← Chapters

ပါရမီရှင်များ၏ပြိုင်ပွဲ၊ ချင်ကျိုး ယွီလင့်စံအိမ်(၂)

Vol. 34 Ch. 496

ပါရမီရှင်များ၏ပြိုင်ပွဲ၊ ချင်ကျိုး ယွီလင့်စံအိမ်(၂)

Vol. 34 Ch. 496

李 玄:

၃ရက်ကြာပြီးနောက် ယွီကျိုးတစ်လျှောက် သတင်းတစ်ခု ပျံ့နှံ့သွားသည်။ ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူ လုရှင်ထင်းသည် ပါရမီရှင်များအကြား စိန်ခေါ်ပွဲကို စတင်ကာ ယွီကျိုးရှိ လေလွင့်သိုင်းသမား ရွှီယန်ကို စိန်ခေါ်မှုပြုခဲ့သည်ဟူ၍ ဖြစ်၏။

ဤသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုဖြစ်သည်။ ထို့အပြင် သူသည် အလွန်မောက်မာပြီး အထင်အမြင်သေးစွာဖြင့် လင်းနယ်မြေမှ လေလွင့်သိုင်းသမားများကို စစ်မှန်သည့် ပါရမီရှင်ဟူသည်မှာ မည်ကဲ့သို့ ဖြစ်သနည်းဟု ပြသပေးမည်ဟု ပြောခဲ့၏။

လေလွင့်သိုင်းသမား ပါရမီရှင်များမှာ သူတို့ စိတ်ဝိဉာဉ်ဂိုဏ်းသားများ၏ မျက်လုံးထဲတွင် လမ်းဘေးခွေးများ ကြောင်များထက် မပိုဟု လှောင်ပြောင်လေသည်။

ရွှီယန်အားလည်း တိုက်ခိုက်ရဲခြင်းမရှိပါက ကိုယ့်ကိုယ်ကိုယ် အမှိုက်ဟုဝန်ခံကာ သနားညှာတာပေးသည့် ကျေးဇူးကြောင့် လုရှင်ထင်းဟူသည့် နာမည်ကိုကြားသည်နှင့် ဦးညွှတ်ကြမည်ဟု ဆို၏။

ယွီကျိုးစိတ်ဝိဉာဉ်ဂိုဏ်းများ၏ လှုံ့ဆော်မှုအောက်တွင် ရွှီယန်နှင့် လေလွင့်သိုင်းသမားများမှာ တစ်တန်းတည်းဖြစ်လာခဲ့သည်။ ရွှီယန်သာ တိုက်ခိုက်ရဲခြင်းမရှိပါက ယွီကျိုးရှိ လေလွင့်သိုင်းသမားများ၏ ဂုဏ်သတင်းမှာ လုံးဝ ညှိုးနွမ်းပျက်စီးကုန်မှာ ဖြစ်၏။

ထို့အပြင် စိန်ခေါ်မှုကို လက်ခံရဲခြင်းမရှိပါက သိုင်းလောကမှ ထွက်ခွာသင့်သည်ဟုလည်း ပြောကြ၏။ သူသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှ လူများနှင့် တွေ့ဆုံတိုင်းတွင် သေချာပေါက် အထင်အမြင်သေးကာ ဆက်ဆံခံရမှာ ဖြစ်သည်။

ထိုကြွေးကြော်မှုအားလုံးတို့မှာ ရွှီယန်အား တိုက်ပွဲကို ရှောင်ကျဉ်သွားမှု မပြုစေရန် ရည်ရွယ်၏။

ထိုနေ့တွင် ရွှီယန်၏ စိန်ခေါ်မှုအား လက်ခံသည့်သတင်း ရောက်ရှိလာခဲ့သည်။ လုရှင်ထင်းအား အချိန်နှင့်နေရာကို ရွေးချယ်ခွင့်ပြုကာ သေချာပေါက် လာရောက်မည်ဟုဆို၏။

ခဏတာအတွင်း ယွီကျိုးသိုင်းလောကတစ်ခုလုံးသည် မျှော်လင့်မှုတို့ဖြင့် မြင့်တက်လာခဲ့၏။ နှစ်ပေါင်းများစွာ ကြာအပြီးတွင် ပါရမီရှင်များအကြား တိုက်ပွဲသည် ပြန်လည် ပေါ်ပေါက်လာပေတော့မည်။ ထိုသတင်းထွက်ပေါ်လာပြီးနောက် အပြင်ဘက်ဒေသမှ သိုင်းသမားများပင်လျှင် ပျောက်ကွယ်သွားတာကြာပြီဖြစ်သည့် ပါရမီရှင်များအကြား တိုက်ပွဲအတွက် ရောက်ရှိလာခဲ့ကြသည်။

"၃ရက်ကြာပြီးရင် ကျိန်နိုင်ငံရဲ့ မြို့တော်အပြင်ဘက်မှာ သူသေကိုယ်သေ တိုက်ခိုက်ကြမယ်.."

လုရှင်ထင်းက အချိန်နှင့်နေရာကို သတ်မှတ်၏။

ကျိန်နိုင်ငံ၏ မြို့တော်အပြင်ဘက်အား ရွေးချယ်ခြင်းမှာ သူတို့သည် အခြားလူများအား လူစွမ်းအားဖြင့် အနိုင်မကျင့်ဘဲ ပါရမီရှင်များအကြား တိုက်ပွဲ၏ စည်းမျဉ်းစည်းကမ်းအတိုင်း ယှဉ်ပြိုင်မည်ဟူ၍ ဆိုလို၏။

ယွီကျိုးတွင် အထူးတာဝန်ကြောင့် သိုင်းလောက၏ ပဋိပက္ခများအကြား ဝင်ပါခြင်းမရှိသည့် ကျိန်နိုင်ငံမှလွဲ၍ အခြားနေရာအားလုံးတို့သည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အပိုင်ဖြစ်သည်။

"ဒါဆိုလည်း သုံးရက်ကြာပြီးရင် တိုက်ကြတာပေါ့.."

ရွှီယန်က အသာ လက်ခံ၏။

ကျိန်နိုင်ငံ၏ မြို့တော်သည် ပါရမီရှင်များ၏ တိုက်ပွဲအား ကြည့်ရှု့ရန် စိတ်အားထက်သန်နေသည့် နေရာအသီးသီးမှ သိုင်းသမားများ၏ စုစည်းရာဖြစ်လာခဲ့သည်။

ထိုအကြောင်းကြောင့် ကျိန်နိုင်ငံက စည်းမျဉ်းအသစ်တို့ကို ထုတ်ပြန်ခဲ့၏။ ကောင်းကင်လူသားအဆင့်အောက်ရှိ သိုင်းသမားများအား မြို့အတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ပါဝင်ခြင်းမှ တားမြစ်မှု ဖြစ်သည်။

ထိုစည်းမျဉ်းများ ရှိလင့်ကစား မြို့တော်သည် လှုပ်ရှားတက်ကြွမှုတို့ဖြင့် ပြည့်နက်နေဆဲရှိ၏။ ရှားပါးသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများပင်လျှင် မကြာခဏပေါ်လာတတ်သည်။

"နောက်ထပ် ပါရမီရှင်များအကြား တိုက်ပွဲလား... စိတ်ဝိဉာဉ်နယ်မြေမှာ ဒီပြိုင်ပွဲမလုပ်တော့တာ ဘယ်လောက်ကြာနေပြီလဲ.."

ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်သည့် လမ်းကျဥ်းတစ်ခုပေါ်တွင် အဘိုးအိုတစ်ယောက်က လမ်းလျှောက်တုတ်ပေါ်တွင် မှီရင်းက မိန်းမောတွေဝေစွာ ရှိနေ၏။

သူ၏ဘေးတွင် မိန်းကလေးငယ်တစ်ယောက် ရှိပြီး သူမ၏ အင်္ကျီထောင့်များကို စိတ်လှုပ်ရှားစွာဖြင့် ကိုင်ကာ သာယာသည့်အသံဖြင့် မေးသည်။

"အဘိုး... အဘိုးက အဲ့ဒီ့ပါရမီရှင်တွေထဲက တစ်ယောက်လား... ပါရမီရှင်တွေအကြား တိုက်ပွဲမှာရော ပါဝင်ခဲ့လား.."

"အဘိုးက ဘယ်လိုလုပ်ပြီး ပါရမီရှင်တစ်ယောက်လို့ ယူဆနိုင်မှာလဲ... သေချာပေါက် မဟုတ်ဘူးပေါ့.."

အဘိုးအိုက ကလေးမလေး၏ ဆံပင်များကို ယုုယစွာဖြင့် သပ်သည်။

"ဒါဆိုရင် အဘိုးက ပါရမီရှင်တစ်ယောက် မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ မူလ ပါရမီရှင်တွေအများကြီးကို သိရတာလဲ။ သူတို့တွေ ဘယ်လောက်စွမ်းအားကြီးတာ ၊ တိုက်ပွဲမှာ ဘယ်လိုတောက်ပခဲ့တာ ဆိုတာကိုတောင်မှ ပြောပြခဲ့သေးတယ်လေ.."

ကလေးမလေးက မျက်တောင်ခပ်ရင်းမှ မေးသည်။

"နင့်ရဲ့အဘိုးက အဲ့ဒီ့ပါရမီရှင်တွေရဲ့ နောက်လိုက်အဆင့်ပဲ ရှိခဲ့တာပါ.."

အဘိုးအိုက ရယ်၏။

"မယုံဘူး... အဘိုးက အံ့သြစရာကောင်းတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ မဟုတ်ရင် သမီးက ဘယ်လိုလုပ်ပြီး ပါရမီရှင်ဖြစ်မှာလဲ.."

ကလေးမလေးက နှုတ်ခမ်းဆူကာ ပြော၏။

"ယွဲ့အာက ပါရမီရှင်တစ်ယောက်ပဲ။ ဒါပေမယ့် အဘိုးကတော့ မဟုတ်ဘူး.."

အဘိုးအိုက ပြုံး၏။

"အဘိုး... အဲ့ဒီ့လုရှင်ထင်းက အရမ်းစွမ်းအားကြီးလား... သမီးရော သူ့ကို အနိုင်ယူနိုင်လောက်လား။ သူ့ကိုသွားပြီး စိန်ခေါ်ရမလား.."

ယွဲ့အာက စိတ်အားထက်သန်နေပြီး လှုပ်ရှားမှုပြုရန် အဆင်သင့်ဖြစ်နေဟန် ရှိ၏။

"မလောပါနဲ့... ယွဲ့အာက ငယ်သေးတယ်။ ပါရမီရှင်တွေအကြားတိုက်ပွဲမှာ ဝင်မပါနဲ့။ နောက်ပြီး အဲ့ဒီ့စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက လူတွေက ကောက်ကျစ်ပြီးတော့ ယုံကြည်စရာမရှိဘူး။ သူတို့တွေ ညစ်ညစ်ပတ်ပတ် လုပ်ကြလိမ့်မယ်.."

အဘိုးအိုက မြေးမဖြစ်သူ၏ ခေါင်းကိုပုတ်ရင်းက သက်ပြင်းချ၏။

"ဟန့်... ယွဲ့အာ စွမ်းအားကြီးလာတဲ့အခါကျရင် သူတို့ထက်တောင်မှ ပိုပြီးဉာဏ်များဦးမယ်.."

ယွဲ့အာက သူမ၏ လက်သီးကိုမြှောက်ကာ တင်းကြပ်စွာဆုပ်ထား၏။

"ဒီပါရမီရှင်တိုက်ပွဲကိုတော့ ငါတို့တွေ သွားပြီးပဲ ကြည့်တာပေါ့။ အဲ့ဒီ့စိတ်ဝိဉာဉ်ဂိုဏ်းတွေ လူမျှားနေတာ ဖြစ်ရမယ်.."

အဘိုးအို၏ မျက်လုံးထဲတွင် ရက်စက်သည့် အလင်းတစ်ခု ဖြတ်သန်းသွား၏။

မြေးအဘိုးနှစ်ယောက်တို့သည် ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ တည်ငြိမ်စွာဖြင့် ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။

ယွီကျိုးနှင့် လော့ကျိုးအကြား နယ်စပ်တွင် စိတ်ဝိဉာဉ်ငှက်တစ်ကောင်သည် တောင်ပံများကိုခတ်ကာ ပျံသန်းလာ၏။ ၎င်း၏စွမ်းအားသည် အဆင့်၆ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဟု ပြသနေပြီး အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိပေ။

စိတ်ဝိဉာဉ်ငှက်၏ ကျောပေါ်တွင် နန်းတော်သဖွယ် သေးငယ်သည့် အဆောက်အအုံတစ်ခု ရှိ၏။ ပြတင်းပေါက်များတွင် ပန်းရောင်လိုက်ကာများရှိပြီး အတွင်းထဲမှ သံစဉ်တစ်ခု ထွက်ပေါ်လာသည်ကို ကြားနိုင်သည်။

ပန်းရောင်နန်းတော်ငယ်အတွင်းရှိ နူးညံ့သည့် အိပ်ရာပေါ်၌ လူငယ်တစ်ယောက် ပျင်းတွဲစွာရှိနေ၏။ သူသည် အရောင်တောက်ပသည့် ငှက်မွှေးဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကဖြူရော်ကာ မေးစေ့ပေါ်တွင် အနီရောင်မှဲ့တစ်ခု ရှိသည်။

သူ၏ တစ်ဖက်တစ်ချက်တွင် လှပသည့် မိန်းကလေးနှစ်ယောက် ရှိနေ၏။ ဘယ်ဘက်ရှိ တစ်ယောက်မှာ သီချင်းတစ်ပုဒ်ကို ညင်သာစွာညည်းနေပြီး ညာဘက်ရှိတစ်ယောက်မှာ နီရဲသည့်မျက်နှာဖြင့် ရှိနေသည်။ သူမသည် အသက်ကို လေးလံစွာရှူနေ၏။

"ငါတို့တွေ ကျိန်နိုင်ငံကို မရောက်သေးဘူးလား.."

လူငယ်က ပျင်းရိစွာဖြင့် မေးသည်။

တိမ်များအကြားတွင် ပျံသန်းနေသည့် စိတ်ဝိဉာဉ်ငှက်က ခေါင်းကိုလှည့်ကာ ဒီဗိုင်းဝိဉာဉ်လှိုင်းဖြင့် အသံပေးပို့၏။

"မရောက်သေးဘူး... ဒါပေမယ့် ယွီကျိုးထဲကိုတော့ ဝင်လာပြီးပြီ.."

"ကောင်းပြီ... ပွဲကိုသာ မလွှတ်စေနဲ့.."

လူငယ်က ပျင်းရိစွာဖြင့် ပြန်ပြောပြီးနောက် ခေါင်းစောင်းကာ လှပသည့်အမျိုးသမီး၏ ပုခုံးပေါ်တွင် အနားယူသည်။ သူသည် အိပ်ပျော်သွားသည့်ဟန် ပေါ်၏။

မလှမ်းမကမ်းတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သည် အမြန်ခရီးနှင်နေ၏။

ရုတ်တရက် တိမ်များအကြားတွင် ပျံသန်းနေသည့် စိတ်ဝိဉာဉ်ငှက်ကိုကြည့်ကာ အပေါ်ရှိ နန်းတော်ငယ်ကို တွေ့လိုက်ရသည်။ သူ၏ ပုံစံက ကြီးစွာပြောင်းလဲသွား၏။

"ဒါက... ချင်ကျိုးက ယွီလင့်စံအိမ်လား... ဘယ်လိုလုပ်ပြီး ယွီကျိုးကို ရောက်လာတာလဲ.."

သူ၏ပုံစံက အကြိမ်ကြိမ် ပြောင်းလဲနေ၏။ ထို့နောက် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချကာ စိတ်ဝိဉာဉ်ငှက်၏ လမ်းကြောင်းမှ လျှင်မြန်စွာ ရှောင်ထွက်သွား၏။

ချင်ကျိုးရှိ ယွီလင့်စံအိမ်မှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။ ယွီကျိုးသို့ အဘယ်ကြောင့် ရောက်လာရသနည်း။

ဖြစ်နိုင်သည်မှာ ပါရမီရှင်များ၏ တိုက်ပွဲကြောင့်လား။ သို့မဟုတ် ရွှီယန်ကိုယ်တိုင်ကြောင့် လေလား။

ကျိန်နိုင်ငံ၏ မြို့တော်တွင် သိုင်းသမားများစုစည်းနေပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအသီးသီးမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများလည်း အတူတူ ရောက်ရှိလာကြသည်။

စုမိသားစုရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် သိုင်းသမားများသည် မြို့တော်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ကာ လက်ရှိအချိန်၌ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုအသီးသီးရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများနှင့် ဆွေးနွေးမှုပြုနေသည်။

"ရွှီယန်ပေါ်လာတာနဲ့ မုန့်ချုံလည်း သေချာပေါက်ပါလာမှာပဲ။ သူတို့နောက်က လူတွေတောင်မှ ရောက်လာနိုင်တယ်။ အဲ့ဒီ့အခါ တစ်ခါတည်း ဖမ်းဆီးရမယ်.."

စုကျိန်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"ယွီကျိုးက ငါတို့ရဲ့အပိုင်ပဲ။ အားလုံးရှင်းရှင်းလင်းလင်း စဉ်းစားထားဖို့ လိုအပ်တယ်။ တစ်ဖက်လူသာ ယွီကျိုးမှာ နေရာတစ်ခုကို ရယူသွားရင် ငါတို့ရဲ့ အရင်းအမြစ်တွေ လျော့နည်းသွားမှာ အသေအချာပဲ.."

ကျန်ရှိသည့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှ သိုင်းသမားများအားလုံး ခေါင်းငြိမ့်ကြသည်။ လက်ရှိလှုပ်ရှားမှုအတွက် သဘောတူညီသည်ဟု ဆိုလို၏။

အကျိုးအမြတ်နှင့် သက်ဆိုင်နေရာ သူတို့အားလုံးသည် တစ်စုတစ်စည်းတည်း ရပ်တည်လိုကြသည်။ အချင်းချင်းအကြား ပြောစရာမလိုသည့် နားလည်မှု ရှိထားကြောင်းကို ပြသနေ၏။

ထိုအကြောင်းကြောင့်လည်း လင်းနယ်မြေသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ လက်ထဲတွင် ခိုင်မာစွာ ဖမ်းဆုပ်ခံထားရခြင်း ဖြစ်သည်။

ကျိန်နိုင်ငံ၏ မြို့တော်ရှိ တော်ဝင်နန်းတော်အတွင်းတွင် ဧကရာဇ်ကျိန်၏ပုံစံက ပြောင်းလဲသွား၏။ သူသည် တော်ဝင်မိသားစုမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်စုကို အလျှင်အမြန် ဦးဆောင်ကာ နန်းတော်ရှေ့ရှိ ကွင်းပြင်တွင် ရပ်ပြီး တစ်ခုခုကို စောင့်စားနေ၏။

စိတ်ဝိဉာဉ်ငှက်တစ်ကောင် ကောင်းကင်မှသက်ဆင်းလာခဲ့သည်။ စိတ်ဝိဉာဉ်ငှက်၏အပေါ်ရှိ နန်းတော်ငယ်မှာ ပျံသန်းလာပြီး မြေပြင်ပေါ်သို့ သက်ဆင်း၏။

"ကျိန်နိုင်ငံတော်ဝင်မိသားစုက မြင့်မြတ်တဲ့ အရှင်သခင်ကို ကြိုဆိုပါတယ်.."

ဧကရာဇ်ကျိန်တို့ အုပ်စုက ကြီးစွာသောလေးစားမှုဖြင့် အမြန် ကြိုဆိုကြသည်။

ကျိန်နိုင်ငံ တော်ဝင်နန်းတော်အတွင်းသို့ စိတ်ဝိဉာဉ်ငှက်တစ်ကောင် သက်ဆင်းလာမှုသည် ရှိနေကြသည့် စွမ်းအားကြီးပုဂ္ဂိုလ်များထံ ဖုံးကွယ်ထားခြင်း မရှိပေ။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား များစွာတို့သည် ထိုစိတ်ဝိဉာဉ်ငှက်အား မည်သည့်နေရာမှ လာခြင်း ဖြစ်သနည်းနှင့် ကျိန်နိုင်ငံတော်ဝင်နန်း‌တော်ဆီသို့ မည်သည်တို့ လာရောက်လုပ်ဆောင်သနည်း ဟူသည်ကို မနေနိုင်ဘဲ တွေးမိကြသည်။

"အဘိုး... အဲ့ဒါက တိမ်ခွင်းလင်းယုံမလား... အဆင့်၆ တိမ်ခွင်းလင်းယုံမလား.."

ယွဲ့အာက မေး၏။

သူမ၏ဘေးရှိ အဘိုးအို၏ပုံစံက ညို့မှိုင်းသွားပြီးပြောသည်။

"ဟုတ်တယ်... အဲ့ဒါက တိမ်ခွင်းလင်းယုံပဲ။ သူတို့က ချင်ကျိုးရဲ့ ယွီလင့်စံအိမ်ကလာတာ.."

အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်သည့် ချင်ကျိုး၏ ယွီလင့်စံအိမ်မှ တစ်ယောက်ယောက် ယွီကျိုးသို့ ရောက်ရှိလာခဲ့လေသည်။ ဒီပြိုင်ပွဲ၏ လွှမ်းမိုးမှုမှာ ထိုမျှကျယ်ပြန့်သည်လား။

"ယွီလင့်စံအိမ်... သမီးလည်း စိတ်ဝိဉာဉ်သားရဲတစ်ကောင် မွေးချင်တယ်.."

ယွဲ့အာ၏မျက်နှာမှာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ သို့ရာတွင် အဘိုးအို၏ပုံစံမှာ လေးနက်စွာသာရှိနေပြီး အတွေးထဲ၌ နစ်မျောနေဟန်ရ၏။ သူမကို တုံ့ပြန်ခြင်းမရှိပေ။

နန်းတော်ငယ်အတွင်းမှ အရောင်စုံသည့် ငှက်မွှေးဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် လျှောက်ထွက်လာခဲ့၏။ သူသည် ရှင်းလင်းစွာပင် စွမ်းအားကြီးမားပေမယ့် အားနည်းသည့်အသွင်သာ ပြသထားသည်။ လှပသည့် မိန်းကလေးနှစ်ဦးက ဘယ်ညာနှစ်ဖက်တွင် တွဲပေး၏။

ထိုလူငယ်ကို တွေ့ရပြီးနောက် ဧကရာဇ်ကျိန်တို့ အုပ်စု၏ နှလုံးသားထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။

ထို့နောက် ဦးခေါင်းများကို အလျှင်အမြန်ငုံ့ကာ မသက်မသာ ခံစားနေရ၏။ ဂရုမစိုက်ပါက တစ်ဖက်လူငယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်အား ကြောက်နေပါသည်။

တစ်ဖက်လူသည် ထူးဆန်းသောစိတ်ဓာတ်နှင့် စိတ်အပြောင်းအလဲ မြန်လှသည်ဟု လူသိများ၏။ သူသည် ယွီလင့်စံအိမ်၏ အစစ်အမှန် ဆက်ခံသူများထဲမှ တစ်ယောက်ဖြစ်သူ ချွေဟွားယွီ ဖြစ်သည်။

အသက်၃၀ပင် မပြည့်သေးဘဲ စွမ်းအားကြီးမားသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေပြီး ဖြစ်သည်။ သူ၏လက်အောက်ရှိ စိတ်ဝိဉာဉ်ငှက်သည် အဆင့်၆ စိတ်ဝိဉာဉ်သားရဲတစ်ကောင် ဖြစ်၏။

"သခင်လေးချွေကို တွေ့ဆုံပါတယ်.."

ဧကရာဇ်ကျိန်က လေးစားစွာဖြင့် ပြောသည်။

"အင်း... အဘိုးကြီးကျိန် ပင်ပန်းသွားပြီ.."

ချွေဟွားယွီက ညင်သာသည့်အသံဖြင့် ပြော၏။

"မပင်ပန်းပါဘူး မပင်ပန်းပါဘူး... ဒါက ကျွန်တော်လုပ်သင့်တာပါ.."

ဧကရာဇ်ကျိန်မှာ ချွေးစေးများ ထွက်လာခဲ့၏။

မသင့်လျော်သည့် စကားတစ်ခုက တစ်ဖက်လူအား မကျေနပ်မှုကို ဖြစ်စေကာ တစ်ချက်တည်း ရိုက်သတ်ခံရမည်ကို ကြောက်ရွံ့နေပါသည်။

အမျိုးသမီးနှစ်ယောက်၏ တွဲပေးမှုနှင့်အတူ ချွေဟွားယွီသည် သူကဲ့သို့ အဆင့်လွန်ဂိုဏ်းမှ ဆရာသခင်များအတွက် အထူးဆောက်လုပ်ပေးထားသည့် အဆောက်အအုံသို့ သွားရောက်ခြင်းမပြုဘဲ ကျိန်ဘုရင်၏ နန်းဆောင်အတွင်းသို့ ဝင်ရောက်သွား၏။

"အဘိုးကြီးကျိန်... ခင်ဗျားရဲ့အိပ်ခန်းက အဆင်ပြေတယ်.."‌

ချွေဟွားယွီသည် ထိုင်ပြီးနောက် ပြောသည်။ ဘေးတွင် ခါးညွတ်စွာရှိနေသည့် ဧကရာဇ်ကျိန်က အမြန်ပြော၏။

"သခင်လေးချွေရဲ့ အာရုံစိုက်မှုကိုခံရပြီး ချီးကျူးစကားအပြောခံရတာက ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးကံကောင်းမှုပါပဲ.."

"အဲ့လောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး... ငါ‌ချွေဟွားယွီက လူမစားတတ်ဘူး.."

ချွေဟွားယွီက လက်ကိုဆန့်ကာ ဧကရာဇ်ကျိန်၏ ပုခုံးကိုပုတ်သည်။

ဧကရာဇ်ကျိန်မှာ အသက်ထွက်လုမတတ် လန့်သွားခဲ့၏။ ပြောကြသည်မှာ ဒီလူသည် မကြာခဏ ဆန့်ကျင်ဘက်စကားများကို ပြောတတ်လေသည်။ ဖြစ်နိုင်သည်မှာ အမှန်တကယ်ကို လူစားတတ်သည်လား။

သို့ပေမယ့် သူ့အနေနှင့် မျက်နှာချိုသွေးသည့် အပြုံးဖြင့်သာ ပြောနိုင်လေသည်။

"မစိုးရိမ်ပါဘူး မစိုးရိမ်ပါဘူး.."

All Chapters