မျက်စိပွင့်သွားခြင်း
Vol. 52 Ch. 593
မျှော်လင့်တကြီး ကြည့်နေကြသော မျက်လုံးများအောက်တွင် ကျန်းပေရန်သည် အတွင်းခန်းမထဲရှိ အဆင့်ကိုး ပညာရှင်ကြီးများကို ဖိတ်ခေါ်လိုက်သည်။
မူလက ထိုပညာရှင်ကြီးများကို သူတို့ ဖန်တီးထားသော ရတနာများအကြောင်း ကိုယ်တိုင် ရှင်းပြခိုင်းရန် ရည်ရွယ်ခဲ့သော်လည်း သူတို့အားလုံးက တစ်ညီတစ်ညွတ်တည်း ငြင်းဆန်ခဲ့ကြသည်။ ဤရတနာများ ပြီးစီးအောင်မြင်ခြင်းသည် ဆရာကျန်း၏ ဦးဆောင်မှုကြောင့်သာ ဖြစ်ကြောင်း၊ သူတို့သည် အကူအညီပေးရုံ သက်သက်သာ ဖြစ်ကြောင်း ပြောဆိုကာ ငြင်းဆန်ခဲ့ကြသည်။
ကျန်းပေရန်က ထိုအချက်များကို ဂရုမစိုက်ရန် ပြောသော်လည်း လက်မှုပညာလောကတွင် စည်းမျဉ်းစည်းကမ်းများမှာ အလွန် တင်းကျပ်လှသည်။ ရတနာတစ်ခုကို မိတ်ဆက်ပေးသူသည် ထိုရတနာ၏ ဖန်တီးရှင်အဖြစ် သတ်မှတ်ခံရလေ့ရှိသည်။ ထို့ကြောင့် ဂုဏ်သတင်းအတွက် အလွန် အရေးကြီးသည်။
ကျန်းပေရန်သည် ဂုဏ်သတင်းကို စိတ်မဝင်စားသော်လည်း ရှေးရိုးစွဲ ပညာရှင်ကြီးများက ခေါင်းမာလွန်းသဖြင့် မတတ်သာသည့်အဆုံး သူကိုယ်တိုင် မိတ်ဆက်ပေးရတော့သည်။
တုန်းကျန့်ရွှမ်၏ ရှေ့သို့ လျှောက်သွားလိုက်သည်။ ကျန်းပေရန် ဘာမှ မပြောရသေးခင်မှာပင် တုန်းကျန့်ရွှမ်သည် သိုလှောင်လက်စွပ်ထဲမှ ဝတ်ရုံရှည်တစ်ထည်ကို ထုတ်ယူလိုက်သည်။
ဝတ်ရုံကို လှမ်းယူပြီး ဖြန့်လိုက်ကာ အနက်ရောင်သူတော်စင်များကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်သည်။
"ဒီရတနာရဲ့ နာမည်က ကြယ်တာရာပြောင်း ဝတ်ရုံ ပါ... ဒါကို ဝတ်ထားရင် ပတ်ဝန်းကျင်က အဆိပ်မြူတွေကို စိတ်ပူစရာ မလိုဘဲ စုပ်ယူနိုင်ပါပြီ... ဝတ်ရုံက အဆိပ်မြူတွေကို အလိုအလျောက် စစ်ထုတ်ပေးမှာ ဖြစ်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ လေတိုင်းကို သန့်စင်သော ဝိညာဉ်စွမ်းအင် ဖြစ်စေမှာပါ"
"......"
ကျန်းပေရန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ဆရာကျန်းက အချိန်အကြာကြီး ပြင်ဆင်ထားသဖြင့် ထူးခြားသော ရတနာများ ထုတ်ပြလိမ့်မည်ဟု ခန့်မှန်းထားကြသော်လည်း ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
အကယ်၍ ဒီဝတ်ရုံက တကယ်ပဲ အဆိပ်မြူတွေကို စစ်ထုတ်ပေးနိုင်တယ်ဆိုရင် ရောင်နီဆေးလုံးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အဆိပ်မြူကို လုံးဝ ဂရုစိုက်စရာ မလိုတော့ဘူး မဟုတ်ပါလော။
"ဆရာကျန်း... တကယ် ပြောနေတာလား"
မေးခွန်းက အပိုမှန်း သိသော်လည်း ကူလျန်ချန် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ အံ့သြစရာ ကောင်းလွန်းသောကြောင့် ဖြစ်သည်။
"သေချာတာပေါ့"
"ဆရာကျန်းက တိုင်းပြည်ရဲ့ ရတနာပါပဲဗျာ"
ကူလျန်ချန်က စိတ်လှုပ်ရှားစွာ ချီးကျူးလိုက်သည်။
ဒီဝတ်ရုံတစ်ထည်တည်းနှင့်ပင် ဒီကာလအတွင်း ပင်ပန်းခဲ့ရသမျှ အရာထင်သွားပြီဟု ခံစားလိုက်ရသည်။ ဆရာကျန်း ပြောခဲ့သည့် ပြီးပြည့်စုံသော ပြင်ဆင်မှု ဆိုသည်မှာ တကယ်ပဲ စိတ်ချရသည်။
"ကျွန်တော် တစ်ယောက်တည်းကိုပဲ ကျေးဇူးတင်မနေပါနဲ့... ဒီဝတ်ရုံကို ဆရာတုန်း၊ ဆရာကျန်း၊ ဆရာရွှယ် တို့..."
ကျန်းပေရန် ကုသိုလ်ခွဲဝေပေးရန် ပြင်လိုက်စဉ်မှာပင် ကြယ်တာရာပြောင်း ဝတ်ရုံကို ပူးပေါင်း ဖန်တီးခဲ့ကြသော ပညာရှင်ကြီးများက လက်ကာပြလိုက်ကြသည်။
"ကျွန်တော်တို့ လုပ်ခဲ့တာတွေက ပြောပလောက်တာ မဟုတ်ပါဘူး... ဆရာကျန်း နောက်တစ်ခု ဆက်ပြောပါ"
'တောက်... ခင်ဗျားတို့ရဲ့ မာနတွေ ဘယ်ရောက်သွားကြတာလဲ'
သူ့အပေါ် ပုံကျလာမည့် ဂုဏ်သတင်းများကို ခွဲဝေယူစေချင်သော်လည်း ပညာရှင်ကြီးများက သူ့ကို ဘုရားစင်ပေါ် တင်ပေးလိုက်သလို ဖြစ်သွားသည်။
အနက်ရောင်သူတော်စင်ကြီးများ၏ အကြည့်များကို ကြည့်လိုက်သည့်အခါ အံ့သြမှု သက်သက်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။
အဆင့်ကိုး ပညာရှင်ကြီးများကပင် ဤမျှ နှိမ့်ချဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အဆင့် ရတနာနှင့် တန်းတူညီမျှသော ဤဝတ်ရုံကို ဆရာကျန်း တစ်ယောက်တည်း ဖန်တီးခဲ့သည်ဟု ထင်မှတ်သွားကြပုံရသည်။
'ဟူး...'
စိတ်ထဲမှ သက်ပြင်းချလိုက်ပြီးနောက် သူတို့၏ အမြင်ကို ပြောင်းလဲ၍ မရနိုင်တော့မှန်း သိလိုက်ရသဖြင့် ကျန်းပေရန်သည် လူဘိုကွေး၏ အနားသို့ လျှောက်သွားလိုက်သည်။
တုန်းကျန့်ရွှမ်ကဲ့သို့ပင် လူဘိုကွေးသည်လည်း သိုလှောင်လက်စွပ်ထဲမှ ကွင်းပုံစံ ရတနာတစ်ခုကို ထုတ်ယူကာ ကျန်းပေရန်ကို ကမ်းပေးလိုက်သည်။
ရတနာကို လှမ်းယူလိုက်ပြီး ကျန်းပေရန်သည် အနက်ရောင်သူတော်စင်များကို ပြသလိုက်သည်။
"ဒါကတော့ အံ့ဖွယ်အသံကွင်းပါ... ဒါကို လူကြီးမင်းတို့ရဲ့ လက်နက်တွေမှာ တပ်ဆင်ထားလိုက်ရင် တိုက်ခိုက်တဲ့အချိန်တိုင်း ပြင်းထန်တဲ့ အသံလှိုင်းတွေ ထွက်ပေါ်လာမှာပါ"
"အသံလှိုင်း ဟုတ်လား"
အနက်ရောင်သူတော်စင်များ ကြောင်သွားကြသည်။ ခုနက ဝတ်ရုံနှင့် ယှဉ်လိုက်လျှင် ဤအသံကွင်း၏ အသုံးဝင်ပုံကို နားမလည်နိုင် ဖြစ်နေကြသည်။
"ဟုတ်ပါတယ်... အသံလှိုင်းပါ"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
"လူကြီးမင်းတို့ ဂူကျင့်ကြံသူတွေနဲ့ တိုက်ခိုက်တုန်းက ကျွန်တော် အချက်တစ်ချက် သတိထားမိတယ်... သူတို့က မသေနိုင်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာ မဟုတ်ဘဲ သူတို့ ခန္ဓာကိုယ်ထဲက ဂူပိုးတွေက ပြန်လည် ကုစားပေးနေတာပါ"
ကျန်းပေရန် ခေတ္တ ရပ်နားလိုက်ပြီး ကူလျန်ချန်၏ ရှေ့သို့ လျှောက်သွားကာ အသံကွင်းကို ကမ်းပေးလိုက်သည်။
"စီနီယာကူလျန်... စမ်းကြည့်ပါဦး"
ကူလျန်ချန် ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ သူ၏ လက်နက်ဖြစ်သော သောင်းပြောင်းငွေရောင်ပန်းပွင့်ကို ထုတ်ယူလိုက်သည်။
"ဒီတိုင်း စွပ်လိုက်ရုံပဲလား"
ကူလျန်ချန် မေးလိုက်သည်။
"ဟုတ်ပါတယ်"
ကွင်းပေါ်ရှိ အင်းကွက်များကို ကြည့်ရှုပြီးနောက် ကူလျန်ချန်သည် လက်နက်၏ ထိပ်ဖျားတွင် စွပ်လိုက်သည်။
"ရွှီ" ကနဲ အသံနှင့်အတူ ကွင်းသည် ချက်ချင်း ကျုံ့သွားပြီး လက်နက်ထိပ်ဖျားတွင် လက်စွပ်တစ်ကွင်းအလား တွယ်ကပ်သွားသည်။
"ဒါဆို ပြီးပြီလား"
သေးငယ်သွားသော ကွင်းကို ကြည့်ပြီး ကူလျန်ချန် မေးလိုက်သည်။
"ဟုတ်ကဲ့... အခု စီနီယာ စမ်းပြီး ဝှေ့ယမ်းကြည့်ပါ"
ကူလျန်ချန်သည် သံသယ မရှိဘဲ လက်နက်ကို အားပြင်းပြင်းဖြင့် ဝှေ့ယမ်းလိုက်သည်။
"ဝုန်း"
နားကွဲမတတ် စူးရှသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ခန်းမထဲရှိ အနက်ရောင်သူတော်စင် အားလုံး မျက်မှောင်ကြုတ်သွားကြသည်။ ရင်ဘတ်ထဲတွင် မွန်းကျပ်မှု ခံစားလိုက်ရသဖြင့် ဝိညာဉ်စွမ်းအင်ဖြင့် ကာကွယ်လိုက်ရသည်။
ကူလျန်ချန် မမေးခင်မှာပင် ကျန်းပေရန် စတင် ရှင်းပြလိုက်သည်။
"တိုက်ပွဲတွေကို လေ့လာကြည့်တဲ့အခါ ဂူပိုးတွေ အကြောက်ဆုံး အရာတစ်ခုက ဆူညံသံ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်... အသံလှိုင်းရဲ့ ပြင်းအားက အတိုင်းအတာ တစ်ခုအထိ ရောက်သွားရင် ဂူပိုးတွေကို ကစဉ့်ကလျား ဖြစ်သွားစေပြီး ဂူကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို ပြန်လည် မကုစားနိုင်တော့ပါဘူး"
"ဒီလို လျှို့ဝှက်ချက် ရှိတာလား"
ချောင်ကျင်းဟွာ အံ့သြတကြီး အော်မေးလိုက်သည်။
သူသည် ဂူကျင့်ကြံသူများနှင့် ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ဒီအားနည်းချက်ကို လုံးဝ သတိမထားမိခဲ့ပေ။
'စီနီယာချောင် မနက်ဖြန်ကျရင် စမ်းကြည့်လိုက်ပါ'
"ဟား ဟား ဟား... ကောင်းပြီ... တကယ်သာ အသုံးဝင်ရင် ပြန်ရောက်တဲ့အခါ ဆရာကျန်းကို အရက်ကောင်းကောင်း တိုက်မယ်"
ဒီရက်ပိုင်းအတွင်း ဂူကျင့်ကြံသူများ၏ ပြန်လည်ကုစားနိုင်စွမ်းကြောင့် ချောင်ကျင်းဟွာ စိတ်ညစ်နေခဲ့ရသည်။ ယခု သူတို့ ပြန်မကုစားနိုင်တော့ဘူး ဆိုသည်ကို သိလိုက်ရသဖြင့် ရင်ထဲတွင် ကျေနပ်အားရသွားမိသည်။
အံ့ဖွယ်အသံကွင်းကို မိတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ကျန်းရွှန်တင်း၏ ရှေ့သို့ လျှောက်သွားပြီး အဝတ်စတစ်ခုကို လှမ်းယူလိုက်သည်။
"ဒီရတနာရဲ့ နာမည်က ရှီးဟယ်ပါ... လူကြီးမင်းတို့လည်း သတိထားမိကြမှာပါ... အခုနောက်ပိုင်း အဆိပ်မြူထဲမှာ မြင်ရတာ ပိုခက်လာတယ်... အမြင်အာရုံတင်မကဘဲ တခြား အာရုံတွေကိုပါ ထိခိုက်လာတယ်"
"မှန်တယ်"
ရှီဟုန်ယွင် ဝင်ထောက်ခံသည်။
"အခုဆိုရင် ငါတို့က အာရုံခံနိုင်စွမ်းကိုပဲ အားကိုးပြီး တိုက်ခိုက်နေရတာ... တော်တော်လေး နစ်နာတယ်"
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ရှီးဟယ်ကို ကိုင်ကာ ရှီဟုန်ယွင် ရှေ့သို့ လျှောက်သွားလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်... ဒါကို မျက်လုံးမှာ စည်းကြည့်ပါလား"
ရှီဟုန်ယွင် သံသယဖြစ်မိသော်လည်း ချက်ချင်း လှမ်းယူပြီး မျက်လုံးတွင် စည်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် ရှီးဟယ်ပေါ်ရှိ ခရမ်းရောင် အင်းကွက်များမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ရှီဟုန်ယွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ပတ်ဝန်းကျင် တစ်ခုလုံး ရွှေရောင်အလင်းများဖြင့် လင်းထိန်နေပြီး နေရောင်အောက် ရောက်နေသကဲ့သို့ မြင်တွေ့လိုက်ရသည်။
"ဒါက..."
အာမေဋိတ်သံ ပြုပြီးနောက် ရှီဟုန်ယွင်သည် ကျင်းကျယ်အဆောင် အပြင်ဘက်သို့ ပြေးထွက်သွားသည်။
ခဏအကြာတွင် ပြန်ဝင်လာပြီး မျက်လုံးစည်းကို ချွတ်ကာ အော်ပြောလိုက်သည်။
"အဆိပ်မြူထဲက အရာအားလုံးကို ငါ ရှင်းရှင်းလင်းလင်း မြင်နေရပြီ"
အပြင်ထွက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည့် တစ်ခဏတွင် နေရောင်ခြည်က အဆိပ်မြူများကို ထိုးခွဲလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ကြာမြင့်စွာ ပျောက်ဆုံးနေသော ကောင်းကင်ပြာကို ပြန်လည် မြင်တွေ့လိုက်ရသည်။
"ဒါက ရှီးဟယ်ရဲ့ စွမ်းဆောင်ရည်ပါပဲ... ဒါကို ဝတ်ဆင်ထားသရွေ့ အဆိပ်မြူတွေက အာရုံခံစားမှုတွေကို ပိတ်ဆို့ထားတာကို လုံးဝ ဖယ်ရှားပေးမှာပါ... အဆိပ်မြူထဲမှာ ချောင်းမြောင်းတိုက်ခိုက်ခံရမှာကို စိတ်ပူစရာ မလိုတော့ပါဘူး"
ဖူရီချန်က လက်ခုပ်တီးပြီး ရယ်မောလိုက်သည်။
"မျက်စိပွင့်သွားပြီဗျာ... တကယ် မျက်စိပွင့်သွားပြီ... ဆရာကျန်းက ငါတို့ကို တကယ် လိမ်မပြောဘူးပဲ... တကယ့်ကို ပြည့်စုံတဲ့ ပြင်ဆင်မှုတွေ လုပ်ပေးထားတာပဲ"
ဖူရီချန်၏ စကားသည် အနက်ရောင်သူတော်စင် အားလုံး၏ ရင်ထဲမှ စကားသံ ဖြစ်လေသည်။
ဒီရတနာ သုံးမျိုးတည်းနှင့်ပင် သူတို့၏ စောင့်ဆိုင်းခဲ့ရကျိုး နပ်နေပြီ ဖြစ်သည်။
သို့သော် ကျန်းပေရန် ရပ်တန့်မသွားသေးပေ။ ယန်ရုံထံမှ သစ်သားသေတ္တာ တစ်လုံးကို ယူလိုက်ပြီး အနက်ရောင်သူတော်စင်များ ရှေ့တွင် ဖွင့်ပြလိုက်သည်။
"ပစ္စည်းကောင်းပဲ"
သေတ္တာ ပွင့်သွားသည်နှင့် အတွင်းမှ ကျောက်စိမ်းရတနာများကို မြင်လိုက်ရသောအခါ အဆင့်ခုနစ် ကျောက်စိမ်းပညာရှင် ဖြစ်သူ ယန်ယွီ၏ မျက်လုံးများ အရောင်တောက်သွားသည်။
ယန်ယွီ စိတ်လှုပ်ရှားနေသည်ကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်သည်။
"ဒါက ကျောက်စိမ်းပုစဉ်းလို့ ခေါ်တဲ့ ရတနာ အတွဲလိုက်ပါ... စီနီယာယန် စိတ်ဝင်စားရင် စမ်းကြည့်ပါလား"
"ဒါဆိုရင် အားမနာတော့ဘူး"
ယန်ယွီသည် ကျန်းပေရန် ရှေ့သို့ တိုးလာပြီး သေတ္တာထဲမှ ကျောက်စိမ်းများကို သေချာ ကြည့်ရှုလိုက်သည်။
ကျောက်စိမ်းပုစဉ်း အစုံလိုက်တွင် ပစ္စည်းငါးမျိုး ပါဝင်သည်။ နားကပ်၊ လက်ကောက်၊ ခါးချိတ်၊ လက်စွပ်နှင့် ဆွဲကြိုးတို့ ဖြစ်ကြသည်။
တိမ်တိုက်ပုံစံ နားကပ်ကို ယန်ယွီ အရင်ဆုံး ဝတ်ဆင်လိုက်သည်။
ထို့နောက် ဝါးဆစ်ပုံစံ လက်ကောက်၊ ချွန်ထက်သော ခါးချိတ်၊ သွေးရောင်လက်စွပ်နှင့် ရွှေနီရောင် ကြိုးတပ်ဆင်ထားသော ဆွဲကြိုးတို့ကို တစ်ခုပြီးတစ်ခု ဝတ်ဆင်လိုက်သည်။
ငါးမျိုးလုံး ဝတ်ဆင်ပြီးသည့်တိုင် ယန်ယွီ ဘာမှ မထူးခြားသလို ခံစားနေရသည်။
ထိုအချိန်တွင် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ အနက်ရောင် သစ်သားပုလင်းကို ထုတ်ယူပြီး ယန်ယွီကို ပေးလိုက်သည်။ ထို့နောက် အခြား အနက်ရောင်သူတော်စင်များကို ကြည့်ပြီး ပြောလိုက်သည်။
"ဂူကျင့်ကြံသူတွေနဲ့ တိုက်ခိုက်တဲ့အခါ အဆိပ်မြူအပြင် နောက်ထပ် ဒုက္ခပေးတာကတော့ သူတို့ရဲ့ တိုက်ခိုက်မှုတိုင်းမှာ အဆိပ်ပါနေတာပါပဲ"
ထိုစကားကြောင့် အနက်ရောင်သူတော်စင်များ ခေါင်းညိတ်ထောက်ခံကြသည်။
"ဂူအဆိပ်တွေက အမျိုးမျိုး ပြောင်းလဲနိုင်တာမို့ တိုက်ပွဲအတွင်းမှာ ဖြေဆေး ဖော်စပ်ဖို့ မဖြစ်နိုင်ပါဘူး... ဒီကျောက်စိမ်းပုစဉ်းက အဆိပ်အတောက်တွေ ခန္ဓာကိုယ် အတွင်းကလီစာတွေထဲ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါလိမ့်မယ်... ပြီးရင် ပုလင်းထဲက နှင်းဝိညာဉ်ဆေးလုံးကို သောက်လိုက်ရင် အဆိပ်ကို ယာယီ ထိန်းချုပ်ထားနိုင်ပြီး ခန္ဓာကိုယ်ကို ထိခိုက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်"
'ပြည့်စုံလိုက်တာ'
ကျောက်စိမ်းပုစဉ်း၏ အစွမ်းကို သိလိုက်ရသည့်အခါ အနက်ရောင်သူတော်စင်များ၏ ခေါင်းထဲတွင် ထိုစကားလုံးသာ ပေါ်လာတော့သည်။
ဂူကျင့်ကြံသူများ၏ အားသာချက် အားလုံးကို ထိထိရောက်ရောက် ဖြေရှင်းပေးထားသည်။
"နောက်ဆုံးအနေနဲ့..."
ကျန်းပေရန်က အဆင့်ကိုး ပညာရှင်များဘက်သို့ ဆက်လက် လျှောက်သွားသည်ကို မြင်သောအခါ အနက်ရောင်သူတော်စင်များ အံ့သြသွားကြသည်။
'ကျန်သေးတယ် ဟုတ်လား'
ဟူဟုန်ဝေ၏ လက်ထဲမှ ဝါးစာလိပ် တစ်ခုကို ယူလိုက်ပြီး ကျန်းပေရန် လူအများကို ပြသလိုက်သည်။
"ဒီရတနာရဲ့ နာမည်ကတော့ အင်မော်တယ်ခြေရာ စာလိပ်ပါ... အသုံးပြုပုံက ရိုးရှင်းပါတယ်... စာလိပ်ပေါ်မှာ ရေးထားတဲ့ စာသားတွေကို ရွတ်ဖတ်လိုက်ရင် လူကြီးမင်းတို့ ဘယ်နေရာမှာပဲ ရောက်နေနေ ချက်ချင်း ယွမ်မြို့ထဲက ကျင်းကျယ်အဆောင်ကို ပြန်ရောက်လာမှာပါ"
"......"
အနက်ရောင်သူတော်စင်များ ဆွံ့အသွားကြသည်။ ကျန်းပေရန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးပိတ်မှ ထုတ်ပြခြင်း ဖြစ်ရာ ဤ အင်မော်တယ်ခြေရာ စာလိပ်သည် သူ အကျေနပ်ဆုံး ရတနာ ဖြစ်သလို အားအစိုက်ရဆုံး ရတနာလည်း ဖြစ်သည်။
ဤ ဝါးစာလိပ် သေးသေးလေး တစ်ခု ဖြစ်လာဖို့အတွက် အဆောင်၊ အင်းကွက်၊ ဂူပိုး၊ တည်ဆောက်ရေး၊ ကောင်းကင်မြေကြီး၊ အစီအရင်၊ လက်နက်၊ ဖန်ဆင်းခြင်း စသည့် နယ်ပယ်ရှစ်ခုမှ အဆင့်ကိုး ပညာရှင်ကြီးများ ပူးပေါင်း ဖန်တီးခဲ့ရခြင်း ဖြစ်သည်။
ကျင်းကျယ်အဆောင်ကို ပြန်လည်မွေးဖွားရာ နေရာ အဖြစ် ပြောင်းလဲရန်အတွက် ကျန်းပေရန်နှင့် ပညာရှင်ကြီးများ ဦးနှောက်ခြောက်မတတ် ကြိုးစားခဲ့ရသည်။
နည်းပညာပိုင်းအရ ပြောရလျှင် ပျံသန်းစံအိမ်ထက်ပင် ရှုပ်ထွေးခက်ခဲပေသည်။
ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ကူလျန်ချန် ပထမဆုံး သတိဝင်လာပြီး မေးလိုက်သည်။
"ငါ စမ်းကြည့်လို့ ရမလား"
ကျန်းပေရန် ခေါင်းခါလိုက်သည်။
"အခု ကျွန်တော် ပြောမယ့် စကားကို သေချာ မှတ်ထားပေးကြပါ"
ပြောပြီးသည်နှင့် အင်မော်တယ်ခြေရာ စာလိပ်ကို မြှောက်ပြလိုက်သည်။
"ဒီရတနာက ပြီးစီးသွားပြီ ဆိုပေမယ့် အချိန်တိုအတွင်း လုပ်ရတာမို့ စမ်းသပ်ချိန် မရှိခဲ့ပါဘူး... ဒါကြောင့် အရမ်းကြီး တည်ငြိမ်မှု မရှိသေးပါဘူး... မဖြစ်မနေ အခြေအနေ ရောက်မှသာ နောက်ဆုံး အသက်ကယ်ဆေး အနေနဲ့ သုံးကြပါ"
"ဆရာကျန်း... မတည်ငြိမ်ဘူး ဆိုတာက ဘာကို ပြောတာလဲ"
အနက်ရောင်သူတော်စင် တစ်ပါးက မေးလိုက်သည်။
"မတည်ငြိမ်ဘူး ဆိုတာက ဖြစ်နိုင်ခြေ သုံးမျိုး ရှိပါတယ်... တစ်ချက်က အလုပ်မလုပ်တာ... နှစ်အချက်က ကျင်းကျယ်အဆောင်ကို ပြန်မရောက်ဘဲ တခြားနေရာ ရောက်သွားတာ... သုံးအချက်ကတော့ အန္တရာယ်အများဆုံးပါပဲ... ဝိညာဉ်သဲ လဟာပြင်ထဲ ရောက်သွားပြီး ထာဝရ ပိတ်မိသွားနိုင်ပါတယ်"
မတည်ငြိမ်မှု၏ အကျိုးဆက်များကို ကြားလိုက်ရသည့်အခါ အနက်ရောင်သူတော်စင် တစ်ပါးက ရေရွတ်လိုက်သည်။
"တကယ်ကို မဖြစ်မနေ အခြေအနေမှ သုံးရမယ့် ပစ္စည်းပဲ... အသက်နဲ့ရင်းပြီး လောင်းကစားရတာနဲ့ တူတူပဲ"
"ဒါပေမဲ့ နိုင်ဖို့ အခွင့်အရေး များပါတယ်"
ကျန်းပေရန် ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီ... ဆရာကျန်း ပြောမှတော့ ငါ ယုံတယ်"
ထိုသူက ရယ်မောကာ ပြန်ပြောလိုက်သည်။
အင်မော်တယ်ခြေရာ စာလိပ်ကို ပြန်သိမ်းလိုက်ပြီး ကျန်းပေရန် ဆက်ပြောသည်။
"အင်မော်တယ်ခြေရာ စာလိပ်အပြင် တခြား ရတနာတွေလည်း ပြီးပြည့်စုံတာ မဟုတ်ပါဘူး... ကြယ်တာရာပြောင်း ဝတ်ရုံက အဆိပ်မြူတွေကို အကန့်အသတ်မရှိ စစ်ထုတ်ပေးနိုင်တာ မဟုတ်ပါဘူး... ပမာဏ များလွန်းရင် အဆိပ်သင့်နိုင်ပါတယ်"
"အံ့ဖွယ်အသံကွင်းကလည်း အသံလှိုင်း တစ်မျိုးတည်း ထုတ်ပေးနိုင်တာမို့ တစ်ဖက်က ဂူပိုးတွေ နေသားကျသွားရင် အာနိသင် လျော့သွားပါလိမ့်မယ်... ရှီးဟယ်ကိုလည်း အကြာကြီး တပ်ဆင်ထားလို့ မရပါဘူး... မဟုတ်ရင် မျက်လုံးကို ပြန်ထိခိုက်စေနိုင်ပါတယ်"
အားနည်းချက်များကို တစ်သီကြီး ပြောပြနေသော်လည်း အနက်ရောင်သူတော်စင်များကတော့ ဂရုမစိုက်ကြပေ။
ချောင်ကျင်းဟွာက ဦးဆောင်ပြီး ပြောလိုက်သည်။
"ဆရာကျန်းက နှိမ့်ချလွန်းနေပါပြီ... ဒါတွေက ဘာမှ အရေးမကြီးပါဘူး... အကြာကြီး မသုံးရရင် ပြီးတာပဲ... စိတ်ချပါ... ဆရာကျန်း ပြောသလောက် ထိရောက်မှု ရှိရင် နံ့သာတိုင် တစ်တိုင်စာ အချိန်အတွင်းမှာ တိုက်ပွဲကို အပြတ်ဖြတ်ပြမယ်"
"ဟုတ်တယ်... ဆရာကျန်းက နှိမ့်ချလွန်းတယ်... ဒီလောက် အချိန်တိုအတွင်း ဒီလို ရတနာတွေ ဖန်တီးပေးနိုင်တာ တကယ် လေးစားစရာပါ"
"ဒီတစ်ခေါက် ယွမ်မြို့ကနေ ဖောက်ထွက်နိုင်ပြီး ထုန်နိုင်ငံကို ပြန်သိမ်းနိုင်ခဲ့ရင် ဆရာကျန်းက နံပါတ်တစ် သူရဲကောင်းပဲ"
...
ချီးကျူးသံများ ဆူညံသွားသည်ကို မြင်သောအခါ ကျန်းပေရန် စကားလမ်းကြောင်း လွှဲလိုက်သည်။
"စီနီယာချောင် ပြောတာ မှန်ပါတယ်... ကျွန်တော် အခုလို အားနည်းချက်တွေကို ပြောပြရတာက တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်စေချင်လို့ပါ... အချိန်ကြာသွားရင် ကျွန်တော်တို့ဘက်က နစ်နာလိမ့်မယ်"
"ဆရာကျန်း စိတ်ချပါ... ကျွန်တော်တို့ အဆင်ပြေအောင် လုပ်ပါ့မယ်"
ချောင်ကျင်းဟွာက ရယ်မောကာ ပြောလိုက်သည်။
'စိတ်ချရတာကတော့... ခင်ဗျားကို အစိုးရိမ်ဆုံးပဲ'
ချောင်ကျင်းဟွာလို လူမျိုးက တိုက်ပွဲဝင်ပြီ ဆိုတာနဲ့ "အဆင်ပြေအောင် လုပ်မယ်" ဆိုတဲ့ စကားကို မေ့သွားမှာ သေချာသည်။
သို့သော် ပြောလို့ရမည့် လူစားမျိုး မဟုတ်မှန်း သိသဖြင့် ကျန်းပေရန် ဆက်မပြောတော့ဘဲ အစည်းအဝေးကို နောက်ဆုံး အဆင့်သို့ တွန်းပို့လိုက်သည်။
"ဒါဆိုရင်... လူကြီးမင်းတို့ မေးစရာ ရှိသေးလား... မရှိတော့ရင် အသေးစိတ် အစီအစဉ်နဲ့ တာဝန်ခွဲဝေမှုတွေကို စကြရအောင်"
"ငါ မေးစရာ ရှိတယ်"