← Chapters

အခန်း (၁၈၉၁-၁၈၉၄)

Vol. 101 Ch. 1891-1894

အခန်း (၁၈၉၁-၁၈၉၄)

Vol. 101 Ch. 1891-1894

အခန်း (၁၈၉၁) - ဒီဗွန်ရှိုင်းယား မြို့စားကြီး အမျက်ထွက်ခြင်း

~"ပြီးတော့ ယောက်ဖရေ... အန်းကျူ.. ခင်ဗျားကို သူ့ရဲ့ ချစ်သူအဖြစ် ရွေးချယ်ခဲ့တာဟာ သူ့ရဲ့ ဘဝမှာ အမြော်အမြင် အရှိဆုံး ဆုံးဖြတ်ချက်ပဲ ဆိုတာကို ကျွန်တော် အခုမှ ကောင်းကောင်း နားလည်သွားတော့တယ်..."

"..."

ဝုဖ်ဂန်းသည် ယဲ့ဖန်ထံသို့ စာတိုများ ဆက်တိုက် ပေးပို့နေမိလေသည်။

တစ်ချိန်တည်းမှာပင်... ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ အိမ်တော်အတွင်း၌၊ ငယ်ရွယ်လှပသော အစေခံမလေး တစ်ဦး၏ ပြုစုယုယမှုကို ခံယူနေသော မြို့စားကြီးသည် ဘတ္တလာ၏ အစီရင်ခံစာကို ကြားလိုက်ရသောအခါ မျက်နှာထား ပျက်ယွင်းသွားရလေ၏။ သူသည် အစေခံမလေးကို ချက်ချင်းပင် အပြင်သို့ ထွက်သွားရန် အမိန့်ပေးလိုက်တော့သည်။

"ယဲ့ဖန်..."

"ငါ့မှတ်ဉာဏ် မမှားဘူး ဆိုရင်... ဒီနာမည်ကို ကြားနေရတာ ဒါနဲ့ဆို အကြိမ်ကြိမ် ရှိနေပြီပဲ.. ဂျယ်ရီဘားရိုး မိသားစုရဲ့ ရတနာတွေနဲ့ ပတ်သက်ပြီး ဒီနာမည်က ဘယ်နှစ်ခါလောက်တောင် ပါဝင် ပတ်သက်နေတာလဲ..."

သူ့ရှေ့တွင် ရှိနေသော ဂျန့်မန်း ဒီဗွန်ရှိုင်းယားသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရိုသေစွာ ပြန်လည် ဖြေကြားလိုက်၏။

"မှန်ပါတယ် မြို့စားကြီး..."

"ကျွန်တော်တို့ သိရသလောက်တော့... ဂျယ်ရီဘားရိုး မိသားစုရဲ့ ရတနာတွေထဲက အဆင့် (၁၀) နေရာမှာ ရှိတဲ့ ပီကာဆိုရဲ့ 'အိပ်မက်' ပန်းချီကားကိုလည်း ဒီလူပဲ ယူသွားခဲ့တာပါ..."

"ဒါ့အပြင် မကြာသေးခင်ကမှ ဘာရွန်အင်ဒရူးရဲ့ အိမ်တော်မှာ... ဂျယ်ရီဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေထဲက အဆင့် (၅) နေရာမှာ ရှိတဲ့ ချီပိုင်ရှီရဲ့ 'ရှုခင်းပန်းချီကားချပ် (၁၂) ချပ်' ကိုလည်း ဒီလူပဲ ပိုင်ဆိုင်သွားခဲ့ပါတယ်..."

"အခု တဆက်တည်းမှာပဲ... ဒီနေ့ည ကိုဟင် လေလံအိမ်ကနေ ထွက်ပေါ်လာတဲ့ ဂျယ်ရီဘားရိုး မိသားစုရဲ့ အဆင့် (၄) ရတနာ 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' ကလည်း သူ့ဆီကိုပဲ ရောက်သွားပြန်ပါပြီ..."

"ဒီ နဂါးနိုင်ငံသားဟာ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုထဲကို ရောက်လာတာ ဒါနဲ့ဆို (၃) ကြိမ် မြောက် ရှိပါပြီ..."

"ဒါဆိုရင်တော့... ဒီလူက ငါ့မျက်စိထဲမှာ တော်တော်လေးကို ကန့်လန့် တိုက်နေပြီပေါ့လေ..." ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ မျက်ဝန်းအိမ်ထဲတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားလေတော့သည်။

ပြင်ပလောကမှ လူများမှာမူ နေမဝင်အင်ပါယာ၏ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းများ၊ အထူးသဖြင့် အကြီးဆုံး အဖွဲ့အစည်း ဖြစ်သော 'နာရေး အဖွဲ့အစည်း' ၏ နောက်ကွယ်တွင် ဤမြို့စားကြီး သို့မဟုတ် ဒီဗွန်ရှိုင်းယား မိသားစု ရှိနေသည်ကို မသိရှိကြပေ။

နာရေး အဖွဲ့အစည်းသည် ပြင်ပလောကတွင် ဂျယ်ရီဘားရိုး မိသားစု၏ ရတနာများကို အပူတပြင်း ရှာဖွေနေခြင်းမှာ ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ အမိန့်ကြောင့်သာ ဖြစ်ပေသည်။

ယခု ယဲ့ဖန်သည် သူ အမြဲတမ်း အိမ်မက်မက်နေခဲ့သော ရတနာများကို တစ်ခုပြီးတစ်ခု ယူဆောင်သွားခြင်းမှာ... ဒီဗွန်ရှိုင်းယား မိသားစုအတွက်တော့ သူတို့၏ စီးပွားရေး လမ်းကြောင်းကို ဖြတ်တောက်လိုက်ရုံတင်မက၊ သူတို့၏ မိဘကို သတ်လိုက်သကဲ့သို့ပင် ပြင်းထန်သော စော်ကားမှု တစ်ခု ဖြစ်နေလေ၏။

"နောက်ကျရင်... ယဲ့ဖန် ဆိုတဲ့ ဒီ နဂါးနိုင်ငံသားရဲ့ နောက်ခံသမိုင်းကြောင်းကို ငါ့အတွက် သေသေချာချာ စုံစမ်းပေးပါ... ဖြစ်နိုင်ရင် နဂါးနိုင်ငံမှာ ရှိတဲ့ သူ့ရဲ့ အခြေအနေတွေကိုပါ အကုန် သိချင်တယ်..."

"ငါတို့ဘက်က ကြိုတင်ပြီး စေ့စေ့စပ်စပ် ပြင်ဆင်ထားမှ ဖြစ်မယ်..."

"ဟုတ်ကဲ့ပါခင်ဗျာ..." ဂျန့်မန်း ဒီဗွန်ရှိုင်းယားက ချက်ချင်းပင် နာခံလိုက်၏။

"ပြီးတော့... ဟို ချန်လုံခေတ် 'အသက်ရှည်' ဘူးသီးပုံ ကရားအိုး သူခိုး ကိစ္စကရော ဘယ်လို အခြေအနေ ရှိလဲ..." ဒီဗွန်ရှိုင်းယား မြို့စားကြီးက ခက်ထန်သော လေသံဖြင့် မေးလိုက်ပြန်သည်။

"ရက်အတော်ကြာနေပြီနော်... ဘာတွေများ တိုးတက်မှု ရှိပြီလဲ..."

"မြို့စားကြီးရဲ့ အမိန့်အတိုင်း... အဲ့ဒီနေ့ညက ဖော့ခ်စီးတီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖော့ခ်စီးတီးမှာ ရှိတဲ့ ကိုရီးယားနိုင်ငံသားတွေ အကုန်လုံးကို စစ်ဆေးခဲ့ပါတယ်... သံသယရှိသူ မှန်သမျှကိုလည်း ဖမ်းဆီးထားပါတယ်..." ဂျန့်မန်း ဒီဗွန်ရှိုင်းယားက ပျာပျာသလဲ ခါးညွတ်၍ အစီရင်ခံလိုက်လေ၏။

"‌ဒါပေမယ့် ထူးဆန်းတာက... ရက်အတော်ကြာ စစ်ဆေးမေးမြန်းနေပေမယ့်... အခုထိ ဘာသဲလွန်စမှ မရသေးပါဘူး..."

"အဲ့ဒီနေ့က ကိုရီးယားလူမျိုးဟာ အဲ့ဒီညမှာတင် ဖော့ခ်စီးတီးကနေ လွတ်မြောက်သွားတာလား... ဒါမှမဟုတ် သူက ကိုရီးယားလူမျိုး အစစ် မဟုတ်ဘဲ၊ ထွက်ပြေးခါနီးမှာ ကိုရီးယားစကား ပြောသွားတာက တမင်သက်သက် ထောင်ချောက် ဆင်သွားတာလား ဆိုတာတော့ မသိရသေးပါဘူး..."

"ဘာပဲဖြစ်ဖြစ်... ဆက်ပြီး စုံစမ်း..." ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ မျက်နှာသည် ပို၍ပင် မှောင်မိုက်လာတော့သည်။ "ငါ့ရဲ့ ဒီဗွန်ရှိုင်းယား မိသားစုကို လာပြီး ကစားရဲတယ် ဆိုရင်တော့... မိုးကြိုးပစ်ခံရသလိုမျိုး ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံယူဖို့ စိတ်ဓာတ် ပြင်ဆင်ထားသင့်တယ်..."

"ဒါဆို... အခု ဖမ်းထားတဲ့ ကိုရီးယား သံသယရှိသူတွေကိုရော..." ဂျန့်မန်း ဒီဗွန်ရှိုင်းယားက အကဲခတ်လျက် မေးလိုက်သည်။

"အတတ်နိုင်ဆုံး စစ်ဆေးမေးမြန်း... တကယ်လို့ အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုမှ မရဘူး ဆိုရင်တော့... အဲ့ဒီနေရာမှာတင် ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ..." မြို့စားကြီးက အေးအေးဆေးဆေးပင် မိန့်ကြားလိုက်လေ၏။

"နားလည်ပါပြီ..." ဂျန့်မန်း ဒီဗွန်ရှိုင်းယားက နောက်တစ်ကြိမ် ပြန်လည် ဖြေကြားလိုက်သည်။

"နောက်ဆုံး တစ်ချက်..."

ဒီဗွန်ရှိုင်းယား မြို့စားကြီးသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ထပ်ဖြည့်ပြောလိုက်၏။

"လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု ဆီကို ဖုန်းဆက်လိုက်ဦး... ဟွတ်ခ်ရဲ့ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုက ဘယ်တော့မှ ပြီးမှာလဲ ဆိုတာကို မေးကြည့်ဦး..."

"ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး... သူက ငါနဲ့မတူတဲ့ အမြင်တစ်ခု ရှိနေလိမ့်မယ်လို့ ငါ ထင်တယ်..."

"ဟုတ်ကဲ့ပါ..."

ဂျန့်မန်း ဒီဗွန်ရှိုင်းယားက နောက်ဆုံးအကြိမ် ပြန်လည် ဖြေကြားလိုက်လေသည်။ မြို့စားကြီးထံမှ အခြား ညွှန်ကြားချက်များ မရှိတော့သည်ကို အတည်ပြုပြီးမှသာ သူသည် အမိန့်များကို ဆောင်ရွက်ရန် ထွက်ခွာသွားတော့လေသည်။

အခန်း (၁၈၉၂) - အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသလိုပါပဲ

~ထိုသို့ ၊ ဒီဗွန်ရှိုင်းယား မြို့စားကြီး အမျက်ချောင်းချောင်း ထွက်နေသည့် အချိန်၌...

ပဲလေ့စ် ဟိုတယ်၏ အထူးခန်းအတွင်း၌ ယဲ့ဖန် တစ်ယောက် အလုပ်ရှုပ်နေလေသည်။ သူသည် အန်းကျူပရင့်စ်၊ ဝုဖ်ဂန်း၊ ဆာမီယာ၊ အစ္စဘယ်လ်လာ နှင့် ကျန်လူများထံမှ စာများကို လက်နာအောင် ပြန်ကြားနေရခြင်း ဖြစ်၏။

'ဒီနေ့ည ကိုယ် အခွင့်အရေး ရခဲ့တာက မင်းလို ချစ်စရာကောင်းတဲ့ ကံကောင်းစေတဲ့ နတ်သမီးလေးကြောင့်ပါ...' ဒါကတော့ အန်းကျူပရင့်စ်ထံသို့ ပို့လိုက်သည့် စာပြန်ဖြစ်လေသည်။

'နောက်တစ်ခါကျရင်တော့ ခေါ်သွားမှာပေါ့... ‌ဒါပေမယ့် နောက်တစ်ခါမှာလည်း ခုလိုမျိုး ဖြစ်ချင်မှ ဖြစ်မှာနော်...' ဒါကတော့ ဝုဖ်ဂန်းအတွက် ဖြစ်၏။

'ဟာဗျာ... အရမ်းကြီး စိတ်ထဲ မထားပါနဲ့...' ဒါကတော့ ဆာမီယာထံသို့ ပြန်လိုက်သည့် စာပင်။

'နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့်တွေက တော်တော် အားလပ်နေကြတာပဲ... အဖွဲ့အစည်းက ပေးထားတဲ့ အလုပ်တွေက နည်းနေလို့ ထင်တယ် နော်..' ဒါကတော့ အစ္စဘယ်လ်လာအတွက် နောက်ပြောင်လိုက်ခြင်း ဖြစ်ချေသည်။

ဤလူများ၏ စာများကို ပြန်ကြားပြီးနောက် ယဲ့ဖန် ခေတ္တမျှ အနားယူရန် ပြင်လိုက်စဉ်မှာပင် ဖုန်းတစ်ချက် ဝင်လာပြန်၏။

ခေါ်ဆိုသူမှာ 'မေရို့ထျန်းချန် ဆေးဘက်ဆိုင်ရာ အလှအပ အုပ်စု' ၏ တာဝန်ခံ ဥက္ကဋ္ဌ 'ရွှယ်လီ' ပင် ဖြစ်လေသည်။

'ဒီ အမှုဆောင် အရာရှိချုပ် အချောလေးနဲ့ မတွေ့ဖြစ်တာ တော်တော် ကြာသွားပြီပဲ...'

သူမ ဖုန်းဆက်လာသည်ကို မြင်သောအခါ ယဲ့ဖန် စာပြန်နေခြင်းကို ရပ်တန့်လိုက်ပြီး ဖုန်းကို ဖြေကြားလိုက်တော့သည်။

"သူဌေး... ဂုဏ်ယူပါတယ်ရှင်... နောက်ထပ် လာဘ်ကြီးတစ်ချက် ပွင့်သွားပြန်ပြီနော်... အခုဆို ဖော့ခ်စီးတီး အထက်တန်းလွှာ လောကမှာ သူဌေးရဲ့ နာမည်က ဟိုးဟိုးကျော်နေပြီ..."

ဖုန်းဝင်သွားသည်နှင့် ရွှယ်လီ၏ ရင်းနှီးလှသော အသံချိုချိုလေး ထွက်ပေါ်လာလေသည်။

"သတင်းက တော်တော် မြန်တာပဲ... မင်းတောင် သိနေပြီလား..." ယဲ့ဖန်က ခပ်ပြုံးပြုံးပင် တုံ့ပြန်လိုက်၏။

"သတင်းမြန်တာထက်... ဒီကိစ္စက အရမ်းကို တုန်လှုပ်စရာ ကောင်းလွန်းလို့ပါ သူဌေးရယ်..." ဖုန်းတစ်ဖက်မှ ရွှယ်လီသည်လည်း မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။ "ဒေါ်လာ သန်း (၁၀၀) နီးပါး တန်တဲ့ ရတနာကြီးလေ... ပြီးတော့ အဲ့ဒါက ဖော့ခ်စီးတီးမှာရှိတဲ့ ရတနာ မုဆိုးတွေ အကုန်လုံး အပူတပြင်း လိုက်ရှာနေကြတဲ့ အရာကြီး မဟုတ်လား..."

"သူဌေးက အဲ့ဒါကို ဒီလောက် ထူးထူးခြားခြား ရှာတွေ့ခဲ့တာဆိုတော့..."

"သူဌေး မသိသေးဘူး ထင်တယ်... ဒီသတင်းက အခု ဖော့ခ်စီးတီး အထက်တန်းလွှာတွေကြားမှာ ဒဏ္ဍာရီတစ်ခုလို ဖြစ်နေပြီ... အနည်းဆုံး နောက်ထပ် ရက်အနည်းငယ်အထိ လူတိုင်းက ဒီအကြောင်းကိုပဲ ပြောနေကြဦးမှာ..."

"ဒီလို ဖြစ်မယ်မှန်း သိရင်... ကျွန်တော် နည်းနည်းလောက် ပိုပြီး လျှို့လျှို့ဝှက်ဝှက် နေခဲ့ပါတယ်..." ယဲ့ဖန်က တစ်ဝက်နောက်သယောင် ပြောလိုက်လေ၏။

သူ၏ စွမ်းရည်အရဆိုလျှင် ထင်ပေါ်ကျော်ကြားအောင် နေနိုင်သော်လည်း...

နဂါးနိုင်ငံ၏ ဆိုရိုး တစ်ခု ရှိသည် မဟုတ်ပါလော။ 'ကြွယ်ဝမှုကို တိတ်တဆိတ်သာ တည်ဆောက်ပါ' ဟူ၍။

ထို့အပြင် 'နယူးစတန်' နှင့် 'လန်ရှင်းယွဲ့' တို့ ပါဝင်နေသည့် လျှို့ဝှက်အဖွဲ့အစည်းကလည်း သူ့အပေါ် အတိုင်းအတာ တစ်ခုအထိ ဖိအားပေးနေဆဲ ဖြစ်သည်။

ဖြစ်နိုင်လျှင် သူသည် အချိန်အများစုကို အေးအေးဆေးဆေးသာ ကုန်ဆုံးလိုပြီး၊ လူအများ၏ အာရုံစိုက်မှုကို မခံချင်သေးပေ။

"သူဌေးကလည်း နောက်နေပြန်ပြီ... ဒီလိုမျိုး လူတကာ သိအောင် မျက်နှာပြခွင့် ရဖို့ဆိုတာ လူတိုင်းအတွက် အခွင့်အရေး မဟုတ်ပါဘူးနော်..." ရွှယ်လီက ဖုန်းထဲမှတဆင့် ချော့မော့ပြောဆိုလိုက်လေသည်။

"နောက်တာ မဟုတ်ပါဘူး..." ယဲ့ဖန် ခေါင်းအသာခါလိုက်ပြီး လိုရင်းကို လှည့်လိုက်၏။ "ထားပါတော့... အဲ့ဒါတွေ ပြောမနေနဲ့တော့..."

"အခုလို အချိန်မျိုးမှာ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်ဆိုတော့... ဒီအကြောင်းတွေ ပြောဖို့တင် မကဘဲ၊ တခြား အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိဦးမှာပေါ့... ဟုတ်တယ်မလား..."

"မှန်လိုက်လေ သူဌေးရယ်... သူဌေးကတော့ အမြဲတမ်း ထက်မြက်နေတာပဲ..." ရွှယ်လီက ထပ်မံ မြှောက်ပင့်လိုက်ပြန်သည်။ "သူဌေး... အရင်တုန်းက ကျွန်မ ပြောပြခဲ့တာကို မှတ်မိသေးလားဟင်... ပုံမှန်အားဖြင့် နှစ်နှစ်တစ်ကြိမ်လောက်ဆိုရင် နေမဝင်အင်ပါယာမှာရှိတဲ့ သက်ရှိသိပ္ပံ သုတေသန အင်စတီကျု တချို့က ကျွန်မတို့ကို သူတို့ရဲ့ ဓာတ်ခွဲခန်းတွေဆီ ဖိတ်ခေါ်တတ်ကြတယ်လေ... သူတို့ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို ပြသပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒါမှမဟုတ် ထောက်ပံ့မှု ရယူဖို့အတွက်ပေါ့..."

"ဒါပေါ့... မှတ်မိတာပေါ့..." ယဲ့ဖန်၏ မျက်လုံးများ လင်းလက်သွားရ၏။ ဖော့ခ်စီးတီးရှိ ထိပ်တန်း သုတေသန အင်စတီကျုများထံမှ ဖိတ်စာရလျှင် သူ့ကို ချက်ချင်း အသိပေးရန် ရွှယ်လီကို သူ မှာထားခဲ့သည် မဟုတ်ပါလော။

ထို သုတေသန အင်စတီကျုများ၏ နောက်ကွယ်တွင် နယူးစတန်တို့ အဖွဲ့အစည်းနှင့် ပတ်သက်သည့် သဲလွန်စများ ရှိနေနိုင်သည်ဟု သူ ယုံကြည်နေသည်။ သူသည် ထိုနေရာများသို့ သွားရောက်ကာ သဲလွန်စများ တူးဖော်လိုနေခြင်း ဖြစ်၏။

"ဒီနေ့ပဲ ကျွန်မတို့ဆီ ဖိတ်စာတစ်စောင် ရောက်လာတယ် သူဌေး... နေမဝင်အင်ပါယာမှာ အကောင်းဆုံးလို့ ဆိုရမယ့် 'လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု' ဆီကပါ..." ရွှယ်လီက ဖုန်းထဲမှ လေးနက်စွာ ပြောလိုက်လေသည်။

"လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျုက သဘက်ခါကျရင် သူတို့ရဲ့ သုတေသန ရလဒ်အချို့ကို ပြပွဲ လုပ်မှာတဲ့... သူဌေး အားရင် ကျွန်မတို့နဲ့အတူ လိုက်ခဲ့ပါလားရှင်..."

---

အခန်း (၁၈၉၃) - ချန်းဖေးအယ် ရောက်လာခြင်း

~"ကျွန်တော် အားပါတယ်..." ယဲ့ဖန် တွန့်ဆုတ်မနေဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။

ဒါဟာ တစ်သက်မှာ တစ်ခါ ကြုံခဲလှတဲ့ အခွင့်အရေး မဟုတ်ပါလော။ အားမနေရင်တောင်မှ အချိန်ကို အတင်း ညှစ်ထုတ်ပြီး သွားရမည့် ကိစ္စမျိုးပင် ဖြစ်သည်။

သူသည် လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျုနှင့် တိုက်ရိုက် မပတ်သက်ဖူးသော်လည်း၊ အန်းကျူပရင့်စ်နှင့် အစ္စဘယ်လ်လာတို့ ပြောနေကြသည်ကို ကြားဖူးခဲ့သည်။

၎င်းသည် နေမဝင်အင်ပါယာတွင် အလွန် ကျော်ကြားသော ဇီဝ သုတေသန အင်စတီကျု တစ်ခုဖြစ်ပြီး၊ မြို့စားမျိုးနွယ် အများအပြားနှင့်လည်း နီးကပ်သော ဆက်ဆံရေး ရှိသည်ဟု ဆို၏။

ဤကဲ့သို့သော နေရာမျိုးသို့ ဝင်ရောက်ခွင့်ရသည့် အခွင့်အရေးကို ငြင်းပယ်မည့်သူမှာ အရူးသာ ဖြစ်ပေလိမ့်မည်။

"ဒါဆိုရင်... နောက်ကျရင် သူဌေး ရှိနေတဲ့ လိပ်စာလေး ပို့ပေးထားပါဦးနော်... သဘက်ခါကျရင် ကျွန်မ လာကြိုပါ့မယ်..." ရွှယ်လီက ဖုန်းထဲမှ ကပျာကယာ မှာကြားလိုက်လေသည်။

"ကောင်းပြီလေ..." ယဲ့ဖန် ချက်ချင်းပင် ပြန်ကြားလိုက်၏။ ဖုန်းချပြီးနောက် သူ တည်းခိုရာ ပဲလေ့စ် ဟိုတယ်၏ တည်နေရာကို သူမထံသို့ ပေးပို့လိုက်တော့သည်။

သူ စာပို့ပြီး သိပ်မကြာမီမှာပင် ရင်းနှီးနေသော ဖုန်းနံပါတ် တစ်ခုထံမှ ခေါ်ဆိုမှု ဝင်လာပြန်၏။

ချန်းဖေးအယ်...။

ဒီနံပါတ်ကို မြင်လိုက်ရသည့် တခဏ၌ ယဲ့ဖန် ကြိုတင် ခန့်မှန်းမိလိုက်သည်။

သူ ဖုန်းကို ကိုင်လိုက်ပြီးနောက်... "နေဦး... မင်းလည်း 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' အကြောင်း ပြောဖို့ ဖုန်းဆက်တာတော့ မဟုတ်ပါဘူးနော်..." ဟု အလျင်ဦးစွာ ပြောလိုက်လေ၏။

"ဒီနေ့ ဒီကိစ္စနဲ့တင် ကိုယ် ဖုန်းတွေ ဖြေရတာရော၊ စာတွေ ပြန်ရတာရော ခေါင်းကို ကိုက်နေပြီ..."

"အဟင်း..တစ်စိတ်တစ်ပိုင်းတော့ ပါတာပေါ့... ‌ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး..." ဖုန်းတစ်ဖက်မှ ချန်းဖေးအယ်၏ လေသံတွင် မဖုံးကွယ်နိုင်သော ရယ်သံလေး စွက်နေလေသည်။

သူမသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားသကဲ့သို့ ဆက်မေးလိုက်၏။ "အခု ရှင် ဘယ်မှာလဲ..."

"ကျွန်မ ရှင့်ကို လူကိုယ်တိုင် တွေ့ပြီး စကားပြောချင်လို့..."

"ပဲလေ့စ် ဟိုတယ်မှာ... လာခဲ့လိုက်လေ..." ယဲ့ဖန်သည် သူမ ပြောစရာ အရေးကြီး ကိစ္စတစ်ခုခု ရှိနေသည်ဟု ခန့်မှန်းလိုက်ပြီး သူ၏ တည်နေရာကို အသိပေးလိုက်လေသည်။

ဖုန်းပြောပြီးသွားသောအခါ ယဲ့ဖန်ကို တိတ်တဆိတ် ပြုစုပေးနေသော ဖူမာကျန်းဝူသည် တစ်စုံတစ်ခုကို သတိရသွားပုံ ရသည်။ သူမသည် ပတ်ဝန်းကျင်ရှိ သူမ၏ သဲလွန်စများကို ရှင်းလင်းလိုက်ပြီးနောက်... "သခင်... ဖူမာ အပြင်ခဏ ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်နော်..." ဟု ဦးဆောင်၍ ပြောလိုက်လေ၏။

"ဖော့ခ်စီးတီးကို ရောက်နေတာ ရက်အနည်းငယ် ရှိပြီ ဆိုပေမယ့်... ဒီက ညအလှကို သေသေချာချာ မကြည့်ရသေးဘူးလေ..."

ဖူမာကျန်းဝူသည် သူနှင့် ချန်းဖေးအယ်တို့ လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန်အတွက် တမင် ရှောင်ပေးခြင်း ဖြစ်ကြောင်း ယဲ့ဖန် နားလည်လိုက်သည်။

သူသည် ခေါင်းညိတ် သဘောတူလိုက်ပြီး၊ သူမအတွက် ဖော့ခ်စီးတီး သုံးငွေအချို့ကို ထုတ်ပေးလိုက်၏။ "အပြင်မှာ သတိထားဦးနော်..."

"ပတ်ကြည့်ပြီးရင်လည်း သိပ်မနောက်ကျစေနဲ့ဦး..."

"သိပါပြီရှင်... ကျေးဇူးတင်ပါတယ် သခင်..." ဖူမာကျန်းဝူက ချိုသာစွာ ပြုံးပြလိုက်လေသည်။ သူမသည် ငွေများကို ယူဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားတော့၏။

မထွက်ခွာမီ သူမ ရှိနေခဲ့သည့် အငွေ့အသက်များကိုပါ သေသေချာချာ ဖျောက်ဖျက်သွားခဲ့လေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် တံခါးခေါက်သံ ထပ်မံ ထွက်ပေါ်လာပြန်၏။

ရင်းနှီးလှသော နဂါးနိုင်ငံ လေယူလေသိမ်းဖြင့်... "သူဌေး... အခန်းထဲမှာ ရှိလားဟင်..." ဟူသော အသံကို ကြားလိုက်ရလေသည်။

ယဲ့ဖန် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။

ချန်းဖေးအယ်၏ ပရော်ဖက်ရှင်နယ် ဆန်မှုကတော့ တကယ်ပင် ချီးကျူးစရာ ကောင်းလှပေသည်။

ဤအချိန်မျိုးမှာပင် သူမသည် 'မေပယ်ရွက် စံအိမ်' ၏ ပိုင်ရှင်ဖြစ်သူ ယဲ့ဖန်၏ လက်ထောက် (အပြင် ချစ်သူ) တစ်ဦးအဖြစ် ဟန်ဆောင်ရန် မမေ့လျော့ပေ။

ယဲ့ဖန် တံခါးဝသို့ လျှောက်သွားပြီး ဖွင့်ပေးလိုက်သည်။ ချန်းဖေးအယ်သည် ရုံးသုံး ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး၊ လက်ထဲတွင်လည်း စာရွက်စာတမ်းတွဲများနှင့် လက်ဆွဲအိတ် တစ်လုံးကို ကိုင်ဆောင်ထားလေ၏။ သူမသည် ရိုသေသမှုဖြင့် နှုတ်ဆက်လိုက်သည်။

"သူဌေး... အခုလို ညနောက်ကျမှ လာနှောင့်ယှက်မိတာ တောင်းပန်ပါတယ်ရှင်..."

ယဲ့ဖန်သည် သူမ ဟန်ဆောင်နေဆဲ ဖြစ်မှန်း သိသဖြင့်၊ လမ်းဖယ်ပေးကာ အထဲသို့ ဖိတ်ခေါ်လိုက်လေသည်။ ချန်းဖေးအယ် အခန်းထဲသို့ ရောက်ရှိသွားသောအခါ သူ တံခါးကို ပြန်ပိတ်လိုက်ပြီး မေးလိုက်၏။ "ဘာတွေ ဖြစ်လို့လဲ..."

"ဘာလို့ ဒီလောက် ညနက်မှ ကိုယ့်ဆီကို အပြေးအလွှား လာရတာလဲ..."

"ကျွန်မလည်း မလာချင်ပါဘူး... ‌ဒါပေမယ့် အခြေအနေက ဖြစ်လာတာလေ..."

ချန်းဖေးအယ်၏ မျက်နှာတွင်လည်း စိတ်ပျက်အားငယ်ရိပ်များ ဖြတ်ပြေးသွားရှာသည်။

"ပြောရမယ်ဆိုရင်... ဒီ နေမဝင်အင်ပါယာရဲ့ လုံခြုံရေးက တော်တော်လေးကို ညံ့ဖျင်းတာပဲ... ဖော့ခ်စီးတီးလို မြို့တော်မှာ၊ ပြီးတော့ ပဲလေ့စ် ဟိုတယ်လို စည်ကားတဲ့ နေရာမျိုးမှာတောင်... ကျွန်မကို လာပြီး ကပ်ချင်တဲ့လူတွေ တစ်ယောက်မက တွေ့ခဲ့ရတယ်... ခုနကဆိုရင် နောက်ကနေ တိတ်တဆိတ် လိုက်လာတဲ့ လူတောင် ရှိသေးတယ်ကွယ်..."

"ပင်ပန်းသွားပြီနော်..." ယဲ့ဖန်က သူမအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်လေသည်။ "ဒါဆိုရင်လည်း... ကိုယ်တို့ ပြောစရာရှိတာ မြန်မြန်ပြောပြီး မင်းလည်း မြန်မြန် ပြန်နားလိုက်တော့လေ..."

"သိပ်ပြီး နောက်ကျသွားရင်... မကောင်းတဲ့လူတွေက ပိုပြီးတော့ သောင်းကျန်းလာလိမ့်မယ်..."

"ကောင်းပြီလေ... ဒါဆိုရင်တော့ ကျွန်မ လိုရင်းကိုပဲ ပြောပါတော့မယ်..." ချန်းဖေးအယ်သည် ရေတစ်ငုံ သောက်လိုက်ပြီးနောက်၊ သူမ၏ မျက်နှာပေါ်မှ စိတ်ပျက်မှုများကို ဖယ်ရှားလိုက်လေသည်။

"ရှေ့ဆက်ပြီး ရှင် ဘာတွေ လုပ်ဖို့ စီစဉ်ထားလဲ…”

အခန်း (၁၈၉၄) - မူလရည်ရွယ်ချက်ကို မမေ့ပါနဲ့

~"ဟင်... အစီအစဉ် ဟုတ်လား..."

အစပိုင်းတွင် ယဲ့ဖန်သည် ချန်းဖေးအယ်၏ မေးခွန်းကို ချက်ချင်း သဘောမပေါက်မိပေ။

"တို့တွေရဲ့ တာဝန်လေ..."

ချန်းဖေးအယ်က သူ့ကို မျက်စောင်းတစ်ချက် ပစ်သွင်းလိုက်လေသည်။

"မေ့သွားပြီလို့တော့ မပြောနဲ့ဦးနော်... နိုင်ငံခြားကို ရောက်နေတဲ့ တို့နိုင်ငံရဲ့ အဖိုးတန် ရတနာတွေကို တတ်နိုင်သမျှ ပြန်သိမ်းဆည်းဖို့လေ... ပြီးတော့ အရေးကြီးဆုံးက ဂျယ်ရီဘားရိုး လုယူသွားတဲ့ 'ကိုးပြည်ထောင် ဖို' ကို ပြန်ရှာဖို့ မဟုတ်လား..."

"ဒီအတောအတွင်းမှာ ရှင်က ပီကာဆိုရဲ့ 'အိပ်မက်' ပန်းချီကား၊ သွမ့်ဟွမ် ရွှေဗုဒ္ဓ ရုပ်ပွား၊ ဝီလျံဆန် ပန်းရောင်စိန်၊ 'အသက်ရှည်' ဘူးသီးပုံ ကရားအိုးနဲ့ 'ဂရပ်ဖ် စိန်ရောင်စုံ နာရီ' တွေကို ရခဲ့တယ်ဆိုတော့... အောင်မြင်မှုတွေ အများကြီး ရခဲ့တယ်လို့ ပြောလို့ရပါတယ်... ‌ဒါပေမယ့် 'ကိုးပြည်ထောင် ဖို' နဲ့ ပတ်သက်တဲ့ သဲလွန်စကျတော့ အခုထိ ဘာမှ မထူးခြားသေးဘူးနော်..."

"ဒီအပေါ်မှာ ရှင် ဘယ်လို မြင်လဲ..."

ထိုအခါမှသာ ယဲ့ဖန်သည် သူမ၏ စိတ်စေတနာကို နားလည်သွားတော့သည်။

အမှန်စင်စစ်... ချန်းဖေးအယ် စာရင်းပြုစုပြခဲ့သည့် အရာများအပြင်၊ သူသည် မကြာသေးခင်ကမှ 'အာရှပုလဲ' နှင့် ချီပိုင်ရှီ၏ 'ရှုခင်းပန်းချီကားချပ် (၁၂) ချပ်' တို့ကိုလည်း ရရှိခဲ့ပြီး ဖြစ်ချေသည်။

သို့သော် သူသည် ထိုအရာများကို သီးသန့် ထုတ်မပြောခဲ့ပေ။ သူက ခေါင်းအသာညိတ်ပြလိုက်ပြီး...

"ကိုယ်လည်း 'ကိုးပြည်ထောင် ဖို' နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို တက်တက်ကြွကြွ ရှာဖွေနေပါတယ်... ‌ဒါပေမယ့် အခု လက်ရှိ အခြေအနေကိုလည်း မင်း သိမှာပါ... ဈေးကွက်ထဲမှာ ဒီဖိုနဲ့ ပတ်သက်တဲ့ သတင်းအစအန တစ်ခုမှ ထွက်မလာသေးဘူး..."

ယခုအခါတွင် ယဲ့ဖန်၏ အဆက်အသွယ်များသည် ဖော့ခ်စီးတီး တစ်ခုလုံးတွင် နှံ့စပ်နေပြီ ဖြစ်၏။

ဥပမာအားဖြင့်... ဖော့ခ်စီးတီး၏ ထိပ်တန်း မြို့စားကြီးများ ဖြစ်ကြသော အန်းကျူ မိသားစု၊ ဘက်ကင်ဟမ် မိသားစု၊ အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း နှင့် မီလီ တို့သည် သူ၏ မိတ်ဆွေရင်းချာများ ဖြစ်နေကြလေ၏။

ထို့ပြင် သူ၏ မျက်စိနှင့် နားများမှာလည်း မနည်းလှပေ။ မှောင်ခိုလောကမှ ‘'ကြွယ်ဝခြင်း အသင်း' နှင့် ဒီဗွန်ရှိုင်းယားဟွတ်ခ် တိတ်တဆိတ် ထိန်းချုပ်ထားသော လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း...

သတင်းအချက်အလက် စုဆောင်းရာတွင် ကျွမ်းကျင်လှသော 'စမတ် သတင်းအတိုင်ပင်ခံ ကုမ္ပဏီ' လည်း ရှိနေသေးသည်။

သာမန် အခြေအနေမျိုးတွင် 'ကိုးပြည်ထောင် ဖို' နှင့် ပတ်သက်သည့် တစ်စုံတစ်ရာသည် ဖော့ခ်စီးတီး သို့မဟုတ် နေမဝင်အင်ပါယာအတွင်း၌ ရှိနေပါက၊ သူ၏ အာရုံစိုက်မှုမှ လွတ်ကင်းသွားစရာ အကြောင်းမရှိပေ။

ချန်းဖေးအယ်သည် ယဲ့ဖန်၏ စွမ်းရည်နှင့် အရှိန်အဝါကို သိရှိပြီး ဖြစ်သဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

"အမှန်တော့... အဲ့ဒါကလည်း တို့ အခု ရှင့်ဆီ လာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ..."

"တို့လည်း ရသမျှ အဆက်အသွယ်တွေ အကုန်သုံးပြီး သတင်းတွေ စုဆောင်းနေတာပဲ... ‌ဒါပေမယ့် ရလဒ်ကတော့ အရမ်း နည်းလွန်းတယ်... ပြောရရင် ဘာမှ မရသလောက်ပဲ..."

"သွမ့်ဟွမ် ရွှေဘုရား ထွက်ပေါ်လာပြီးကတည်းက... ဖော့ခ်စီးတီး တစ်ခုလုံးမှာ ရှိနေတဲ့ 'နာရေး အဖွဲ့အစည်း' က လူတွေ အစပျောက်သွားသလိုပဲ... တခြား ရွှေရှာသူ အဖွဲ့တွေလည်း ဒီအခွင့်အရေးကို အသုံးချပြီး ပုန်းနေကြပုံရတယ်... ဖော့ခ်စီးတီးရဲ့ မှောင်ခိုလောက တစ်ခုလုံးက တိတ်ဆိတ်နေတာ ကြာပြီ..."

"ဘာလှုပ်ရှားမှုမှ မရှိဘူးဆိုတာ... ဘာသဲလွန်စမှ မရှိဘူးလို့ ဆိုလိုတာပဲ..."

"တို့တွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ 'ကိုးပြည်ထောင် ဖို' ကို ထားလိုက်ပါဦး... ဂျယ်ရီဘားရိုး မိသားစုဆီက ပြန့်ကျဲနေတဲ့ တခြား ရတနာတွေတောင်မှ အကုန် အစပျောက်ကုန်ပြီ..."

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ "ဒါဆို... ကိုယ့်ဆီ လာတာ ဘာလုပ်ဖို့ စဉ်းစားထားလို့လဲ..."

"တို့ ထင်တာကတော့... တို့ဘက်ကနေ ဦးဆောင်ပြီး တိုက်စစ်ဆင်သင့်တယ်လို့ မြင်တယ်..." ချန်းဖေးအယ်၏ မျက်ဝန်းများ ဝင်းလက်သွား၏။

"အခု အခြေအနေက သဘာဝ မကျဘူးလေ..."

"'အသက်ရှည်' ဘူးသီးပုံ ကရားအိုးက ဒီဗွန်ရှိုင်းယား မြို့စားကြီးရဲ့ အိမ်တော်မှာ ရှိနေခဲ့တယ် ဆိုမှတော့... တခြား ရတနာတွေလည်း ဒီလို အင်အားကြီး မိသားစုတွေရဲ့ လက်ထဲမှာ ရှိနေနိုင်တယ်လို့ တို့ ယုံကြည်တယ်..."

ယဲ့ဖန်သည် ချန်းဖေးအယ်၏ အတွေးအမြင်ကို အတိုင်းအတာ တစ်ခုအထိ သဘောပေါက်လိုက်သည်။

"အင်း... ဆက်ပြောပါဦး..."

"တို့ရဲ့ စုံစမ်းစစ်ဆေးတဲ့ ပုံစံနဲ့ လမ်းကြောင်းကို ပြောင်းလဲဖို့ တို့ ဆုံးဖြတ်လိုက်ပြီ... ဟိုတုန်းက 'သူဌေးဆန့်ကျင်ရေး မဟာမိတ်' အဖွဲ့ကနေ ထွက်ပြေးလာတဲ့သူကို လိုက်လံ ဖမ်းဆီးခဲ့တဲ့ ရတနာ မုဆိုး အဖွဲ့တွေက ဘယ်သူတွေလဲ... ပြီးတော့ သူတို့နောက်ကွယ်မှာ ဘယ်သူ ရှိနေသလဲ ဆိုတာကို အရင် ရှာဖွေမယ်..." ချန်းဖေးအယ်၏ အကြည့်များသည် လေးနက်နေလေ၏။

"ဒါကို သိပြီဆိုရင်တော့... တို့တွေ သဲလွန်စအတိုင်း လိုက်ပြီး အဲ့ဒီ အင်အားကြီး အုပ်စုတွေကို ဆက်ပြီး စုံစမ်းလို့ ရမှာပေါ့..."

"အတိုချုပ် ပြောရရင်တော့... တစ်ခုခု ဖြစ်လာမှာကို ထိုင်စောင့်မနေဘဲ... တို့ဘက်ကနေ စတင် လှုပ်ရှားရမယ်..."

ယဲ့ဖန် စိတ်ထဲမှ ခေါင်းညိတ် ထောက်ခံလိုက်မိသည်။

"ဒီနည်းလမ်းက ကောင်းတယ်... ကိုယ်လည်း နည်းလမ်းရှာကြည့်ပါ့မယ်... ကိုယ့်ရဲ့ အဆက်အသွယ်တွေကို သုံးပြီး မင်းကို ကူညီ စုံစမ်းပေးမယ်လေ..."

"ကောင်းပြီ..."

ချန်းဖေးအယ်သည် အချိန်မဆွဲတော့ပေ။

"တို့တွေ နေမဝင်အင်ပါယာမှာ တရားဝင် နေထိုင်ခွင့် ရထားတဲ့ အချိန်က သိပ်မကျန်တော့ဘူး..."

"နေမဝင်အင်ပါယာရဲ့ နှစ်ပတ်လည် အလှူပွဲ လေလံပွဲ ပြီးသွားတာနဲ့... တို့တွေရဲ့ စစ်ဆင်ရေးကလည်း အဆုံးသတ်ရလိမ့်မယ် ထင်တယ်..."

"ကြည့်ရတာတော့ နောက်ထပ် (၁၀) ရက်တောင် မပြည့်တော့ဘူး... တို့တွေ မြန်မြန် လုပ်ကြမှ ဖြစ်မယ်..."

"တခြား အရာတွေက အရေးမကြီးဘူး... ဒီ (၁၀) ရက်အတွင်းမှာ 'ကိုးပြည်ထောင် ဖို' နဲ့ ပတ်သက်တဲ့ သဲလွန်စကို အမြန်ဆုံး ရှာတွေ့ပြီး ပြန်သိမ်းနိုင်အောင် ကြိုးစားရမယ်..."

All Chapters