အခန်း (၁၉၀၃-၁၉၀၆)
Vol. 101 Ch. 1903-1906
အခန်း (၁၉၀၃) - ဘတ်ကင်ဟမ် မြို့စားကြီး၏ မျက်နှာသာပေးမှု (+၁)
~"ဒီကိစ္စကို နောက်မှပဲ ပြောကြတာပေါ့ဗျာ..."
ယဲ့ဖန်သည် အနည်းငယ်သာ ပြုံးပြလိုက်ပြီး တိကျသော အဖြေမပေးခဲ့ပေ။
ဘာပဲပြောပြော... ပရော်ဖက်ဆာ ဒတ်ချ်တို ဆိုသည်မှာ လပ်ဖို့ဒ် သက်ရှိသုတေသန အင်စတီကျု၏ နယ်ပယ်အချို့တွင် ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သလို၊ နေမဝင်အင်ပါယာ၏ သက်ရှိ သိပ္ပံ သုတေသန လောကတွင်လည်း ဩဇာတိက္ကမ ကြီးမားသူ တစ်ဦး ဖြစ်ချေသည်။ ဘတ်ကင်ဟမ် မြို့စားကြီးနှင့် အစ္စဘယ်လ်လာ တို့ကပင် သူ့ကို အထင်ကြီး လေးစားကြသည် မဟုတ်ပါလော။ သို့သော် လက်ရှိအချိန်အထိ ယဲ့ဖန် အနေဖြင့် ဤလူအကြောင်းကို လေးလေးနက်နက် နားမလည်သေးပေ။
ဤလူ၏ သရုပ်မှန်နှင့် လက်တွေ့ အခြေအနေကို အဆုံးအဖြတ် ပေးနိုင်ရန်မှာ နည်းလမ်း မရှိသေးချေ။
ထို့ကြောင့် သူ့ကို အယုံအကြည် မလွန်ကဲဘဲ သတိထား ဆက်ဆံခြင်းက ပိုကောင်းသလို၊ ဆက်ဆံရေးကို စောစီးစွာ နက်ရှိုင်းအောင် မတည်ဆောက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ပရော်ဖက်ဆာ ဒတ်ချ်တို၏ ဖိတ်ခေါ်မှုကို ဝေ့လည်ကြောင်ပတ်ဖြင့် လက်ခံလိုက်ပြီးနောက်၊ ထိုလူကြီး၏ စိတ်ရှုပ်စရာ ကောင်းလောက်အောင် ကပ်တွယ်နေမှုမှ ရှောင်ရှားရန်အတွက် မာတင်ဘက်သို့ ပြန်လှည့်လိုက်လေသည်။
"မြို့စားကြီးရဲ့ မိတ်ဆွေက မကြာခင် ပြန်ကောင်းလာတော့မှာပါ ခင်ဗျာ..."
သူသည် စကားပြောနေရင်းနှင့်ပင် အလွန် ခက်ခဲပင်ပန်းစွာ မတ်တပ်ရပ်ရသကဲ့သို့ ဟန်ဆောင်လိုက်ပြီး၊ အစ္စဘယ်လ်လာ၏ တွဲကူမှုဖြင့် ခုတင်ဘေးသို့ ပြန်သွားလိုက်လေသည်။ ထို့နောက် စိုက်ထားသော ငွေအပ်များကို ဖြည်းညှင်းစွာ ပြန်လည် နှုတ်ယူလိုက်တော့၏။
ထိုအခိုက်အတန့်၌... နောက်ဆုံး ငွေအပ်ကို နှုတ်ယူလိုက်သည်နှင့် တပြိုင်နက် မာတင်၏ မျက်နှာတွင် သွေးရောင် လွှမ်းမိုးလာသည်ကို အထင်အရှား တွေ့မြင်လိုက်ရလေသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများမှာလည်း အနည်းငယ် ပွင့်ဟလာတော့သည်။
"ကျေးဇူးပါပဲ လူလေးရာ..."
"ငါ့ခန္ဓာကိုယ်ကြီးက... အသက်ပြန်ဝင်လာသလိုမျိုး ခံစားနေရတယ်..."
"ငါ အိပ်ပျော်နေတုန်းကဆိုရင်... အသံတွေကို သဲ့သဲ့လေးပဲ ကြားရတာ... ဘာကိုမှ မခံစားနိုင်သလောက် ဖြစ်နေခဲ့တာလေ... အခုတော့ မြင်လည်း မြင်ရပြီ၊ ကြားလည်း ကြားရပြီ... ခံစားလို့လည်း ရနေပြီကွ..."
"မိတ်ဆွေကြီး မာတင်!"
ဘတ်ကင်ဟမ် မြို့စားကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့် ဝမ်းသာစွာဖြင့် အပြေးအလွှား ရောက်ရှိလာလေသည်။
သို့သော် မာတင်၏ လက်ကို ဆုပ်ကိုင်ရန် ပြင်လိုက်စဉ်မှာပင်၊ ယခင်က ဖြစ်ပျက်ခဲ့သည်များကို သတိရသွားပုံ ရလေသည်။ သူသည် စကားကို ရပ်တန့်လိုက်ပြီး ယဲ့ဖန်ကို ပြန်လှည့်ကြည့်လိုက်၏။
"ယဲ့ဖန်... ငါ မာတင်ကြီးနဲ့ စကားပြောလို့ ရပြီလား..."
"သတိတော့ ထားပါ... သူ့ကို စကားအများကြီး ပေးမပြောမိစေနဲ့ပေါ့ခင်ဗျာ..."
ယဲ့ဖန်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်လေသည်။
"သူက အားနည်းနေတုန်းပဲ ရှိသေးတယ်... အနားယူဖို့ လိုအပ်သေးတယ်လေ..."
"ကောင်းပြီ... ကောင်းပါပြီ..."
ဘတ်ကင်ဟမ် မြို့စားကြီးသည် ထိုစကားကို ကြားလိုက်ရမှ စိတ်အေးသွားရပြီး မာတင်နှင့် စကားပြောရန် သွားလိုက်လေသည်။
ယဲ့ဖန်ကမူ သူ့ကို ထိုင်ခုံတွင် တွဲထိုင်ပေးရန်နှင့် အနားယူခွင့် ပြုရန် အစ္စဘယ်လ်လာကို လက်ဟန်ပြလိုက်၏။
ခေတ္တမျှ ကြာပြီးနောက်... ဘတ်ကင်ဟမ် မြို့စားကြီးသည် မာတင်နှင့် စကားပြောဆိုပြီးသွားကာ မျက်ဝန်းမှ မျက်ရည်စများကို သုတ်ဖယ်လိုက်လေသည်။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ယဲ့ဖန်၏ ဘေးနားသို့ အမြန် ပြန်လာပြီး လေးနက်စွာ ပြောကြားလေတော့သည်။
"ကျေးဇူးတင်ပါတယ် ယဲ့ဖန်..."
"ဒီနေ့ မင်း မာတင်ကြီးကို ကုသပေးခဲ့တာတွေ အကုန်လုံးကို ငါ မြင်တွေ့ခဲ့ရသလို၊ အမှတ်ရနေမှာပါ..."
"ဒီနေ့ကစပြီး... မင်းဟာ ငါ့ရဲ့ မိတ်ဆွေ၊ ငါ့ရဲ့ ထာဝရ ကျေးဇူးရှင်ပဲ..."
"မြို့စားကြီးက ယဉ်ကျေးလွန်းနေပါပြီ..."
ယဲ့ဖန်၏ မျက်နှာ အရောင်အဆင်းမှာ အတော်လေး "ပြန်ကောင်းလာ" ပြီ ဖြစ်သလို၊ အသံမှာလည်း ယခင်ကလောက် အားမနည်းတော့ပေ။
"ကျွန်တော်က တတ်နိုင်တာကို လုပ်ပေးရုံပါပဲဗျာ..."
"မဟုတ်ဘူး... ခုနက မင်းရဲ့ တုံ့ပြန်မှုတွေကို ကြည့်ရင်၊ မာတင်ကြီးကို ကယ်ဖို့အတွက် မင်း တော်တော်လေး အားထုတ်ခဲ့ရတယ် ဆိုတာ ငါ သိပါတယ်..."
ဘတ်ကင်ဟမ် မြို့စားကြီး၏ မျက်နှာထားမှာ အလွန် လေးနက် တည်ကြည်နေဆဲပင် ဖြစ်၏။
"ငါတို့ နေမဝင်အင်ပါယာက ရှေးဟောင်း မြို့စားမျိုးနွယ်တွေဟာ... ကိုယ့်ရဲ့ ကျေးဇူးရှင်ကို ဘယ်တော့မှ လစ်လျူရှုထားလေ့ မရှိပါဘူး..."
"နောက်နောင် မင်း ဘာပဲ လိုအပ်လိုအပ်... ငါ့ကို အချိန်မရွေး လာရှာလို့ ရတယ်..."
"ငါတို့ရဲ့ မူဝါဒတွေနဲ့ မဆန့်ကျင်သရွေ့... ငါ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်..."
"ကောင်းပါပြီဗျာ..."
ယဲ့ဖန်သည် ထိုစကားကို ကြားလိုက်ရသောအခါ ဟန်ဆောင်ပြီး အားနာမနေတော့ပေ။
"ဒါဆိုရင်လည်း... ကျွန်တော် အားမနာတော့ပါဘူး…”
"မြို့စားကြီးရဲ့ မိတ်ဆွေ မာတင်က နောက်ထပ် (၃) ရက်လောက် အထိတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး... သုံးရက်နေရင် ကျွန်တော် ပြန်လာပြီး သူ့ကို နောက်ထပ် တစ်ကြိမ် အပ်စိုက် ကုသပေးပါ့မယ်..."
"ဒီကြားကာလမှာတော့... သူ့ကို အာဟာရ ဖြည့်စွက်စာတွေ ပုံမှန် ထိုးပေးဖို့နဲ့... ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ၊ အိပ်စက်ခြင်းတွေ ရရှိအောင် စီစဉ်ပေးထားလိုက်ပါခင်ဗျာ..."
"နောက်တစ်ကြိမ် အပ်စိုက် ကုသပြီးသွားရင်တော့... သူက သူ့ရဲ့ မြစ်လေး မွေးလာတဲ့အထိ အသက်ရှင် နေနိုင်လောက်ပါပြီ..."
"ကောင်းပါပြီ... ကျေးဇူးပါပဲ... ကျေးဇူးအများကြီး တင်ပါတယ်ကွာ..."
ဘတ်ကင်ဟမ် မြို့စားကြီးက ပြောရင်းနှင့် အစ္စဘယ်လ်လာ ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"မင်းကိုလည်း ကျေးဇူးတင်ပါတယ် အစ္စဘယ်လ်လာ..."
"ယဲ့ဖန်လို တော်တဲ့ ဆရာဝန်မျိုးနဲ့ မိတ်ဆက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်..."
"ဒီနေ့ မင်း ကူညီခဲ့တာတွေကို ငါ မမေ့ပါဘူး..."
"မြို့စားကြီးက ယဉ်ကျေးလွန်းနေပါပြီရှင်..."
အစ္စဘယ်လ်လာက ကပျာကယာပင် ပြန်လည် နှုတ်ဆက်လိုက်လေသည်။
သို့သော် ဘတ်ကင်ဟမ် မြို့စားကြီး၏ ပုံစံမှာ အလွန် လေးနက်နေသဖြင့်... သူမ အနေဖြင့် မြို့စားကြီး၏ ကျေးဇူးတင်စကားကို လက်ခံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
ထို့နောက်တွင်တော့...၊
သူမသည် ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်လေတော့သတည်း။
အခန်း (၁၉၀၄) - ကိုယ့်တံခါးက မင်းအတွက် အမြဲ ပွင့်နေပါတယ်
~ဘာပဲဖြစ်ဖြစ်... နေမဝင်အင်ပါယာ၏ တော်ဝင်အေးဂျင့် တစ်ယောက်အဖို့၊ တော်ဝင်မိသားစုနှင့် ရင်းနှီးသော မြို့စားကြီး တစ်ယောက်၏ ကျေးဇူးတင်မှုကို ရရှိလိုက်တာဟာ ရာထူးတက်ဖို့ လမ်းစ ပွင့်သွားတာနှင့် မခြားလှပေ။
ဘတ်ကင်ဟမ် မြို့စားကြီး၏ ထောက်ခံမှုသာ ရှိမည်ဆိုလျှင်၊ တော်ဝင် လျှို့ဝှက်အေးဂျင့် အဖွဲ့အစည်းအတွင်းမှာ အစ္စဘယ်လ်လာ၏ ရာထူးတိုးတက်ရေးက အဟန့်အတား မရှိတော့သလို၊ အဖွဲ့အစည်း၏ အတွင်းရော အပြင်မှာပါ သူမ၏ လှုပ်ရှားမှုတွေက ယခင်ကထက် အများကြီး ပိုပြီး ချောမွေ့သွားတော့မှာ ဖြစ်ချေ၏။
ထိုအခိုက်အတန့်၌ ယဲ့ဖန် ၏ အံ့ဖွယ် ဆေးပညာကြောင့် သူမဟာ ကြီးမားသော အကျိုးကျေးဇူး တစ်ခုကို ရရှိလိုက်ပြီ ဖြစ်လေသည်။
ယဲ့ဖန်ကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးရုံသာ ပြုံးနေမိ၏။
သူ အနားယူ၍ ဝသွားပြီ ဖြစ်သည့်အတွက်၊ ထိုင်ရာကနေ ထပြီး ထွက်ခွာဖို့ ပြင်လိုက်လေသည်။
ဒါကို မြင်လိုက်ရသည့် အစ္စဘယ်လ်လာကလည်း ကပျာကယာပင် မတ်တပ်ထရပ်လိုက်၏။
"ခဏနေရင် ကျွန်မလည်း ဘာမှ လုပ်စရာ မရှိတော့ဘူးလေ... အဲ့ဒါ ရှင့်ကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ထမင်းတစ်နပ်လောက် ကျွေးပါရစေလား..."
ပြောပြောဆိုဆိုနှင့် သူမက ထပ်ဖြည့်ပြောလိုက်သေးသည်။ "ပြီးတော့... ရှင် ခုနက ကုသပေးရင်းနဲ့ အားအင်တွေ အများကြီး ကုန်သွားတာဆိုတော့... ကျွန်မ ရှင့်ကို လိုက်ပို့ပေးသင့်တယ်လေ..."
သူမ ပြောချင်သော အဓိက အချက်က ကျေးဇူးပြန်ဆပ်ချင်တာသာ ဖြစ်လိမ့်မည်ဟု ယဲ့ဖန် ခန့်မှန်းမိလိုက်သည်။ သူ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ "ကောင်းပြီလေ..."
"နေလည်စာ စားချိန်လည်း နီးနေပြီဆိုတော့... မင်း နှစ်သက်တဲ့ ဆိုင်တစ်ဆိုင်ကိုပဲ ရွေးလိုက်ပါ... နေမဝင်အင်ပါယာရဲ့ တော်ဝင်အေးဂျင့် တစ်ယောက်ရဲ့ အစားအသောက် အကြိုက်က ဘယ်လိုရှိမလဲဆိုတာ ကိုယ် ကြည့်ရတာပေါ့..."
"ဟုတ်ကဲ့ပါ..." အစ္စဘယ်လ်လာသည် ဝမ်းသာအားရဖြင့် ယဲ့ဖန်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်တော့သည်။
သို့သော် ထိုအခိုက်အတန့်၌ ပရော်ဖက်ဆာ ဒတ်ချ်တိုက သူတို့နောက်ကို အပြေးအလွှား လိုက်လာခဲ့၏။
"မစ္စတာယဲ့ဖန်... ခဏလောက်ပါ..."
ယဲ့ဖန် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ ပရော်ဖက်ဆာ ဒတ်ချ်တိုသည် အိတ်ကပ်ထဲမှ ကလောင်တစ်ချောင်းကို ထုတ်ယူကာ၊ စက္ကူစလေး တစ်ခုပေါ်တွင် ဖုန်းနံပါတ်တစ်ခုကို အမြန်ဆုံး ရေးခြစ်လိုက်ပြီး ယဲ့ဖန်ထံသို့ ကမ်းပေးလိုက်သည်ကို တွေ့လိုက်ရ၏။
"မစ္စတာယဲ့ဖန်...မင်းကို ငါတို့ရဲ့ 'လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျု' ကို ဝင်ဖို့ ငါ တကယ်ပဲ စိတ်ရင်းနဲ့ ဖိတ်ခေါ်ချင်တာပါ..."
"တကယ်လို့ မင်းရဲ့ အံ့ဩစရာကောင်းတဲ့ တရုတ် တိုင်းရင်းဆေး ဗဟုသုတတွေနဲ့ တို့အဖွဲ့ကို လမ်းညွှန်ပေးနိုင်မယ် ဆိုရင်တော့... တို့တွေရဲ့ သုတေသန လုပ်ငန်းတွေက အနည်းဆုံး (၁၀) နှစ်စာလောက် လမ်းလွဲတာတွေကို ရှောင်ရှားနိုင်မှာပါ.."
"ပြီးတော့ ငါတို့ရဲ့ လေးဖို့ဒ် အင်စတီကျုက အင်အားတောင့်တင်းပါတယ်... မင်း လာမယ်ဆိုရင်တော့... မင်း တောင်းဆိုတဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို ရအောင် စီစဉ်ပေးပါ့မယ်..."
"ပရော်ဖက်ဆာ ဒတ်ချ်တို... ကျွန်တော် ပြောခဲ့ပြီးသား ထင်ပါတယ်..."
ယဲ့ဖန်က ပြုံးလျက်ပင် ပြန်လည် တုံ့ပြန်လိုက်၏။
"လောလောဆယ်တော့ ကျွန်တော့်မှာ ဒီလို အစီအစဉ် မရှိသေးပါဘူးခင်ဗျာ..."
"ဒါဆိုရင်လည်း ငါ့ရဲ့ ပုဂ္ဂိုလ်ရေး အဆက်အသွယ်လေးကို သိမ်းထားပေးပါဦး..."
ပရော်ဖက်ဆာ ဒတ်ချ်တိုက စက္ကူစလေးကို ယဲ့ဖန်ထံသို့ အတင်း ထိုးပေးလိုက်လေသည်။
"တကယ်လို့ စိတ်ပြောင်းသွားခဲ့ရင်... ငါ့ဆီကို အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်..."
"လေးဖို့ဒ် သက်ရှိသုတေသန အင်စတီကျုရဲ့ တံခါးတွေက မင်းအတွက် အမြဲတမ်း ပွင့်နေမှာပါ..."
"ပြီးတော့ ငါ ခုနက ပြောသလိုပဲ... ငါတို့ အင်စတီကျုက တော်တော်လေး စွမ်းဆောင်ရည် ရှိပါတယ်... မင်း လာဖို့အတွက် ခက်ခဲတဲ့ အခြေအနေမျိုးတွေ ရှိနေရင်တောင်မှ... ငါတို့ဘက်က ဖြည့်ဆည်းပေးဖို့ အသင့်ပါပ..."
"ကျေးဇူးတင်ပါတယ်..."
ယဲ့ဖန် အများကြီး ထပ်မပြောတော့ဘဲ၊ စက္ကူစလေးကို ယူကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီး အစ္စဘယ်လ်လာနှင့်အတူ ထွက်ခွာလာခဲ့လေတော့သည်။
သူတို့နှစ်ဦး အနည်းငယ် ဝေးရာသို့ ရောက်ရှိသွားသောအခါ အစ္စဘယ်လ်လာက စကားစလိုက်၏။
"ပရော်ဖက်ဆာ ဒတ်ချ်တိုက ရှင့်ကို တကယ်ကို လေးစားသွားပုံပဲနော်..."
"ဘတ်ကင်ဟမ် မြို့စားကြီးနဲ့ ကျွန်မက သူ့ကို သိလာတာ ကြာပြီ... ဒါပေမယ့် သူ တစ်စုံတစ်ယောက်ကို ဒီလောက်အထိ ဇွဲနပဲနဲ့ လိုက်ပြီး စည်းရုံးနေတာကို တစ်ခါမှ မမြင်ဖူးဘူး..."
ယဲ့ဖန် ဘာမှ ဝင်မပြောပေ။
အစ္စဘယ်လ်လာသည်လည်း တစ်စုံတစ်ခုကို ရိပ်မိပုံ ရပြီး စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်လေသည်။
"ဒါပေမယ့်လည်း... ရှင့်ဆီမှာ ရှိတဲ့ အံ့ဖွယ် တရုတ်ဆေးပညာက သူ ဒီလောက်အထိ ကြိုးစားရကျိုး နပ်ပါတယ်လေ..."
"ခုနက ရှင် အားအင်တွေ အများကြီး ကုန်သွားတာဆိုတော့... တင့်တယ်လှပတဲ့ ပတ်ဝန်းကျင်လေးမှာ နေမဝင်အင်ပါယာရဲ့ ရိုးရာ အစားအစာ စစ်စစ်တွေကို သွားစားကြရအောင်..."
"ကျွန်မ ဆိုင်တစ်ဆိုင် သိတယ်... ပတ်ဝန်းကျင်ကလည်း အရမ်းကောင်းသလို၊ အဲ့ဒီက အာလူးချောင်းကြော်နဲ့ ငါးကြော်၊ ပြီးတော့ ကြက်ကင်ကလည်း တကယ့်ကို ထိပ်တန်း လက်ရာတွေပဲ... အစားအသောက် ဝါသနာပါတဲ့ သူတွေဆိုရင် ဘဝမှာ တစ်ခါလောက်တော့ သွားစားသင့်တယ်လို့ ပြောကြတာပဲလေ..."
"ဧည့်သည်က အိမ်ရှင် စိတ်တိုင်းကျပေါ့ဗျာ..." ယဲ့ဖန်က သူမ ဘာတွေးနေလဲ ဆိုတာ သိသဖြင့် ပြုံးလျက်ပင် လိုက်လျောလိုက်လေသည်။
သို့နှင့်၊ သူတို့နှစ်ဦးသည် အစ္စဘယ်လ်လာ၏ မာစီးဒီး ကားကြီးပေါ်သို့ တက်လိုက်ကြ၏။
ဆယ်မိနစ်ကျော်လောက် ရှင်းနှင်ပြီးနောက်၊ လက်ရာမြောက်လှသော တိုက်ပုလေး တစ်လုံး၏ ရှေ့တွင် ရပ်တန့်လိုက်လေသည်။
ကားပေါ်က ဆင်းပြီး စားသောက်ဆိုင်ထဲသို့ ဝင်သွားသောအခါ၊ ယဲ့ဖန်သည် ဤနေရာနှင့် ကျွမ်းဝင်နေသော အစ္စဘယ်လ်လာ၏ နောက်မှ လိုက်ပါသွား၏။ သူတို့သည် ဒုတိယထပ်ရှိ ပြတင်းပေါက်နားက ထိုင်ခုံတစ်ခုသို့ သွားရန် ပြင်လိုက်ကြသည်။
သို့သော် ယဲ့ဖန် အံ့အားသင့်သွားရသည်မှာ... ဒုတိယထပ်သို့ ရောက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ထိုနေရာရှိ လူအားလုံးနီးပါးသည် ရင်းနှီးနေသော ပုံရိပ် တစ်ခုကို ဝိုင်းအုံ ကြည့်ရှုနေကြသည်ကို မြင်လိုက်ရခြင်း ဖြစ်ချေ၏။
—
အခန်း (၁၉၀၅) - လူဖြစ်ချင်လား၊ ခွေးဖြစ်ချင်လား... မင်းကိုယ်တိုင် ရွေးလိုက်စမ်း
~ထိုသူမှာ လူအုပ်ကြားတွင် သိသိသာသာ ထင်ပေါ်နေသော ဖြူလွင်သည့် အသားအရေရှိသည့် အမျိုးသမီး တစ်ဦး ဖြစ်လေသည်။ သူမတွင် ဆွဲဆောင်မှု ရှိသော မျက်ဝန်းပြာလေးများ ရှိပြီး၊ အရပ်ရှည်ရှည် ၊ ညှို့ဓာတ်ပြင်းပြင်း ခန္ဓာအလှနှင့်အတူ... ဝိုင်နီရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် အခြားသူ မဟုတ်ဘဲ အလှအပဆိုင်ရာ အုပ်စု၏ ဥက္ကဋ္ဌ 'ရွှယ်လီ' ပင် ဖြစ်ချေသည်။
သို့သော်လည်း သူမသည် အခက်တွေ့နေသည့် အနေအထားသို့ ရောက်ရှိနေသည်မှာ ထင်ရှားလှ၏။ အရပ်ရှည်ပြီး ဗလတောင့်တောင့် လူတစ်ယောက်သည် အပြာရောင် နှင်းဆီပွင့်များစွာနှင့် လက်ရာမြောက်လှသော စိန်လက်စွပ် တစ်ကွင်းကို ကိုင်ဆောင်ကာ၊ သူမကို အချစ်မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
"ရွှယ်လီ... ငါ့ရဲ့ ရည်းစား လုပ်ပါ..."
"ငါ မင်းကို တကယ် သဘောကျလို့ပါ..."
"မင်းသာ ငါ့ရည်းစား လုပ်မယ်ဆိုရင်... မင်းရဲ့ ဖောက်သည်တွေကို ငါ လိုက်ပြီး မလုတော့ဘူးလို့ ကတိပေးတဲ့အပြင်... မင်း စိတ်တိုင်းကျ ဖြစ်အောင် ငါ အစွမ်းကုန် လုပ်ပေးမှာပါ..."
ခန့်ညားထွားကြိုင်းသော ထိုလူ၏ နောက်ကွယ်တွင်တော့... အနက်ရောင် ဝတ်စုံဝတ်ထားပြီး ကြည့်ရသည်နှင့်တင် မလွယ်ကူလှသော ကိုယ်ရံတော် နှစ်ဦးက ခက်ထန်သော မျက်နှာထားဖြင့် ရပ်နေကြလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှယ်လီ၏ မျက်နှာသည် အလွန်ပင် ပျက်ယွင်းသွားရရှာသည်။ သူမ ချက်ချင်းပင် ငြင်းဆန်လိုက်၏။ "ဖိလစ်... ကျွန်မ အသေအချာ ပြောပြီးသား ထင်ပါတယ်..."
"ကျွန်မတို့က မသင့်တော်ပါဘူး... ပြီးတော့ ရှင့်ရဲ့ အရင်က လုပ်ရပ်တွေနဲ့ ကျွန်မ တကယ်ပဲ လန့်ခဲ့ရတာ..."
"တခြားလူကိုပဲ ရှာလိုက်ပါဦး..."
"တို့ နေမဝင်အင်ပါယာရဲ့ ဖော့ခ်စီးတီးမှာ အလှပဂေးတွေ အများကြီး ရှိတာပဲ... ရှင် တကယ် သဘောကျမယ့် အမျိုးသမီးကို မကြာခင် တွေ့လာမှာပါ..."
"မရဘူး..."
ထို ခန့်ညားထွားကြိုင်းသော အမျိုးသား 'ဖိလစ်' က ပြတ်သားစွာ ပြောလိုက်လေသည်။
"ငါ့ကိုယ်ငါ သေချာ သိတယ်... မင်းက ငါ ပထမဆုံး မြင်မြင်ချင်း ချစ်မိသွားတဲ့ အမျိုးသမီးပဲ..."
"ငါ.. မင်းကိုပဲ လိုချင်တာ..."
"မင်းကိုသာ မရဘူး ဆိုရင်တော့... ငါ ရူးသွားလိမ့်မယ် ထင်တယ်..."
"တခြား ဘယ်အမျိုးသမီးကမှ ငါ့ကို ဒီလို ခံစားချက်မျိုး မပေးနိုင်ဘူး..."
"ကျေးဇူးပြုပြီး... ငါ့ကို အခွင့်အရေး တစ်ခုလောက် ပေးပါ... ငါ့ရဲ့ ရည်းစား လုပ်ပေးပါနော်..."
"မသင့်တော်ပါဘူးဆိုတာကို..." ရွှယ်လီက ဆက်လက် ငြင်းဆန်နေဆဲပင်။
"ကျွန်မ ခုနကပဲ ပြောပြီးပြီလေ ဖိလစ်... ရှင့်ရဲ့ လုပ်ရပ်တွေက ကျွန်မကို ကြောက်လန့်စေတယ်လို့..."
"ရှင့်ရဲ့ အချစ်က ပုံမှန် မဟုတ်ဘူး... ကြောက်ဖို့ ကောင်းလွန်းတယ်..."
"အရင်တုန်းက ညသန်းခေါင်ယံ အချိန်တွေမှာ ကျွန်မဆီကို ထူးဆန်းတဲ့ စာတွေ ပို့တာမျိုး... ကျွန်မရဲ့ ခံစားချက်ကို လုံးဝ ဂရုမစိုက်ဘဲ ကုမ္ပဏီအထိရော၊ အိမ်တံခါးဝအထိပါ ရူးရူးမူးမူး လာပြီး ဖွင့်ပြောတာမျိုး... အခုဆိုရင်လည်း မဖိတ်ခေါ်ဘဲ ရောက်လာပြီး လူအများကြီး ရှေ့မှာ ဒီလို စကားတွေ ပြော၊ ဒီလိုတွေ လုပ်နေတာက ကျွန်မကို အရမ်း အနေရခက်စေပါ။တယ်..."
"အထူးသဖြင့်... ရှင့်ရဲ့ ဖုန်းတွေ၊ လူမှုကွန်ရက် အကောင့်တွေကို ဘလော့မထားဖို့ ကျွန်မကို အတင်းအကျပ် လုပ်တာမျိုး၊ ရှင့်ကို စကားပြန်ပြောဖို့ ဖိအားပေးတာမျိုးတွေလေ... ပြီးတော့ ကျွန်မတို့ ကုမ္ပဏီရဲ့ ဖောက်သည်တွေကို တမင် လိုက်ဖြတ်ပြီး စီးပွားရေးကို တိုက်ခိုက်နေတာတွေက... ကျွန်မကို တကယ့်ကို ထိတ်လန့်စေပါတယ်..."
"ကျွန်မ ရှင့်ကို သဘောမကျပါဘူး..."
"ဒါပေမယ့်... ငါ အဲ့ဒီလိုတွေ လုပ်ခဲ့တာက မင်းကို ချစ်လွန်းလို့ပါ... ရူးမတတ် ချစ်မိလို့ပါ... မင်းလည်း ငါ့ကို ပြန်ချစ်လာစေချင်လို့လေ..."
ဖိလစ်သည် နောင်တရသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ ထိုအစား... နှစ်ကြိမ် ဆက်တိုက် အငြင်းခံလိုက်ရသဖြင့် သူသည် အနည်းငယ် ရူးသွပ်သွားသည့်ဟန် ပေါ်လာတော့သည်။
"ရွှယ်လီ... မင်း ဘာလို့ ငါ့ခံစားချက်တွေကို နားမလည်ရတာလဲ... ဘာလို့ ငါ့ကို လက်မခံနိုင်ရတာလဲ..."
"ငါက မင်းအတွက် မချောလို့လား... ဒါမှမဟုတ် ငါ့မိသားစုက မင်းရဲ့ မာနတွေကို လျှော့ချပစ်ဖို့ မလုံလောက်သေးလို့လား..."
"ငါ့ရဲ့ အဖိုးက အာလ် (Earl) တစ်ယောက် ဖြစ်ခဲ့တာလေ... ပြီးတော့ ဘတ်ကင်ဟမ် မြို့စားကြီး မိသားစုနဲ့လည်း မျိုးရိုးစဉ်ဆက် မိတ်ဆွေတွေ ဖြစ်ကြတာပဲဟာ..."
ရွှယ်လီက ထပ်မံ၍ ခေါင်းခါပြလိုက်ပြန်သည်။ "ဒါတွေက အရေးမကြီးပါဘူး ဖိလစ်..."
"ကျွန်မ အရင်ကတည်းက ပြောဖူးသားပဲ... ကျွန်မ အလေးထားတာက လူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ စရိုက်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းပဲ..."
"သူများတွေ ပေးထားတာကို အားကိုးနေရတာဟာ... ကိုယ့်အရာ မဟုတ်သေးဘူးလေ... အဲ့ဒီလူက ကိုယ့်ရဲ့ မိဘတွေပဲ ဖြစ်ဖြစ်၊ အဖိုးတွေပဲ ဖြစ်ဖြစ်ပေါ့..."
"ကျွန်မ အရင် စကားအတိုင်းပဲ... ရှင့်ကို လက်မခံနိုင်ပါဘူး..."
"ဒါဆို... မင်းက ငါ့ကို ဖိအားပေးခိုင်းနေတာပေါ့... ဟုတ်လား..."
ထိုအခိုက်အတန့်၌ ဖိလစ်သည် သူ၏ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ပေ။
သူသည် လက်ထဲမှ အပြာရောင် နှင်းဆီများနှင့် စိန်လက်စွပ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက်... ဒေါသထွက်နေသော ဝံပုလွေ တစ်ကောင်ပမာ ထရပ်လိုက်ကာ၊ ခက်ထန်ကြမ်းတမ်းသော အကြည့်များဖြင့် ရွှယ်လီကို စိုက်ကြည့်လိုက်လေတော့သည်။
"မင်းက ငါ့ကို အတင်းအကျပ် နည်းလမ်းဟောင်းအတိုင်း သုံးခိုင်းနေတာပဲ... မင်းရဲ့ အလှအပလုပ်ငန်း အုပ်စုကို ဖိနှိပ်ပစ်ပြီး၊ မင်းတို့ မိသားစု တစ်ခုလုံးကို လူ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်ပစ်မှ... မင်း ပြေးစရာ နေရာမရှိတော့မှ ကျေနပ်မှာလား... အဲ့ဒီကျမှ မင်းက ခွေးတစ်ကောင်လို ငါ့ခြေရင်းမှာ ဝပ်တွားပြီး တောင်းပန်လာတော့မှာပေါ့... ဟုတ်လား..."
"ငါ ပြောလိုက်မယ် ရွှယ်လီ... ငါ့ရဲ့ စိတ်ရှည်နိုင်စွမ်းက အကန့်အသတ် ရှိတယ်နော်..."
"အခု... မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်... ဂုဏ်ရှိရှိနဲ့ ငါ့ရည်းစား လုပ်မလား... ဒါမှမဟုတ် ငါ လှည့်ထွက်သွားပြီးရင်တော့ ငါ့ရဲ့ ခွေးတစ်ကောင်အဖြစ် နေမလား... တစ်ခု ရွေးလိုက်စမ်း..."
"..."
---
အခန်း (၁၉၀၆) - စစ်မှန်သော ရက်စက်မှုဆိုတာ ဘာလဲ
~"ဖိလစ်... ရှင် တော်တော်လေး ကြောက်ဖို့ ကောင်းနေပြီနော်..."
ထိုအချိန်တွင် ရွှယ်လီသည် ပြဿနာ၏ ကြီးမားပုံကို အသေအချာ မသိရှိသေးပုံ ရသည်။
ဖိလစ်၏ ရန်လိုသော အမူအရာကို မြင်သော်လည်း သူမက မကျေမနပ် ဖြစ်ကြောင်းသာ ထုတ်ဖော် ပြောဆိုလိုက်၏။
သို့သော် ဖိလစ်ကမူ အားလုံးကို စွန့်လွှတ်ရန် အဆင်သင့် ဖြစ်နေလေ၏။ သူက မထီမဲ့မြင် ပြုံးလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ရွှယ်လီ၏ အနားသို့ တိုးကပ်သွားလေသည်။
"ကြောက်ဖို့ ကောင်းတယ် ဟုတ်လား..."
"မင်း ပြဿနာအတိမ်အနက်ကို သဘောမပေါက်သေးဘူး ထင်တယ်..."
"အမှန်အတိုင်း ပြောရရင်... အရင်တုန်းက ငါ မင်းအပေါ်မှာ ယဉ်ကျေးပြခဲ့တာ၊ မင်းကို အထပ်ထပ် အခါခါ လက်ခံခိုင်းနေခဲ့တာက... မင်းအပေါ်မှာ မျှော်လင့်ချက်လေး ထားနေသေးလို့၊ မင်းရဲ့ နှလုံးသားကို ရချင်လို့ပဲလေ..."
"ဒါပေမယ့် အခုတော့... မင်းက လူအများရှေ့မှာ ငါ့ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီ... ငါပေးတဲ့ နောက်ဆုံး အခွင့်အရေးကိုသာ မင်း မဆုပ်ကိုင်နိုင်ဘူး ဆိုရင်တော့... ငါ့ရဲ့ ရက်စက်မှုတွေကို ပြရတော့မယ်... မင်းရဲ့ နှလုံးသားကိုလည်း ငါ တောင်းဆိုနေမှာ မဟုတ်တော့ဘူး..."
"အဲ့ဒီအချိန်ကျရင်... စစ်မှန်တဲ့ ရက်စက်မှု ဆိုတာ ဘာလဲဆိုတာကို မင်း သိစေရမယ်..."
ထိုအခိုက်အတန့်၌ ရွှယ်လီ၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားရလေ၏။ သူမ၏ အသံတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ စွက်ဖက်လာတော့သည်။
"ဒါဆို... ဖိလစ်... ရှင် တကယ်ပဲ ဘာလုပ်ချင်နေတာလဲ..."
"ငါ ဘာလုပ်ချင်လဲ ဟုတ်လား... ငါ မင်းကို သိမ်းပိုက်ပစ်မှာပေါ့လေ..."
ဖိလစ်က သူ၏ ရူးသွပ်မှုကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိပေ။
"မင်းကို အရှက်ရဆုံး နည်းလမ်းမျိုးနဲ့ ငါ ဖျက်ဆီးပစ်မှာ..."
"မင်းသာ ဒီနေ့ ငါ့ရဲ့ အချစ်ကို လိမ္မာပါးနပ်စွာ လက်မခံဘူး ဆိုရင်တော့... ငါ ခုနက ပြောခဲ့သလိုပဲ... မင်းရဲ့ မေရို့ထျန်းချန် အလှအပဆိုင်ရာ အုပ်စုကို ငါ အမြစ်ပြတ် ဖိနှိပ်ပစ်မယ်၊ မင်းတို့ မိသားစု တစ်ခုလုံးကိုလည်း လူတောမတိုးအောင် လုပ်ပစ်မယ်... မင်းတို့ မိသားစု တစ်ခုလုံး ပြေးစရာ မြေမရှိအောင် ငါ လုပ်ပြီးရင်... မင်းက ငါ့ခြေရင်းမှာ ဒူးထောက်ပြီး ငါ့ရဲ့ ခွေးတစ်ကောင် ဖြစ်ပါရစေလို့ တောင်းပန်လာစေရမယ်..."
"အဲ့ဒီအချိန်ကျရင်... မင်း ငါ့ဆီကနေ ဘာအချစ်မှ ရမှာ မဟုတ်သလို... လူသား တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ဂုဏ်သိက္ခာ တစ်စက်ကလေးတောင် ကျန်မှာ မဟုတ်ဘူး..."
သူ့စကားကြောင့် ရွှယ်လီ၏ မျက်နှာသည် အလွန်ပင် ပျက်ယွင်းသွားရုံသာမက၊ ဘေးပတ်ဝန်းကျင်မှ စားသုံးသူများပင်လျှင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။
"ဒီလူက တော်တော်လေးကို မောက်မာပြီး ဗိုလ်ကျလွန်းတာပဲ..."
"သူက ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံပဲနော်..."
"အချစ်ကို ရဖို့အတွက် အလှပဂေးလေး တစ်ယောက်ကို လိုက်နှောင့်ယှက်၊ ခြိမ်းခြောက်နေတာက ထားပါဦး... အခုလို ကြောက်စရာကောင်းတဲ့ စကားတွေ ပြောနေတာက... လူရူး တစ်ယောက်နဲ့ ဘာထူးလို့လဲ..."
"ရှူး... အသံတိုးတိုးလုပ်ဦး... အဲ့ဒါ အာလ်ဝီလျံ ရဲ့ မိသားစုလေ..."
"ဝီလျံ အာလ် အကြောင်းကို ခင်ဗျားတို့ သိကြမှာပါ... ဖော့ခ်စီးတီးမှာရှိတဲ့ တခြား မြို့စားကြီးတွေလောက် မကျော်ကြားဘူး ဆိုပေမယ့်... သူက ဘတ်ကင်ဟမ် မြို့စားကြီးရဲ့ သူငယ်ချင်း အရင်းကြီးမို့လို့ တော်တော်လေးကို ဩဇာရှိတာဗျ... ဒီ သခင်လေး ဖိလစ် ဆိုတာကလည်း ဖော့ခ်စီးတီးရဲ့ သခင်လေး သုံးဦးလောက် မတော်ရင်တောင်မှ၊ သူတို့ရဲ့ နောက်မှာ ကပ်လျက် ရှိနေတဲ့သူလေ..."
"ပြီးတော့ ဒီလူက တကယ့် ပန်းစားဘီလူး တစ်ယောက်ဆိုတာ ခင်ဗျားတို့ မသိဘူးလား... ဝီလျံ အာလ် ရဲ့ အရှိန်အဝါကို အသုံးချပြီး သူနဲ့တွေ့တဲ့သူတိုင်း ကံဆိုးကြတာချည်းပဲ..."
"ကြားဖူးတာတော့... အရင်တုန်းက ဆယ်လီ အမျိုးသမီး တစ်ယောက်က ဖိလစ်ရဲ့ အချစ်ကို အကြိမ်ကြိမ် ငြင်းခဲ့ဖူးတယ်တဲ့... ဖိလစ်က အဲ့ဒီ အမျိုးသမီးကို ပြန်ပေးဆွဲပြီး မတရား ပြုကျင့်ခဲ့တာလေ... အဲ့ဒီနောက်မှာ အဲ့ဒီ အမျိုးသမီးက အရမ်း ဒေါသထွက်ပြီး ရဲတိုင်ဖို့ လုပ်တော့... ဝီလျံ အာလ် ကပဲ ဝင်ပြီး ဖုံးဖိပေးခဲ့တာပေါ့..."
"အဲ့ဒါနဲ့တင် မကျေနပ်သေးဘဲ... ဖိလစ်က အဲ့ဒီ အမျိုးသမီးကို နောက်တစ်ခါ ထပ်ပြီး ပြန်ပေးဆွဲခိုင်းပြန်တယ်... ထပ်ပြီးတော့လည်း အကြိမ်ကြိမ် မတရား ပြုကျင့်ခဲ့တာပေါ့... နောက်ဆုံးတော့ အဲ့ဒီ အမျိုးသမီးခမျာ အရှက်ရလွန်းတာရော၊ နှိပ်စက်ခံရတာတွေကို မခံစားနိုင်တော့တာရောကြောင့် တိုက်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားခဲ့ရရှာတယ်..."
"အတိုချုပ် ပြောရရင်တော့... ဒီလူရဲ့ မျက်စိထဲ မကျမိပါစေနဲ့..."
"သူက တကယ့် မိစ္ဆာ တစ်ကောင်ပဲကွ..."
"..."
ယဲ့ဖန်၏ အကြည့်များသည်လည်း အနည်းငယ် လှုပ်ရှားသွားရ၏။ သူ မနေနိုင်ဘဲ အစ္စဘယ်လ်လာဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"အဲ့ဒီလူတွေ ပြောနေတဲ့ အမျိုးသမီး အကြောင်းရယ်... သူက ဝီလျံ အာလ် နဲ့ ပတ်သက်မှုကို သုံးပြီး ပြစ်မှုတွေ ကျူးလွန်နေတယ် ဆိုတာတွေက... အမှန်တွေပဲလား..."
ဤအကြောင်းအရာကို ပြောလိုက်သောအခါ အစ္စဘယ်လ်လာမှာ အတော်လေး အနေရခက်သွားသည်မှာ ထင်ရှားလှ၏။
သို့သော် သူမ ခေတ္တမျှသာ တွန့်ဆုတ်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ သူမ၏ တရားမျှတလိုစိတ်က အနေရခက်မှုကို ကျော်လွှားသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတွင် သူမ ခေါင်းညိတ်ပြလိုက်လေသည်။
"အကုန်လုံး အမှန်တွေပါပဲ..."
"ဒီလို ကိစ္စတွေ ဖြစ်ပျက်ခဲ့ပြီး... နောက်ပိုင်းမှာ ဝီလျံ အာလ် နဲ့ တခြား အရာရှိတချို့က ဖုံးဖိပေးခဲ့တာတွေကို ကျွန်မလည်း တကယ်ပဲ ရွံရှာမိသလို၊ လက်ခံဖို့လည်း ခက်ခဲပါတယ်..."
"ဒါပေမယ့်...ကျွန်မရဲ့ အထက်လူကြီးတွေက ဒီကိစ္စတွေမှာ ဝင်မပါဖို့၊ မဆွေးနွေးဖို့ တားမြစ်ထားတော့..."
ယဲ့ဖန်သည် သူမ စကားဆုံးသည်အထိ မစောင့်တော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်တော့သည်။
"ဒါဆိုရင်... ဒီ ဖိလစ် ဆိုတဲ့ လူက တကယ်ပဲ လူရူး တစ်ယောက်ပေါ့လေ... သူ အခု ငါ့ရဲ့ လက်အောက်ငယ်သားကို ခြိမ်းခြောက်နေတာက ကြွားလုံးထုတ်နေတာ သက်သက် မဟုတ်ဘူးပေါ့..."
"ရှင့်ရဲ့ လက်အောက်ငယ်သား ဟုတ်လား..."
အစ္စဘယ်လ်လာသည် အဓိက စကားလုံးကို ချက်ချင်းပင် ဖမ်းဆုပ်လိုက်မိသည်။
ယဲ့ဖန်၏ မျက်နှာထားသည် အေးစက်ခက်ထန်နေလေ၏။
သူသည် ထို ဖြစ်စဉ်များ ဖြစ်ပျက်နေသည့် ဗဟိုချက်မဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားလိုက်လေတော့သည်။