← Chapters

အခန်း (၁၅၀၅-၁၅၀၆)

Vol. 114 Ch. 1505-1506

အခန်း (၁၅၀၅-၁၅၀၆)

Vol. 114 Ch. 1505-1506

အခန်း ၁၅၀၅ - အတိတ်ဘဝ ခန္ဓာကိုယ်

မနက်ခင်း နေရောင်ခြည် တောက်ပနေသော်လည်း တာဟိုင်မြို့၏ နေရာအချို့သည် အမှောင်ထု လွှမ်းမိုးနေဆဲ ဖြစ်သည်။

ဒီနေရာသည် ဟောင်းနွမ်းနေသော လူနေတိုက်ခန်း အဆောက်အအုံတစ်ခု ဖြစ်သည်။

တိုက်ခန်းရှိ လူများသည် ပုံမှန်အတိုင်း နေထိုင်ကြသော်လည်း ဒီနေ့ နိုးလာသောအခါ အရာအားလုံး ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။

အပြင်ဘက်သည် မှောင်မိုက်နေပြီး အလင်းရောင် အနည်းငယ်မျှပင် မရှိပေ။ ပို၍ ထူးဆန်းသည်မှာ အပြင်ဘက် မြင်ကွင်းများကို မမြင်ရတော့ခြင်း ဖြစ်သည်။ ဒီတိုက်ခန်းသည် အထီးကျန် ဖြစ်သွားပြီး ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ဖြစ်နေသည်။

လက်တွေ့ဘဝတွင် ဤကဲ့သို့ နားမလည်နိုင်သော အရာများ ဖြစ်ပွားလာသည့်အခါ နေထိုင်သူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့ ထွက်ပြေးရန် ကြိုးစားသော်လည်း မှောင်မိုက်သော ကမ္ဘာထဲတွင် လမ်းပျောက်သွားပြီး ပြန်မလာနိုင်တော့ပေ။ အချို့က အကူအညီ တောင်းရန် ကြိုးစားသော်လည်း လျှပ်စစ်ပစ္စည်းများ အားလုံး လိုင်းမမိတော့ပေ။

ဉာဏ်ကောင်းသူ အချို့ကမူ အစားအသောက်နှင့် ရေများကို စုဆောင်းပြီး အိမ်ထဲတွင် ပုန်းအောင်းနေကြသည်။

သတ္တိကောင်းသူ အချို့ကမူ တိုက်ခန်းတစ်ခုလုံးကို စူးစမ်းလေ့လာပြီး ထွက်ပေါက်ရှာရန် ကြိုးစားကြသည်။

သို့သော် ခဏအကြာတွင် ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများ တိုက်ခန်းအတွင်း ပဲ့တင်ထပ်လာသည်။

လူများ စတင် သေဆုံးလာကြသည်။

တိုက်ခန်းအတွင်း ကြက်သီးထစရာ အမှန်တရားတစ်ခု ပျံ့နှံ့လာသည်။

ဒီတိုက်ခန်းထဲတွင် ကြောက်မက်ဖွယ် တစ္ဆေတစ်ကောင် လှည့်လည်သွားလာနေပြီး လူအများအပြားကို သတ်ဖြတ်နေပြီ ဖြစ်သည်။ ထွက်ပြေး၍ မရခြင်းမှာလည်း ဒီတစ္ဆေကြောင့် ဖြစ်သည်။

အစပိုင်းတွင် လူအများစု မယုံကြည်ကြပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ တချို့က တစ္ဆေ လှည့်လည်သွားလာနေသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် သံသယဝင်မှုများ ပျောက်ကွယ်သွားသည်။

သို့သော် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများက တိုက်ခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

မမျှော်လင့်ထားသော ကိစ္စများ မဖြစ်ပေါ်လာပါက ဒီတိုက်ခန်းရှိ လူအားလုံး သေဆုံးကြရမည်။ တစ္ဆေက မသတ်လျှင်တောင် တစ္ဆေနယ်မြေ ပိတ်ဆို့ထားမှုကြောင့် အစားအသောက် ပြတ်လပ်ပြီး ငတ်ပြတ်သေဆုံးသွားကြမည်။

ကံကောင်းသည်မှာ ဒီသဘာဝလွန် ဖြစ်ရပ်သည် စတင်ကာစသာ ရှိသေးပြီး အခြေအနေ သိပ်မဆိုးရွားသေးပေ။

ထိုအချိန်တွင် အလှည့်အပြောင်း တစ်ခု ပေါ်လာသည်။

လူတစ်ယောက်သည် တစ္ဆေနယ်မြေ ပိတ်ဆို့ထားမှုကို လစ်လျူရှုကာ အပြင်ဘက်မှ ကျူးကျော်ဝင်ရောက်လာပြီး ဒီတိုက်ခန်းထဲသို့ ရောက်ရှိလာသည်။

"တိုက်ခန်းတစ်ခုလုံးကို တစ္ဆေနယ်မြေထဲ ဆွဲထည့်ထားတာပဲ သေချာ ဂရုမစိုက်ရင် လွတ်သွားနိုင်တယ် လွတ်မြောက်နေတဲ့ တစ္ဆေတွေ အများကြီး ရှိသေးတာပဲ"

ယန်ကျန့်သည် အနီရောင် လှံရှည်ကို ကိုင်ထားပြီး တိုက်ခန်း၏ အလွှာတစ်ခုကို မော့ကြည့်လိုက်သည်။

ထိုနေရာတွင် သူ၏ တစ္ဆေမျက်လုံးသည် နှောင့်ယှက်မှုကို ခံစားလိုက်ရပြီး အမြင်အာရုံများ တွန့်လိမ်သွားသည်။

ဒါက တစ္ဆေသည် ထိုအလွှာများတွင် ရှိနေကြောင်း ပြသနေသည်။

"ကံကောင်းလို့ အစ်မဟုန်က လက်ကျန် ဘုရင်တွေကို ရှင်းပစ်လိုက်လို့ ခေါင်းဆောင်တွေ အားလုံး စိတ်အေးလက်အေးနဲ့ သဘာဝလွန် ဖြစ်ရပ်တွေကို လိုက်ရှင်းနိုင်တာ မဟုတ်ရင် အခုထိ တစ်စုတစ်ဝေးတည်း နေပြီး ရန်သူကို စောင့်ကြည့်နေရဦးမှာ"

ယန်ကျန့် တွေးရင်း အပေါ်ထပ်သို့ တက်သွားလိုက်သည်။

စောစောက သူသည် လျိုစန်း၊ လီလဲ့ဖိန်၊ ဟဲယင်အာ၊ ဟယ်ယွဲ့လျန်နှင့် လီယန်တို့နှင့် လမ်းခွဲခဲ့သည်။ ဒီလို ခွဲလိုက်မှသာ ပိုပြီး ထိရောက်မှု ရှိမည်။

ယန်ကျန့် လှေကားအတိုင်း တက်သွားပြီး ရှစ်လွှာသို့ ရောက်ရှိလာသည်။

ဒီအလွှာသို့ ရောက်သည်နှင့် ပတ်ဝန်းကျင် အမှောင်ထုများ ပျောက်ကွယ်သွားသည်။ လေထဲတွင် စိမ်းဖန့်ဖန့် အလင်းရောင်များ ပေါ်လာပြီး ထိုအလင်းရောင်များသည် အေးစက်သော တစ္ဆေမီးများအဖြစ် ပြောင်းလဲသွားကာ ဒီအလွှာကို စတင် လောင်ကျွမ်းစေသည်။ ထို့နောက် အပေါ်ထပ်သို့ ဆက်လက် ပျံ့နှံ့သွားသည်။

သူ အချိန်မရသဖြင့် အကြမ်းဖက် နည်းလမ်းကို သုံးကာ တစ္ဆေမီးကို တိုက်ရိုက် အသုံးပြုလိုက်သည်။

တစ္ဆေသည် စိတ်ကူးယဉ် သက်သက် မဟုတ်ပါက တစ္ဆေမီးသည် တစ္ဆေ၏ တည်နေရာကို လျင်မြန်စွာ ရှာဖွေပေးနိုင်သည်။

ထို့အပြင် တစ္ဆေမီးသည် သဘာဝလွန် အရာများကိုသာ လောင်ကျွမ်းစေပြီး သာမန်လူများကို ထိခိုက်မှု နည်းပါးသည်။ အချိန်ကို သေချာ ထိန်းချုပ်နိုင်လျှင် သာမန်လူများ လုံးဝ ထိခိုက်မှု ရှိမည် မဟုတ်ပေ။

"မီးလောင်နေပြီ မီးလောင်နေပြီ"

မကြာမီ အနီးနားရှိ အခန်းများမှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။

တစ္ဆေမီး ပေါ်လာခြင်းက သူတို့ကို လန့်သွားစေသည်။

ယန်ကျန့် ဂရုမစိုက်ပေ။ တစ်ချက် ကြည့်လိုက်ပြီး ကိုးလွှာသို့ ဆက်တက်သွားသည်။

သိသာသည်မှာ တစ္ဆေသည် ဒီအလွှာတွင် မရှိပေ။

အပေါ်ထပ် ရောက်သောအခါ ယန်ကျန့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တောက်လောင်နေသော တစ္ဆေမီးများကြားတွင် ကွက်လပ်တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ တစ်စုံတစ်ခု ဖြတ်သန်းသွားပြီး တစ္ဆေမီးကို အတင်းအဓမ္မ ငြှိမ်းသတ်သွားသကဲ့သို့ လမ်းကြောင်းတစ်ခု ကျန်ရစ်နေသည်။ အံ့သြစရာ ကောင်းသည်မှာ စောစောက သူ ဒီထူးခြားမှုကို သတိမထားမိလိုက်ခြင်း ဖြစ်သည်။

"တစ္ဆေရေကန်ကနေ လွတ်လာတဲ့ တစ္ဆေတွေက ကြောက်စရာ ကောင်းတယ် တစ္ဆေမီး မတားနိုင်တာ ပုံမှန်ပါပဲ"

ယန်ကျန့် သူ ကိုင်တွယ်ရမည့် တစ္ဆေ အဆင့်အတန်းကို ချက်ချင်း နားလည်လိုက်သည်။

သူ သတိထားလိုက်ပြီး တစ္ဆေမီး မလွှမ်းခြုံနိုင်သော လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားလိုက်သည်။

မမျှော်လင့်သော ကိစ္စများ မရှိပါက ဒီလမ်းကြောင်း၏ အဆုံးတွင် တစ္ဆေ ရှိနေလိမ့်မည်။

လမ်းကြောင်းသည် ဖြောင့်တန်းမနေဘဲ ကွေ့ကောက်နေသည်။ ယန်ကျန့် လိုက်ပါသွားရာ နောက်ဆုံးတွင် အခန်းတစ်ခန်းထဲသို့ ဝင်ရောက်သွားသည်။ ထိုအခန်း၏ တံခါးသည် ပွင့်နေပြီး တစ်စုံတစ်ခုက ဖွင့်ထားသကဲ့သို့ ဖြစ်နေသည်။

တံခါးပေါ်တွင် လက်ရာမထင်ရှားသော လက်ဗွေရာ အနက်ရောင်များ ကျန်ရှိနေသည်ကို ယန်ကျန့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ မီးလောင်ထားသကဲ့သို့ မည်းနက်နေသည်။

ကြည့်ရတာ တစ္ဆေမီးက အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ။ တစ္ဆေကို နည်းနည်းပါးပါး ထိခိုက်စေခဲ့ပုံရသည်။

နှမြောစရာ ကောင်းသည်မှာ အချိန်မလောက်ခြင်း ဖြစ်သည်။ တစ္ဆေမီးကို အချိန်ကြာကြာ ဆက်တိုက်ထားလျှင် ထိုတစ္ဆေ မီးလောင်သွားနိုင်သည်။

သို့သော် ယန်ကျန့် မစောင့်နိုင်တော့ပေ။

ယန်ကျန့် အခန်းထဲသို့ ဝင်လိုက်သည်။

သူ ခြေချလိုက်သည်နှင့် မျက်စိရှေ့ မြင်ကွင်း ဝါးသွားပြီး ဘာမှ မမြင်ရတော့ပေ။

သို့သော် ဒီဝါးတားတား ခံစားမှုသည် ခဏလေးသာ ကြာသည်။

ထို့နောက် ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အခန်းသည် စိမ်းသက်ပြီး ဟောင်းနွမ်းသွားသည်။ ခေတ်မီ ပရိဘောဂများ မဟုတ်ဘဲ ၇၀၊ ၈၀ ခုနှစ်များက ပုံစံ ဖြစ်နေသည်။ နံရံပေါ်တွင် ဟောင်းနွမ်းနေသော မင်းသမီး ပိုစတာများ ကပ်ထားပြီး မီးရောင်များမှာလည်း အရောင်စုံ ဖြစ်နေသည်။

ဆိုဖာပေါ်တွင် မီးခိုးရောင် အ၀တ်စ တစ်ခု လွှမ်းထားပြီး စားပွဲပေါ်တွင် အဖြူအမည်း တီဗီအို တစ်လုံး တင်ထားသည်။

"ဒါက သဘာဝလွန်စွမ်းအားနဲ့ ဖန်တီးထားတဲ့ မြင်ကွင်းပဲ ဒီတစ္ဆေက ၇၀၊ ၈၀ ခုနှစ်တွေတုန်းက ပေါ်လာဖူးပုံရတယ် အဲဒီတုန်းက ပတ်ဝန်းကျင် အနေအထားကို မှတ်မိနေပြီး အခု ပြန်ဖန်တီးထားတာပဲ"

ယန်ကျန့် ချက်ချင်း နားလည်လိုက်သည်။ သူ သဘာဝလွန် ဖြစ်ရပ်များစွာ ကြုံတွေ့ဖူးသဖြင့် ထူးဆန်းသော အရာများကို နားလည်နေပြီ ဖြစ်သည်။

တွန့်ဆုတ်မနေပေ။

တစ္ဆေမီး တဖန် တောက်လောင်လာပြီး ဒီအရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ဒီတကြိမ်တွင် မျှော်လင့်ထားသည်နှင့် ကွဲလွဲနေသည်။ တစ္ဆေမီးသည် သဘာဝလွန် အရာများကို ဖယ်ရှားပေးနိုင်ခြင်း မရှိသလို အခန်းကိုလည်း မူလအတိုင်း ပြန်ဖြစ်မလာစေပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ္ဆေမီး လောင်ကျွမ်းမှုကြောင့် နံရံများနှင့် ကြမ်းပြင်မှ မည်းနက်သော အရည်များ စိမ့်ထွက်လာသည်။ တချိန်တည်းမှာပင် ပြင်းထန်သော အလောင်းကောင် ပုပ်နံ့များ ပျံ့နှံ့လာသည်။

ဒီအခန်းထဲတွင် လူအများအပြား သေဆုံးခဲ့ပြီး အလောင်းများကို အခန်းထောင့် တစ်နေရာတွင် ပုံထားသကဲ့သို့ ဖြစ်နေသည်။

ယန်ကျန့် စကားတစ်ခွန်းမျှ မပြောဘဲ အနောက်ဘက်ရှိ ကြီးမားသော တစ္ဆေအရိပ်ကို အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကျက်လိုက်သည်။

တစ္ဆေအရိပ် လွှမ်းခြုံသွားပြီး တစ္ဆေ၏ ကြားခံနယ်ကို ဖုံးလွှမ်းရန် ကြိုးစားလိုက်သည်။

စောစောက တံခါးပေါ်မှ လက်ဗွေရာသည် မပြည့်စုံသဖြင့် အသုံးပြု၍ မရပေ။ ထင်းခုတ်ဓား၏ ကျိန်စာကို အသုံးပြုလိုလျှင် ပြည့်စုံသော လက်ဗွေရာ သို့မဟုတ် ခြေရာ ရှိမှ ရမည်။

တစ္ဆေအရိပ် ကျူးကျော်ဝင်ရောက်လာသည်နှင့်အမျှ အခန်းတွင်းရှိ သဘာဝလွန် အရာများ ထိခိုက်လာသည်။ နံရံများ ကွာကျလာပြီး ဟောင်းနွမ်းသော မြင်ကွင်းများ ပျောက်ကွယ်သွားကာ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။

သို့သော် ဒီလုပ်ရပ်သည် ပုန်းအောင်းနေသော တစ္ဆေကို ဒေါသထွက်စေပုံရသည်။

ရုတ်တရက် အခန်းတံခါး ဘုန်းခနဲ ပိတ်သွားသည်။ ထို့နောက် အိပ်ခန်းထဲမှ ခြေသံတစ်သံ ထွက်ပေါ်လာသည်။

ကျွီ

အိပ်ခန်းတံခါး ဖြည်းညှင်းစွာ ပွင့်လာသည်။ သို့သော် လူရိပ် မပေါ်လာဘဲ ပြောမပြတတ်သော အေးစက်မှုများ ပျံ့နှံ့လာသည်။

တစ္ဆေ ပေါ်လာသော်လည်း မမြင်ရပေ။ သို့မဟုတ် တစ္ဆေသည် ပတ်ဝန်းကျင်နှင့် တသားတည်း ဖြစ်သွားပြီး အခန်းထဲတွင် ပြီးပြည့်စုံစွာ ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။

ယန်ကျန့် တူတူပုန်းတမ်း ကစားရန် စိတ်မဝင်စားပေ။ လက်ထဲတွင် ကြာပန်းပုံသဏ္ဌာန် ရွှေရောင် ဆီမီးခွက်တစ်ခု ကိုင်ထားလိုက်သည်။

အလောင်းကောင် အဆီဖြင့် မီးထွန်းထားသော ဆီမီးခွက်သည် ပုန်းအောင်းနေသော တစ္ဆေအားလုံးကို ပေါ်လာစေနိုင်သည်။

ဆီမီးခွက် ထွန်းညှိလိုက်သည်နှင့် မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် မူလက မရှိသော အရာများ ပေါ်လာသည်။

ယန်ကျန့် မီးရောင်အောက်တွင် ထူးဆန်းသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် ရှည်လျားသော အင်္ကျီဝတ်ထားပြီး ဆံပင်များ ဖားလျားချထားသည်။ တကိုယ်လုံး ရေစိုနေပြီး ရေများ တောက်တောက် ကျနေသည်။ ထိုရေများတွင် တစ္ဆေရေကန်၏ အငွေ့အသက်များ ပါဝင်နေသည်။ ကြည့်ရတာ ဒီတစ္ဆေသည် ရေထဲတွင် အကြာကြီး စိမ်နေခဲ့ရပြီး လွတ်မြောက်လာလျှင်ပင် တစ္ဆေရေကန်၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်သေးပုံရသည်။

ဆီမီးခွက်ကြောင့် ပေါ်လာသော တစ္ဆေသည် ယန်ကျန့်ကို မတိုက်ခိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ယန်ကျန့်သည် တစ္ဆေ၏ သတ်ဖြတ်ခြင်း စည်းမျဉ်းကို မချိုးဖောက်သောကြောင့် ဖြစ်သည်။

ယန်ကျန့် အချိန်ဖြုန်းမနေတော့ဘဲ လှံရှည်ကို မြှောက်ကာ တစ္ဆေကို ရိုက်နှက်ကွပ်မျက်ရန် ပြင်လိုက်သည်။

သို့သော် သူ လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုတစ္ဆေသည် ယန်ကျန့်ကို မြင်လိုက်ပုံရပြီး လည်ပင်းကို တဖြည်းဖြည်း လှည့်လာသည်။ ရှုပ်ထွေးနေသော ဆံပင်များအောက်မှ ဖြူဖပ်ဖြူရော် မျက်နှာတစ်ခု ပေါ်လာသည်။

ထိုမျက်နှာသည် ရင်းနှီးနေသည်။

တစ်စုံတစ်ယောက်နှင့် တူနေသည်။

မဟုတ်ဘူး….. သူပဲလို့ ပြောရမယ်။

ယန်ကျန့်၏ ဇာတိရွာမှ ညီမဝမ်းကွဲ ဖြစ်သည်။

"တစ္ဆေရဲ့ ရုပ်ရည်က အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး ဒီအရာက ငါ့ညီမနဲ့ ထိတွေ့ဖူးတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် သူကိုယ်တိုင် ဖြစ်နိုင်တယ်... ဒါပေမယ့် လက်ရှိ ညီမ မဟုတ်ဘဲ အတိတ်ဘဝက ညီမ ဖြစ်လောက်တယ်"

ယန်ကျန့် မျက်လုံးများ အရောင်လက်သွားသည်။

အစ်မဟုန်၊ ဟယ်ယွဲ့လျန် တို့ကို ချက်ချင်း သတိရလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေဆရာ တချို့သည် သေဆုံးသွားလျှင်ပင် အသိစိတ်ကို ထိန်းသိမ်းထားနိုင်ပြီး သဘာဝလွန်စွမ်းအားများကို စွန့်လွှတ်ကာ နားမလည်နိုင်သော နည်းလမ်းဖြင့် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်တွင် ပြန်လည် အသက်ရှင်လာနိုင်သည်။

ဒီလို ပြန်လည် အသက်ရှင်ခြင်းသည် မပြည့်စုံဘဲ အားနည်းချက်များ ရှိသော်လည်း တစ္ဆေဆရာကို ဘဝတစ်ခုပြီးတစ်ခု ဆက်လက် အသက်ရှင်စေနိုင်သည်။

"ဖမ်းချုပ်လိုက်"

ယန်ကျန့် သတိပြန်ဝင်လာပြီး စိတ်ပြောင်းလိုက်သည်။ ဒီတစ္ဆေကို အရှင်ဖမ်းရန် ဆုံးဖြတ်လိုက်သည်။ နောင်ကျရင် အသုံးဝင်ကောင်း ဝင်လာနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူ့ညီမဝမ်းကွဲက ပဟေဠိတစ်ခု ဖြစ်နေဆဲပင်ဖြစ်ကာ တနေ့ကျရင် သူ ပေါ်လာနိုင်ပြီး ထိုအချိန်ကျမှ ရန်သူလား မိတ်ဆွေလား ဆိုတာ သိရမည်။

"လှံရှည် ပစ်လိုက်တာနဲ့ ရှေ့က တစ္ဆေကို သေချာပေါက် စိုက်ဝင်ပါစေ"

သေချာစေရန်အတွက် ယန်ကျန့်သည် တိုးတိုးလေး ရေရွတ်ပြီး ဆုတောင်းလိုက်သည်။

နောက်တခဏတွင် လှံရှည်ကို ပစ်လွှတ်လိုက်ရာ ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအားပါ ပါဝင်သွားသည်။

ဒီလို တိုက်ခိုက်မှုမျိုးသည် လွဲချော်စရာ အကြောင်းမရှိပေ။

တခဏချင်းမှာပင် ရှေ့မှ ကြောက်မက်ဖွယ် တစ္ဆေသည် မြေကြီးပေါ်တွင် စိုက်ဝင်သွားသည်။

အရာအားလုံး ချောမွေ့နေသည်။

သို့သော် တစ္ဆေကို အလောင်းကောင် သံချောင်းဖြင့် ရိုက်နှက်ကွပ်မျက်လိုက်သော်လည်း ဒီအခန်းထဲမှ သဘာဝလွန် မြင်ကွင်းများ ပျောက်ကွယ်မသွားပေ။ တိုက်ခန်းကို လွှမ်းခြုံထားသော တစ္ဆေနယ်မြေလည်း ရှိနေဆဲ ဖြစ်သည်။

ဒီအချက်က တစ်ခုတည်းသော အရာကို ညွှန်ပြနေသည်။ သဘာဝလွန် အရင်းအမြစ် ရှိနေဆဲ ဖြစ်ပြီး တကယ့် တစ္ဆေအစစ်ကို ဖမ်းချုပ်နိုင်ခြင်း မရှိသေးပေ။

အခန်း ၁၅၀၆ - မထိတွေ့သင့်သော တိုက်

ဒီနေရာက သဘာဝလွန် ဖြစ်ရပ်က အတိတ်က ကိစ္စတချို့နဲ့ ဆက်စပ်နေမယ်လို့ ယန်ကျန့် ကိုယ်တိုင်တောင် ထင်မထားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်ချေက သိပ်နည်းလွန်းလို့ပါ။ ဒီတစ္ဆေက တစ္ဆေသင်္ဘောပေါ်က ဆင်းလာတာလေ၊ မူလကတည်းက ဒီနေရာမှာ ရှိနေတာ မဟုတ်ပါဘူး။

ဒါပေမယ့် အခုက ဒါတွေ တွေးနေရမယ့် အချိန် မဟုတ်သေးပါဘူး။

တစ္ဆေကို ဖမ်းမချုပ်ရသေးဘူးလေ။

အလောင်းကောင် သံချောင်းနဲ့ ရိုက်နှက်ကွပ်မျက်ထားပေမယ့် ပတ်ဝန်းကျင်က သဘာဝလွန် ဖြစ်ရပ်တွေ ရှိနေတုန်းပဲ။ အန္တရာယ်က မကင်းသေးပါဘူး။

ယန်ကျန့်က အလောင်းကောင် သံချောင်း စိုက်ဝင်နေတဲ့ အလောင်းကောင်ကို စိုက်ကြည့်နေတယ်။ အလောင်းကောင်ကနေ မည်းနက်တဲ့ အရည်တွေ စိမ့်ထွက်လာတာကို တွေ့လိုက်ရတယ်။ အချိန်ကြာလာတာနဲ့အမျှ အရည်တွေက ပိုများလာပြီး အလောင်းကောင် တစ်ခုလုံးက မျက်စိရှေ့မှာတင် အရည်ပျော်ကျလာသည်။

မည်းနက်တဲ့ အရည်တွေ အခန်းထဲမှာ ပျံ့နှံ့လာပြီး အလောင်းကောင် ပုပ်နံ့တွေက ပိုပြင်းထန်လာသည်။

ခဏလေးအတွင်းမှာပဲ အလောင်းကောင် တစ်ခုလုံး လုံးဝ အရည်ပျော်သွားပြီး အနီရောင် လှံရှည် တစ်ချောင်းတည်းသာ ကျန်ရစ်ခဲ့တယ်။

မည်းနက်တဲ့ အရည်တွေကလည်း ကြမ်းပြင်ထဲ စိမ့်ဝင်သွားပြီး အခန်းနဲ့ တစ်သားတည်း ဖြစ်သွားသလိုပါပဲ။

ဒီထူးဆန်းတဲ့ အဖြစ်အပျက်တွေ ပျောက်ကွယ်သွားပြီးနောက် အခန်းထဲမှာ ထူးဆန်းတဲ့ လှုပ်ရှားသံတွေ ထပ်ထွက်လာတယ်။ ပြီးတော့ လှုပ်ရှားသံ ပျောက်သွားပြီး ကြည်လင်ပြတ်သားတဲ့ ခြေသံတစ်သံ ထွက်ပေါ်လာတယ်။

ယန်ကျန့် မျက်နှာထား တည်ကြည်သွားပြီး အနီရောင် လှံရှည်ကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့ အခန်းဘက်ကို လှမ်းကြည့်လိုက်တယ်။

ထင်တဲ့အတိုင်းပါပဲ။

ခြေသံနဲ့အတူ အေးစက်တဲ့ ပုံရိပ်တစ်ခု လှည့်လည်ထွက်ပေါ်လာတယ်။ ဒါပေမယ့် ဒီပုံရိပ်က ရေစိုမနေတော့ပါဘူး။ အေးစက်တဲ့ ခန္ဓာကိုယ်ပေါ်က ရေစက်တွေ လုံးဝ ပျောက်ကွယ်သွားပြီ။ ဒီအချက်တွေက သက်သေပြနေတာက အခု ပေါ်လာတဲ့ တစ္ဆေနဲ့ စောစောက ရိုက်နှက်ကွပ်မျက်ခံရပြီး အရည်ပျော်သွားတဲ့ တစ္ဆေက တစ်ကောင်တည်း မဟုတ်ဘူးဆိုတာပါပဲ။

တစ္ဆေက ဧည့်ခန်းထဲ ရောက်လာသည်။

ယန်ကျန့်နဲ့ မီတာအနည်းငယ်ပဲ ဝေးတော့တယ်။

ဒါပေမယ့် တစ္ဆေက ယန်ကျန့်ကို မတိုက်ခိုက်ပါဘူး။ ထုံထိုင်းစွာနဲ့ မလှုပ်မယှက် ရပ်နေပြီး ယန်ကျန့်က သတ်ဖြတ်ခြင်း စည်းမျဉ်းကို ချိုးဖောက်မလားဆိုတာ စောင့်ဆိုင်းနေသလိုပါပဲ။

ယန်ကျန့်ကလည်း ချက်ချင်း မလှုပ်ရှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီဒုတိယမြောက် တစ္ဆေကို ရိုက်နှက်ကွပ်မျက်လိုက်ရင်လည်း ရလဒ်က အတူတူပဲ ဖြစ်နေမှာမို့လို့ပါ။ အလောင်းကောင် အရည်ပျော်မယ်၊ တစ္ဆေအသစ် ထပ်ပေါ်လာမယ်။ ဒါကြောင့် အဓိပ္ပာယ်မရှိတဲ့ အလုပ်ကို မလုပ်ချင်ပေ။ အခြေအနေကို စောင့်ကြည့်ပြီး စည်းမျဉ်းကို ရှာဖွေကာ တစ္ဆေတွေ ဆက်တိုက် ပေါ်လာတာကို တားဆီးချင်နေတာ ဖြစ်သည်။

ဒါမှသာ ဒီသဘာဝလွန် ဖြစ်ရပ်ကို ဖြေရှင်းနိုင်မှာ ဖြစ်၏။

"တစ္ဆေပေါ်လာတိုင်း အဲဒီအခန်းထဲကနေ စတာပဲ"

ယန်ကျန့်က တစ္ဆေဆီကနေ အကြည့်လွှဲပြီး အခန်းဘက်ကို ကြည့်လိုက်သည်။

ဒါပေမယ့် သူ မလှုပ်ရှားပေ။

ဘာလို့လဲဆိုတော့ ဒီလို အခြေအနေမျိုးကို သူ ရင်းနှီးနေသလို ခံစားလိုက်ရလို့ပါ။

ဘယ်မှာ တွေ့ဖူးတာပါလိမ့်။

ဟုတ်ပြီ….

ယန်ကျန့် သတိရသွားတယ်။ ဆီဇာဟိုတယ်မှာ ဒီလို သဘာဝလွန် ဖြစ်ရပ်မျိုး တွေ့ဖူးတယ်။ အဲဒီတုန်းက ဆီဇာဟိုတယ်မှာ ပိတ်မိနေတဲ့ လူတစ်စုလေ။ သူတို့က ကျိန်စာသင့်နေကြတာ။ သေသွားတိုင်း ကိုယ့်အခန်းထဲ ပြန်ရောက်သွားပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးကာ ပြန်လည် အသက်ရှင်လာကြတယ်။ ပြီးတော့ ပြန်ရှင်လာရင်လည်း ဆီဇာဟိုတယ်ကနေ ဘယ်တော့မှ ထွက်ခွာလို့ မရဘူး။ ထွက်သွားတာနဲ့ ချက်ချင်း သေဆုံးပြီး အခန်းထဲမှာ ပြန်ရှင်လာကြပြန်သည်။

သံသရာလည်နေပြီး အဆုံးအစ မရှိဘူး။ သူတို့ကိုယ်တိုင်တောင် ဘယ်နှခါ သေပြီး ဘယ်နှခါ ပြန်ရှင်လာမှန်း မသိကြတော့ဘူး။

"ဒီလောကကြီးမှာ တူညီတဲ့ တစ္ဆေဆိုတာ မရှိဘူး၊ ထပ်တူညီတဲ့ သဘာဝလွန် အစွမ်းဆိုတာလည်း မရှိဘူး။ တကယ်လို့ ဒီတစ္ဆေရဲ့ စွမ်းအားက ဆီဇာဟိုတယ်ရဲ့ စွမ်းအားနဲ့ တူနေတယ်ဆိုရင် ဖြစ်နိုင်ချေ တစ်ခုတည်းပဲ ရှိတယ်။ ငါ့ညီမဝမ်းကွဲက ဆီဇာဟိုတယ်ကနေ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်လာတဲ့သူ ဖြစ်လောက်တယ်၊ ဒါပေမယ့် ငါ့ထင်မြင်ချက် မှန်မမှန်ဆိုတာ စမ်းသပ်ကြည့်မှ သိရမယ်"

ယန်ကျန့် တွေးပြီးတာနဲ့ တွန့်ဆုတ်မနေဘဲ အခန်းဆီကို တည့်တည့် လျှောက်သွားလိုက်တယ်။

တစ္ဆေက ဧည့်ခန်းမှာ မလှုပ်မယှက် ရပ်နေတုန်းပဲ။ ယန်ကျန့်ကို မတိုက်ခိုက်ပါဘူး။

ဒီလိုနဲ့ ယန်ကျန့်က တစ္ဆေဘေးကနေ ဖြတ်ပြီး အခန်းထဲကို ချောချောမွေ့မွေ့ ဝင်ရောက်သွားတယ်။

ဆီဇာဟိုတယ်ရဲ့ ကျိန်စာ ဘယ်လို ဖြစ်ပေါ်လာသလဲဆိုတာ ယန်ကျန့် မှတ်မိနေတယ်။ အဲဒီ ကျိန်စာက ကျောက်တိုင်တစ်ခုကနေ မြစ်ဖျားခံတာ။ ကျောက်တိုင်ပေါ်မှာ ကျိန်စာသင့်သူရဲ့ နာမည် ရေးထိုးထားပြီး ကျောက်တိုင်အောက်မှာလည်း ကျိန်စာသင့်သူရဲ့ အလောင်းကောင်ကို ဖိထားတယ်။ ဒီလို လုပ်ထားသရွေ့ ကျိန်စာသင့်သူက ဘယ်နှခါ သေဆုံးသည်ဖြစ်စေ အဲဒီကျောက်တိုင်နားမှာ ပြန်လည် ရှင်သန်လာမှာ ဖြစ်သည်။

ဒါပေမယ့် မျက်စိရှေ့က အခန်းထဲမှာတော့ နာမည် ရေးထိုးထားတဲ့ ကျောက်တိုင် မရှိပေ။

သူ့ရဲ့ ထင်မြင်ချက်က မှားယွင်းနေပုံရလေသည်။

"ကျောက်တိုင်ဆိုတာ သဘာဝလွန် စွမ်းအားကို သယ်ဆောင်ထားတဲ့ အရာဝတ္ထု တစ်ခုသက်သက်ပါပဲ၊ ကျောက်တိုင် ဖြစ်နိုင်သလို တခြားအရာလည်း ဖြစ်နိုင်တယ်..."

ယန်ကျန့် ဆက်လက် ရှာဖွေနေပေမယ့် ဘာမှ မတွေ့ရပါဘူး။

ထိုအချိန်မှာပဲ ဧည့်ခန်းထဲကနေ ခြေသံ ထပ်ထွက်လာတယ်။

တစ္ဆေက ပြန်လည် လှုပ်ရှားလာပြီ။

ဒါပေမယ့် ဒီတကြိမ်မှာတော့ အခန်းထဲက ယန်ကျန့်ဆီ ဦးတည်မလာပေ။ ခြေသံက တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးမှာ တစ္ဆေက ဒီနေရာကနေ ထွက်ခွာသွားကာ တိုက်ရဲ့ တခြားနေရာတစ်ခုကို သွားနေပုံရသည်။

မမှားဘူးဆိုရင် အခုအချိန်မှာ ကံဆိုးတဲ့ လူတစ်ယောက်က တစ္ဆေရဲ့ သတ်ဖြတ်ခြင်း စည်းမျဉ်းကို ချိုးဖောက်မိပြီး တစ္ဆေရဲ့ ပစ်မှတ်ထားခြင်း ခံလိုက်ရလို့ တစ္ဆေက ဒီလို ပြောင်းလဲသွားတာ ဖြစ်လောက်တယ်။

"သွားကြည့်ရအောင်၊ တစ္ဆေရဲ့ သတ်ဖြတ်ခြင်း စည်းမျဉ်းကို သိရလောက်တယ်"

ယန်ကျန့် ခဏလောက် တွန့်ဆုတ်နေပြီးမှ လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူက သတ်ဖြတ်ခြင်း စည်းမျဉ်းကို သိချင်ရုံသာမက တစ္ဆေရဲ့ သတ်ဖြတ်ပုံနဲ့ သဘာဝလွန် စွမ်းအားကိုပါ သိချင်လို့ပါ။ ဒီသတင်းအချက်အလက်တွေကနေတစ်ဆင့် တစ္ဆေရဲ့ မူလဇာစ်မြစ်က ဘာလဲဆိုတာ သုံးသပ်နိုင်ကောင်း သုံးသပ်နိုင်လိမ့်မည်။

အခန်းထဲကနေ အမြန်ထွက်ပြီး တစ္ဆေ ထွက်သွားတဲ့ ဘက်ကို လိုက်သွားလိုက်သည်။

မကြာမီ တစ္ဆေက တံခါးတစ်ချပ်ရှေ့မှာ ရပ်သွားတာကို ယန်ကျန့် တွေ့လိုက်ရတယ်။

ဒါက လူနေအိမ်ခန်း တစ်ခု ဖြစ်ကာ အခု တံခါးက ပိတ်ထားတယ်။

သဘာဝလွန် နှောင့်ယှက်မှုတွေ ပြင်းထန်ပြီး တစ္ဆေမျက်လုံးရဲ့ အမြင်အာရုံတွေ တွန့်လိမ်နေပေမယ့် ဒီတံခါးနောက်ကွယ်မှာ လူတစ်ယောက် ပုန်းနေမယ်ဆိုတာ ယန်ကျန့် ခန့်မှန်းလို့ ရသည်။ စောစောက အဲဒီကံဆိုးသူ ဘာလုပ်လိုက်မိလို့ အနီးနားက တစ္ဆေကို ဆွဲဆောင်မိလိုက်တာလဲ ဆိုတာပဲ မသိတာပါ။

အေးစက်တဲ့ တစ္ဆေက တောင့်တင်းနေတဲ့ လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်တယ်။

တံခါးကို ထိလိုက်ရုံနဲ့ တံခါးရဲ့ ပုံစံက ချက်ချင်း ပြောင်းလဲသွားတယ်။ မူလက ခေတ်မီ တံခါးတစ်ချပ်က ရုတ်တရက် ဟောင်းနွမ်းနေတဲ့ သံတံခါးတစ်ချပ် ဖြစ်သွားပြီး ၇၀၊ ၈၀ ခုနှစ်တွေကို ပြန်ရောက်သွားသလိုပါပဲ။

သဘာဝလွန် အရာတွေက ဒီနေရာကို တိုက်စားနေပြီး အခန်းထဲက အရာအားလုံးကို အတင်းအဓမ္မ ပြောင်းလဲပစ်လိုက်သည်။

တစ်မိနစ်တောင် မကြာလိုက်ပါဘူး၊ အရာအားလုံးက စိမ်းသက်သွားပါတော့တယ်။

ယန်ကျန့် ဒီအခန်းပုံစံကို မှတ်မိတယ်။ စောစောက အခန်းနဲ့ တစ်ပုံစံတည်းပါပဲ။ သိသာတာက စောစောက သူ နေခဲ့တဲ့ အခန်းကလည်း မူလက ပုံမှန် အခန်းပါပဲ၊ တစ္ဆေ ရောက်လာလို့သာ ဟောင်းနွမ်းသွားတာ ဖြစ်မယ်။ အခု ဒီနေရာမှာလည်း အရင်က အဖြစ်အပျက်တွေ ထပ်ဖြစ်လာတော့မယ်။

ကွာခြားတာ တစ်ခုကတော့ အခန်းထဲမှာ ပုန်းနေတဲ့သူ မသေသေးတာ ဖြစ်သည်။။

ကျွီ

တစ္ဆေက ဟောင်းနွမ်းနေတဲ့ သံတံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်တယ်။

ဒီအသံ ထွက်လာတာနဲ့ အခန်းထဲကလူက ချက်ချင်း ကြောက်လန့်သွားတယ်။ မကြာမီ ကြောက်လန့်တကြားနဲ့ ဖိအောင့်ထားတဲ့ အော်သံတစ်သံ ထွက်ပေါ်လာတယ်။

အသံကို နားထောင်ကြည့်ရင် အမျိုးသမီး တစ်ယောက် ဖြစ်လောက်တယ်။ ပြီးတော့ အသံမထွက်အောင် ပါးစပ်ကို တမင် ပိတ်ထားပုံရသည်။ ဒါပေမယ့် စောစောက ထူးဆန်းတဲ့ တံခါးဖွင့်သံကြောင့် သူမရဲ့ ကြောက်ရွံ့မှုတွေ ပေါက်ကွဲထွက်လာပြီး အော်သံ ထွက်လာတာ ဖြစ်မယ်။

"အသံက တစ္ဆေရဲ့ ပစ်မှတ်ထားခံရတဲ့ အကြောင်းရင်း မဟုတ်ဘူး၊ တခြား အကြောင်းရင်းကြောင့် ဖြစ်မယ်"

ယန်ကျန့်က တစ္ဆေရဲ့ အနောက်မှာ ရပ်နေပြီး တိုက်ခိုက်ခြင်း မခံရပါဘူး။

တစ္ဆေက ဖြည်းညှင်းစွာ ဝင်သွားတယ်။

ဝင်လိုက်တာနဲ့ ဟောင်းနွမ်းနေတဲ့ သံတံခါးက ဘုန်းခနဲ ပိတ်သွားသည်။

ဒီအချိန်ကစပြီး ဒီအခန်းကို သဘာဝလွန် စွမ်းအားနဲ့ လုံးဝ ပိတ်ဆို့လိုက်ပြီ။ တံခါးတွေ ပြတင်းပေါက်တွေ ရှိနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျ သာမန်လူတွေ အနေနဲ့ တံခါးနဲ့ ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ပါဘူး။ တစ္ဆေဆရာက သဘာဝလွန် စွမ်းအားသုံးပြီး အတင်း ဝင်ရောက်စီးနင်းမှသာ ရနိုင်မှာ ဖြစ်၏။

ရင်းနှီးနေတဲ့ ဧည့်ခန်းပဲ ဖြစ်ကာ အရောင်လွင့်နေတဲ့ မင်းသမီး ပိုစတာ၊ ဟောင်းနွမ်းနေတဲ့ အဖြူအမည်း တီဗီ၊ မီးခိုးရောင် အ၀တ်စ လွှမ်းထားတဲ့ ဆိုဖာ... ယန်ကျန့်က အပြင်ထွက်ပြီး တစ်ပတ်လည်ကာ စောစောက နေရာကို ပြန်ရောက်လာသလို ခံစားလိုက်ရတယ်။

တစ္ဆေက အိပ်ခန်းဘက်ကို ဦးတည်သွားနေတယ်။

အခန်းထဲမှာ အမျိုးသမီးတစ်ယောက်က ထောင့်တစ်နေရာမှာ ကြောက်လန့်တကြား ကွေးကွေးလေး ထိုင်နေတယ်။ အခန်းထဲကို ဘာကောင် ဝင်လာသလဲ ဆိုတာ သူ နားလည်နေပါပြီ။

ကြောက်လန့်နေပေမယ့် ကိုယ်စိတ်ကိုယ် အလိုအလျောက် တံခါးကို စိုက်ကြည့်နေမိတယ်။

ဒါက နောက်ဆုံး ခံတပ်လေ။

သူမ အခုချိန်မှာ ဆုတောင်းနေတယ်။ တစ္ဆေက ဝင်မလာပါစေနဲ့၊ ကိုယ့်ကို ပစ်မှတ်မထားပါစေနဲ့၊ နေရာမှားပြီး ဝင်လာတာ ဖြစ်ပါစေ၊ ပြန်ထွက်သွားပါစေလို့ မျှော်လင့်နေသည်။

ဒါပေမယ့် ဒီအမျိုးသမီး ဘယ်လိုပဲ ဆုတောင်းနေပါစေ တံခါးအပြင်ဘက်က ခြေသံက ပိုပို နီးကပ်လာတယ်။

အခန်းတစ်ခုလုံး ပြောင်းလဲသွားတာနဲ့အမျှ မူလက သော့ခတ်ထားတဲ့ အခန်းတံခါးကလည်း သာမန် သစ်သားတံခါး တစ်ချပ် ဖြစ်သွားတယ်။

သစ်သားတံခါးမှာ သော့မရှိပါဘူး။ ဖွဖွလေး တွန်းလိုက်တာနဲ့ ကျွီခနဲ ပွင့်သွားပါတော့တယ်။

"အု"

အမျိုးသမီးက ပါးစပ်ကို အသေအလဲ ပိတ်ထားပြီး ကြောက်လန့်တကြား အော်သံ မထွက်အောင် တားဆီးထားသည်။ ဒါပေမယ့် အလွန်အမင်း ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်က အာရုံခံစားမှု ကင်းမဲ့သွားသလို အသိစိတ်လည်း ရပ်တန့်သွားသလို ဖြစ်နေတယ်။

ဘာလို့လဲဆိုတော့ တသက်လုံး မေ့မရနိုင်မယ့် ကြောက်မက်ဖွယ် အရာတစ်ခုကို မြင်လိုက်ရလို့ပါ။

သေဆုံးတာ ကြာပြီဖြစ်တဲ့၊ တကိုယ်လုံး အေးစက်ပြီး ဆံပင်တွေ ဖားလျားချထားတဲ့ ထူးဆန်းတဲ့ အမျိုးသမီး အလောင်းကောင် တစ်ခုပါပဲ။ တံခါးပွင့်လာတာနဲ့အမျှ အလောင်းကောင် ပုပ်နံ့ကိုတောင် ရလိုက်သေးတယ်။

တစ္ဆေက အခန်းထဲ ဝင်လာသည်။

အခုချိန်မှာ အခန်းရဲ့ နံရံတွေ၊ မျက်နှာကြက်တွေကနေ ထူးဆန်းတဲ့ မည်းနက်တဲ့ အရည်တွေ စိမ့်ထွက်လာလေသည်။

အဲဒီအရည်တွေက အခန်းထဲက အရာအားလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားပြီး အဲဒီအမျိုးသမီးကိုပါ ဝါးမျိုးတော့မယ့်ပုံ ပေါက်နေသည်။

အမျိုးသမီးက မခုခံနိုင်ပဲ မျက်လုံး ပြူးကျယ်ပြီး ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေ လွှမ်းမိုးတာကို ခံလိုက်ရလေသည်။

ထိုအချိန်တွင် အတန်ကြာ စောင့်ကြည့်နေတဲ့ ယန်ကျန့် လှုပ်ရှားလိုက်တယ်။

အနီရောင် လှံရှည်က အနောက်ဘက်ကနေ ဝင်ရောက်လာပြီး တစ္ဆေရဲ့ ခန္ဓာကိုယ်ကို ထပ်မံ ဖောက်ထွင်းလိုက်သည်။

ကျယ်လောင်တဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။

ဖောက်ထွင်းခံလိုက်ရတဲ့ တစ္ဆေက ငြိမ်သက်သွားကာ နံရံကနေ စိမ့်ထွက်နေတဲ့ မည်းနက်တဲ့ အရည်တွေလည်း ပျောက်ကွယ်သွားသည်။

ဒါပေမယ့် ယန်ကျန့် သိလေသည်။ ဒီအခြေအနေက အကြာကြီး ခံမှာ မဟုတ်ဘူးဆိုတာ အလောင်းကောင် အရည်ပျော်သွားရင် တစ္ဆေအသစ် ထပ်ပေါ်လာမယ်၊ အဲဒီကျရင် သဘာဝလွန် အရာတွေ ထပ်ပေါ်လာဦးမှာပဲ။

"စောစောက မင်း ဘာလုပ်လိုက်လို့ ဒီတစ္ဆေရဲ့ ပစ်မှတ်ထားတာ ခံလိုက်ရလဲဆိုတာ ကြည့်ရအောင်"

ယန်ကျန့်က ကြောက်လန့်နေတဲ့ အမျိုးသမီးကို ကြည့်လိုက်တယ်။

ဒီအမျိုးသမီး စိတ်ငြိမ်လာမယ့်အချိန်ကို စောင့်ဖို့ သူ့မှာ အချိန်မရှိဘူး။ မေးနေဖို့လည်း ပျင်းလေသည်။

မည်းနက်တဲ့ တစ္ဆေအရိပ်က တိုက်ရိုက် လွှမ်းခြုံသွားသည်။

ဒီအမျိုးသမီးရဲ့ မှတ်ဉာဏ်ကို ဖတ်ပြီး စောစောက သူ ဘာလုပ်ခဲ့လဲဆိုတာ သိချင်နေခဲ့သည်။

မကြာမီ အမျိုးသမီးရဲ့ မှတ်ဉာဏ်ကို ယန်ကျန့် ရရှိလိုက်တယ်။

အချိန်ကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်တော့ တစ္ဆေ လှုပ်ရှားလိုက်တဲ့ အချိန်မှာ ဒီအမျိုးသမီးက ခုတင်ပေါ်က ဆင်းပြီး ဧည့်ခန်းထဲမှာ ရေသွားယူတာကို တွေ့လိုက်ရသည်။

သိသာတာက သတ်ဖြတ်ခြင်း စည်းမျဉ်းက ရေသောက်တာ မဟုတ်ပါဘူး။

အမျိုးသမီး ခုတင်ပေါ်က ဆင်းလိုက်တဲ့ အချိန်ပါ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ တစ္ဆေက တုံ့ပြန်မှု ရှိပြီး စတင် လှုပ်ရှားလာလို့ပါ။

"သြော် ဒီလိုကိုး ဒီအမျိုးသမီးက ခုတင်ပေါ်က ဆင်းတဲ့အချိန်မှာ ဖိနပ်မစီးထားဘူး ကြမ်းပြင်ပေါ်ကို ခြေဗလာနဲ့ နင်းလိုက်တာ... ဒါကြောင့် တစ္ဆေရဲ့ ပစ်မှတ်ထားတာ ခံလိုက်ရတာပဲ ငါ ပစ်မှတ်မထားခံရတာက ဖိနပ်စီးထားလို့ပဲ မဟုတ်ဘူး ခြေထောက်နဲ့ ကြမ်းပြင် ထိတွေ့တာ တစ်ခုတည်း မဟုတ်လောက်ဘူး တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထိတွေ့ရင်လည်း ဖြစ်နိုင်တယ်"

ယန်ကျန့် ချက်ချင်း နားလည်သွားသည်။

တိုက်ခန်းတစ်ခုလုံးကို သဘာဝလွန် အရာတွေ လွှမ်းခြုံထားကာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုနဲ့ ဒီတိုက်ကို ထိတွေ့မိလိုက်တာနဲ့ တစ္ဆေရဲ့ ပစ်မှတ်ထားခြင်းကို ခံရလိမ့်မယ်။

ဒါပေမယ့် ပရိဘောဂတွေကို ထိတွေ့တာတော့ ကိစ္စမရှိဘူး။ နံရံတွေ ကြမ်းပြင်တွေကို ထိတွေ့မှသာ ဖြစ်မှာ။

All Chapters