← Chapters

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ လူများရောက်ရှိလာခြင်း၊ တိုက်ပွဲကြီး၏ နီးကပ်လာမှု(၂)

Vol. 34 Ch. 498

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ လူများရောက်ရှိလာခြင်း၊ တိုက်ပွဲကြီး၏ နီးကပ်လာမှု(၂)

Vol. 34 Ch. 498

လုရှင်ထင်းသာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်ပါက ဒီတိုက်ပွဲမှာ အလွန်ပြင်းထန်မှာ ဖြစ်သည်။

သို့ရာတွင် မဟုတ်ပါက သူ၏ပြိုင်ဘက်သည် လင်းနယ်မြေ၏ ကောင်းကင်ပါရမီရှင် သို့မဟုတ် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်း၏ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လျှင်တောင် ရွှီယန်အနေနှင့် မျက်တောင်တစ်ချက် ခပ်မည်မဟုတ်ပေ။

"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေ ဘယ်နှစ်ယောက်တောင် ရောက်လာမလဲမသိဘူး... ယွီကျိုးရဲ့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေကတော့ ဒီအခွင့်အရေးကို အားလုံး စောင့်ကြည့်နေလောက်တယ်.."

ဖန်းဟောင်က နှာခေါင်းရှုံ့ကာ ပြော၏။

"အဲ့ဒါက ကိစ္စသေးလေးပါ... အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေပဲဆိုရင် ငါတို့တွေ ပူးပေါင်းတိုက်ခိုက်ရင်တောင် သုံးလေးယောက်လောက်ကတော့ သတ်လို့ရတယ်.."

မုန့်ချုံက အသာပြော၏။ သူ၏ လက်ရှိခွန်အားနှင့် သာမန် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ရန်မှာ အရမ်းကြီး ခက်ခဲမနေတော့ပေ။

သူ၏ မသေခြင်း ရွှေခန္ဓာစွမ်းအားသည် အလွန်ကြီးမားပြီး အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် ထိခိုက်စေနိုင်ခြင်းမရှိပေ။

ဖန်းဟောင်လည်း ခေါင်းငြိမ့်၏။

နောက်တစ်နေ့တွင် ပါရမီရှင်များ၏ တိုက်ပွဲနေ့ဖြစ်၏။ ရွှီယန်နှင့် သူ၏လူစု ထွက်ခွာသွားတော့မည့် အချိန်၌ ယွိကောင်းနှင့် ဝမ်းယုံတို့ အလျှင်အမြန် ရောက်ရှိလာကြ၏။

"ဘာကိစ္စဖြစ်လို့လဲ.."

ထိုနှစ်ယောက်၏ အလောတလျှင် ရောက်ရှိလာမှုကို တွေ့ရပြီးနောက် ဖန်းဟောင်က မျက်မှောင်ကျုံ့သွားပြီးမေးသည်။

"ဧကရာဇ်ကျိန်က ငါတို့စခန်းက လူတစ်ယောက်ကို ဆက်သွယ်လာခဲ့တယ်။ ပြီးတော့ ညီလေးရွှီဆီကို ပစ္စည်းတစ်ခု ပို့ခိုင်းလိုက်တယ်.."

ဝမ်းယုံက လေးနက်သည့်လေသံဖြင့် ပြော၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ စခန်းမှာ ကျိန်နိုင်ငံ၏ မြို့တော်တွင် ရှိကြောင်းကို ဧကရာဇ်ကျိန် သိရှိနေသည်မှာ အံ့သြစရာမရှိပေ။

သို့ရာတွင် ရွှီယန်အား ပစ္စည်းတစ်ခု ပို့ခိုင်းလိုက်ခြင်းမှာ မထင်မှတ်ထားသည့် ကိစ္စဖြစ်၏။ ဖြစ်နိုင်သည်မှာ ကျိန်နိုင်ငံ၏ တော်ဝင်မိသားစုသည် ဒီပါရမီရှင်များ၏ တိုက်ပွဲအကြားတွင် ဝင်ပါချင်သည်လား။

"ဘာပစ္စည်းမို့လို့လဲ.."

ရွှီယန်က အံ့ဩသွားပြီး မေးသည်။

ယွိကောင်းက သေတ္တာတစ်ခုကိုထုတ်ကာ ဖွင့်လိုက်ပြီးနောက် အတွင်းထဲတွင် ဓားတစ်ချောင်း ပေါ်လာ၏။ ထူးဆန်းသည့်အသွင်ဖြင့် ပြောလေသည်။

"ဧကရာဇ်ကျိန်ပြောတာတော့.. မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က သခင်လေးရွှီကို ဓားတစ်ချောင်း လက်ဆောင်ပေးခဲ့တယ်တဲ့... ပိုပြီးအရေးကြီးတာက သူက သခင်လေးရွှီကို လုရှင်ထင်းကို သတ်စေချင်တယ်.."

ရွှီယန်တို့အုပ်စုမှာ အေးခဲသွားကြ၏။ ဤသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လုရှင်ထင်းကို သတ်ရမည်လား။

တစ်ဖက်လူသည် တိုက်ပွဲတွင် ရွှီယန် အရေးနိမ့်မည်ကို စိုးရိမ်သဖြင့် အကူအညီရစေရန် ဓားအား လက်ဆောင်ပေးခဲ့သည်လား။

"ဧကရာဇ်ကျိန်နဲ့ လုရှင်ထင်းအကြားမှာ ရန်ငြိုးရှိလို့လား... ဒါမှမဟုတ် ချီမင်ဂိုဏ်းနဲ့ ရန်ငြိုးရှိလို့လား.."

မုန့်ချုံက နားမလည်နိုင်စွာ မေး၏။

"ရန်ငြိုးရှိရင်လည်း ဧကရာဇ်ကျိန်ပြောတဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတဲ့လူနဲ့ပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ့လူက ဘယ်သူလဲဆိုတာကို မပြောလိုက်ဘူး..."

ယွိကောင်းက လေးနက်သည့်အသံဖြင့် ပြော၏။

"မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ တမင်အကြောင်းပြချက်ပေးတာပဲ ဖြစ်လိမ့်မယ်။ တကယ့်တကယ်က ဧကရာဇ်ကျိန် ဖြစ်နေရင်ရော.."

ဖန်းဟောင်က သုံးသပ်၏။

"အဲ့လိုလဲ ဖြစ်နိုင်တယ်.."

ယွိကောင်းက ခေါင်းငြိမ့်သည်။

ရွှီယန်က လက်ကိုမြှောက်လိုက်ပြီးနောက် ဓားမှာ သေတ္တာအတွင်းမှ လွင့်ပျံလာခဲ့၏။

"အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်တစ်ခုပဲ... တော်တော်ရက်ရောတယ်လို့ ပြောရမယ်.."

ဖန်းဟောင်က အနီးကပ်ကြည့်ရှု့ပြီးနောက် ပိုမိုအံ့ဩသွား၏။

ရွှီယန်က ခဏတာကြည့်ရှု့ပြီးနောက် ဓားကိုသေတ္တာအတွင်းသို့ ပြန်လည် ပစ်ထည့်လိုက်သည်။

"ပြန်ပေးလိုက်... ဒီစိတ်ဝိဉာဉ်လက်နက်ကို ငါမလိုဘူး။ လုရှင်ထင်း ငါ့ကိုစိန်ခေါ်တာက ကိုယ့်ကိုယ်ကိုယ်သေတွင်းတူးကပဲ။ အဲ့တော့ သူ့ဆန္ဒကို ငါက ဖြည့်ဆည်းပေးမှာပဲ.."

ဒီလက်နက်ကို လက်ခံခြင်းမှာ အကြွေးတစ်ခုတင်သွားပြီဟု မဆိုလိုပေဘူးလား။

"ကောင်းပါပြီ.."

ယွိကောင်းက ခေါင်းငြိမ့်ကာ သေတ္တာကိုပိတ်လိုက်သည်။

ထိုအချိန်၌ ရှန်ဟိုင်ကျိုးလည်း ရောက်လာခဲ့၏။ သူသည် ရွှီယန်တို့နှင့်အတူ တူလိုက်ပါမည်တော့ မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့အကြား ပူးပေါင်းလုပ်ဆောင်သည့် လျှို့ဝှက်ချက်ကို ပေါ်သွားစေလို့ မဖြစ်ပေ။ မဟုတ်ပါက ပြဿနာများမှာ ဖြစ်၏။

"အကိုရှန်... ဧကရာဇ်ကျိန်နဲ့ လုရှင်ထင်း သို့မဟုတ် ချီမင်ဂိုဏ်းရဲ့ ရန်ငြိုးအကြောင်းကို မင်းသိလား.."

ရွှီယန်က မေးသည်။

မိသားစုကြီးတစ်ခုမှ သခင်လေး ဖြစ်သည့်အလျောက် ရှန်ဟိုင်ကျိုးသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအကြား ကိစ္စကို ပိုမိုကာ သိရှိလောက်မှာဖြစ်သည်။

"ဘာလို့ အဲ့လိုမေးတာလဲ.."

ရှန်ဟိုင်ကျိုးမှာ ပဟေဠိဖြစ်သွားပြီး မေး၏။

ရွှီယန်က ယွိကောင်း၏လက်ထဲရှိ သေတ္တာကို လက်ညှိုးထိုးပြကာ အခြေအနေကို အကျဉ်းချုံ့ရှင်းပြသည်။

ရှန်ဟိုင်ကျိုး၏ မျက်နှာက ထိုစကားကို ကြားရပြီးနောက် ချက်ချင်းပင် ပြောင်းလဲသွား၏။

"မြင့်မြတ်တဲ့ပုဂ္ဂိုလ်... ဒါက... အဆင့်လွန်ဂိုဏ်းကလူတွေ ယွီကျိုးကို ရောက်လာလို့လား.."

"အဆင့်လွန်ဂိုဏ်းကလို့ မင်းက ဘယ်လိုလုပ်ပြီးတော့ သေချာရတာလဲ.."

ရွှီယန်က နားမလည်စွာဖြင့် မေးသည်။

ရှန်ဟိုင်ကျိုးက အသက်ကို နက်ရှိုင်းစွာရှူပြီး ပြော၏။

"ကျိန်နိုင်ငံက အထူးတာဝန်တစ်ခုကို ထမ်းဆောင်ပြီး အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ တိုက်ရိုက်အမိန့်အောက်မှာ ရှိတယ်။ သူတို့က စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အမိန့်ကိုပဲ နာခံတယ်။ အဲ့ဒါကြောင့်မလို့ ဧကရာဇ်ကျိန်က မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ သုံးနှုန်းတဲ့လူကလည်း အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်.."

ရွှီယန်တို့အားလုံးမှာ ရုတ်တရက် နားလည်သွားကြ၏။

"ငါသိပြီ... ဒါပေမယ့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းက လူတစ်ယောက်က ဘာလို့ ဓားတစ်ချောင်းပေးပြီး လုရှင်ထင်းကို သတ်ခိုင်းရတာလဲ.."

ယခုအချိန်၌ ရွှီယန်မှာ ပိုမိုကာပင် ပဟေဠိဖြစ်သွား၏။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ လူတစ်ယောက်သာ ချီမင်ဂိုဏ်း သို့မဟုတ် လုရှင်ထင်းနှင့် ရန်ငြိုးရှိပါက ကိုယ်တိုင်လှုပ်ရှားလို့ မရပေဘူးလား။ အဘယ်ကြောင့် အခြားလူ၏လက်ကို ငှားရမ်းရသနည်း။

ရှန်ဟိုင်ကျိုးမှာလည်း ပဟေဠိဖြစ်သွားသည်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများသည် ထိပ်တန်း၌ ရပ်နေကြပြီး လင်းနယ်မြေကို အမှန်တကယ် ထိန်းချုပ်ထားသူများဖြစ်ကြ၏။

ချီမင်ဂိုဏ်းမှာ စိတ်ဝိဉာဉ်ဂိုဏ်းများအကြားတွင် ထိပ်တန်းအဆင့် ဝင်ပေမယ့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။

"ငါလည်းနားမလည်ဘူး... ဒါပေမယ့် ဒီကိစ္စမှာ အဆင့်လွန်ဂိုဏ်းက တစ်ယောက်ယောက် ပါဝင်ခဲ့တာတော့ သေချာတယ်.."

ရှန်ဟိုင်ကျိုးက လေးနက်စွာ ရှင်းပြသည်။

"အဲ့ကိစ္စကို ပြောမနေနဲ့တော့... ဓားကိုပြန်ပေးလိုက်.."

ရွှီယန်က ခေါင်းကိုရမ်းကာ ပြော၏။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများသည် မည်မျှ မြင့်မားထည်ဝါကြလျှင်တောင် သူ၏ဆရာနှင့် နှိုင်းယှဉ်ပါက သေးသိမ်လွန်းလှသည်။ နောက်ခံအရာတွင် ယှဥ်ပါက သူသည် အမြင့်မားဆုံး ဖြစ်၏။

ရှန်ဟိုင်ကျိုးက သူရရှိခဲ့သည့် သတင်းအချက်အလက်အသစ်များကို ရွှီယန်နှင့် လူစုအား ပြောပြသည်။

စိတ်ဝိဉာဉ်ဂိုဏ်းများမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ ရွှီယန်နှင့်မုန့်ချုံတို့ ထွက်ပေါ်လာမှုကို စောင့်စားကာ ဝိုင်းဝန်းသတ်ဖြတ်ရန် ရည်ရွယ်ထားမှုတို့ အပါအဝင် ဖြစ်သည်။

သတင်းကို ပို့ဆောင်ပြီးနောက် ရှန်ဟိုင်ကျိုးသည် အလျှင်အမြန် ထွက်ခွာသွား၏။

"ဟန့်... သူတို့က ငါတို့ကိုဝိုင်းသတ်ဖို့ စီစဉ်ထားတာလား.."

မုန့်ချုံက အေးစက်စွာပြုံး၏။

"သွားရအောင်... ပါရမီရှင်အကြား တိုက်ပွဲက စတော့မယ်.."

ရွှီယန်က တည်ငြိမ်စွာပြောသည်။

ဒီတိုက်ပွဲသည် သူ၏ လင်းနယ်မြေတွင် ဂုဏ်သတင်း ပြောင်ထွန်းမည့် ပထမဆုံးခြေလှမ်း ဖြစ်၏။

လီရွှမ်က ကြောင်နီပေါ်တွင်ထိုင်ကာ ရှီအာ၊ ကျိုးယင်၊ မုန့်ရှူရှူတို့လည်းပဲ ကြောင်နီပေါ်မှ လိုက်ပါရန် နောက်ဆုံးတွင် ခွင့်ပြုချက် ရထားကြသည်။

ရွှီယန်ကဦးဆောင်ပြီး စုလင်းရှုံက လီရွှမ်၏ဘေးတွင် ထိုင်ကာ လက်ဖက်ရည်ငှဲ့ပေး၏။ မုန့်ချုံနှင့်ဖန်းဟောင်တို့မှာ ရွှီယန်၏နောက်မှ လိုက်ကြသည်။

လူအုပ်စုသည် ပုန်းကွယ်ခြင်းတစ်စွန်းတစ်စ မရှိဘဲ တိုက်ပွဲပြင်၏ နေရာဆီသို့ တည့်မတ်စွာ သွားရောက်ကြ၏။ ယွိကောင်းနှင့် ဝမ်းယုံတို့မှာ အစောကတည်းက ထွက်ခွာသွားပြီး ဖြစ်သည်။

ကျိန်နိုင်ငံမြို့တော်၏ နန်းတော်အတွင်းတွင် ချွေဟွားယွီမှာ အစေခံမလေးနှစ်ယောက်၏ တွဲပို့မှုနှင့် ဧကရာဇ်ကျိန်၏ အိပ်ခန်းအတွင်းမှ ထွက်ခွာလာခဲ့၏။ လာမည့်တိုက်ပွဲအား ကြည့်ရှုရန် ပြင်ဆင်လေသည်။

ဧကရာဇ်ကျိန်သည် သေတ္တာတစ်ခုကို ကိုင်ဆောင်ထားပြီး ချွေးစေးများကျနေရင်းက အမြန် လျှောက်ဝင်လာ၏။

"သခင်လေးချွေ... ရွှီယန်က ဓားကိုလက်မခံပါဘူး.."

ဧကရာဇ်ကျိန်မှာ တုန်ခါနေ၏။ ချွေဟွားယွီအနေနှင့် သူ့အား အသုံးမကျဟုထင်ကာ သတ်ဖြတ်မည်ကို စိုးရိမ်နေပါသည်။

"မာနရှိသားပဲ.."

ချွေဟွားယွီက ပြုံးသည်။ သူသည် တစ်ဖက်လူကို အပြစ်တင်မနေဘဲ အစေခံမလေးအား ဓားကို ပြန်ယူခိုင်းလိုက်၏။

ဧကရာဇ်ကျိန်သည် ထိုအခါမှသာ စိတ်သက်သာရာ ရသွားသည်။

ကျိန်နိုင်ငံ တော်ဝင်မြို့တော်၏ အပြင်ဘက်ရှိ တိုက်ပွဲပြင်တွင် ပတ်ဝန်းကျင်၌ လူများစွာတို့ စုရုံးနေကြ၏။

အားလုံးတို့သည် တိုက်ပွဲ၏ စတင်မှုကို စောင့်စားနေကြသည်။

သစ်ပင်ကြီးတစ်ပင်၏ ထိပ်တွင် ယွဲ့အာသည် ကိုင်းတစ်ခုအပေါ်၌ ထိုင်ကာ ခြေထောက်နှစ်ချောင်းကို လွှဲရမ်းနေ၏။ တိုက်ပွဲ၏ စတင်မှုအတွက် စောင့်စားနေပါသည်။

အဘိုးအိုမှာ သူမ၏ဘေးရှိ ဂိုဏ်းတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏အကြည့်သည် ကျိန်နိုင်ငံ၏ တော်ဝင်နန်းတော်ဆီသို့ စူးစိုက်စွာ ကျရောက်နေ၏။

တော်ဝင်နန်းတော်အတွင်းမှ သေးငယ်သည့် နန်းတော်ငယ်တစ်ခု ပျံထွက်လာခဲ့သည်။ တိုက်ပွဲပြင်၏ ဘေးရှိ သစ်ပင်ကြီးတစ်ခုအပေါ်တွင် သက်ဆင်း၏။ ဤသည်မှာ ပတ်ဝန်းကျင်တွင် အမြင့်မားဆုံး သစ်ပင်လည်းဖြစ်သည်။

"သူလား.."

အဘိုးအိုမှာ ခဏတာ မှင်သက်သွား၏။

စုကျိန်နှင့် အခြားစိတ်ဝိဉာဉ်ဂိုဏ်းများမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသည် တိုက်ပွဲပြင်ကို ဝန်းရံပြီးဖြစ်၏။ ပစ်မှတ်ကို အချိန်မရွေး ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ သူတို့အားလုံးသည် တစ်ဖက်လူ၏ ပေါ်လာမှုကို စောင့်စားနေကြ၏။

မုန့်ချုံအပြင် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများမှာလည်း သူတို့၏ ပစ်မှတ်ဖြစ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဂိုဏ်းမှ အကြီးအကဲများကို ဦးဆောင်ကာ ရောက်ရှိလာခဲ့၏။

နေ့လည်သို့ ရောက်ရှိခါနီးတွင် ပုံရိပ်သုံးခုတို့ သူတို့ဆီသို့ ပျံသန်းလာခဲ့သည်။ ထိုအထဲတွင် တစ်ယောက်မှာ လေးနက်သည့်အသွင်ဖြင့် ရှိနေပြီး ရွှေရောင်မျက်ခုံးများကို ပိုင်ဆိုင်ထားသည်။ လက်ထဲတွင် ရွှေရောင်လှံကို ကိုင်စွဲထား၏။

ဤသည်မှာတော့ ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူ လုရှင်ထင်းဖြစ်သည်။

"ဒါက ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုရဲ့ အစစ်အမှန်ဆက်ခံသူပေါ့။ အရမ်း စွမ်းအားကြီးတာပဲ.."

"ဒါက ဒီဗိုင်းအလင်းဖြာခန္ဓာလား... တစ်ချက်ကြည့်လိုက်တာနဲ့ မနေနိုင်ဘဲ လူကို ဦးညွှတ်ချင်မိအောင် ဖြစ်စေတယ်။ ရွှီယန်ကတော့ ပြဿနာများပြီ.."

"ငါက အထွတ်အထိပ် ကောင်းကင်လူသားကြီး တစ်ယောက်ပဲ။ ဒါပေမယ့် ချီမင်ဂိုဏ်းရဲ့ အစစ်အမှန်ဆက်ခံသူရှေ့မှာ ပုရွဲဆိတ်တစ်ကောင်လိုပဲ ခံစားရတယ်။ လေလွင့်သိုင်းသမားတွေက ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ နှိုင်းယှဉ်နိုင်မှာလဲ.."

ကြည့်နေကြသည့် သိုင်းသမားများအကြားတွင် ကောင်းကင်လူသားကြီးအဆင့် ရှားပါးခြင်း မရှိပါ။ သူတို့အားလုံးသည် လက်ရှိအချိန်၌ အံ့ဩစွာ ခံစားနေရ၏။

လုရှင်ထင်းကို ရင်ရင်ဆိုင်ရချိန်၌ ခုခံနိုင်စွမ်း လုံးဝရှိမည်မဟုတ်ဟု ခံစားကြရသည်။ ခြားနားချက်မှာ ကြီးမားလှ၏။

"ငါတို့တွေ စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်လာနိုင်မယ့် အခွင့်အရေးကိုရှာရမယ်... လေလွင့်သိုင်းသမားတွေ ပြန်လည်မြင့်တက်လာဖို့ မျှော်လင့်ချက်ဆိုတာ ဟာသတစ်ခုပဲ.."

"အသေအချာပဲ... အဲ့ဒီ့စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ ရင်ဘောင်တန်းပြီး ရပ်တည်လိုတဲ့ လေလွင့်သိုင်းသမား အဖွဲ့အစည်းတွေက စိတ်ကူးယဉ်နေတာ သက်သက်ပဲ။ ရွှီယန်က ဘယ်လောက်ပဲ သန်မာနေချင်တောင် ဘာပဲဖြစ်ဖြစ် သူက လေလွင့်သိုင်းသမားလေး တစ်ယောက်ပဲ ဖြစ်တယ်။ ဘယ်လိုလုပ်ပြီးတော့ စိတ်ဝိဉာဉ်ဂိုဏ်းက စစ်မှန်တဲ့ပါရမီရှင်ကို နှိုင်းယှဉ်နိုင်မှာလဲ.."

လူများ၏ တီးတိုးမှုအကြားတွင် လုရှင်ထင်းသည် တိုက်ပွဲပြင်၏အလယ်သို့ ရောက်ရှိနေပြီးဖြစ်၏။

"ရွှီယန်... မင်းရဲ့သေမင်းကို လာတွေ့လှည့်.."

သူသည် လှံတန်ကို အလျားလိုက်မြှောက်ထားရင်းမှ အေးစက်စွာ ပြော၏။ မည်သူမှ တုံ့ပြန်ခြင်း မရှိပေ။

"ရွှီယန် ကြောက်ပြီးပြေးသွားပြီလား..."

"ဖြစ်နိုင်တယ်...ကြည့်ရတာ လုရှင်ထင်းရဲ့ အရှိန်အဝါကိုမြင်ပြီး မတိုက်ခိုက်ရဲတော့တာ ဖြစ်မယ်.."

ကြည့်ရှု့သူများအကြားမှ လှောင်ပြောင်သံများ ထွက်ပေါ်လာ၏။ လုရှင်ထင်းမှာ မျက်မှောင်ကျုံ့သွားပြီး အေးစက်စွာ ပြောသည်။

"ဘာလဲ... မင်းကြောက်နေပြီလား.."

သို့ပေမယ့် မည်သူမှ ပြန်ကြားခြင်း မရှိသေးပေ။ စိတ်မကြည်လင်စွာနှင့် သူက ဆက်လက်အော်ဟစ် ပြောကြားတော့မှာ ဖြစ်သည်။

ထိုအချိန်၌ မိန်းကလေးအသံတစ်ခု ပျံလွင့်လာ၏။

"ဟေး... အချိန်မကျသေးဘူးလေ... ဘာတွေလောနေတာလဲ.."

တိုက်ပွဲပြင်မှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ မျက်လုံးအားလုံးတို့သည် အသံ၏ အရင်းအမြစ်ဆီသို့ လှည့်ကြည့်မိကြ၏။

လုရှင်ထင်း၏မျက်နှာမှာ အစိမ်းရောင်နှင့် အနီရောင် ရောထွေးနေပြီး ပြည့်နက်နေသည့် ဒေါသကို ဖိနှိပ့်ထားရသည်။

ယွဲ့အာက မျက်တောင်ခပ်သည်။ မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ရင်းက ပြော၏။

"နင်တို့က ဘာကိုကြည့်တာလဲ... ငါပြောတာမှားလို့လား... တိုက်ပွဲအတွက် သဘောတူထားတဲ့အချိန်က နေ့လည်မှလေ။ အဲ့ဒါက သူကိုယ်တိုင် ပြောထားတာပဲ။ အခုနေ့လည်ရောက်ဖို့ အချိန်နည်းနည်းလိုသေးတယ် မဟုတ်ဘူးလား.."

လူတိုင်းမှာ အံ့သြသွားကြ၏။ မိန်းကလေးငယ်၏ စကားမှာ မှားယွင်းခြင်း မရှိပေမယ့် ဤသည်မှာ လုရှင်ထင်းကို လူအများအကြားတွင် အရှက်ခွဲခြင်းနှင့် မတူပေဘူးလား။

ထိုမိန်းကလေးသည် မည်သူ ဖြစ်သနည်း။ အလွန် ရဲတင်းလှလေသည်။ ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူကိုပင် ထိပါးရဲ၏။

ထို့အပြင် သူမ၏ဝတ်စုံကို ကြည့်ရသည်မှာ လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်ဟန်ရသည်။ လေလွင့်သိုင်းသမားလေးတစ်ယောက်သည် အဘယ်ကြောင့် အလွန်သတ္တိကောင်းနိုင်ရသနည်း။

"နင်နဲ့ရွှီယန်နဲ့ ဘယ်လိုပတ်သက်လဲ... သူမကိုဖမ်းစမ်း.."

လုရှင်ထင်း၏ မျက်လုံးများ၌ ဒေါသရိပ်တို့ ဖြတ်သန်းသွားပြီး ယွဲ့အာကို စူးစိုက်စွာကြည့်သည်။

ကျူ့လျန်က ချက်ချင်းပင် အေးစက်စွာ အမိန့်ပေးလိုက်၏။ လျှပ်တပြက်အတွင်း ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ အကြီးအကဲနှစ်ယောက်တို့ လှုပ်ရှားမှုပြုကာ ယွဲ့အာကို ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးရန်လုပ်သည်။

All Chapters