အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
၁၅၃
မြင်းများဆွဲလာသော လှည်းပေါ်တွင် ကျောက်မိသားစု ငွေလဲစင်ဟု ကမ္ပည်းထိုးထားသည့် နက်မှောင်သော သစ်သားသေတ္တာများစွာ တင်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ...
ကျန်းမိသားစု သခင်ကြီး၏ မျက်စိအစုံမှာ ပြူးကျယ်သွားရသည်။ သူ၏ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်မှုကြောင့် သွေးများ ဆူပွက်လာပြီး ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းထန်စွာ လှုပ်ရှားနေတော့သည်။
“ဒါ... ဒါတွေက...”
သူသည် မတ်တတ်ထရပ်ကာ ထိုသေတ္တာများကို လက်ညှိုးထိုးရင်း အလွန်အမင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။
“အဖေ... ကျွန်တော်တို့ ငွေတွေကို ပြန်တွေ့ပြီ ငွေတွေကို ပြန်တွေ့ပြီ”
ကျန်းဝေတက လူအများကြားစေရန် ရည်ရွယ်ချက်ရှိရှိ အော်ဟစ်လိုက်ပြီးမှ ဖခင်ဖြစ်သူ၏ အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒါပေမဲ့ ငွေစင် လေးသိန်းကျော်ပဲ ကျန်တော့တယ် အဖေ။ ကျန်တာတွေကိုတော့ ရှုမိသားစုက တိတ်တဆိတ် သယ်ထုတ်သွားပုံပဲ”
“ဟူး... ရှုမိသားစုက တကယ်ကို ရက်စက်လွန်းလှပါတယ်။ ဒါပေမဲ့ အခုအခြေအနေအရ သူတို့ကို ပေးစရာရှိတဲ့ ငွေစင် သုံးသိန်းဆိုတဲ့ အကြွေးက စာချုပ်စာတမ်းနဲ့ အတိအကျရှိနေတော့ တစ်စက္ကန့်လေးတောင် နောက်ကျလို့မဖြစ်ဘူး။ ဖူလင်း အစောင့်အကြပ်လုပ်ငန်း၊ ဖန်းမိသားစုနဲ့ ယွမ်မိသားစုတို့ကိုလည်း ပေးစရာရှိတာတွေ ပေးနိုင်ဖို့ ဆေးဆိုင်အချို့ကို ထပ်ရောင်းလိုက်
ရင်တော့ အခြေအနေကို အနိုင်နိုင် ထိန်းထားနိုင်မှာပါ”
ကျန်းသခင်ကြီးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးမှ မေးမြန်းလိုက်သည်။
“ဒါနဲ့ မင်း ဒါတွေကို ဘယ်လိုရှာတွေ့ခဲ့တာလဲ”
“ကျွန်တော့်ရဲ့ ညီအစ်ကိုက ကူညီပေးခဲ့တာပါ။ သူက ဆိုင်းယန်စံအိမ်တော်ထဲကနေ ဟိုသခင်လေးလုံကို တိုက်ရိုက်ဖမ်းလာပေးခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဦးလေးပန်းကို အသေအလဲ အစစ်ခိုင်းပြီး ငွေတွေဝှက်ထားတဲ့နေရာကို ဖော်ခိုင်းလိုက်တာပါ”
ကျန်းဝေတက စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်သည်။
“ဘာ”
ထိုစကားကို ကြားရသောအခါ ကျန်းသခင်ကြီးသည် သူ၏မျက်နှာပေါ်ရှိ အံ့အားသင့်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။
ကျန်းမိသားစုသည်လည်း ဤနည်းလမ်းကို အသုံးပြုရန် စဉ်းစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။ ဆိုင်းယန်စံအိမ်တော်တွင် စွမ်းအင်စက်ဝန်းပြည့် အဆင့်ရှိ နာမည်ကြီး ဓားသမားနှစ်ဦးအပြင် ရှုမိသားစုမှ စေလွှတ်ထားသော လက်ရွေးစင်များစွာ ရှိနေသဖြင့် ထိုနေရာသည် နဂါးဂူ၊ ကျားတွင်းသဖွယ် အလွန်အန္တရာယ်များလှသည်။ သဋ၏ ဒုတိယသားဖြစ်သူတွင် ဤမျှ အစွမ်းထက်သော သူငယ်ချင်းမျိုး ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။
“သူက အစွန်းရောက်လက်သီးဂိုဏ်းက ကျွန်တော့်ရဲ့ ဂိုဏ်းတူညီအစ်ကို လျူယီပါ”
ကျန်းဝေတက တိုးတိုးလေး ပြောလိုက်သည်။
“ဒီကိစ္စကို ကျွန်တော်တို့ လူနည်းစုပဲ သိထားကြတာမို့ အပြင်ကို လုံးဝ ပေါက်ကြားလို့မဖြစ်ဘူးနော် အဖေ”
“အဖေ... ကျွန်တော် လူမှားခဲ့ပါတယ်”
ဘေးတွင် ရပ်နေသော ကျန်းဝေချုန်းကလည်း သူ၏ အမှားကို သိရှိသွားသည့် ရှက်ရွံ့သော အမူအရာဖြင့် ဝန်ခံစကားပြောလိုက်သည်။
ထိုအခါ ကျန်းသခင်ကြီးမှာလည်း အတန်ငယ် အနေခက်သွားရသည်။ သူသည် ယခင်က သူ၏ ဒုတိယသားကို အားကိုး၍မရသောသူများနှင့် ပေါင်းသင်းကာ အဆင့်မရှိသောသူများနှင့် လည်ပတ်သည်ဟု အမြဲတမ်း ပြစ်တင်ကြိမ်းမောင်းခဲ့ဖူးသည်။ သို့သော် အဆုံးသတ်တွင် သူကိုယ်တိုင်ပင် အမြင်မရှိသော လူမိုက်တစ်ဦး ဖြစ်နေခဲ့ခြင်းပင်။
ထိုစဉ်မှာပင် ကျန်းဝေတသည် သူ၏ ရင်ဘတ်အတွင်းမှ ထူထဲလှသော ငွေစက္ကူအထပ်လိုက်ကြီးကို ထုတ်ယူလိုက်သည်ကို သူ တွေ့လိုက်ရသည်။
“ဒါက ကျွန်တော့်ညီအစ်ကိုဆီကနေ ချေးယူလာတဲ့ ငွေစင် တစ်သိန်းပါ။ အဖေ... ဒီလောက်ဆိုရင် လုံလောက်ပြီမလား”
“လုံလောက်တာထက်တောင် ပိုသေးတယ်”
ကျန်းသခင်ကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒီငွေစင်တစ်သိန်းသာရှိရင် ငါတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းထုတ်ဖို့ မလိုတော့ဘူး”
“မင်းရဲ့သူငယ်ချင်းက ကျန်းမိသားစုအတွက် တကယ့်ကို ကျေးဇူးရှင်ကြီးပဲ။ သူ့ကို ငါတို့အိမ်ကို အမြန်ဆုံး ဖိတ်ကြားလိုက်စမ်းပါ။ ငါကိုယ်တိုင် ခမ်းနားတဲ့ ထမင်းစားပွဲတစ်ခု ပြင်ဆင်ပြီး သူ့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံချင်တယ်”
“ငါလည်း အိုမင်းမစွမ်း ဖြစ်လာပြီဆိုတော့ နောင်ဆိုရင် ကျန်းမိသားစုရဲ့ အနာဂတ်က မင်းတို့ ညီအစ်ကိုနှစ်ယောက်အပေါ်မှာပဲ မူတည်တော့မယ်”
ကျန်းသခင်ကြီးက ထိုသို့ပြောဆိုလိုက်သော်လည်း သူ၏ အကြည့်များမှာမူ ဒုတိယသားဖြစ်သူထံ၌သာ စွဲထင်နေပြီး သူ၏မျက်လုံးများတွင်လည်း ရှားရှားပါးပါး မျှော်လင့်ချက်အရိပ်အယောင်များ ယှက်သန်းနေတော့သည်။
ရှုမိသားစု စံအိမ်တော်…
ရှုစံအိမ်တော်ကြီးသည် ထိုင်မြို့၏ အလယ်ဗဟိုတွင် ဧကပေါင်းများစွာ ကျယ်ဝန်းစွာ တည်ရှိသည်။ စံအိမ်တော်အတွင်း၌ ပြာသာဒ်ဆောင်များ၊ မျှော်စင်များ၊ ထုဆစ်မွမ်းမံထားသော လက်ရန်းများနှင့် ဆေးရောင်ခြယ် အမွမ်းအပြံများဖြင့် ပြည့်နှက်နေ၏။ ရေစီးဆင်းနေသော မြောင်းငယ်များပေါ်တွင် တံတားကလေးများ ရှိနေပြီး အစေခံများနှင့် နောက်လိုက်များမှာလည်း နန်းတော်ငယ်တစ်ခုအလား အုပ်စုလိုက် စည်ကားနေကြသည်။
မြို့တော်ဝန်ရုံး၏ တရားဝင်အင်အားစုများကို ဖယ်ထုတ်လိုက်ပါက ရှုမိသားစုသည် ထိုင်မြို့၌ အင်အားအကြီးဆုံး အဖွဲ့အစည်းဖြစ်သည်မှာ ငြင်းဆန်ရန်မရှိပေ။ သိုင်းလောကတွင် ထင်ရှားကျော်ကြားသော ရှုသခင်ကြီး ကိုယ်တိုင် ဦးစီးနေခြင်းကြောင့် မြို့တော်ဝန်ရုံးပင်လျှင် သူတို့အား အတန်ငယ် သတိထားဆက်ဆံရသည်။
ရှုမိသားစု၏ ဒုတိယသခင်လေး ရှုဟောင်ရင်သည် အနုစိတ်ထုဆစ်ထားသော ကုလားထိုင်ပေါ်တွင် မျက်လုံးများကို အသာမှေးစက်ကာ အေးအေးလူလူ အနားယူနေ၏။ သူ၏ဘေးတွင် အစေခံမလေးများက အဆက်မပြတ် ယပ်တောင်ခပ်ပေးနေကြပြီး တစ်ဦးမှာမူ သူ၏ခြေထောက်များကို နှိပ်နယ်ပေးနေသည်။ တစ်ခါတစ်ရံတွင် သူ ပါးစပ်ဟလိုက်သည်နှင့် နုနယ်သော လက်ချောင်းလေးများက အခွံနွှင်ပြီးသား စပျစ်သီးလတ်လတ်ဆတ်ဆတ်များကို သူ၏ပါးစပ်အတွင်းသို့ ခွံ့ကျွေးနေကြသည်။ ဤကဲ့သို့သော ဘဝမျိုးကို ဧကရာဇ်မင်းမြတ်ဘဝနှင့် လဲလှယ်မည်ဆိုလျှင်ပင် သူ လဲလိမ့်မည်မဟုတ်ပေ။
ထိုစဉ် အလျင်စလို လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသဖြင့် သူသည် မျက်လုံးများကို အသာအယာ ဖွင့်ကြည့်လိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ အားရပါးရပင် ရယ်မောမိတော့မတတ် ဖြစ်သွားရ၏။
ရောက်ရှိလာသူမှာ သူ၏အစ်ကိုဖြစ်သူ ရှုဟောင်ယင်းပင်။ သို့သော် သူ၏ လက်ရှိအခြေအနေမှာ အလွန်ပင် ဆိုးရွားနေ၏။ သူ၏ ညာဘက်ပါးမှာ မို့အစ်ပြီး နီရဲနေကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဖားပြုတ်တစ်ကောင်နှင့်ပင် တူနေတော့သည်။
“အစ်ကို... ဘာတွေဖြစ်လာတာလဲ”
ရှုဟောင်ရင်က ဟန်ဆောင်ပန်ဆောင် စိုးရိမ်သယောင် မေးမြန်းလိုက်ပြီးမှ ဒေါသထွက်ဟန်ဖြင့် ဆက်ပြောသည်။
“ဘယ်သူက အစ်ကို့ကို ဒီလိုလုပ်ရဲတာလဲ အဲဒီလူတော့ ရူးနေတာပဲ ဖြစ်ရမယ်”
“အဖေ ဘယ်မှာလဲ”
ရှုဟောင်ယင်းသည် သူ၏ညီငယ်အား ဂရုမစိုက်နိုင်တော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
“အဖေက မြေအောက်ခန်းထဲမှာ ရှိလောက်မှာပေါ့”
ထိုစကားကို ကြားသည်နှင့် ရှုဟောင်ယင်းသည် မြေအောက်ခန်းရှိရာဘက်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသော ရှုဟောင်ရင်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး အနားယူချင်စိတ်များ ပျောက်ကွယ်ကာ ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်၍ သူ၏အစ်ကိုနောက်သို့ အမှီလိုက်သွားတော့သည်။
ရှုမိသားစု၏ မြေအောက်ခန်းဝင်ပေါက်သည် စံအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာရှိ တိတ်ဆိတ်ငြိမ်သက်သော ဥယျာဉ်တစ်ခုအတွင်း၌ တည်ရှိသည်။ ထိုနေရာကို လျှို့ဝှက်စွာ ဖုံးကွယ်ထားပြီး လုံခြုံရေး အလွန်တင်းကျပ်လှရာ စံအိမ်တော်၏ အဓိကပုဂ္ဂိုလ်များသာ ဝင်ရောက်ခွင့်ရှိသည်။
“မင်းတို့ ရူးနေကြတာလား ငါ့ကိုတားရဲတယ်ပေါ့လေ”
ရှုဟောင်ယင်းသည် ထိုဥယျာဉ်သို့ ရောက်ရှိလာချိန်တွင် ဓားကိုင်အစောင့်နှစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရသဖြင့် ဒေါသတကြီး ဆဲဆိုတော့သည်။ အစောင့်များကမူ အေးစက်စွာပင် “သခင်လေး... သခင်ကြီးရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ အထဲပေးမဝင်ဖို့ ညွှန်ကြားထားပါတယ်” ဟု ပြန်လည်ပြောဆိုကြ၏။ ထိုအစောင့်နှစ်ဦး၏ အရှိန်အဝါအရ သူတို့သည် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ရှိ သိုင်းပညာရှင်များ ဖြစ်ကြသည်။
“မင်းတို့...”
ရှုဟောင်ယင်းသည် ဒေါသအလိပ်လိပ် ထွက်လာပြီး ခါးရှိဓားကို ဆွဲထုတ်ရန် ကြံစည်
သော်လည်း တစ်စုံတစ်ခုကို စိုးရိမ်သဖြင့် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်ရသည်။ သူသည် မကျေမနပ်ဖြစ်ကာ တံတွေးတစ်ချက်ထွေးပြီး ခြေဆောင့်ကာ ထွက်ခွာသွားတော့သည်။
မလှမ်းမကမ်းမှ ဤအခြင်းအရာကို စောင့်ကြည့်နေသော ရှုဟောင်ရင်၏ မျက်လုံးများတွင် ဇဝေဇဝါဖြစ်ဟန်များ ပေါ်လွင်နေ၏။
“ငါ့အစ်ကိုကိုတောင် ပေးမဝင်ဘူးဆိုတော့... အဖေ မြေအောက်ခန်းထဲမှာ ဘာတွေဖုံးကွယ်ထားတာလဲ”
ရှုမိသားစု၏ မြေအောက်ခန်းမှာ မြေအောက်နန်းတော်တစ်ခုအလား အလွန်ကျယ်ဝန်းလှသည်။ ထိုနေရာတွင် လူနှစ်ဦးသည် တိတ်ဆိတ်စွာ ရပ်နေကြ၏။
တစ်ဦးမှာ ခရမ်းရောင်နှင့် ရွှေရောင်ဒီဇိုင်းများပါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက် ၄၀ ကျော် ၅၀ ဝန်းကျင်ခန့် ရှိသည်။ သူ၏မျက်နှာမှာ တည်ကြည်လေးနက်ပြီး အလိုအလျောက် ခန့်ညားထည်ဝါသော အရှိန်အဝါရှိ၏။ သူသည် ရှုဟောင်ယင်းနှင့် ရှုဟောင်ရင်တို့၏ ဖခင်
ဖြစ်သူ ရှုမိသားစုခေါင်းဆောင်ပင်။
အခြားတစ်ဦးမှာမူ ရိုးရှင်းသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ ငွေရောင်အတိ ဖြစ်နေသော်လည်း မျက်နှာတွင်မူ အရေးအကြောင်းတစ်ကြောင်းမျှပင် မရှိချေ။ သူ၏ အရှိန်အဝါမှာ သမုဒ္ဒရာကြီးသဖွယ် နက်ရှိုင်းလှပြီး ခန့်မှန်းရန်ပင် ခဲယဉ်းလှသည်။ ရှုမိသားစုခေါင်းဆောင်ကပင် သူ့အပေါ် အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံနေပုံအရ သူ၏ အဆင့်အတန်းမှာ ထင်ရှားလှသည်။
သူသည် ရှုမိသားစု၏ အမြင့်ဆုံးသော သိုင်းပညာရှင်၊ သိုင်းလောက၏ သက်ရှိရာဇဝင်ကြီးဖြစ်သော ဝိညာဉ်ဖျက်ဓား ရှုသခင်ကြီးပင်။
သူတို့နှစ်ဦးစလုံး၏ အကြည့်များသည် ရှေ့ရှိ သံလှောင်အိမ်တစ်ခုထံ၌သာ စွဲထင်နေကြသည်။ ထိုလှောင်အိမ်မှာ အဖိုးတန် အနက်ရောင်သံမဏိဖြင့် ပြုလုပ်ထားသော ငွေရောင်လှောင်အိမ်
ဖြစ်ပြီး အတွင်းရှိ သံကြိုးများမှာလည်း အနက်ရောင်သံမဏိများပင်။ ထိုသံကြိုးများက တစ်ပေခန့်သာ ရှည်လျားသော ကြောင်ဖြူလေးတစ်ကောင်ကို ချည်နှောင်ထား၏။
ထိုကြောင်ဖြူလေး၏ အမွေးအမှင်များမှာ ပိုးသားကဲ့သို့ ချောမွတ်တောက်ပနေပြီး ဆေးသုတ်ထားသကဲ့သို့ နုနယ်လှသော အရောင်အဝါများ ထွက်ပေါ်နေသည်။
ထိုသတ္တဝါငယ်သည် ရှုမိသားစု၏ အထက်မြက်ဆုံးသော ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။ ၎င်းက ပါးစပ်ကို ဟလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စူးရှသည့် သွားများကို တွေ့ရသဖြင့် မြင်သူတိုင်းကို ကျောစိမ့်သွားစေသည်။
ထိုကြောင်ဖြူလေး၏ ထူးခြားချက်မှာ ကျောပေါ်တွင် ထင်ရှားစွာ ဖုထွက်နေသော အကျိတ်လုံးများပင်။ ထိုအကျိတ်များပေါ်တွင် နီရဲသော သွေးကြောများ ယှက်သန်းနေပြီး အချိန်မရွေး ပေါက်ထွက်သွားတော့မည့်အလား တစ်ဆတ်ဆတ် ခုန်လှုပ်နေသည်။
“သားရဲဘေးအန္တရာယ်ရဲ့ နိမိတ်လက္ခဏာတွေ ပေါ်နေပြီလို့ ကျွန်တော် ကြားထားတယ်။ မကြာခင်မှာလည်း အလုံးအရင်းနဲ့ ဖြစ်လာတော့မှာပါ။ သခင်ကြီး... ကျွန်တော်တို့ ဒါကို တကယ်ပဲ ဆက်လုပ်မှာလား”
ရှုမိသားစုခေါင်းဆောင်၏ တည်ကြည်သော မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရုတ်တရက် ပေါ်ပေါက်လာသည်။
“ဒီသားရဲကို ဖမ်းဆီးထားလို့ သားရဲဘေးအန္တရာယ် စောစီးစွာ ဖြစ်ပွားရတာလို့ တော်ဝင်နန်းတော်က သိသွားရင်တော့ ကျွန်တော်တို့ ရှုမိသားစု ပြာဖြစ်သွားလိမ့်မယ်”
“သိုင်းလောကထဲ ရောက်နေတဲ့သူတွေအတွက် ကိုယ့်အသက်ကိုတောင် ကိုယ်မပိုင်ဘူး”
ရှုသခင်ကြီးက အားကိုးရာမဲ့သည့်ဟန်ဖြင့် ပြောလိုက်သည်။
“ငါကော ဒါမျိုး ဖြစ်ချင်ပါ့မလဲ တစ်စုံတစ်ယောက်က ငါတို့ကို ဖိအားမပေးခဲ့ရင်ပေါ့... ဟူး...”
“မုန့်ခုန်းဟွားက တကယ်ပဲ ဘာကို ကြံစည်နေတာလဲ”
ရှုမိသားစုခေါင်းဆောင်က ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။
“သူက ဒီလောကမှာ အတော်ဆုံး ဖြစ်နေပြီပဲ သူ့မှာ ဘာတွေများ လိုအပ်နေသေးလို့လဲ”
အကယ်၍ ထိုနေရာတွင် တစ်စုံတစ်ဦးရှိနေပြီး မုန့်ခုန်းဟွားဆိုသည့် အမည်ကို ကြားလိုက်ရပါက အလွန်အမင်း အံ့အားသင့်သွားမည်မှာ ဧကန်မလွဲပေ။ သူသည် ဝမ်ကျန်းခရိုင်၏ ထိပ်တန်းသိုင်းပညာရှင်ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် သိုင်းဆရာအဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ အလယ်ပိုင်းဒေသရှိ ထိပ်တန်းဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များကိုပင် အနိုင်ယူခဲ့ဖူးသဖြင့် ဝေနိုင်ငံ၏ အတော်ဆုံး ပညာရှင်ဟုပင် ဆိုနိုင်သူ ဖြစ်သည်။ ယခုအခါ သိုင်းလောကရေးရာများတွင် ပါဝင်ပတ်သက်မှု နည်းပါးသွားသော်လည်း သူ၏ စွမ်းဆောင်ချက်များမှာ ယနေ့တိုင် ပြောစမှတ် ပြုနေရဆဲပင်။ သူ၏ လက်ရှိ သိုင်းအဆင့်အတန်းမှာလည်း မည်သူမျှ မသိနိုင်လောက်အောင် နက်နဲဆန်းကြယ်လှသည်။
“တိတ်စမ်း”
ရှုသခင်ကြီးက ခပ်ပြတ်ပြတ်ပင် ဟန့်တားလိုက်သည်။
သူ၏ အကြည့်မှာ ညာဘက်ရှိ တိုင်ကြီးတစ်တိုင်၏ ထိပ်ဖျားသို့ မသိမသာ ရောက်ရှိသွားသည်။ ထိုတိုင်ထိပ်တွင် ဝိုးတဝါး အရိပ်တစ်ခု ရှိနေပြီး ၎င်းမှာ တစ်စုံတစ်ခု နားနေခြင်းလော သို့မဟုတ် သဘာဝအရိပ်သာလော ဆိုသည်မှာ ခွဲခြားရန် ခက်ခဲလှသည်။ ရှုမိသားစုခေါင်းဆောင်၏ မျက်နှာပျက်သွားပြီး ဆက်လက်၍ စကားမဆိုရဲတော့သော်လည်း သူ၏မျက်နှာတွင် မကျေနပ်မှုများက အထင်အရှား ကျန်ရှိနေဆဲပင်။ သူတို့နှစ်ဦး မြေအောက်ခန်းမှ ထွက်ခွာသွားပြီး မကြာမီမှာပင် ထိုအရိပ်မှာ မသိမသာ တုန်လှုပ်သွားတော့သည်။
တစ်ဖက်တွင်မူ လိမ်လည်ခံခဲ့ရသော ငွေအမြောက်အမြားကို ပြန်လည်ရရှိခဲ့သည့်အပြင် လုံယီ့ထံမှ ချေးယူခဲ့သော ငွေစင် တစ်သိန်းကြောင့် ကျန်းမိသားစုသည် ဤဘေးဒုက္ခမှ မကြာမီမှာပင် ရုန်းထွက်နိုင်ခဲ့သည်။ ထူးဆန်းသည်မှာ ရှုမိသားစုသည် ငွေစင် သုံးသိန်းကို ပြန်လည်ရရှိပြီးနောက် မည်သည့် လှုပ်ရှားမှုမျှ ထပ်မံမပြုလုပ်တော့ခြင်းပင်။ ထို့ကြောင့် ကျန်းမိသားစုမှာ အသက်ရှူချောင်သွားရတော့သည်။
ကျန်းမိသားစု အခြေအနေများ ပြန်လည်တည်ငြိမ်သွားသောအခါ ကျန်းဝေတနှင့် လုံယီတို့သည် အစွန်းရောက်လက်သီးဂိုဏ်းသို့ အတူတူ ပြန်လာခဲ့ကြသည်။ သူတို့သည် သိုင်းလေ့ကျင့်ရေးကွင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ယခင်က ခန့်ညားထည်ဝါပြီး မည်သူ့ကိုမျှ အရှုံးမပေးတတ်သော အသွင်ရှိခဲ့သော်လည်း ယခုအခါတွင်မူ ကျောကုန်းကုန်းဖြင့် တောင်ဝှေးကို အားပြုနေရသည့် လူတစ်ဦး ဖြစ်နေသည်။ သူ၏ ပုံစံမှာ အထီးကျန်ကာ မကျေမနပ်ဖြစ်နေသည့် အသွင်ဖြင့် ပြည့်နှက်နေ၏။
ထိုသူကား ကျိုးယန်မှလွဲ၍ အခြားသူ မဟုတ်ပေ။
၁၅၄
အစွန်းရောက်လက်သီးဂိုဏ်း၏ မျိုးဆက်သစ် အတွင်းစည်းတပည့်များအနက် ကျိုးယန်သည် အထူးချွန်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် လီယာဂွီ၊ ချန်မူကျူတို့နှင့်အတူ ဂိုဏ်း၏ အနာဂတ်မျှော်လင့်ချက်အဖြစ် ရှုမြင်ခံရပြီး အစဉ်တစိုက် အလေးပေး ပြိုးထောင်ခြင်း ခံခဲ့ရသူ ဖြစ်၏။
ယခင်က သူသည် တိုကပ်သော ဆံပင်စတိုင်၊ သန်စွမ်းတောင့်တင်းသော ခန္ဓာကိုယ်နှင့် သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများ ရှိခဲ့သည်။ သူ၏ အရှိန်အဝါမှာ မောက်မာလွန်းလှပြီး မည်သူ့ကိုမျှ အရှုံးမပေးတတ်သော အသွင်ကို ဆောင်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး ပုံပန်းသဏ္ဌာန်မှာလည်း ညစ်ပတ်ပေရေနေ၏။ သူသည် ကျောကုန်းကုန်းဖြင့် တောင်ဝှေးကို အားပြုနေရပြီး လမ်းလျှောက်လျှင်လည်း ထော့နဲ့ထော့နဲ့နှင့် ဖြစ်နေရှာသည်။ ယခင်ဘဝနှင့် ယခုဘဝမှာ နေ့နှင့်ညကဲ့သို့ပင် ကွာခြားလှပေတော့သည်။
ချီပေါင်သေဆုံးပြီးနောက် လေးလံသောဓားဂိုဏ်းသည် အစွန်းရောက်လက်သီးဂိုဏ်းမှ တပည့်များအပေါ် ခွဲခြားမှုမရှိဘဲ လက်စားချေ တိုက်ခိုက်မှုများကို အပြင်းအထန် ပြုလုပ်ခဲ့သည်။ ကျိုးယန်သည် ထိုတိုက်ခိုက်မှုများအကြားတွင် အဆိုးရွားဆုံး သားကောင်ဖြစ်ခဲ့ရသည်။ သူ၏ ခြေထောက်များ ကျိုးပဲ့သွားခဲ့ရုံသာမက ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားခဲ့သဖြင့် သူ၏ သိုင်းပညာ အနာဂတ်မှာလည်း လုံးဝ လမ်းဆုံးသွားခဲ့ရပြီ ဖြစ်သည်။
လုံယီနှင့် အခြားသူများ ရောက်ရှိလာခြင်းကို ကျိုးယန် သတိမပြုမိချေ။ သူ၏ အကြည့်များသည် အခြားတစ်ဖက်ဆီသို့သာ ပြင်းထန်စွာ စိုက်ကြည့်နေ၏။ ကျိုးယန်၏ အကြည့်နောက်သို့ လိုက်ကြည့်မည်ဆိုပါက ခြံဝင်းတံတိုင်းတစ်ခုကို မှီ၍ ရယ်မော စကားပြောနေကြသော လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့ရပေလိမ့်မည်။ သူတို့၏ ပုံစံမှာ ကောင်းကင်ဘုံမှ ဖူးစာဖက်စုံတွဲတစ်တွဲအလား ထင်မှတ်ရသည်။
အမျိုးသားဖြစ်သူမှာ မိုးပြာရောင် ဝတ်ရုံနှင့် ရွှေရောင်ခါးပတ်ကို ဆင်မြန်းထားပြီး ဦးခေါင်းတွင် ဖြူစင်သော ကျောက်စိမ်းသရဖူကို ဆောင်းထားသဖြင့် မြင့်မြတ်သော မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ကြောင်း ထင်ရှားလှသည်။ လုံယီသည် ထိုသူအား ရှုမိသားစု၏ ဒုတိယသခင်လေး ရှုဟောင်ရင်ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။ ယခင်က ကျင်းပခဲ့သော စားပွဲတစ်ခုတွင် လုံယီသည် သူနှင့် လောင်းကစားပြုလုပ်ခဲ့ပြီး ငွေစင်အမြောက်အမြား အနိုင်ရရှိခဲ့ဖူးသည်။
အမျိုးသမီးဖြစ်သူမှာမူ ရိုးရှင်းသော ဝတ်စုံဖြူကို ဆင်မြန်းထားသော်လည်း သူမ၏ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် သေးကျင်သော ခါးလေးကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ သူမ၏ မျက်နှာမှာ လှပလွန်းပြီး မျက်လုံးများမှာ အမြဲတမ်း ပြုံးယောင်သန်းနေသဖြင့် မြင်သူတိုင်းကို အလိုအလျောက် စွဲမက်စေသည်။ သူမသည် အစွန်းရောက်လက်သီးဂိုဏ်း၏ နံပါတ်
တစ် အလှပဂေး ကျားဟုန်ပင်။
“သခင်လေးရှု... ကျွန်မ ရှင့်ကို မေးစရာတစ်ခု ရှိပါတယ်”
“မိန်းကလေးကျား... အားနာစရာမလိုပါဘူး လွတ်လွတ်လပ်လပ်ပဲ မေးပါ”
“ကျွန်မ အခုတလော ကျင့်စဉ်မှာ သိသိသာသာ တိုးတက်လာပါတယ်။ ဒုတိယချီစွမ်းအားအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ချက်ရှိပေမဲ့ တစ်ခုခု လိုအပ်နေသလိုမျိုး ခံစားနေရတယ်”
“မိန်းကလေးကျားက တကယ့်ကို ပါရမီထူးတာပဲ။ အဆင့်တက်ပြီးတာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီပေါ့”
ရှုဟောင်ရင်က အရင်ဦးစွာ ချီးမွမ်းလိုက်ပြီးနောက် စဉ်းစားဟန်ဖြင့် ဆက်ပြောသည်။
“ဒါပေမဲ့ သိုင်းပညာရှင်တစ်ယောက်ဟာ အစောပိုင်းအဆင့်တွေမှာ အခြေခံခိုင်မာဖို့ လိုအပ်တယ်။ မြန်တိုင်း မကောင်းပါဘူး။ တစ်ခုခု လိုအပ်နေသလို ခံစားရတာက ဟာကွက်အချို့ ရှိနေနိုင်တာကို ညွှန်ပြနေတာပါ။ အဲဒါကို အရင်ဖြေရှင်းနိုင်မှသာ နောင်တစ်ချိန်မှာ ပိုပြီး အလှမ်းဝေးဝေး သွားနိုင်မှာ ”
ကျားဟုန်သည် ထိုစကားကို ကြားသောအခါ အားကျလေးစားသော အမူအရာဖြင့် “သခင်လေးရှုရဲ့ အမြင်က တကယ်ကို နက်နဲလှပါတယ်။ ကျွန်မ လုံးဝ မမှီပါဘူး” ဟု ပြောလိုက်သည်။
“မဟုတ်တာပဲ မိန်းကလေးကျားရယ် ချီးမွမ်းလွန်းနေပါပြီ”
ရှုဟောင်ရင်က နှိမ့်ချစွာ လက်ယမ်းပြလိုက်သော်လည်း သူ၏နှုတ်ခမ်းထောင့်မှ အပြုံးကိုမူ မဖုံးကွယ်နိုင်ချေ။
“ကျွန်တော့်မိသားစုမှာ အခြေခံကို ခိုင်မာစေမယ့် နှင်းဖြူနှင်းခဲဆေးရည် ရှိပါတယ်။ အဲဒါကို ကောင်းကင်နှင်းကြာနဲ့ မိစ္ဆာဦးချိုတို့နဲ့ ဖော်စပ်ထားတာပါ။ အဲဒီဆေးကို ကိုယ်ပေါ်မှာ လိမ်းလိုက်မယ်ဆိုရင် သွေးစွမ်းအင်တွေကို လည်ပတ်စေပြီး သွေးနဲ့အသားက မပြုပြင်နိုင်သေးတဲ့ နေရာတွေကိုပါ လွှမ်းခြုံပေးနိုင်ပါတယ်”
“သခင်လေးရှုရဲ့ အဖိုးတန်ရတနာကို ကျွန်မ မယူဝံ့ပါဘူး”
ကျားဟုန်က ခေါင်းခါယမ်းလိုက်သည်။
“ကျွန်မအဖေက အမြဲဆုံးမတယ်။ သူတစ်ပါးရဲ့ ကျေးဇူးကို ယူတာဟာ အကြွေးတင်တာနဲ့ အတူတူပဲတဲ့။ အရာရာကို ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရမယ်လို့ သင်ပေးထားပါတယ်”
“ဒါက ကိစ္စအသေးအမွှားလေးပါ။ ကျွန်တော်တို့က သူငယ်ချင်းတွေပဲ မဟုတ်လား။ မိန်းကလေးကျားက ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို သဘောထားနေတာလား”
ကျားဟုန်၏ ငြင်းပယ်မှုကို ကြားရသောအခါ ရှုဟောင်ရင်သည် သူမကို ပို၍ပင် သဘောကျသွားပြီး သူ၏ အနိုင်လိုချင်စိတ်မှာ ပိုမိုပြင်းထန်လာကာ စိတ်ဆိုးဟန် ဆောင်လိုက်သည်။
“ဒါကို နောက်မှပဲ ထပ်ပြောကြတာပေါ့...”
ကျားဟုန်က သာယာစွာ ရယ်မောလိုက်ပြီးနောက် ပျံလွှားငှက်တစ်ကောင်အလား ခြံဝင်းအပြင်သို့ ကျော့ရှင်းစွာ ထွက်ခွာသွားတော့သည်။ ရှုဟောင်ရင်သည်လည်း တစ်လှမ်းမျှပင် အကွာမခံဘဲ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
မလှမ်းမကမ်းတွင်မူ ကျိုးယန်သည် ဒေါသကြောင့် နှုတ်ခမ်းကို တင်းတင်းကြိတ်ထားရာ သွေးပင် ထွက်လုနီးပါး ဖြစ်နေပြီး သူ၏မျက်လုံးများမှာလည်း မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။
“ဒီကောင်လည်း ဒီလိုနေ့မျိုး ကြုံရတာပဲလား”
ကျန်းဝေတက သူတစ်ပါးဒုက္ခကို ဝမ်းသာအားရ ဖြစ်သည့်ဟန်ဖြင့် ရယ်မောလိုက်သည်။ သူသည် အသံကျယ်ကျယ်ဖြင့် ရှေ့သို့ လှမ်းတက်သွားကာ “ဟော... ဒါက ငါတို့ရဲ့ သခင်လေးကျိုး မဟုတ်လား ဘာလို့ တောင်ဝှေးကို ကိုင်ထားရတာလဲ”
ကျိုးယန်သည် ခေါင်းကိုလှည့်၍ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ကျန်းဝေတက မသိဟန်ဆောင်ကာ ဆက်ပြောသည်။
“အော်... ငါ နားလည်ပါပြီ။ မင်းက ထိပ်တန်းသိုင်းပညာတစ်ခုခုကို ကျင့်ကြံနေပြီး တောင်ဝှေးကို ထူးခြားတဲ့ လက်နက်တစ်ခုအဖြစ် သုံးပြီး သိုင်းဆရာကြီး လုပ်မလို့လား ဝိုး... အထင်ကြီးစရာပဲ၊ တကယ်ကို အထင်ကြီးစရာပဲ”
ဤကဲ့သို့ လှောင်ပြောင်မှုများကို ကြားလိုက်ရသောအခါ ကျိုးယန်သည် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။
“ထွက်သွားစမ်း... လဒကောင်ရဲ့”
သူသည် တောင်ဝှေးကို မြှောက်ကာ ကျန်းဝေတကို ပြင်းထန်စွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ ကျန်းဝေတကမူ ပါးနပ်စွာဖြင့် ဘေးသို့ ရှောင်တိမ်းလိုက်ရာ ထိုတိုက်ခွက်မှာ လွဲချော်သွားတော့သည်။
သို့သော် ကျိုးယန်မှာမူ အားအလွန်အကျွံ သုံးလိုက်မိသည့်အပြင် တောင်ဝှေး၏ အထောက်အပံ့ကိုပါ ဆုံးရှုံးသွားသဖြင့် ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ အရှက်တကွဲ လဲကျလုနီးပါး ဖြစ်သွားရရှာသည်။
လုံယီသည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါယမ်းမိသည်။ မူလက သူသည် အဆင့်တက်လှမ်းပြီးနောက် ယခင်က သူ့ကို အကြိမ်ကြိမ် ပြဿနာရှာခဲ့ဖူးသော ကျိုးယန်ကို သင်ခန်းစာကောင်းကောင်း ပေးမည်ဟု ကြံစည်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခြေအနေကို ကြည့်ရသည်မှာ ထိုသို့ပြုလုပ်ရန် လုံးဝ မလိုအပ်တော့သလို အကြောင်းမဲ့ မိမိ၏ ဂုဏ်သိက္ခာကို နှိမ့်ချရာ ရောက်ပေလိမ့်မည်။ လူဟူသည်မှာ အလွန်အမင်း မောက်မာလွန်းလျှင် တစ်နေ့တွင် ထိုမောက်မာမှုမှာ မိမိထံသို့ပင် ဝဋ်ပြန်လည်လာတတ်သည်ဟုသာ ဆိုရပေမည်။
“သွားကြစို့”
လုံယီသည် အနိုင်ကျင့်ရသည်ကို အားမရသေးသည့် ကျန်းဝေတကို ဆွဲခေါ်သွားတော့သည်။ သူတို့နောက်ကွယ်တွင် ကျိုးယန်သည် လဲမကျသွားစေရန် မြေပြင်ကို လက်ဖြင့် အားပြုကာ မောဟိုက်နေရှာသည်။ အဆုံးမသတ်နိုင်သော နာကျည်းမှုနှင့် မကျေနပ်မှုများမှာ သူ၏ရင်ထဲတွင် လှိုင်းလုံးများအလား တက်လာပြီး မျက်စိရှေ့တွင်လည်း ဝေဝါးသွားတော့သည်။
ငှါးထားသောအိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ညဉ့်နက်နေပြီဖြစ်သည်။ ဝန်းအတွင်းရှိ သစ်သားစားပွဲလေးနှင့် ခုံတန်းနှစ်ခုပေါ်တွင် ရင်းနှီးသော ပုံရိပ်နှစ်ခုမှာ လရောင်အောက်၌ သောက်စားပျော်ပါးရင်း စကားလက်ဆုံ ကျနေကြသည်။
ခြေသံကြားသောအခါ သူတို့သည် ခေါင်းလှည့်ကြည့်လိုက်ကြပြီး အံ့သြဝမ်းသာသွားကြ၏။
“သခင်ကြီး ပြန်လာပြီလား”
“အစ်ကိုယီ”
“မင်းတို့နှစ်ယောက်ကတော့ တကယ့်ကို ဇိမ်ကျနေတာပဲ”
လုံယီက နောက်ပြောင်လိုက်သည်။
“အို... အစ်ကိုရာ အသားနဲ့ အရက်မရှိတဲ့ဘဝက ဘာမှ အဓိပ္ပာယ်မရှိပါဘူးဗျာ”
လျူယွမ်က ပြုံးရွှင်စွာဖြင့် လုံယီ့အတွက် ခုံတန်းတစ်ခုကို အလျင်အမြန် ပြင်ဆင်ပေးပြီး ထမင်းစားတံစို့ကိုလည်း အလိုက်တသိ ချပေးလိုက်သည်။
စားပွဲတွင် ထိုင်လိုက်ရင်း လုံယီသည် သူတို့နှစ်ဦးကို တစ်လှည့်စီ ကြည့်လိုက်ရာ ရင်ထဲတွင် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။
လျူယွမ်ကတော့ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိဘဲ အင်္ကျီရင်ဘတ်ကို ဟထားပြီး ဖြူဖျော့ဖျော့ ဝမ်းဗိုက်သားကို ဖော်ထားကာ ပေါ့ပေါ့ပါးပါး ပုံစံအတိုင်းပင် ရှိနေဆဲဖြစ်သည်။ တစ်ဖက်တွင်မူ လုယန်မှာ လက်ပြတ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မေးစေ့တွင် မုတ်ဆိတ်ရှည်များဖြင့် တည်တည်ငြိမ်ငြိမ် ထိုင်နေကာ ခန့်ညားသော အရှိန်အဝါ တစ်ခုကို ပိုင်ဆိုင်လာပြီဖြစ်သည်။
သူ၏ လက်မောင်းကြွက်သားများ ပိုမိုဖွံ့ဖြိုးလာခြင်းနှင့် အသားအရေမှာ ကြေးနီရောင်သန်းနေခြင်းကို ကြည့်ခြင်းအားဖြင့် သူသည် နောက်ထပ် ကံကောင်းမှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရပုံရသည်။
“လေ့ကျင့်ခန်းတွေ လုပ်နေတာလား”
လုံယီက အမဲသားပြုတ်တစ်ဖက်ကို ယူကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ပြီးခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ဂိုဏ်းကနေ ခန္ဓာကိုယ် သန့်စင်ခြင်းပညာကို ဆုအဖြစ် ပေးခဲ့ပါတယ်”
လုယန်က နောင်တရဟန်ဖြင့် ပြောလိုက်သည်။
“နှမြောစရာကောင်းတာက ကျွန်တော်က အသက်ကြီးသွားပြီဆိုတော့ ဒီဘဝမှာ အဆင့်တက်ဖို့ မလွယ်တော့ဘူး။ ခန္ဓာကိုယ် သန်စွမ်းလာဖို့လောက်ပဲ လုပ်နိုင်တော့တယ်”
ထိုစဉ် လျူယွမ်က ဘေးမှနေ၍ လုယန်၏ လျှို့ဝှက်ချက်အားလုံးကို ချက်ချင်း ဖော်ထုတ်
ပေးလိုက်သည်။
“အစ်ကိုယီ မသိသေးဘူးမလား။ လုကြီးက အရင်တစ်ခေါက်က အောင်မြင်မှုတွေကြောင့် မြစ်
ဂိုဏ်းရဲ့ ခန်းမသခင်အဖြစ် ရာထူးတိုးသွားပြီဗျ ဂိုဏ်းက သူ့ကို ခြံဝင်းအသေးလေးတစ်ခုတောင် ဆုချသေးတယ်။ ကျွန်တော်က သူ့ကို အဲဒီကို ပြောင်းဖို့ အကြံပေးပေမဲ့ သူက ခေါင်းမာပြီး ငြင်းနေတာ”
“သခင်ကြီး ပေးခဲ့တဲ့ ငွေစင်တွေသာ မရှိရင် ကျွန်တော် ဒီလောက်လွယ်လွယ်နဲ့ ရာထူးတက်ပါ့မလား”
လုယန်က ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
“နောက်ပြီးတော့ အဲဒီခြံဝင်းမှာ တခြားသူတွေလွှတ်ထားတဲ့ သူလျှိုတွေ အများကြီးပဲ။ အဝင်အထွက်လုပ်ရတာလည်း မလွယ်ဘူး။ နေရတာလည်း စိတ်မချမ်းသာဘူး။ ဒီမှာနေရသလောက် ဘယ်ပျော်စရာကောင်းပါ့မလဲ”
ထိုသို့ အကြောင်းပြချက် ပေးနေသော်လည်း လုယန်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို လုံယီ ကောင်းစွာ သိရှိသည်။ လျူယွမ်နှင့် လုယန်တို့သည် ယခင်က လုံယီ့ထံတွင် သစ္စာခံခဲ့ပြီးမှသာ နေဝင်တောင်တန်းမှ ထွက်ခွာခွင့် ရရှိခဲ့ကြသူများ ဖြစ်သည်။ ထိုင်မြို့တွင် သူ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်း သိရှိသူမှာလည်း သူတို့နှစ်ဦးသာ ရှိသည်။
အကယ်၍ သူတို့သည် အောင်မြင်မှု ရလာသည့်အခါတွင် လုံယီ့ထံမှ ခွဲထွက်သွားပါက လုံယီက သူတို့အပေါ် သံသယဝင်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်ပေလိမ့်မည်။ လုယန်သည် လျူယွမ်နှင့် မတူဘဲ အပြင်ပန်းတွင် ကြမ်းတမ်းသော်လည်း အတွင်းစိတ်မှာ အလွန်ပင် စေ့စပ်သေချာသူ ဖြစ်သည်။
သို့သော် ဤကဲ့သို့ သူ့ကိုယ်သူ အတင်းအကျပ် ကန့်သတ်ထားခြင်းမှာ ခေတ္တခဏဆိုလျှင် ကိစ္စမရှိသော်လည်း ရေရှည်တွင်မူ မကျေနပ်မှုများ ရှိလာနိုင်သည်မှာ လူ့သဘာဝပင်။ ဤသည်ကို တွေးမိသဖြင့် လုံယီက ပြုံး၍ ပြောလိုက်သည်။
“နေရာပြောင်းရွှေ့တာက ဝမ်းသာစရာကိစ္စပဲ ဘာလို့ နှောင့်နှေးနေမှာလဲ။ နောက်ပြီးတော့ မြစ်ဂိုဏ်းရဲ့ ခန်းမသခင် တစ်ယောက်က ဒီလို ခြံဝင်းကျဉ်းကျဉ်းလေးထဲမှာ ငါတို့နဲ့ အတူတူ ပုန်းနေတာက ပိုပြီးတော့တောင် လူအများ သတိထားမိစရာ ဖြစ်နေဦးမယ်။ အော်... ငါ့မှာလည်း မင်းတို့ကို ပြောစရာ သတင်းကောင်းတစ်ခု ရှိသေးတယ်”
သူတို့နှစ်ဦးစလုံး စိတ်ဝင်တစား နားထောင်နေသည်ကို မြင်သောအခါ လုံယီက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
“ပြီးခဲ့တဲ့ အချိန်အချို့က ငါက အစွန်းရောက်လက်သီးဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက် ဖြစ်လာခဲ့ပြီ”
“သခင်ကြီး... ခင်ဗျား အဆင့်တက်သွားပြီလား”
လုယန်က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက အဆင့်တက်ခဲ့တာပါ။ အခုဆိုရင် ဒုတိယချီစွမ်းအားအဆင့်ကို ရောက်နေပြီ”
လုံယီသည် သူ၏ စစ်မှန်သော သိုင်းအဆင့်ကို အမှန်အတိုင်း မပြောဘဲ လျှော့၍သာ ပြောလိုက်သည်။ မဟုတ်ပါက သူတို့အတွက် ထိတ်လန့်စရာ အလွန်ကောင်းနေပေလိမ့်မည်။
“ဘာ”
ထိုသို့ လျှော့ပြောလိုက်သည့်တိုင် လုယန်နှင့် လျူယွမ်တို့မှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။ သူတို့သည် ယခင်ကကဲ့သို့ ဘာမှမသိသော လူများမဟုတ်တော့ဘဲ မြို့ကြီးတွင် နေထိုင်လာသည်မှာ ကြာပြီဖြစ်ရာ လုံယီကဲ့သို့ လူငယ်တစ်ဦးအဖို့ သိုင်းပညာရှင် တစ်ဦးဖြစ်လာရန် မည်မျှ ခက်ခဲကြောင်း ကောင်းစွာ သိရှိထားကြသည်။ ယခုမူ သိုင်းပညာရှင် ဖြစ်လာရုံသာမက ဒုတိယချီစွမ်းအားအဆင့်အထိ လျင်မြန်စွာ တိုးတက်လာသည်ဆိုခြင်းမှာ မယုံနိုင်စရာပင်။
ထို့အပြင် လုံယီသည် အဆင့်မတက်မီကပင် နေဝင်တောင်တန်း၏ ခေါင်းဆောင်ဖြစ်သော ဝါရင့် ဒုတိယချီစွမ်းအားအဆင့် သိုင်းသမားကြီးကို သတ်ဖြတ်နိုင်ခဲ့သူပင်။ ယခု ဒုတိယချီစွမ်းအားအဆင့်သို့ အမှန်
တကယ် ရောက်ရှိသွားပြီဆိုပါက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဘယ်လောက်အထိ ကြောက်မက်ဖွယ်ကောင်းနေလောက်မလဲ။