု သူမ စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။ ပြီးခဲ့သည့် အကြိမ်က သူမကို မျက်နှာသာ မပေးခဲ့သည်မှာ မဆန်းတော့ချေ။

ထိုအတွေးဖြင့် မြောင်ချင်းဟွေ့သည် ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ ထုံရှင်းချွမ်ကို အမြန်ဆွဲကာ အဝေးသို့ ထွက်ခွာသွားလေ၏။

သူတို့နှစ်ဦး၏အသက်ရှူသံများ အစအနမကျန် ပျောက်ကွယ်သွားသော အခါမှ ရွှေရောင်တောင်ပံ ကျားသစ်သည် တည်ငြိမ်သွားပြီး ရှန်းယီ၏ လက်ချောင်းထိပ်များကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။

"ဒီဧကရာဇ် နားလည်ပြီ။ နင်နဲ့ ခုနက ကောင်လေးကနည်းလမ်းတူတူပဲ သုံးနေတာ၊ အစီအရင် ချပြီးတာနဲ့ ထွက်သွားလို့ မရတော့ဘူးမလား"

"ဒီ မဟာအစီအရင်က တကယ်ပဲ အထင်ကြီးစရာပါ"

"ဒါပေမဲ့..."

ရွှေရောင်တောင်ပံ အစင်းကိုးခုကျားသည် ခေါင်းကိုဖြည်းညှင်းစွာ မော့လိုက်ပြီး ကျားမျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေ၏။

"မိတ်ဆွေလေးရှန်း... နင် ဘယ်လို ထွက်သွားမလဲ"

အစောပိုင်းစက ကျင့်ကြံသူများထဲတွင် အစီအရင် ချသည်ကောင်နှင့် ရွှမ်စေတီတော်ပိုင်ရှင်ကသာလျှင် အနာဂတ်တွင် ခြိမ်းခြောက်မှုဖြစ်လာနိုင်ချေ ရှိလေ၏။ နတ်ဘုရားစိတ်ဝိညာဉ် ပြညီးပြည်စုံခြင်းအဆင့်မှ ထိုအရူးမဆိုလျှင် ရွှေရောင်တောင်ပံ နတ်ဆိုးဧကရာဇ်၏စိတ်ဝင်စားမှုကို ရယူရန်အရည်အချင်းပင် မရှိပေ။

သို့သော် ယခုကြည့်ရသည်မှာ ထို ၄ ယောက် ပေါင်းလိုက်လျှင်ပင် သူမရှေ့က လူငယ်လောက်ပင် အရေးမပါတော့ပေ။

တန်တယ် တန်တယ်

"..."

ရှန်းယီ သူမကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အချိန်ကို တိတ်တဆိတ် တွက်ချက်နေ၏။

အချိန်ကိုက်ဖြစ်ပြီဟု ခံစားရသောအခါမှ သူသည် လက်ကို ဝှေ့ယမ်းပြီး မဟာအစီအရင်ကို ဖျက်သိမ်းလိုက်သည်။ကြီးမားသော အနက်ရောင် နတ်ဆိုးစွမ်းမင်များကို ကြိုးမျှင်များအဖြစ် ပြောင်းလဲကာ သူ၏လက်ချောင်းထိပ်များထဲသို့ ပြန်လည် စီးဝင်စေလိုက်သည်။

"နင် ကံကြမ္မာကို လက်ခံလိုက်ပြီလား"

ရွှေရောင်တောင်ပံ အစင်းကိုးခုကျားသည် နောက်ဆုံးတွင်လွတ်မြောက်လာပြီး ယုတ်မာသော အပြုံးဖြင့် ရှေ့သို့ တိုးလာ၏။

"စိတ်ချပါ၊ဒီဧကရာဇ်က နင့်ကို သဘောပေါက် စူးစမ်းပြီးမှ သေစေပါမယ်"

အသံ မဆုံးသေးမီမှာပင်။ရှန်းယီ အကြည့်ကို ရုပ်သိမ်းလိုက်၏။

"ဟွန့်"

နောက်တစ်ခဏတွင် သူ၏အနက်ရောင် ဝတ်ရုံတစ်ထည်လုံးလေတိုက်ခတ်သကဲ့သို့ ဖောင်းကားသွားပြီး ခရမ်းရောင်နှင့်အဖြူရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ နဂါးတစ်ကောင်ကဲ့သို့ တိမ်တိုက်များဆီသို့ ထိုးတက်သွားသည်။

လေတိုက်ခတ်ပြီးတိမ်များ လှုပ်ရှားသွားပြီးနောက် ကြည်လင်တောက်ပသော ကောင်းကင်ပြာကြီးသာ ကျန်ရစ်ခဲ့၏။

"..."

ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်မှလှောင်ပြောင်သော အပြုံးမပျောက်ကွယ်သေးမီမှာပင် လူငယ်၏အရှိန်အဝါ အစအနကိုမျှ သူမ အာရုံမခံနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။

သူမ ကြောင်အစွာ ရပ်နေမိပြီး လက်သည်းကို အောက်ချလိုက်၏။

ဟွန့်...သူ... သူက ဒီဧကရာဇ်ကို ဟွန့်လို့ လုပ်ရဲတယ်။

ဒါက သူမအပေါ် ဒီလိုအထင်အမြင်သေးမှုမျိုး ပြရဲတဲ့ ဒုတိယမြောက် သတ္တဝါပဲ။

"ဒီဧကရာဇ် နင့်ကိုအရှင်လတ်လတ် အရေခွံခွာပစ်မယ်"

ဒေါသတကြီးဟိန်းဟောက်သံသည် ကောင်းကင်ယံ တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မဟာနတ်ဆိုးဧကရာဇ်၏နာကြည်းမှုကို ထုတ်ဖော်လိုက်၏။

ရွှေရောင်အလင်းတန်းများ အကြိမ်ကြိမ် ဝဲပျံနေသည်။

ခေါင်းပြတ်နေသောယင်ကောင်တစ်ကောင်ကဲ့သို့ နောက်ဆုံးတွင် သူမသည် မလိုလားသော်လည်း ယိုဝေနတ်ဆိုးဧကရာဇ်၏ ယခင် ဂူရှိရာသို့ ဦးတည်သွားလိုက်ရသည်။

လှပသောအမျိုးသမီး ပုံရိပ် မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါ။အပျက်အစီးများဘေးတွင်မတ်မတ်ရပ်နေသော ခံ့ညားသည့် ပုံရိပ်ကို သူမ မော့ကြည့်လိုက်သည်။

ထိုပုံရိပ်သည် အပျက်အစီးများကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေ၏။

ရွှေရောင်တောင်ပံ နတ်ဆိုးဧကရာဇ်၏အရှိန်အဝါကိုအာရုံခံမိသောအခါ သူ ဖြည်းညှင်းစွာ ခေါင်းလှည့်လာပြီး မျက်နှာထားတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"တော်စမ်း ဘာတွေ ဒေါသထွက်နေတာလဲ"

ရွှေရောင်တောင်ပံနတ်ဆိုးဧကရာဇ်သည် သူမ၏ ဒေါသကိုအတင်းအကျပ် ဖိနှိပ်လိုက်ပြီး နှစ်သိမ့်လိုက်၏။

"ဂူတစ်လုံးပဲလေ။ဒီဧကရာဇ်သာ မရှိရင် ဒီနေ့ နင့်အသက်ကိုတောင် ကယ်နိုင်မှာ မဟုတ်ဘူး"

ထိုစကားကိုကြားသောအခါ ရွှေရောင်မျက်လုံး ခြင်္သေ့သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အချိန်အကြာကြီး တိတ်ဆိတ်နေသည်။

"ကျေးဇူးပါပဲ"

"ဟွန့်"

ထိုစကားကို ကြားသောအခါ ရွှေရောင်တောင်ပံ နတ်ဆိုးဧကရာဇ်၏နာကြည်းစိတ်များ ထူးဆန်းစွာ ပေါ့ပါးသွားသည်။

"နင်လည်း ယဉ်ယဉ်ကျေးကျေး ပြောတတ်သားပဲ"

"ငါနဲ့ လိုက်ခဲ့၊ နင့်ကို ပြောစရာ ရှိတယ်"

သူမ ရှေ့သို့ တိုးလိုက်၏။လှုပ်ရှားမှု မရှိသည်မှာ ကြာပြီဖြစ်သောကြောင့် ကျင့်ကြံသူများကြားတွင် ဤမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာသည်ကို သူမ သတိမထားမိခဲ့ပေ။

အစီအရင်ပင် ဖြစ်စေ၊ နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ပင်ဖြစ်စေ တစ်ခုစီတိုင်းက အံ့သြစရာ ကောင်းလောက်အောင် ထူးချွန်သည်။

ထူးဆန်းသော ဓားသိုင်းကွက်ကိုလည်း လျှော့တွက်၍ မရပေ။ ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးလို့သာ ကန့်သတ်ခံထားရခြင်း ဖြစ်သည်။ မဟုတ်ပါက သေစေနိုင်လောက်သည့် အစွမ်းရှိ၏။

ယခုလိုလူမျိုးသည် သေချာပေါက် နီကျွင်းထက် မနိမ့်ကျပေ။

ကံကောင်းသည်မှာ ပြိုင်ဘက်သည် အပြည့်အဝ မရင့်ကျက်သေးခြင်းနှင့်၊ နတ်ဆိုးတစ်ထောင်ဂူတွင် ထူးကဲသော မဟာနတ်ဆိုးတစ်ကောင် ရရှိထားခြင်းကြောင့်ဖြစ်သည်။

သေချာပြုစုပျိုးထောင်လိုက်လျှင် ဤမဟာနတ်ဆိုးသည် ရှန်းလို့ဟုခေါ်သော ကျင့်ကြံသူကို ရှင်းပစ်နိုင်လိမ့်မည်။

All Chapters